အမျိုးသမီးများ ဦးဆောင်ရေး အခွင့်အလမ်းများ ဖန်တီးပေး တေးဂီတဖြေဖျော်ပွဲ

manawphyulayMarch 4, 20151min1485

Invitation Card Back Side Burmese

Invitation Card Back Side English

Invitation Card

5 comments

  • Alinsett@Maung Thura

    March 4, 2015 at 3:47 pm

    http://www.rfa.org/burmese/news/maysabephyu-win-international-women-courage-award-03042015001459.html

    ၂၀၁၅ နိုင်ငံတကာ အမျိုးသမီး ရဲစွမ်းသတ္တိရှင်ဆု ဒေါ်မေစပယ်ဖြူ ရရှိ
    2015-03-04
    .မြန်မာနိုင်ငံက ကျား၊ မ တန်းတူညီမျှရေးကွန်ရက် Gender Equality Network တည်ထောင်သူနဲ့ ညွှန်ကြားရေးမှူး ဒေါ်မေစပယ်ဖြူ ကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက နိုင်ငံတကာ အမျိုးသမီး ရဲစွမ်းသတ္တိရှင်ဆု ချီးမြှင့်လိုက်ပါတယ်။

    အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန က ၂၀၁၅ ခုနှစ်အတွက် ရွေးချယ်လိုက်တဲ့ နိုင်ငံတကာ အမျိုးသမီး ရဲစွမ်းသတ္တိရှင် ၁ဝ ဦး စာရင်းမှာ မြန်မာနိုင်ငံက ဒေါ်မေစပယ်ဖြူ ပါဝင်ခဲ့တာပါ။

    ဒေါ်မေစပယ်ဖြူဟာ ကချင်ငြိမ်းချမ်းရေးကွန်ရက် Kachin Peace Network ကို ပူးတွဲတည်ထောင်သူလည်းဖြစ်ပြီး၊ ငြိမ်းချမ်းရေးနဲ့ တန်းတူုညီမျှရေးအတွက် လှုပ်ရှားနေသူတစ်ဦးဖြစ်ပါတယ်။

    ဆုရရှိခဲ့တာနဲ့ ပတ်သက်ပြီး ဒေါ်မေစပယ်ဖြူ က RFA ကို အခုလို ပြောပါတယ်။

    “မြန်မာပြည်မှာ အမျိုးသမီးတွေရဲ့ အခွင့်အရေး အထူးသဖြင့် အမျိုးသမီးတွေ အကြမ်းဖက်ခံနေရတာ ရပ်တန့်ဖို့အတွက်ကို ဥပဒေရေးဆွဲနိုင်ဖို့ရော၊ တခြားအမျိုးသမီးများအပေါ် အကြမ်းဖက်မှုရပ်တန့်ရေး လှုပ်ရှားမှုတွေနဲ့ ကျား မ တန်းတူညီမျှရေးအတွက် ကြိုးစားဆောင်ရွက်နေတဲ့အရာတွေ ပြီးတော့ ကချင်ဒေသမှာဖြစ်တဲ့ စစ်ပွဲရပ်တန့်ရေးနဲ့ ငြိမ်းချမ်းရေးကိစ္စတွေမှာ အမျိုးသမီးတွေ ပါဝင်ခွင့်ရဖို့အတွက် ကိစ္စတွေပေါ့၊ အဲဒီ့လှုပ်ရှားမှုတွေအပေါ်မှာ သူတို့အနေနဲ့ အသိအမှတ်ပြုတဲ့အတွက် ရွေးချယ်တယ် လို့ပြောပါတယ်”

    ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်က အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် ရန်ကုန်မြို့မှာ ချီတက်ပွဲတစ်ရပ်ကို ဒေါ်မေစပယ်ဖြူ ပါဝင်ဦးဆောင်ပြီး ကချင်ပြည်နယ် အပါအဝင် ပြည်တွင်းစစ် အဆုံးသတ်ရေး တောင်းဆိုခဲ့တဲ့အတွက် တက်ကြွလှုပ်ရှားသူ ၁၂ ဦးနဲ့အတူ တရားမဝင်စုရုံးမှု ပုဒ်မနဲ့ တရားစွဲဆိုခံခဲ့ရပါတယ်။

    နိုင်ငံတကာ အမျိုးသမီး ရဲစွမ်းသတ္တိရှင်ဆုကို ၂၀၀ရ ခုနှစ်မှာ စတင်ချီးမြှင့်ခဲ့တာဖြစ်ပြီး ကမ္ဘာတဝှမ်း ငြိမ်းချမ်းရေး၊ တရားမျှတရေး၊ လူ့အခွင့်အရေး၊ ကျား-မ တန်းတူရေးနဲ့ အမျိုးသမီး စွမ်းဆောင်ရည်မြှင့်တင်ရေးလုပ်ငန်းတွေမှာ စွမ်းစွမ်းတမံ လှုပ်ရှားဆောင်နေကြတဲ့ အမျိုးသမီးတွေကို နှစ်စဉ်ဂုဏ်ပြုပေးအပ်တဲ့ဆု ဖြစ်ပါတယ်။

    ဆုပေးပွဲအခမ်းအနားကို မတ်လ ၅ ရက်၊ ကြာသပတေးနေ့ ၊ ဝါရှင်တန်ဒီစီမြို့၊ နိုင်ငံခြားရေးဌာနမှာ ကျင်းပမှာဖြစ်ပြီး၊ အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီးက ချီးမြှင့်မှာဖြစ်ပါတယ်။

    ဒီဆုကို ဒေါ်မေစပယ်ဖြူ ရရှိခဲ့တာဟာ မြန်မာနိုင်ငံအတွက် ဒုတိယအကြိမ်ိမြောက် ဖြစ်ပါတယ်။ ၂၀၁၂ခုနှစ်က နိုင်ငံတကာ အမျိုးသမီး ရဲစွမ်းသတ္တိရှင်ဆု ကို ရန်ကုန် နိုင်ငံရေးသိပ္ပံကျောင်းနဲ့ Rainfall Gender Study Group ကို ပူးတွဲတည်ထောင်ခဲ့သူ ဒေါ်ဇင်မာအောင်က ပထမဆုံးအကြိမ် ရရှိခဲ့ပါတယ်။

    ဒီနှစ်အတွက် နိုင်ငံတကာ အမျိုးသမီး ရဲစွမ်းသတ္တိရှင်ဆုကို မြန်မာနိုင်ငံက ဒေါ်မေစပယ်ဖြူနဲ့အတူ အာဖဂန်နစ္စတန်၊ ဘင်္ဂလာဒေ့ရှ်၊ဘိုလီးဗီးယား၊ ဗဟိုအာဖရိက၊ ဂီနိ၊ဂျပန်၊ ကိုဆိုဗို၊ ပါကစ္စတန်နဲ့ ဆီးရီးယားနိုင်ငံတွေက စွမ်းဆောင်ရှင်အမျိုးသမီးတွေ ချီးမြှင့်ခံခဲ့ကြရပါတယ်။

  • kai

    March 6, 2015 at 5:16 am

    အမျိုးသမီးများဦးဆောင်ရေး… တဲ့..။

    ဘာသာရေးဦးစားပေးနိုင်ငံမှာ..
    ဗုဒ္ဓကိုယ်တော်တိုင်ကခွင့်ပြုတဲ့ထေရီဖြစ်တည်ခွင့်နဲ့.. “မ,မတက်ရ”ဆိုတဲ့ ဆိုင်းဘုတ်တွေမရှိခွင့်ဆိုတဲ့.. အလွန်အခြေခံကျတဲ့… မိန်းမအခွင့်(လေးတောင်)မရနိုင်သေးသ၍…
    ဝေးသွားကာ.. နေရဦးမယ်..။ :k:

    • မြစပဲရိုး

      March 6, 2015 at 1:51 pm

      “မ,မတက်ရ” ဆိုတဲ့ ရွှေတိဂုံ က နေရာ ကို “ကျား” ကြီး ဘယ်လောက် များများ ကရော တက်ပြီး သွားနေလို့ တုန်း သူကြီး ရဲ့။
      လာပြီး ချောက်မတွန်းပါနဲ့။
      တော်ကြာ တက်ခွင့်ပေးလိုက်လို့ အိမ်အပြန် မိဘများက “သမီး ရယ် ရောက် အောင်တက်လိုက်ပါဦး” ဆိုမှ မတက်ချင် တက်ချင် တာဝန်ကျေတက် နေရဦးမယ်။
      အဲလိုမျိုး နေရာ တွေမှာ သူ့ဟာသူ ပိတ်ပိတ်ဖွင့်ဖွင့်။ ဂရုမစိုက်။
      ဒါပေမဲ့
      စီအီးအို လို နေရာ မှာ မိန်းမ တစ်ယောက် က ကျား တွေထက် အရည်အချင်းပို ရှိရက် နဲ့ မပေးတာမျိုး ဘဲ ဂရုစိုက်တယ်။
      ဒီနေရာမှာ မိန်းမ မို့ ဆိုပြီး လဲ လျှော့ ပေးတာ အခွင့်အရေးပေးတာ မကြိုက်ပါဘူး။
      လက်ရည်တူ အကြောမယူဘဲ ပြိုင်မှာပါ။
      ကျန်တဲ့ ဘာသာရေးမှာတော့ မိန်းမဘုန်းကြီး မဖြစ်လဲ ရှိပါစေတော့။
      အမျှ ပေးပါတယ်ရှင့်။ lol:-)))))

      • Alinsett@Maung Thura

        March 6, 2015 at 7:31 pm

        ဘုရားပေါ် မ မတက်ရ ကျားနှင့်သံသံများသာ ဆိုပြီး ရေးရေး မရေးရေး
        ဘုရားပေါ်ရောက်ပြီး ဘုရား မရှိခိုးပဲ ပြန်ဆင်းတတ်တဲ့ ကျနော်ဆို ဘိုလုပ်မဲ
        :k:

        အမေတို့နဲ့ ဘုရားသွားရင် အမြဲ ခေါင်းအခေါက်ခံရတယ်
        ဘုရားထိ တကူးတကလာပြီး ဘုရားကို မကန်တော့လို့
        :k:

        ဟွန်း ကျနော်က အိမ်က ဘုရားစင်မှာ ချိတ်ထားတဲ့ ဘုရားပုံတော်ကိုတော့
        တကယ့်သက်ရှိထင်ရှားဘုရားလို သတ်မှတ်တာပါနော်
        အဲ့ဘုရားပုံတော်နဲ့ အိမ်ကဘုရားကိုမှ ကိုယ်နဲ့ ပိုရင်းနှီးခင်မင်မှု ပိုရှိတယ်မှတ်တာ
        :k

        ကျနော် ဘုရားသွားတယ်ဆိုကတည်းက ကျိုက်ထီးရိုးပဲဖြစ်ဖြစ် ဘာဖြစ်ဖြစ်
        .တောတောင်ရေမြေသဘာဝနဲ့ နေရာဒေသကို ရောက်ချင်လို့သွားတာချည်းပဲ
        အဲ့နေရာက ဘုရားကို ကန်တော့ချင်လွန်းလို့ဆိုပြီး တစ်ခါမှ မသွားဖူးသေး
        အဟိ

        :k:

    • manawphyulay

      March 9, 2015 at 12:50 pm

      တိုင်းဒေသကြီး လွွှှတ်တော်တွင် အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ် တစ်ဦးအနေဖြင့် လွှတ်တော်အစည်းအဝေး (၁၃)ကြိမ်၌ မေးခွန်းပေါင်း ၂၀ဝ ကျော်မေးမြန်းခဲ့ပြီး အဆို ၂ဝ ကျော် တင်သွင်းခဲ့သူမှာ ဒေါက်တာ ညိုညိုသင်းဖြစ်သည်။
      ဒီမိုကရက်တစ်ပါတီ (မြန်မာ)မှ ထွက်ပေါ်လာသော အမတ်တစ်ဦးဖြစ် ပြီး သူ၏ပါတီမှာ အင်အားကြီးပါတီ မဟုတ်ဘဲ ပါတီငယ်သာဖြစ်သော်လည်း
      ဒေါက်တာညိုညိုသင်းက ပြည်သူ့ဘက် မျက်နှာမူကာ အဆိုနှင့်မေးခွန်း အများဆုံးတင်သွင်းခဲ့သူ၊ အစိုးရအဖွဲ့၏ စီမံကိန်းများ၊ ဘတ်ဂျက် အသုံးစရိတ်များကို အချက်အလက်တိကျခိုင်မာစွာဖြင့် ဝေဖန်ထောက် ပြလေ့ရှိသဖြင့် ၎င်းသည် တစ်ကောင်တည်းခြင်္သေ့ဟု တင်စားခံရသူတစ်ဦး လည်းဖြစ်သည်။
      ဒေါက်တာညိုညိုသင်းသည် ကျား၊ မ ရေးရာတန်းတူညီမျှမှု အမျိုး သမီးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးလှုပ်ရှားသည့် အဖွဲ့အစည်း ပေါင်းများ စွာတွင်လည်း တက်ကြွစွာပါဝင်လှုပ်ရှားနေသူတစ်ဦးဖြစ်သည်။ လွှတ်တော် ကိုယ် စားလှယ်များကို ပြည်သူများတွေ့ဆုံရန်ခက်ခဲနေသည့်အချိန်တွင် မည်သည့်မဲဆန္ဒနယ်မှဖြစ်စေ အခက်အခဲ ကြုံနေရသူတိုင်းကို လက်ခံ တွေ့ဆုံ၍ ဖြေရှင်းပေးသူတစ်ဦးလည်းဖြစ်သည်။
      နှစ်ပေါင်း ၆ဝ ကျော်မလုပ်ဖြစ်ခဲ့သော စည်ပင်သာယာရွေးကောက် ပွဲများကို အမြန်ဆုံးပြန်လည်ကျင်းပရန် ရန်ကုန်တိုင်းလွှတ်တော်ကို စဉ်ဆက် မပြတ်တိုက်တွန်းနိုင်ခဲ့သည့် ဒေါက်တာညိုညိုသင်း၏ အခြားထင်ရှားဆုံး အောင်မြင်မှုမှာ ကန်ဒေါ်လာ ၁၅ ဘီလီယံတန်သည့် ရန်ကုန်မြို့သစ်စီမံကိန်း အား အစိုးရက တိတ်တဆိတ်အကောင်အထည်ဖော်မှုကို ကန့်ကွက်ခဲ့မှုများ ကြောင့် အဆိုပါစီမံကိန်းတစ်ခုလုံး အစိုးရကရပ်ဆိုင်းခဲ့ရသည်။
      ဒေါက်တာညိုညိုသင်းသည် လွှတ်တော်ကိုယ်စားလှယ် တစ်ဦး၏ တာဝန်ဖြစ်သည့် ဥပဒေပြုရေးကဏ္ဍနှင့် အစိုးရ၏လုပ်ငန်းများကို စောင့်ကြည့်စစ်ဆေးရမည့်တာဝန်များကို တိုင်း ဒေသကြီး အမတ်တစ်ဦးသာဖြစ်သော်လည်း အကောင်းဆုံး ပီပြင်စွာ ထမ်းရွက်နိုင်ခဲ့သည့်အတွက် 7Day News က ၂၀၁၄ ခုနှစ်၏7Day News Hero ဆုရှင်အဖြစ် ရွေးချယ် လိုက်ရခြင်းဖြစ်သည်။
      တိုင်းဒေသကြီး လွွှှတ်တော်တွင် အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ် တစ်ဦးအနေဖြင့် လွှတ်တော်အစည်းအဝေး (၁၃)ကြိမ်၌ မေးခွန်းပေါင်း ၂၀ဝ ကျော်မေးမြန်းခဲ့ပြီး အဆို ၂ဝ ကျော်တင်သွင်းခဲ့သူမှာ ဒေါက်တာ ညိုညိုသင်းဖြစ်သည်။
      ဒီမိုကရက်တစ်ပါတီ(မြန်မာ)မှ ထွက်ပေါ်လာသော အမတ်တစ်ဦးဖြစ် ပြီး သူ၏ပါတီမှာ အင်အားကြီးပါတီမဟုတ်ဘဲ ပါတီငယ်သာဖြစ်သော်လည်း ဒေါက်တာညိုညိုသင်းက ပြည်သူ့ဘက် မျက်နှာမူကာ အဆိုနှင့်မေးခွန်း အများဆုံးတင်သွင်းခဲ့သူ၊ အစိုးရအဖွဲ့၏ စီမံကိန်းများ၊ ဘတ်ဂျက် အသုံးစရိတ်များကို အချက်အလက်တိကျခိုင်မာစွာဖြင့် ဝေဖန်ထောက် ပြလေ့ရှိသဖြင့် ၎င်းသည် တစ်ကောင်တည်းခြင်္သေ့ဟု တင်စားခံရသူတစ်ဦး လည်းဖြစ်သည်။
      ဒေါက်တာညိုညိုသင်းသည် ကျား၊ မ ရေးရာတန်းတူညီမျှမှု အမျိုး သမီးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးလှုပ်ရှားသည့် အဖွဲ့အစည်း ပေါင်းများ စွာတွင်လည်း တက်ကြွစွာပါဝင်လှုပ်ရှားနေသူတစ်ဦးဖြစ်သည်။ လွှတ်တော် ကိုယ် စားလှယ်များကို ပြည်သူများတွေ့ဆုံရန်ခက်ခဲနေသည့်အချိန်တွင် မည်သည့်မဲဆန္ဒနယ်မှဖြစ်စေ အခက်အခဲ ကြုံနေရသူတိုင်းကို လက်ခံ တွေ့ဆုံ၍ ဖြေရှင်းပေးသူတစ်ဦးလည်းဖြစ်သည်။
      နှစ်ပေါင်း ၆ဝ ကျော်မလုပ်ဖြစ်ခဲ့သော စည်ပင်သာယာရွေးကောက် ပွဲများကို အမြန်ဆုံးပြန်လည်ကျင်းပရန် ရန်ကုန်တိုင်းလွှတ်တော်ကို စဉ်ဆက် မပြတ်တိုက်တွန်းနိုင်ခဲ့သည့် ဒေါက်တာညိုညိုသင်း၏ အခြားထင်ရှားဆုံး အောင်မြင်မှုမှာ ကန်ဒေါ်လာ ၁၅ ဘီလီယံတန်သည့် ရန်ကုန်မြို့သစ်စီမံကိန်း အား အစိုးရက တိတ်တဆိတ်အကောင်အထည်ဖော်မှုကို ကန့်ကွက်ခဲ့မှုများ ကြောင့် အဆိုပါစီမံကိန်းတစ်ခုလုံး အစိုးရကရပ်ဆိုင်းခဲ့ရသည်။
      ဒေါက်တာညိုညိုသင်းသည် လွှတ်တော်ကိုယ်စားလှယ် တစ်ဦး၏ တာဝန်ဖြစ်သည့် ဥပဒေပြုရေးကဏ္ဍနှင့် အစိုးရ၏လုပ်ငန်းများကို စောင့်ကြည့်စစ်ဆေးရမည့်တာဝန်များကို တိုင်း ဒေသကြီး အမတ်တစ်ဦးသာဖြစ်သော်လည်း အကောင်းဆုံး ပီပြင်စွာ ထမ်းရွက်နိုင်ခဲ့သည့်အတွက် 7Day News က ၂၀၁၄ ခုနှစ်၏7Day News Hero ဆုရှင်အဖြစ် ရွေးချယ် လိုက်ရခြင်းဖြစ်သည်။
      ဗီဒီယိုကြည့်ရှုရန် ===> http://7daydaily.com/story/33255#.VPskM0aru2g

Leave a Reply