အလှူ ခံခြင်း RIT, YIT, YTU

Ma MaFebruary 27, 20151min30021
  • ကိုယ်တက်ခဲ့တဲ့ကျောင်းမို့ သံယောဇဉ်ရှိတာအပြင်
  • ကိုယ်တိုင်လည်း ဆရာဖြစ်ချင်ခဲ့သူမို့ ကိုယ်ချင်းစာတာပါပေါင်းပြီး မောင်းထုအလှူခံပေးခြင်းဖြစ်ပါတယ်။

10868204_10204661309545247_1260289976318125804_n

RIT (ယခု ဘယ်လိုခေါ်သည်မသိ) ကျောင်းဝင်းထဲက ဆရာတွေနေတဲ့ အိမ်တွေ မိုးယိုပျက်စီးနေတာကို ပြုပြင်ဖို့ အလှူခံနေပါတယ်။

 
ရွာထဲမှာ သဂျီးကိုယ်တိုင်ကလည်း အင်ဒုံနီယာဖြစ်လို့
ကိုယ်တတ်နိုင်တဲ့ဘက်က ဝိုင်းကူတဲ့အနေနဲ့ သိရှိလှူ ဒါန်းနိုင်ကြဖို့ မောင်းထုပါတယ်။

 

ရွာထဲက အင်ဒုံနီယာကြီး အင်ဒုံနီယာလေးတွေအပြင် ရွာသူားတွေကိုလည်း တတ်နိုင်သလောက် နီးစပ်ရာကို ဖြန့်ဝေပေးချင်းဖြင့် ကူညီပေးကြစေလိုပါတယ်။

 

ဆရာတွေ ကျန်းမာရေးအတွက် စွယ်တော်ရိပ်မွန်ဖောင်ဒေးရှင်းလုပ်ဖို့ စဉ်းစားမိပြီး ဦးဆောင်စည်းရုံးသူ ဦးဝင်းထင်ဦး Wynn Htainoo ဖေ့စ်ဘုတ်မှာလည်း ဝင်ရောက်ကြည့်ရှု့လေ့လာနိုင်ပါတယ်။

 

RIT YIT  YTU နဲ့ ပတ်သက်လို့ ဖေ့စ်ဘုတ်မှာ စွယ်တော်ရိပ်မွန်ဖောင်ဒေးရှင်း နဲ့ RIT YIT YTU GOLDEN JUBILEE ( 1964~2014 ) ဆိုတဲ့ ပေ့ချ်တွေ ရှိပါတယ်။

 

အဲဒီပေ့ချ်တွေကို ဝင်ကြည့်ရင် အကျိုးအကြောင်းတွေ ပိုမိုစုံလင်အောင် update သိနိုင်ပါတယ်။

 

https://www.facebook.com/wynn.htainoo/posts/331288410398761?notif_t=notify_me

 

21 comments

  • Mr. MarGa

    February 27, 2015 at 9:44 am

    RIT – Rangoon Institute of Technology
    YIT – Yangon Institute of Technology
    YTU – Yangon Technological University
    ခုခေါ်တာ YIT ထင်တာပဲ
    (ရေးစရာမရှိလို့ ရှိတာရေးသွားသည် :mrgreenn: )

    • Ma Ma

      February 27, 2015 at 7:58 pm

      ရှိတာရေးသွားလို့ ပွိုင့်တွေ ရသွားပြီ။ 🙂

  • ဦးကြောင်ကြီး

    February 27, 2015 at 10:01 am

    လေရဲမိုးဆီက တောင်းလေ တီမားမားကရဲ.. သူက အင်တာနက်လေဗိုလ်ချုပ်ကြီးတောင် ဖြစ်နေပီပဲဟာစ်။

    • Ma Ma

      February 27, 2015 at 8:03 pm

      ရှဲပါနော် 🙂

  • ခင်ဇော်

    February 27, 2015 at 11:52 am

    ခင်ညာ။
    နောင်တော်ကြီး ကျောင်းဆိုတော့လည်း ပါရပေမပေါ့။

    :k:

    • Ma Ma

      February 27, 2015 at 8:21 pm

      ပါဝင်ပါ။
      ပါဝင်ပါ။
      ကြိုဆိုပါတယ်။
      :kwi:

  • naywoon ni

    February 27, 2015 at 1:19 pm

    ” ​……………. ​ကျောင်​း​တော်​သားများ သိ​စေရန်​ ” ဆိုလို့ ငါ့မမ ဘာ​တွေများ ​ဒေါပွ​နေလဲ လို့ ဝင်​ကြည်​တာ ပီး​တော့ အလှူခံ တာဂိုး ။ ​ခေါင်​းစဉ်​ဂျီး ပြင်​ပါဦးဗျာ ဟိုတချင်​းလိုဖြစ်​​နေဘီ ။ ဘာတဲ့ “​လေသံက တစိမ်​းဆန်​ ​နေဘီ ” ဆိုတာ​လေ ။ ကြုံတုန်​း အလှူခံ ဆိုလို့ ​ပြောရ​ဦးမယ်​ ။ ကျ​နော်​တို့ ဆီက အလှူခံ ​တော်​​တော်​များများရဲ့ ပထမဆုံး အာလုပ်​သံက ” ဗုဒ္ဓ ဘာသာ နွယ်​ဝင်​ သူ​တော်​စင်​အ​ပေါင်​းတို့ ခင်​ဗျား ” ဆိုတာက​နေစတတ်​တယ်​ ။ အဲ့​တော့ ရွှပ်​​နောက်​​နောက်​ ​နေဝန်​းနီ သူငယ်​ချင်​း ကဘာထ​ပြောသလဲ ဆို​တော့ ” အဲ့ အလှူခံ ​သေ​တောင်​ထည်​့ဘူး တဲ့ သူလုပ်​မှ ငါတို့ ဗုဒ္ဓ ဘာသာစစ်​စစ်​ ​တွေ အနွယ်​ဝင်​ မဟုတ်​ဘူးတဲ့ ဗုဒ္ဓ ဘာသာ အနွယ်​ဝင်​ဆိုတာ အ​ကြောင်​းတစ်​ခုခု​ကြောင်​့ ဘာသာကူး​ပြောင်​းလာတဲ့သူ အ​ကြောင်​းတစ်​ခုခုနဲ့ ဗုဒ္ဓ ဘာသာနဲ့ ဆက်​နွယ်​​နေတဲ့ သူကို​ခေါ်တာ သူ့အလှူခံထည်​့လိုက်​ရင်​ ငါတို့ပါ အဆင်​​လျော ကျကုန်​လိမ်​့မယ်​” တဲ့​လေ

    • Ma Ma

      February 27, 2015 at 7:53 pm

      ဒေါသသံစွက်သွားတာကိုးးးးးး
      စကားလုံးမကြွယ်တော့ ခေါင်းစဉ်ကို ပေးချင်သလို ပေးလိုက်တာ။

      ဘာပဲပြောပြောဝင်ကြည့်ပြီးမန့်ပေးလို့ ပိုက်ပိုက်တိုးသွားပြီး
      ကျေးဇူးးးး :p:

    • Ma Ma

      February 28, 2015 at 11:12 am

      ဘရာသာမို်က်ရေ- လင့်ခ်ရှာပြီး ဝိုင်းဝန်းအားဖြည့်တာ ကျေးဇူးတင်ပါတယ်။
      ကျောင်းတော်ကြီးအတွက် အနာဂတ်အင်ဂျင်နီယာများအတွက် နီးစပ်ရာကို ဝိုင်းရှဲပေးအုံးဗျ။

  • kai

    February 28, 2015 at 1:47 am

    ဒီလသတင်းစာထဲ. ဒီသတင်းထည့်မယ်လို့.. မှတ်ထားပါတယ်..။

    ယူအက်စ်-အယ်လ်အေမှာလည်း ဒီနှစ် အောက်တိုဘာမှာ.. re-union ပွဲကို.. လုပ်ရမယ်လို့.. ဆရာတွေမှာသမို့..ညီမ/အမတော်.. ညီ/နောင်တော်တွေလည်းနီးရင်ဖိတ်ပါ့မယ်..။

    • Ma Ma

      February 28, 2015 at 11:17 am

      တစ်ယောက်အားဖြင့် မစွမ်းနိုင်ပေမယ့် စုပေါင်းအားဖြင့် စွမ်းဆောင်နိုင်တာမို့ ကျေးဇူးတင်ပါတယ်သဂျီးရေ။ 🙂

  • မြစပဲရိုး

    February 28, 2015 at 2:43 am

    လိပ်ပြာသာ တောင်ပံ မခတ်လိုက်ရင် သများ လဲ စွယ်တော်ရိပ် က အလံနိုင် (alumni) ပေါ့ကွာ။
    အခုတော့လဲ မုဒိတာ ပွါးရင်း မနာလို ဖြစ်ပါတယ်။ lol:-)))

    • Ma Ma

      February 28, 2015 at 9:06 pm

      လိပ်ပြာတောင်ပံမခတ်ရင် ကျောင်းတူဆင်း အင်ဒုံနီယာညီအမတွေ ဖြစ်ကြရမှာ
      လိပ်ပြာတောင်ပံခတ်လိုက်တော့လည်း တရွာထဲနေ သွေးသောက်ညီအမတွေ ဖြစ်ကြရတာပေ့ါ။ :))

  • Courage

    February 28, 2015 at 6:07 pm

    ကျွန်တော်က နည်းပညာတက္ကသိုလ်(သန်လျင်) ကပါလို့ … … … :hee:

    • Ma Ma

      February 28, 2015 at 9:20 pm

      နည်းပညာတက္ကသိုလ်ဆိုတာ အကျုံးဝင်တယ်။ တူတူပဲပေ့ါ။
      ကိုယ်တိုင်လည်း လှူနိုင်တယ်၊ အလှူလည်း ခံပေးနိုင်တယ်နော်။ :))

  • nature

    March 1, 2015 at 11:31 am

    gmail account အဟတ်ခံလိုက်ရပြီ။ ဘိုလုပ်ရမဲ။ အရင် pw ကို မှားတယ်ပဲပြောနေတယ်။

  • padonmar

    March 1, 2015 at 10:32 pm

    လှူနိုင်ကြပါစေ။
    ကိုနေချား Change password လုပ်လို့မရဘူးလား။

  • မြစပဲရိုး

    March 2, 2015 at 4:36 am

    မမ
    . ကြောင်ကြောင် အခုလေးဘဲ ဝင်သောင်းကျန်းသွားပြီး ဒီ Post ကို မမြင်ချင်ဟန် ဆောင်သွားတယ် တော့။

    ရအောင် ဖမ်းပါ။ lol:-)))

    • Ma Ma

      March 2, 2015 at 9:52 am

      ဒီကြောင် ရွာထဲမှာသာ စွာနေတာ။
      အပြင်မှာတော့ လူကြောက်တယ် မလတ်ရေ။
      ကြောက်လို့သာ ပြန်လာရဲ့သားနဲ့ ဆုပေးပွဲ၊ တွေ့ဆုံပွဲနဲ့ အလှူ ကို မလာရဲတာပေ့ါ။ :kwi:

Leave a Reply