ဇာတ်လမ်းများလား ကံဇာတ်ဆရာရေ

( ကျွီ   ကျွီ       ဒုန်း )

ဘရိတ်အုပ်သံ ကားဘော်ဒီချင်းတိုက်မိသံတို့နဲ့အတူ ကျနော့်ကိုယ်ပေါ် ပစ်ကျလာတာက

အိစက်နွေးထွေး မွှေး နေတဲ့ ခန္ဓာကိုယ်တစ်ခု ၊

ရုတ်တရက် သူ မထနိူင် ၊ သူ့မျက်နှာက ကျနော့်ပါးပေါ်မှာ ၊ ကျနော်ကလည်း မလှုပ်ရှားဖြစ် ၊

နောက်တော့ ကန်တော့နော် ကန်တော့ နွယ် တောင်းပန်ပါတယ် ဆိုတဲ့အသံလေး ထွက်လာပြီး သူ ကြိုးစားပြီး ရပ်လိုက်ရှာတယ် ၊

ကျနော် သူ့ကိုမော့ကြည့်တော့ ဒီမျက်နှာ ဒီယူနီဖေါင်း ၊ ဪ  ငါတို့ အမ်အိုင်စီတီဝင်းထဲကပဲ ၊

ဒီလိုဗျ  ဒီမနက် ရုံးအလာ ၂၂၆ ကားပေါ်မှာ ဒီလိုဖြစ်ခဲ့တာ ၊

ကားက အရှိန်တင်မောင်းနေချိန် သုခ နဲ့ သံလမ်းကြား ကွန်ဒိုကြီး ဆောက်နေတဲ့နားမှာ ဖြတ်ဝင်တဲ့အုတ်သယ်ကားနဲ့ ငြိတာ ၊

သိပ်အများကြီးထိသွားတာ မဟုတ်ပေမယ့် သူမှန် ကိုယ်မှန် ရှင်းနေကြတာမို့ ခရီးသည်တွေက နောက်ကားပြောင်းစီးဖို့ ဆင်းနေကြပြီ ၊

ကျနော်ကလည်း သံလမ်း နဲ့ နီးနေပြီမို့ ဆင်းလိုက်ပါတယ် ၊ အဲ   သူလည်းဆင်းလာတယ် ၊

( ဦး ဟင်းတွေစွန်းသွားပြီ ) လို့ပြောမှ ကြည့်မိတော့ စတစ်ကော်လံအဖြူမှာ ဆီတွေစွန်းနေတာ တွေ့မိတယ် ၊

(  ရပါတယ် ရုံးရောက်ရင် လဲလို့ရပါတယ် ၊)

( ဟုတ်လို့လား  ဒါနဲ့ ဦးက အမ်အိုင်စီတီ ကပဲ မဟုတ်လား နွယ်မြင်ဘူးတယ် ၊)

( ဟုတ်ပါတယ် အဆောင် ၄ ကပါ ၊ နွယ်က အဆောင် ၃ ကမဟုတ်လား ၊)

( ဟင်  ဦး ဘယ်လိုသိလဲ ? )

(  ဒီယူနီဖေါင်းက အဆောင် ၃ က   – – –  ကုမ္ပဏီ ယူနီဖေါင်းလေ ၊ )

(  ဪ  အင်း ဟုတ်တယ် ၊ ဦး ဘယ်မှာ နေတာလဲ ဟင် ၊)

(  လှည်းတန်းဘက် မှာပါ ၊ နွယ်က ဆင်ရေတွင်းက မဟုတ်လား ၊)

( ဟင်  ဦး ဘယ်လို သိတာလဲ ? )

(  ဪ  ဒီလိုပဲ သိတာပေါ့ ၊ )

သူ တော်တော်အံ့အားသင့်သွားပုုံပဲ ၊ အဲဒီအချိန်မှာ ကျနော် ရုံးလာတိုင်း ထိုင်နေကျ လှိုင်မင်းကဖီးကို ရောက်လာတယ် ၊

သူ့ကို ခေါ်တော့ အားနာပုံလေးနဲ့ လိုက်လာတယ် ၊

နှစ်ယောက်တွဲ ဝင်လာတဲ့ ကျနော့်ကို သိနေတဲ့ စားပွဲထိုးလေးက ဆရာ တစ်ယောက်တည်း မဟုတ်တော့ဘူးလား

လို့ နောက်ဖြစ်အောင် နောက်သေးတယ် ၊ ကျနော်က ထုံးစံအတိုင်း လဘက်ရည် ကျဆိမ့် ၊ သူက ကော်ဖီမစ် ၊

( ဦး  စွန်းနေတာကြီးက တကယ် ရပါတယ်နော် )

( ဪ ရပါတယ်ဆိုမှ ၊ ဒါနဲ့ အောင်မြေသာစည်အိမ်ရာမှာ နေတာမဟုတ်လား ၊ )
( ဟင်  ဦးက အကုန်သိနေတာပဲ ၊ )

အမှန်တော့ ရုံးအပြန် တစ်ခါတစ်လေ သူ နဲ့ ဆုံဘူးတယ် ၊ သူ ဆင်ရေတွင်းမှာ ဆင်းတာ မြင်ဘူးတယ် ၊

ရုုံးအလာ သူ ဆင်ရေတွင်းက တက်တာကိုလည်း မြင်ဖူးလို့ပါ ၊

ပြီးတော့ မိုးမေတ္တာဆေးရုံ ရှိတဲ့လမ်းထဲ ဝင်သွားတာ မြင်ဘူးတယ် ၊  အဲဒီလမ်းထဲမှာ လုံးချင်းအိမ်ရာတွေ ၊

အဲဒီကလို့ စိတ်ထဲမထင် ၊

အဲဒီတော့ အဲဒီလမ်း ဟိုဘက်က အောင်မြေသာစည်အိမ်ရာက တိုက်ခန်းတွေဘက်ကလို့ မှန်းလိုက်တာ ၊

ဖြစ်ချင်တော့ ဒဲ့ တိုးသွားတယ် ၊

သူ့ပုံစံက မြင်လိုက်တာနဲ့ အရမ်းလှတာပဲ ဆိုတဲ့ ပုံစံမျိုး မဟုတ်ဘူး ၊

အသားက နည်းနည်း ညိုချင်တယ် ၊ ဒါပေမယ့် ကျနော့်ထက် ဖြူတယ် ၊

ထူးခြားတာက ရိုးသားတဲ့ မျက်လုံးလေးတွေ  ၊

စကားပြောပုံ လေယူလေသိမ်းက ရန်ကုန်လေသံ မဟုတ် ၊

( နယ်ကနေ လာ အလုပ်လုပ်တာလား ? ) နောက်တစ်ချက် ထပ်ပစ်လိုက်တယ် ၊ ဒီတစ်ခါလည်း ဒဲ့ပဲ ၊

( ဦး ဘယ်လိုသိလဲ ) တဲ့ ၊

အင်းးး  ဟုတ်သား  ငါသိတာ အတော်များနေပြီပဲ ၊

သူ့မျက်လုံးထဲမှာ ကျနော့်ကို အတော်စူးစမ်းနေသလိုပဲ ၊ အင်းလေ   ကျနော်က လျှောက်သိနေတာကိုး

၊နောက်တော့ သူက မြန်အောင်ကြံခင်းဘက်ကဆိုတာရယ် အဆောင်မှာ နေတယ်ဆိုတာပါ သိခဲ့ရပါတယ် ၊
( နောက် တွေ့ရင် ဘယ်လိုခေါ်ရမလဲ ? နွယ် လို့ပဲ ခေါ်ရမလား )

( ရပါတယ် ) တဲ့ ၊

ရုံးတက်ချိန် နီးနေပြီမို့ ဆိုင်က ထ ၊ ဝင်းထဲအတူလျှောက်လာ ၊

အဆောင် ၄ နဲ့ အဆောင် ၃ က ကပ်ရက် ၊

အင်းးးးး  ၃ နဲ့ ၄ လိုတော့ မဖြစ်ပါစေနဲ့လို့ ဆုတောင်းရအောင်ကလည်း ဒါဟာ ဇာတ်လမ်းတစ်ပုဒ် ဖြစ်လာမှာမို့လား ၊

ဗျို့ ကံဇာတ်ဆရာ ဒါ အစလား ကျုပ် သိချင်သဗျာ ၊ ကျီစားတာမျိုး ဆိုရင်တော့ ခင်ဗျား သေပြီ မှတ် ၊

35 comments

  • ခင်ဇော်

    March 3, 2015 at 3:17 pm

    ငင် 🙄
    ဟယ် 🙄

    အို တစ်ပင်တည်း ရင်ထဲက နွယ်~~~
    ရစ်ပတ်တွယ်ဆဲ~~

    :k:

    • တောင်ပေါ်သား

      March 3, 2015 at 3:21 pm

      ဘာဆိုဘာမှ မထင်ရသေးဘူးကွယ်

      ပျဉ်ဘိုးတွေ နားလည်ရတာလည်း အကြိမ်ကြိမ် အခါခါ 🙁

  • sorrow

    March 3, 2015 at 3:51 pm

    စစချင်း နွယ်ပလိုက်လို့မရသေးဘူးလေ.. သမီးလောက်ပဲခေါ် … သူပြောတာတာပဲနားထောင်..အကြံပေးတဲ့ပုံစံနဲ့ တစ်ခွန်းတလေထောက်ပေး…အရက်သောက်တယ်..အိမ်ထောင်ပျက်..ကလေးသုံးယောက် သွားမပြောလိုက်နဲ့ ဦးနော်…. အနီးကပ်ရအောင်အရင်လုပ်..ပြီးမှတဆင့်ချင်းလုပ်ပါ ဆရာရဲ့ ..မပူနဲ့ .ကချင်တွေနားနေပြီး ခုထိ ခြုံခိုမတိုက်တတ်သေးဘူး …အဟိဟိ

    • တောင်ပေါ်သား

      March 3, 2015 at 3:58 pm

      နုထွားရေ
      နီကသာ မြှောက်နေ
      ဘာမှသိပ်သိရသေးတာမဟုတ်
      ကိုဘလက်ကားကိုတော့ ရယ်ဒီလုပ်ခိုင်းထားနော် 🙂

  • ဂျက်စပဲရိုး

    March 3, 2015 at 4:13 pm

    ဦးနဲ့ သမီး ဆိုတော့ကာ
    လက်ဖွဲ့ ပြင်ထားရမလား ငပိကြော် လာပို့ရမလား
    တစ်ခုခု တော့ တစ်ခုခု ပဲ 😛 😛 😛

    • တောင်ပေါ်သား

      March 3, 2015 at 4:19 pm

      သမီးဟုတ်ဘူးကွ ၊ ၂၅ လောက် လို့ မှန်းမိတယ် ၊
      ငပိကြော် ကြိုက်ဘူး 🙂

      • ဂျက်စပဲရိုး

        March 3, 2015 at 4:50 pm

        ဦး က သာမိ ကို သတိ ထားမိနေတာ ကြာဘာဘီ။
        အာ့ကြောင့်မို့ သာမိ ဘယ်မှာနေ ဘာ အလုပ်လုပ် ဘယ်ချိန်ပြန် ဘယ်နေ့က ဘာလေးဝတ်လာတယ် (ယူနီဖောင်း ပဲကို) စတာတွေ ကို အမြဲ မှတ်မိနေတာပေါ့ကွယ် ဆိုပြီး စ လိုက်တော့ အာဟိ အာဟိ အာဟိ….

        • တောင်ပေါ်သား

          March 3, 2015 at 4:53 pm

          အေးပါ နီ မြှောက်ပေးတာနော်
          ဒီညနေ မှတ်တိုင်မှာ ဆုံမယ်ထင့်

        • ဂျက်စပဲရိုး

          March 3, 2015 at 4:59 pm

          စေတနာ တွေပါလေ။
          ဟို တဂျားလေး ပြောသလိုဆို chance တော့ ရောက်လာပြီ choice သာ လုပ် လိုက်ပေရော့

    • တောင်ပေါ်သား

      March 3, 2015 at 4:54 pm

  • kai

    March 3, 2015 at 5:04 pm

    အနောက်တိုင်းဆန်ဆန်.. ဇတ်လမ်းလေးလုပ်ပါဗျို့…။
    မလိမ်ကြေး.. မညာကြေး.. (ကိုယ့်ကိုယ်ကိုယ်) :k:

    • sorrow

      March 4, 2015 at 1:54 pm

      ကျော်လေ…လေယဉ်မယ်လေးကို အလွန်ကြွေဗျ… သူကလဲအင်းမလုပ်အဲမလုပ်..စိတ်မရှည်တာနဲ့.တရက်သားချစ်တယ်ကွာ ဆိုပြီး ရင်ဘတ်ထဲဆွဲထည့်ပစ်တာ လူမြင်ကွင်းမှာ..မတောင်းပဲအဖြေရရော. သူဘာဆိုဘားမှမတတ်နိုင်…. အစ်ကိုလဲ ..ဘတ်စ်ကားမှတ်တိုင်မှာ လူရှုပ်ရှုပ်အချိန်စောင့်ပြီး အဲ့အကွက်သုံးကြည့်ပါလား… ကျော့်တုန်းကအောင်မြင်တယ်..အဟိဟိ

      • ရာမည

        March 4, 2015 at 2:05 pm

        376 – 377

        ချဲဂဏန်းပေတာပါခင်ဗျာ
        ဟီဟိ

        • sorrow

          March 4, 2015 at 2:11 pm

          ဒီရဲနဲ့တော့…ခက်ပြီ..အဲ့တာနဲ့ ဟိုကကြောက်ပြီးမလုပ်ရဲတာနဲ့ ..အချုပ်ထဲမရောက်တော့ဘူး ..ဖေးဖေးမမ .အရောက်ပို့မယ် မရှိဘူး…ပုဒ်မတွေနဲ့လာခြောက်နေတယ်…

          အစ်ကိုမကြောက်နဲ့ …ကျော်တောင်ဘာဆိုဘားမှမဖြစ်ဘူး …ပြေလည်နေတာတွေ့တယ်ဟုတ်….အငိငိငိ

        • ရာမည

          March 4, 2015 at 2:21 pm

          ဘယ်အချုပ်ခန်းကို ပဲဝင်ဝင်
          မမြင်ကွယ်ရာမှာ ၅၀၀ဝ တန်တစ်ရွက်လောက်ဆောင်ထားပါ ဦးလေးတောင်တောင်ခင်ဗျာ
          အချုပ်ခန်း အဝင်ဝမှာ မျက်နှာကိုအရိုက်မခံရအောင် တန်းစီးကိုပေးလိုက်ပါခင်ည
          ဟီဟိ

      • Mr. MarGa

        March 5, 2015 at 11:17 am

        အဲဒါ
        အဖြူ အမည်း ရာနှုန်းပြည့် ကွဲကွဲလွဲလွဲ သိရတဲ့နည်းပဲ :mrgreenn:

  • naywoon ni

    March 3, 2015 at 6:02 pm

    ​ဟေ့လူကြီး ကြည်​့လုပ်​​နော်​ ​တော်​ကြာမှ
    ကံဆိုးလိုက်​​လေခြင်​း ဆိုပြီး ကံကို အပြစ်​ပုံ မချနဲ့ ။ ဒါမျိုးက သိပ်​​လောကြီးလို့မရသလို ​အေးတိ ​အေးစက်​ကြီးလည်​း ​နေလို့မရဘူး တစ်​ဆင်​့ပြီးမှ တစ်​ဆင်​့ မှန်​မှန်​​လေးတက်​သွား ကိုယ်​စိတ်​ဝင်​စား​နေတာ ဖွင်​့မ​ပြောပဲ နဲ့ သူသိ​အောင်​လုပ်​ ။ အတင်​းကာ​ရော ဇွတ်​​ရောခိုင်​း​နေတာမဟုတ်​ဘူး​နော်​ ။ ကျုပ်​အ​တွေ့ အကြုံ အရ​ပြောရရင်​ သိပ်​ပြီး အတင်​းဇွတ်​ကပ်​မိတဲ့ အခါ နှစ်​ရက်​ သုံးရက်​​လောက်​နဲ့ ​ပြောစရာ စကားက ကုန်​သွားပြီး ဘာဆက်​​ပြောရမှန်​းမသိ ဖြစ်​သွားတတ်​တယ်​ ။ ပြီး​တော့ သူ့အ​ကြောင်​းကို သိနိုင်​သမျှ သိ​အောင်​လုပ်​ ။ အဲ့ဒိလို သိတာ​တွေကို သူအကုန်​မသိ​စေနဲ့ဗျ ။ တစ်​ချို့​ကောင်​မ​လေး​တွေက စ​တွေ့​တွေ့ချင်​း သူတို့အ​ကြောင်​း ​တော်​​တော်​များများသိ ​နေတာ သ​ဘောမကျတတ်​ဘူး ။ ပါးပါးနပ်​နပ်​ ချဉ်​းကပ်​ပါဗျာ ။ ကံ​ကောင်​းပါ​စေ 🙂

  • Foreign Resident

    March 3, 2015 at 6:10 pm

    အားရတယ် ။ အားကျတယ်ကွယ် ။

    ဟီ ဟိ ။ အိမ်က မဟေသီကသာ ခွင့်ပြုရင် ၊
    ဒါမျိုး တစ်ပွဲလောက် စမ်းလိုက်ချင်သေး ။
    အင်းးးးး ၊ မဟေသီကတော့ ခွင့်ပြု မယ် မထင်ဘူး ။

  • စည်​းနဲ့ ကမ်​းနဲ့ လစ်​ဘရယ်​ ​ယောကျာ်​း

    March 3, 2015 at 6:24 pm

    ဘာများလဲလို့ဗျာ
    သဂျီးကို​မေးကျိ
    Rush hour မှာ တိုကီယို ရထားစီးဖီလင်​ဂို
    🙂

  • မွသဲ ( 17082011 )

    March 3, 2015 at 6:48 pm

    ခီများသိဒါဒေအတော်များနေဘီ အရှင်ထားလို့မီဖစ်တော့ဘူး ငွင်းငွင်းငွင်း ရုပ်ရှင်ထဲမာ အိုက်လိုပေါဒါဘဲ :mrgreen:

  • Kaung Kin Pyar

    March 3, 2015 at 10:01 pm

    အသက်က သိပ်မကွာပါဘူး အူးမျိုးရယ်။ ဟိုဆိုရိုးတောင် ရှိသေးတယ်၊ ဒွေးချိုး လေးတိုးဆို မဟုတ်လား။ ဒွေးသာချိုးလိုက်ပါ၊ လေးလဲတိုးမနေပါနဲ့တော့ အဟွတ်!
    အသက်မေးလဲ ၄ဝကျော်လောက် ဖမ်းပြောလိုက်ပေါ့။ အူးမျိုးစတိုင်လ်နဲ့ဆို ယုံလောက်ပါတယ်။ (မှတ်ပုံတင်တော့ မမြင်စေနဲ့ပေါ့လေ…)
    Step by step ပေါ့ အူးမျိုးရယ်။ သို့သော် အချိန်နဲ့ဒီရေသည် လူကိုမစောင့်ဆိုတာလဲ ရှိသေးတယ်။
    ချ ချ!

  • ရာမည

    March 4, 2015 at 11:45 am

    နိုင်ငံရေးတွေ သိပ်မငြိမ်ဘူးခင်ဗျ

    ကမာရွတ်အချုပ်ခန်းမှာ နေရာကြပ်နေတယ်ကြားမိပါတယ် ခင်ဗျာ
    ဟီဟိ

    သူကျေနပ်လို့ အဝှါပြုလဲ ပြုံးပြုံးပါခင်ဗျ
    မကျေနပ်ချိန်မှာ အွန်လိုင်းမက်ဆေ့လေးတစ်ကြောင်းနဲ့လဲ ဦးလေးအဝှါဖစ်သွားနိုင်ပါတယ်ခင်ဗျာ
    ဒဒိထားနော် မပြောမိဘူးမဖစ်စေနဲ့

    အာဟိ အာဟိ

  • Alinsett@Maung Thura

    March 4, 2015 at 2:42 pm

    အဲ… ဇာတ်လမ်းလေးကပဲ… ရိုးရိုးလေးနဲ့ ဆန်းနေသလား..
    ရေးထားတာလေးကပဲ..ရိုးရိုးလေးနဲ့ ဆန်းနေသလားမသိ…
    ဘာတွေ ဆက်ဖြစ်လာလေမလဲ…ဆက်လက် သိချင်စိတ်…ဖြစ်မိ…
    .နောက်ပိုင်း ဘာတွေ ဆက်ဖြစ်သေးလဲ..ငင်

  • တောင်ပေါ်သား

    March 5, 2015 at 9:31 am

    နုထွား ၊ ကောင်းကင်ပြာ ၊ အဘဖော ၊ အဘနီ ၊ မွသဲ
    အားလုံးစိတ်ချပါ ၊ ဟိုရဲကြီးခြောက်တာလောက်က အေးဆေးပါ ၊
    ကမာရွတ်က ကျုပ်နယ်မြေလေ ၊
    အလင်းဆက်ရေ
    ဟိုညနေက တွေ့တယ်ကွ ၊ အတူကားစီးတယ် ၊ ငါ ကားခပေးလိုက်တယ် ၊
    စကားနည်းနည်းပဲ ပြောဖြစ်ပါတယ် ၊
    ဒီမနက်တော့ တွေ့သေးဘူး ၊

    • Foreign Resident

      March 5, 2015 at 1:06 pm

      ့တောင်ပေါ်သား says:
      ” ဟိုညနေက တွေ့တယ်ကွ ၊ အတူကားစီးတယ် ၊ ငါ ကားခပေးလိုက်တယ် ”

      ဟဲ ဟဲ ၊ အခြေနေ ကောင်းနေတယ်ပေါ့ ။
      Fighting, U Myo !!!

      • တောင်ပေါ်သား

        March 5, 2015 at 1:13 pm

        အဘဖော

        သိပ်မမြှောက်နဲ့ဦးဗျ ၊ စ ရမှာ လန့်နေသလို

        ( လူငယ်လို ) စိတ်ကစားယုံမျိုးများ ဖြစ်နေမလား ကိုယ့်ကိုယ်ကို စဉ်းစားနေတာ ၊

        ရင်းနှီးမှုကိုတော့ တည်ဆောက်နေရမှာပေါ့လေ ၊

        တိုးသာ ဆုတ်သာပေါ့ 🙂

  • Ma Ei

    March 5, 2015 at 1:14 pm

    ( ကျွီ ကျွီ ဒုန်း )
    ဘရိတ်အုပ်သံ ကားဘော်ဒီချင်းတိုက်မိသံတို့နဲ့အတူ ကျနော့်ကိုယ်ပေါ် ပစ်ကျလာတာက
    အိစက်နွေးထွေး မွှေး နေတဲ့ ခန္ဓာကိုယ်တစ်ခု ၊…..
    …ဖတ်လိုက်တာနဲ့ မြင်မိတာက
    …ပွင့် လောက်ကိုယ်လုံးလေးနဲ့ ပစ်ကျ သွားပုံလေး….
    🙂

    • တောင်ပေါ်သား

      March 5, 2015 at 1:23 pm

      ပွင့်ဘော်ဒီမျိုးဆို ကျနော်အရိုးကျိုးပြီပေါ့ အမအိရယ်

      အခုက နန်းခင်ဇေယျာ ဘော်ဒီမျိုးလေး အဟေး ဟေးးးး 🙂

  • ဦးကျောက်ခဲ

    March 5, 2015 at 1:44 pm

    အဟိ … အသက် ၅၀-ကျော်မှ ကံပေါ် စန်းထ…
    ကိုမြိုးတော့ ဝက်သက်ပေါက်ပြီ…
    ♪ ♪ … ကြီးမှဝက်သက် ပေါက်ရင် သတိထား … ♪ ♪ ဟီ ဟိ
    :k:

    • တောင်ပေါ်သား

      March 5, 2015 at 1:52 pm

      ဝက်သက်ပျောက်ဆေးလေး ဘာလေး ရှာထားပေးဦး ကိုကျောက်ရေ

  • မြစပဲရိုး

    March 7, 2015 at 2:30 am

    ကျွန်မ ငယ်တုန်းက သုမောင် သီချင်း တစ်ပုဒ် ရှိတယ်။
    ရုံးသွားတိုင်း ဆုံတဲ့ မိန်းကလေး တစ်ယောက် က သူ့ကို မြင်တိုင်း ပြုံးပြုံး နေတာ တဲ့။
    အဲဒါကို သူ့မှာ ရင်ခုံပီတိဖြစ်နေတာ။
    တစ်နေ့ မိန်းကလေး က သူ့နား ကို ကပ်ပြီး စကားတစ်ခွန်း ပြောလိုက်တယ်။
    ?
    ?
    ?
    😉 :))

    • တောင်ပေါ်သား

      March 7, 2015 at 9:17 am

      ဘာတဲ့လဲ ဟင် ?

      🙁

      • မြစပဲရိုး

        March 7, 2015 at 5:58 pm

        “အန်ကယ့် ခေါင်းပေါ်က ဆံပင်ဖြူ တွေ က အတော် ရီစရာ ကောင်း အောင် ထောင် နေတာ။
        နှုတ် မပစ် ဘူးလား” တဲ့။ lol:-)))))

  • Crystalline

    March 8, 2015 at 2:06 pm

    ကံတရားက အူမျိုးဖက်ရှိနေပုံရတယ်….. မိုးဒီလိုလူဝကြီးများပြိုကျပါလား…. :mrgreenn:

Leave a Reply