အဘဖေါ ရဲ့ အမေရိက ၊ ကနေဒါ သွား ပေါ်တာ တောလား – ၉ ( Hershey’s Chocolate Factory, Corning Glass Museum ) ။

Foreign ResidentMarch 2, 201516min30016

အဘဖေါ ရဲ့ အမေရိက ၊ ကနေဒါ သွား

ပေါ်တာ တောလား – ၉ ( Hershey’s Chocolate Factory, Corning Glass Museum ) ။

 

ဝရ – ဝ၅ – ၂၀၁၄ ။

 

ဒီနေ့ကတော့ ၊ အဘတို့ တည်းတဲ့ ၊

Metro Points Hotel ရှိတဲ့ Maryland State ကနေ ထွက်ပြီး ၊

Pennsylvania State နှင့် New York State တို့ကို ဖြတ်မောင်းပါမယ် ။

 

အမေရိက နှင့် ကနေဒါ နယ်ခြားမြစ် ဖြစ်တဲ့ Niagara River ကို ၊

Niagara Fall ဘေးနား ကပ်လျက်က Rainbow Bridge ပေါ်ကနေ ဖြတ်ပြီး ၊

ကနေဒါ နိုင်ငံ ထဲမှာ ညအိပ်မှာပါ ။

 

လမ်းမှာ မပျင်းစေရအောင် အတွက် ၊

Pennsylvania ပြည်နယ်ထဲက Hershey’s Chocolate World ( Chocolate စက်ရုံ ) နှင့်

New York ပြည်နယ် Corning မြို့က Corning Museum of Glass တို့ကို ဝင်လည်ပါမယ် ။

 

မနက် ရ နာရီလောက်က ဟော်တယ်ကနေ စထွက်လာတာ ၊

၁ဝ နာရီ ခွဲ မှာ Hershey’s Chocolate World ကိုရောက်ပါတယ် ။

အထူးခြားဆုံး တွေ့ရတာကို ပြောရရင်တော့ ကလေးတွေ အများကြီး တွေ့ရတာပါဘဲ ။

 

၂၀၁၄ ၊ မေလ ရ ရက် ဗုဒ္ဓဟူးနေ့ Week Day ကြီးမှာကို ၊

ကျောင်းတွေ ကျောင်းတွေ ကနေ Excursion ထွက်လာပုံရတဲ့ ၊

တူညီ ကျောင်းဝတ်စုံလေးတွေနှင့် ကလေးတွေ အများကြီးကို တွေ့ခဲ့ရပါတယ် ။

 

9 Hershey’s Chocolate World ( Chocolate စက်ရုံ ) အဝင်ဝ 1 ။9 Hershey’s Chocolate World ( Chocolate စက်ရုံ ) အဝင်ဝ 1 ။

 

9 Hershey’s Chocolate World ( Chocolate စက်ရုံ ) အဝင်ဝ 2 ။9 Hershey’s Chocolate World ( Chocolate စက်ရုံ ) အဝင်ဝ 2 ။

 

9 အထူးခြားဆုံး တွေ့ရတာကို ပြောရရင်တော့ ကလေးတွေ အများကြီး တွေ့ရတာပါဘဲ ။9 အထူးခြားဆုံး တွေ့ရတာကို ပြောရရင်တော့ ကလေးတွေ အများကြီး တွေ့ရတာပါဘဲ ။

 

9 တူညီ ကျောင်းဝတ်စုံလေးတွေနှင့် ကလေးတွေ အများကြီးကို တွေ့ခဲ့ရပါတယ် ။ 9 တူညီ ကျောင်းဝတ်စုံလေးတွေနှင့် ကလေးတွေ အများကြီးကို တွေ့ခဲ့ရပါတယ် ။

 

အင်းးးးးး ၊ ကလေးလေးတွေကတော့ အရမ်းပျော်နေကြပုံပါဘဲ ၊

အသက်ငယ်သေးတော့လည်း ချော့ကလက် ကို ကြိုက်ကြပုံပါဘဲ ။

 

အဘတို့ မှာတော့ အသက်ကြီးလာပြီ ဆိုတော့ ၊

ဆီးချိုဖြစ်မှာစိုးလို့ အချိုစာတွေ ရှောင်ရင်း ရှောင်ရင်း နှင့် အကျင့်ပါသွားပြီး ၊

ကျန်းမာရေးအတွက် ကောင်းပါတယ် ဆိုတဲ့ Dark Chocolate ကိုတောင် ၊

မက်မက် စက်စက် မစားဖြစ်တော့ ၊ မကြိုက်မိတော့ပါဘူး ။

 

ပြောရမယ် ဆိုရင်တော့ ၊ ဘယ်အစားအစာကိုမှ ၊

မက်မက် စက်စက် ကြိုက်လှတယ် ၊ စားချင်လှတယ် ဆိုပြီး မရှိတော့ပါဘူး ။

တာဝန် တစ်ခုလို အချိန်မှန် စားနေရတဲ့ အခြေအနေဘဲ ရှိတော့တာပါ ။

ထားပါတော့လေ ၊ ဘေးတွေ ရောက်ကုန်ပြန်ပြီ ။

Hershey’s Chocolate World မှာတော့ ၊

ချောကလက်တွေရဲ့ သမိုင်းကြောင်း ၊

ကုန်ကြမ်း ကနေ Hershey’s Chocolate ဖြစ်လာဖို့ ၊

ပြုလုပ်ပုံ အဆင့်ဆင့် ကို ရှင်းလင်းပြထားတာပါ ။

 

အဓိက ကတော့ ခြောက်ယောက်စီး ရထားငယ်လေးကို စီးပြီး ၊

ချောကလက် စက်ရုံထဲက ထုတ်လုပ်ပုံ အဆင့်ဆင့် ကိုလေ့လာတာပါဘဲ ။

နောက်ဆုံးမှာတော့ သူတို့ Hershey’s Chocolate အမျိုးမျိုးကို ရောင်းတာပါဘဲ ။

အဘ တို့လို လူကြီးတွေအတွက်ကတော့ ထူးပြီး စိတ်လှုပ်ရှားစရာ မရှိလှပါဘူး ။

 

9 ခြောက်ယောက်စီး ရထားငယ်လေးကို စီးပြီး ။ 9 ခြောက်ယောက်စီး ရထားငယ်လေးကို စီးပြီး ။

 

9 ချောကလက် စက်ရုံထဲက ထုတ်လုပ်ပုံ အဆင့်ဆင့် ကိုလေ့လာတာပါဘဲ 1 ။ 9 ချောကလက် စက်ရုံထဲက ထုတ်လုပ်ပုံ အဆင့်ဆင့် ကိုလေ့လာတာပါဘဲ 1 ။

 

9 ချောကလက် စက်ရုံထဲက ထုတ်လုပ်ပုံ အဆင့်ဆင့် ကိုလေ့လာတာပါဘဲ 2 ။9 ချောကလက် စက်ရုံထဲက ထုတ်လုပ်ပုံ အဆင့်ဆင့် ကိုလေ့လာတာပါဘဲ 2 ။

 

9 နောက်ဆုံးမှာတော့ သူတို့ Hershey’s Chocolate အမျိုးမျိုးကို ရောင်းတာပါဘဲ 1 ။ 9 နောက်ဆုံးမှာတော့ သူတို့ Hershey's Chocolate အမျိုးမျိုးကို ရောင်းတာပါဘဲ 1 ။

 

9 နောက်ဆုံးမှာတော့ သူတို့ Hershey’s Chocolate အမျိုးမျိုးကို ရောင်းတာပါဘဲ 2 ။9 နောက်ဆုံးမှာတော့ သူတို့ Hershey's Chocolate အမျိုးမျိုးကို ရောင်းတာပါဘဲ 2 ။

 

အဲဒီ Hershey’s Chocolate World မှာ ၄၅ မိနစ်လောက်နေပြီး ၊

၁၁ နာရီ ၁၅ လောက်မှာ အနီးအနားမြို့က စားသောက်ဆိုင်တန်းမှာ ၊

နေ့လည်စာ စားဖို့ ထွက်လာခဲ့ကြပါတယ် ။

 

အဘ တို့ကတော့ US က နာမည်ကြီးတစ်ခု ဖြစ်တဲ့ Wendy’s ဆိုတဲ့ဆိုင်မှာဘဲ ၊

( အဘ တို့ ဩဇီမှာ ရှိဘူးလေ ) ဝင်စားကြည့်ကြပါတယ် ။

Mc Donald နှင့် မတူတဲ့ အရသာ အပြောင်းအလဲ တစ်မျိုး ပေါ့လေ ။

Wendy’s က ပိုပြီးတောင် အိမ်လုပ် စားစရာ Home Made ပိုဆန်သလိုဘဲ ။

မဆိုးပါဘူး ၊ Mc Donald ထက်တောင် ပိုကြိုက်မိသလိုဘဲ ။

 

9 Wendy’s က ပိုပြီးတောင် အိမ်လုပ် စားစရာ Home Made ပိုဆန်သလိုဘဲ ။ 9 Wendy's က ပိုပြီးတောင် အိမ်လုပ် စားစရာ Home Made ပိုဆန်သလိုဘဲ ။

 

နေ့လည်စာစားပြီးတော့ ၊ ဆက်ထွက်လာလိုက်တာ ၊ ညနေ ၃ နာရီမှာ ၊

New York ပြည်နယ် Corning မြို့က Corning Museum of Glass ကို ရောက်ပါတယ် ။

 

အဘ ကတော့ ၊ ဒီ Glass ကိစ္စ တွေကို သိပ်စိတ်မဝင်စားတော့ပါဘူး ။

နို့ ၊ ပြီးခဲ့တဲ့ ဥရောပ ခရီးစဉ်မှာတုန်းကလဲ ဗင်းနစ်မြို့မှာ Murano Glass စက်ရုံ ၊

ပြီးခဲ့တဲ့ နယူးဇီလန် Cruise မှာတုန်းကလဲ ဒီ Corning Glass Museum အဖွဲ့ ဘဲ ၊

စိတ်ထဲမှာ ထင်တောင်လာတယ် ၊ ဒီ အဖြူတွေ Glass တယ်ကြိုက်သကိုး လို့ ။

 

ဒါပေမယ့် ၊ ဒီ Corning Museum of Glass ကတော့ ၊

အရင် စက်ရုံ / Museum တွေထက် ပိုကြီး ပိုစုံတာ တွေ့ရပါတယ် ။

ထုံးစံအတိုင်းပါဘဲ ၊ Glassware တွေကိုလဲ လက်တွေ့လုပ်ပြသပေါ့ ။

 

9 တစ်ကမာ္ဘလုံးက Corning Glass Museum ရှိတဲ့ နေရာတွေ ။

9 ဒီ Corning Glass Museum က ပိုကြီး ပိုစုံတာ တွေ့ရပါတယ် ။ 9 တစ်ကမာ္ဘလုံးက Corning Glass Museum ရှိတဲ့ နေရာတွေ ။9 ဒီ Corning Glass Museum က ပိုကြီး ပိုစုံတာ တွေ့ရပါတယ် ။

 

9 ထုံးစံအတိုင်းပါဘဲ ၊ Glassware တွေကိုလဲ လက်တွေ့လုပ်ပြသပေါ့ ။9 ထုံးစံအတိုင်းပါဘဲ ၊ Glassware တွေကိုလဲ လက်တွေ့လုပ်ပြသပေါ့ ။

 

သူ့ထဲမလဲ ၊ ခေတ် အဆက်ဆက် Glass ဖြစ်ပေါ် တိုးတက်လာပုံ ၊

Glass ကုန်ကြမ်း အမျိုးမျိုး နှင့် Glass ထုတ်လုပ်ပုံ အမျိုးမျိုး ၊

Glass အသုံးပြုပုံ အမျိုးမျိုး ကို သေချာ ပြသထားပါတယ် ။

 

9 ခေတ် အဆက်ဆက် Glass ဖြစ်ပေါ် တိုးတက်လာပုံ ။ 9  ခေတ် အဆက်ဆက် Glass ဖြစ်ပေါ် တိုးတက်လာပုံ ။

 

9 Glass ကုန်ကြမ်း အမျိုးမျိုး နှင့် Glass ထုတ်လုပ်ပုံ အမျိုးမျိုး ။ 9 Glass ကုန်ကြမ်း အမျိုးမျိုး နှင့် Glass ထုတ်လုပ်ပုံ အမျိုးမျိုး ။

 

9 Glass အသုံးပြုပုံ အမျိုးမျိုး ကို သေချာ ပြသထားပါတယ် ။ 9 Glass အသုံးပြုပုံ အမျိုးမျိုး ကို သေချာ ပြသထားပါတယ် ။

 

Glassware တွေက တော်တော်လေး လှပေမယ့် ၊ ဈေးကြီးလှသကွယ် ။

ဈေးကြီးဆို ၊ တစ်ချို့ဟာတွေက Designer Collection ပုံစံ လုပ်ထားပေသကိုး ။

 

9 Glassware တွေက တော်တော်လေး လှပေမယ့် ၊ ဈေးကြီးလှသကွယ် 1 ။ 9 Glassware တွေက တော်တော်လေး လှပေမယ့် ၊ ဈေးကြီးလှသကွယ် 1 ။ 

 

9 Glassware တွေက တော်တော်လေး လှပေမယ့် ၊ ဈေးကြီးလှသကွယ် 2 ။9 Glassware တွေက တော်တော်လေး လှပေမယ့် ၊ ဈေးကြီးလှသကွယ် 2 ။

 

9 ဈေးကြီးဆို ၊ တစ်ချို့ဟာတွေက Designer Collection ပုံစံ လုပ်ထားပေသကိုး ။ 9 ဈေးကြီးဆို ၊ တစ်ချို့ဟာတွေက Designer Collection ပုံစံ လုပ်ထားပေသကိုး ။

 

ညနေ ၄ နာရီ ခွဲ မှာတော့ Corning Glass Museum ကနေ ပြန်ထွက်လာခဲ့ပါတယ် ။

ညနေ ရ နာရီ ခွဲ လောက်မှာမှ Niagara Fall ဘေးနား ကပ်လျက်က ၊

အမေရိက နှင့် ကနေဒါ နယ်ခြား ကို ရောက်လာပါတယ် ။

 

ကနေဒါ Immigration Office က Niagara မြစ်ရဲ့ အမေရိကန် ဖက်ခြမ်းမှာပေါ့ ။

 

ဟဲ ဟဲ ၊ ကြုံတုံး ကြွားရဦးမယ် ဆိုရင်တော့ ၊ အဘ တို့ တစ်ဖွဲ့လုံးမှာ ၊

အဘ တစ်ယောက်ဘဲ ကနေဒါ Visa in Hand လက်ဆုပ်လက်ကိုင် ရှိတာလေ ။

ကျန်တဲ့သူတွေက ဩဇီတွေဆိုတော့ ၊ သူတို့က Visa On Arrival ယူရမှာလေ ။

 

အဘ ရဲ့ အမြင် / အတွေ့ အကြုံကို ပြောပြရမယ် ဆိုရင်တော့ ၊

ဘယ် နိုင်ငံဘဲ ဝင်ဝင်ပါ ၊ Visa Sticker ရှိ / ကပ်ထားသူတွေက ပိုမြန်သလိုပါဘဲ ။

 

ဥပမာ ပြောရရင် ၊ အဘ ကနေဒါကို ဝင်တယ် ။

ကနေဒါ Visa ကို ဩဇီ က ကနေဒါ သံရုံးကနေ ကြိုယူလာခဲ့တယ် ။

အဘ ကို ဩဇီ က ကနေဒါ သံရုံးက သေသေချာချာ စစ်ထားပြီးပြီလေ ။

 

အဲဒီတော့ကာ ၊ ကနေဒါ နယ်ခြားက Immigration Officer က ၊

အဘ ကို သေချာ ထပ်မေးနေစရာ မလိုတော့ဘူးလေ ။

Pass Port ၊ Visa နှင့် လူ မှန်မမှန် စစ်ပြီးရင် Pass ပေးလိုက်တာဘဲ ။

 

တခြား Visa မပါဘဲ ၊ On Arrival နှင့် Visa ယူမယ့် ဩဇီ နိုင်ငံသားကျတော့ ၊

အဲဒီ ဩဇီ နိုင်ငံသား ဟာ အကြမ်းဖက် စာရင်း Black List မှာ ပါမပါ စစ်ရ ၊

အဲဒီ ဩဇီ နိုင်ငံသား ဟာ ဘာအတွက် ကနေဒါကို လာသလဲ ဆိုတာ မေးရ ၊

အဲဒီ ဩဇီ နိုင်ငံသား ကို ကနေဒါ Visa ပေးသင့် မပေးသင့် ဆုံးဖြတ်ရ နှင့် ၊

တစ်ထိုင်ထဲမှာ ဆုံးဖြတ်ရတာ ဆိုတော့ ၊ သူတို့က ပိုတောင် ကြာသလိုဘဲ ။

 

ကနေဒါ နယ်ခြား Immigration Office ကို ဖြတ်ပြီးတဲ့ အခါ ၊

နေရောင် မဝင့်တဝင် လေးမှာ ၊ အမေရိက နှင့် ကနေဒါ နယ်ခြား Niagara မြစ် ကို ၊

Niagara Fall ဘေးနား ကပ်လျက်က Rainbow Bridge ပေါ်ကနေ ဖြတ်ဝင်လာခဲ့ပါတယ် ။

 

9 အမေရိက နှင့် ကနေဒါ နယ်ခြား Rainbow Bridge ပေါ်ကဖြတ်နေစဉ် မြင်ကွင်း ။9 အမေရိက နှင့် ကနေဒါ နယ်ခြား Rainbow Bridge ပေါ်ကဖြတ်နေစဉ် မြင်ကွင်း ။

 

ဘယ်ဖက် အစွန်ဖက်က အစိမ်းရောင် တစ်ဝက် တစ်ပျက် တံတားကြီး က ၊

အမေရိကဖက်ခြမ်းကနေ Niagara Fall ကို မြင်ရအောင် ထိုးထွက် ဆောက်ထားရရှာတာ ။

ပြောပါတယ် ၊ Niagara Fall က အမေရိကဖက်ခြမ်းက ကြည့်ရတာ မလှပါဘူး ဆို ။

 

ဘယ်ဖက်က ရေတံခွန်လေးက America Fall လို့ ခေါ်ပြီး ၊

ညာဖက်က ရေတံခွန်ကြီးကမှ ပိုကြီး ပိုလှတဲ့ Niagara Fall ပါ ။

မနက်ဖြန်ကျရင် ညာအစွန်က Skylon Revolving Tower ပေါ်မှာ နေ့လည်စာ စားရင်း ၊

အဲဒီ America Fall နှင့် Niagara Fall ကို အပေါ်စီးကနေ ကြည့်ကြမှာလေ ။

 

အရင်ဦးဆုံး ညစာကို Tony Roma’s ဆိုတဲ့ဆိုင်မှာ အမဲ Steaks နှင့် စားလိုက်ပြီး ၊

အဘ တို့ Wyndham Garden Hotel Niagara Falls မှာ ညအိပ်လိုက်ကြပါတော့တယ် ။

( PS : အဲဒီ Wyndham Garden Hotel က နဲနဲ ဟောင်းသလို ရှိပေမယ့် ၊

အခန်းတွေက အရမ်းကျယ်တယ် အခန်း ၃ ခန်းတွဲကြီးကို ပေးထားတာ )

 

တော်သေးဘီ ။

 

အဘ ဖေါ ( F R ) ။

 

9 ညစာကို Tony Roma’s ဆိုတဲ့ဆိုင်မှာ အမဲ Steaks နှင့် စားလိုက်ပြီး ။ 9 ညစာကို Tony Roma's ဆိုတဲ့ဆိုင်မှာ အမဲ Steaks နှင့် စားလိုက်ပြီး ။

 

9 Wyndham Garden Hotel Niagara Falls မှာ ညအိပ်လိုက်ကြပါတော့တယ် ။ 9 Wyndham Garden Hotel Niagara Falls မှာ ညအိပ်လိုက်ကြပါတော့တယ် ။

 

9 နက်ဖြန် နေ့လည်စာ စားရင်း Niagara Fall ကိုကြည့်မယ့် Skylon Revolving Tower ။ 9 နက်ဖြန် နေ့လည်စာ စားရင်း Niagara Fall ကိုကြည့်မယ့် Skylon Revolving Tower ။

 

16 comments

  • padonmar

    March 2, 2015 at 9:45 am

    Hershey သွားရည်ကျသွားတယ်။
    ဟုတ်တယ်၊အသက်ကြီးလာလို့လားမသိ..စားချင်သောက်ချင်စိတ်လျော့လာသလိုပဲ။ဒါမှမဟုတ် ဒေါ်ခင်နွယ်ဝင်းလက်ချာတွေ နားထောင်ပြီး ဘာစားစား မသင့်တာချည်း မြင်နေမိလို့လားမသိ။
    ……….
    ကနေဒါဗီဇာကိစ္စ-မသွားခင်ကတော့ ညည်းနေရတာ အခုမှ သူများထက်သာတာဖြစ်သွားပြန်ရောနော်။ဒါ့ကြောင့်လည်း ဖြစ်သမျှအကြောင်း အကောင်းချည်းပဲ ဆိုတဲ့ စကားပုံ ဖြစ်လာသလားလို့။
    ……….
    အဘ စာအုပ် ၂အုပ် ကျမဆီမှာနော်။
    စာအုပ်ကို အရှုံးခံထုတ်ပါလို့ ထပ်ပြီး ပြောပါတယ်။
    အဘရှာလာတာတွေ ဒီနေရာမှာ သုံးစမ်းပါ။
    ဒီခရီးတွေ သွားခါနီး ဖတ်ချင်တဲ့သူတွေ တယောက်ပဲရှိရှိ တကယ်အကျိုးရှိမယ့် အလုပ်မို့ပါ။

    • naywoon ni

      March 2, 2015 at 10:44 am

      အဲ့ဒါ​တော့​ထောက်​ခံတယ်​ဗျို့ မြန်​မာ့စာ​ပေမှာ ခရီးသွား​ဆောင်​းပါးဆိုတာရှားပါးလှပါတယ်​ ။ ရှိသမျှ စာအုပ်​​တော်​​တော်​များများကလည်​း ပုံစံခွက်​ထဲက ​ပေါ်လစ်​ဆီ လူး စာအုပ်​​တွေချည်​့ပဲ ။ မြန်​မာစ​ပေထဲက လစ်​လပ်​​နေတဲ့ ကွက်​လပ်​​လေး ဖြည်​့​ပေးလိုက်​ပါ

    • Foreign Resident

      March 3, 2015 at 6:32 am

      padonmar says
      ” စာအုပ်ကို အရှုံးခံ ထုတ်ပါ လို့ ထပ်ပြီး ပြောပါတယ် ”

      မနောက်ပါနှင့် မပဒုမ္မာ ရယ် ။
      စာအုပ် ထုတ်တဲ့ ကိစ္စမှာ ပိုက်ဆံ ကို ဂရုမစိုက်ပါဘူး ။
      ့နို့ တစ်အုပ် ၅၀၀ဝ ထား အုပ် ၂၀ဝ မှ ငွေ ဆယ်သိန်းလေး ကုန်မှာကို ။
      ့ငွေ ဆယ်သိန်း ဆိုတာ ကျနော့် တစ်ပါတ်စာ ဝင်ငွေ မရှိပါဘူး ။

      ဒါပေမယ့် ၊ ပြသာနာက ၊
      ကျနော်က အဲ့ဒီ ခရီးသွားဆောင်းပါးတွေကို ၊ MG က ရွာသူားတွေ အတွက် ၊
      စိတ်ကူးပေါက်သလို အပျေ ာ် အပြက် ရေးခဲ့တာတွေလေ ။
      အတည် အခန့် သေချာ လုပ်ထားတာတွေ တစ်ခုမှ မပါဘူးရယ် ။
      ့ပြန်ကြည့်လိုက်ရင် အကုန် ဟာသတွေချည်းဘဲ ပြောထားတာလေ ။

      အခု ပြည်မြန်မာ ဂျာနယ်မှာ ဦးတင်ထွန်းဦး ရေးနေတဲ့ ခရီးသွားဆောင်းပါးတွေဆို ၊
      သူရောက်ခဲ့တဲ့ နေရာတွေရဲ့ သမိုင်းကြောင်းတွေ ၊ Record တွေ ၊
      ့ပြင်ပက ထပ်ယူထားတဲ့ ဓါတ်ပုံတွေနှင့် ဝေဝေဆာဆာကို သေချာလုပ်ထားတာ ။

      ့နောက်ပြီးတော့ ၊ ကျနော် က Low Profile လေးဘဲ နေချင်တာလေ ။
      ( အ ဟဲ ဟဲ ဟဲ ၊ အဲ့ဒီတော့မှ ၊ လွတ်လွတ်လပ်လပ် ပေါက်ကရ လုပ်လို့ရပေမပေါ့ )

      Low Profile နှင့် မ နေချင်မှတော့ ၊
      ကျနော့် စိတ်ကြိုက် ဘာသာရပ် ဖြစ်တဲ့ Politic မှာ ဝင်ကြဲပေမပေါ့ ။

      အ ဟဲ ဟဲ ဟဲ ၊ မနောက်ပါနှင့် မပဒုမ္မာ ရယ် ။

      • manawphyulay

        March 3, 2015 at 9:34 am

        စာအုပ်မထုတ်ချင်သေးရင် အဘဖောရယ် သရဖူမဂ္ဂဇင်းမှာ ခရီးသွားဆောင်းပါး အမြဲပါသလို အရင်ရေးပြီး လုံးချင်းထုတ်လည်း ရပါတယ်။ ပုံတွေနဲ့ ဝေဝေဆာဆာဆိုတော့ မနောတို့တောင် ရောက်သွားသလို ခံစားရပါတယ်။

  • Ma Ma

    March 2, 2015 at 9:50 am

    အဘဖော ပြောသလိုပဲ အသက်က ကြီးလာတော့ ချောကလက်လည်း သိပ်မကြိုက်တော့ဘူး။
    Glassware တွေက တော်တော်လေးမှ တော်တော်လေး လှလို့ တော်တော်လေးကို သဘောကျတယ်။
    ဈေးကြီးလှသကွယ် ဆိုတာကြီးပါလာတော့ စိတ်ကူးယဉ်သမျှ သွားရော။ 🙁

  • kai

    March 2, 2015 at 1:34 pm

    ဝင်ဒီစားသောက်ဆိုင်ကလွဲလို့.. မရောက်ဖူးတာချည်း…
    ရေတံခွန်ကိုလည်း.. အခုထိမရောက်ဖူးသေး..။ တလောက.. အေးလွန်းလို့..အဲဒီရေတံခွန်ကြီး ခဲသွားပုံ.. တီဗီထဲတွေ့လိုက်ရသေးတယ်..။

    • Foreign Resident

      March 3, 2015 at 7:58 am

      kai says:
      ” တလောက.. အေးလွန်းလို့..အဲဒီရေတံခွန်ကြီး ခဲသွား ”

      အဲဒီ ရေတံခွန်ကြီး ခဲလို့ ကျနော်တို့ ဒုက္ခ ရောက်ခဲ့တာပေါ့ သူဂျီးရယ် ။
      နောက် တစ်ခန်းကျမှ ပြောပြမယ် ။

  • ခင်ဇော်

    March 3, 2015 at 7:00 am

    ချောခိုလက် စားးချင်တာ..
    အမြည်းးကျွေးးလားးးဟင်???
    :sar:

    သများးတို့ လည်းး
    ထန်းးလျက်တို့
    ကြံသကာတို့
    ကပ်စေးးနဲ တို့ လုပ်တာကို ဒီလို ပြနိုင်ရင်ကောင်းးမယ်…
    :mrgreenn:
    ဖန်ထည်တွေကို သစ်သားးထည်တွေလောက် မကြိုက်တတ်လို့ အလှလောက်ပဲ ကြည့်သွားးပါတယ်..

    • Foreign Resident

      March 3, 2015 at 4:06 pm

      ခင်ဇော် says:
      ” ချောခိုလက် စားးချင်တာ..
      အမြည်းးကျွေးးလားးးဟင်??? ”

      အဲ ။ ပြောဖို့ မေ့သွားလို့ ၊ အမြည်းးကျွေးပါတယ် ။
      ချောကလက် အတောင့်သေးလေးတွေ ဝေတယ် ။

    • ဦးဦးပါလေရာ

      March 5, 2015 at 3:09 pm

      ထန်းးလျက်တို့ကြံသကာတို့ကပ်စေးးနဲ တို့ လုပ်တာကို ဒီလို ပြနိုင်ရင်ကောင်းးမယ်…
      …..
      အဲဒါ​တွေလုပ်​တာ ြြမြင်​ရရင်စားချင်​စိတ်​ရှိပါဦးမလား…
      :mrgreen:

  • ကိုရင်စည်သူ

    March 3, 2015 at 12:22 pm

    လေးစားအားကျပါတယ်.. အဘဖောရေ..
    တပည့်တို့တော့ တိုကျိုနဲ့ မိုင်တစ်ရာပတ်လည်တောင်
    မရောက်နိုင်ဖြစ်နေပါတရ်…။ 🙂

    • Foreign Resident

      March 5, 2015 at 4:18 pm

      ကိုရင်စည်သူ says:
      ” တပည့်တို့တော့ တိုကျိုနဲ့ မိုင်တစ်ရာပတ်လည်တောင်
      မရောက်နိုင်ဖြစ်နေပါတရ် ”

      ငယ်တုန်းတော့ ၊ ဒီလိုဘဲ ရုန်းရတာဘဲ ကိုရင် ရေ ။
      Fighting !!!

  • ဦးဦးပါလေရာ

    March 5, 2015 at 3:15 pm

    စာအုပ်​မထုတ်​ရင်​လဲ​နေပါဗျာ..
    .ဒီ​ဆောင်​းပါး​လေး​တွေစုပြီး
    .pdf အီးဘွတ်​​လေး​တော့ လုပ်​ဖို့တိုက်​တွန်​းချင်​တယ်​
    .အခုဖတ်​ရတာ ပုံ​တွေ​နေရာမှာ ​ခေါင်​းစီးနဲ့အဖြူကွက်​​တွေချည်​း မြင်​ရတယ​​်​..

    • Foreign Resident

      March 5, 2015 at 3:55 pm

      ဦးဦးပါလေရာ says:
      ” အခုဖတ်​ရတာ ပုံ​တွေ​နေရာမှာ ​ခေါင်​းစီးနဲ့အဖြူကွက်​​တွေချည်​း မြင်​ရတယ​​်​ ”

      ဒါတောင် ၊ resolution & File size ချထားပြီးသားလေ ။
      ရန်ကုန်က Connection က တော်တော် ဆိုးနေတာလား ။

      ” pdf အီးဘွတ်​​လေး​တော့ လုပ်​ဖို့တိုက်​တွန်​းချင်​တယ်​ ”

      pdf အီးဘွတ်​ ကတော့ ဥရောပရော နယူးဇီလန် Cruise ပါ ၊
      လုပ်ထားပြီးသား ရှိပါတယ် ၊ ကြုံရင်ပေးပါ့မယ် ၊ ဦးပါ ရေ ။

  • ခင်ခ

    March 6, 2015 at 1:42 am

    ခုမှဝင်ဖတ်ဖြစ်တယ်အဘရေ နောက်ကျသွားပေမယ့် ဖတ်လိုက်ကြည့်လိုက်ရလို့ တန်ပါတယ်လေ။
    တာဝါအပေါ်က ကြည့်လိုက်ရင် အရမ်းလှမလားလို့တွေးရင်း ခံစားသွားပြီ။

  • Mike

    March 6, 2015 at 1:54 pm

    .ဟုတ်သဗျို့…ဦးပါပြောသလို .pdf အီးဘွတ်​​လေး​တော့ လုပ်ပြီးဖြန့်ပါဗျာ

Leave a Reply