အန ္တရာယ် နံပါတ်-၆

sofiadimpleAugust 20, 20101min360

ဒီနေ့တော့ သစ်တုံးလေးဟာရှေ့က အန္တရာယ်(၅)မျိုးကနေ လွတ်လာခဲ့ပြီမို့ ပျော်ပျော်ပါးပါးကြီး ခရီးဆက်နိုင်သွားရှာပြီဆိုပြီး စိတ်ကလေးအေးထားမလားလို့။ ဟော နောက်ထပ် အန ္တရာယ်နံပါတ်-၆ နဲ့ထပ်တွေ့ရပြန်ပါပေ့ါလား။ ဘယ်လိုဖြစ်သွားတာလဲဆိုရင် သူ့ကိုနတ်တွေကဆယ်သွားတာပေါ့။ ကဲဒီအဓိပ္ပါယ်လေးစဥ်းစားကြည့်ကြစို့။

သူကတော့ရှင်းပါတယ်။ ဒို့အိမ်တွေမှာ ခွေးလေးတွေ၊ ကြောင်လေးတွေမွေးထားတာမရှိဘူးလား ။ အဲဒီအိမ်မှာမွေးထားတဲ့ကြောင်လေးတွေကို ကြည့်ပြီး အော်ဒို့တော့ဖြင့် သူတို့လိုတိရစ ္ဆာန်ဘဝထက် မြင့်တဲ့လူ့ဘဝကိုရလာခဲ့ကြပြီ။ ဒါဘာကြောင့်လဲ ဆိုတော့ အတိတ်ကပြုခဲ့တဲ့ ကောင်းမှုကံတွေကြောင့်ပဲလို့ နားလည်ထားပါတယ်နော်။ အင်းသူတို့ကကျ တော့ဘာလို့တိရစ ္ဆာန်ဖြစ်နေရတာလဲ။သူတို့ရဲ့အတိတ်ကပြုထားခဲ့တဲ့အကုသိုလ်ကံကြောင့်လို့ဆိုရမှာပါပဲ။ လောဘနဲ့သေ ပြိတ္တာပြည်၊ဒေါသနဲ့သေ ငရဲပြည်၊မောဟနဲ့သေတိရစ ္ဆာန် ပြည်ရယ်လို့တောင် ဆိုထားပါလား။ ဒါကြောင့်ပဲ အတိတ်ကပြုခဲ့တဲ့ အကြောင်းတရား တွေကြောင့် ယခုပစ္စုပ္ပန်မှာ အကျိုးတွေခံကြရတာပဲမလား။ အင်းဒါဆို ပစ္စုပ္ပန်မှာပြုတဲ့ အကြောင်းကံ တွေရဲ့အကျိုးကိုတော့ အနာဂါတ်မှာပြန်ခံရမယ်ဆိုတာပေါ်ပြီနော်။ အကြောင်း ကောင်းမှ အကျိုးကောင်းမယ်။ အကြောင်းမကောင်းရင် အကျိုးလည်း မကောင်းနိုင်ဘူး ဆိုတာတွေကို ကောင်းကောင်းသိထားပြီးသားမို့ ဒို့တွေဟာ ကောင်းကံတွေပြုကြတယ်။ ဘာတွေ ပြုသလဲဆိုရင် ဒါနအကျိုးတွေသိလို့ ပဲဒါနတွေပြုတယ်။ ဆွမ်းတွေကပ်ကြတယ်။  လှူကြ၊တန်းကြတယ်။ ကျောင်းတွေဆောက်တယ်။ တံတားတွေခင်းလှူကြတယ်။ ကိုယ်စွမ်းသမျှတွေကို အင်တိုက်အားတိုက်ကိုယ့်လုပ်အားခထဲကနေမှ လှူကြတယ်။ နောက်ပြီး  သီလအကျိုး တွေသိလို့မို့ သီလတွေ ဆောက်တည်ကြတယ်။ သမထအကျိူးတွေရချင်လို့ သမာဓိတွေထူထောင်တယ်။ ပုတီးတွေစိပ်ကြတယ်။ ဂုဏ်တော်တွေပွားကြတယ်။ နောက်ပြီး သူများ ဒုက္ခရောက်နေရင်ကူညီပေးတယ်။ အားပေးတယ်။ …စသဖြင့်ပေါ့လေ။ ဒါတွေအားလုံးဟာ ကောင်းတဲ့ အလုပ်တွေမို့ ကောင်းကံတွေပြုနေကြတယ်လို့ ပြောလို့ရတယ်နော်။ အင်း ဒါသည် ပင် ကံ နှင့် ကံ၏အကျိုးကို ယုံကြည်လို့ လုပ်နေတာပဲမလား။ ဒီထိကဘာမှပြဿနာ မရှိသေးဘူးနော်။ ခက်တာက လုပ်နေတဲ့ အလုပ် ရဲ့ပန်းတိုင်ကဘာလဲဆိုတာပဲ။ ဘာလိုချင်လို့လုပ်နေတာလဲ။ အင်းနောက်ဘဝကျရင် နတ်ပြည်ရောက်ချင်လို့ ၊ နောက် ဗြဟ္မာ့ပြည်ရောက်ချင်လို့ဆိုပြီး ကောင်းမှုလုပ်ပြီးတိုင်း ဆုတွေ တောင်းတော့ ဒီဘုံဘဝတွေကိုသာ ရည်မှန်းပြီးလုပ်နေကြတယ်နော်။ ယခုပြုရသောကုသိုလ်ကောင်းမှုကြောင့် နတ်ပြည်တွင်နတ်ဖြစ်ပါက တစ်ဖက်ကို နတ်သမီးတစ်ထောင်စီ နှင့် ဘုံဗိမာန်ကြီးထဲမှာ ဘုန်းတန်ခိုးကြီး သောနတ်မင်းကြီးတွေ ဖြစ်ရပါလို၏။ဆိုပြီးလေ။ အင်းဒါဆိုရင်တော့ သေချာနေပြီ။ သူသည် နတ်တွေဆယ်ယူခံရတဲ့ သစ်တုံးနှင့် တူသောသူပဲ ဆိုတာလေ။ အိုငါ့လုပ်ထားတဲ့ ကုသိုလ်တွေနဲ့ကတော့ နတ်ပြည်လောက်နဲ့တော့ တော်ပါပြီ။ ဗြဟ္မာ့ပြည်လောက်မှ ဖြစ်မယ်ဆိုပြီး ဗြဟ္မာ့ပြည်ကိုလှမ်းမျှော်ပြီးဆုတွေတောင်း ကြပြန်ရော။ ဟော အဲဒါမှ ဒုက္ခပဲ။ ဘာလို့လဲ လုပ်တဲ့အလုပ်ကကောင်းပြီး ပန်းတိုင်လွဲနေပြန်တာလေ။ ဒါဆိုသူဘယ်လောက်ပဲ ကောင်းမှုတွေလုပ်နေပါစေ။ သူရည်မှန်းတဲ့ ပန်းတိုင်က နိဗ္ဗာန်မဟုတ်လေတော့ လုပ်တဲ့အလုပ်နဲ့ ပန်းတိုင်အာရုံပြုပုံက လွဲနေတာမျိုးဖြစ်တဲ့အတွက် နိဗ္ဗာန်နဲ့လွဲနေဦးမှာပါပဲနော်။ ဒါဆို သူသည်သံသရာဆက်ကြောင်းတွေပြုနေခြင်းကြောင့် သံသရာလည်ရပါလို၏။ ရယ်လို့ ဆုတောင်းနေတယ်လို့တောင်ပြောလို့ရတယ်နော်။ အင်းဒါကိုပဲ အန ္တရာယ် တစ်ခုအနေနဲ့ အရေးတကြီး ထည့်သွင်းထားပါလားလို့ သိလိုက်ပါပြီ။

ဒါဆိုရင် အန ္တရာယ်နံပါတ်-၆ သည် ဘာပဲလုပ်လုပ် ပန်းတိုင်မမှားဖို့ဆိုတာပြောချင်တာပါနော်။ ကိုယ်သွားနေတဲ့လမ်းကြောင်းကနိဗ္ဗာန်ခရီးဖြစ်ပြီး ကိုယ်အာရုံပြုနေတဲ့ပန်းတိုင် ကတော့ဖြင့် နတ်ပြည်၊ဗြဟ္မာပြည်ဆိုရင်တော့ သွားနေရင်းက နတ်တွေ အဆယ်ခံရတဲ့ သစ်တုံးလိုပဲ အန ္တရာယ်နံပါတ်-၆ နဲ့တင် လမ်းဆုံးသွားရတဲ့ ဘဝမျိုးဖြစ်သွားရလိမ့်မယ် ဆိုတာ လေးကို သတိထားနိုင်စေဖို့ ရည်ရွယ်လျှက် တင်ပြလိုက်ရပါတော့သည်။ ဒီအန ္တရာယ်ကို ဘယ်လိုကျော်လွှားရပါ့မလဲဆိုတာလေးလည်း ဝိုင်းပြီးစဉ်းစားပေးကြပါဦးနော်။

မတူညီသောအတွေးလေးများ ရှိခဲ့ပါက ပြန်လည် ဝေမျှနိုင်ပါကြောင်းနှင့် လိုအပ်ချက်များကို ပြုပြင်သွန်သင်ပေးကြပါရန် dimplemit@gmail.com ကိုဆက်သွယ်နိုင်ပါသည်။