( လွမ်းသူ့ ပုံပြင် )

တောင်ပေါ်သားFebruary 28, 20151min1428

နှဦေး

လရေူး

နဘေူးတဲ့ငါ

ကြွေကျလာတဲ့ သစ်ရွက်တွေအောက်

ရောက်ဖြစ်လို့လာလေတိုင်းး

စိတ်တွေဟာမှိုင်းခဲ့

ရိုင်းတဲ့ရာဇဝင်ကြား

ပျော်ဝင်သွား ဒီဘဝ

မညီမျှလေသော ကံတရား

ဉာဏ်မများတတ်သူကိုု ဖိထောင်း

ကောင်းခြင်းဆိုတာ ဝေလာဝေး

အဖြေလာမပေးသူကိုု တွေး

ပူဆွေးခြင်းတွေက လွှမ်း

ဪ အလွမ်း အလွမ်း

ကမ်းမမြင် လမ်းမမြင်

ခရီးနှင်နေရ

ကြင်ပြသူက မဲ့

အိုဘယ့် ကံဇာတ်ဆရာ

တစ်ခါလောက်လေးများ

အခွင့်မပေးသနားတော့ဘူးလားကွယ် ၊

47

8 comments

  • မြစပဲရိုး

    February 28, 2015 at 4:30 pm

    အော
    ဇာတ်လမ်း က စပြီ ဆိုတာ နဲ့ …
    လွမ်းပြန်ပြီပေါ့။
    ကြည့် … အရီး ပြောတာ မမှားပါဘူး မောင်စော ရေ။ 😉

    • sorrow

      March 3, 2015 at 12:00 pm

      ..အစ်ကို…အလွမ်းနဲ့စရသလားဗျ…တယ်လေ..ဒီအချိန်ဆို ပရောဂျက်တခုအစပြုတဲ့အချိန်…တက်ကြွလန်းဆန်းနေရမှာဗျ…အရီးရေ… ကြည့်နေပါဗျ…မင်္ဂလာပွဲဖြစ်မှ သတို့သားအရံနေရာက မိန့်မိန့်ကြီးပြုံးပြအုံးမယ်…အဟိဟိ

      • တောင်ပေါ်သား

        March 3, 2015 at 12:23 pm

        နုထွားရယ်
        ဒါက ကဗျာဟောင်းပါ
        တိုက်ပွဲအတွက် ပစ်မှတ် မတွေ့သေးဘူး ၊
        လက်နက် အသင့် ၊ ဗျူဟာ ၃ မျိုး အသင့် 🙂

  • Mr. MarGa

    February 28, 2015 at 4:34 pm

    ဦးနွေဦးရေ
    ဒီမယ်ဗျို့ ဘာပြောမလို့ရယ်မသိ :mrgreenn:

  • ခင်ဇော်

    February 28, 2015 at 5:12 pm

    ငင်။
    ဒီနေ့ ဗျူဟာ စ ပလားး
    အလွမ်းနဲ့ စ သလား

    :k:

  • Alinsett@Maung Thura

    February 28, 2015 at 5:37 pm

    ဤနေ့သည်ကား…..
    ပန်းသမိုင်းမှာ…
    အလွမ်းတွေ အပြိုင်းအရိုင်းပွင့်သော နေ့တစ်နေ့သာ ဖြစ်ပေသည်…
    ငါလည်း..လွမ်းလှသည်…

  • Courage

    February 28, 2015 at 5:49 pm

    ကိုစောမောင် တစ်ယောက် လွမ်းနေပါတယ် လွမ်းရယ်… …. … 🙂

    လွမ်းတတ်လိုက်တာ ဦးဦးတောင်ပေါ်သားရယ်။ FB သုံးခွင့်လေးတော့ ပြုနော့ (လေးစားစွာဖြင့်)

  • naywoon ni

    February 28, 2015 at 7:10 pm

    အချစ်​ဗျူဟာ စရင်​ လွမ်​းတဲ့ အ​ကြောင်​း ​ယောင်​လို့ ​တောင်​မ​တွေး ရဖူးဗျ ။ သီချင်​းနား​ထောင်​ရင်​​တောင်​
    ” အမုန်​းသံကြားရင်​ ဖျားချင်​လို့ အသက်​တို့ လိမ်​့မယ်​ ချစ်​သူ​ရေ့ မမုန်​းလိုက်​နဲ့ ​နော်​ ” ဆိုတာမျိုး ​ရွေးနား​ထောင်​ရတယ်​ ။ လွမ်​းတဲ့ ​ဆွေးတဲ့ အ​ကြောင်​း ​ပြောတဲ့ သူပါ​ရှောင်​ဗျာ ။ အဲ့ဒါ​တွေက လူကိုထိုင်​းမှိုင်​း​စေတယ်​ ။ အချစ်​ရှာပုံ​တော်​ဖွင်​့မဲ့ သူက အရာရာ ဖလက်​ရှ်​ ဖြစ်​​အောင်​​နေရတယ်​ ဗျ . ။ ​ကျော်​ဆိုလိုတာက ဖလန်​းဖလန်​း ထ​နေဖို့ မဟုတ်​ဘူး ။ အိ​န္ဒြေ​ယေ ရရ တက်​ကြွလန်​းဆန်​း​နေဖို့ ​ပြောတာ 🙂

Leave a Reply