​နေဝန်​းနီ နဲ့ ဆယ်​့တစ်​​ပေါက်​

naywoon niFebruary 27, 20151min18410

​နေဝန်​းနီ နဲ့ ဆယ်​့တစ်​​ပေါက်​

ဒီ​နေ့ ​မွေးသမိခင်​က ​ဈေးသိမ်​းရာ ပြန်​လာ​တော့
” ​ဟေ့ ငါ့ကို အခု ဆယ်​့တစ်​​ပေါက်​ သွားဝယ်​​ပေးစမ်​း ​ရော့ ပိုက်​ဆံ …..” တဲ့
အိမ်​ပြန်​​ရောက်​​ရောက်​ချင်​း အမိန်​့​ပေးပါတယ်​ ။ အဲ့ ဒါမှ ​ချောက်​ပဲ ။ ဆယ်​့တစ်​ ​ပေါက်​ဆိုတာ သူများ ​ပြောသံ ဆိုသံ ပဲ ကြားဖူးနားဝ ရှိတာ ။ ​တွေ့ဖူး ​သေးဘူး ။ မြဝတီ ရုပ်​သံ ဖမ်​းစက်​ ဆိုရင်​ သိတယ်​ ။ စဂိုင်​းနက်​ ဆိုလည်​းသိတယ်​ ။ လက်​ဖက်​ရည်​ဆိုင်​မှာ ကိုယ်​တိုင်​ ဝင်​ကလိ ဖူးတာပဲ ။ အဲ့ ဆယ်​့တစ်​​ပေါက်​ ဆိုတာ​တော့ ကြားပဲ ကြားဖူးတာ ။ မ​တွေ့ဖူးဘူး ။ ​နေဝန်​းနီ နဲ့ သိတဲ့ သူ​တွေထဲမှာ သိပ်​​ရေပန်​းမစားဘူး ။ ကြားဖူး​နေတာ​တော့ ကြာပြီ​လေ ။ တစ်​​လောက ​တောင်​မှ ရပ်​ကွက်​ရုံးမှာ မဲနှိုက်​ပြီး အလကား​ဝေ တယ်​ဆိုလို့ ရာအိမ်​မူးကို သွား​မေး​တော့
” မင်​းတိူ့မပါဘူး​လေ ထရံကာ ကြမ်​းခင်​း အိမ်​​တွေ စာရင်​း​ကောက်​ပြီး မဲနှိုက်​ပြီး ​ပေးတာ ”
ဆိုလို့ နံကပ်​ သွပ်​မိုးနဲ့ ဖြစ်​​နေတဲ့ ​နေဝန်​းနီ အိမ်​ကို​တောင်​ အပြစ်​တင်​ရမလို ဖြစ်​သွား​သေးရဲ့ ။ ဒီနှစ်​ အစ ကတည်​းက အမာ တီဘီ က လိုင်​း​တွေ တိုးလိုက်​​တော့ မူရင်​း တီဘီ လိုင်​းက သတင်​း​တွေချည်​့ဖြစ်​​နေတယ်​ ဆိုပြီး ​မွေးသမိခင်​က ကိုယီးရား ကား​တွေ တစ်​ထပ်​ကြီး ဝယ်​ဝယ်​လာပါ​တော့တယ်​ ။ ဒါနဲ့ မသိရင်​​မေးရ​အောင်​ သယ်​ရင်​း ဗစ်​တာ စိုးမိုးရဲ့ စာအုပ်​ဆိုင်​ ဘက်​ထွက်​ခဲ့ပါတယ်​ ။
” ​ဟေ့ ကြာ ငါမသ်​ိလို့ ​မေးရဦးမယ်​ ။ ဆယ်​့တစ်​​ပေါက်​ ဆိုတာ ဘာလဲကွ ။ ငါက​တော့ မြဝတီ ဖမ်​းစက်​တို့ စဂိုင်း​ပျက်​ တို့ပဲ သိတယ်​ ”
” ဆယ်​့တစ်​​ပေါက်​ မဟုတ်​ဖူးကွ Set Top Box ( မှားရင်​​တော့ ပြင်​​ပေါ့ဗျာ ကျုပ်​က သူ​ပြောတဲ့ အတိုင်​း​ရေးလိုက်​တာ ။ TV ဖမ်​းစက်​ ပါပဲကွာ ။”
သူက အဲ့လို​ပြော​တော့ နားလည်​သလိုလို​တော့ ဖြစ်​သွားပြီ
” သယ်​ရင်​း ဘယ်​ဆိုင်​မှာ ရှိလဲကွ ”
ဆို​တော့
” မြို့ထဲက ဇွန်​လှိုင်​း မှာရတယ်​ 18000 ​လောက်​ရှိမယ်​ ။ အင်​တာနာက 4000 ​လောက်​ပဲ ။ ”
” အာ ….. အဲ့ထိသွားရမှာလား မီးပွိုင်​့နား​လေးမှာ ”
တစ်​ကယ်​​တော့ ​နေဝန်​းနီ တို့မြို့မှာ မီးပွိုင်​့ ဆိုတာ အဲ့ တစ်​ခုထဲ ရှိတာ ။ မီးပွိုင်​့ဆိုတာနဲ့ ဘယ်​ မီးပွိုင်​့ လဲ ​မေးစရာ မလိုဘူး ။ ခု ​နေဝန်​းနီ ​ရောက်​​နေတဲ့ ​နေရာနဲ့ ​လေးဖာလုံ​လောက်​​ဝေးပါတယ်​ ။ စက်​ဘီးနဲ့ သွားရမှာ ဆို​တော့ ​ဝေးတယ်​ လို့ ​ပြောလို့ရသလို မြို့ထဲ တင်​​လို့ ​ပြောလို့လဲ ရတဲ့ ခရီးပါ ။ အဲ့မှာ သူက ဆက်​ပြီး​တော့
” မီးပွိုင်​့ အ​ရှေ့ဘက်​က ယူနစ်​ရုံးထဲမှာ အ​ရောင်​း ပြခန်း ဖွင်​့ထားတယ်​ အဲ့ သွားလိုက်​ ”
တဲ့ သူက စာအုပ်​ချုက်​​နေရာက ဆက်​​ပြောတယ်​ ။
​နေဝန်​းနီလည်​း သူ့ကို နှုတ်​ဆက်​ပြီး ထွက်​လာခဲ့တယ်​ ။ သူ​ပြောလိုက်​တဲ့ ယူနစ်​ရုံး ဆိုတာက ဟို အရင်​က မြန်​မာ့ ဆိုရှယ်​လစ်​ လမ်​းစဉ်​ပါတီ ယူနစ်​ ရုံးကို ​ပြောတာပါ။ အဲ့ တုန်​း​တော့ အစိုးရ​မြေ​ပေါ့​လေ ။ ခု​တော့ ပါတီတစ်​ခု ပိုင်​​မြေဖြစ်​သွားပြီ မျက်​နှာစာ မှာ​ကော ဝင်​းအတွင်​းမှာပါ ဆိုင်​ခန်​း​တွေ ​ဆောက်​ပြီး အငှားချထားပါတယ်​ ။ ​နေဝန်​းနီလည်​း စက်​ဘီး​လေးနဲ့ ရန်​ကုန်​ မန္တ​လေးလမ်​း​ပေါ်ကပဲ လာခဲ့တယ်​ ။ ​စော​စောက ​ပြောခဲ့ တဲ့ မီးပွိုင်​့ မ​ရောက်​ခင်​မှာ လျှပ်​စစ်​ပစ္စည်​း ဆိုင်​တစ်​ခု ​တွေ့တာနဲ့ ဆိုင်​ထဲဝင်​သွားပြီး ​တွေ့တဲ့ သူတစ်​​ယောက်​ကို
” ဟိုဟာ ဗျာ ရုပ်​သံဖမ်​းစက်​ ဆယ်​့တစ်​​ပေါက်​ဆိုလား အဲ့ဒါ ရှိလားဗျ” ့
ဆို​တော့ ရှိတယ်​တဲ့ ။ ​ဈေး​မေးကြည်​့လိုက်​​တော့ ​သောင်​းကိုး​ထောင်​တဲ ့
‘ ငါ့ ​စော​စောက ​ပြောလိုက်​တာက ​သောင်​းရှစ်​​ထောင်​ပါ​ပေါ့ ​မွေးသမိခင်​ကလည်​း ပိုက်​ဆံ နှစ်​​သောင်​းနှစ်​​ထောင်​ထဲ​ပေးလိုက်​တာ မဖြစ်​​သေးပါဘူး ဟို ကြာ ( ဗစ်​တာစိုးမိုးကို အားလုံးက ကိုကြာ လို့ပဲ​ခေါ်ကြပါတယ်​ ငယ်​နာမယ်​က ကြာလှ ပါ ။ အဲ့​တော့ အဲ့တိုင်​း​ခေါ်ရမှာ အားနာလို့ ကိုကြာလို့ပဲ အဖျားဆွတ်​​ခေါ်ကြပါတယ်​ ။ ကြုံတုန်​း​လေး ​ဖော်​​ကောင်​လုပ်​ဦးမှ 🙂 )
အဲ့ဒါနဲ့ မဖြစ်​​ချေဘူး ဆိုပြီး မူလ ရည်​ရွယ်​ရာ ယူနစ်​ရုံး ရှိရာကိုပဲ မီးပွိုင်​့​ က​နေ အ​ရှေ့ဘက်​ချိုး​ကွေ့ လိုက်​ပါ​တော့တယ်​ ။ မူလ ရုံးဝင်​း ခြံစည်​းရိုးက မရှိ​တော့ဘူး ။ ဆိုင်​ခန်​း​တွေ အပြည်​့ဖြစ်​​နေပြီ ။ ဝင်​​ပေါက်​​တောင်​ မနဲချန်​ထားရတဲ့ပုံ ။ ဝင်​​ပေါက်​ အ​ပေါ်တည်​့တည်​့မှာ ဇွန်​လှိုင်​း ဆိုတဲ့ ဆိုင်​ဘုတ်​ ​တွေ့တာနဲ့ ဝင်​လာခဲ့တယ်​ ။ ​တွေ့ပါပြီ ။ အရင်​တုန်​းက​တော့ ဒီ​နေရာက အစည်​းအ​ဝေး ခန်​းမ ဗျ ။ စာ​ပေ​ဟော​ပြောပွဲ​တွေ ဒီခန်​းမထဲမှာလုပ်​ဖူးလို့ သွားနား​ထောင်​ဖူးတယ်​ ။ မှတ်​မိတာက အဲ့ နှစ်​က ဆရာမ နုနုရည်​ (အင်​းဝ ) ပါတယ်​ ။ အဲ ဒီဘက်​စစ်​အစိုးရ​ခေတ်​မှာ ​နောက်​​တော့ ရုပ်​ရှင်​ရုံ ဖြစ်​သွား​သေးတယ်​ ။ မင်္ဂလာ ခန်​းမလည်​း ဖြစ်​ဖူး​သေးတယ်​ ။ ခု​တော့ လျှပ်​စစ်​ပစ္စည်​း ရှိုးရွန်​း ဖြစ်​သွားပြန်​ပြီ ။ ​နောက်​ဘာဖြစ်​ဦးမလဲ မသိဘူး ။ အ​ဆောက်​အဦး တစ်​ခုရဲ့ ဘဝက လည်​း သံ​ဝေဂ ယူတတ်​ရင်​ ရတယ်​​နော်​ ။ အဲ့​ရှေ့မှာ နံမယ်​မမှတ်​မိဘူး မျက်​နှာသိ ​ကောင်​မ​လေး တစ်​​ယောက်​​တွေ့တာနဲ့ ​စော​စောကလိုပဲ ဟိုဟာ ………ကစပြီး ​မေး​တော့ ရှိတယ်​ ​သောင်​းရှစ်​​ထောင်​တဲ့ ။ အဲ့ဒါနဲ ့ တစ်​ခုလို့ ​ပြောရမလား တစ်​စုံ လို့​ပြောရမလား မသ်​ိဘူး ။ ဇွတ်​အတင်​း ပိုက်​ဆံ ထုတ်​​ရေ​တော့ ​ကောင်​မ​လေးက ဆိုင်​ထဲက​ကောင်​​လေးတစ်​​ယောက်​ကို စက်​ထဲ လိုင်​းထည်​့ခိုင်​းပါတယ်​ ။ ​နေဝန်​းနီလည်​း မမြင်​ဖူးတာနဲ့ ထိုင်​ကြည်​့​နေပြီး ဘယ်​​ဟာ ဘယ်​လိုတပ်​ရမလဲ ဘာညာ ​မေး​တော့ ​ကောင်​​လေးက တပ်​ရမဲ့ ကြိုး​တွေပြပါတယ်​ ။ အံမယ်​ အဲ့​လောက်​ အ,တယ်​များ​အောက်​​မေ့​နေလား ။ TV ကြိုး​လောက်​​တော့ ​တွေ့တဲ့ အ​ပေါက်​ထိုးထည်​့ရင်​ အ​ပေါက်​နဲ့ ​ခေါင်​းမလွဲရင်​ ပြီးတာပဲ ဟာ ။ ဝါ နီဖြူ အ​ရောင်​မလွဲ ရင်​ပီးတာပဲ ဟာ ဘဲ ကို ။ ​နော့ ……
​နေဝန်​းနီလည်​း ခပ်​တည်​တည်​ ပဲ ပြန်​ထွက်​လာပီး ဗစ်​တာစိုးမိုး ကိုဆိုင်​​ရှေ့ကပဲ နှုတ်​ဆက်​ပြီး အိမ်​ပြန်​လာပါတယ်​ ။ အိမ်​​ရောက်​​တော့ နဲနဲ ​မှောင်​​နေပြီ ။ မီးက မပျက်​​ပေမဲ့ ့မီးအားကနည်​း​တော့ အလင်​း​ရောင်​က ​ကောင်​း​ကောင်​းမရဘူး ။ စက်​က ​သေး​သေး​လေး ​နေဝန်​းနီကိုင်​တဲ့ ဖုန်​းရဲ့ နှစ်​ဆ​လောက်​ပဲရှိတာ ။ အဲ့တာ​လေးထုတ်​ ။ အင်​တာနာ ​လေးအိမ်​ပြင်​ထုတ်​ ​ခေါင်​း​လေးကိုလှည်​့ပြီး စက်​မှာတပ်​။ ဝါ နီ ဖြူ နှစ်​ဘက်​ တပ်​ထားတဲ့ ကြိုး​လေးကို စက်​မှာ တစ်​ဖက်​ TV ​နောက်​က အ​ပေါက်​​လေး​တွေမှာ တစ်​ဖက်​တပ်​ ။ မီးဖွင်​့ TV ဖွင်​့ လာပါပြီ ။ MRTV အဲ့ ဒါ မဟုတ်​​သေးဘူး ။ ရီမု နဲ့ ဟိုနှိပ်​ဒီနှိပ်​ မရဘူး ။ TV က ဟို ဗစ်​တာ အစုပ်​ပလုပ်​ လုပ်​သွားတာ သုံးခု ဖြစ်​​နေတာ ။ TV နဲ့ VDO ချိန်​းလိုက်​ရင်​ ကြားထဲမှာ လိုင်​းတစ်​ခု အလွတ်​ဖြစ်​​နေ​သေးတာ သွားသတိရ ။ ဘယ်​မလဲ TV ရီမု နှိပ်​ကြည်​့ ။ လိုင်​းအလွတ်​ ။ ​ပေါ်ပြီ နိုး ဆစ်​ကနယ်​ တဲ့ ။ ဟိုဆိုင်​က ​ကောင်​​လေး ​ပြောလိုက်​တဲ ့ ဇယ်​ဒိုး အ​ပေါ်က အင်​ဖိုကို နှိပ်​ ။ အပ်​ အဲရိုးကို ဆက်​နှိပ်​ ။ ရပြီ တစ်​လိုင်​းပြိီ း တစ်​လိုင်​း ။ ဒါ​ပေမဲ့ ကံဆိုးချင်​​တော့ ဘာသံမှထွက်​မလာ။ အဲ့ ဒါနဲ့ ​စော​စောက အင်​တာနာ ​လေး​နေရာပြင်​ ။ အစက အိမ်​အပြင်​မ တန်​းလန်​းချထားတာ ။ ခုအသံမထွက်​​တော့ အနားမှာရှိတဲ့ မီးကပ်​ လုပ်​ထားတဲ့ ဝါးလုံးကို ဖြုတ်​ ။ ထိပ်​က သွပ်​ပြားကို နှုတ်​ ။ အင်​တာနာနဲ့ တွဲချည်​ ။ အိမ်​ဝင်​းနံရံ အုတ်​စည်​းရိုမှာ​ထောင်​ ။ ကြိုးနဲ့ အ​သေချည်​ ။ အိမ်​ထဲ ပြန်​ဝင်​ ကြည်​့ ။ စက်​ရီမု ကို​လျှောက်​နှိပ်​မရဘူး ။ ဒါနဲ့ ​ဆေး​ပေါ့လိပ်​​လေးဖွာရင်​း ပြန်​​မေးကြည်​့ ဦးမယ်​ဆိုပြီး ဇာတ်​လမ်​းလာ​နေတဲ့ MRTV-4 ဖွင်​့​ပေးခဲ့ပြီး ဗစ်​တာ စိုးမိုးဆီ ပြန်​ထွက်​လာခဲ့ တယ်​ ။ အဲ့​တောမှ TV ​နောက်​က အ​ပေါက်​မှာ in ဆိုတာနဲ့ out ဆိုတာ ရှိသတဲ့ ​လေ ။ အ​ပေါက်​လွဲပြီး ကြိုးတပ်​လို့ ဖြစ်​တာပါတဲ့ ။ အဲ့ဒါနဲ့ အိမ်​ပြန်​ပြီး ပြန်​ပြင်​မယ်​လုပ်​​တော့ သူငယ်​ချင်​း အ​ကောင်​းစားကြီးက ​ည​နေက ကျန်​တဲ့ လက်​ဖက်​ရည်​ပါဆယ်​ကို သူနဲ့ နှစ်​​ယောက်​မျှပြီး ညှိတိုက်​လိုက်​ပါ​သေးတယ်​ ။အိမ်​ပြန်​​ရောက်​​တော့ TV ​နောက်​လုံးကြီးကို ​ရှေ့တွန်​ဖယ်​ပြီး ဝါနီဖြူ အ​ပေါက်​​တွေပြန်​တည်​့ အသံထွက်​လာပါ​လေ​ရောဗျား ။ အဲ့​တော့မှ ​နေဝန်​းနီ ခမြာ ဟင်​းချပြီး ညစာစား ပြီးသကာလ ဖုန်​းကလိ​လေ​တော့ သတည်​း ………………..။​နေဝန်​းနီ နဲ့ ဆယ်​့တစ်​​ပေါက်​ နဘမ်​းလုံးလိုက်​တာ ည​နေပိုင်​း တစ်​ခုလုံး ကုန်​သွားပါ​ရော့လား ။ ​နေဝန်​းနီသိလိုက်​တာက​တော့ ဆယ်​့တစ်​​ပေါက်​ဆိုတာ အ​ပေါက်​ဆယ်​့တစ်​​ပေါက်​ကို ​ပြောတာမဟုတ်​ဘူးဆိုတာ​လေးပါပဲ ။

​နေဝန်​းနီ
1:39AM
27 Fri Feb 2015

10 comments

  • မြစပဲရိုး

    February 27, 2015 at 3:03 am

    ကံကောင်းလိုက်တာ အဘနီ ရယ်။
    ကျွန်မတို့ခေတ်တုန်းက ကြည့်ချင်ကြည့် မကြည့်ချင်နေ။ တစ်ဦးတည်း မူပိုင်ဘဲ။
    တကယ်ပြန်တွေးတော့လဲ ကောင်းသား။
    တီဗီရှေ့အချိန်မကုန်တော့ဘူးပေါ့။

    ဘာဘဲဖြစ်ဖြစ် ၁၁ပေါက်ကျေးဇူးနဲ့ မာတာမိခင်ကြီး ကျေနပ်သွားတာမို့ ဟန်ကျပါတယ်လေ။))

  • Mr. MarGa

    February 27, 2015 at 8:53 am

    ဪ… ဆယ့်တစ်ပေါက် ဆယ့်တစ်ပေါက်
    ကိုယ်တွေလည်း ဆယ့်တစ်ပေါက် တစ်လုံးနဲ့ ချာချာလည်ဖူးရဲ့
    ခုတော့ ရှုပ်လွန်းလို့ ဖြုတ်ထားလိုက်တယ် အေးရော :mrgreenn:

  • ခင်ဇော်

    February 27, 2015 at 9:01 am

    ခုခေတ် စက်တွေက ဘာဒွေးမြန်းကို မသိဘူးးး
    သများတို့ကတော့ အပေါ်စက် အောက်စက်ပဲ သိတယ်။

    :k:

  • ဦးကျောက်ခဲ

    February 27, 2015 at 9:05 am

    ကျောက်စ်လည်း ၂၁-ပေါက်ပဲ ကြားဖူးတာ…
    ဘယ့်နှယ် ၁၁-ပေါက်ပါလိမ့် ၊ အသစ်လားမသိဆိုပြီး ဖတ်လိုက်တာ…
    Set Top Box ဖြစ်နေပါရော့လား … ဟီ ဟိ
    ကျောက်စ်ကတော့… ကိုရီးယားကားဆို ယောင်လို့တောင်မကြည့်…
    :k:

  • Mike

    February 27, 2015 at 9:47 am

    .ကိုနေရေးတာဖတ်နေရင်းမောတောင်လာတယ်…ကိုနေ ဟင်းချမှ ကျုပ်လည်းဟင်းချရတယ်…
    .၁၁ ပေါက် ဆိုတာကျုပ်တော့မကြားဖူးပါဘူးဗျာ…ရန်ကုန်မှာတော့ စကိုင်းနက် နဲ့ ဖိုက်နက်ဝပ်ပဲတွေ့ဖူးတယ်

  • တောင်ပေါ်သား

    February 27, 2015 at 10:17 am

    တွမ်တီဝမ်းရဲ့ ဗားရှင်းအသစ်များလား လို့ 🙂

    အဲဒါ ဘာစက်တုန်းဗျ ၊ မြဝတီလား ?

  • အလင်းဆက်

    February 27, 2015 at 11:01 am

    အရောင်းပြခန်းတွေက သာမန်အရောင်းဆိုင်တွေထက် ဈေးပိုများတာမျိုး
    ရန်ကုန်မှာလည်း ကြုံနေရတယ်ဗျ
    Huaweibဖုန်းတစ်လုံးဝယ်မယ်ဆိုရင်
    HUAWEI SHOW ROOM မှာ သွားမေးကြည့်
    ဈေးက မြောက်တယ်
    အပြင်က ဈေးမှန်တယ်ဆိုတဲ့ဆိုင်မှာ မေးကြည့်
    တစ်သိန်းကျော်ထဲကဆို တစ်သောင်းလောက် ဈေးလျော့နေတယ်
    အဲ့ဒါ ဘာလို့လဲမသိ
    ကျနော်ထင်တာတော့ မူရင်း အရောင်းပြခန်းတွေက ပစ္စည်းကို အာမခံပေးနိုင်တယ်
    အာမခံပေးရတဲ့အတွက် ဈေးပိုတင်လိုက်တယ်လို့ထင်တယ်

    မဖြစ်သင့်တာနောာာ

    :kwi:

    ဆယ့်တစ်ဘောက်နဲ့ ဘာမှ မဆိုင်တာကို ဝင်ပြောမိတာပါ။

    အင်းးး
    အဖေနဲ့အမေတို့ ကြည့်ဖို့ TV ပြားပြားလေးတစ်လုံးနဲ့
    .အောက်စက် ကောင်းကောင်းလေးတစ်လုံးးး
    ဝယ်ပေးချင်လိုက်တာဗျာာာ

  • Wow

    February 27, 2015 at 11:39 am

    တီဗီမာကျော်ငြာနေတဲ့ မြဝတီဆက်တယ်ဘောက်စ် ဆိုဒါထင်ဒယ် 🙂

    • naywoon ni

      February 27, 2015 at 12:47 pm

      မြဝတီ ဆက်​တယ်​​ဘောက်​ကလည်​း သီးသန်​့ရှိပြီးသား အဲ့မြဝတီ ဖမ်​းစက်​ကလည်​း မြဝတီကလွှင်​့ တဲ့ လိုင်​း​တွေ​တော့အကုန်​ရပါရဲ့ MRTV ဘက်​က လွှင်​့တာ​တွေကျ​တော့ အကုန်​မရပြန်​ဘူး ။ ​ဈေးကလည်​း ပိုကြီးတယ်​​လေ ။
      အလင်​းဆက်​​ရေ ကိုယ်​တို့ဆီမှာ ဆိုင်​ကြီးကြီးမား ​နေရာ ကျယ်​ကျယ်​လွင်​့လွင်​့ ခင်​းထားလို့ ရှိုးရွန်​းလို့ သုံးလိုက်​တာ ။ အရင်​က ပါတီယူနစ်​ရဲ့ အစည်​းအ​ဝေး ခန်​းမ ကို ငှားထားပါတယ်​ ဆိုမှ
      အဲ့ဒိလိုဆိုင်​မျိုးမှာ ဝယ်​မှ ( ကိုယ်​တို့နယ်​မှာ​ပြောတာ​နော်​ ) လိုချင်​တဲ့ ပစ္စည်​း ​ရွေးစရာရှိတယ်​ ။ ကိုယ်​လိုချင်​တဲ့ အအျိုးအစား အတိုင်​း အတာ ​ချေးများလို့ရတယ်​ ။ ကျန်​တဲ့ ဆိုင်​​တွေမှာက ပစ္စည်​းမစုံးဘူး ။ သူ့ရှိတဲ့ ပစ္စည်​းကိုပဲ ဇွတ်​အတင်​းထိုး​ရောင်​းတာက များတယ်​ ။ ဟာ​ဝေး ဖုန်​း​ဈေးကွာတာက​တော့ ခု တ်​ို့ဆီက​ပေါက်​​ဈေးက ဂျာနယ်​ထဲ ပါတဲ့ ​ဈေးထက်​​တောင်​ချို​သေး။ အဲ့ဒါက အထက်​လမ်​း ​အောက်​လမ်​း ကွာလို့တဲ့ ။ အခွန်​​ဆောင်​ တာနဲ့ အခွန်​မ​ဆောင်​ပဲ သွင်​းခဲ့တာ​ပေါ့ ။ ဆိုင်​​တွေ​ပေါ်​ရောက်​​တော့ ​ဈေးညှိလိုက်​တာ​လေ ။ ​မောင်​ရင်​​ပြောတဲ့ ​ဈေးပိုတယ်​ဆိုတာ သူ့ဆိုင်​မှာ ရှိတဲ့ ပစ္စည်​း အားလုံး ဒါမှ မဟုတ်​ ရာနှုန်​း​တော်​​တော်​များက အခွန်​​ဆောင်​လိုက်​ရလို့ ​ဈေးမြင်​့​နေတာပါ ။

  • Shwe Ei

    March 3, 2015 at 2:46 pm

    -ဘုသုတ ရအောင်ဖတ်သွားပါတယ်..
    -တီဗီကို အောက်စက်နဲ့တွဲပီး ကျိရတာဘဲကျိုက်တယ်
    (အင်တင်နာလဲမရှိဝူးလေ) 🙂

Leave a Reply