ဘဝ မွန်​းတိမ်​းချိန်​

naywoon niFebruary 28, 20151min1367

ခုတစ်​​လော
​နေ့​တွေည​တွေ အကုန်​မြန်​​နေသလိုပဲ
နာရီ စက္ကန်​့​တွေများ
လည်​ပတ်​နှုန်​းမြန်​​နေတယ်​​တောင်​ထင်​ရ ။ ​နေ့​တွေ ည​တွေ
တစ်​ရိပ်​ရပ်​ ကျန်​​နေပုံက
ခပ်​မြန်​မြန်​သွား​နေတဲ့ ကားတစ်​စီး​ပေါ်မှာ
လိုက်​ပါသွားရသလိုမျိုး ။
ဟို အရင်​တုန်​းကလို
” ကြာလိုက်​တာ ” ဆိုတဲ့ စကားမျိုး
မ​ပြောဖြစ်​တာ ဘယ်​​လောက်​ကြာပြီလဲမမှတ်​မိ ။
​အော်​ ငယ်​စဉ်​တုန်​းက​တော့
တက်​ကြွတဲ့ ​မျှော်​လင်​့ချက်​​တွေနဲ့
နုပျိုတဲ့ အိပ်​မက်​​တွေ စုပုံထားနိုင်​ခဲ့တာကိုး
​ရွှေ​ရောင်​လွှမ်​းသလား မလွှမ်​းသလား ဆိုတာကို​တော့
ပြန်​မလွမ်​းပြခဲ့ တာ​သေချာပါရဲ့ ။
ဘဝ မွန်​းတည်​့ချိန်​အ​ကျော်​
မွန်​းတိမ်​းချိန်​မှာမှ
အို…… မိုး​တွေ အုံမှိုင်​းလာပါပ​ကောလား ။
​နေဝန်​းနီ
7:33 PM
Feb 28 ,2015

7 comments

  • Alinsett@Maung Thura

    March 1, 2015 at 12:23 am

    ဘဝ မွန်းတိမ်းချိန်ကို
    ည သဂေါင်သလွဲ (12 : 20) မှာ ထိုင် ဖတ်သွားးး
    ဆက်တွေးနေလိုက်ဦးမယ်လို့
    အဲ့ဒါလေး ပြောခဲ့တာပါ

    :k:

  • ဝင့်ပြုံးမြင့်

    March 1, 2015 at 12:49 am

    . အဘနီ ရဲ့ ကဗျာတွေ ဟတ်ထိတယ်။ ကွန်မင့်ပေးရမှာတောင် မရဲဘူး။ မျှစ်ကြော်လည်း ဒီလိုပဲ အချိန်တွေ အကုန်မြန်တယ်လို့ စိတ်ထဲမှာ ခံစားနေရပြီး လုပ်သင့်တာကိုလည်း မလုပ်ချင်ဘူး။

  • ခင်ဇော်

    March 1, 2015 at 12:17 pm

    နေမဝင်သေးသရွေ့ လုပ်ချင်တာ လုပ်သင့်တာ လုပ်နိုင်တာ လုပ်လို့ ရသေး

  • Ma Ma

    March 1, 2015 at 2:26 pm

    ဘဝမွန်းတိမ်းချိန်တဲ့လား။ 🙁

    စိတ်ထဲမှာတော့ နေဝင်ခါနီးအချိန်ဟာ ပိုပြီး လှပတတ်သလားလို့။

    လောကကြီးကို တနေကုန် အလင်းရောင်နဲ့ အလှဆင်ပြီးလို့ အနားယူခါနီးမှာ
    တိမ်ရောင်စုံနဲ့ လောကကို အလှဆင်တာလည်း အဖိုးတန်တာပဲ မဟုတ်လား။ :))

    • naywoon ni

      March 1, 2015 at 2:47 pm

      ဒါက​တော့ မမရယ်​ ဘဝ ဆိုတာပုံ​သေမဟုတ်​သလို ပုံစံအမျိုးမျိုးလည်​းရှိတာပါ့ ။ တစ်​​နေ့နဲ့ တစ်​​နေ့​တောင်​ ရာသီဥတုချင်​း တူတာမဟုတ်​။ မနက်​​စော​စောအချိန်​​တွေက သာယာတယ်​ လှပတယ်​ တက်​ကြွတယ်​ နုပျိုတယ်​ အပူချန်​နည်​း​သေးတယ်​ ။ ဆို​ပေမဲ့ အဲ့ဒိလို ​နေ့တိုင်​းဖြစ်​ရဲ့လား ။ ​နေဝင်​ချိန်​ဆိုတာက​ကော ​နေတိုင်​း သာသာယာမဖြစ်​နိုင်​သလို ဘဝတိုင်​း အလှမဆင်​နိုင်​ပါဘူး ။ လူမသိ သူမသိနဲ့ ဘဝ နိဂုံး ချုပ်​ခဲ့ ရသူ​တွေ အများကြီးပါ။ ကျ​နော်​က​တော့ ​ပြောစရာ ရှိတာ​တွေ ​ပြောချင်​တာ​တွေ အများကြီး ​ပြောသွားချင်​ပါ​သေးတယ်​ ။

  • မြစပဲရိုး

    March 1, 2015 at 2:54 pm

    မွန်းတိမ်းပြီ ဆို အချို တွေ ခါး သမို့ အမြည်း လေး သာ ပြင်ပေတော့ အဘနီ။ 😉

    • naywoon ni

      March 1, 2015 at 6:44 pm

      ဟုတ်​ပါ့ဗျာ စိမ်​းစားငပိ​လေး မီးကင်​ပြီး သံပုရာ​ရေ ​လေး ရွှဲရွှဲဆမ်​း လက်​ညိုး​လေနဲ့ တို့ ပြီး မြည်​းတယ်​ ဆိုရုံ​လေး မြည်​း လမ်​း​ဘေးက မရှိ​တော့တဲ့ ထန်​းတဲ​လေး ​တောင်​ပန်​လွမ်​းလာပြီ အရီး​ရေ 🙂

Leave a Reply