ငယ်အိမ်မက်

WowFebruary 28, 20151min31631

You never ever lose your childhood dream.
There is never late to achieve your childhood dream.

ကြားဖူးနားဝရှိတာလေးပါ…….

တော်တဲ့သူတွေကို ကျနော်လေးစားပါတယ်၊ ကျနော်ဆိုသူတို့လိုတော်ဖို့ အိမ်မက်ထဲတောင် ယောင်လို့မတော်ဖူးဘူး…
တစ်ခါသား စစ်နိုင်တဲ့ ဗိုလ်ချုပ်တစ်ယောက်ကို အင်တာဗျူးတော့၊ အောင်နိုင်ရေးလျို့ဝှက်ချက်ကို ပြောပြပါဆိုတော့
1st Planning
2nd Planning
3rd Planning ပါတဲ့…

ခုတလော Project Management လဲရုံးမှာ သင်တန်းပေးနေတော့ ပလန်ဘယ်လောက်အရေးကြီးတယ်ဆိုတာ သိလာပါတယ်…
တော်တဲ့သူတွေကိုလေးစား အားကျပေမဲ့ ကျနော်သိပ်မတော်ချင်ဘူးဗျ… တော်ရတာပင်ပန်းသလို တော်ချင်ယောင်ဆောင်ရတာ ပိုပင်ပန်းတယ်… သူများရိုးလ်မော်ဒယ်ဖြစ်ဖို့ဆိုတာ လွယ်မှတ်လို့ဗျာ….

ကျနော့်ငယ်ဘဝအိမ်မက်ကဘာလဲလို့ပြန်စဉ်းစားကြည့်တော့…. တစ်စွန်းတစ်စ Flashback လေးတွေက…

ကျနော်က ကျားသစ်ကွက်အင်္ကျီလေးဝတ်ထားတယ်၊ အဲဒီအကျင်္ီလေးကိုအရမ်းကြိုက်တော့ ရှာမတွေ့လို့တစ်ခါ ငိုဖူးတာမှတ်မိတယ်၊ အဖေရယ်၊ အမေရယ်၊ ကျနော်ရယ် ဈေးသွားမလို့ အမေက ကျနော့်ကိုစချင်တော့ နံရံကွယ်ပြီးပုန်းနေတယ်… ပြီးတော့ သွားဖြစ်လား မသွားဖြစ်လား ဘာဆက်ဖြစ်လဲကျနော် မသိတော့ဘူး…

နောက်တစ်ခါ ကျနော်မှတ်မိတာကတော့ အဖေနဲ့ကျနော်ပဲ ကျန်ခဲ့တာပဲ…

အမေက ကျနော်တို့သားအဖကို ကျနော် (၂)နှစ်သမီးမှာ ထားခဲ့တယ်ဆိုတော့ ကျားသစ်ကွက်အင်းကျင်္ီကိစ္စက ကျနော် (၂)နှစ်မတိုင်ခင် မှာဖြစ်တာထင်တယ်… (၂)နှစ်အရွယ်ခလေးတစ်ယောက် ဦးနှောက်က ဒီလောက်ပဲ မှတ်မိမယ်ထင်တယ်….

ထားပါလေ… ဇတ်နာအောင်ပြောပြတာမဟုတ်ပါဘူး၊ ဒီလိုပါပဲ လူတိုင်းမှာ အတိတ်တစ်ခုစီတော့ရှိတတ်ကြတာပဲ။

ကျနော် သရဲကြောက်တယ်၊ လင်းနို့ကြောက်တယ်၊ မီးလုံးမှိန်မှိန်ထဲမှာ တစ်ယောက်ထဲ နေရတာကြောက်တယ် … အဲဒီတုံးက ကျနော်တို့အိမ်နားမှာ လင်းနို့တွေအများကြီးနေတဲ့ သစ်ပင်ကြီးရှိတယ် မိုးချုပ်ပီဆို ကျနော်တို့အိမ် ထဲလင်းနို့တွေ ဝင်ဝင်လာတတ်တယ်….

လူတွေရဲ့ ဆိုက်ကိုအရ မိခင်နဲ့သမီးကြား၊ ဖခင်နဲ့သားကြားမှာတောင် အပြိုင်အဆိုင်စိတ်၊ မနာလိုစိတ်ဆိုတာ ရှိတတ်တယ်။

ကျနော် အမေ့ကို မချစ်ဘူးဗျ၊ အမေလဲ ကျနော့်ကို မချစ်ပါဘူး၊ ဒါက ခံစားချက်တစ်ခုနဲ့ ပြောတာမဟုတ်ဘူး၊ လက်တွေ့ဖြစ်ရပ်တွေအများကြီးအပေါ်မူတည်ပြီး ကျနော်အပါအဝင်၊ အဖိုး၊ အဖွား၊ အဒေါ်၊ ဦးလေးတွေ အကုန် ကောက်ချက်ချထားတာ….

လူတွေဆက်ဆံရေးမှာ Cross the line ဆိုတာရှိတယ်ဗျ၊ စည်းတစ်ခုကျော်သွားရင် ဘယ်လိုမှ နောက်ပြန်လှည့်လို့ မရတော့ဘူး…. တရုပ်ကားတွေထဲကလို ကျနော်မပြောခဲ့ဘူးလို့မှတ်လိုက်ပါ တို့ ကျနော် မလုပ်ခဲ့ဘူးလို့ မှတ်လိုက်ပါလို့ မရတော့ဘူး….

ကျနော့်ဘဝမှာ ကျနော့် ငယ်အိမ်မက်ကဘာလဲဆိုတာ တော်တော်ကြာကြာမသိဘူးဗျ….

ကျနော်က အူတူတူပါဆို….

ဒါပေမဲ့ ဘာတစ်ခုကို လိုချင်နေမှန်းမသိ… အကြိမ်ကြိမ်ကျရှုံးပြီးမှာ… ဒီတစ်ခါတော့ ဘယ်လိုနည်းမျိုးနဲ့မှ အဆုံးရှုံးမခံနိုင်တော့ဘူးရယ်လို့ By hook or by crook ရယူတော့မယ်လို့ ဆုံးဖြတ်ပြီးချိန်မှာတော့….

စောင့်ကြည့်ကြတာပေါ့ဗျာ… Anyway ရည်ရွယ်ချက်ရှိတဲ့ ခရီးတစ်ခုက ပျော်ဖို့ကောင်းပါတယ်…

31 comments

  • Alinsett@Maung Thura

    February 28, 2015 at 6:31 pm

    ကျနော် ဖတ်မသွားဘူးပဲ ထားလိုက်ပါ။
    ပြီးတော့ ကျနော် ဘာမှ မန့်မသွားဘူးပဲ…ထားပေးပါခမျာ..

    😆

  • naywoon ni

    February 28, 2015 at 7:02 pm

    ငယ်​ အိပ်​မက်​တဲ့လား ပြန်​​တွေးမိ​တော့လည်​း ဝါးတားတားပဲ ။ အင်​း​လေ ခု လက်​ရှိဘဝ ကလည်​း ဝါးတားတား ဆို​တော့ လွန်​ခဲ့ နှစ်​ သုံး​လေး ဆယ်​ က အိပ်​မက်​က ဘယ်​ပီပြင်​ပါ့မလဲ​လေ

    • Wow

      February 28, 2015 at 7:07 pm

      အနော့်ကိုပြောတာလား ကွကိုယ်ပြောတာလား ဆြာနီ…
      အတီရေးတဲ့ပို့စ်မာ နောက်ရဝူးနော် :mrgreen:

  • ခင်ဇော်

    February 28, 2015 at 7:11 pm

    ဖတ်ရင်းးး ဆိုလိုရင်းး ကို ရေးးးတေးးးတေးးး ရယ်
    တစ်ခုလေးးပဲပြောချင်လို့
    လိုချင်တာကို ဘယ်လိုနည်းးးနဲ့ ဖြစ်ဖြစ် မကြိုးးးစားးးခင် အဲဒါ ကို ကိုယ် တကယ် လိုအပ်တာ ဟုတ် မဟုတ် တစ်ခေါက်လောက်တော့ ပြန်စစ်ပေးးပါဦးးးး
    ဘဝ မှာ တကယ် မလိုအပ်တာတွေ လိုချင်မှု နဲ့
    နာ့ ဘွ ခြေလှမ်းးး တစ်ချို့ မှားးးဖူးးးတယ်

    :a:

    Anyway, best of luck
    :chit:

    • Wow

      February 28, 2015 at 7:20 pm

      အော်… ချွိရယ်… အူတူတူပါဆို… ခုချိန်ထိတော့ လိုအပ်တယ်ပဲထင်သပေါ့…
      အန်နာလိုက်စစ် လုပ်လို့မရတာမိုးမို့လေ… :kwi:

  • Ma Ma

    February 28, 2015 at 9:19 pm

    ဖတ်ပြီး မရှင်းသေးဘူး။
    ဆက်ရန်ရှိသေးသည်ထင်တယ်။
    စောင့်နေမယ်။

    • Wow

      March 1, 2015 at 9:00 am

      မွမွ ငါးပုတ်ကျော်နဲ့ထမင်းကြော်လေးများစားရရင်တော့ ဆက်ရေးမားလို့ :mrgreen:

  • ဝင့်ပြုံးမြင့်

    March 1, 2015 at 12:54 am

    .အင်း ဝေါင်းကိုတော့ ဒီစာတစ်ပုဒ်နဲ့ နားလည်သလို ရှိလာပြီ။ လူတွေဆက်ဆံရေးမှာ စည်းတစ်ခုကျော်သွားပြီ ဆိုတာနဲ့ နောက်ပြန်လှည့်လို့ မရဘူး ဆိုတာ တကယ်လား။ ဒီဂဇက်ထဲမှာ အမ အားအကျဆုံးလူက ခိုင်ခိုင်။ အမနဲ့ ဗိုက်ကြီးဖော် ဗိုက်ကြီးဖက်တွေ။ အခု ခိုင်ခိုင်က ပေါ်တောင် မလာတော့ဘူး။ သူ့ပို့စ်တွေ ဖတ်ဖူးမှာပေါ့။ သူ့အမေက သူ့ကို သိပ်ချစ်တယ်လေ။ ဒီဂဇက်ထဲမှာ အစ်မ အားမကျဆုံးလူကတော့ ဝေါင်းပဲ ဖြစ်လိမ့်မယ်။ ဘဝတူတွေမို့ပါ။

    • Wow

      March 1, 2015 at 8:58 am

      မဝင့် ဖတ်ပေးတာရယ်၊ နားလည်သလိုရှိလာပြီဆိုလို့ ကျေးဇူးပါ။
      စည်းတစ်ခုကို ကျော်သွားပြီးတာနဲ့ ပြန်လှည့်မရတော့ဘူးဆိုတာ ကျနာ့်လက်တွေ့တော့ တကယ်ဗျ၊ နှစ်ပေါင်းများစွာ အကြိမ်ကြိမ်ကျိုးစားကြည့်ဖူးကြတယ်…
      ကျနော်နဲနဲညံ့နေလို့လဲ ဖြစ်ကောင်းဖြစ်မှာပါ…

  • black chaw

    March 1, 2015 at 9:47 am

    အတည်ဆိုတော့လည်း အတည်ပေါ့ဗျာ…။
    ငယ်အိပ်မယ်…တဲ့လား…။
    တော်ရတာပင်ပန်းသလို တော်ချင်ယောင်ဆောင်ရတာ
    ပိုပင်ပန်းတယ်… သူများရိုးလ်မော်ဒယ်ဖြစ်ဖို့ဆိုတာ လွယ်မှတ်လို့ဗျာ….

    အဲဒါလေး ကြိုက်တယ်…။
    ကျန်တာတွေကတော့…နည်းနည်း အားစိုက်ပြီး
    စိတ်ဝင်တစားဖတ်မှ လိုရင်းကို ရောက်လိမ့်မယ်ထင်ပါရဲ့…။
    ဆိုတော့
    အတည်ကွန်းမန့်ရေးဖို့ကြိုးစားရင်း
    နောက်သလို ဖြစ်သွားရင်ခွင့်လွှတ်ပါ ခင်ဗျာ…။

    • Wow

      March 1, 2015 at 1:13 pm

      တော်တဲ့ကိစ္စကလက်တွေ့ပါ အူးဘက်၊ ကျနော်က စည်းတွေဘောင်တွေ ကိုယ့်ကိုလာခတ်တာ မကြိုက်သူမို့၊ နဲနဲ အနူတောထဲရောက်သွားလို့ လူချောလို့အထင်ခံရမိရင် အရမ်းစိတ်ကျဉ်းကျပ်တာ….
      တော်တယ်လဲမသတ်မှတ် မတော်တယ်လဲမသတ်မှတ်ပဲ ကိုယ်လုပ်စရာရှိတာ အကောင်းဆုံး ဉာဏ်မှီသလောက်လုပ်၊ ကိုယ့်ဘွကိုယ့်စတိုင်နဲ့ ကိုယ်ကောင်းတယ်ထင်သလိုနေ… အဲ့လိုပဲ သဘောကျပါတယ်….

      • Ma Ma

        March 1, 2015 at 2:37 pm

        (တော်တယ်လဲမသတ်မှတ် မတော်တယ်လဲမသတ်မှတ်ပဲ ကိုယ်လုပ်စရာရှိတာ အကောင်းဆုံး ဉာဏ်မှီသလောက်လုပ်၊ ကိုယ့်ဘွကိုယ့်စတိုင်နဲ့ ကိုယ်ကောင်းတယ်ထင်သလိုနေ…)
        Gooooooooooood
        Free style
        အဲဒီစတိုင်အကြိုက်ဆုံးပဲ။ :))

  • မြစပဲရိုး

    March 1, 2015 at 2:52 pm

    ဘမ်ဘူး ဝါးလေး ရဲ့ စာတွေ မဖတ်ရတာ ကြာပေါ့။
    ဒီလိုမျိုးလေးတွေ မကြာ မကြာဖတ်ချင်ပါတယ် သမီးရေ။

    ဒီတစ်ခါ အရင်လို စာ မဟုတ်ပေမဲ့ တွေးစရာ အများကြီး ထွက်လာခဲ့တယ်။

    ငယ်အိမ်မက်
    လောကကြီးထဲ လူတိုင်း ဟာတော့ မသိမသာ အိမ်မက်တွေ မက်မှာပါ။
    အနဲဆုံးတော့ အိုင်စကရင်း ကို ပုံးလိုက်ကြီး စားချင် တယ် ဆိုတာလိုမျိုးတော့ ရှိမှာလေ။
    ကလေးကိုး။ လိုချင်တာတွေ မှ ဟုတ်ဟုတ် မဟုတ်ဟုတ် အများကြီး။
    ဒီအထဲ က မှ အဲဒီ အပေါ် ဘယ်လောက် ခရေဇီး ဖြစ်လဲ ဆိုတဲ့ အပေါ်မှာ ရည်မှန်းချက်တွေ ဖြစ်သွားတယ် ထင်တာပါဘဲ။
    တစ်ချို့ကတော့ သူတို့ အိမ်မက်တွေ ကို ပံ့ပိုးပေးမဲ့ ပါတ်ဝန်းကျင်ထဲ မှာမို့ အိမ်မက်တွေ ကို အကောင်အထည်ဖော် ဖြစ်ခဲ့မယ်။
    တစ်ချို့ကတော့ ပံ့ပိုးပေးလဲ ကိုယ့်စိတ်ကိုယ်ပြောင်းပြီး တစ်ခြား တွေ ဖြစ်မယ်။
    တစ်ချို့ကတော့ ပံ့ပိုးမဲ့ သူ မရှိပေမဲ့ ရုန်းကန်ပြီး ကိုယ့်ဟာကို ရအောင် လုပ်တယ်။
    တစ်ချို့ကတော့ ပံ့ပိုးသူလဲမရှိ၊ ကိုယ့်ဟာကိုလဲ ယောင်ဝါးဝါးနဲ့ လမ်းပျောက်သွားတယ်။
    ဒီတော့ အိမ်မက်တွေ ကို လက်တွေ့မလုပ်နိုင်တိုင်း လုပ်နိုင်တဲ့ သူတွေ နဲ့ ယှဉ်ပြီး ညံ့တယ်တော့ မခေါ်နိုင်ဘူး။
    လောကကြီး ရဲ့ မတရားမှု တစ်ခုက ရှိခဲ့ပြီးသား။
    ဒါက ကိုယ်ဟာ ဘယ်လိုပါတ်ဝန်းကျင်ထဲ မှာ မွေးဖွားချင်ပါတယ် ဆိုတာ ကို ရွေးချယ်ခွင့် မရခဲ့တာဘဲ။
    သူပေးတဲ့ နေရာမှာ ရပ်ပြီး ပြေးလမ်း ပေါ်ကို တက်ကြရတာ မဟုတ်လား။
    ဒီထဲ မှာမှ ဘဝ တောင် မစသေး။ ကိုယ့်ထက် အများကြီး ရှေ့ရောက်နေသူတွေ လဲ ရှိ။ ကိုယ့်နောက်မှာ အပုံကြီး ကျန်နေသူလဲ ရှိ။
    ဒီမှာတော့ ကိုဖိုးသိကြားလေး ရဲ့ Post က CHANCE ကြီး က ပြုံးလို့။
    အဲဒီ မတရားမှုကို ဒီ အတိုင်း ငုံ့ခံသင့်သလား။
    ရေးချင်တာ တွေ ပြောချင်တာတွေ အများကြီး။
    ပြန်လာမယ် သမီး။

    • Wow

      March 1, 2015 at 4:13 pm

      မတရားမှုတွေကိုဒီအတိုင်းငုံ့ခံသင့်သလားနဲ့ Let it be ကြားမှာ ဗျာများခဲ့ရတာကြာပေါ့ အရီးရယ်…
      ကိုယ်ဖြေရှင်းလို့ရတာလဲရှိ မရတာလဲရှိပေါ့…
      တချို့အရာတွေကျတော့လဲ မေ့ပစ်မှကောင်းမယ့်အရာတွေမို့ မေ့ချင်ယောင်ဆောင် မသိချင်ယောင်ဆောင်ရင်း ကိုယ့်ပတ်ဝန်းကျင်က ကိစ္စကြီးကြီးမားမားကိစ္စဆို အာရုံစိုက်လို့မရတာကြာပေါ့…

  • မြစပဲရိုး

    March 1, 2015 at 8:08 pm

    ဝါး

    အဲဒီ မတရားမှုကို ဒီ အတိုင်း ငုံ့ခံသင့်သလား ကို ဆက်ရအောင်။
    သမီး ဘဝ မှာ အမေ စွန့်ပစ်တာ ခံခဲ့ရတယ်။
    “သမီး ရယ် အမေ က သမီး ကို ချစ်မှာပါ။ မဖြစ်သာတဲ့ အကြောင်းကြောင်း ကြောင့် ထားခဲ့ရတာပါ” လို့လဲ ဖြေမပြောလိုပါဘူး။
    “ထားခဲ့တာ မချစ် လို့ သေချာတာပေါ့” လို့ လဲ နင်းမပြောလိုဘူး။
    ဘာလို့လဲ ဆိုတော့ အရီး တို့ အားလုံး က သမီး အမေ မဟုတ်တာမို့ သူ ဘာလို့ ဒီလို လုပ်ခဲ့တယ် ဆိုတာ ကို ဘယ်သူမှ အတိအကျ ပြောမရလို့ပါဘဲ။
    တစ်ခါတစ်ခါ လူ ဆိုတာ အပြင်မှာ လှုပ်ရှားနေတာ က အတွင်းစိတ် နဲ့ ကွဲ နေတတ်တာ ကြုံဘူးကြမှာပါ။
    အဲဒါကိုလဲ ကိုယ်တိုင်တောင်မှ ဘာကြောင့် ဒီလိုဖြစ်တယ် ဆိုတာ မသိနိုင်တာမျိုး ရှိသမို့ ထားခဲ့တာ သူ့ အပိုင်း လို့သာ မှတ်စေချင်တယ်။
    အဲဒါကို ကံမကောင်းခြင်း (ဒါမှမဟုတ်) နိမ့်ကျခြင်း တစ်ခု အနေ နဲ့ လက်ခံ မထားစေချင်ဘူး။
    ဒါဟာ လောကကြီး ရဲ့ မျက်နှာသာ မပေးခဲ့တာ သက်သက်ဘဲ။
    ထူးဆန်းတာကလေ သိလား။ လောကကြီး က တစ်နေရာ ကို မတရားလုပ်ထားပေမဲ့ တစ်နေရာ မှာ အားဖြည့်ပေးထားတာ တွေ့လိမ့်မယ်။
    သမီး မှာ သူများထက် သာတဲ့ တစ်ခြား စွမ်းအား တွေ ရှိနေတာ သိမှာပါ။
    အလွယ်ဆုံး မြင်နိုင်တာ ပြောရရင် သမီး မှာ လူ တစ်ဦး ကို မှီခိုနေတဲ့ စိတ်မရှိဘူး။
    ကိုယ့်အားကိုယ် သုံးနေတတ်တဲ့ မာန် ရှိနေခဲ့တာ ကဘဲ အင်မတန် အဖိုးတန်တဲ့ ဆုလာဘ်ပါ။
    “စည်းတစ်ခုကျော်သွားရင် ဘယ်လိုမှ နောက်ပြန်လှည့်လို့ မရတော့ဘူး” ဆိုတာ လူတိုင်း ထားလို့ ရတဲ့ စိတ်မဟုတ်ဘူး။
    ပြတ်သားတတ်သူ တွေ သာ ထားနိုင်မယ်။
    ကောင်းမကောင်း က တော့ အခြေအနေပေါ် မှာ တည်မလားဘဲ။

    အမေ က ထားခဲ့ တာ ဟာ မကောင်းတာမှန်ပေမဲ့ ဒါကို ဥပက္ခာပြု အဲဒီ ကနေ ကိုယ့် အတွက် သင်ခန်းစာ ယူလိုက်ရင် ဘဝ မှာ ပိုပြီး အကျိုးများ မယ် ထင်မိတယ်။
    ဒီမှာ ဥပက္ခာ ရဲ့ အနက် ကို ဆရာတော်ကြီး “နန္ဒမာလာဘိဝံ” ရဲ့ ဆုံးမစကား မျှရင်း ပြောပါရစေ။
    +++++++
    ဥပေက္ခာရဲ ့သဘောတရားကို လူတွေက အဓိပ္ပါယ်ကောက် လွဲနေတယ်။
    မခေါ် မပြော၊ ဂရုမစိုက်ဘဲနေတာကို ဥပေက္ခာလို ့ ထင်နေကြတယ်။
    အမှန်မှာ ဥပေက္ခာက မေတ္တာထက်လည်း သာတယ်၊
    ကရုဏာထက်လည်း သာတယ်။
    ဥပေက္ခာဆိုတဲ ့ သဘောတရားက…
    လူဆိုတာ သူ ့ကံနဲ ့သူဖြစ်တာ။
    ဆဲသွားရင်လည်း ငါ့ဆဲရမလားလို ့စိတ်မဆိုးနဲ ့။
    ဥပေက္ခာသမားသည် လာရောက်ပြီးတော့ ချီးမွမ်းပြီးတော့အကူအညီပေးရင်လည်း
    အော် ဒီကောင်က တော်တယ်၊ ငါ့ကို ချီးမွမ်းဖော်ရတယ်၊ ငါ့ကို ကူညီဖော်ရတယ်
    ဆိုပြီးတော့လည်း ဝမ်းမသာဘူး၊

    ဆိုလိုတာက စိတ်ဓါတ်အလွန်တည်ငြိမ်တဲ ့ပုဂ္ဂိုလ်အနေအထားမျိုးကို
    ဥပေက္ခာလို ့ခေါ်တယ်။ စိတ်ဓါတ် အလွန်တည်ငြိမ်တယ်။
    စိတ်ဓါတ် တည်ငြိမ်ပြီး လူကို လျစ်လျူမရှုဘူး၊ လူ ့ရဲ ့အပြုအမူကိုသာ လျစ်လျူရှုပြီး လုပ်သင့်တာလုပ်တယ်။

    ဆိုပါစို ့ လူတစ်ယောက် အကူအညီလိုနေတယ်။
    ဒုက္ခရောက်နေတယ်။ သို ့သော် သူကဆဲပြီးတော့ ခိုင်းတယ်။
    စိတ်မဆိုးဘူး။ လုပ်ပေးတယ်။
    တစ်ယောက်က ချော့ပြီးတော့ ခိုင်းတယ်။
    ဝမ်းမသာဘူး လုပ်ပေးတယ်။
    အဲဒါ ဥပေက္ခာ။
    ဝမ်းသာတယ်တို ့ စိတ်ဆိုးနေတယ်တို ့ဆိုတာက စိတ်မှာ တည်ငြိမ်မှု မရှိတာကို ပြတယ်။ တည်ငြိမ်မှုမရှိတဲ့ သဘောကို ပြနေတာ။
    အခု လူတွေက ဘယ်လို အဓိပ္ပါယ် ကောက်လဲ ဆိုလို ့ရှိရင်တော့ ဥပေက္ခာဆိုတာ
    အေး ကိုယ်နဲ ့မတည့်တဲ့သူ ဒီကောင် မခေါ်မပြောဘဲ နေလိုက်တယ်၊
    ဥပေက္ခာပြုထားတယ် မခေါ်မပြောဘူး၊ စကားလည်းမပြောဘူး၊ သူ ့ဘာမှ မလုပ်ဘူး၊ အဲဒါ ဥပေက္ခာ။
    ဒီလို မဟုတ်ဘူး၊ အဲဒီ ဥပေက္ခာက တစ်မျိုး။
    ဒီမွန်မြတ်တဲ့ ဥပေက္ခာ မဟုတ်ဘူး။

    မွန်မြတ်တဲ့ ဥပေက္ခာဆိုတာ တစ်ဖက်သား လုပ်တာကို ဂရုစိုက်ပြီးတော့ မနေဘူး၊
    လုပ်သင့်တာလုပ်တယ်၊ ဒါမှ တကယ့် ဥပေက္ခာ။
    ဆဲလည်း ဂရုမစိုက်ဘူး၊ လုပ်သင့်တာလုပ်မယ်။
    ချီးမွမ်းရင်လည်း ဂရုမစိုက်ဘူး၊ လုပ်သင့်တာလုပ်မယ်။
    လုပ်သင့်တာကို လုပ်ပေးတယ်။
    စိတ်ဓါတ်ကတော့ တည်တည်ငြိမ်ငြိမ်ထားတယ်။
    ဒါမှ တကယ့် ဥပေက္ခာ ပါ။
    ++++++++++++++
    ဒီတော့ အမေ က ထားခဲ့ပေမဲ့ ကိုယ့်ကို ကိုးလနီးပါး လွယ်ပြီး မွေးပေးခဲ့ တဲ့ ကျေးဇူး ကို သာမှန်းပြီး ကိုယ့်ဘက် က စိတ်ထဲ မေတ္တာမပျက် ဖို့အရေးကြီးတာပါဘဲ။
    သေချာတာ က ဝါး အမေလုပ်သလို ဝါးလုပ်ဖို့ စဉ်းစားတော့မယ် မထင်ဘူး။
    အကောင်းဆုံး မိခင် ဘဝ ကို ယူဖို့ ကြိုးစားဖို့ လမ်းရှိတယ်။

    ပြောချင်တာတွေ လျှောက်ပြောရင်း ရဲ့ လိုရင်း ပျောက်တော့မယ်။

    အရီး အထင်ပေါ့လေ။
    ကြည့်ရတာ အရီး တူမ တော့ ဘဝ တစ်ဆစ်ချိုး အတွက် အရေးကြီး တဲ့ ဆုံးဖြတ်ချက်ချလိုက်ပြီ ထင်တယ်။
    အားပေးရရင်တော့ ငါလုပ်နိုင်တယ် လို့ ကိုယ့်ဟာကိုယ် ယုံကြည်ရင် လုပ်သာလုပ်ပါ။
    တစ်ခါတစ်ခါ ကိုယ်ယုံကြည်တာကို မလုပ်ဘဲ နေတာက မှ ရှုံးတာပါ။
    လုပ်ရင်း မှားသွားမယ်လား။
    မှားပေါ့။ မှားပါစေ။
    ပြင်ဖို့ အတွက်
    1st Planning
    2nd Planning
    3rd Planning 😉
    Plan ရှိနေသမျှ မမှားသေးပါဘူး။ (အထင်)

    Come on girl … You can do it.

    ချစ်တဲ့
    အရီး

    PS – ဒါထက် ဘာကို ဆုံးဖြတ်လိုက်ပြီး လုပ်တော့မှာလဲ ဟင်။ 🙄 :))

  • Wow

    March 1, 2015 at 11:11 pm

    အရီးအချိန်ပေး စဉ်းစားဆွေးနွေးပေးတာ ကျေးဇူးပါ။

    ကျနော်တို့ Cross the line ကိစ္စ စဆွေးနွေးရရင်….

    ကွဲသွားတဲ့ဖန်ခွက်လေးပြန်ဆက်မရတာတို့ပါတို့က ရိုးပါတယ်… ဓာတ်ရှင်တွေထဲမှာ ပြောနေဂျ :mrgreen:
    ခုလတ်တလော အနီးစပ်ဆုံးပြောရရင် ကျနော် Desperate Housewives စီးရီးကြည့်နေတော့..
    ပထမက Bree ဆိုတဲ့ စီးရီးထဲက အိမ်ရှင်မတစ်ယောက်က သားက ဂေးဖြစ်နေ၊ အမေကို Blackmail
    လုပ်တော့ နောက်ဆုံး ကားမောင်းခေါ်သွားပြီး တစ်နေရာမှာစွန့်ပစ်ခဲ့တယ်၊ သားက အိုးအိမ်မဲ့ ဒီလိုပဲနေထိုင်ရာက သတင်းမှာပါလာတော့ Bree က ငိုပြီးသားကို သွားပြန်ခေါ်တယ်၊
    ဒါပေမဲ့ အဲဒီ့အဖြစ်က သားအမိဘဝမှာ ဘယ်တော့မှ ဖျောက်လို့မရတော့ဘူး၊ နောက်ဆုံးသားက အရွယ်ရောက် ဘဝတူ ဂေးအမျိုးသားတစ်ဦးနဲ့ အတူနေတဲ့အထိ အဲ့အဖြစ်က သူတို့သားအမိကို ရိုက်ခတ်နေတုံး…

    ဆိုလိုချင်တာက အဲ့ဒါက ခွင့်လွှတ်တာ ခွင့်မလွှတ်တာနဲ့ မဆိုင်ဘူးဗျ… ဖြစ်သွားပြီးတဲ့ အဖြစ်အပျက်ကို မဖြစ်ခဲ့ပါဘူးလို့ နှစ်ယောက်လုံးစိတ်မှာထားလို့မရတော့ဘူး…

    ဒုတိယ Cross the line က အဲ့စီးရီးထဲမှာပဲ ဆူဆန်ဆိုတဲ့ သနားတတ်တဲ့ အိမ်ရှင်မက ကလပ်က တိုင်ပတ်ကချေသည်သနားကမားလေးကို အလုပ်မှာ မပျော်သလိုတွေ့တော့၊ မပျော်တဲ့အလုပ်မှာ မလုပ်ဖို့ အကြံပေးမိတယ်၊ သူ့စကားနားထောင်ပီး Stripper လေးက အလုပ်ကထွက် သူ့ကိုဘာဆက်လုပ်ရမလဲလာမေးတော့၊ သူ့မှာတာဝန်ရှိတယ်ခံယူပြီး ဆူဆန်က အိမ်မှာ အလုပ်မရခင် ခေါ်ထားလိုက်တယ်။
    အဲဒီမှာ ဆူဆန်ယောက်ကျား ခါးနာတာကို Stripper ကောင်မလေးက ကုပေးနေတာကို၊ ဆူဆန်က သဝန်တိုပြီး သူ့ယောက်ကျားနဲ့စွတ်စွဲပြောမိတယ်… ကောင်မလေးက သူ့အပေါ်သစ္စာရှိပေမဲ့ နှစ်ပေါင်းများစွာ ကလပ်မှာ လုပ်ခဲ့တော့ ယောက်ကျားတစ်ယောက်ကို ဘယ်လိုမျိုးဆက်ဆံရင် ရိုးသားတယ်လို့ သတ်မှတ်တယ် ဆိုတာမျိုး မသိတော့ဘူးဆိုတာ ဆူဆန်ကို ရှင်းပြပြီး ဘယ်လိုပဲဖြစ်ဖြစ် စည်းတစ်ခုကျော်သွားပြီဖြစ်တဲ့အတွက် သူတို့ဆက်ဆံရေးကို ဆက်ပြီးထိမ်းသိန်းဖို့ ဆူဆန့်အိမ်ကနေထွက်သွားဖို့ ပြောလိုက်တော့တယ်…

    ဖြစ်ပြီးသွားတဲ့အခြေအနေတစ်ခုကို မဖြစ်သလိုနေဖို့ဘယ်လိုမှ မဖြစ်နိုင်တော့ပါဘူးအရီးရယ်…

    ခွင့်လွှတ်ချင်း မခွင့်လွှတ်ချင်းက ဒီနေရာမှာ အရေးမပါတော့ဘူး။

    အဲ့ဖြစ်ရပ်ရဲ့ consequences က ကျွန်တော်တို့ action တိုင်းမှာ တစ်သက်တာထာဝရ ရှိနေတော့မှာ။

    နောက်တစ်ခုက စွမ်းအင်လိုပဲ Love can not be created or destroyed. ဖျက်ဆီးလို့ရမရ မသိပေမဲ့ ဖန်တီးလို့မရတာကတော့ တကယ်ဗျ။

    ခုချိန်မှာတော့ ကျနော်က ချစ်ခြင်း၊ မုန်းခြင်းထက်၊ အရှိအတိုင်းလက်ခံလိုက်ခြင်းကိုပဲ ဦးစားပေးဖြစ်ပါတယ်။

    ဆုံးဖြတ်ထားတဲ့ကိစ္စကတော့ အဝှာလေ… ဟီးးးး နောက်တစ်ခေါက်ပေါမယ်နော် အရီး :mrgreen:

    • Wow

      March 1, 2015 at 11:18 pm

      ဆက်ဆွဲရရင် ဒါကြောင့်နောက်ပိုင်း Social Impact တို့ environmental impact တို့ကို အလေးထားလာကြ တာဖြစ်မယ်…
      ကျီးကျီးကျယ်ကျယ်ဆက်ပြောရရင် Butterfly Effect လိုမျိုးပေါ့နော်… ဖြစ်ရပ်တိုင်းက Impact ရှိတာကိုပဲ စည်းတစ်ခုကျော်သွားရင် နောက်ပြန်လှည့်လို့မရတော့ဘူးလို့ ပြောကြတာပေါ့နော်… အရီး..

    • မြစပဲရိုး

      March 2, 2015 at 4:29 am

      ဆက်ပြောရင် စိတ်ဝင်စားစရာဘဲ။
      “အတိတ် ဆိုတာ ပြင်လို့ မရ” ဆိုတာ ကို ” ပြင်လို့ ရတယ်” ဆိုပြီး ဒီဘိတ် တွေ ရှိတယ် သမီး ရဲ့။
      အဖြစ်အပျက် ကိုတော့ မဟုတ်ဘူးပေါ့။
      အဲဒီ အဖြစ်အပျက် ကို ခံစားတဲ့ စိတ် နဲ့ ကြည့်တဲ့ အမြင် ကို ပြင်လို့ ရနိုင်တယ် ပြောကြတာ။
      အဲဒီ ကနေ အနာဂါတ် ကို ပုံစံပြောင်း သွားစေသတဲ့။
      လိပ်ပြာတောင်ပံခတ်လိုက်ရင် ဖြစ်တာ နဲ့ မခတ်ရင် ဖြစ်တာ မတူ ကွဲ သွားသလိုပေါ့။
      လိပ်ပြာ ကို ထိန်းချုပ်ဖို့ ခက်ပေမဲ့ ကိုယ့်စိတ် ကတော့ ကိုယ့်လက်ထဲ မှာ ရှိတော့ ပိုပြီး လွယ်မယ်ထင်လား။
      နောက်ကြုံ ရင် အစ ပြန်ဖော်ကြတာပေါ့။

      PS – တစ်ခုခု ထူးရင် ရှင့် အရီး ကို ချန်မထားနဲ့နော်။ 😉 :))

      • Wow

        March 2, 2015 at 8:43 am

        အရီးပြောတာ ဟုတ်မှာပါ ဒါပေသိ… သက်ဆိုင်သူနှစ်ယောက်တင်မက ပတ်ဝန်းကျင်တစ်ခုလုံးပါ လိုက်ပြင်ဖို့ဆိုတာ မလွယ်တဲ့ကိစ္စနော်… :kwi:

    • pooch

      March 5, 2015 at 2:35 pm

      အချစ်က ဖျက်ဆီးလို့ ရတယ် ဝိုးရဲ့ ဖန်တီးလို့ ရမရတော့ ပုလည်း မသေချာ
      cross the line က တစိတ်တဒေသ လက်ခံတယ်
      ဓာတ်ခံအနုအရင့်ကို လိုုက်ပြီး အငုံစိတ်က သိ၍တဖုံ မသိ၍ တမျိုး ကိုယ့်စိတ်ထဲမှာ ကိန်းအောင်းနေတတ်တယ်
      ဒါကြောင့် ကိုယ်သာနာစေ စိတ်မနာစေနဲ့လို့ ပြောကြတာပေါ့

      ပုလည်း သိပ်မကြာခင်က line တခုကို ဖြတ်မိတယ် ပြန်ဆုတ်မရတာ သိတယ်
      ပြင်လို့ မရတော့ဘူးလို့ လည်း နားလည်တယ်
      ပြန်တွေ့ရင် ပြုံ းပြနိုင်ဖို့လည်း သိပ်မသေချာဘူး (ခွင့်လွှတ်ခြင်း မလွှတ်ခြင်းက သတ်သတ်)
      အဖြစ်ပျက်က ဖျောက်ဖျက်ပစ်လို့မှ မရတာ
      ပြုံးနိုင်ခဲ့ရင် စွပ်စွဲခဲ့သလို ကိုယ်ဖြစ်နေသလား တချက်ပြန်စဉ်းစားရအုန်းမယ်

      အားတော့နာပါတယ်
      ပုက တကိုယ်ကောင်းဆန်တယ်
      ကိုယ်ကို့ နည်းနည်းမှ အထိပါးမခံဘူး အတ္တကြီးတယ်
      တဖက်သားကို နှိပ်စက်ချင်ပြီဆို အားနည်းချက်ကို တည့်တည့်ရွေးပြီး နင်းတတ်တဲ့ စိတ်ရှိတယ်

      ခုကိုယ်တွေ့မှ ပိုယုုံသွားတယ်

      ပြန်လှည့်မရတဲ့ အနေထားတွေ ရှိတယ်ဆိုတာ

      ဝိုးရယ် အမေက ထားခဲ့လို့ ဝမ်းမနည်းပါနဲ့
      တဖက်ကလှည့်တွေးရင် ကောင်းဖို့ ဖြစ်လာတာနေမှာပေါ့ အတူနေရင် ပိုနာကျင်ချင် နာကျင်နေရအုန်းမှာ
      ပုလည်း အဖေက အစောကြီးထားခဲ့တာပါ (သေကွဲ)
      အရီးပြောသလို တဖက်က မပြည့်တာကို တဖက်က ဖြည့်တယ်ဆိုသလိုပဲ

      အဲ့ကွက်လပ်ကလွဲရင် ပြည့်ခဲ့ပါတယ် တော်တော်များများ

      ဝိုးလည်း ပြည့်ခဲ့တယ်လို့ ပုတော့ ထင်တယ်
      ဒါကြောင့် ဒီနေ့ ဒီနေရာ ရောက်နေတာပေါ့

      • Wow

        April 3, 2015 at 12:39 pm

        မယ်ပုလေးမန့်တာ ခုမှတွေ့တယ်…
        နာလဲ တော်တော်တန်တန်သီးခံပေမဲ့ နာလာပီဆို ချက်ကောင်းရှာနင်းတာတို့ လွှတ်ပေးထားပီး ပိုင်လောက်မှ အသေရိုက်ချတာတို့လုပ်တတ်တယ်.. နာ့ခညာ အကျင့်လေးမကောင်းရှာတာ.. :mrgreen:
        ဒါပေသိ နောက်ဆုံးကိုယ်ပဲ ခံရတာပါပဲအေ.. 🙁

  • ဦးကြောင်ကြီး

    March 2, 2015 at 3:08 am

    အိမ်မက်ကို လိင်ဖက်လိုက်လို့ဂဒေါ့ အောင်မငှီး ဘယ်ပြောကောင်းမဲ.. မနက်စောစော အဝတ်ထလျှော်ယရော… ခွီး

    • Wow

      March 2, 2015 at 8:46 am

      ထူးပီ အရီးရေ ဒမာ… ထူးပီ…
      ကြောင်ဂို… သတ်မဲ :mrgreen:

  • ညီမကတော့ ငယ်အိပ်မက်ရယ်လို့မဟုတ် မငယ့်တငယ်အိပ်မက်ရှိခဲ့ပေမယ့် မဖြစ်ခဲ့။
    လက်ရှိအချိန်မှာတော့ ငါရတဲ့ဘဝက မချမ်းသာပေမယ့် သူများထက်အများကြီးကောင်းတယ်
    လို့မကြာခဏတွေးမိတယ်။
    ဘဝဆိုတာ ငွေရှိတိုင်းလည်းချမ်းသာရတာမဟုတ်လို့ပါ။

    အမေကလည်းကျွန်တော့်ကိုမချစ်ပါဘူး ဆိုတဲ့ဟာကတော့ လုံးဝမှားမယ်ထင်တယ်နော်။
    ကျွန်တော်ကအမေ့ကိုမချစ်ဘူး ဆိုတာကတော့ အမေက ကျွန်တော့်ကိုမချစ်ဘူးထင်ပြီး တဖက်သတ်ခံယူပစ်တာနေမှာ။
    🙂

    • Wow

      March 3, 2015 at 8:24 am

      မချစ်ဘူးလို့ထင်တာမဟုတ်ဘူးသော်ရဲ့…
      နှစ်ပေါင်း(၂၀) ကျော် ဖြစ်ရပ်တွေကနေ သက်သေပြချက်တစ်ရပ်ပါ… မိသားစုတစ်ခုလုံးတွင်မက နီးစပ်ရာအသိုင်းအဝိုင်းကပါ ငြင်းမရတဲ့အမှန်တရားပါ..

      အမှန်က တစ်ခါတလေ လူတွေက သတ်မှတ်ချက်တွေကြားမှာ ကြိုးချည်ခံနေရတာပါ…
      သားသမီးနဲ့ မိဘဆို ချစ်ရမယ်…. ကိုယ်နဲ့မတူ ကိုယ့်ရန်သူကနေ.. ဘာသာမတူ အသားအရောင်ကွဲရင် မုန်းရမယ် တိုက်ခိုက်ရမယ် အထိ ဆက်ဆွဲကြကော…

      အမှန်က ပုထုဇဉ်တွေပဲလေ… သားသမီးနဲ့ မိဘလဲ ဆေးပညာအမြင်အရ ကော၊ စိတ်ပညာရှုထောင့်က ကြည့်ရင်ကော ချစ်နိုင်သလို မုန်းနိုင်ပါတယ်.. ပုဂ္ဂိုလ်တစ်ခုခြင်းရဲ့ အပြုအမူ အခြေအနေအကြောင်းကြောင်း တွေကြာင့်….

  • Nyo Win

    March 3, 2015 at 10:40 am

    ရှားပါးတဲ့ လူနေမှုဘဝထဲကတစ်ယောက်အပါအဝင်ပေါ့…..
    ဆရာခေါင်ကိုတောင်သွားသတိရသေး…
    “တော်တဲ့သူတွေကိုလေးစား အားကျပေမဲ့ ကျနော်သိပ်မတော်ချင်ဘူးဗျ… တော်ရတာပင်ပန်းသလို တော်ချင်ယောင်ဆောင်ရတာ ပိုပင်ပန်းတယ်… သူများရိုးလ်မော်ဒယ်ဖြစ်ဖို့ဆိုတာ လွယ်မှတ်လို့ဗျာ….” ဟုတ်ပဗျာ..
    ကိုယ်စိုက်ပျိုးသမျှ သူများချည်းခူးစားခံနေရတော့..တော်ရမှာတောင်ခပ်ကြောက်ကြောက်.. 🙂
    BTW.. အရီးပြောသလိုပဲ WOW ရဲ့စာတွေမဖတ်ရတာ နှစ်ချီပီထင့်……

    • Wow

      March 3, 2015 at 10:48 am

      စာလေးမှန်မှန်ရေးပီး တစ်သိန်းမြန်မြန်ရအောင်လုပ်မားလို့… :mrgreen:

  • ဗုံဗုံ

    March 3, 2015 at 10:56 am

    ဒါ ယောက်ကျားယူတော့မယ်လို့
    အတိတ်ပြလိုက်တဲ့သဘောပေါ့…
    လင်းနို့တွေ မီးလုံးတွေ ကြောက်တာအကြောင်းပြြeပီး.. :byee:

    • Wow

      March 3, 2015 at 11:11 am

      အေးဆို.. လယ်လေးနွားလေးပိုင် တူမချောချောလေးပါ တောက်တိုမယ်ရခိုင်းဖို့ရှိဆို ပိုကောင်း :mrgreen:

  • Foreign Resident

    March 5, 2015 at 4:15 pm

    ” ဒီတစ်ခါတော့ ဘယ်လိုနည်းမျိုးနဲ့မှ အဆုံးရှုံး မခံနိုင်တော့ဘူးရယ်လို့
    By hook or by crook ရယူတော့မယ်လို့ ဆုံးဖြတ်ပြီးချိန်မှာတော့ ”

    အ ဟီး ဟီး ၊ အဲ့ဒီ ကိစ္စလေးကိုတော့ စိတ်ဝင်စားသား ။
    အို ၊ အချိန်ဆွဲမနေပါနှင့်တော့အေ ။
    by crook နည်းနှင့်သာ ခပ်ကြမ်းကြမ်း ရယူလိုက်တော့အေ ။
    အကူအညီ လိုရင်ပြော ၊ ကိုဘလက် ကားရှိတယ် ။ ဟီ ဟိ ။

    • Wow

      April 3, 2015 at 12:52 pm

      လူဇိုးဒွေနဲ့ တိုင်ပင်ရတော့မာပေါ့နော်.. :mrgreen:

Leave a Reply