ငါးဆယ်ကျော် အချစ်

တောင်ပေါ်သားFebruary 26, 20151min34744

တွံတေးသိန်းတန်က လေးဆယ်ကျော်အချစ်တဲ့ ၊

ဪ လေးဆယ်ကျော်ဆိုတော့ ချစ်ခွင့် လွမ်းခွင့် တမ်းတခွင့်ရှိသင့်တယ်လို့ ဆိုရမလား ၊

ဒါဖြင့်  ငါးဆယ်စွန်းစွန်းသမားတွေမှာကော အဲဒီလိုုအခွင့်အရေး ရှိသေးဦးမလားးလို့ မေးချင်တယ်ဗျာ ၊

ဘာလို့လည်းဆိုတော့ အဲဒီ ငါးဆယ်ကျော်ကြီးရဲ့   အချစ်အကြောင်း ရေးချင်လို့ ၊

သတင်းတွေထဲမှာတော့ ၆ဝ ၊ ၇ဝ ကျော်တွေ ချစ်သွားကြတာတို့ လက်ထပ်ကြတာတို့ ဖတ်ဘူးလို့ပါ ၊

ဒီတော့ ဟောဒီ ငါးဆယ်ကျော်ကြီးမှာ အချစ် ရှိနေတာ မလွန်လောက်ပါဘူးလေ နော့ ၊

သိကြတဲ့အတိုင်း ကျုပ်က အိမ်ထောင်ပျက် ၊ ကလေး ၃ ယောက်နဲ့ ၊

ဒီခေတ် ကုန်ဈေးနှုန်းကို မမီမကမ်းနဲ့ အသေအလဲ လိုုက်ရင်း ရုန်းနေရသူ ၊

တစ်ခါတစ်လေတော့လည်း အဲဒီဇောအတွက် အမောပြေစရာလေးတွေတော့ ရှိသင့်တယ် ထင်တာပဲဗျာ ၊

အမယ်  ကိုယ့်ကလေးတွေနဲ့ အမောဖြေပါလားလို့ မပြောနဲ့ဗျ ၊  🙂

ကလေးတွေက ကိုယ့် သိပ်မကပ်တော့ဘူး ၊ အကြီးမ နဲ့ အလတ်မက ဖုန်းကိုယ်စီနဲ့ အလုပ်ရှုပ် ၊

သားတော်မောင်ကလည်း ဂိမ်း နဲ့ တီဗီကြား နှစ်ပါးသွားနေတဲ့အကောင် ၊

ရုံးအပြန် လှည်းတန်းဈေးဝင် အိမ်ပေါ်တက် ဟိုချက် ဒီချက် ၊ ဘယ်ဘက်မှ လှည့်ချက်မသာ ၊

FM ရေဒီယိုက အချစ်သီချင်းလေး နားထောင်မိတာများ အပြစ်သားလို ဝိုင်း ကြည့်ကြသေး ၊

အဲသလို နေ့ရက်တွေဟာ ဒီပုံစံနဲ့ချည်း ကုန်ဆုံးဖြတ်သန်းနေရတာချည်း ငြီးငွေ့လာပြီဗျာ ၊

ရွာထဲက ဟိုလူကြီးဆို သူ့ဟင်းလက်ရာတွေ ဖေ့စ်ဘုတ်ပေါ်တင် ၊ သူ့ဇနီးချောကလည်း အားကျမခံတင် ၊

အဆင်ကိုချောလို့ ၊ အမောဆို့နေတဲ့ ကျျုပ်တို့များမတော့ တစ်ကျိုက် နှစ်ကျိက်မော့စရာကလွဲလို့ နတ္တိ ၊

ဪ ကိုယ့်ဘေးမှာ တီတီတာတာ လာပြောရင်း မောခြင်းတွေကို ပြေစေမယ့်သူလေးများရှိရင် ကောင်းလေစွလို့ တွေးမိသပေါ့ ၊

အဲဒီလို တွေးမိတာ ရက်သိပ်မကြာခင်မှာပဲ  . . . . .

( ဒုတိယပိုင်း အားပေးပါဦးနော် )

22

44 comments

  • ခင်ဇော်

    February 26, 2015 at 1:31 pm

    ဒီလူဂျီးနှယ်
    လွတ်လပ်ရေးအရသာကို မသိဘူးကိုးးးး

    :k:

    • တောင်ပေါ်သား

      February 26, 2015 at 1:44 pm

      အေးပေါ့လေ ပြောဂျပါ ပြောဂျပါ

  • အလင်းဆက်

    February 26, 2015 at 1:32 pm

    ဟွာလေ
    အိုးမြူးကို အကျံပေးယယင်ဖြင့်
    ရှိနေတဲ့ ခလေး သုံးယောက်ကို
    မြံမြံ အိမ်ထောင်ချပေးလိုက်
    (ဖွေးဖွေးနဲ့သော် လဃေါင်း /ဓေါ်ဖွားမေနဲ့သော် လဃေါင်း ခပ်ဆင်ဆင် တူနေတဲ့သာမီးလေးစိုယင်
    အနော့်ကို ထည့်စင်းစားပေးဗျ)

    အာ့မှ တားတမီး မစိလဲ့ လူဗျို ဆိုပြိီး
    ကဲလို့ ရမာ

    :k:

    .နောက်ထာ (အတည်)

    • တောင်ပေါ်သား

      February 26, 2015 at 1:47 pm

      ဟဲ့ အကောင်ရဲ့

      နာက ကဲချင်တာာဟုတ်ဝူး

      ချစ်ချင်တာ ( ဖွေးဖွေးနဲ့မဟုတ် ) 🙂

  • MAUNG

    February 26, 2015 at 1:33 pm

    နောက်တစ်ပိုင်း မြန်မြန်လုပ်ပါဗျို့ :k:

  • အလင်းဆက်

    February 26, 2015 at 1:35 pm

    ဇဂါးမစပ်
    အမေ ရွှေကူမေနှင်းးးး
    ကျနော့်ကို စိတ် ဆိုးတော် မုူနေတုန်းလားငင်

    ပုလင်းကြီး လက်ဆောင်ပေးမိလို့

    :k:

    လူကြီးဆိုတော့ သားတော်မောင် သောက်လျှင် ဘယ်ကြိဲုက်မတုန်းကျနော်ကလည်း ကျနော်
    တခြားဟာဒေ လက်ဆောင်ပေး ရပါလျှက်နဲ့
    ကိုယ်သောက်ချင်တာလေးမှ ရွေး ပေးမိ

    အဟိ

    :k:

    • တောင်ပေါ်သား

      February 26, 2015 at 1:49 pm

      တစ်ပုလင်းတည်းလည်းပေးသေး

      မြည်းစရာကြတော့ မပါလို့ ကျေနပ်ဘူး တဲ့ ၊ 🙂

  • sorrow

    February 26, 2015 at 1:57 pm

    ..အစ်ကို ..ငါးဆယ်ကျော်တာပြသနာမဟုတ်
    … အိမ်ထောင်ပျက် ၊ ကလေး ၃ ယောက်နဲ့ အဲ့တာလဲပြသနာမဟုတ်သေးဘူး
    …ဒီခေတ် ကုန်ဈေးနှုန်းကို မမီမကမ်းနဲ့ အသေအလဲ လိုုက်ရင်း ရုန်းနေရသူ ..အဲ့တာတော့ ပြသနာဗျ… အဲ့တာအရင်ဖြေရှင်းဗျ..ကျန်တာရလာလိမ့်မယ်..

    …ဒါမှမဟုတ်ရင် .ကြိုက်တာလေးတွေ့ထားရင်.ကားတင်ပြေးဗျာ…ကျော်ကားဌားပေးမယ်.. ကိုဘလက်ရဲ့ကား…အဟိဟိ

    • တောင်ပေါ်သား

      February 26, 2015 at 2:11 pm

      ကုန်ဈေးနှုန်းကိစ္စ အရင်ရှင်းရမယ်

      သေပြီပေါ့ကွယ် ၊ သူဋ္ဌေးမုဆိုးမကြီး ယူလိုက်ရမလား 🙂

      ပြီးမှ စမောလေးထား

  • ဦးကျောက်ခဲ

    February 26, 2015 at 2:06 pm

    အဟိ … အပူမခံချင်လို့ လက်နှီးနဲ့ကိုင်ပါမှ မီးစွဲနေဦးမယ်…
    တီတီတာတာဆိုတာက ကြည်သာရွှင်ပြ လိုချင်တာရရင်…
    စမ်းရေစီးသံ … ဆည်းလည်းသံ…
    အလိုမကျ ဂျိုထရင်တော့… နားဝကပ်ပြီး…
    ခရာတွတ်သံ … တံပိုးမှုတ်သံ… ဟီ ဟိ
    ၅၀-ကျော်လို့ အားမလျော့နဲ့ …
    ဖူးစာဆိုတာ တွင်းထဲရောက်မှ … မီးသွေးဖြစ်မှ ကုန်သတဲ့ … အ ဟိ
    :k:

    • တောင်ပေါ်သား

      February 26, 2015 at 2:14 pm

      ( ၅၀-ကျော်လို့ အားမလျော့နဲ့ …
      ဖူးစာဆိုတာ တွင်းထဲရောက်မှ … မီးသွေးဖြစ်မှ ကုန်သတဲ့ )

      ဒါပဲ ဒါမှ ငါ့ကိုကျောက်စ်ကွ

      ကိုကျောက် မြှောက်ပေးလို့ ကျုပ် ဇွတ်တိုးပြီဗျို့ 🙂

  • Wow

    February 26, 2015 at 2:31 pm

    လူမိုက်အားပေးဒွေ အဆင်းဘီးတတ်ဒွေ :mrgreen:

    • တောင်ပေါ်သား

      February 26, 2015 at 2:35 pm

      ငင် ဒါဆို သားသားက လူမိုက်ပေါ့

      ချစ်တာ အပြစ်လား မမဝေါင်းရယ် 🙂

  • kai

    February 26, 2015 at 4:00 pm

    ကလေးပါထပ်ယူလိုက်…။
    အဲဒါမှ.. မြေးချီလာတာလားလို့..အမေးခံရမှာ…

    နောက်တာနော…။
    အတည်..။ :k:

    • တောင်ပေါ်သား

      February 26, 2015 at 4:12 pm

      ဘယ်သူနဲ့ကလေးထပ်ယူရမှာတုန်း သဂျီးရဲ့ 🙂

      • Wow

        February 26, 2015 at 4:30 pm

        အူးညိုးတစ်ယောက်တော်ကြာ ဟို စိုင်းထီးဆိုင်သချင်း… ဒို့သွေးလဲမဟုတ် ဒို့သားလဲမဟုတ် ဒို့အမျိုးလဲ မဟုတ်တယ်… ဆိုဒါကို ကလေးသိပ်ရင်းဆိုနေရမာပေါ့ ဒဂျီးရဲ့ :mrgreen:

        • တောင်ပေါ်သား

          February 26, 2015 at 4:32 pm

          🙂

  • pooch

    February 26, 2015 at 4:44 pm

    အချွန်နဲ့ဝိုင်းမနေကြတာပါလား :mrgreenn:

  • aye.kk

    February 26, 2015 at 5:34 pm

    မသေခင် ဘာဝနာ မပွားရင်ဖြင့် မှားလိမ့်ထင်။

  • sorrow

    February 26, 2015 at 10:47 pm

    ..အစ်ကို..အချစ်မှာအသက်အရွယ်မရှိဘူးဗျ… သမီးချောချောလေးတွေရှိရက်နဲ့ဗျာ.
    .. သူတို့ကိုအောင်သွယ်ခိုင်း .
    ..ဆိုတော့ကာ ..ဖြစ်ခဲ့ရင်…မေမေလေးနဲ့ သမီးတွေက သူငယ်ချင်း.
    .. အဆင်မပြေစရာကိုမရှိ…အရှည်ကိုတွေးပေးတာ…အဟိဟိ
    ..မဟုတ်ရင် မေမေလေးနဲ့ သမီးတွေက ရှော့ဗျ…
    ..စကားအတင်းစပ် ..ငါးဆယ်ဆိုတာ ကျော့်အမြင်ကတော့ အတောက်ပဆုံးအချိန်ဗျ…

    • တောင်ပေါ်သား

      February 27, 2015 at 9:34 am

      ဒီကချင်နူထွားကြီး အားအကိုးရဆုံးပဲ ၊
      အချွန်နဲ့ မ တာတော့ ဟုတ်လောက်ပါဘူးနော် 🙂

  • naywoon ni

    February 27, 2015 at 2:03 am

    အားပါးပါး ဝိုင်​း​မြှောက်​​ပေး​နေကြဒါ သင်​့​တော်​တာ​လေးရှာ​ပေးမယ်​​တော့မရှိဘူး ။ ဘာပဲဖြစ်​ဖြစ်​ ​လေးဆယ်​​ကျော်​ပဲ ရှိ​သေးတဲ့ ​နေဝန်​းနီ တို့ အား​တွေ အလိုလို ရှိလာတယ်​ 🙂

    • တောင်ပေါ်သား

      February 27, 2015 at 9:36 am

      အဘနီ
      ရှေ့မှာ ကျနော်တစ်ယောက်လုံးရှိတယ်
      မိုက်သင့်ရင် မိုက်ပစ် 🙂

  • black chaw

    February 27, 2015 at 8:08 am

    ကြီးမှ ဝက်သက်ပေါက် ရင် သတိထား လို့
    ဂျေမောင်မောင်ကြီး သီချင်းလုပ်ဆိုသွားဖူးတယ်ဗျ…။
    သတိထားပါ ဆရာမျိုးရေ…။
    :mrgreen:

    • တောင်ပေါ်သား

      February 27, 2015 at 9:38 am

      အေးဗျ ကိုကြီးဘလက်ရ
      အင်း သတိကြီးကြီးထားမှာပါ ၊

      ကဲ . . . လာလေ့ကွယ် 🙂

      • black chaw

        February 27, 2015 at 10:59 am

        အော်ဆရာမျိုးရယ်…။
        ပို့စ်နာမည်က ငါးဆယ်ကျော် အချစ်တဲ့…။
        ကိုယ်တိုင်လည်း ငါးဆယ်ကျော်နေပါလျက်ကယ်နဲ့
        ဘလက်ချောကြီးကို ကိုကြီးဘလက်တဲ့…။
        ဘလက်ချော အသက် ၄၅ နှစ်ထဲမှာပါခင်ဗျာ…။
        လာမယ့်အောက်တိုဘာ ၂၁ ရက် (ဆရာမျိုးနဲ့ မွေးနေ့အတူတူပါပဲ) မှာ
        ၄၅ နှစ်တင်းတင်း ပြည့်မှာပါခင်ဗျ…။
        ကိုကြီးဘလက် တော့မလုပ်ပါနဲဗျာ…။
        ကိုဘလက်လောက်ဆို မဆိုးပါဘူး…။
        သိတ် ငယ်ချင်တာပဲ…လူဆိုး…။

        • တောင်ပေါ်သား

          February 27, 2015 at 12:02 pm

          ဪ လေးစားသမှုနဲ့ပါဗျာ

          အပြင်မှာ ယှဉ်ရင် ကျနော်က ပိုငယ်ပုံပေါက်တယ်ဗျ ဟီးးး ဟီး 🙂

  • Mr. MarGa

    February 27, 2015 at 9:38 am

    အို…
    ဘယ်သူတွေဘာပြောပြော
    ကိုယ်ယုံကြည်ရာသာလုပ်
    အချစ်မှာ မျက်စိမရှိဘူးတဲ့
    ချချ

    • တောင်ပေါ်သား

      February 27, 2015 at 9:41 am

      အိုးးးး တကယ်ထင်မထားဘူး

      ဒီလောက် အားပေးကြမယ်လို့

      တစ်ရွာလုံး ကိုယ့်ဘက်က ရှိနေမှတော့

      လာလေရော့ကွယ်

  • Kaung Kin Pyar

    February 27, 2015 at 12:00 pm

    အသက်လေးဆယ်မှ ဘွစတာပဲ အူးမျိုုးရယ်….၅ဝကျော်ဆိုတော့…ခုမှ ဆယ်ကျော်သက်အရွယ်ပဲ ရှိသေးတာ….။
    ဒူးပလိုက် ဒူးပလိုက်…

    • တောင်ပေါ်သား

      February 27, 2015 at 12:08 pm

      မြှောက်ပေးပြန်ပဟေ့

      ဒူးဦးမှာ ဒူးဦးမှာ ဟီး ဟီး 🙂

      အကျနာရင်တော့ မြှောက်ပေးတဲ့သူတွေ ဆေးကုပေးရမှာနော

  • Kaung Kin Pyar

    February 27, 2015 at 12:18 pm

    မြှောက်ပေးတဲ့အထဲမယ်…သဂျီးက ထိပ်ဆုံးက…။ ပြီး ဟိုနုထွားကြီးနဲ့ အပေါင်းအပါတွေ….၊ ကောင်းကင်ပြာက နောက်ဆုံးညှော်….။
    :k:

  • Nyo Win

    February 27, 2015 at 12:32 pm

    ဆရာမျိုး good မယ်ထင်ရင် Do သာ Do ဗျ….
    ခွိခွိ..ကျော်ကတော့ လေးဆယ်ကျော်…မချစ်တတ်သောအသီးနှလုံးနဲ ့လူ…
    🙂

    • တောင်ပေါ်သား

      February 27, 2015 at 12:52 pm

      ချစ်တယ်ဆိုတာ လွယ်ပါတယ်ဗျာ

      အဲ အဲ ဟိုတစ်ယောက် ဆိုထားတာကတော့

      ပေးတိုင်းပြန်မရတာ အချစ် လို့ဆိုမလား တဲ့ ၊

      ကျုပ်ကတော့ ပေးနေမှာပဲ ၊ လိုချင်သူနဲ့ တည့်တည့်တိုးဖို့ပဲလိုတယ် ၊

      ဟီး ဟီး ရောဂါ အတော်သည်းနေပုံ ပေါက်နေပြီလားမသိ ၊ 🙂

      • Nyo Win

        February 27, 2015 at 1:00 pm

        သည်းသာသည်း ကွဲတာကွဲ (ဘယ်သူဆိုထားတာလဲတော့မသိ) 🙂
        ဟုတ်ပဆမျိုး….ပေးသာပေးဗျ..တချိန်မှာပြန်ရတာ အချစ်တခုပဲရှိတယ်…..
        ၂ လုံး ၃လုံး ထိုးတာမှမဟုတ်တာ… 🙂

        • တောင်ပေါ်သား

          February 27, 2015 at 1:06 pm

          ဘုန်းကြီးရူး နဲ့ လှေလူးနဲ့ တွေ့ ဆိုတာ ဒါမျိုးလား မသိ ၊ 🙂

  • sorrow

    February 27, 2015 at 1:16 pm

    ..အစ်ကို ..အချစ်ဆိုတာ . ယဉ်ကျေးတဲ့လူ့အဖွဲ့အစည်းကို ထိန်းကျောင်းထားတဲ့အရာဗျ…
    ..ပြီးတော့ အချစ်ဆိုတာ အမြဲစိမ်းလန်းနေတဲ့ အမြဲစိမ်းတောဗျ…. ဆိုတော့ကာ …လတ်ဆတ်နေတဲ့အချစ်ကိုပိုင်ဆိုင်ထားသူအဖြစ် ဂုဏ်ယူပါကြောင်း

    ..ကောင်မလေးရလာရင်သာ ..လက်တို့လိုက်…ရိုးမန့်နေရာလေးတခုခုမှာ ဖယောင်းတိုင် ဒင်နာနဲ့ ..အကောင်းစား ဝိုင်ပုလင်း စပွန်စာမယ်…အသွားအပြန်ပါ ကားလိုက်မောင်းပေးမယ်…..ရုံးအဖွဲ့လွှတ်ပြီး ကို Decoration ပါပြင်ပေးမယ်..အတည်… ရှုပ်ပါတယ်ဗျာ..ဘန်ကောက်ခရီးစဉ် .. စပွန်ဆာမယ်ဗျာ …ကြိုးစား

    • ခင်ဇော်

      February 27, 2015 at 1:23 pm

      ဂလိုလုပ်။
      ကောင်မလေး ကို ချဉ်းကပ်ဖို့ နည်းတွေ သများမှာ အောပုံ အောတိုက်ရှိတယ်။။
      တညား ချောက်တွန်း (ဟုတ်ပေါင်) ကူညီမယ်။
      အချစ် ဆာမဂျီးဘာ။
      တညားကို ကျော်ပြီး ဘယ်သူ့စဂါးမှ နားမယောင်နဲ့။

      :boss:

      • တောင်ပေါ်သား

        February 27, 2015 at 1:27 pm

        OKI …OKI…..

        ဒါနဲ့ ဆရာမမှာ အဲဒီ အချစ် အိပ်စပီးရင့် ရှိလို့လား ဟင် ?

        အန်းနီးဝေး ဗျူဟာတွေကို မေးလ်နဲ့ပို့လိုက်နော်

        အနော် စမ်းပစ်မယ် ၊ 🙂

        • Mr. MarGa

          February 27, 2015 at 1:30 pm

          ရေကန်အသင့် ကြာအသင့် ဆိုမှတော့
          “ခွင့်သာခိုက်မှ မလိုက်ချင်လျှင် အမိုက်နင့်ပြင် ရှိသေးလိမ့်လား” ပေါ့ဗျာ
          :k:

    • တောင်ပေါ်သား

      February 27, 2015 at 1:23 pm

      ကဲ ကဲ စပွန်ဆာပေးမယ့်သူ ပေါ်လာပြီဆိုတော့

      ရွှေကူသားရေ ဖိုက်တင်းးးးးးးးး 🙂

  • ဦးကျောက်ခဲ

    February 27, 2015 at 2:26 pm

    အဟိ… ရွှေကူသား ကိုဂျီးမြိုးအတွက် ကျောက်စ်လည်း စပွန်ဆာပေးမယ်…
    ပရုပ်ဆီ ၊ ဒဏ်ကြေလိမ်းဆေး ၊ ဂွမ်း ၊ ပတ်တီး ၊ မောရိယမန်းဆေး … ဟီ ဟိ
    :k:

  • ရာမည

    February 28, 2015 at 6:06 pm

    ဦးလေးကြီးခင်ဗျ
    ပျားရည်ဆမ်းခရီးကို
    လောက်ကိုင် ချင်ရွှေဟော် ကုန်းကြမ်း မော်ထိုက်
    ဘုရားစုံဖူး ဟိုတယ်စားရိပ်ငြိမ်း ကြည်ခြေနီယဉ်တန်းနဲ့ စပွန်ဆာပါမယ်ခင်ဗျာ
    ဟီဟိ

  • Foreign Resident

    March 2, 2015 at 8:34 am

    ဒီကလည်း အားပေးနေပါတယ် လို့ ။

Leave a Reply