အထိ နဲ ့ အမြင် လှည့်စားရာတွင်

etoneAugust 20, 20101min912

လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းဝေးကြပါစေ ၊ လို ့ရွတ်ဖတ် မေတ္တာပို ့လေ့
ရှိတယ် ။ သူများလှည့်စားတာတွေ မခံကြရအောင်လို ့ မေတ္တာပို ့နိုင်ကြပေမဲ့
ကိုယ့် ဦးနှောက်က ကိုယ့်ကိုယ်ကိုယ် ပြန်လှည့်စား နေကြတာ ကိုတော့ ဘယ်လိုမှ
မေတ္တာပို ့လို ့ မရဘူး လို့ ထင်ပါတယ် ။ ဘယ်လိုများ အလှည့်စားခံနေရတာပါလည်း
။ မျက်စိ နဲ့ ဦးနှောက် ကို နောက်အောင် လုပ်ချင်ရင် ၊ အာရုံတွေ ထွေပြား
လှည့်စား ချင်ရင် အပျင်းပြေလေး စမ်းကြည့်ကြရအောင်လား …


Oxford University မှ စမ်းသပ်ချက်တခု အရ ၊ ခံစားနေရတဲ့ နာကျင်ခြင်းဝေဒနာ ကို
သေးငယ် လျော့ပါးသွားအောင် လုပ်နိုင် ပါတယ် တဲ့ ၊ ( နာ မှာ ကြောက်သူများ
အတွက် ကိုယ်တိုင်စမ်းသပ်ကြည့်ကြပါ ။ သတင်းကောင်းတခု ဖြစ်ပါလိမ့်မယ် ။
ဒါပေမဲ့ အကိုက်အခဲပျောက်ဆေး ထုတ်လုပ်သူတွေ ကတော့ သိပ် ကျေ နပ်မယ်
မထင်ပါဘူး ) ။ နာကျင် ဒါဏ်ရာရနေတဲ့ အစိတ်အပိုင်းတခု ကို ပုံမှာ ပြထားတဲ ့
အတိုင်း binoculars မှန်ဘီလူး ကို ပြောင်းပြန်လှန်ပြီး ကြည့်ပါ ။
အဲ့ဒီအခါက မြင်ရတဲ့ အစိတ်အပိုင်း က ပိုမို ဝေးကွာသေးငယ် သွားတဲ့ အတွက်
နာကျင်မှု ဝေဒနာ ခံစားနေရတာ လည်း သေးငယ်လျော့ပါးသွားတယ် လို ့
ထင်မိတတ်ပါတယ် ၊
………………………………………………………………………………..
အနီရောင် ကြက်တူရွေးလေးရဲ ့ မျက်စိနေရာက အဖြူစက်ကလေးကို စူးစိုက်ကြည့်ပြီး ၁ မှ ၂၀
ထိ စိတ်မှာ ခပ်ဖြေးဖြေးလေး ရေတွက်ပါ ။ ပြီးရင် အလယ်မှာ ရှိတဲ့ လှောင်အိမ်
အလွတ် သို ့ ရွှေ ့ပြောင်းပြီးကြည့်လိုက်ပါ ၊။ စိမ်းပြာရောင်
ကြက်တူရွေးလေးတကောင် လှောင်အိမ်ထဲမှာ ရောက်နေတာ တွေ ့ရမယ် ။
ဒီနည်းအတိုင်းပဲ အစိမ်းရောင် ကတ္တဝါ လေးရဲ့ မျက်စိနေရာ အဖြူစက်ကို စူးစိုက်ကြည့် ပြီး
လှောင်အိမ်လွတ်ထဲ နေရာ ပြောင်းကြည့်တဲ့ အခါ ပန်းနုနီရောင် ကတ္တဝါလေး
လှောင်အိမ်ထဲ ရောက်နေတာ တွေ ့ရမယ် ။ ( အဲ့ လို မတွေ ့ရတဲ့သူတွေ မျက်စိ
အမြင်တခုခု ဖြစ်နေပြီ ထင်ပါရဲ ့ .. း))
ဘာလို ့ဒီလို မြင်ရတာလည်း ။
ပုံရိပ်တခု ကို အချိန်တခု (များသောအားဖြင့် စက္ကန် ့ ၃ဝ လောက်မျှ )
စိုက်ကြည့် နေရင် မျက်စိ ထဲရှိတဲ့ အရောင်လက်ခံတဲ့ photoreceptors ခေါ်
အချွန် နဲ ့ကန်တော့ ပုံ (rods and cones)အစိတ်အပိုင်း များဟာ
ညောင်းညာလာတတ်ပြီး afterimage ခေါ် နောက်ထပ်ပုံရိပ်များဟာ ခေတ္တခဏ
ဝေဝါးသွားတတ်ကြတယ် ။ အဲ့ဒီ အချိန်မှာ မျက်စိကို အဖြူ နောက်ခံ တနေရာ သို
့ရွှေ ့ကြည့်လိုက်တဲ့ အခါ ဒီမှုန်ဝါးဝါး ပုံရိပ်တွေဟာ ခဏမျှ ပေါ်နေခြင်း
ဖြစ်တယ် ။ နောက် ၁ဝ စက္ကန် ့မှ ၃ဝ စက္ကန် ့မျှ ကြာသွားတဲ့ အခါမတော့
ဒီညောင်းညာမှုတွေ ပြေပျောက်သွားလို ့ ဒီ afterimage များဟာလည်း
အဖြူနောက်ခံ မှ ပျောက်သွားရ ခြင်းဖြစ်တယ်။ အနီရောင်ကို
အာရုံစိုက်ကြည့်နေတာ ဖြစ်ပေမဲ ့ သူ ့မြင်ကွင်းထဲမှာ ဘေးက အစိမ်းရောင် ပါ
ရှိနေတာ မို ့ ဦးနှောက်က ဒီ စိမ်းရောင် ကိုပါ မှတ်သားမိခြင်းဖြစ်နေတဲ့
အတွက် ပုံရိပ်တု မှာ စိမ်းပြာရောင် ဖျောဖျော့လေး မြင်ရသလို ဖြစ်တာပါ ။
……………………………………………………………………………………….

ဒီပုံကတော့ တွေ ့ဘူးနေကြ ဖြစ်ပါလိမ့်မယ် ။ အရင်က ရေရှုခရစ်တော် ပုံ နဲ ့တွေ ့ဖူးပါတယ်
၊ ဒီလူပုံကတော့ အမျိုးသားတယောက် ၊ ခပ်ချောချောပဲ ၊ ဘယ်သူလည်းတော့ မသိ
။ဟောလိဝုဒ် မင်းသားတဦးဦးဖြစ်မလားပဲ ၊ကြည့်ပုံကြည့်နည်းလည်း သိပြီးသား
ဖြစ်ကြမှာပါ ။ ရုပ်ပုံ အလယ်က ( + ) နေရာ ကို စက္ကန့် ၃ဝ မျှ စူးစိုက်ကြည့်
ပြီး ၊ အနီးနားရှိ ဗြောင် နံရံ တခုပေါ်သို ့ ရုတ်တရက် ရွှေ
့ပြောင်းကြည့်လိုက်ရင် အမျိုးသားတယောက်ဦးခေါင်းပိုင်းပုံအရိပ် အဖြူ အမဲ
ကို မြင်ရပါမယ်
…………………………………………………………………………………
ဒီပုံကို ကြည့် တဲ့ အခါ ဘယ်လို မြင်ပါသလည်း ၊ ချာလပတ်လည်နေတဲ့ ဒီအမျိုးသမီင်္း ကို
သေချာကြည့် …သူ ဘယ်ဖက်ကို လှည် ့နေတာပါလည်း ။ နာရီလက်တံ လည်ရာ
အတိုင်းလား ။ နာရီလက်တံ နဲ့ ဆန့်ကျင်ရာ ဘက် အတိုင်းလား …. တချိန်မှာ
နာရီလက်တံ လည်ရာ အတိုင်း လည် နေသလို နဲ့ တချိန်ကြတော့ ဆန့်ကျင်ဘက် လားရာ
ကို လှည့်နေပြန်ရော … (အများအားဖြင့်တော့ ၂ ဖက်စလုံး လည်တာ ကို မြင်ဖို
့ခက်တယ် တဲ့ ။
ဘာကြောင့် ဒီလိုမြင်ရတာလည်း ။
တကယ်ဆို ဒီင်္ပုံ က ချာလပတ် လည်နေတာ မဟုတ် ပဲ ရှေ ့ နောက်လှုပ်ရှား နေတဲ ့ ပုံရိပ်များသာ
ဖြစ်ပြီး silhouette illusion ( အမြင်ယောင်မှားခြင်း ) သဘောတရား အရ
ဦးနှောက်မှာ နှစ်ဖက်ကြွ ပုံရိပ် ( two-dimensional image) တွေကို မြင်ရလေ့
မရှိပဲ သုံးဖက်ကြွ ပုံရိပ် (3-D image ) အနေနဲ့သာ မြင်ရခြင်းဖြစ်ပါတယ်။
ဦးနှောက်က three-dimensional world မှာပဲ နေပျော်တယ် ထင်ပါရဲ ့ ။(
ကိုယ်တိုင်ကြည့်ဖြစ်တာ ကတော့ နာရီလက်တံ အတိုင်းပဲ တဖက်သတ်လည်နေတာပဲ ။
အကြာကြီးကြည့်တော့မှ တချက် ရပ်သွားပြီး ပြောင်းပြန် ဆက်လည်တာ ခဏလေးတွေ
့လိုက်မိတယ် ။ မိတ်ဆွေတို ့ရော ဘယ်လို တွေ ့မလည်း မသိ.. )။
……………………………………………………………………………..

ဒီပုံမှာပြထားသလို ညာခြေထောက်ကို ချိတ်ပြီးထိုင်ပြီး ညာခြေကျင်းဝတ်မှ စပြီး နာရီလက်တံ
လားရာအတိုင်း ပတ်လည် လှုပ်နေပါ ။ အဲ့ဒီနောက် ညာလက် နဲ့ လေထဲ မှာ 6
ဂဏန်းကို ရေးကြည့်ပါ ၊ သင့်ရဲ့ ခြေထောက်ဟာ နဂို နာရီလက်တံအတိုင်း
လည်ပတ်နေရာမှ ပြောင်းပြန် လိုက်လည် လာတာ ကို တွေ ့ရပါမယ်။( 6 ဂဏန်း ကို
ပုံမှန်အတိုင်း အပေါ်ပိုင်းက စရေးရ မှာ နော် ၊ သဘောက နာရီလက်တံနဲ့
ဆန့်ကျင်ဘက် လားရာ ပါ ပဲ )။
ဘာကြောင့် ဒီလို ဖြစ်ရတာလည်း …
ဘယ်ဘက်ခြမ်း ဦးနှောက်ဟာ ညာဖက်ခြမ်း ကိုယ်ခန္ဓာ ရဲ ့လှုပ်ရှားမှု ကို ထိန်းချုပ်ပေးပြီး
၊ ကျွန်ုပ်တို ့ ရဲ့ rhythm and timing ဆိုတဲ့ စည်းချက်ညီညီ အချိန်ကိုက်
လှုပ်ရှားမှု အတွက် တာဝန်ယူပေးပါတယ် ။ ဒါပေမဲ့ သူဟာ လားရာမတူတဲ့
လှုပ်ရှားမှု တွေကို တပြိုင် နက်တည်း ဖြစ်အောင် မစွမ်းဆောင်နိုင် ပါဘူး ။
ဒါကြောင့် ခြေထောက်က လှည့်တဲ ့ လားရာ နဲ ့ လက်က လှည့်တဲ့ လားရာ ၂ မျိုးတို
့ မတူညီ ရင် ဘယ်လိုမှ ဆက်လှည့်လို ့ မရတော့ပဲ ၊ လားရာတူအောင် အလိုလို
ပြောင်းလဲ သွားရခြင်းပဲ ဖြစ်ပါတယ်။

2 comments

  • chitsayar

    August 20, 2010 at 5:05 pm

    ဝေဒနာခွာတာများ
    ဝေဒနာကို
    ငါ ငါ့ ဟာမဟုတ်ဘူးလို ့မှတ်

  • Zaw Min Kha

    August 21, 2010 at 4:28 am

    ဘာပုံမှလဲ မမြင်ရဘူး စိတ်ညစ်ရပါတယ်

Leave a Reply