ငါးဆယ်ကျော်အချစ် ဗျူဟာ ၁

တောင်ပေါ်သားFebruary 27, 20151min35535

ကဲ   အဲဒီ မှန်းရခက်လှတဲ့ အချစ်ဆိုတာအတွက်

ဟောဒီရင်ဘတ်ကြီးနဲ့ ရင်းပြီး ကြေငြာလိုက်တဲ့အချိန်မှာ

မြှောက်ပင့် အဲ အဲ ဟုတ်ပါဘူး အားပေးမှုများစွာ ရခဲ့လို့

ကျုပ်ရဲ့   အချစ်ရှာပုံတော်တိုက်ပွဲ ဆင်နွဲတော့မယ်လို့

နှလုံးသားလွှတ်တော်က ကန့်ကွက် နဲ့ ကြားနေမဲ မရှိပဲ တခဲနက်ထောက်ခံအတည်ပြုလိုက်ပါပြီ ၊

ဒီတော့ကာ ဘယ်လိုဗျူဟာ သုံးရမယ်ဆိုတာ အရေးပါခဲ့ပြီပေါ့ ၊

၁ ၊ ပစ်မှတ်က ဘယ်လိုလူမျိုးကို ထားမလဲ ?

ကျုုပ်က အသက် ၅ဝ ၊ စပွန်ဆာပေးဖို့ နေနေသာသာ လမကုန်ခင် ဘိုင်ပြတ်တဲ့ကောင် ၊

ရုပ်ကလည်း ပြေတီဦးတို့ နေတိုးတို့နဲ့ တစ်ခြားစီ

မွှေးကြိုင်နေတဲ့ စမတ်ကျကျ ပုံလည်းမဟုတ် ၊ ရိုးလ်အွန်လေးတောင် ကျုပ်သားဟာ ခိုးသုံးနေရတာ ၊  🙂

ရွှေငါးတို့ မာစီဒီးတို့ ဘီအမ်ဒဗလျူတို့ အသာထား တက်စီတောင် နပ်မမှန် ၁၀ဝတန် ဘတ်စ်ကားနဲ့ နှစ်ပါးသွားရသူ

ဘဝကို လှည့်ကြည့်လိုက်တော့ အနောက်မှာ ကလေး ၃ကောင်    အင်းးးး  အတော်အားတက်စရာ စီဗွီဖောင် ပါလားကွယ်ရို့  ၊

ဘာ ဖြစ်ဖြစ်လေ ဟို သဂျီးက အစ ခိုင်ဇာ နဲ့ သဂျား ကချင်နုထွား နဲ့ ကောင်းကင်ပြာ ၊

ဟောင်ကောင်ကျွန်းသား နဲ့ အဘနီ  စီစီရီရီ အားပေးမှုကို တွန်းအားလိုသုံး ရုန်းရပေဦးမပေါ့ ၊

ကိုယ့်စီဗွီဖောင်အနေအထားအရ ဝတ်မှုန်ရွှေရည်လိုဟာမျိုး ပစ်မှတ်ထားလို့ မဖြစ် ၊

ဟိုက ကိုယ့်ကို အိပ်မက်ထဲတောင် အပါခံမှာ မဟုတ် ၊

ဒီတော့ကာ ရူပါက သိပ်လှသူ မဟုတ်လည်း အိုကေပါ  ၊

အရိုးခံမျက်နှာလေးနဲ့  နည်းနည်းကြည့်ပျော်ရူပျော်ဆို တော်ရောပေါ့နော့ ၊ ရုပ်ရှင်ရိုက်မှာမှ မဟုတ်တာ ၊

အသက်က ၂ဝ လောက်ဆို ကိုယ့်ကို အဘ ခေါ်နေဦးမယ် ၊ ဖြစ်သေးပါဘူး ၊  🙂

အင်းးးး  ၂၅  . . .   ၂၅ ဆို နည်းနည်းငယ်ဦးမလား မသိ ၊

အို  ကြာတယ်ကွာ  ၂၅ နဲ့ ၃၅ ကြား   ဟဲ ဟဲ  အဲ့လောက်ဆို မဆိုးလောက်ပါဘူးလေ ၊

၄ဝ နားဆိုရင်တော့ နိူးနော် ၊  သံရည်ကျိုစက်ပို့ရခါနီးနေပြီ ၊ 🙂

အဲဒီ ၂၅ – ၃၅ အရွယ်ဆိုတော့ သူတို့မှာလည်း အချိန်သိပ်မရှိတော့ဘူး ၊

ဈေးကွဲစအချိန်ဆိုတော့ တော်ရုံအမြတ်နဲ့ ထုတ်ရောင်းရတော့မှာလေ ၊

ခန္ဓာအချိုးအစားက ၃၃ – ၂၂ – ၃၆ မဖြစ်လည်း ရပါတယ်ကွယ် ၊ မယ်ရွေးမှာမှ မဟုတ်တာပဲလေ နော့ ပိတ်သတ်ကြီးရေ ၊

ကျုပ်က ပေါင် ၁၁ဝ ဆိုတော့ သူ့ဘက်က ဟဲဗီးကြီး ဖြစ်လို့မဖြစ် ၊ ငါးရံ့ လို ခပ်သွယ်သွယ်ဆို တော်ပြီ ၊

အဲ   ဆံပင်   ဆံပင်   ဆေးဆိုးနီကျင့်ကျင့်တွေ ကျုပ် ကြည့်မရ ၊ ဆံပင်အနက် ကျောလယ်လောက် ပုံဆို သားသားအကြိုက် မွန်းလိုက် ၊

အင်းးး  အလုပ်  အလုပ်ကတော့ ရှိနေမှ ကောင်းမယ်ထင်တယ် ၊

ကျုပ် တစ်လစာတည်းနဲ့ ဆိုရင်တော့ ဟိုဝန်ဂျီးပြောသလို တစ်နပ်လျှော့စားနေရလိမ့်မယ် ၊

အဲ  ကျုပ်ထက် လစာများလို့လည်း မဖြစ်ဘူးဗျ ၊ ဒင်းတို့က လစာများးလာရင် ဟိုအရင်ကောင်မလို ခြေရာချင်း တိုင်းလာဦးမယ် ၊

လစာအတော်အသင့်ရှိသူ ၊ ဟုတ်ပြီ  ဒါပေမယ့် သူ ရသမျှ ဝမ်းဆက်ဝယ် ဟိုဝယ် ဒီဝယ် သိပ်လုပ်တတ်သူ မဖြစ်ဖို့လည်း လိုသဗျ ၊

သိပ်အလှပြင်တာမျိုးလည်း ကျုပ်က မကြိုက် ၊

အဝတ်အစားသက်သာအောင် ယူနီဖေါင်းဝတ်ရသူမျိုးဆို ပိုုဟန်ကျမယ် ၊

တစ်ပါတ်ကို ၆ ရက်က ယူနီဖေါင်းနဲ့ဆိုတော့ အဝတ်အစား သက်သာသပေါ့ ၊

ရုံး ကင်န်တင်းမှာ ထမင်းစားသူ မဟုတ်ရ ၊ ထမင်းချိုင့်ပါသူ ဖြစ်ရမည် ၊ ပိုက်ပိုက် ကုန်သလေ ၊

အို  သူမချက်တတ်  ကျုပ် ချက်မပေါ့ ၊

အဲ့နောက်  အသံ  အသံ  တစ်ချို့က လှပါရက်နဲ့ အသံဩဩကြီးတွေ ၊

ဟို အက်ဖ်အမ်ရေဒီယိုက မဒီလေးတွေအသံဆို နားထောင်ရင်းနဲ့ကို ရင်ထဲကျလိ ကျလိ   ဟီး ဟီး

ဒီလောက်ဆို စုံလောက်ပြီထင်တာပဲဗျ ၊

ကဲ ပိတ်သတ်ကြီးရေ  ဒီဗျူဟာ ပိတ်သတ်ကြီး ဒီကနေ့ သဘောတူနိူင်တယ်ဆိုရင် မနက်ဖြန် ထိုးစစ် စမယ်ဗျာ ၊

1

35 comments

  • ခင်ဇော်

    February 27, 2015 at 4:11 pm

    သဘူတောပါတယ်။
    နက်ဖြန်ခါပဲ စ လိုက်ပါ။

    :k:

  • Wow

    February 27, 2015 at 4:18 pm

    လုပ်ပလိုက်စမ်းဘာာာာာ သန်းခေါင်ထက် ညမနက်ပါဝူး :mrgreen:

    • တောင်ပေါ်သား

      February 27, 2015 at 4:23 pm

      အထက်ပါ အပျိုဟိုင်းကြီးများ ထောက်ခံမှုဖြင့် လက်နက်များ စတင်ပြင်ဆင်နေပြီဖြစ်ကြောင်း

      🙂

      • Wow

        February 27, 2015 at 4:33 pm

        ဟယ်… ပျော်ထှာ.. နာတို့ဂို အပျိုဟိုင်းစာရင်းသွင်းထားဘီဆိုတော့ ရမ်းပစ်ကျိရှောင် စာရင်းဂ လွတ်ပီ… ဟေးးးးးးး :mrgreen:

        • တောင်ပေါ်သား

          February 27, 2015 at 4:35 pm

          ပဒေသာဗုံး ဆိုရင်တော့လွတ်လောက်ဘူးနော 🙂

        • ခင်ဇော်

          February 27, 2015 at 4:36 pm

          နာ တို့ က ရမ်းပစ် လို့ ရဘီ။
          ဝေးဟေးဟေးးးးးး

          :mrgreen:

        • Wow

          February 27, 2015 at 4:39 pm

          စိုင်းစိုင်း၊ ကျော်ကျော်ပိုင်မှုးလေးတို့ဂို ပစ်မြီ :mrgreen:

  • အလင်းဆက်

    February 27, 2015 at 4:42 pm

    FM ရေဒီယိုက ကောင်မလေးတွေအသံတော့ ကျလိကျလိ ရင်ထဲ မဖြစ်ဖူးလိုက်ဘူး..
    ကျနော့်ကို ရင်ထဲ ကျလိကျလိဖြစ်သွားစေတာက..မန်း FM ရေဒီယိုကနေ ထက်ထက်မိုးဦးကို အင်တာဗျူ းတဲ့ အသံလေး နားထောက်ခဲ့ရတုန်းက … ကျလိကျလိ ဖြစ်မိတာဗျ..
    အဲ့တုန်းက ထက်ထက်က အခုမော်ဒယ်ကောင်လေးနဲ့ ရကာစ…
    သူ ့စကားသံလေးကြားပြီး..နှမြောလိုက်တာမှဗျာ…

    အခုတော့လည်း..ဖွေးဖွေးမှ ဖွေးဖွေး..
    .ဖွေးဖွေးကိုမှ မရလို့ကတော့ ကိုယ့်ကိုယ်ကို ဒဏခတ်တဲ့အနေနဲ့ ဒေါ်ဖွားမေကြီးနဲ့ကို ယူပစ်မှာ
    အဲ့လောက် ဖွေးဖွေးကို အသည်းအသန်ဖြစ်နေတာ.. ။

    ———-

    အိုးမြူးရေ…
    လုပ်သာလုပ်…
    အချစ်ဆိုတာ..သံလိုက်လိုပဲတဲ့…
    သန်တုန်းမှာ လိုက်ရတာကိုး..ဗျ…

    ဆိုတော့… ငါးဆယ်ကျော်ဆိုတာလည်း..သံလိုက် အနေအထားမှာ ရှိသေးတယ်
    ချ ချ…
    .ဖွေးဖွေးနဲ့က လွဲရင်… တခြား ဘယ်သူနဲ့ ဖြစ်ဖြစ် သဘောတူတယ်..
    ကူနိုင်တာဆို ကူမယ်..

    :k:

    • တောင်ပေါ်သား

      February 27, 2015 at 4:53 pm

      နိဖွေးဖွေးလို သွေးမရှိသလို အသားကြီး ကြိုက်ပါဘူး 🙂

  • Mr. MarGa

    February 27, 2015 at 4:47 pm

    စံနှုန်းတွေ ပေတံတွေ များနေတယ်
    နည်းနည်းလျှော့ဦးဗျ
    ရွေးစရာ range ခပ်ကျယ်ကျယ်လေးထားမှပေါ့
    :a:

    • တောင်ပေါ်သား

      February 27, 2015 at 4:51 pm

      ဂလိုလား

      အေးပါသဂျားရယ်

      အကြံပေးလကွယ် 🙂

      • Mr. MarGa

        February 27, 2015 at 4:53 pm

        ဟိုက်ရှ်
        ဒါ အကြံပေးတာပဲလေ
        :a:

    • ခင်ဇော်

      February 27, 2015 at 4:55 pm

      အို
      ဥရှစ် တတင်းး နှမ်းးတတင်းးခေတ်ကြီးးမှာ
      ကိုယ်က ယောက်ကျားးလေးးး
      ဒီလောက် စံမြင့်မှ တော်ကာကျမယ်
      လျော့နဲ့ ဥမျိုးးး
      ခု မိန်းးးခေးးးတေက လွယ်ဘူးးးရယ်
      :kwi:

      • တောင်ပေါ်သား

        February 27, 2015 at 5:02 pm

        ဟောဒီ ဦး နဲ့တွေ့ရင် လွယ်စေရမပေါ့ကွယ် ဟဲ ဟဲ 🙂

  • ခင်ခ

    February 27, 2015 at 5:14 pm

    ဖြစ်မှ ဖြစ်ရလေ ကိုယ့်ဆြာရယ် ခုမှ ပစ်ဖို့ကြံတုန်းလား…… ဘယ်နဲ့ ……. ကျုပ်က ပစ်လို့တောင် အားရနေပြီမှတ်တာ……… ကင်ပုန်းဝပ်တာ အဲလောက်တောင်ကြာရလားဗျ။

    • တောင်ပေါ်သား

      February 28, 2015 at 9:06 am

      ကိုခ ရေ

      ပစ်မှတ်ကို ရှာနေတုန်းဗျ ဟီး ဟီး

  • Kaung Kin Pyar

    February 27, 2015 at 5:18 pm

    မလေးးးးးးးးး မျှော်စင်ထိပ်လောက်တင်မှ ကြွက်တွင်း အဖီလောက် ကျတာ…။ ဝတ်မှုန်ရွေရည်လောက် မမှန်းရင်တောင် သင်ဇာဝင့်ကျော်လောက်တော့ မှန်း…..(ကြူကြူသင်းလောက် ရလိမ့်မယ်….) (နောက်တာ…နောက်တာ…)။
    ခုအနေအထားအရ..မှန်းကျိရရင်….MICT ထဲ Turnover Rate တွေ သိပ်များလာမယ်ဆိုရင်တော့ တရားခံ အူးမျိုးပဲ….
    :mrgreen:

    • တောင်ပေါ်သား

      February 28, 2015 at 9:11 am

      ကောင်းကင်ပြာရယ်

      ကြူကြူသင်းက ပွင့်နီးနီး ရှိတယ်ဟ ၊

      အနည်းဆုံး ပေါင် ၁၅ဝ ပဲ ၊ နာ့ကို တေဇေညွှန်းရော့လေသလားကွယ် ၊

      အဲ MICT ထဲက ကင်န်တင်းမှာ မှန်ပြောင်းတစ်လက်နဲ့ ထောက်လှမ်းရေးတစ်ယောက် စတည်းချနေသတဲ့ ၊

      🙂

  • naywoon ni

    February 27, 2015 at 6:51 pm

    ဟင်​းးး လူဂျီးဂ ​ဒေါ့ လုတ်​ခြလိုက်​ပျံဘီ ။ ဒီမှာဗျ အချစ်​ဆိုတာ ဖန်​တီးယူလို့လဲ ရဒါ မဟွတ်​ဘူး ။ လိုက်​ရှာ​နေလို့လဲ ​တွေ့ချင်​မှ ​တွေ့တာ ။ ​ကြောင်​းတုံးက ရူပ​ဗေဒမှာ စွမ်​းအင်​ရဲ့ ဒ်​ဖ​နေးရှင်​းလိုပဲ ။ စွမ်​းအင်​ဆိုတာ အသစ်​ပြုချင်​တိုင်​းလည်​းပျုလုတ်​ယူ၍မရ ဖြက်​ဆီးပစ်​၍လဲ မရစ​ဂေါင်​း ​သောအရာ ဆိုလား ။ အချစ်​ဆိုတာလည်​း သွားရင်​းလာရင်​း ​တွေ့လာတာ​လေး ဂ ို မလွတ်​တန်​း ဖမ်​းထားရတာမျိုး ။ အဲ့​ဒေါ့ ခင်​ညားလုတ်​ရမှာဂ ​တွေ့လာတာ ဆွဲဖမ်​းထားနိုင်​ဖို့ လက်​ထဲ ဘာမှ ကိုင်​မထားမိဖို့ပဲ ။ ​ရောက်​​လေရာ မျက်​စိဖွင်​့နားစွင်​့ ​ကောင်​မ​လေး​တွေ ဆိုရင်​ ကူညီဖို့အသင်​့ ဖြစ်​နီပါ​စေ ။ ညက်​ဏှာ ဂျီးဂ လဲ သိပ်​တင်​းမထားနဲ့ ။ ညက်​ဏှာရူး ပုံလည်​းမ​ပေါက်​​စေနဲ့ သက်​​တောင်​့ သက်​သာ အ​နေအထားမျိုး ​နေ ။ ညက်​ဏှာ​ခြေ​ဒွေ ​ပေါင်​ဓာ ​ဒွေလည်​း သိပ်​မသုံးနဲ့ ဗျ ။ တစ်​ချ်​ို့ ​ကောင်​မ​လေး​တွေက မကြိုက်​တတ်​ဖူး ။ အဲ့ ဒါဆို တစ်​ပတ်​ ဆယ်​ရက်​အတွင်​း သိသာလာလိမ်​့မယ်​ ။ ( ခပ်​တီတီ အချွန်​နဲ့ မ လိုက်​ဘီ ) 🙂

    • တောင်ပေါ်သား

      February 28, 2015 at 9:13 am

      အဘနီရဲ့ လမ်းညွှန်ချက်တွေကို မှတ်သား လိုက်နာပါမယ်ခီည ၊

  • sorrow

    February 27, 2015 at 9:30 pm

    ..အစ်ကို..ပထမမှာတင်အမှတ်လျော့နေပြီ… …ပွင့်လင်းတာနေရာတကာမကောင်းဘူးရယ်…အိမ်ထောင်ပျက်..ကလေးသုံးယောက်.အရက်သောက်တတ်တယ်…လစာနည်းတယ်ဆိုတာက ဖော့ရေးရမယ့်ကိစ္စဗျ… ဆိုပါစို့ ..အချစ်ရေးကံမကောင်းခဲ့သူပါ ခေးရယ်.. အဲ့လောက်လေးနဲ့စဗျ…
    .. ပြီးတော့ အသက်ကလွဲပြီး ကျန်တာက မစဉ်းစားနဲ့ဗျ..နားလည်မှုဆိုတာလုပ်ယူရတယ်ခင်ဗျ…
    ..ဆိုကြပါစို့ဗျာ..ပရောဂျက်တခုလိုက်ပါပြီတဲ့ ..ကိုယ့်အားနည်းချက်ကို နောက်ဆုံးအချိန်မှ တဖက်လူသိတာအကောင်းဆုံးပဲဗျ…
    အိုးချင်းထား အိုးချင်းထိတယ်မလားဗျ… အနေနီးတဲ့လူတွေကို ပစ်မှတ်ထားဗျ… စိတ်ထားကောင်းတာ သိသွားအောင်လုပ်…အစ်ကို ..မြန်မြန်လှုပ်ရှားတော့…အတည်ရေးတဲ့ပို့စ်လို့ သတ်မှတ်ပြီး အတည်မန့်တီ… ပုံ ..ကချင်နုထွားကြီး..

    • တောင်ပေါ်သား

      February 28, 2015 at 9:18 am

      အေးပါ နုထွားကြီးရာ

      အကြံပေးတာ ကျေးဇူး ၊

      အင်းးး လောလောဆယ် အနေနီးတာ

      အဆက်အဆံများရတာဆိုလို့ ငါ့အော်ပရေတာတပည့်မလေးရယ်

      ညနေ ညနေ ဟိုက်ကလပ်စ် ဝင်ဝင်ဝယ်တဲ့ဆိုင်က ထားဝယ်သူလေးရယ်ပဲ ရှိသကွ ၊ 🙂

      • sorrow

        February 28, 2015 at 9:58 am

        တပည့်ကိုဆွဲစိဗျာ… အဲ့ဆို…

        • တောင်ပေါ်သား

          February 28, 2015 at 10:26 am

          ဟေ တပည့်ကိုလား ၊

          နေ့စဉ်အမျှ တွေ့ရမျက်နှာ
          အေးချမ်းပါသမို့ ချစ်ဖို့ရယ်လို့
          စိတ်ကကူးလည်း မထူးရဲပါ
          တပည့်သာမို့ ဆရာလိုပဲ ချစ်ပါရစေ ၊

  • မွသဲ ( 17082011 )

    February 27, 2015 at 9:47 pm

    Carry on bro. Good တယ်ထင် do သာ do. အားပေးလျက်

  • မြစပဲရိုး

    February 28, 2015 at 3:26 am

    အလိုလေး – တရာ မရ သေးပါလားကွယ်။
    နောက်တာပါ ကိုမျိုး ရာ။
    “Young at Heart တဲ့။
    အစဉ် နုပျိုနေသော နှလုံးသား ကို ထို ဇရာ သည် လွှမ်းမိုး နိုင်စွမ်းမရှိ။

    ကြည့်ရတာ တော့လေ။
    အဖြေရှိနေတာ ကို နောက်ပြန် ပုံသေနည်းချ ပြ နေတာ ထင်တာဘဲ။
    တွေ့နေပြီးသားလား ကိုမျိုးရဲ့။
    သမီး တွေ နဲ့ ရွယ်တူ တော့ လုပ်နဲ့ ဗျာ။။

    မှန်းသာမှန်းရ။
    လွဲဦးမယ်ထင်ရဲ့။
    lol:-))

    • တောင်ပေါ်သား

      February 28, 2015 at 9:22 am

      ( “Young at Heart တဲ့။
      အစဉ် နုပျိုနေသော နှလုံးသား ကို ထို ဇရာ သည် လွှမ်းမိုး နိုင်စွမ်းမရှိ။ )

      အမယ်လေး အရီးရေ အဲ့စာသားလေး မိုက်သဗျနော့ ၊

      သာမီးတွေနဲ့ အရွယ်မတူနိူင်ပါဘူး ၊ ပစ်မှတ်က ၂၅ – ၃၅ ကြားပါဆို ၊ ဟဲ ဟဲ 🙂

    • sorrow

      February 28, 2015 at 10:00 am

      အန်တီလေး..မြှောက်ပြီးမှ ရိုက်ချတယ်လား .. ဘာမှန်းသာမှန်းရ လွဲအုံးမယ်ထင်တယ်လဲ …သွသူ ရင်ခုန်သံထပ်တူညီဘက်လေးလိုချင်ရှာတာကို ….အချွန်နဲ့မမယ်မရှိဘူး… ဘယ့်နှယ့်တော် …

      • တောင်ပေါ်သား

        February 28, 2015 at 10:30 am

        အေးလကွာ
        မှန်းသာမှန်းရ လွဲဦးမယ်ထင်တယ် တဲ့
        ဥုံဖွ အဲဒီစကားကြီး လွဲဗျဇီ 🙂

  • Kaung Kin Pyar

    February 28, 2015 at 10:45 am

    အူးမျိုးရာ…သက်ငယ်စကား သက်ကြီးကြား တဲ့…။ ရွာထဲမယ် ဒီလောက်လူငယ်တွေ ပေါလှတာ… ။ ဘယ်သူ့ဆီက နည်းယူယူ ရနေတာကို….။ နည်းနည်းလေးတောင်….အားမလျှော့နဲ့….။ အဆင်ပြေကို ပြေသွားမှာ…
    (နည်းယူရင် ကောင်းကင်ပြာဆီကတော့ မရနိုင်ပါ….။ ယခုလက်ရှိ အောင်မြင်ကျော်ကြားလူကြိုက်များနေသူများထံမှသာ နည်းယူပါလို့…..)
    :k:

    • တောင်ပေါ်သား

      February 28, 2015 at 11:11 am

      ဟို ခြင်ကျားပူ မမက ဗျူဟာတွေ ပေးမယ်ပြောတာပဲဟ 🙂

  • ဦးကြောင်ကြီး

    March 2, 2015 at 2:31 am

    ငါးဆယ်ကျော် အခြစ်ဗျူ ဟာ ခင်းလျင်တော့ .. ဆေးလေးဘာလေး ကူသင့်ကူဗျ။ စွတ်တော့လည်း မတွန်းနဲ့.. အားပြတ်လဲနေမြည်…။

  • Foreign Resident

    March 2, 2015 at 8:41 am

    ” ပိတ်သတ်ကြီး ဒီကနေ့ သဘောတူနိူင်တယ်ဆိုရင် မနက်ဖြန် ထိုးစစ် စမယ်ဗျာ ”

    စလိုက်တော့ ၊ စလိုက်တော့ ဟေ့ ။

  • ရာမည

    March 2, 2015 at 10:14 am

    ဝါသနာပါရင် ချက်ဘောမှာလာမေးပါဗျာ
    ဈေးသင့်ပီး သန့်ရှင်းတဲ့ ဘိ နေရာ ပြောပါမယ်ခင်ဗျာ
    ဟီဟိ

Leave a Reply