​နေဝန်​းနီ နဲ ့ ” အ​ကောင်​းမမြင်​ “ဝါဒ

naywoon niMarch 2, 20151min14013

​နေဝန်​းနီ နဲ့ “အ​ကောင်​းမမြင်​” ဝါဒ

​နေဝန်​းနီ တစ်​​ယောက်​ ခုတစ်​​လော ဖြစ်​​နေတာက မြင်​မြင်​သမျှ အ​ကောင်​းမမြင်​တတ်​တာပဲ ။ အဲ့ဒါ ​ရောဂါ တစ်​ခုလား ။ ​ရောဂါ ဆိုရင်​လည်​း ​ရောဂါ ​ပေါ့ဗျာ ။ ခင်​ဗျားတို့ ​ပြောသလို ပလပ်​ကျွတ်​တယ်​ ​ပြောလဲ ခံရမှာပဲ ။ ပတ်​ဝန်​းကျင်​မှာ ​နေ့စဉ်​​တွေ့မြင်​​နေသမျှ အရာရာဟာ ကိုယ်​နဲ့ အံဝင်​ခွင်​ကျ မရှိတာက ဆိုးလွန်​းတယ်​ ။ လူ​တွေကြားမှာ​နေပြီး တစ်​​နေ့ထက်​တစ်​​နေ့ ဆိုးဝါးလွန်​းစွာ အထီးကျန်​ဆန်​​နေတယ်​ ။ အနီးပတ်​ဝန်​းကျင်​မှာ ကိုယ်​နဲ့ အမြင်​တူ သူကလည်​း လက်​ချိုး​ရေတွက်​ကာမှ သုံး​ယောက်​မပြည်​့တတ်​​လေ​တော့ ကိုယ်​မှာ ရင်​ဖွင်​့စရာရှားပါးမှုကို အခွင်​့​ကောင်​းယူ ​နေပြီး ဒီမှာလာလာပြီး ပို့စ်​တင်​​နေရတာလည်​း အားနာတယ်​ ။ ဒါ​ပေမဲ့ တစ်​ခြား​နေရာ သွားတင်​ရင်​လည်​း ဒီ​ကောင်​ကြီး ​ဂေါက်​​နေပြီ အ​ပြောခံ ရမှာလည်​း စိုးသဗျ ။ ​နေဝန်​းနီ က ကိုယ်​့ကိုကိုယ်​ အားမနာတမ်​း ​ဝေဖန်​ ဆန်​းစစ်​တတ်​တယ်​ ။ ဒါမှ တစ်​ခြားသူ ​ဝေဖန်​တိုက်​ခိုက်​လာရင်​ အချက်​ကျကျ ပြန်​လည်​​ချေပ နိုင်​မှာမဟုတ်​လား ။ ဒီ​တော့ ကိုယ်​့ကိုကိုယ်​ ​ဝေဖန်​ပါတယ်​ ။ ဆန်​းစစ်​ပါတယ်​ ။ မြင်​မြင်​သမျှ အ​ကောင်​းမမြင်​တာကလည်​း မ​ကောင်​းဘူး မဟုတ်​လား ။ အ​ကြောင်​းအရာ အားလုံးချုပ်​​ပြောလို့မဖြစ်​ဘူး ။ ဖတ်​​နေရင်​းရှုပ်​​ထွေးသွားနိုင်​တယ်​ ။ ​နေဝန်​းနီ ဘာ​တွေ အ​ကောင်​းမမြင်​နိုင်​တာလဲ ။ ဘာလို့ အ​ကောင်​းမမြင်​နိုင်​တာလည်​း တစ်​စ စီ ရှင်​းသွားမှ လင်​းမယ်​ ။ ​ပြောပြီးပြီ​နော်​ ။ ​နေဝန်​းနီက ကိုယ်​့ဖာသာကိုယ်​လည်​း အားမနာ တမ်​း​ဝေဖန်​ဆန်​းစစ်​တတ်​သလို သူတစ်​ပါးကိုလည်​း ညှာ​နေမယ်​မထင်​နဲ့ ။ ခု​တော့ အဲ့ဒိလို ​ဝေဖန်​ဆန်​းစစ်​တတ်​​အောင်​ သင်​​ပေးခဲ့တဲ့ ဆရာသမား​တွေနဲ့ ဖတ်​ခဲ့မိခဲ့တဲ့ ​လေ့လာခဲ့တဲ့ ကျမ်​း​တွေကိုပဲ အပြစ်​တင်​ရမလား ။ ပြုလုပ်​မြဲ ပြုလုပ်​ဆဲ လူ​တွေကပဲ ဓ​လေ့ ထုံးတမ်​းစဉ်​လာ​တွေ ဖက်​တွယ်​လွန်​း​နေသလား ။ ခင်​ဗျားတို့လည်​း ​ဝေဖန်​ဗျာ အားနာဖို့မလိုဘူး ။ နံပါတ်​ တစ်​ စ​ပြောမယ်​ ။ ခင်​ဗျားတို့ပတ်​ဝန်​းကျင်​မှာလည်​းရှိ​နေမှာပဲ အဲ့ဒါက ဘာလဲ ဆို​တော့ ဘာသာ​ရေးနဲ့ ပတ်​သက်​​နေတယ်​ ။ ပတ်​သက်​​နေတယ်​သာ ဆိုတာပါ ။ ​နေဝန်​းနီ က​တော့ ဘာသာ​ေ ရးနဲ့ မဆိုင်​တဲ့ အပိုအလုပ်​လို့မြင်​​နေတယ်​ ။ အဲ့ဒါက ခင်​ဗျားတို့လည်​း ကြုံ​နေရမှာပဲ ။ ​ကျောင်​းပိတ်​ချိန်​​ရောက်​လာပြီဆို​တော့ က​လေးရှင်​ပြုပွဲ​တွေပါ ။ က​လေး​တွေ ရက်​ရှည်​ ​ကျောင်​းပိတ်​ရက်​မှာ သာသနာ​ဘောင်​ သွတ်​သွင်​း​ပေးတဲ့ ပွဲ​တွေ​ပေါ့ ။ ​နေဝန်​းနီ သ​ဘောမကျတာက​နေပူ​ကောင်​းတဲ့ အချိန်​ ​နေ့လည်​ နှစ်​နာရီ သုံးနာရီ​လောက်​ရှင်​​လောင်​းလှည်​့တဲ့ ကိစ္စ ကိုယ်​နဲ့လည်​း ဘာမှမဆိုင်​ဘူး​နော်​ ။ ကိုယ်​လည်​းလိုက်​လှည်​့ရတာမဟုတ်​ဘူး ။ ​နေဝန်​းနီလို အာပလာ​ကောင်​ကို သူတို့ကလည်​း မဖိတ်​ပါဘူး ။ အဲ့ဂလို လုပ်​မှ သာသနာ​ဘောင်​ က လက်​ခံမယ်​လို့များ ဘုရားက​ဟောခဲ့သလား လက်​လှမ်​းမှိီ သ​လောက်​ ရှာဖတ်​ကြည်​့ပါ​သေးတယ်​ ။ မ​တွေ့ဘူးဗျ ။ ​နောက်​ ​နေဝန်​းနီနဲ့ စိတ်​သ​ဘောတူတဲ့သူ သုံး​ယောက်​​လောက်​ကိုလည်​း ​မေးကြည်​့ပါ​သေးတယ်​ ။ သူတို့ကလည်​း ဟင်​းအင်​းတဲ့ ။ တစ်​​ယောက်​က ​ပြောလိုက်​မှ ဒီစာကို ဖြစ်​သွား​တော့တာ ။ သူက ပြန်​​မေးတယ်​ ။ သား​တော်​ရာဟုလာကို ဘုရားရှင်​က သာသနာ့​ဘောင်​ ဘယ်​လိုသွင်​းလိုက်​သလဲတဲ့ ။ ​နေဝန်​းနီ ဖတ်​ဖူးသမျှ စဉ်​းစားကြည်​့တယ်​ ။ ​ရေး​ရေး ​ပေါ်လာတာက သင်္ကန်​း​တောင်​းနဲ့ ရှင်​ကျင်​့ဝတ်​သင်​​ပေးပြီး သရဏဂုံ တိုင်​​ပေးပြီး သင်္ကန်​းဆီး​ပေးလိုက်​တာပဲ ။ အတိအကျမှတ်​မိတာက သား​တော်​ရာဟုလာ အသက်​က ခုနှစ်​နှစ်​ ။ ဒါအသက်​သတ်​မှတ်​ချက်​ပါ ​ပေးခဲ့တယ်​လို့လည်​း ​ပြောလို့ရတယ်​ ။ ခုနှစ်​နှစ်​ ထက်​ငယ်​ရင်​ ဘာဖြစ်​တယ်​ ညာဖြစ်​တယ်​ သူကဆက်​​ပြော​နေ​သေး။ တစ်​ကယ်​လို့ဗျာ ခု​ခေတ် လိုပဲ ​ ရှင်​​လောင်​းလှည်​့တယ်​ ဆိုတာ ဝင်​းခင်​းတယ်​ဆိုတာ ဘုရားရှင်​က ခွင်​့ပြုမယ်​ဆိုရင်​ ​တောင်​းဆိုခဲ့ရင်​ သား​တော်​ရာဟုလာရဲ့ ရှင်​ပြုပွဲ က ခုလူ​တွေ လုပ်​​နေတာကို ပျင်​း​သေးတယ်​​ပြောရမှာ​ပေါ့ ။ နှစ်​ဘက်​ ဘိုးဘွားက နှစ်​နိူင်​ငံ အုပ်​ချုပ်​​နေတဲ့ ရှင်​ဘုရင်​​တွေ ။ ဝင်​းလှည်​့မယ်​့ မူးမတ်​​တွေကလည်​း ခုလို ဟန်​ပြမဟုတ်​ဘူး ။ တစ်​ကယ်​့ တိုင်​းပြည်​ရဲ့ မူးမတ်​အစစ်​​တွေ ။ စစ်​သည်​​တွေက​ကော တစ်​ကယ်​ အစစ်​​တွေ ။ ​နောက်​ ဆင်​​တွေဗျာ နှစ်​ပြည်​​ထောင်​​ပေါင်​းလိုက်​ရင်​ နဲမှာမဟုတ်​ဘူး ။ ဒါ​ပေမဲ့ ဘုရားရှင်​က အဲ့ဒိလိုမလုပ်​ခဲ့ပါဘူး ။ အဓိက ပြုဖွယ်​ကိစ္စ ​တွေကိုပဲ ​ဆောင်​ကျဉ်​းပြီး ဒီနည်​းနဲ့ သာသနာ့​ဘောင်​ သွတ်​သွင်​းရတယ်​လို့ နမူနာပြခဲ့ ပြီးသားပါ ။ ခုလူ​တွေလုပ်​​နေတာက ​ငွေကုန်​သံပြာ ဘာမှအကျိုးမရှိဘူး ။ ဘုန်​းကြီး​ကျောင်​း​တွေကလည်​း အလှူ​ငွေ များများလာမဲ့ ဒါယကာကို မဆန်​့ကျင်​ဘူး “ဒါဒီလိုလုပ်​မယ်​ဘုရား ” လို့ ​လျှောက်​လိုက်​ရင်​ “​ကောင်​းတာ​ပေါ့ ဒကာ​တော်​ ” ဖြစ်​ကုန်​ပြီ ။ ဗုဒ္ဓ နည်​းကျ ။ ဘုရား ကြိုက်​မလိုက်​​တော့ဘူး ။ ဒါယကာကြိုက်​ ဖြစ်​သွားပြီ ။
အင်​းသူလည်​း ငါ့လိုပါပဲလား ။ ​ပြောခွင်​့မသာခဲ့သမျှ ခုမှ ​ပြောရရှာတာနဲ့ တူရဲ့ လို့​တွေးရင်​း သူ​ပြောသမျှ မှတ်​မိသ​လောက်​ ပြန်​ချ​ရေးလိုက်​သည်​​ပေါ့ဗျာ ။
အဲ့ သူဆက်​​ပြောတာကျန်​​သေးတယ်​ ။
” ကျုက်​ရှက်​တာတစ်​ခုပဲ ။ နိုင်​ငံခြားကလာတဲ့ တိုးရစ်​​တွေ ဒါ ဗုဒ္ဓ ယဉ်​​ကျေးမှု လို့ ထင်​သွားမှာ ။ အဲ့ဒိလို ထင်​သွားရင်​ ရှက်​စရာ ​တော်​​တော်​​ကောင်​းတယ်​ ”
🙂 ​အော်​ ကိုယ်​လိုလူ ရှိ​သေးတယ်​လို့ ​တွေးမိ​ပေမဲ့ တစ်​​ယောက်​ထဲ ဖြစ်​​နေတယ်​ ။ ဒါ ဘယ်​က ဆင်​းသက်​လာတာပါလို့ ​ပြော​နေရင်​လည်​း ကိုယ်​့ဘက်​ကလူ အသုံးမကျတာ တစ်​ဘက်​သားကိုနှိပ်​ကွပ်​သလို ဖြစ်​​နေမှာ စိုးလို့မ​ပြော​တော့ပါဘူးဗျာ ။ ​နေဝန်​းနီ က​တော့ အဲ့ ကိစ္စ ကို ဘယ်​လိုမှ အ​ကောင်​းမြင်​လို့မရပါ ။ သက်​သက်​ အပို​ဆောင်​း ရူးသွပ်​မှု တစ်​ခုလို့ပဲ မြင်​​နေတယ်​ ။ ခင်​ဗျားတို့​ကော ¿¿¿¿ ………….

​နေဝန်​းနီ

13 comments

  • kai

    March 3, 2015 at 5:55 am

    ဂေါတမဗုဒ္ဓလက်ထက်က.. တိုင်းပြည်.. ပြည်ထောင်ဆိုတာ.. အခုခေတ်.. မြို့နယ်တခုစာလောက်တွေအများကြီးဗျ…။ သေးသေးလေးတွေ..။
    ဆင်တွေ… လူတွေ ထင်သလောက်မများပါဘူး..။

    ဆိုတော့…
    လောကုတ္တရာ.. ဘာသာရေးနွယ်ဖက်မှာ.. လူတွေရဲ့စွမ်းအား.. အလုပ်အကိုင်.. ပါဝါ.. အင်အားတွေအသုံးများနေတာဟာ..
    လောကီတိုင်းပြည်ကျဆုံးဖို့လမ်းပေါ်ရောက်နေတယ်လို့… :k:

  • ခင်ဇော်

    March 3, 2015 at 7:19 am

    မကြိုက်တဲ့ အဓိက တော့
    ပိုက်ဆံ အပိုကုန်တာပါပဲ..
    :k:

  • Alinsett@Maung Thura

    March 3, 2015 at 3:50 pm

    ဒီပိုစ့်ကို ဖတ်ပြီး
    ကျနော် ရှက်တာတစ်ခုလည်း ကြုံလို့ ဝင်ပြောဦးမှ

    ခရီးတစ်ခါသွားပါတယ်
    ဘာသာရေးနဲ့ ပတ်သက်တာတော်တော်များများကို
    မလုံမလဲ ဖြစ်ရ
    တိုင်းတပါးသားမြင်ရင် အထင်သေးတော့မှာပဲဆိုတဲ့ ပုံရိပ်တွေကို ပြုသူ မရှက်
    မြင်သူ ကျနော်က ကြားကဝင် ရှက်
    အဟက်

    ကားပေါ်မှာ ကျနော်က ခုံနံပါတ် ၁
    ကားထဲ အလယ်တစ်လမ်းခြား ဘေးက
    ခုံနံပါတ် ၃ နဲ့ ၄ မှာ အသက် ခပ်ငယ်ငယ် သံဃာနှစ်ပါးထိုင်လို့
    .နေကြာစေ့ ကွာစေ့ကစပြီး မုန့်ပဲသွားရည်စာ အစုံအစိကို နှစ်ပါးသား တလမ်းလုံးစားလာ
    အကြောင်းအရာမျိုးစုံကို ခရားရေလွှတ် ပြောဆိုလာတာများ
    အချိန်က ည ကိုးနာရီ စထွက်တဲ့ကား
    ည နှစ်နာရီလည်း မအိပ်သေးဘူး
    စားတုန်း ပြောတုန်း

    ဘေးက ထိုင်ကြည့်နေတဲ့ကိုယ်က သတိလေးကပ်
    ဖြစ်ပျက်လေးမှတ်ပြီး
    သူတို့ကို ကြည့်ပြီး
    စား စားတယ်မှတ်
    မြင် မြင်တယ်မှတ်
    ကြား ကြားတယ်မှတ်
    ရှက် ရှက်တယ်မှတ်ခဲ့ရ

    ဒါလေးပဲ ပြောဦးမယ်
    နောက်ထပ် ပြောစရာတွေ တပုံကြီးမို့ ပိုစ့်တွေ ရေးဖြစ်မှ ထည့်ပြောတော့မယ်

    • ခင်ဇော်

      March 3, 2015 at 3:59 pm

      ကိုယ့် အလုပ်မဟုတ်တာတွေ လုပ်နေတဲ့သူတွေ မြင်ပြီး ရှက်ရကြေး ဆို
      သတင်းတွေကြည့်ပြီး သတင်းစာတွေ ဖတ်ဖတ်ပြီး ရှက်မဆုံးတော့ဘူးးး
      :a:

      ဆိုတော့ ….
      မဟုတ် သုတ်ခရ ဘုန်းကြီးတွေကို ကြည့်ပြီး အပြစ်မမြင်နဲ့အူးးး
      တကဲ့ ဝိနည်းနဲ့ နေထိုင်သွားတဲ့ သံဃာ အစစ်တွေကို အာရုံညွတ်ရအောင်!!

      :a:

  • sorrow

    March 3, 2015 at 4:01 pm

    အဘနီပို့စ်မှာ မဆိုင်တာလေးဝင်မန့်ပါအုံးမယ်… ကျော် ပဲ ဒီတိုင်းပြည်မှာနေပြီး အကောင်းမမြင်တတ်တာပဲနေမှာပါ…သွသူတောင်းစားတာဆိုပေမယ့် ..
    ရုံးပိတ်ရက်လေး အိပ်ရတာကို စောစောစီးစီး ခုနှစ်သံချီ…တစ်ပတ်တခါ ရုံးပိတ်ရက်မှ သားလေးတို့သမီးလေးတို့ရေ လို့ ပါဝါကုန်တင်အော်ပြီးပိုက်ဆံတောင်းတဲ့ အဘွားကြီးရယ်…လော်နဲ့အော်တဲ့ ရေသန့်သည်တွေရယ်…ကျွဲကောသီးသည်တွေရယ်.. မုန့်ဖက်ထုပ်သည်တွေရယ်ကို အချဉ်ကြီးချဉ်နေတယ်ရယ်…

  • ဟုတ်တယ်ဘနီ
    သူတို့အစဉ်အလာလုပ်တာကအကြောင်းမဟုတ်
    သားမွေးရင်ပဲ ပိုက်ဆံစုထားတော့ရှင်ပြုဖို့ ဆိုတဲ့လူကလာသေး။
    ြကြဲဖို့ ၂ရာတန်အသစ်အုပ်လေးတွေတောင် စုရသေး
    🙂

  • naywoon ni

    March 3, 2015 at 5:49 pm

    ဟာ ဟ ဘာသာ​ရေးနဲ့ ပတ်​သက်​ရင်​ လက်​​ရှောင်​​နေကြမယ်​ ထင်​​နေတာ ×××× အများကြီးပဲ အများကြီး ကိုယ်​လိုလူ​တွေ အများကြီး
    အဲ့​ဒိထဲမှာ

    ဆိုတော့…
    လောကုတ္တရာ..ဘာသာ​ရေးနွယ်​ဘက်​
    မှာ.. လူတွေရဲ့စွမ်းအား.. အလုပ်အကိုင်.. ပါဝါ.. အင်အားတွေအသုံးများနေတာဟာ..
    လောကီတိုင်းပြည်ကျဆုံးဖို့လမ်းပေါ်ရော
    ဆိုတဲ့ သူဂျီးရဲ့ မှတ်​ချက်​ ကို အစိမ်​း​ပေးပါ့မယ်​ ။ ပြီး​တော့ ဘာလို့ ဘာသာ​ရေးနွယ်​တဲ့ ဘက်​မှာပဲ လူ​တွေအားသွန်​​နေကြသလဲ ဆိုတာ ကျ​နော်​မြင်​သ​လောက်​ ဆက်​လက်​တင်​ပြပါ့မယ်​

  • Ma Ma

    March 3, 2015 at 6:47 pm

    လောကုတ္တရာ ဘာသာရေးဘက်နွယ်ပြီး လူ့စွမ်းအားတွေ အလုပ်အကိုင် ပါဝါတွေ အင်အားတွေ သုံးနေတယ်ဆိုပေမယ့်….
    အဲဒီသုံးနေတာတွေက တလွဲဆံပင်ကောင်းတွေမို့ ဆုံးရှုံးစရာတွေ ဖြစ်လာတာပါ။

    မြတ်စွာဘုရားဟောခဲ့တဲ့ တရားတော်တွေက လောကုတ္တရာရေးချည်းသက်သက် မဟုတ်ပဲ
    လောကီနေနည်းထိုင်နည်းတွေ၊ ပညာရှာရာမှာ၊ ဥစ္စာရှာရာမှာ ထားရှိရမည့် စိတ်နေစိတ်ထား သဘောတရားတွေ အများကြီးပဲ သင်ပြထားတာရှိပါတယ်။

    တကယ့် ဘာသာရေးအစစ်အမှန်က ကျဆုံးရေးလမ်းစဉ်မဟုတ်ပါဘူး။

    အဘနီဆက်ရေးမှာကိုတော့ စိတ်ဝင်စားသားးးးး 🙂

  • padonmar

    March 4, 2015 at 12:40 am

    အဘနီဖက်မှာ ရှိပါတယ်။
    အိမ်ကတူလေး ရှင်ပြုတုံးက အဲသလို ရှင်လောင်းမလှည့်ပါဘူး။
    အိမ်ကနေ ရှင်လောင်းလေးတွေ စုပြီး လူကြီး ပခုံးပေါ်ထမ်း ဘုန်းကြီးကျောင်း လိုက်ပို့လိုက်တာပဲ။
    အလွဲကြီးလွဲလာကြတဲ့ထဲ ရှင်ပြု နဲ့ ကထိန် အဆိုးဆုံးလားလို့။

  • ဦးကြောင်ကြီး

    March 4, 2015 at 12:25 pm

    ပက်သနှာက အဟုတ်ထင်တာ.. အဟုတ်ထင်တော့ အရှိယူတယ်.. အရှိယူတော့ အစွဲပြုတယ်.. အစွဲပြုတော့ အစဉ်အလာ ဖြစ်သွားရော။ အစဉ်အလာဖြစ်တော့ ဘာဖြစ်သလဲ ဟုတ်စ.. ရုန်းမီထွက်နို်င်တော့ဘူး။ မရှိဘူးလား ရှိတယ်.. ဒါပေမဲ့ ရှိတယ်ဆိုပီး ယူလိုက်ချိန် မရှိတာကို ရသွားတာ လက္ခဏာသုံးပါး တွင်တွင်သုံးတဲ့ ဗုဒ္ဓဘာသာဝင် မြန်တျန့်များ မေ့လျော့ကုန်တယ်။ ဖြစ်ပြီး ပျက်သွားခြင်း သဘောကို နားမလည်… ပြောလိုက်လျင်တော့ အနိစ္စ ဒုက္ခ အနတ္တ ပါးစပ်က မချ..။

    • naywoon ni

      March 4, 2015 at 1:14 pm

      အဲ့​တော့ အစဉ်​အလာ ဖြစ်​ပျက်​ ဖြစ်​ပျက်​​ပေါ့ဗျာ
      ကွင်​းစ ဖြစ်​ပျက်​ ဖြစ်​ပျက်​ကို ဖြက်​ပစ်​ ဖြစ်​ပြစ်​လို့ မဖတ်​ရ ကွင်​းပိတ်​ 🙂

  • Mike

    March 6, 2015 at 11:42 am

    .Totally agree with you Ko Ni 🙂
    .ကျုပ်သားကိုတော့ ဘုန်းကြီးကျောင်းခေါ်သွားပီး ကတုံးတုံး၊ သင်္ဃာန်းစည်းပေးလိုက်တာပဲ

  • Mr. MarGa

    March 6, 2015 at 3:56 pm

    အဲ့ အိုင်ဒီယာကို အမျိုးတွေရှေ့ ပြောချင်တာ ပါးစပ်ကို ယား နေတာပဲ
    :mrgreen:

Leave a Reply