နားဦးတည့်ရာ တစ်ဆယ့်တစ် – Dima Bilan (Believe)

မြစပဲရိုးMarch 1, 20153min24317

ဘီဘီစီ documentary  တွေ ထဲ မှာ ” How We Got to Now”  ဆိုတာ ရှိတယ်။
ဟိုးရှေးရှေး က တီထွင်ကြံဆ ခဲ့မှု တွေဟာ ကမ႓ာကြီး ကို ဘယ်လိုတိုးတက်ပြောင်းလဲ စေခဲ့ တယ် ဆိုတဲ့ အကြောင်းတွေ ကို ပြောထားတာမို့ အတော်လေး စိတ်ဝင်စားဖို့ကောင်းပါတယ်။
ပြပြီးတဲ့ စီးရီး အတွဲတွေ က Clean, Time, Glass, Light, Sound နဲ့ Cold တဲ့။
အားလုံး ကိုတော့မသိပါဘူး။
သိလိုက်တဲ့ “Cold ” ဆိုတဲ့ စီးရီး အကြောင်း က တစ်ချို့ ကို အချုပ်ပြောချင်ရဲ့။

အမေရိကားတိုက် ရဲ့ အေးလွန်းတဲ့ မြောက်ပိုင်း က ရေခဲ တွေ ကို ပူလွန်းလှတဲ့  တောင်ပိုင်းမှာ သုံးဖို့ ရေခဲတောင် တွေကို ဖြတ်ပြီး သဘောင်္ နဲ့ သယ်လာတာ ဘယ်လောက် ရူးကြောင်ကြောင် အတွေးလဲ နော။
သေချာတာပေါ့။ တောင်ပိုင်း ထိ ရောက်ဖို့မပြောနဲ့၊ လမ်းမှာတင် ရေခဲ တွေ အရေပျော် သွားတော့တာ။
အဲဒီ လူငယ် ခမျာ ဒေဝါလီခံရရုံတင်မက လိမ်လည်မှုလို နဲ့ ထောင်တောင်ကျလိုက်သေး။
ဒါကို ဇွဲမလျှော့ဘဲ သူ့ အိမ်မက် ကို မရ ရအောင် အကောင်အထည် ဖော်နိုင်ခဲ့လို့ အစားအစာ တွေ ကို ရေခဲရိုက်ပြီး သိုမှီး ထားနိုင်ခဲ့တာမို့ အမေရိကန်ပြည်ထောင်စုကြီး ကို မြို့သစ် တွေ ပိုပိုပြီး ချဲ့လိုက်နိုင်ခဲ့တာလို့ ပြောတာဘဲ။
အဲဒီ နယူးအင်္ဂလန် ဆိုတဲ့ အမေရိကားတိုက် မြောက်ပိုင်းစွန်း နေရာ က ရေခဲတွေ ကို အိန္ဒိယ ကတောင် ဝယ်ရတာတဲ့။
ရေခဲစက် တွေ မပေါ်သေးတဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀ဝ ကျော်ကပေါ့။
အမှန်တော့ ပူလွန်း တဲ့ ဒုက္ခ ကနေ သက်သာအောင် ကြံဆရင်း ဖြစ်သွားတဲ့ တိုးတက်ပြောင်းလဲမှုတွေပေါ့။
အခက်အခဲ တွေ၊အရှုံး တွေ နဲ့ ရင်ဆိုင်ရလဲ  ကိုယ့်ကိုယ်ကို ယုံကြည်တာကြောင့် လိုချင်တာကို မဖြစ်ဖြစ်အောင် ကြိုးစားခြင်း ရဲ့ ရလာဒ်ပါဘဲ။

လောကကြီး က လူတစ်ယောက်ချင်း စီ အတွက် သက်ဆိုင်ရာ အရည်အချင်း အရည်အသွေး တွေ ပေးထားပြီးသားပါ။
အဲဒါတွေ ကို အလဟသ မဖြစ်စေဘဲ လိုချင်တာကို အိမ်မက် တွေ မက်ကြပါ။
ရအောင် အင်အားလေး စိုက်၊ သတိလေး ထားပြီး အကောင်အထည်ဖော်ကြပါ။
တစ်ခါ မရ လဲ နောက် တစ်ခါ ထပ်ကြိုးစားကြည့်ပါ။
တစ်နေ့တော့ ဖြစ်ချင်တာတွေ  ဖြစ်ကို ဖြစ်ရမှာပေါ့။

အဲဒါ  ရေးရင်း နဲ့ သီချင်း တစ်ပုဒ်ကို  နားထဲ ထည့် ခဲ့တယ်။
ဆိုတဲ့ သူက သိပ်ပြီး နာမည်ကြီး တဲ့ ကမ႓ာကျော် အဆိုတော် လဲ မဟုတ်ပါဘူး။
ဒါပေမဲ့ ၂၀၀၈ ဥရောပသီချင်းဆိုပြိုင်ပွဲ မှာ အနိုင်ရခဲ့တဲ့ သီချင်းပါ။
ရုရှား အဆိုတော် အသံဝဲဝဲ နဲ့မို့ စာသားတွေ ကို ကြည့်ပြီး နားထောင်မှ နားလည် နိုင်မယ်။

တယောထိုးသူ ရော၊ ရေခဲပြင် အက သမား နဲ့ပါ အားဖြည့်ထားတာ အပြင် စင် အပြင်အဆင်ကလဲ အတော်ခမ်းနားတာမို့ အတော်လေး ကြည့်ကောင်း ပါတယ်။
အဲဒီ ကာလ က တော်တော်လေး နှစ်သက်ပြီး မကြာမကြာ နားထောင်ဖြစ် ခဲ့ တာမို့ အခု သတိတရ ပြန်ပြီး ဖော်ထုတ်လိုက်ပါတယ်။

So …
All my beloved Sons & Daughters
Please BELIEVE in yourself and Keep going on!
You are the only one who can make your dream comes true!

နောက်ဆုံး အိမ်မက် တွေ အကောင်အထည် ဖြစ်မလာတာလဲ ရှိနိုင်ပါတယ်။
တစ်ခါ တစ်ခါ လောကကြီး က လဲ မာယာများသားကို။
အဲဒီ အချိန်မှာလား။
The only way to do great work is to love what you do.
Steve Jobs — :))

 

Believe – Dima Bilan

Even when the thunder and storm begins
I’ll be standing strong like a tree in the wind
Nothing’s gonna move this mountain
Or change my direction
I’m falling off that sky and I’m all alone
The courage that’s inside gonna break my fall
Nothing’s gonna deem my light within

But if I keep going on
It will never impossible, not today

Cause I’ve got something to believe in
As long as I’m breathing
There is not a limit to what I can dream
Cause I’ve got something to believe in
Mission to keep climbing
Nothing else can stop me if just believe
And I believe in me

Even when the world tries to pull me down
Tell me that I can, try to turn me around
I wont let them put my fire out, without no!

But if I keep going on
It will never impossible, not today

Cause I’ve got something to believe in
As long as I’m breathing
There is not a limit to what I can dream
Cause I’ve got something to believe in
Mission to keep climbing
Nothing else can stop me if just believe

And I believe:
I can do it all
Open every door
Turn unthinkable to reality
You’ll see – I can do it all and more

Believing
As long as I’m breathing
There is not a limit to what I can dream
Cause I’ve got something to believe in
Believing
Mission to keep climbing
Nothing else can stop me if just believe
And I believe me

17 comments

  • ဦးကြောင်ကြီး

    March 2, 2015 at 2:50 am

    ရေဂဲဆကိတ်စိုလို့ ကိုကြက်ဝတ်စုံနဲ့ သာမီးလေး ကဒါမှား ပါမားလို့..။ ဘဲစုတ် သဲလှုပ်ဏှေဒါ.. ကျိဇယာလား.. ခွီး။

  • ခင်ဇော်

    March 2, 2015 at 11:45 am

    ဒီ သီချင်းကို မသိဘူးးး
    ထပ်နားထောင်အူးမယ်။
    ဒါမျိုး ဆန်ဆန် သီချင်းကို WHITNEY HOUSTON ရဲ့ “When You Believe” ကို နားထောင်ဖူးတယ်။

    There can be miracles when you believe
    Though hope is frail, it’s hard to kill
    Who knows what miracles you can achieve
    When you believe, somehow you will
    You will when you believe

    ကျနော်တို့ ယုံကြည်တာကို ယုံယုံကြည်ကြည် ဆက်ယုံကြည်နေဖို့ ဘာလိုမလဲတော့ မသိ။ 🙄

    :k:

  • kai

    March 2, 2015 at 1:55 pm

    အဲဒီရေခဲတွေကို.. သေတ္တာတွေထဲထည့်.. သိမ်းတဲ့ပုန်းကိုရေခဲသေတ္တာခေါ်သပေါ့..။
    လျှပ်စစ်မီးနဲ့ရေခဲအောင်မလုပ်တတ်ခင်က.. အဲဒီရေခဲသေတ္တာထဲ.. ရေခဲတွေထည့်ဖို့.. ရေခဲသမားက.. အိမ်အရောက်ရေခဲပို့ကြတယ်…။ အစားအသောက်တွေ ပိုတာရှည်ခံသပေါ့..။ အလုပ်အခွင့်အလန်းတွေပိုလာသပေါ့..။
    အတွေးကလွယ်လွယ်လေးပဲ..။
    ဒါပေမယ့်.. အပူပိုင်းနိုင်ငံက…မြန်မာတွေစိတ်မကူးခဲ့ကြ..။ မလုပ်ခဲ့ကြ…။
    အံ့စရာနော…။ :k:

    ဘာလို့မလုပ်ကြသလည်းအဖြေက.. ဒီရွာထဲတင်.. တချို့ပို့စ်တင်ထားတာရှိတယ်..။
    ဘဝဆိုတာ.. ဆင်းရဲခြင်းတဲ့..။
    ရုပ်နာမ်နပါးနဲ့. ၂ပါးသွားနေရတဲ့.. လူဖြစ်ရခြင်းဆိုတာကြီးက.. ဆင်းရဲနေမှတော့…
    ဒီလိုရှုပ်ရှုပ်ယှက်ယှက်.. ရေခဲတွေနဲ့..အလုပ်တွေလုပ်နေရမယ့်အစား.. ဘုန်းကြီးလှူပြီးနတ်ပြည်တက်…
    နတ်သမီးတဖက်လေးငါးရာနဲ့.. ပဒေသာပင်ဘေးမှာ.. နတ်သုဒ္ဓာလေးစား.. နှပ်နေတော့မယ်ပေါ့…။
    အင်း.. မလှူတွေကတော့.. ငရဲပြည်သွားမယ်ပ…။
    ကြပ်ကြပ်သတိထား…။ :k:

    • ခင်ဇော်

      March 2, 2015 at 2:03 pm

      ဘယ် ပို့(စ) မဆို
      အကြောင်းအရာကို
      ဒီကို ရောက်အောင် ပြောနိုင်တာ အရမ်းတော်တာပဲ ညော်။

      သာဒု

      :k:

      • kai

        March 2, 2015 at 2:14 pm

        အဟမ်း..
        အခုကမ္ဘာကြီးမှာဖြစ်ပျက်နေသမျှ.. ဖြစ်ခဲ့သမျှ.. ပဋိပက္ခတွေရဲ့.. ၈ဝရာခိုင်နှုန်းမက,က.. ဘာသာရေးကြောင့်ခင်ဗျ…။
        အမေရိကားတောင်.. အင်္ဂလန်က.. ဘာသာရေးပြသနာကြောင့်.. ထွက်ပြေးလာသူတွေနဲ့ထောင်ထားတာ..။
        လူတွေတဦးချင်းစီလည်း.. ဒီအတိုင်း… ဒီအတိုင်းပဲ..။ :k:
        Doesn’t religion cause most of the conflict in the world? | The …
        http://www.theguardian.com › Opinion › Religion
        The Guardian
        Jul 2, 2013 – I’m under no illusion about the fact that religion is routinely used to justify … only religion causes conflict, I’d argue that all mass murder and war …

  • padonmar

    March 2, 2015 at 9:53 pm

    ပလေးဘွိုင်းသန်းနိုင်ရဲ့ လူငယ်လေးတယောက်အကြောင်း သီချင်းကို သတိရမိတယ်။

  • Courage

    March 3, 2015 at 7:59 am

    “Cause I’ve got something to believe in
    As long as I’m breathing
    There is not a limit to what I can dream” အာ့လေးကို ကြိုက်တယ်။
    ဟွာလေ… အပြစ်ရှာတာတော့ ဟုတ်ပါဘူး။ ဒါမဲ့လေ သံစဉ်၊စာသား၊အဆိုနဲ့ တင်ဆက်မှု အားလုံးကို ကြိုက်ပေမယ့် အဆိုတော်ရဲ့ မျက်နှာပေးတော့ ကြိုက်ဘူးဗျ။ ဟွာလေ ဘယ်လိုပြောရမလဲ ရုပ်က ပြီတီတီကြီးဆိုတော့ ကြည့်ရတာ တစ်မျိုးပဲ…

  • Ma Ma

    March 3, 2015 at 7:24 pm

    ဒီဗွီဘီမှာထင်တယ် လာဖူးတဲ့ တရုတ်ပြည်ကနေ အမေရိကန်က ရေကို အင်ပို့လုပ်တဲ့ ပုစွန်မွေးမြူရေးသမားတစ်ယောက်အကြောင်းကို သတိရမိသွားတယ်။

    တင်သွင်းလာတဲ့ ရေကို အစိုးရပိုင်းက ရိုးရိုးရေဆိုတာကို မယုံကြည်လို့ စစ်ဆေးမှုအမျိုးမျိုး လုပ်ပြီးမှ သယ်ယူသွားခွင့်ပြုလိုက်တာ။

    ဘာလှို့ဝှက်ရှိလဲဆိုပြီး လုပ်ငန်းတူတွေကလည်း စပ်စုကြတယ်။
    ဂေါက်ကြောင်တယ်လို့ ထင်တဲ့သူတွေကလည်း အမျိုးမျိုးပြောကြတယ်။

    အစပိုင်းမှာတော့ သူလည်း ဆုုံးရှုံးမှုပေါင်းမြောက်မြားစွာခံရပြီး လုပ်ငန်းပျက်သွားတယ်။

    နောက်တကြိမ်ပြန်ကြိုးစားတဲ့အခါမှာ ပုစွန်မွေးမြူသူတွေဟာ သူ့ဆီက သားပေါက်ဝယ်ရတဲ့ အခြေအနေကိုရောက်ပြီး သူ့တို့နိုင်ငံရဲ့ (ထင်တယ်) နံပါတ်တပ်ခံရတဲ့ သူဌေးကြီးတစ်ယောက်ဖြစ်သွားတယ်။ 🙂

  • Alinsett@Maung Thura

    March 4, 2015 at 4:15 pm

    လောကကြီး က လူတစ်ယောက်ချင်း စီ အတွက် သက်ဆိုင်ရာ အရည်အချင်း အရည်အသွေး တွေ ပေးထားပြီးသားပါ…

    ဒါမယ့် ကိုယ့်အားသာချက် ကိုယ့်အရည်အချင်းက ဘာလဲဆိုတာတော့ …ကိုယ့်ဘာသာ သိအောင်လုပ်ရမယ်
    အဲဒါကို အရင်းတည်ပြီး အောင်မြင်အောင် ကြိုးစားရမယ်ဆိုပါတော့…

    .ကောင်းတယ်။

    ဒါနဲ့ ကျနော့် အရည်အသွေးက ဘာပါလိမ့်

  • pooch

    March 5, 2015 at 3:54 pm

    currently i don’t believe what i believe now :((

  • Mike

    March 6, 2015 at 11:55 am

    .I’m Believing…Believing…Believing..in me :))

  • Mr. MarGa

    March 6, 2015 at 3:27 pm

    I believe myself…
    အဲ…နေပါဦး…
    ငါ့ကိုယ်ငါရော ယုံရတာ သေချာရဲ့လား 🙄

  • မြစပဲရိုး

    March 7, 2015 at 10:56 pm

    ကြောင်ကြောင်
    နောက်ဆိုရင် “ဘဲ Only” လို့ သတိပေးစာ တပ်ပါ့မယ်။
    သီးခံပြီး ဝင်ကြည့် သွားတာ ကျေးဇူးကြီးလှပါတယ်။

    ဇီကလေး
    တကဲ့ လက်တွေ့ဘဝ မှာတော့ ကိုယ့်ဟာကို ယုံကြည်တာ နဲ့ စိတ်အားငယ်တာ ( လုပ်နိုင်ပါ့မလား ဆိုတဲ့ သံသယ) က လွန်ဆွဲ နေတာပါ။
    အဲဒီအချိန် ဘေးမှာ ပါရမီဖြည့်ဖက် လိုတယ် မိန်းကလေး ရဲ့။
    ရှိမှာပါလေ။
    (အနည်းဆုံးတော့ မာမီ ပေါ့) 😉

    မနန်း
    ဒီ Eurovision Song Contest က နေ နာမည်ကြီး အဆိုတော် တွေ ထွက်လေ့ ရှိတယ်။
    စလင်းဒီယွန် လဲ တစ်ယောက် အပါအဝင်ပေါ့။
    သူက ၁၉၈၈ မှာ ဆွစ်ဇာလန် ကို ကိုယ်စားပြု ဝင်ပြိုင်ပြီး နိုင်ခဲ့တာ။
    ပြင်သစ်-ကနေဒီယန် စပ် ထင်ရဲ့။
    ABBA က ၁၉၇၄မှာ ဆွီဒင် ကိုယ်စားပြု ပြီး နိုင်တာပါ။
    ဒီနှစ် အတွက်လဲ ပြင် နေကြပြီ။ အရီး ကတော့ နှစ်တိုင်း အားပေးတာ။

    သူကြီး
    အဲဒီ ရေခဲ တွေ ကို သယ်ဖို့ လွှစာမှုန့် နဲ့ ဆား တွေ ကို သုံး ခဲ့တာတဲ့။
    နောက်ပိုင်း မှာ မှ ရေခဲဗူး လိုမျိုး ထွင်လာပြီး အဆင့်မြင့်လာတာ။
    နောက်ပိုင်း တော့ ရေ ကနေ ရေခဲ စ လုပ်ဖို့ ထွင်တာပေါ့။
    ဒါတောင် စက် က နေ ရတဲ့ ရေခဲ တွေ က အာတီဖစ်ရှယ် ဆိုပြီး အပြောခံ ရသေးသတဲ့။

    ဇီကလေး
    တို့ သူကြီး မင်း လဲ ဘုန်းကြီး ရိုက် လို့ ထွက်ပြေးပြီး အဲ့ ကို ရောက်နေသူ လို့ မထင်မိဘူးလား။

    အစ်မဒုံ
    ပလေးဘွိုင်းသန်းနိုင် နဲ့ သူ့သီချင်း များကလဲ တစ်ခါ ထိပ်တန်း စူပါစတားပေါ့။
    သူ့ သီချင်း ထဲ က လူငယ်လေး တစ်ယောက် က လဲ တစ်ချိန် လူကြီး ဖြစ်တော့ အတွေး တွေ၊ ယုံကြည်ချက် တွေ ပြောင်းသွားလား သိချင်စမ်းတော့။

    မောင်ကာကြီး
    မင်းပြောလဲ ပြောစရာပါဘဲ။
    သို့ပေသည့် အဲ့ကိုယ်တော် က အဲဒီတုန်းက တော့ ရုရှားမလေး တွေ အသည်းစွဲ တဲ့ ကွဲ့။

    မမ
    စိတ်ဝင်စားစရာ ဇာတ်လမ်းဘဲ။
    မကြားဖူးဘူး။ မျှပေးလို့ ကျေးဇူးပါ။
    ကြည့်ရတာ ရေ က ရေချို ရေငံ လိုမျိုး ကွာ တတ်တာ ထင်တယ်နော်။
    ရေသတ္တဝါ တိုင်း က ရေ ရဲ့ နေရာ တကာ အတူတူ ပေါက် နေတာ မှ မဟုတ်တာ နော်။
    သူ့ အတွေး က ရိုးရိုး လေး ပေမဲ့ အကြီးကြီး အပြောင်းအလဲ ပါဘဲ။
    သူများ တွေးတာ ကို ရိုးရိုး လေး ထင်မိပေမဲ့ ကိုယ်တိုင် က စ တွေးဖို့ ဆိုတာမှ မဟုတ်ခဲ့တာနော်။
    အဲလို စ နိုင်ဖို့ က ခက်တာ နေမှာ။

    ဆက်ဆက်
    အမေ့ ကို မေးကြည့်။
    ဆရာမ ကို မေးကြည့်။
    မဟုတ်လဲ မင်း ကောင်မလေး တွေ ကို မေးကြည့်။

    မယ်ပုချ် လေး
    တကယ်တော့ အဲဒါ အမှန်တရားပါဘဲ။ သံသယပေါ့။
    ဘေးက အားပေး သူ ကို ရှာပါလေ။

    မိုက်
    မီး ကို ယုံကြည်တာ မဆန်းပါလေ။
    သူ့ကို အယုံရင် ဗိုက်ခေါက်ပြတ်မှာပေါ့။

    ဖိုးသိကြား
    အပေါ်မှာ ရှင်လေး အစ်မတော်လေး များ ကို အကြံပု ထားသလိုဘဲ
    ပါရမီဖြည့်ပြီး အားပေးနေမဲ့ သူကို ရ အောင် ရှာပါလေ။
    ဘုရားတောင် ပါရမီဖြည့်သူရှိမှ ပွင့်ရတာ ပြောတာဘဲ။
    ဆိုင်မဆိုင် တော့ မသိ။
    lol:-))))

    • Mr. MarGa

      March 9, 2015 at 12:23 am

      သတင်​းစာ ထဲ ထည်​့ ​ကြော်​ငြာတာ ​ကောင်​းမလားမသိ :loll: 🙄 :mrgreenn:

  • Crystalline

    March 8, 2015 at 2:21 pm

    နားမထောင်ဖူးဘူး…. အရီးခိုက်တဲ့…. မုတ်ဆိတ်သီချင်းတွေတော့… ကွန်ကောင်းတဲ့အရပ်ရောက်နေတုန်း နားထောင်ဖြစ်တယ်… သူ့အသံကို သိပ်မကြိုက်ဖူး… :))

Leave a Reply