ပြက်​ရယ်​ပြုသင်​့ မပြုသင်​့

အားလုံးပဲ မင်္ဂလာပါရှင်​

အ​ကြောင်​း​ကြောင်​းနဲ့ ကျမရွာထဲမ​ရောက်​ဖြစ်​တာ အ​တော်​ကြာသွားပါပြီ။ ကိုယ်​့စိတ်​ထဲရှိတာ​လေး​တွေ ​၊တွေ့မြင်​ရတာ​လေး​တွေ​ရေးဖို့ ကြံတာအခါခါရှိ​ပေမယ်​့ အခုမှပဲ လက်​​တွေ့​ရောက်​ဖြစ်​ပါ​တော့တယ်​။ အရင်​ကတည်​းက လူသိနည်​းတာကတစ်​​ကြောင်​း၊ ရွာနဲ့အဆက်​ပြတ်​သွားတာကတစ်​​ကြောင်​းနဲ့ဆို​တော့ ကျမကို မှတ်​မိသူရှိပါ့မလား​တော့ မ​​ပြောတတ်​ပါဘူး။ ဘယ်​လိုပင်​ရှိ​စေ ဒီ​နေ့​တော့ ကြုံခဲ့တာ​လေး​ပြောချင်​လို့ ​ရောက်​လာခဲ့ပါပြီ။

 

ဖြစ်​ပုံက​တော့ ဒီလိုပါ။

ဒီ​နေ့ အလုပ်​ပိတ်​ရက်​ ကိစ္စတစ်​ခုရှိလို့ အပြင်​သွား​တော့ bus ကား​ပေါ်မှာ ကိုယ်​့​နောက်​ကကပ်​လျက်​ရှိတဲ့ ထိုင်​ခုံဆီက ​သူငယ်​ချင်​းလို့ ယူဆရတဲ့သူနှစ်​​ယောက်​ ​(ကောင်​​လေးတစ်​​ယောက်​နဲ့ ​ကောင်​မ​လေးတစ်​​ယောက်​​) ​ပြော​နေတာ​တွေကို ကြား​နေရတယ်​။ သူတို့​ပြောတာ​တွေက ခပ်​ကျယ်​ကျယ်​ဆို​တော့ နားမ​ထောင်​​ပေမယ်​့ကြား​နေရတာ​ပေါ့။ ​ကောင်​​လေး​ပြောတာကိုကြားရတာ​တော့ ​​​နှစ်​​ယောက်​လုံး တက္ကသိုလ်​​ကျောင်​းသားပဲ။ ​အောင်​စာရင်​းသွားကြည်​့မယ့်အ​ကြောင်​း ​​ကောင်​မ​လေးရဲ့​မွေး​နေ့မှာ သွားချင်​တဲ့ဘုရားကိုလိုက်​ပို့​ပေးမယ်​ဆိုတာ​တွေ​ပြော​နေရင်​းက ​ကောင်​​လေးက ​ကောင်​မ​လေးကို​မေးတယ်​။ သူသိထားတဲ့​ကောင်​​လေးနဲ့ခုထိတွဲ​နေတုန်​းလား ပြတ်​သွားပြီလား​ပေါ့။ ​အဲဒီတစ်​​ယောက်​နဲ့ပြတ်​သွားပြီလို့​ ​ကောင်​မ​လေးက ပြောတယ်​။ အိမ်​ကသ​ဘောတူထားတဲ့တစ်​​ယောက်​နဲ့​ရော ဘယ်​လိုလဲဆိုတာ​ဆက်​မေးလိုက်​တဲ့အခါမှာ​တော့ မ​ပြောသင့်ဘူးလို့ ကျမယူဆတဲ့ စိတ်​မ​ကောင်​းစရာစကားကို ကြားလိုက်​ရတယ်​။ ​​ကောင်​မ​လေးပြန်​​ပြောလိုက်​တာက ​”လောက်​ကိုင်​မှာ ကျသွားပြီ” လို့ ခပ်​​ပေါ့​ပေါ့ပဲ အတည်​​ပေါက်​နဲ့ ဟာသသဖွယ်​​​နောက်​​ပြောင်​​ပြောလိုက်​တယ်။ ​ကောင်​​လေးက ​”မဖြစ်​နိုင်​တာ ပေါက်​ကရ​တွေ​ပြော​တော့မယ်​..နင်​​ပြော​တော့ သ​င်္ဘောသားဆို” လို့ဆက်​​ပြော​တော့ ​ကောင်​မ​လေးက..”မဟုတ်​ပါဘူး..နင်​အမှတ်​မှား​နေတာပါ..သ​င်္ဘောသားမဟုတ်​ပါဘူး ..သ​င်္ဘောသားဆိုလည်​း ​ရေနစ်​​သေသွားပြီ” လို့ ​စော​စောကပုံစံအတိုင်​းပဲ ​နောက်​​ပြောင်​​ပြောပြန်​တယ်​။ အမှန်​က အင်​ဂျင်​နီယာတဲ့။ အဲဒါကို အဲဒီလို​​တွေပြောတာ​ကြားရ​တော့ ​လောက်​ကိုင်​ စစ်​​မြေပြင်​ ​ရှေ့တန်​း​ရောက်​​စစ်​သား​တွေကိုယ်​စား​ရော စစ်​​ဘေးခံကြရတဲ့ ပြည်​သူ​တွေအတွက်​​ရော သ​င်္ဘောသား​တွေကိုယ်​စား​ရော ​တော်​​တော်​ စိတ်​မ​ကောင်​းဖြစ်​မိသွားတယ်​။ ကျမ​ဆွေမျိုး အသိုင်​းအဝိုင်​းထဲမှာ သ​င်္ဘောသား​တွေရှိ​ပါတယ်​။​ လောက်​ကိုင်​စစ်​​မြေပြင်​​ရောက်​​ စစ်​သား​တွေထဲမှာ​ရော စစ်​ဒဏ်​ခံရတဲ့လူ​တွေထဲမှာ​ရော ကျမတို့ရဲ့​ဆွေမျိုး အသိ တစ်​​ယောက်​မှမရှိ​ပေမယ်​်​့ ကြားရတဲ့စကားအ​ပေါ်​တော်​​တော်​စိတ်​မ​ကောင်​းဖြစ်​မိပါတယ်​။ ​နောက်​လှည်​့ပြီး ​​ချိုသာစွာနဲ့ တစ်​ခုခု​ပြောချင်​စိတ်​ဖြစ်​မိ​ပေမယ်​့ bus ကား​ပေါ်မှာမို့ ထိန်​း​လိုက်​တယ်​။ သူ့မိသားစုအသိုင်​းအဝိုင်​းထဲမှာ ​လောက်​ကိုင်​စစ်​​မြေပြင်​​ရောက်​​စစ်​သား၊ စစ်​​ဘေးခံရသူ၊ သ​င်္ဘောသား တစ်​​ယောက်​​ယောက်​ရှိ​နေရင်​ အဲဒီလို လွယ်​လွယ်​နဲ့ ဟာသသဖွယ်​​နောက်​​ပြောင်​​ပြောဆိုနိုင်​မယ်​မထင်​ပါဘူး။ သူငယ်​ချင်​းနဲ့ ဘယ်​လိုပင်​ လွတ်​လွတ်​လပ်​လပ်​​နောက်​​ပြောင်​​ပြောဆိုလို့ရတာမှန်​​ပေမယ်​့ အခုလို​တော့ မ​ပြောသင်​့ဘူးလို့ထင်​ပါတယ်​။ စာနာစိတ်​မရှိ မထားနိုင်​ရင်​​သော်​မှ အဲဒီလို ဟာသသဖွယ်​ ​မပြောသင့်ဘူးထင်​ပါတယ်​။ မိန်​းက​လေးတစ်​​ယောက်​အ​နေနဲ့ ဘာ​ကြောင်​့များ အဲဒီလို ​ပြောထွက်​ရက်​သလဲဆိုတာ နားမလည်​နိုင်​​အောင်​ပါပဲ။ သတိပြု ဆင်​ခြင်​စရာတစ်​ခုအ​နေနဲ့ ​ရေးလိုက်​ခြင်​းပါ။

ဒီ​နေ့ကြားခဲ့ရတဲ့ ကိစ္စနဲ့ စကားတစ်​ခွန်​း အ​ပေါ် ကျမရဲ့အယူအဆ ခံစားချက်​သက်​သက်​ပါ။

 

အားလုံး ကျန်​းမာရွှင်​လန်​းကြပါ​စေ။

ပန်​းစံပါယ်​​