မန်းလေးမှာ မီးပုံမှန်လာ

kokogyiAugust 20, 20101min805

မန်းလေး မှာ မီးတွေ လာနေတာ တလလောက် ရှိပြီး ပျက်ရင်လဲ မကြာဘူး ခဏလေးပဲ ပျက်ပြီးပြန်လာပါတယ် ကျတော်တို့ တသက်နဲ့ တကိုယ် ဒီလို့ မီး ပျက်ရက်မရှိ လာပေးတာ  ဒီတကြိမ် ပထမ ဦးဆုံး ကြုံရခြင်းပါပဲ …. မီးတွေ ခုလို့ လာပေးတဲ့ အတွက် EPC   က လူကြီးများကို အရမ်း ကျေးဇူးတင်တယ်… သူငယ်ချင်းက ဆို ပြောပါတယ်  ဒီလို့ လာပေးမယ်ဆို ရင်ဘာပဲ ဖြစ်ဖြစ် စိတ်ချမ်းသာ ရပါတယ် တဲ့ ။ ခုလို့ မျိုး အများပြည်သူ စိတ်ချမ်းသာအောင် တသက်လုံး ပဲ ပျက်ရက်မရှိပေးမယ်ဆို ဘာပဲ ဖြစ်ဖြစ်  ဘယ်သူတွေ မှားတာ မှန်တာတွေ မသိဘူး  ထောက်ခံ မဲပေးမှာပါတဲ့…သူငယ်ချင်းက ပြောပါတယ်…။  မီးကို ပုံမှန်မပျက်ပဲ ပေးလိုရမယ်ဆို လူကြီးမင်းများအားလုံးကို  ပြည်သူတွေကလဲ ကြည်ဖြူကြမှာပါတဲ့ ပေးလို့ ရရင်ပေးစေချင်ပါတယ်လို့ ပြောသွားပါတယ် သူငယ်ချင်းက…..။လူကြီးမင်းများအားလုံး ကျန်းမာချမ်းသာပါစေလို့ သူငယ်ချင်းက တော့ ဆုတောင်းမေတ္တာ ပို့သ ပေးနေပါတယ်။….. ကျတော်တို့ မန်းလေး သားတွေ အားလုံးလဲ ဘာပဲပြောနေပြောနေ မီးလာလို့ စိတ်ချမ်းသာ ပျော်ရွှင်နေမယ်လို့ ထင်ပါတယ်…။

5 comments

  • kopauk mandalay

    August 20, 2010 at 4:47 pm

    မိုးရွာရင်ရေပေါ ရေပေါတော့ ချောင်းတွေရေပြည့်ပါတယ်။
    ရေပြည့်တော့ ရေအားလျှပ်စစ်တွေ ထုတ်လုပ်နိုင်ပါတယ်။
    ရေအားလျှပ်စစ်တွေထုတ်နိုင်တော့ မီးအမြဲလာပါတယ်။
    ရေအားလျှပ်စစ်ထုတ်နိုင်အောင် ချောင်းတွေ ကန်တွေမှာရေပြည့်ဘို့လိုပါတယ်။
    ရေပြည့်အောင် မိုးရွာဘို့လိုပါတယ်။
    မိုးရွာအောင် မိုးခေါ်ပေးတဲ့သစ်ပင်တွေ ရှိရပါမယ်။
    သစ်ပင်တွေရှိအောင်ကတော့ ကျနော်တို့ခင်ဗျားတို့ရဲ့တာဝန်ပါ။
    ကဲ အမြဲ မီးလာအောင် သစ်ပင်လေးတွေ စိုက်လိုက်ကြရအောင်နော်။
    တစ်ခြားနိုင်ငံတွေမှာ မီးလာတာမလာတာထက် ကျနော်တို့နိုင်ငံမှာမီးလာဘို့ ပိုအရေးကြီးတယ်နော်။

  • chitsayar

    August 20, 2010 at 5:01 pm

    ဟုတ်ဘူးလေ မီးလာတာကို နောက်နေကြတာလား
    ခွီးခွီးခွီး
    တိမယ် တိမယ်

  • Pyaung Gye

    August 20, 2010 at 8:34 pm

    အမြဲတန်း ပေးနိုင်ပါစေလို့

  • bigcat

    August 20, 2010 at 8:59 pm

    ခင်ဗျားကလည်းဗျာ၊ မီးတရက်လောက်လာတာနဲ့ တသက်လုံး မကောင်းခဲ့တာ၊ ကိုယ့်ဆီက ဓမြတိုက်သွားခဲ့တာတွေ မေ့လိုက်တော့တာပဲ။ အသိတယောက်ကပြောဖူးတယ် တောသားတွေက သူ့ဆီလာပြီးလှည်းစီးလိုက် ဝါးတွေကို ဘီအီးဒီစီ အရက်ဆီနဲ့ လာလဲကြတယ်။ လာသွင်းတဲ့သူတွေက ကျေးဇူးတင်လိုက်ကြတာမဆုံးတဲ့။ သူကတောထဲဆင်း ကောက်ဖို့တောင် မလိုဘူး။ အဲဒီဝါးတွေကို သူကထမင်းစားတူလုပ်ပြီး တရုတ်ပြည်ပို့တယ်။ အခုလည်း မီးလာမယ်လို့ ပြောတဲ့သူတွေဆီမှာ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ကို လဲလိုက်ကြပါအုံး။

  • petitelapine

    August 21, 2010 at 4:16 am

    မီးလာတာတော့ ကောင်းပါတယ်။ ဒါပေမယ့် မီးလာပြီး ပြည်သူတွေ အဆင်မပြေရင် ဘာလုပ်ရမှာလဲ။ မီးလာပြီး ထမင်းချက်စရာမရှိတဲ့သူတွေ၊ အပန်းဖြေစရာ လျှပ်စစ်ဇိမ်ခံစရာတွေ မရှိတဲ့သူတွေ အများကြီးပါ။ ခုလောလောဆယ်တော့ လာနေဦးမှာပေါ့။ မိုးရွာနေတာကိုး။ မီးပြန်ပျက်တော့လည်း ဆဲလိုက်ဦးပေါ့။

Leave a Reply