ပျက်​ရယ်​ပြုသင်​့ မပြုသင်​့

အားလုံး မင်္ဂလာပါရှင်​

အ​ကြောင်​း​အမျိုးမျိုးနဲ့ ရွာထဲမ​ရောက်​ဖြစ်​တာ ကြာပါပြီ။ ရွာထဲဝင်​ဖို့ ပြီးကိုယ်​​ပြောချင်​တာ​လေး​တွေ ​ပြောဖို့ကြံမိတာအခါခါ​ပေမယ်​့ ခုမှပဲ ​ရောက်​ဖြစ်​ပါ​တော့တယ်​။ ရွာထဲစ​ရောက်​ကတည်​းကအခုထိ  သိတဲ့သူလည်​းနည်​းတာကတစ်​​ကြောင်​း၊ ရွာနဲ့အဆက်​အသွယ်​ပြတ်​​နေတာလည်​း နည်​းနည်​းကြာပြီဆို​တော့ မှတ်​မိတဲ့သူ ရှိပါ့မလား​တော့ မ​ပြောတတ်​ပါဘူး။ ဘယ်​လိုပင်​ရှိ​စေ ဒီ​နေ့​တော့ ကြုံခဲ့တာ​လေး​ပြောချင်​လို့ အ​ရောက်​လာခဲ့မိပါတယ်​ရှင်​။

ဖြစ်​ပုံက​တော့ ဒီလိုပါ။ ဒီ​နေ့ အလုပ်​ပိတ်​ရက်​မှာ ကိစ္စ​တစ်​ခုရှိလို့ အပြင်​သွား​တော့ လိုင်​းကား​ပေါ်မှာ ကိုယ်​့​နောက်​ကကပ်​လျက်​ရှိတဲ့ ထိုင်​ခုံဆီက ​သူငယ်​ချင်နှစ်​ေ​ယာက်​ ​(ကောင်​​လေးတစ်​​ယောက်​နဲ့ ​ကောင်​မ​လေးတစ်​​ယောက်​) ​ပြော​နေတာ​တွေကို ကြား​နေရတယ်​။ သူတို့​ပြောတာ​တွေက ခပ်​ကျယ်​ကျယ်​ဆို​တော့ နားမ​ထောင်​​ပေမယ်​့ကြား​နေရတာ​ပေါ့။ ​ကောင်​​လေး​ပြောတာကိုကြားရတာ​တော့ ​​​နှစ်​​ယောက်​လုံး တက္ကသိုလ်​​ကျောင်​းသားပဲ။ ​အောင်​စာရင်​းသွားကြည်​့မယ့်အ​ကြောင်​း ​ကောင်​မ​လေးရဲ့​မွေး​နေ့မှာ သွားချင်​တဲ့ဘုရားကိုလိုက်​ပို့​ပေးမယ်​ဆိုတာ​တွေ​ပြော​နေရင်​းက ​ကောင်​​လေးက ​ကောင်​မ​လေးကို​မေးတယ်​။ သူသိထားတဲ့​ကောင်​​လေးနဲ့ခုထိတွဲ​နေတုန်​းလား ဘာလား​ပေါ့။ ​အဲဒီတစ်​​ယောက်​နဲ့ပြတ်​သွားပြီလို့​​ကောင်​​မ​လေးက ပြန်​​ပြေ​ာတယ်​။ အိမ်​ကသ​ဘောတူထားတဲ့တစ်​​ယောက်​နဲ့​ရော ဘယ်​လိုလဲဆိုတာ​ဆက်​မေးလိုက်​တဲ့အခါမှာ​တော့ မ​ပြောသင့်ဘူးလို့ ကျမယူဆတဲ့ စိတ်​မ​ကောင်​းစရာစကားကို ကြားလိုက်​ရတယ်​။ ​​ကောင်​မ​လေးပြန်​​ပြောလိုက်​တာက ​”လောက်​ကိုင်​မှာ ကျသွားပြီ” လို့ ခပ်​​ပေါ့​ပေါ့ပဲ အတည်​လိုလို ဟာသသဖွယ်​​​နောက်​​ပြောင်​​ပြောလိုက်​တယ်။ ​ကောင်​​လေးက ​”မဖြစ်​နိုင်​တာ ပေါက်​ကရ​တွေ​ပြော​တော့မယ်​..နင်​​ပြော​တော့ သ​င်္ဘောသားဆို” လို့ဆက်​​ပြော​တော့ ​ကောင်​မ​လေးက ”နင်​အမှတ်​မှား​နေတာပါ..သ​င်္ဘောသားမဟုတ်​ပါဘူး..သ​င်္ဘောသားဆိုလည်​း ​ရေနစ်​​သေသွားပြီ” လို့ ​စော​စောကလို​ပဲ ​ပြောပြန်​တယ်​..အမှန်​က အင်​ဂျင်​နီယာတဲ့။ အဲဒါကို အဲဒီလို​​တွေပြောတာ​ကြားရ​တော့ ​လောက်​ကိုင်​ စစ်​​မြေပြင်​ ​ရှေ့တန်​း​ရောက်​​စစ်​သား​တွေကိုယ်​စား​ရော စစ်​​ဘေးခံကြရတဲ့ ပြည်​သူ​တွေအတွက်​​ရော သ​င်္ဘောသား​တွေကိုယ်​စား​ရော ​တော်​​တော်​ စိတ်​မ​ကောင်​းဖြစ်​မိသွားတယ်​။ ကျမ​ဆွေမျိုး အသိုင်​းအဝိုင်​းထဲမှာ သ​င်္ဘောသား​တွေရှိ​ပါတယ်​။​ လောက်​ကိုင်​စစ်​​မြေပြင်​​ရောက်​​ စစ်​သား​တွေထဲမှာ​ရော စစ်​ဒဏ်​ခံရတဲ့လူ​တွေထဲမှာ​ရော ကျမတို့ရဲ့​ဆွေမျိုး အသိ တစ်​​ယောက်​မှမရှိ​ပေမယ်​့ကြားရတဲ့စကားအ​ပေါ်​တော်​​တော်​စိတ်​မ​ကောင်​းဖြစ်​မိပါတယ်​။ ​နောက်​လှည်​့ပြီး ​​ချိုသာစွာနဲ့ တစ်​ခုခု​ပြောချင်​စိတ်​ဖြစ်​မိ​ပေမယ်​့ လိုင်​းကား​ပေါ်မှာမို့ ထိန်​း​လိုက်​တယ်​။ သူ့မိသားစုအသိုင်​းအဝိုင်​းထဲမှာ ​လောက်​ကိုင်​စစ်​​မြေပြင်​​ရောက်​​စစ်​သား၊ စစ်​​ဘေးခံရသူ၊ သ​င်္ဘောသား တစ်​​ယောက်​​ယောက်​ရှိ​နေရင်​ အဲဒီလို လွယ်​လွယ်​နဲ့ ဟာသသဖွယ်​​နောက်​​ပြောင်​​ပြောဆိုနိုင်​မယ်​မထင်​ပါဘူး။ သူငယ်​ချင်​းနဲ့ ဘယ်​လိုပင်​ လွတ်​လွတ်​လပ်​လပ်​​နောက်​​ပြောင်​​ပြောဆိုလို့ရတာမှန်​​ပေမယ်​့ အခုလို​တော့ မ​ပြောသင်​့ဘူးလို့ထင်​ပါတယ်​။ စာနာစိတ်​မရှိ မထားနိုင်​ရင်​​သော်​မှ အဲဒီလို ဟာသသဖွယ်​ ​မပြောသင့်ဘူးထင်​ပါတယ်​။ မိန်​းက​လေးတစ်​​ယောက်​အ​နေနဲ့ ဘာ​ကြောင်​့များ အဲဒီလို ​ပြောထွက်​ရက်​သလဲဆိုတာ နားမလည်နိုင်​​အောင်​ပါပဲ။ သတိပြု ဆင်​ခြင်​စရာတစ်​ခုအ​နေနဲ့ ​ရေးလိုက်​ခြင်​းပါ။

ဒီ​နေ့ကြားခဲ့ရတဲ့ ကိစ္စနဲ့ စကားတစ်​ခွန်​း အ​ပေါ် ကျမရဲ့အယူအဆ ခံစားချက်​သက်​သက်​ပါ။

 

အားလုံး ကျန်​းမာရွှင်​လန်​းကြပါ​စေ။

ပန်​းစံပါယ်​​

16 comments

  • ဦးကြောင်ကြီး

    March 2, 2015 at 2:41 am

    ဒါဗေမဲ့ဂျာ.. လောက်ကိုင်သွားတိုက်တာတော့ သိပ်ရွံဖို့ကောင်းဒရယ်..။ ဘယ့်နှယ် ကိုင်ဇာ ရှားလို့..။

    • ပန်း စံပါယ်

      March 2, 2015 at 3:21 pm

      မြင်​ဖူးတဲ့ တစ်​ချို့​လောက်​​က​လေး​တွေက ဖြူဖြူ​လေး​တွေ​နော်​..ဦး​ကြောင်​ကြီး

  • မြစပဲရိုး

    March 2, 2015 at 4:33 am

    ပန်းစံပါယ် ကို မှတ်မိပါတယ်။

    ငါစွဲ တွေ ကင်းပြီး အားလုံး စိတ်တူညီမျှ နေလို့ ကတော့ ကမ္ဘာကြီးမှာ စစ် ဆိုတာ ဘယ်ရှိပါ့မလဲကွယ်။

    • ပန်း စံပါယ်

      March 2, 2015 at 3:19 pm

      ဖတ်​ရှု​ပေးတဲ့အတွက်​​ရော မှတ်​မိတဲ့အတွက်​​ရော ကွန်​မန်​့​ပေးတဲ့အတွက်​ပါ ​ကျေးဇူးအများကြီးပါလို့

  • naywoon ni

    March 2, 2015 at 10:29 am

    သူအ​ပြောခံလိုက်​ရတဲ့ တစ်​​ယောက်​ကလည်​း သူ့အတွက်​ ဘာ​တွေ နာကျည်​း မုန်​းတီးစရာ​တွေ ရှိ​နေမှန်​းမှ မသိဘဲ ။ နာကျည်​း မုန်​းတီးစရာရှိလို့ ​ပြောတာလဲ ဖြစ်​နိုင်​တာပဲ ။ ဒါက ​ပြောခဲ့တဲ့ မိန်​းက​လေးဘက်​က ​တွေး​ပေးတာ ။ တစ်​ဘက်​ကကြည်​့​တော့လည်​း ဒါ ဘာသာ​ရေး အဆုံးအမ အားနည်​းလို့ ပညာ နုံနဲ့ လို့ ဖြစ်​သွားတာပါ ။ ဒီလို လူငယ်​ ဒီတစ်​​ယောက်​ထဲရှိတယ်​ မထင်​နဲ့ ( ခပ်​ရိုင်​းရိုင်​း ​ပြောရရင်​ ) ရိုက်​သတ်​လို့ မကုန်​ဘူး ။ ဒီလို လူငယ်​​တွေလက်​ထဲ အနာဂါတ်​တစ်​ခုလုံး ပုံအပ်​​ပေးထားရမှာ နိုင်​တစ်​ခုအတွက်​ရင်​​လေးစရာပါ

  • ခင်ဇော်

    March 2, 2015 at 11:49 am

    လူ့ အသက်နဲ့ ပတ်သက်တဲ့ ဘယ် ကိစ္စမဆို ဟာသ မလုပ်သင့်ဘူးလို့ တော့ မြင်တယ်။

    :a:

    သူ့ဘက်က ကြည့်တော့ လည်း ဘာ အနာရှိမှန်းမှ မသိ။
    အဲဒီ အဖွဲ့အစည်းက ကျူးလွန်ထားတဲ့ ကိစ္စတွေ လူတန်းစား အမျိုးမျိုး အပေါ် အများကြီးလေ။
    :p:

  • ပန်းစံပါယ်အရေးအသားကိုကြည့်ပုံအရဆို ကောင်မလေးက ပေါ့ပျက်ပျက်အရာရာကိုရီစရာလိုလိုလုပ်ပြောရတာ မြတ်သောမင်္ဂလာတစ်ပါးလို့ခံယူထားပုံရပါတယ်။
    🙂

  • kai

    March 2, 2015 at 3:07 pm

    ယူအက်စ်မှာဆိုရင်တော့.. သူတို့အဲလိုပြောနေတာကို.. ဘေးကနေသွားထောက်သူကမှ.. ဥပဒေအရရော…
    လူမှုရေးအရပါ.. မှားသူဖြစ်လိမ့်မယ်..။

    တကယ်တော့.. ဒီအဖြစ်ကလေးက.. ကျုပ်အတွက်တော့…. လူငယ်စုံတွဲတခုကနေ.. လက်ရှိခေတ်.. အခြေအနေတခုကိုမှန်းဆယူလို့ရတဲ့အတွက်.. ကျေးဇူး..။ :k:

  • ပန်း စံပါယ်

    March 2, 2015 at 3:14 pm

    ဖတ်​ရှု​ပေးတဲ့သူ​တွေကို​ရော comment​ ​ပေးတဲ့သူ​တွေကို​ရော ​ကျေးဇူးပါရှင်​။ ​

    ကောင်​မ​လေး​ပြော​နေတဲ့အ​နေအထားကိုကြည်​့ရတာ နာကျည်​းလို့​တော့ ဟုတ်​ဟန်​မတူဘူး။ ​ကို/ဦး naywoon ni နဲ့ မ နန်​း​တော်​ရာသူ တို့​ယူဆသလိုဖြစ်​မယ်​လို့ ကျမလည်​း ယူဆမိတယ်​။

  • Ma Ma

    March 2, 2015 at 4:36 pm

    ပြောလိုက်တဲ့စကားရဲ့ အတိမ်အနက်ကို သေသေချာချာ မစဉ်းစားပဲ ပြောလိုက်ပုံရတယ်။ 🙁

  • ပန်း စံပါယ်

    March 2, 2015 at 5:28 pm

    ကျမလည်​း အဲလိုပဲ ထင်​တယ်​ Ma Ma ​ရေ။ သူက​တော့ ဘာရယ်​လို့မဟုတ်​ဘူး ​ပြောလိုက်​တာပဲ။ ဒါ​ပေမယ်​့ ကိုယ်​့​ဆွေမျိုး အသိုင်​းအဝိုင်​းထဲမှာ သ​င်္ဘောသား​တွေရှိ​နေတာက တစ်​​ကြောင်​း၊ ​လောက်​ကိုင်​​ဒေသမှာ ​အသက်​​ပေးသွားတဲ့ စစ်​သားနဲ့ ြပြည်သူ​​​ေ​တွအတွက်​ စိတ်​မ​ကောင်​းဖြစ်​တာကတစ်​​ကြောင်​းဆို​တော့ ​တိုက်​ဆိုင်​ပြီး ​ပြောရက်​​လေခြင်​းဆိုပြီး ကျမလည်​း feel ဖြစ်​သွားတယ်​ပေါ့​လေ။

  • Courage

    March 2, 2015 at 7:50 pm

    ဟွာလေ အဲ့ကောင်မလေးရဲ့ ခပ်ပေါ့ပေါ့ ပြောလိုက်တဲ့ဟာသနဲ့ ပတ်သတ်ပြီး ဟွာလေးတောင် သွားသတိရတယ်။ “ကုလားလူမျိုးကို ကုလားလို့ခေါ်တာ မိဘသွန်သင်မှုနည်းတာပဲ” ဆိုတဲ့ အမွေစုစကားလေး။
    ခုလဲ အဲ့ကောင်မလေးရဲ့ အပျော်သဘော အမှတ်မဲ့စကားကို တားမြစ်ရင် အမွေစုစကားလို ဝိုင်းထောပနာ ပြုကျမလားပဲ။
    စဉ်းစားမတာ့ ပြောတာပါ… … …

  • Mr. MarGa

    March 3, 2015 at 7:18 pm

    အမြင် အမျိုးမျိုး ပေါ့လေ
    ဒီစနစ် ဒီခေတ်အောက်မှာ ဒီလိုအတွေးတွေ ထွက်လာတာ မဆန်းဘူးပဲ ပြောရမလားတော့ မသိဘူးဗျာ…

  • Alinsett@Maung Thura

    March 4, 2015 at 2:17 pm

    ရွာထဲ မရောက်တာ ဘယ်လောက်ကြာကြာ…
    ပန်းစံပါယ်ဆိုတဲ့ နာမည်ကိုတော့….
    ပြန်တွေ့လိုက်ရသည်ဖြစ်စေ..
    ပြန်မတွေ့ရဘူးဖြစ်စေ…
    အမှတ်ရရ ရှိနေသူပါ ခညာ…

    :kwi:

    .စာရေးသူပြောပြတဲ့ အဖြစ်ကိုဖတ်ပြီး..
    တစ်ယောက်ယောက်ရဲ့ ဒုက္ခတွေ အနာတရတွေဟာ..
    အခြားတစ်ယောက်ယောက်အတွက်…ရယ်စရာ…လှောင်ပြောင်သရော်ချင်စရာ…
    ခပ်ပေါ့ပေါ့ပြောဆိုစရာတွေ ဖြစ်သွားတတ်တာပါပဲ..ရယ်လို့..တွေးမိ…

  • ပန်း စံပါယ်

    March 4, 2015 at 2:32 pm

    မှတ်​မိတဲ့အတွက်​ ​ဝမ်​းသာပါရတယ်​ ကို Alinsett@Maung Thura ​ရေ။

    အခြားတဖက်​က​တွေးပြီး​ပြောရရင်​ အခြားတစ်​​ယောက်​​ယောက်​အတွက်​ ခပ်​​ပေါ့​ပေါ့ ​ပြောဆို စရာ ​လှောင်​​ပြောင်​သ​ရော်​စရာ ရယ်​စရာဟာ ကာယကံရှင်​အတွက်​​တော့ အတိုင်​းအတာတခုထိ ခံစားရတဲ့ အရာ​တွေဖြစ်​​နေတတ်​တယ်​လို့ ​တွေးမိပြန်​ပါတယ်​။

    စကားမစပ်​ အတင်​းစပ်​..@​နောက်​က နာမည်​ကို​တွေ့​တော့ အပြင်​မှာ သိတဲ့ သူရ ​ခေါ် နိုင်​နဲ့စတဲ့နာမည်​နဲ့သူများလားလို့ ထင်​မိတယ်​။ မှားသွားရင်​လည်​း စိတ်​မရှိနဲ့​နော်​။

    • Alinsett@Maung Thura

      March 4, 2015 at 2:49 pm

      ကျနော့်နာမည်အရင်းက Thura ပါပဲ။ အသက် ၁၈ နှစ်ပြည့်တုန်းက ကိုယ့်ဘာသာ စိတ်ကြိုက်ရွေးပေးခဲ့တဲ့ နာမည်.. သူရ ပါပဲ။ အရှေ့က Maung တောင် ခေါ်ရအဆင်ပြေအောင် ထပ်တိုးထားတာဆိုပါတော့..
      မှတ်ပုံတင်ထဲက နာမည်ကတော့ သူရ …
      ငယ်ငယ်က အဖေ ပေးခဲ့တဲ့နာမည်က ”သန်းဇော်ဌေး”
      ကျောင်းသားဘဝတလျှောက်လုံး အဲဒီ သန်းဇော်ဌေးဆ်ိုတဲ့နာမည်နဲ့ပေါ့…

      :k:

Leave a Reply