တွံတေးသိန်းတန်က လေးဆယ်ကျော်အချစ်တဲ့ ၊

သြော် လေးဆယ်ကျော်ဆိုတော့ ချစ်ခွင့် လွမ်းခွင့် တမ်းတခွင့်ရှိသင့်တယ်လို့ ဆိုရမလား ၊

ဒါဖြင့်  ငါးဆယ်စွန်းစွန်းသမားတွေမှာကော အဲဒီလိုအခွင့်အရေး ရှိသေးဦးမလားးလို့ မေးချင်တယ်ဗျာ ၊

ဘာလို့လည်းဆိုတော့ အဲဒီ ငါးဆယ်ကျော်ကြီးရဲ့   အချစ်အကြောင်း ရေးချင်လို့ ၊

သတင်းတွေထဲမှာတော့ ၆၀ ၊ ၇၀ ကျော်တွေ ချစ်သွားကြတာတို့ လက်ထပ်ကြတာတို့ ဖတ်ဘူးလို့ပါ ၊

ဒီတော့ ဟောဒီ ငါးဆယ်ကျော်ကြီးမှာ အချစ် ရှိနေတာ မလွန်လောက်ပါဘူးလေ နော့ ၊

သိကြတဲ့အတိုင်း ကျုပ်က အိမ်ထောင်ပျက် ၊ ကလေး ၃ ယောက်နဲ့ ၊

ဒီခေတ် ကုန်ဈေးနှုန်းကို မမီမကမ်းနဲ့ အသေအလဲ လိုက်ရင်း ရုန်းနေရသူ ၊

တစ်ခါတစ်လေတော့လည်း အဲဒီဇောအတွက် အမောပြေစရာလေးတွေတော့ ရှိသင့်တယ် ထင်တာပဲဗျာ ၊

အမယ်  ကိုယ့်ကလေးတွေနဲ့ အမောဖြေပါလားလို့ မပြောနဲ့ဗျ ၊  :)

ကလေးတွေက ကိုယ့် သိပ်မကပ်တော့ဘူး ၊ အကြီးမ နဲ့ အလတ်မက ဖုန်းကိုယ်စီနဲ့ အလုပ်ရှုပ် ၊

သားတော်မောင်ကလည်း ဂိမ်း နဲ့ တီဗီကြား နှစ်ပါးသွားနေတဲ့အကောင် ၊

ရုံးအပြန် လှည်းတန်းဈေးဝင် အိမ်ပေါ်တက် ဟိုချက် ဒီချက် ၊ ဘယ်ဘက်မှ လှည့်ချက်မသာ ၊

FM ရေဒီယိုက အချစ်သီချင်းလေး နားထောင်မိတာများ အပြစ်သားလို ဝိုင်း ကြည့်ကြသေး ၊

အဲသလို နေ့ရက်တွေဟာ ဒီပုံစံနဲ့ချည်း ကုန်ဆုံးဖြတ်သန်းနေရတာချည်း ငြီးငွေ့လာပြီဗျာ ၊

ရွာထဲက ဟိုလူကြီးဆို သူ့ဟင်းလက်ရာတွေ ဖေ့စ်ဘုတ်ပေါ်တင် ၊ သူ့ဇနီးချောကလည်း အားကျမခံတင် ၊

အဆင်ကိုချောလို့ ၊ အမောဆို့နေတဲ့ ကျုပ်တို့များမတော့ တစ်ကျိုက် နှစ်ကျိက်မော့စရာကလွဲလို့ နတ္တိ ၊

သြော် ကိုယ့်ဘေးမှာ တီတီတာတာ လာပြောရင်း မောခြင်းတွေကို ပြေစေမယ့်သူလေးများရှိရင် ကောင်းလေစွလို့ တွေးမိသပေါ့ ၊

အဲဒီလို တွေးမိတာ ရက်သိပ်မကြာခင်မှာပဲ  . . . . .

( ဒုတိယပိုင်း အားပေးပါဦးနော် )

22

About တောင်ပေါ်သား

တောင်ပေါ်သား 007 has written 199 post in this Website..