မြင်ရတွေ့ရ ရင်ဝမချိ

မြင်နေရတာတွေကို ရင်ထဲမကောင်းပါ။

ဘယ်သူ့ကိုမှ ဘယ်ဘက်ကိုမှလည်း ဝေဖန် လေကန်မလုပ်လိုတော့။

ရှင်းရှင်းပြောရရင်

ဒေါ်စုကိုယ်တိုင်က အချိန်တန်ပါတယ်။

ပြတ်သားသင့်ပါတယ်ဆိုရင် ကျွန်ုပ်တို့ဘက်က အပြည့်အဝမထောက်ခံနိုင်စရာအကြောင်းကိုမရှိ။

အပျက်အပျက်နဲ့နှာခေါင်းသွေးထွက်ရှာမယ့် အဖြစ်မျိုးတွေမကြုံစေလိုတော့။

သွေးတိုးလှုံ့ဆော်ကြမယ့်အစား နားချဖျောင်းဖျပြီး ကိုယ့်ခေါင်းဆောင်ကောင်းကိုအရင်လမ်းဖွင့်ပေးကြစေချင်တယ်။

ကိုယ့်ထက်တတ်သိနားလည်တဲ့ ခေါင်းဆောင်တောင် ပြတ်ပြတ်သားသားမရပ်တည်နိုင်သေးတာမို့ ခဏလောက်သီးခံလိုက်ကြတာပိုမကောင်းဘူးလားလို့။

 

ဒေါ်စုကိုထောက်ခံသူတွေကပဲ ဒေါ်စုရဲ့Image ကိုဖျက်နေကြပြီလား။

:b:

(ရင်ထဲတကယ်မကောင်းလို့ရေးမိတဲ့စာ)

😕

45 comments

  • မွသဲ ( 17082011 )

    March 3, 2015 at 8:04 pm

    ဟမ်ဘာတွေဖြစ်လို့လဲသော်

  • စည်​းနဲ့ ကမ်​းနဲ့ လစ်​ဘရယ်​ ​ယောကျာ်​း

    March 3, 2015 at 8:38 pm

    ဝီ့ဂို ရှစ်​ဆယ်​

  • naywoon ni

    March 3, 2015 at 9:51 pm

    ဒီတိုက်​ပွဲကို ​ကျောင်​းသားကိစ္စ လို့လဲ မမြင်​ဘူး ဥပ​ဒေ ကိစ္စလို့လည်​းကွက်​​ပြောလို့မရဘူး ။ တစ်​ကယ်​တမ်​းဖြစ်​​နေတာက ” ဓ​လေ့ ထုံးတမ်​းစဉ်​လာကို ဖက်​တွယ်​ထားချင်​တဲ့ သူ​တွေနဲ့ ဓ​လေ့ ထုံးတမ်​းစဉ်​လာ ကို ငြီး​ငွေ့သူတို့ရဲ့ တိုက်​ပွဲ ” လို့ပဲ မြင်​တယ်​ ။ ဒီကိစ္စ ပြီးသွားလည်​း ​နောက်​ထပ်​ တိုက်​ပွဲ​တွေ ဆက်​ဖြစ်​​နေဦးမှာပဲ ။ ​လူမှု ​တော်​လှန်​​ရေးက ခုမှ စတာ ။

    • naywoon ni

      March 3, 2015 at 11:27 pm

      မလွဲပါဘူး​အေ မယုံရင်​​စောင်​့ကြည်​့လိုက်​ ဒါက ကွန်​ဆာ​ဗေးတစ်​နဲ့ ​လေဘယ်​လ်​ ​ရှေးရိုးနဲ့ ၂၁ ရာစု အ​တွေးအ​ခေါ် ထိပ်​တိုက်​ဆုံတာ ။ အ​တွေးအ​ခေါ်တိုက်​ပွဲ ယဉ်​​ကျေးမှု ​တော်​လှန်​​ရေး ။
      သူဂျီး ​ရေ စပြီ ပြပြီ အခုမှ စတာ
      ( ပွဲ​ဈေးတန်​းမှာ တုတ်​ထိုး ရုပ်​​သေး ပြတဲ့ သူ လူ​ခေါ်တဲ့ အသံမျိုးနဲ့ နား​ထောင်​ကြည်​့ ရန်​ )
      အစဉ်​ အလာ ဓ​လေ့ ထုံးစံ သမား ​တွေက တစ်​ဖက်​ ​ခေတ်​စနစ်​နဲ့ အညီ ​နေထိုင်​မှု ပြုမူ ချင်​သူ​တွေက တစ်​ဖက်​ ဘယ်​လို ဇာတ်​သိမ်​းမလဲ ​စောင်​့ကြည်​့ရမယ်​ ။
      အ​ရေး ​တော်​ပုံ ​အောင်​ရမည်​ ။

      • လွဲ​နေ​သေးတယ်​ဆိုတာကလွဲ​နေ​သေးတယ်​ဆိုတာကဒီလိုပါဘနီ။
        သူတို့ထွက်​မယ်​့လမ်​း သူတို့ဟာသူတို့ပိတ်​မိ​နေပြီလားလို့ပါ။

        ဘနီ​ပြောသလိုလာဦးမှာပဲ ဘယ်​အစိုးရမှာပဲုဖစ်​ဖြစ်​။
        ဒီနိုင်​ငံရဲ့ဓ​လေ့စရိုက်​အရဆိုရင်​ ဟို​နေ့က ​ကြောင်​ပို့စ်​မှာမန်​့ခဲ့သလိုပါပဲ။

      • ဝင့်ပြုံးမြင့်

        March 4, 2015 at 8:39 pm

        . အဘနီ ကို ထောက်ခံပါသည်။ အသွင်ကူးပြောင်းစ တိုင်းပြည်တွေမှာ လစ်ဗြဲ နဲ့ ကွန်တစ် ယဉ်ကျေးမှု တော်လှန်ရေး လွန်ဆွဲပွဲ ဖြစ်စမြဲ။ အဲဒီ အခါ ကွန်တစ် အနိုင်ရစမြဲ။ အချိန်တစ်ခုကို လွန်မှ လစ်ဗြဲနဲ့ ကွန်တစ် မျှခြေ ပြန်ရောက်ပါသည်။ ဒီကြားကာလလေးက စပ်ကူးမတ်ကူး၊ တိုင်းပြည် အစိတ်စိတ်အမွှာမွှာ မကွဲဖို့ တစ်ခုပဲ လိုပါသည်။ ဒီစပ်ကူးမတ်ကူး ကာလ လွန်သည်နှင့် ကမာ္ဘ့ အချမ်းသာဆုံး စာရင်းဝင် နိုင်ငံကို နှစ် ၅ဝ အတွင်း ရောက်မည်ဟု ယုံပါသည်။

        • Foreign Resident

          March 5, 2015 at 10:43 am

          ဝင့်ပြုံးမြင့် says:
          ” ကမာ္ဘ့ အချမ်းသာဆုံး စာရင်းဝင် နိုင်ငံကို နှစ် ၅ဝ အတွင်း ရောက်မည်ဟု ယုံပါသည် ”

          မပြုံး နှစ် ၅ဝ အတွင်း အချမ်းသာဆုံး စာရင်းဝင် နိုင်ငံ လုံးဝ မဖြစ်စေရဘူး စိတ်ချ ။
          အပြတ်ပြောမယ် ၊ ဒေါ်စု တက်ရင်တောင် လုံးဝ မဖြစ်ဘူး ။

          ၁ ။
          မလိမ်ကြေး မညာကြေး ဝန်ခံပါ ၊ မြန်မာလူမျိုးဟာ ၊
          ရန်လိုပြီး စစ်ကိုလိုလားတဲ့ လူမျိုး ၊ ဟုတ်တယ် မဟုတ်လား ။
          တရုတ်စကားနှင့် မြန်မာလူမျိုး ကို မင်ဒင့် ဆိုတာ Warrior တဲ့ ။

          ၂ ။
          အခုလက်ရှိမှာ ၊ မြန်မာလူမျိုးတွေ ဟာ ၊
          ့ပြည်တွင်းမှာ ရှိရှိသမျှ တိုင်းရင်းသား လူမျိုး မှန်သမျှ အားလုံး ၊
          ကချင် ကယား ကရင် ချင်း မွန် ရခိုင် ရှမ်း ဝ ပလောင် နှင့် စစ်တိုက်နေတယ် ။

          ့ပြည်ပ က တရုတ် ၊ ကုလား ၊ ယိုးဒယား အားလုံးနှင့်လည်း မတည့်ဘူး ။
          တရုတ် ၊ ကုလား ၊ ယိုးဒယား အားလုံးကို မုန်းတီးရေး လုပ်ထားတာမှာလဲ ၊
          အားလုံးဟာ ပေါက်ခါနီး ဆဲဆဲ ယမ်းပုံ အခြေအနေ ကို ရောက်နေတယ် ။

          ၃ ။
          ဆိုလိုတာက ၊ တရုတ် ၊ ကုလား ၊ ယိုးဒယား လူမျိုးတွေ အားလုံး နှင့် ရော ၊
          တိုင်းရင်းသား လူမျိုးတွေ အားလုံး နှင့် ရော ၊ နှင့် မြန်မာလူမျိုး ရဲ့ကြားမှာ ၊
          အမုန်းတွေ နာကြည်းချက်တွေက ဖွဲမီးလို တလှိုက်လှိုက် လောင်နေတယ် ။
          အဲဒီဟာ ဟာ ၊ တိုင်းပြည်ရဲ့ အကြီးဆုံး အားနည်းချက်ဘဲ ။

          ၄ ။
          အဲဒီတော့ကာ ၊ မြန်မာပြည် တိုးတက် ချမ်းသာ လာကာနီးတိုင်းမှာ ၊
          ့မြန်မာပြည် တိုးတက် ချမ်းသာမှာကို မလိုလားတဲ့ အဖွဲ့ / တိုင်းပြည် တစ်ခုခုက ၊
          အဲ့ဒီ မီးစကို လွယ်လွယ်လေး ကောက်ရှို့လိုက်မှာဘဲ ။

          ၅ ။
          ရှင်းရှင်းလေးဘဲ ၊ ပြည်တွင်းမှာ အချင်းချင်း စစ်ဖြစ်နေတဲ့ နိုင်ငံဟာ ၊
          ဘယ်လိုနည်းနှင့်မှ တိုးတက် ချမ်းသာ လာစရာ အကြောင်း မရှိဘူး ။

          အဲဒီတော့ကာ ၊ နှစ် ၅ဝ အတွင်း အချမ်းသာဆုံး စာရင်းဝင် နိုင်ငံ ၊
          လုံးဝ ( လုံးဝ ) မဖြစ်နိုင်ဘူး လို့ ကျနော်ကတော့ ထင်တယ် ။

        • ဝင့်ပြုံးမြင့်

          March 5, 2015 at 10:20 pm

          .မှန်ပါတယ်။ ဘဖောပြောတာ ပိုပြီး အကျိုး အကြောင်း ညီညွတ်ပါတယ်။ မျှစ်က လောဘကြီးသွားလို့။ အခု သပိတ်မှောက်ကိစ္စကိုတော့ ဘဖော ဘာမှ မပြောသေးဘူးနော်။ ဖြစ်နိုင်ရင် သဘောထားလေး သိချင်ပါတယ်။

  • တိမ်မည်း

    March 3, 2015 at 10:29 pm

    ဒေါ်စုကို ချစ်တာ နှစ်ရာမရောက်စေဖို့ လို။
    မှန်သော်လည်း မပြောစကောင်း။
    မှန်သော်ပြာမိ လွန်တာရှိ။ ရခိုင်ကိတ်စ ရှုလော့။
    ဘွားတော် ကြီး နာမည်ပျက်လေရော့။
    အခုလည်း မပြောသေးတာ အကြောင်းရှိမယ်ထင်။

    • ဒီမို​ရေစီရဲ့သ​ဘောကို ​သေ​သေချာချာနားလည်​မှ းီမိုက​ရေစီနိုင်​ငံအဖြစ်​​သေ​သေချာချာရပ်​တည်​နိုင်​မှာပါ။
      ဒါကို စုသ​ဘော​ပေါက်​​ပေမယ်​့ စု လူ​တွေသ​ဘောမ​ပေါက်​
      ဒီ​တော့ တခုခု နစ်​နာစရာရှိရင်​ စုဆီပဲ လာစုမည်​

  • မြစပဲရိုး

    March 4, 2015 at 12:12 am

    ဒီပွဲ မှာ
    . နှစ်ဖက်လုံး ကို တိုင်းပြည်ဖျက် နေသူများ လို့ ဘဲ မြင်တယ်။
    . ဒေါ်အောင်ဆန်းစုကြည် ကို မလိုသူများ ပူးပေါင်း လုပ်ကြံပွဲ လို့ ဘဲ မြင်တယ်။

    ကျိန်စာ မိနေတဲ့ တိုင်းပြည်။
    . ကောင်းမဲ့လမ်းစ ဖြစ် တိုင်း အဖျက် ရောက်ရောက်လာတယ်။
    တကယ်လဲ အစွမ်းရှိတာ မဟုတ်ဘဲနဲ့။

    အာညောင်း ခံနိုင်ရင် ဆဲကြ။
    လက်ညောင်းခံ နိုင်ရင် နီကြ။
    Without ဂရု။

    • အ​ပေါ်ကနှစ်​​ကြောင်​းလုံးကို ​ထောက်​ခံတယ်​။
      ဒီမိုးဒီ​ရေနဲ့ ဒီပြည်​ကြီး​ရွှေပြည်​ဖြစ်​ဖို့ မ​မျှော်​

    • မွသဲ ( 17082011 )

      March 4, 2015 at 9:27 pm

      အရီးပြောတာမှန်တယ် အရီးကိုထောက်ခံတယ်။ အဲ့လိုပြောချင်တာမပြောတတ်လို့

  • kai

    March 4, 2015 at 4:06 am

    ဒေါ်စုက.. ဘုန်းကြီးတွေပါရင်..မတို့မထိ(ရဲ)တော့…။ မပြော(ချင်)တော့…။
    နိုင်ငံရေးလုပ်ချိန်မှာ သခင်အောင်ဆန်းလို… အသက်မငယ်တာမို့.. သူ့နောက်ဆုံးအချိန်တွေကို.. လူချစ်အောင်ပဲနေသွားဖို့ဖက်.. “ကဲ”ထားပြီထင်မိတယ်..။
    အပြစ်တော့မဟုတ်..။ သဘာဝ..။

    ပြသနာက.. လူထုမှာ… ရှိတာလို့ပြောချင်တယ်..။
    ကျောင်းသားတွေမှာလည်း.. ရှိတာပဲ..
    =
    နိုင်ငံရေးကနေ.. ဘုန်းကြီးတွေကို ဖယ်ထုတ်ကြ..။
    ဘာသာရေးမနွယ်.. သန့်ရှင်းတဲ့နိုင်ငံရေးစနစ်တည်ဆောက်ကြ..။

    ဒါမှမဟုတ်..။

    ဘုန်းကြီးနဲ့နိုင်ငံရေး.. ရောသမမွှေကြ..။ ဘုန်းကြီးတွေ မဲပေးရခွင့်တောင်းဆိုကြ.. ဘုန်းကြီးတွေကို… နိုင်ငံရေးခေါင်းဆောင်.. လူထုခေါင်းဆောင်ရာထူးကြ..။
    နိုင်ငံရေးပါတီထောင်ကြ..။

    ဟိုဖက်ဒီဖက်အစွန်း.. ကြိုက်ရာရွေးကြ…။
    အလည်မှာ… အရောရောအထွေးထွေးရပ်မနေသင့်…။ :i:
    ==

    “Nothing could be more dangerous to the existence of this Republic than to introduce religion into politics”
    – Robert Green Ingersoll

    “Religion mixed with politics in a multi-faith country like ours portends destruction and devastation.”
    – Olusegun Obasanjo

    • ဝင့်ပြုံးမြင့်

      March 4, 2015 at 9:19 pm

      .အပေါ်က စာကြောင်း နှစ်ကြောင်းကို ထောက်ခံပါတယ် သဂျီး ။ သို့သော် သဂျီးနဲ့ မျှစ်ကြော် ကီးလွဲနေတာရှိတယ်။ အဲဒါက သဂျီးက ဗုဒ္ဒဘာသာဘက် ဇောင်းပေးပြီး ပြောတာ။ မျှစ်ကြော်က ထေရဝါဒ နိုင်ငံတွေ အကြောင်း သိပ်မဖတ်ဖူးဘူး။ မျှစ်က အရှေ့အလယ်ပိုင်းပဲ ကြိတ်တာ။ အစ္စလာမ္မစ် နိုင်ငံတွေမှာတော့ အထက်က စာကြောင်းနှစ်ကြောင်းဟာ ရာနှုန်းပြည့် မှန်ပါတယ်။ ထေရဝါဒ ကိုတော့ မသိ။

      .ဘာသာရေးနဲ့ နိုင်ငံရေး ရောသမမွှေရင် တိုင်းပြည်ဟာ အရှင်လတ်လတ် ငရဲပြည်ရောက်တယ်။ (အစ္စလာမ္မစ် တိုင်းပြည်ကို ပြောတာ) ပြီးတော့ သဂျီး မပြောတဲ့ ယိုပေါက် တစ်ခုရှိသေးတယ်။ အဲဒါက political acumen နိုင်ငံရေး အမြင်ထက်မြက်စူးရှပြီး ဘာသာရေးမှာ အစွန်းရောက်ရင် ပိုဆိုးပါသတဲ့။ အဲဒါကို တိုင်းမ်မှာ နိုင်ငံရေးပညာရှင်နဲ့ ဗျ ူ း တာကို ဖတ်ထားတာ။ ခက်တာက သူ့နာမည် ရှည်လွန်းလို့ မျှစ်ကြော် မေ့သွားပြီ။

  • kai

    March 4, 2015 at 4:45 am

    picture of the month :k:
    ရဲတွေကလည်းအသက်ငယ်ငယ်..။ ကျောင်းသားတွေများ…ပိုလို့ငယ်…။
    မျက်နှာချင်းဆိုင်.. ဒင်နာစားဖို့ပြင်နေသလိုလို..။

    • Wow

      March 4, 2015 at 7:04 am

      Thant Htike
      4 hrs · Edited ·

      ..ကျောင်းသားတွေနဲ့ ရဲတွေ ညခင်းကိုု အေးအေးချမ်းချမ်း အတူတူ ဖြတ်ကျော်နေကြပြီး .. စကားပြောဆိုု ရီမောကြ၊ ရေတိုုက်ကြ၊ မုုန့်စားကြ၊ တွေ့နေရတာကိုု … အတွင်းခံထဲ ပုုရွတ်ဆိတ်ဝင်နေသလိုု .. နေမထိ ထိုုင်မရ ဖြစ်နေတဲ့ … အွန်လိုုင်းက လူတချို့ကိုု မြင်ရရင် .. သူတိုု့ကိုု ကြည့်ပြီး ….

      … တဝါးဝါး တဟားဟား မရီမိပေမယ့် .. ပြုံးနေမိတယ်။

      (ကိုုထိုုက်)

    • ဘုန်​ကြီးကိုဖယ်​ထုတ်​ဖို့ဆိုတာ ကိုယ်​့​သေတွင်​းကိုယ်​တူးသလိုဖြစ်​နိုင်​မယ်​။
      ဘာ​ကြောင်​့လည်​းဆို​တော့ မြို့တိုင်​းမှာ​ကော၊လက်​လုပ်​လက်​စားတိုင်​းပါသုံးတဲ့fb မှာကို မဘသ နဲ့ မဘသ စစ်​စစ်​မဟုတ်​ငြား ဆင်​သ​ယောင်​​ယောင်​ လူ​တွေ အနံ့ရှိ​နေတဲ့အတွက်​ အား​ပေးကူညီမု​တေ်ွ ​တော်​​တော်​ပြတ်​​တောက်​သွားမှာပါ။
      ပထမဆုံးသပိတ်​မးအစနဲ့ ​နောက်​တပြန်​စတဲ့ သပိတ်​​တောင်​ အ​ခြေအ​နေချင်​းကွာခြားသွားလို့ ​ကျောင်​းသား​တွေ ဇွတ်​မချီနိုင်​ကြ​တော့ဘူး။​လောက်​ကိုင်​နဲ့ပတ်​သတ်​တဲ့တပ်​ချစ်​သူကတဖွဲ့ ဘကကိုဖျက်​သင်​့တယ်​လို့ ​ပြောခဲ့တယ်​ဆိုပြီး ​ဒေါသထွက်​သွားတဲ့ ​နောက်​တစ်​စုကတဖွဲ့။ဆို​တော့ ​ရှေ့တိုးလို့ ခံရလည်​း ၈၈မှာလို နာမည်​လှလှတပ်​ကြ​တော့မယ်​မထင်​ဘူး​လေ။

    • naywoon ni

      March 4, 2015 at 10:58 am

      ဒီပုံကိုမြင်​ရ​တော့ သပိတ်​​မှောက်​တာက ​ကျောင်​းသား​တွေလား ရဲ ​တွေလား သိပ်​မသဲကွဲ​တော့ဘူးရယ်​ 🙂

  • Wow

    March 4, 2015 at 6:35 am

    ဘာမှပျောချင်ပုစ်

  • ​ရှေ့ကိုသွား​နေကြတာလား ​နောက်​ပြန်​လှည်​့​နေကြတာလား။
    အမြင်​မှာ​တော့ ​နောက်​ပြန်​​ရောက်​​တော့မယ်​ထင်​ရဲ့

  • padonmar

    March 4, 2015 at 9:02 am

    သော်ရေ
    ပြောချင်စိတ်ကုန်နေတယ်။
    တဖက်မှားလို့ မြင်တဲ့အခါ အမှန်ဖက်က ရပ်တည်ပေးချင်တယ်(လုပ်နိုင်သည်ဖြစ်စေ၊မလုပ်နိုင်သည်ဖြစ်စေ)
    တဖက်မှ မမှန်ဘူးလို့ မြင်တဲ့အခါ ဘယ်ဖက်ကမှလည်း ရပ်တည်မပေးနိုင်တော့ဘူး။ဦးတည်ချက်လည်း ပျောက်တယ်။မျှော်လင့်ချက်လည်း ပျောက်တယ်။

  • ဦးကြောင်ကြီး

    March 4, 2015 at 12:12 pm

    ဟုတ်တယ်ဟေ့.. နာရေးကူညီမှု အသင်းက ကျော်သူတို့ လင်မယား ငအတွေ၊ ရွှေညဝါဆရာတော်၊ မစိုးရိမ်တိုက်သစ် ဆရာတော်၊ ရှင်ဆန္ဒာဓိက တို့က မြှောက်ပေးနေတာ၊ ယူအန်အေက ဦးခွန်ထွန်းဦး၊ ဦးအေးသာအောင်နဲ့ တိုင်းရင်းသားပါတီခေါင်းဆောင်တွေက ညာခိုင်းနေတာ.. ဒေါက်တာသိန်းလွင်နဲ့ ဒေါ်ညိုညိုသင်းတို့က ရုပ်သေးဆရာမတွေ..။
    တခုတော့ ပြောလိုက်မည်.. နီတို့ ခလေး ကျောင်းပျက်မှာ ကြောက်လို့၊ မြှုပ်ထား ရင်းထားတဲ့ မြေကွက် ဈေးကျမှာစိုးလို့.. ဖွင့်ထားတဲ့ ဆိုင်လေး မရောင်းရမှာဆိုးတာနဲ့ ဘဝနဲ့ရင်းပြီး ပညာရေးစနစ်ကို ပြင်ဖို့ ကြိုးစားနေတဲ့ ညီငယ် ညီမငယ် ကျောင်းသူားတွေကိုတော့ ထိုးမချလိုက်ပါနဲ့။ နီတို့ ခလေး ကျောင်းတက်ရက် ပျက်မှာ၊ စာမေးပွဲဖြေတာ အနှောက်အယှက်ဖြစ်မှာ၊ ဝင်ငွေနည်းသွားမှာ ဟုတ်သလို သပိတ်မှောက်ကျောင်းသူားတွေကလည်း ဘဝနဲ့ရင်းပြီး ထောင်တန်းအကျ အစွန့်အစားခံပြီး ယုံကြည်ရာ လုပ်နေတာ။ နည်းနည်းတော့ ကိုယ်ခြင်းစာတတ်ပါ။

    • ခင်ဇော်

      March 4, 2015 at 12:14 pm

      စိမ်း ခဲ့ပြီ

      :mrgreenn:

    • ဒါာက​တော့ များသွားပါပြီ။
      က​လေး​တွေ​ကျောင်​းပျက်​မှာစိုးစရာမရှိ။က​လေး​တွေ ပညာ​ရေးမြင်​့မား​အောင်​​မျှော်​စရာမလို။အချိန်​တန်​ သူ့​ခေါင်​း​ဆောင်​နဲ့ သူ့နိုင်​ငံ တလမ်​း​ကြောင်​းထဲ အသားကျသွားတဲ့အခါ။​သွေးထွက်​သံယိုမရှိ ပြီးရမှာ။မြှပ်​ထားတဲ့​မြေကွက်​လည်​း​ဈေးကျစရာမလို ဒါ​တွေက ပါစင်​နယ်​ခင်​မင်​မှုကိုအခွင်​့​ကောင်​းယူပြီး တိုက်​ခိုက်​​ဝေဖန်​တဲ့အသုံး​တွေပဲ။စွန်​့စား​နေတဲ့ ​ကျောင်​းသား​ကျောင်​းသူ​တွေ ကကျွန်​မတို့ညီမ​မောင်​​တွေအရွယ်​ပါ။ကျွန်​မညီမကိုယ်​တိုင်​​ကျောင်​းတက်​​နေတုန်​းပါ။ကကျွန်​မတို့ညီမ​မောင်​​တွေအရွယ်​ပါ။ကျွန်​မညီမကိုယ်​တိုင်​​ကျောင်​းတက်​​နေတုန်​းပါ။ယခုအချိန်​က ဦး​နေဝင်​းလက်​ထပ်​လိုမဖြစ်​မ​နေတက်​မှရမှမဟုတ်​သလိုဦး​နေဝင်​းလက်​ထပ်​လိုမဖြစ်​မ​နေတက်​မှရမှမဟုတ်​သလို မလိုပဲစွန်​့စရာမလိုပါ။ ကျွန်​မ​လောက်​ကိုယ်​ချင်​းစာတတ်​လွန်​းလို့ မျက်​နှတာင်​မ​ဖော်​ပြတြ့ လူမျိုး​တွေနဲ့အပြိုင်​​ပြော​နေတာ။သူတို့​သေရင်​ ရှင်​တို့ သားသမီး​တွေ​သေမှာမဟုတ်​ အစိုးရကတကယ်​မလုပ်​တတ်​တဲ့အစိုးရဆိုရင်​​တော့ ကျွန်​မလျှာရှည်​​နေစရာိမလို

    • မြစပဲရိုး

      March 4, 2015 at 2:33 pm

      ပညာရေး ဥပဒေကြီး ကို မိုးပျံ အောင် ပြင်ထားပြီး နောက်က အကောင်အထည်ဖော်မဲ့ သူတွေ က သူခိုး တွေချည်း ဖြစ်နေရင် အောင်မြင်မယ်တဲ့လား။
      တစ်ဘို့ ထဲ ကွက် မကြည့် နဲ့လေ။
      ဒုံရင်း အတိုင်းဘဲ ဆင်းရဲတွင်း နက်နေမဲ့ ကလေး မိဘ တွေ က ပညာရေး ကို အားပေးမတဲ့လား။
      အင်မတန် ကောင်းတဲ့ ပညာရေးစနစ် ရှိတဲ့ တိုင်းပြည်တွေမှာ တောင် အောက်ခြေ လူတန်းစား တွေ ရဲ့ ကလေး တွေ ပညာရေးမှာ နိမ့် နေဆဲ။
      ဒါကြောင့် နေရာစုံ မှာ ကောင်းတဲ့ ဥပဒေရှိမှ တိုင်းပြည် တကည် တိုးတက်မှာ။
      တစ်နေရာထဲ ထိုးကောင်းလဲ ဘုတ်အုပ် ထဲ မှာ ရေးထားတဲ့ စာတွေ ဘဲ ကောင်း တာ မြင်ရမယ်။ 🙄

    • မွသဲ ( 17082011 )

      March 4, 2015 at 9:32 pm

      မဟုတ်ဘူးဦးကြောင်မှားနေပြီ။ ခုကလေးတွေလုပ်နေတာ တောင်းနေတာတွေဟာ လက်ရှိမြန်မာနိုင်ငံပညာရေးကို ကိုယ်စားမပြုဘူး။ ဒါကို ပြည်တွင်းနေသူတွေပဲပိုသိတယ် ဦးကြောင်။ ခုဟာကဒေါ်စုကိုအကျပ်ရိုက်အောင်လုပ်တာဟုတ်ရင်ဟုတ် မဟုတ်ရင်တချိန်မှာဒေါ်စုလက်ထဲကအာဏာကိုပြန်လုဖို့လူစုနေတဲ့လူတစုရဲ့စနက်ပဲ။ မူမမှန်ဘူး

  • ရာမည

    March 4, 2015 at 2:09 pm

    ဒို့ အရေ
    ဒို့ အရေ
    ဒို့ အရေ

    😀

  • Alinsett@Maung Thura

    March 4, 2015 at 2:23 pm

    ဟင်းးးးးးးး
    (ထမင်းနဲ့စားတဲ့ ဟင်းလျာကို ပြောခြင်းမဟုတ်…/ သက်ပြင်းချသံ သက်သက်… )

  • ဒီအချိန်မှာ ဒီလိုဖြစ်လာတဲ့.. အဲဒီ ပြင်းထန်လွန်းလှတဲ့ သပိတ်ကို မထောက်ခံပါဘူး…
    ဂလောက်ပါပဲ..

  • CharTooLan

    March 5, 2015 at 4:50 pm

    အူးကြောင်ယဲယဲနီနေဒါဂို မကျိယက်ဝူး များကယ်ဂျင်ဒယ်
    ဒယ်ဒီသဂျီးမန်း အူးကြောင်ဂိုခဏခဏစိမ်းခွင့်ပျုဘာ သုဂိုများကယ်မှဖစ်မယ် 😀

  • ဦးဦးပါလေရာ

    March 6, 2015 at 12:56 am

    .​တွေ့လား….
    .ဇတ်​လမ်​းစပြီ…
    .ြြပြည်​သူတွကို
    .​အောင်​မြင်​နိုင်​တဲ့အလုပ်​အစား..
    .မ​အောင်​မြင်​နိုင်​တဲ့ အလုပ်​ကို အစားထိုး​ပေး​တော့မယ်​…
    အခု တကွက်​ထဲနဲ့တင်​ ၈၈ ကို အလုပ်​​ပြောင်​း​ပေးလိုက်​ပြီ …
    .မကြာခင်​ ဒီမို​တွေကို အလုပ်​​ပြောင်​း​ပေးမယ်​..
    .​နောက်​ထပ်​တလှည်​့မှာ အဲသည်​ပါဆယ်​ ​ဒေါ်စုဆီ​ရောက်​မယ်​….
    .ဘာမှမတတ်​နိုင်​ဘူး…
    .လက်​မခံရင်​ နာမည်​ဖျက်​ပြီးသားပြည်​သူနဲ့ ရန်​တိုက်​ပြီးသားဖြစ်​မယ်​..
    .ရခိုင်​တုန်​းကတခါ လက်​ပန်​း​တောင်​း​တောင်​တုန်​းကတခါ ဒီလိုပဲခံလိုက်​ရပြီးပြီ

    .ဒီနိုင်​ငံက ​နောင်​နှစ်​တစ်​ရာနဲ့လဲ နလံထူမယ်​မထင်​…
    :buu:

  • ခင်ခ

    March 6, 2015 at 1:35 am

    လက်ပတန်း အဖြစ်ကိုကြည့်ပြီး ကျွန်တော်ကတော့ ကျောင်းသားထုလည်းမှားတယ်မထင်။ တားမြစ်ဖို့ရောက်နေကြတဲ့ရဲတွေကိုလည်း အပြစ်မဆိုချင်ပါဘူး။ နှစ်ဖက်လုံးကို သနားမိတယ်။
    ဘာလို့လဲဆိုတော့ စနစ်ဆိုးတစ်ခုအောက်မှာ သူတို့တွေ စားကောင်းခြင်းမစားရ အိပ်ကောင်းခြင်းမအိပ်ရရှာလို့ပါ။
    အဲဒီစနစ်ဆိုးကို ဗြဟ္မာဦးခေါင်းလို ဦးထိပ်ရွက်ပန်ပြီး လွှတ်မခနိုင်သေးဘဲ လက်ဆင့်ကမ်းသယ်လာသူတွေကိုဘဲ အပြစ်ဆိုချင်တယ်။

  • ဦးကြောင်ကြီး

    March 6, 2015 at 9:43 am

    ရှင်ဆန္ဒာဓိက က သွေးထိုးပေးသူလား၊ ဒေါ်စုဆီက အာဏာလုမည့်သူလား၊ ကူမြူ နစ် ဘုန်းကြီးလား လုပ်ပါဦး လက်တွေ့မပြောနဲ့ ပါးစပ်တောင် မဟရဲတဲ့ ဆိ်တ်စွမ်းအားရှင် အပေါင်းဒို့..

    မြန်မာဌာန | သတင်းများ
    ပညာရေးအတွက် ကျပ်သိန်းတစ်ထောင် အရှင်ဆန္ဒာဓိက လှူဒါန်း
    2015-03-05

    ရွှေပါရမီတောရဆရာတော် အရှင်ဆန္ဒာဓိကရဲ့ ပညာရေးဖောင်ဒေးရှင်းက ၂ဝ၁၄ – ၂ဝ၁၅ ပညာသင် နှစ်အတွက် ကျပ်သိန်းတစ်ထောင်ကျော် ထောက် ပံ့ကြောင်း ထုတ်ပြန်ကြေညာပါတယ်။

    ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်း Sedona ဟိုတယ်မှာ တတိယအကြိမ် တက္ကသိုလ်ပညာသင်ဆု ချီးမြှင့်ခြင်းနဲ့ အလှူငွေပေးအပ်ပွဲ အခမ်းအနားမှာ ဆရာတော် အရှင်ဆန္ဒာဓိကက မိန့်ကြားခဲ့တာပါ။

    ဆရာတော်က သပိတ်မှောက်ကျောင်းသူ ကျောင်း သားတွေ တောင်းဆိုနေတဲ့ ပညာရေး စနစ် ပြုပြင်ပြောင်းလဲရေးကို ထောက်ခံကြောင်းနဲ့ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေးဆိုင်ရာမှာ ဟန်ပြအဖြစ်မလုပ်ဖို့ကိုလည်း မိန့်ကြားခဲ့ပါတယ်။

    “ပညာရေးကို အဆင့်မြင်စနစ်ဖြစ်အောင်ဆိုပြီးတော့ ပြုပြင်ဖို့အတွက် ကျောင်းသားတွေတောင်းဆိုနေ ကြတယ်၊ အခုလည်း ဆွေးနွေးနေကြတယ်ပေါ့နော်၊ ဗန်း ၁၁ ချပ်လုပ်ပေးထားတာကတော့ ကျောင်း သားတွေတောင်းဆိုနေကြတဲ့ တောင်းဆိုချက်က ၁၁ ချက်ရှိတဲ့အတွက်ကြောင့်မို့လို့ အဲ့ဒီ ၁၁ ချက်ကို ဂုဏ်ပြုတဲ့အနေနဲ့ ဗန်း ၁၁ ချပ်လုပ်ထားတာပါ၊ ဒီပညာရေးစနစ်ကိုလည်းပဲ ပြုပြင်တာကိုလည်းပဲ ဗန်းပြ မလုပ်ပဲ ပန်းပြလုပ်ပါ၊ ဟန်ပြမလုပ်ပဲနဲ့ စံပြဖြစ်အောင်လုပ်ပါဆိုတဲ့ အဓိ်ပ္ပါယ်တွေပါပဲ”

    ဒီနှစ်အတွက် ကျပ်ငွေသိန်းတစ်ထောင် ထောက်ပံ့ငွေကို ကျောင်းသူ ကျောင်းသား ၁၃ဝ က လက်ခံရရှိမှာ ဖြစ် ပါတယ်။

    ရွှေပါရမီ တက္ကသိုလ်ပညာသင်ဆုကို ဆေးတက္ကသိုလ်၊ သူနာပြု၊ ရန်ကုန်နည်းပညာ၊ မန္တလေးနည်းပညာ၊ ရတနာပုံ ဆိုက်ဘာစီးတီး၊ ရေကြောင်း၊ ပညာရေးတက္ကသိုလ်နဲ့ ပညာရေးကောလိပ်ကျောင်းတွေမှာ ပညာသင်ယူနေ ကြတဲ့ နွမ်းပါးပြီးထူးချွန်တဲ့ ကျောင်းသားတွေကို ပေးအပ်ထားပါတယ်။

    ရွှေပါရမီ ပညာရေးဖောင်ဒေးရှင်ကို ၂ဝ၁၃ ခုနှစ်မှာ စတင်ထူထောင်ခဲ့ပြီး၊ လွန်ခဲ့တဲ့ ၂ဝ၁၃၊ ၂ဝ၁၄ ခုနှစ်အတွက် ရန်ကုန်နဲ့ မန္တလေးမှာရှိတဲ့ တက္ကသိုလ်အသီးသီးက ကျောင်းသား ၅၅ဝ ကျော်အတွက် ကျပ်ငွေသိန်းပေါင်း ၃ ထောင်ကျော် ထောက်ပံ့ခဲ့ပါတယ်။

    • မြစပဲရိုး

      March 6, 2015 at 1:41 pm

      ဘယ်ဘုန်းကြီး ဘဲ ဖြစ်ဖြစ် ဘုန်းကြီး ဆိုတာ ဘုန်းကြီး အလုပ်လုပ် မှ ဘုန်းကြီး လို ဆက်ဆံ လို့ ရပါမယ် ကြောင်ကြောင်။
      ဒီတော့ Professional ဘုန်းကြီး ဆိုရင် ကိုယ့် အလုပ် ကိုယ် လုပ် နေသူ ပါ။
      မဟုတ်ရင်တော့ သူ့မှာလဲ သူ့ အလုပ် အတွက် ကြိုးစားရန် ကျန် နေသေးသည်လို့ ဘဲ ပြောပါ့မယ်။
      အခု အရှင်ဆန္ဒာဓိက ပြောတာ က မျှမျှတတ ဖြစ်ပြီး ငြိမ်းချမ်းဖို့ သဘော ဘယ်သူ့ ဘက် ကို မှ မဟုတ်ပါလို့ နားလည်ပါတယ်။
      လိုရာ ကို သိပ် မဆွဲပါနဲ့။
      ဘုန်းကြီး က ကြားမနေဘဲ တစ်ဖက် ကို စောင်းနေ ရင်တော့ Pro မဟုတ်နိုင်တော့ပါဘူး။

      • ဟုတ်​ကဲ့ မျှမျှတတ ဖြစ်​ဖို့ဆရာ​တော်​က​ပြောတာ။​ဆွေး​နွေးမှု အတည်​ပြုမျု မပြီးခင်​ ဇွတ်​လုပ်​ဖို့မဟုတ်​။NNER ​ကော ​ကျောင်​းသား​ခေါင်​း​ဆောင်​​တွေကပါ လွှတ်​​တော်​ကြားနာမှုကိုမတက်​တာဟာ ဘာအဓိပဲလဲ။လိုချင်​တာက လွှတ်​​တော်​မှာလား ရန်​ကုန်​မှာလား၊။ ရန်​ကုန်​မချီရလို့ လွှတ်​​တော်​မကြားနာနိုင်​တာကိုက အဓိက သာမည လွဲ​နေပြီ၊ပူ​စေချင်​တာ သက်​သက်​ ဖြစ်​​နေပြီ။ဖြစ်​​နေပြီ။

        စွမ်​းအားရှင်​ဆွဲတဲ့အတွက်​​တော့ စိတ်​စွမ်​းအားရှင်​လို့စွပ်​စွဲခံရလဲ ရှက်​ဖို့မလို ။အစတည်​းက းီလိုလုပ်​ရင်​ ဒီလိုအဆွဲခံရမယ်​။ဒီလို ဆူပူကုန်​မယ်​ဆိုတာ ကြျုးကိုင်​သူ​တွေတွက်​ပြီးသား။
        ဘာဖြစ်​​နေပြီ​ဟေ့ နင်​တို့ဘာ​ပြောဦးမလဲဆိုတဲ့ ၅နှစ်​သားစကား​နဲ့​တော့ လာကပ်​မ​ပြောနဲ့

        • ပူခြင်​းရဲ့အဆုံးသတ်​ကဘာလည်​း ​ဒေါ်စု ​ချောက်​ထဲကျဖို့။
          ဒီပုံစံနဲ့​တော့ စုတက်​ဖို့လည်​းမ​မျှော်​​တော့ ဖြစ်​ချင်​ရာဖြစ်​ကြ​တော့။​မျှော်​လင်​့ချက်​လည်​း အရည်​​ပျော်​လာပြီ။

        • kai

          March 6, 2015 at 5:28 pm

          ဟယ်…
          ဒီအချိန်အထိ.. စု သမ္မတဖြစ်ဖို့.. မှန်းနေသေးတာလားဟင်င်…။
          ဒီတခေါက်ရွေးကောက်ပွဲအပြီး.. ဒေါ်စုအဖြစ်နိုင်ဆုံးက.. အလွန်ဆုံး(အလွန်ဆုံး).. အခုဦးရွှေမန်းနေရာ…။
          နောက်၅နှစ်.. ၂၀၂ဝမှာက.. သမ္မတက.. ဦးမင်းအောင်လှိုင်..ဒါမှမဟုတ်.. ဦးရွှေမန်း..။
          နောက်၁ဝနှစ် ၂၀၂၅မှာက.. ဦးမင်းအောင်လှိုင်..။ :k:

        • Alinsett@Maung Thura

          March 6, 2015 at 5:41 pm

          သူကြီးပြောတာ သေချာသလောက် ဆိုရင်…
          .နောက် ငါးနှစ်အတွင်း…. ၂၀၂ဝ မတိုင်ခင်… မြန်မာပြည်တွင်းက ကျနော် ထွက်မယ်။
          ဒါပဲ။

          :buu:

  • apolo11

    March 6, 2015 at 2:04 pm

    တကယ်တော့ မတ်လ (၁) ရက်နေ့ မတိုင်ခင် အချိန် အထိကိုတော့
    ကျောင်းသားတွေဘက်က ထောက်ခံပါတယ်။
    လွှတ်တော်ကလည်း ဆွေးနွေးမှုတွေ လုပ်နေကြတဲ့အချိန်ဆိုတော့
    ကျောင်းသားတွေ အနေနဲ့ ဒေါ်စုပြောသလို စောင့်ကြည့်သင့်တယ်။
    ဒါပေမဲ့ လက်လွန်ကုန်ကြပြီ။
    ဒီ အစိုးရကိုတော့ ဘယ်တော့မှ မထောက်ခံပါဘူး။
    မြန်မာပြည်သူား အပေါင်း ပါးနပ်ဖို့တော့ လိုတယ်။

  • ဦးကြောင်ကြီး

    March 7, 2015 at 12:28 pm

    ဆိတ်စွမ်အားထက် လက်တွေ့အလုပ်လုပ်ကြသူများ……

    လွှတ်တော်ကြားနာပွဲ အရပ်ဖက် အဖွဲ့အစည်း ၂ဝ သပိတ်မှောက်
    7 March 2015

    လာမယ့် မတ်လ ၁၄ ရက်နေ့ အမျိုးသားလွှတ်တော်မှာ ကျင်းပမယ့် အမျိုးသားပညာရေးဥပဒေမူကြမ်း ကြားနာပွဲကို အရပ်ဖက်လူမှုအဖွဲ့အစည်း ၂ဝ ကို ကိုယ်စားပြုတဲ့ ကိုယ်စားလှယ်တွေက တက်ရောက်မှာ မဟုတ်ကြောင်း ပြောပါတယ်။

    လက်ပံတန်းမြို့မှာ ကျောင်းသားသပိတ် စစ်ကြောင်းတွေကို ပိတ်ဆို့ထားပြီး ရန်ကုန်မြို့မှာ လည်း ကျောင်းသား အဖွဲ့တွေကို ရိုက်နှက်ဖမ်းဆီးမှုတွေ ရှိခဲ့တာကြောင့် ကြားနာပွဲကို မတက်ရောက်ဖို့ ဆုံးဖြတ် ခဲ့ကြတဲ့အကြောင်း အမျိုးသမီးရေးရာကို ဆောင်ရွက်နေ တဲ့ ပြည်ကြီးခင်အဖွဲ့က မနွယ်ဇင်ဝင်းက ပြောပါတယ်။

    “တက်ရောက်မယ့် ကိုယ်စားလှယ်တွေက မတက်ရောက်တော့ဘူးလို့ လောလောဆယ် ဆုံးဖြတ်ထားတယ်ပေါ့နော်၊ ဘာလို့လည်း ဆိုတော့ ကျောင်းသားတချို့လည်း လက်ပံတန်းမှာ ပိတ်မိနေတယ်၊ တက်ရောက်မယ့် အရပ်ဖက် အဖွဲ့အစည်းတွေကလည်း အကြံပြုလိုတဲ့အတွက်ကြောင့် သွားဖို့ဆိုပြီးတော့စဉ်းစားတယ်၊ ဒါပေမယ့် အခြေအနေကလည်း မကြာသေးခင်ကပဲ အကြမ်းဖက်မှုတွေက ရန်ကုန်မှာလည်း ဖြစ်နေတယ်ပေါ့နော်၊ ဒီလိုအခြေအနေမျိုးမှာ အရပ်ဖက်အဖွဲ့အစည်းတွေအနေနဲ့ ဒီပညာရေးဥပဒေကို အကြံပေးဖို့အတွက် သွားပြီးတော့အကြံမပေးသေးဘူးလို့ ဆုံးဖြတ်ထားတယ်”

    လွှတ်တော်ကြားနာပွဲနဲ့ပတ်သက်ပြီး အရပ်ဘက်လူမှုအဖွဲ့အစည်းက ကိုယ်စားလှယ်တွေက မနေ့က ရန်ကုန်မြို့မှာ အစည်းအဝေးပြုလုပ်ပြီး ဆွေးနွေးဆုံးဖြတ်ခဲ့ကြတာ ဖြစ်ပါတယ်။

    အမျိုးသားပညာရေးဥပဒေပြင်ဆင်ရေး ကြားနာပွဲတက်ရောက်ဖို့ ကမ်းလှမ်းခံထားတဲ့ ရန်ကုန်အခြေစိုက် ရတနာမေတ္တာအဖွဲ့၊ ဘာသာပေါင်းစုံချစ်ကြည်ရေးအသင်း ၊ မန္တလေးမြို့ ဗြဟ္မစိုရ်အသင်း ကိုယ်စားလှယ်တွေ ကလည်း မတက်ရောက်လိုတဲ့အကြောင်း အကြောင်းပြန်ထားတယ်လို့ ပြောပါတယ်။

    အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေးကြားနာပွဲကို ပညာရေးပြုပြင်ပြောင်းလဲရေးနိုင်ငံလုံးဆိုင်ရာကွန်ရက် (NNER) နဲ့ ဒီမိုကရေစီပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီဝင် ကျောင်းသားကိုယ်စားလှယ်တွေကလည်း မတက်ရောက်နိုင်ကြောင်း လွှတ်တော်ကို တင်ပြခဲ့ပါတယ်။

    RFA Burmese
    http://www.rfa.org/burmese

Leave a Reply