အောင်မြင်စွာနဲ့ဘဝကိုကျော်ဖြတ်

etoneAugust 20, 20101min654

လူတိုင်းသည် ကိုယ့်ဘဝကို
အောင်မြင်ဖို့ကြိုးစားနေကြတယ် ဒါပေမယ့်လူတိုင်းမအောင်မြင်ကြဘူး
ဘာကြောင့်လဲဆိုတော့ ကိုယ့်ဘဝကို ကိုယ်အရင်သိအောင်မလုပ်ကြဘူး၊
ကိုယ့်နဲ့သင့်တော်တဲ့အလုပ်၊ ကိုယ်ရရှိတဲ့ဝင် ငွေကိုလည်း
မချိန်တွယ်မစဉ်းစားတတ်ဘူး။
အောင်မြင်လိုလျင်အချက်(၄)ချက်ကို အရင်ကြည့်ရအောင် —

(၁) စဉ်းစားပါ–
ဘာကိုစဉ်းစားရမှာလဲ ?
အခုငါဘယ်ဘဝရောက်နေတာလဲ ? အခုငါသုံးနေတဲ့ငွေဟာ
ငါ့ဘဝနဲ့ကိုက်ရဲ့လား? ငါ့အလုပ်ဝင်ငွေနဲ့ကိုက်ရဲ့လား?
ငါ့ဘဝနဲ့သင့်တော်ရဲ့လားဆိုတာကိုပေါ့၊
(၂) ကြိုးစားပါ —
ကိုယ်လုပ်နေတဲ့အလုပ်ကို ပျော်သည်ဖြစ်စေ မပျော်သည်ဖြစ်စေ
ကိုယ်လုပ်ရတဲ့အလုပ်ကို ကြိုးကြိုးစားစားလုပ်ရတယ်၊
ကိုယ်တတ်နိုင်သလောက်ပေါ့ ၊ ကိုယ်ကသူများဆီမှာလုပ်ရသည်ဖြစ်စေ
ကိုယ်ပိုင်ဖြစ်စေ
ကြိုးစားဖို့လိုအပ်တယ် အဓိကကတော့ သူများအလုပ်ဆိုရင်ပိုပြီးတော့အရေးကြီးတယ်၊
( ကြိုးစားသူအတွက်အခွင့်ရေးဟာ မလွဲမသွေရောက်လာမဲ့ အရာပါပဲ )
(၃) ယုံကြည်အောင်နေပါ —
ကိုယ်ကအလုပ်သမားဖြစ်ဖြစ် အလုပ်ရှင်ဖြစ်ဖြစ်
ကိုယ့်ရဲ့အကြီးအကဲ ကိုယ့်လက်အောက်ငယ်သားတွေရဲ့ယုံကြည်မှုကို
ရဖို့လိုအပ်တယ် အဓိက၊ကတော့ ကိုယ်စိတ်ကိုကိုယ်က ယုံကြည်နေဖို့လိုအပ်တယ်
အလုပ်ရှင်အများစုဟာ ယုံကြည်မှုတွေနဲ့ပဲတည်ဆောက်တာများတယ် ဒါကြောင့်
ကိုယ်ရဲ့ ဂတိ်ကို မဖျက်ဆီးပါနဲ့ ကိုယ်မပေးနိုင်တဲ့ဂတိကိုလည်း မပေးနဲ့
ပေးပြီးရင်လည်းတည်အောင်လုပ်ဖို့အရေးကြီးတယ် ဒါမှယုံကြည်မှာလေ ၊
ဘယ်နေရာပဲဖြစ်ဖြစ်ပေါ့။ လူဆိုတာ ဂတိတည်ဖို ့အရေးကြီးတယ်.။
(၄) မျက်နှာထားကို ပြင်ပါ –
ကံ ခြင်းတူလျှင် ဉာဏ်ရှိသူက အမြဲအနိုင်ရတယ်၊ ဉာဏ်ခြင်းတူလျှင်
ဝိရိယရှိသူက အမြဲအနိုင်ရတယ်၊ ဝီရိယရှိသူခြင်းတူလျှင် စည်းကမ်းရှိသူက
အမြဲအနိုင်ရတယ်၊ စည်းကမ်းရှိသူဖြင်းတူလျှင် စေတနာရှိသူက

အမြဲအနိုင်ရတယ်၊ စေတနာရှိသူခြင်းတူလျှင် ရိုးသားဖြောင့်မတ်သူက
အမြဲအနိုင်ရတယ်၊ ရိုးသားဖြောင့်မတ်သူခြင်းတူလျှင် အပြောချိုသာသူက

အမြဲအနိုင်ရတယ်၊ အပြောချိုသာဖို့ဆိုရင် မိမိမျက်နှာအများကြီးမူတည်တယ်လေ
ချိုသာတဲ့မျက်နှာနဲ့ပြောဆိုဆက်ဆံရင်(50%)က အလိုလို အောင်မြင်ပြီးသားပါ။

အလုပ်လုပ်နေတဲ့လူဟာ ကျရှုံးသည်ဖြစ်စေ ၊ အောင်မြင်သည်ဖြစ်စေ ၊ ဂုဏ်ယူနေရမယ်
၊ ကျရှုံးမှာကြောက်လို့ အလုပ်ကို မလုပ်တော့ဘူးဆိုရင်
ဘာမှလဲဖြစ်လာမှာမဟုတ်ဘူးလေ ၊ ´´သစ်ပင်မြင့်လေ လေတိုက်ခံရလေ´´ တဲ့

လေဆိုတဲ့လောကဓံကို ကြေက်နေရင် ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ဆိုတာ
ပေါ်လာမှာမဟုတ်တော့ဘူးလေ ၊ လောကဓံကို ခံနိုင်အောင်မွေးမြူရမယ် ၊

ကိုယ်ကျရှုံးခဲ့ရင်တောင် ဘာတွေပဲရှုံးရှုံး အဲဒီအရှုံးထဲက အမြတ်ကို
ရှာဖွေတတ်ရမယ်လေ ၊ ကိုယ်လုပ်လိုက်တဲ့အမှား ကဘာလဲ နောက်တခါ
ဘယ်လိုမမှားအောင်လုပ်ရမလဲဆိုတာကို လေ့လာနေရမယ် ဘာကြောင့်လဲဆိုတော့
အရှုံးဆိုတာ အမြဲမှ မဟုတ်တာ ရှုံးတယ်ဆိုတာ အများအားဖြင့်ငွေကျေးပါပဲ၊
ဒါကြောင့်စိတ်ဓာတ်မကျပါနဲ့ ၊ စိတ်ဓာတ်ကျတယ်ဆိုတာ လူညံ့တွေအလုပ်ပါ ၊

ငွေကြေးရူံးတယ်ဆိုတာ အသေးအမွှားပါပဲ ငွေကြေးဆိုတာပြန်ရှာလို့ရတဲ့အရာပဲလေ ၊ အဓိက

ကတော့စိတ်ဓာတ် မကျဖို့ပဲ စိတ်ဓာတ်ကျရင်တော့ မင်းဘဝဟာ

ရေစုံမြောပြီသာမှတ်တော့ ၊ ဒီဂရီတွေရသည်ဖြစ်စေ မရသည်ဖြစ်စေ အခုလောလောဆယ်

ဘယ်လောက်အောင်မြင်နေသည်ဖြစ်စေ စိတ်ဓာတ်သာကျနေရင် အဲဒီလူရဲ့ဘဝဟာ
လုံးဝဆုံးရှုံးနေပြီလေ ၊ ကိုယ်ကစိတ်ဓာတ်ကျနေရင်
ကိုယ်စိတ်ဓာတ်ကျနေသည့်အတွက် ကိုယ်မှာစိတ်ချမ်းသာမှုဆိုတာ ဘယ်တော့မှ
မဖြစ်နိုင်တော့ဘူး ၊ ငွေကြေးအောင်မြင်ဖို့ဆိုရင် ကိုယ့်စိတ်ကိုယုံ
ကြည်နေဖို့လည်းအရေးကြီးတယ်လေ။

လူ့ဘဝဆိုတာ
(၁) စိတ်ချမ်းသာဖို့
(၂) စိတ်ချမ်းသာဖို့
(၁) စိတ်ချမ်းသာဖို့
ကိုယ်စိတ်ချမ်းသာနေရင် ကိုယ်လုပ်တဲ့အလုပ်ကလဲ
အဆင်ပြေနေမှာပဲလေ အဆင်ပြေမှလဲ စိတ်ကချမ်းသာမှာမဟုတ်လား ?
ဘဝဆိုတာက တစ်ခါတလေ အရမ်းကိုပျင်းစရာကောင်းတယ်
ကိုယ်ဖြစ်ချင်တာတွေမဖြစ် လုပ်ချင်တာတွေမလုပ်ရနဲ့ပေါ့
ဒါပေမဲ့လူရယ်လို့ဖြစ်လာရင် တာဝန်ဆိုတာလဲရှိစမြဲ မဟုတ်လား ?
ကိုယ်ပျော်သည်ဖြစ်စေ မပျော်သည်ဖြစ်စေ ကိုယ်လုပ်နေတဲ့အလုပ်ကိုတော့
အောင်မြင်အောင်လုပ်ရမှာဟာ လူ့ဘဝရဲ့တာဝန်ပါပဲ ၊
ဒါကြောင့်ကိုယ်လုပ်ချင်တာမလုပ်ရရင်
လုပ်ရတဲ့အလုပ်ကိုအကောင်းဆုံးဖြစ်အောင်ကြိုးစားရမယ်လေ

အဲဒါဟာလူ့အရည်အချင်းပဲပေါ့ ၊ အရေအတွက်တွေဘယ်လောက်များ များ

အရည်ချင်းမရှိ်လျှင် အဲဒီလူရဲ့ဘဝဟာ အောင်မြင်ဖု်ိ့မလွယ်ပ ါဘူး ၊
နောက်ပြီးစိတ်ဓာတ်ကိုလဲ မာကြောအောင်လေ့ကျင့်ကြရမယ် ၊ ဥပမာပြောရရင်
သူ့အလိုလိုရှိနေတဲ့ (အပေါက်မရှိတဲ့) သစ်သားတစ်ခုဟာ သူထက်မာကြောတဲ့သံ
နဲ့တွေ့လျှင် နေရာဖယ်ပေးကြရတယ် အဲဒါဟာဘာကိုပြသလဲဆိုရင်

မာကြောတဲ့အရာနဲ့တွေ့ရင်ပျော့

ပြောင်းတဲ့အရာတွေဟာ အလိုလိုနောက်ဆုပ်ပြီးသားဖြစ်သွားကြတယ်မဟုတ်လား?
ဒါဟာလောက နိယာမပဲလေ ၊ နောက်ပြီးဘယ်လိုလူမျိုးဟာ ကိုယ်အပေါ်ကောင်းတယ်

အထောက်အပံ့ရတယ်ဆိုတာကိုလည်း ဝေဖန်ပိုင်းခြားတတ်ရမယ် တစ်ခါတစ်လေ

ကိုယ်ရဲ့အကြီးကျယ်ဆုံးရန်သူဟာ ကိုယ်နဲ့အနီးဆုံးလူဖြစ်နေတတ်တယ်။
ကိုယ်နဲ့အနီးဆုံးလူကြောင့်ကိုယ်ဘဝတိုးတတ်နိုင်သလို ကိုယ်ဘဝကို

တစ်စစီချိုးဖျက်မဲ့သူလည်းဖြစ်နိုင်တယ်လေ၊

မြန်မာစကားပုံကတော့ “ကျွန်ယုံတော့ တစ်ဖက်ကန်း သားသမီးယုံတော့
စုံလုံးကန်း´´ အဲဒါကိုယ်ပတ်ဝန်းကျင် ကိုယ်အနှီင်္းအနားမှာ ရှိတဲ့သူကပဲ

ကိုယ်ဘဝကို ဖျက်ဆီးနိုင်တယ်ဆိုတာပဲ ဒါကြောင့်ကိုယ့် ကိုယ်ကိုပဲ

ယုံကြည်ဖို့လိုတယ် တစ်ခါတစ်လေ
အကောင်းဆုံးသူငယ်ချင်းတွေကြောင့်ကိုယ့်ဘဝပြောင်းလဲတတ်ပါတယ် ဒါပေမယ်အဲဒါဟာ
အထောက်ပံ့မျှသာပါပဲ

အဓိကကတော့ ကိုယ်ဟာကိုကြိုးစားရမှာပဲလေ သူငယ်ချင်းဆိုတာ
အကောင်းအဆိုးကိုပဲ မျှဝေခံစားပေးလို့ရတယ် အဓိကကတော့
ကိုယ်သာကိုပဲမဟုတ်လား? ကိုယ်အောင်မြင်ရင် ကိုယ်ကအဓိကပဲခံစားရတာ

ကျန်တဲ့မိဘသူငယ်ချင်းဆိုတာ အဖျားလောက်ပါပဲ — ငါဝမ်းနည်းပါတယ်“
ဆိုတာလောက်ပဲပြောကြမှာလေ ၊

တကယ်တော့ ကိုယ်ဟာကိုပဲခံစားရမှာပဲလေ မဟုတ်လား?

နောက်ထက် ကိုယ့်ဘဝကို အကြီးကျယ်ဆုံးသောအမှားကတော့ အချစ်နောက်ကို
လိုက်ချင်းပဲ ၊ ချစ်တယ်ကြိုက်တယ်ဆိုတာ ကောင်းတဲ့အရာတစ်ခုဖြစ်ပေမယ့်
တစ်ခါတစ်ရံမှာ အဲဒီင်္အချစ်ကြောင့်ပဲ ဘဝပျက်ရတဲ့မိန်းကလေးတွေအများကြီးပဲ ၊
အဓီကကတော့ ကိုယ်ကမိန်းကလေးဖြစ်နေလို့ပဲလေ၊
ယောက်ကျားတွေဆိုတာ(ငါအပါအဝင်ပေါ့) အခွင့်ယူချင်တတ်ကျတယ်၊ ဒါကလဲ
ကိုယ်ဘက်ကပြုမူဆက်ဆံတဲ့အပေါ်မှာလဲအများကြီးမူတည်တယ်လေ၊

နောက်တစ်ခုက မိန်းကလေးအများစုဟာ အလှအပကြိုက်ကြတယ် ဒါက သဘာဝပဲလေ
ဒါပေမယ့် သဘာဝထက်လွန်ကဲရင်တော့ ဒုက္ခရောက်တတ်တယ် ကိုယ့်မှာရှိနေတာနဲပဲ
လှပအောင်ဝတ် လှအောင်နေလို့ရတာပဲ၊ အဲဒီလိုနေနိုင်အောင်လဲကြိုးစားရမယ်၊
ကိုယ်မှာရှိတဲ့ပိုက်ဆံထက် ပိုပြီးတော့လိုချင်ရင်တော့
ဒုက္ခရောက်ဖို့လမ်းကို ရှာသလိုဖြစ်နေတော့မယ်၊

နောက်ဆုံးအောင်မြင်ဖို့လုပ်မယ်ဆိုရင်တော့ ကိုယ်ရတဲ့ဝင်ငွေ
ကိုယ့်မှာရှိတဲ့ဝင်ငွေ (ဝင်ငွေ/ရငွေကို) ဘယ်လိုအသုံးချမလဲ
ဘယ်နေရာမှာဘယ်လိုသုံးရမလဲဆိုတာ စဉ်းစားဖို့လိုအပ်တယ် လိုအပ်တာကိုလည်း

ဝယ်ဖို့လိုအပ်သလို မဝယ်သင့်ရှောင်ကြဉ်သင့်တဲ့အရာတွေကိုလည်း

ရှောင်ကြဉ်ရမယ်လေ ၊ အဓိကကတော့ အသုံးနဲ့အဖြုန်းကို သေသေချာချာ
နားလည်ဖို့စဉ်းစားဖို့လိုအပ်တယ်

နောက်တစ်ခုက ကျမ္မာရေးကိုလည်း ဂရုစိုက်ဖို့လိုအပ်တယ်
ကိုယ်လိုအပ်တာတွေရဖို့ အောင်မြင်ဖို့ဆိုရင်လဲ ကျမ္မာရေးကို
လိုက်စားဖို့လိုအပ်တယ် အဓိကကတော့ပုံမှန်အိပ် ပုံမှန်စားပေါ့
ကိုယ်ကအမြဲတမ်းထိုင်ပြီးအလုပ်လုပ်ရတဲ့သူဆိုရင်နံနက်ဖြစ်စေ ညနေဖြစ်စေ
လမ်းလျှောက်ဖို့လိုအပ်တယ်

ကိုရီးယားစကားပုံလိုပြောရရင်တော့ “ ကိုယ်ကျရှုံးလဲကျခဲ့ရင်
အဲင်္ဒီလဲကျတဲ့နေရာကပဲ ကိုယ့်ဟာကို ထနိုင်အောင်ကြိုးစားရမယ်´´ နောက်ပြီး
ကိုယ်ကျရှုံးခဲ့တာတွေကို မေ့ဖျောက်ပြီး ဘဝသစ်ကို
ထူထောင်အောင်ကြိုးစားရမယ်လေ၊

လူရယ်လို့ဖြစ်လာရင် အတိတ်ဆိုတာရှိစမြဲပဲလေ
ဒါပေမယ့်ကိုယ့်ဝဘတိုးတတ်ချင်ရင်တော့

အဲဒီမကောင်းခဲ့တဲ့အတိတ်တွေအားလုံးကို မေ့ဖျောက်ပြီး အခုလက်ရှိဘဝကို
သေသေချာချာကြိုးစားပြီးဘဝကိုတည်ဆောက်ကြပါ…………

အောင်မြင်စွာနဲ့ဘဝကိုကျော်ဖြတ်နိုင်ကြပါစေ.

4 comments

  • kopauk mandalay

    August 20, 2010 at 12:05 pm

    တွေးတော့လဲတွေးနေကြတာဘဲ
    လုပ်တော့လဲလုပ်နေကြတာဘဲ
    လွဲတော့လဲ လွဲနေကြတာဘဲ
    လိုတာကို ရတာလဲရှိ မရတာလဲရှိ
    မလိုချင်တာလဲရလို့ရပေါ့။

    ပြောတော့လဲ ပြောနေကြတာဘဲ
    ကြားတော့လဲကြားနေကြတာဘဲ
    သိတော့လဲ သိနေသလိုဘဲ
    လွဲတော့လဲ လွဲနေကြတာဘဲ
    သိသလို လုပ်တာလဲရှိ
    သိရက်နဲ့မလုပ်တာလဲရှိ
    မသိဘဲလုပ်ရတာလဲရှိ။
    အဲဒါတွေဘာကြောင့်လဲလိုစဉ်းစားမိရင်
    နောက်ဆုးံရောက်သွားတဲ့အဖြေကတော့ အတိတ်ဘဝက ကံတရားမှာချည်းသွားအဆုံးသတ်နေတယ်ဆိုတော့အခက်သားလားဗျာ၊

  • မန်း ရိပ်

    August 20, 2010 at 12:58 pm

    လူငယ်တွေ အတွက် တန်ဖိုးရှိတဲ့စာလေးပါ။
    ဒါမျိုးစာ များများရေးသင့်တယ်။

  • လင်းငယ်

    August 28, 2010 at 3:03 pm

    ယနေ့ ခတ်တွင် လူငယ်တွေ တိုးတက်စေဖို့ စာတွေ အများကြီူး လိုအပ်နေပါပြီ။ အလုပ်မဟုတ်တာတွေနဲ့ အချိန်ကုန်နေမယ် အစား တစ်ခုခုနဲ့ အချိန်တွေ ဖြတ်သန်းနေတာက တန်းဖိုးရှိပါလိမ့်မယ်။

  • Gong Zhu

    September 17, 2010 at 10:15 am

    (၄) မျက်နှာထားကို ပြင်ပါ –
    ချုိုသာတဲ့မျက်နှာနဲ့ပြောဆိုဆက်ဆံရင်(50%)က အလိုလို အောင်မြင်ပြီးသားပါ။
    အဲ့ဒါ Gong Zhu ကိုများ စောင်းပြောနေတာလားလို့ . . .

Leave a Reply