အလွမ်​း​ပြေစကား​တောင်​ မ​ပြောလိုက်​ရဘူး – ၁

naywoon niMarch 5, 20151min1695

အလွမ်​း​ပြေစကား​တောင်​ မ​ပြောလိုက်ရဘူး -၁

ဒီအဖြစ်​အပျက်​​လေးက ပြီးခဲ့တဲ့ ခုနှစ်​လ ရှစ်​လ ​လောက်​က အဖြစ်​အပျက်​​လေးပါ ။ ​ရေးချင်​ ​ပေမဲ့ အ​ကြောင်​းမသင်​့တာ​ကြောင်​့ ရယ်​ ဘယ်​ကစရ မယ်​ ဆုံးဖြတ်​မရတာနဲ့ မ​ရေးဖြစ်​ခဲ့တာ ။ လက်​​ရှောင်​ချင်​တာလဲ ပါတာ​ပေါ့ ။ ခု​တော့ သူကြီးရဲ့ မှတ်​ချက်​​လေး တစ်​ခုနဲ့ ဆက်​နွယ်​ပြီး ​ရေးဖြစ်​ခဲ့တာပါ ။ ဒါကိုပဲ အ​တွေးထဲ ထည်​့ထားလို့လာမသိဘူး စိတ်​ကူးထဲမှာ​တော့ ​ချော​နေတာပဲ ။
××××××××××××××××××××××

ဝါ​ခေါင်​လရဲ့ ​နေပူချိန်​ပြင်​းပြင်​း​အောက်​မှာ သီချင်​းသံ​တွေကလည်​း ဆူညံလို့ပါ ။ ဟုတ်​ပါ့ ဝါတွင်​းကာလ ဆွမ်​းကြီးခံ လှည်​့လာတဲ့ အဖွဲ့​တွေပါ ။ ​နေဝန်​းနီ တို့ဆီမှာ ​နေပြည်​​တော်​ဖြစ်​ပြီးကာမှ အ​ရေအတွက်​တိုးလာတာက အလှူခံ​တွေရယ်​ ကျူရှင်​​ဘော်​ဒါ ဆိုင်​းပုဒ်​​တွေရယ်​ ဘီယာဆိုင်​​တွေရယ်​ ​ရေတွက်​လို့​တောင်​မရ​တော့ဘူး ။ အဟုတ်​ ။ ​တော်​​သေးရဲ့ ။ ​ကျေးလက်​ထွက်​ကုန်​​ပေါ်မှာ အမှီပြုထားတဲ့ မြို့​လေးမို့ ​ကေတီဗွီ တို့ မာဆတ်​ တို့မရှိလို့ ။ လပြည်​့ လကွယ်​ကလွဲလို့ ​နေ့တိုင်​း​ဈေးဖွင်​့​ပေမဲ့ ငါးရက်​ တစ်​​ဈေးရယ်​လို့ သတ်​မှတ်​ထားတဲ့ မြို့​လေး ။ ​ခေါ်ပုံ​လေးကလည်​း သင်​းတယ်​ ။ ​ဈေး​နေ့လို့​တောင်​ မ​ခေါ်ဘူး ။ ​ဈေးကြီး​နေ့တဲ့ ။ ​နောက်​တစ်​ရက်​က ​ဈေးလွန်​တစ်​ရက်​တဲ့ ။ ​နောက်​နှစ်​ရက်​တဲ့ ။ အဲ့ဒိ​နေ့မှာ ​ညောင်​လွန်​့ ဆိုတဲ့ ရွာ​ဈေးက ​ဈေး​နေ့ကျလို့ ​ညောင်​လွန်​့​ဈေး​နေ့ တဲ့ ။ ​ဈေးလွန်​ သုံးရက်​ ​ရောက်​​တော့ ကြား​ဈေး လို့ ​ခေါ်ပြန်​တယ်​ ။ အဲ ” ကြား​ဈေး” ​နေ့ ပြီး​တော့ ​ဈေးပိတ်​​နေ့တဲ့ ( အရင်​က ​ဈေးဖိတ်​​နေ့ လို့​ခေါ်ခဲ့တယ်​လို့ မှတ်​သားဖူးပါရဲ ့ ။ အဖိတ်​ ဥပုတ်​ ဆိုတဲ့ စကားက​နေ ဥပုတ်​​နေ့မတိုင်​ခင်​ တစ်​ရက်​ ကို အဖိတ်​​နေ့လို့ ​ခေါ်တာကိုလိုက်​ပြီး ​ဈေး​နေ့မတိုင်​ခင်​ တစ်​ရက်​ ကို ​ဈေးဖိတ်​​နေ့လို့ ​ခေါ်ခဲ့တယ်​လို့ ဆိုပါတယ်​ ) ။ ​ကျေးလက်​က လူ​တွေက ​ဈေး​နေ့ နဲ့ ကြား​ဈေး ​နေ့ကိုပဲ မှတ်​သားပြီး လာ​လေ့ရှိပါတယ်​ ။ ငါးရက်​မှာ အဲ့ဒိ နှစ်​ရက်​ပဲ ​ရောင်​းစရာ ရှိတဲ့ လယ်​ယာထွက်​ကို​လေးယူလာ ​ရောင်​းချ ပြီးရင်​ပြန်​​လေ့ ရှိပါတယ်​ ။ သူတ်​ို့နဲ့ ပါလာ​လေ့ ရှိတာက​တော့ ​ရှေ့က စက်​ဘီး​ပေါ်မှာ ​လော်​စပီကာတင်​ ​နောက်​က စက်​ဘီး​ပေါ်က ဗွီစီဒီပ​လေယာက ကာရာအို​ကေ ​ခွေဖွင်​့ ။ သီချင်​းဆိုတဲ့သူက လမ်​း​လျှောက်​ မိုက်​ခဲ ပြီး အလှူခံတဲ့ အလှူခံပါပဲ ။ လူက ရှုပ်​ ရှုပ်​ ​ဈေးတွင်​းလမ်​း​တွေ အကုန်​ဝင်​ ။ အဲ့ အလှူခံ ဝင်​ရင်​ ​ဈေးသည်​ ​ဈေးဝယ်​ ​အော်​မကြား ​ခေါ်မကြား ​တော်​​တော်​ စိတ်​ပျက်​ဖို့​ကောင်​းတာက ဝါတွင်​းသုံးလလုံး ။ ရက်​ကိုးဆယ်​မှာ သုံးဆယ်​့​ခြောက်​ရက်​ပါ ။ ​ဈေးသွား​ဈေးလာ နဲ့ ​ဈေးသည်​​တွေကို ဘာသာ​ရေး တံဆိပ်​ကပ်​ အ​နှောက်​အယှက်​​ပေး​နေ​ပေမဲ့ ​ဈေးစည်​ပင်​ကလည်​း ကြည်​့​နေပါတယ်​ ။ ​နောက်​မှသိရတာက ဒီလို အလှူခံ ခွင်​့ရဖို့ သတ်​မှတ်​​ကြေး ရှိတယ်​ဆိုပဲ ။
အဲ့ တစ်​ရက်​ က​တော့ ​ဈေးထဲမှာ ​မွေးသမိခင်​ ကို ​ဈေးခင်​း​ပေးခဲ့ ပြီး လက်​ဖက်​ရည်​ ဆိုင်​ဘက်​ထွက်​လာပါတယ်​ ။ လက်​ဖက်​ရည်​ဆိုင်​မ​ရောက်​ခင်​ ဓာတ်​တိုင်​ နှစ်​တိုင်​​လောက်​မှာ ဆွမ်​းကြီးခံ နဲ့ တိုး​နေပါ​ရောလား ။ သူတို့က တစ်​မျိုး ။ လူဆွဲတဲ့ လှည်​း အကြီးကြီး​ပေါ်မှာ ဒရမ်​ဆက်​တင်​ထားတယ်​ ။ ​လှည်​း​ဘေး​တွေမှာလည်​း ဗုံက​လေးငါး​ခြောက်​လုံး စီတင်​ထားတယ် ။ လျှပ်​စစ်​​အော်​ဂင်​လည်​းပါရဲ့ ​ ။ လှည်​းရဲ့ ​ဒေါင်​့​လေးခုမှာ ခါး​လောက်​မြင်​့တဲ့ ​ဆောင်​း​ဘောက်​ကြီးက ​လေးလုံး ​နေရာယူထားတယ်​ ။ ​အောက်​မှာက​တော့ လျှပ်​စစ်​ ဂစ်​တာ တီးတဲ့ သူ​​တွေရယ်​ ။ ဗုံသမားရယ်​ ။ ​အော်​ဂင်​ ဆရာရယ်​ ။ သီချင်​း ဆိုတဲ ့ သူ​တွေရယ်​က ​ခြေလျင်​ ။ ဆို​တော့ကာ ​နေဝန်​းနီ က​တော့ သူတို့ ​ဆောင်​း​ဘောက်​က ထွက်​လာတဲ့ အသံ ကို ရင်​ဘတ်​ထဲက​တောင်​တုန်​လာလို့ စက်​ဘီး​ပေါ်က ဆင်​းတွန်​းပြီး ခပ်​လှမ်​းလှမ်​းက​နေ ​ကွေ့ပြီး လက်​ဖက်​ရည်​ဆိုင်​ထဲ ​ရောက်​​အောင်​လာ​တော့တယ်​ ။ ရန်​ကုန်​ မန္တ​လေး လမ်​း​ဘေး ဝဲယာ တစ်​​လျှောက်​ ဒီ​နေ့​တော့ အသံနဲ့ နှိပ်​စက်​​တော့မယ်​လို့ ဆုံးဖြတ်​ထားတဲ့ ဆွမ်​းကြီးခံ လှည်​းဟာ ပဏမ အလှူခံ အာလုပ်​ပြုစကားနဲ့ စတင်​ကလူ ကြည်​စယ်​ပါ​တော့တယ်​ ။
” သဒါ္ဓ ကြည်​လင်​ ပါရမီ ရှင်​အ​ပေါင်​း တို့ ခင်​ဗျာ ××××××××× ——-&&&&&&$$$###########@@@@@±±±±±±±±±~~~~~~~~~~~~ :)”
​နေဝန်​းနီ လည်​း ​ရှေ့ လက်​ဖက်​ရည်​ခွက်​​ရောက်​လာတာနဲ့ တစ်​ငုံ​သောက်​လိုက်​ပြီး မီး​သေ​နေတဲ့ ကြယ်​နီ ​ဆေး​ပေါ့လိပ်​ကို မီးညှိလိုက်​ပြီး ဖွာအရှုက်​
” ဒီ​နေ့​တော့ ​တောင်​းဆိုထားတဲ့ ​တေးများထဲက ​ကောင်​းနိုးရာရာ နဲ ့ စတင်​​ဖျော်​​ဖြေပါ့မယ်​ ”
ဟုတ်​​တော့ ဟုတ်​​နေပြီ ။ ပရိဿတ်​က ​တောင်​းဆို​နေလို့ပဲ သူတို့က ​ဖျော်​​ဖြေ​နေရသလိုလို ။ ​နေဝန်​းနီလည်​း မှာထားတဲ့ ပလာတာ လိပ်​ညှပ်​လို့ ​သူဆို့ဆိုင်​က​ခေါ်တဲ ့ ပလာတာ ကပ်​​ကျေး ကိုက်​ စားရင်​း လက်​ဖက်​​ရည်​​လေး ကျိုက်​လိုက်​ ​ဆေး​ပေါ့လိပ်​က​လေး ရှိုက်​လိုက်​ ဇိမ်​ကြ​နေတုန်​း ………… ​စော​စောက ဆွမ်​းကြီးခံ လှည်​းနဲ့ လားရာ ဆန်​့ကျင်​ဘက်​က သီချင်​းသံ​ကြောင်​့ အသံလာရာ အာရုံက​ရောက်​သွားပြန်​​ရော ။
” အလွမ်​း​ပြေ စကား​တောင်​မ​ပြောလိုက်​ရဘူး ကွယ်​ ×××× ပန်​း​တွေကြားက —— ”
ဟ ….. ဠ …. အ ​စော​စောစီးစီး လွမ်​း​နေကုန်​ပဟ ။ ​ပေါ့​လေ ……. သီးချင်​း က ​နေဝန်​းနီ တို့ ငယ်​ငယ်​ က သီချင်​း ဆို​နေတဲ့ ​ကောင်​မ​လေးကလည်​း ငယ်​ငယ်​ပဲ ရှိ​သေးတယ်​ ။ ဟိုက်​ ​နေဝန်​းနီ ရဲ့ မိတ်​​ဆွေ ကြီး ‘ ကိုထွန်​းအံ့ ‘ သမီးပါလား ။ တစ်​​လောကပဲ သူ့သမီး ​ကျောင်​းမတက်​ချင်​​တော့ဘူး အလုပ်​​လေးဘာ​လေး အဆင်​​ပြေရင်​ ခိုင်​းချင်​တယ်​ဆိုလို့ ​နေဝန်​းနီပဲ သူငယ်​ချင်​းရဲ့ ကုန်​စုံဆိုင်​မှာ အလုပ်​သွင်​း​ပေးခဲ့​သေးတယ်​ ။ ​ကောင်​မ​လေးက ကိုးတန်​းဆိုပဲမဲ့ ​ကျောင်​းစိမ်​း​လေးနဲ့ တုန်​းကသာ ငယ်​ရုပ်​ဆင်​​နေတာ ။ အရပ်​ဝတ်​နဲ ့ ဆို​တော့ ထွားလာသလိုပဲ ။ မနှစ်​ကတည်​းက ​ကျောင်​းမတက်​တစ်​ရက်​ တက်​တစ်​ရက်​ လုပ်​​နေလို့ ကိုထွန်​းအံ့​ကော သူ့မိန်​းမ​ကော ခု သီချင်​းဆိုလာတဲ့ ​ကောင်​မ​လေး​ကော ​တော်​​တော်​ ​ပြောပစ်​ဖူး​သေးတယ်​ ။ ​ကျောင်​းပိတ်​ရက်​ကျ​တော့ ​ကောင်​မ​လေးက သူ​ကျောင်​းမ​နေချင်​​တော့ဘူးတဲ့ ။ ​ဈေးထဲမှာ အလုပ်​ရရင်​ လုပ်​ချင်​တယ်​ဆို့လို့ ။ သူငယ်​ချင်​း ဆိုင်​ကို အတင်​းအကျပ်​​ပြော ။ အဲ့မှာ သွင်​း​ပေးခဲ့တာ နှစ်​လ​လောက်​ပဲ ရှိဦးမယ်​ ။ သူငယ်​ချင်​းဆိုင်​က ​ဈေးထဲကို ပြန်​ဖြန်​့တဲ့ လက်​ကားဆိုင်​ဆို​တော့ အလုပ်​သမား များ​ပေမဲ့ နား​နေရတယ်​မရှိဘူး ။ အဲ့တာ​ကြောင်​့ ပြန်​​ပြေးလာတာလား ။ ဟိုဟို ဒီဒီ မျက်​နှာပျက်​စရာ ပြဿနာ​တွေ ဘာ​တွေများဖြစ်​ခဲ့ ​သေးလား​ပေါ့ ။ အ​တွေး​တွေသာပွား​နေတာ ။ ကိုထွန်​းအံ့ နဲ့ ​တော်​​တော်​နဲ့ မဆုံဖြစ်​ပါဘူး ။ သူကလည်​း အလုပ်​စုံတယ်​ ။ ​ဂွေးသီး ဆွတ်​တဲ့ အချိန်​ ​ပွဲစား​နောက်​က လိုက်​ပြီး ​ဂွေးသီး ဆွတ်​တယ်​ ။ အလှူချိန်​​ရောက်​ရင်​ ​မောင်​ရင်​​လောင်​းထိန်​း ။ ​နောက်​ ချွဲ ထိုး လည်​း ​ကောင်​းတယ်​ ဆိုပဲ ။ အလှူ တစ်​ပွဲ ​လေးငါး​ထောင်​​တောင်​ရတယ်​ ဆိုပဲ ။ အလှူရှင်​က ရက်​မသတ်​မှတ်​ခင်​ကတည်​းက သူ့ကိုကြိုချိတ်​ရတယ်​ ဆိုပဲ ။ အလှူရက်​မှာ သူ မအားမှာစိုးလို့ ။ တစ်​ချို့မျာ း သူအားတဲ့ ရက်​ ကို အလှူ လှည်​့ဖို့ ရက်​​ရွေ့​ပေးရတာ​တောင်​ရှိသတဲ့ ။ သူ့သား အကြီး​ကောင်​က အရပ်​ ဇာတ်​​လေးမှာ ဂစ်​တာ လိုက်​တီးတယ်​ဆိုပဲ ။ တစ်​နှစ်​က သူ့သား ဇာတ်​နဲ့ စာချုပ်​ချုပ်​ဖို့ သက်​​သေ​တောင်​လိုက်​သွား​ပေးရဖူးတယ်​ ။ အံမာ ​နေဝန်​းနီ တို့ တပ်​ကုန်​းမြို့​လေး ​ပေါ့​သေး​သေးမထင်​ပါနဲ့ ။ ဗလာဆိုင်​းကလည်​း ​လေးခု​လောက်​ရှိသတဲ့ ။ ဇာတ်​ကလည်​း နှစ်​ခု​တောင်​ရှိ ဆိုပဲ ။ ထားပါ ။ ကိုထွန်​းအံ့ နဲ့ ​တွေ့မှ ​မေးကြည်​့ရဦးမယ်​လို့ စိတ်​ထဲမှာ ​တေးထားမိ​ပေမဲ့ မြို့​သေး​သေး​လေးမှာ ​နေကြတာ​ပေမဲ့ လူချင်​း​တော်​​တော်​နဲ့ မဆုံဖြစ်​ဖူး ။

​နေဝန်​းနီ

5 comments

  • Foreign Resident

    March 5, 2015 at 6:45 am

    ့မြေပြန့်က တပ်​ကုန်​းမြို့ ကလည်း ၊
    ငါးရက် တစ်ဈေး စံနစ်ကို သုံးတာဘဲကိုး ။
    အဲဒီ စံနစ် တောင်ပေါ် ဒေသတွေမှာဘဲ ရှိတယ် ထင်နေတာ ။

    • naywoon ni

      March 5, 2015 at 12:00 pm

      ရှိတယ်​ အဘ​ဖော ကျ​နော်​သိသ​လောက်​ ” လယ်​​ဝေ း ” ရမည်​းသင်​း ” ” သာစည်​ ” မြို့​တွေမှာလည်​းရှိတယ်​ ။ ​မြေပြန်​့ ဆို​ပေမဲ့ တပ်​ကုန်​း ရမည်​းသင်​း သာစည်​ ဆိုတဲ့ မြို့ ​တွေဟာ ရှမ်​းပြည်​နယ်​နဲ့ ထိစပ်​​နေတဲ့ မြို့​တွေ ။ အဲ့ဒိထဲမှာ ကျ​နော်​တို့ တပ်​ကုန်​း ဆိုတဲ့ မြျို့​လေးက မြို့သက်​အနုဆုံး ၁၉၆ဝ မှ မြို့ဖြစ်​လာတာ ။ ဆို​တောကာ ​တောလည်​းမကျ မြို့လည်​းပီပီ ပြင်​ပြင်​ မဖြစ်​​သေးတဲ့ မြို့​လေး တစ်​မြို့ပါ ။

  • တောင်ပေါ်သား

    March 5, 2015 at 12:16 pm

    အပိုင်း ၂ လုပ်တော့လေ ဆရာရဲ့ 🙂

  • Mike

    March 5, 2015 at 1:11 pm

    .ခီများစာဖတ်ပြီးမောတယ် ကိုနီရေ
    .အလှူ ခံကတော့ နေရာတကာအော့ကြောလန်ဗျို့

  • Alinsett@Maung Thura

    March 5, 2015 at 1:19 pm

    ဆိုင်းတို့
    ဇာတ်တို့ … ဝါသနာမပါ…
    ဖိုးချစ်တို့… ဟိုးရှေးရှေးက…အကမင်းသားကြီးတို့ မိတ်စကပ်တွေလိမ်းပြီး ကွေးနေအောင် ဆိုငို ကပြနေကြတာကိုလည်း… ကြည့်မရ.. ခံစားလို့မရ..
    ဒါတောင် ရွာမှာ ကျနော်တို့ ညီအစ်ကို ရှင်ပြုတော့ ဂုံဂလွမ်ဆိုင်းဝိုင်းကြီးနဲ့ အငြိမ့်ကိ ပါလိုက်သေးးး
    မြန်မာ့ဆိုင်းဆို…တီးလုံးချည်းသက်သက် ငြိမ့်ငြိမ့်လေးတွေ နားထောင်ချင်တာ..

    အဲအဲ… ဒီပိုစ့်ဖတ်ပြီးမှ သတိရသွားတယ်..
    ကျိုက်ထီးရိုးတောင်တက်လမ်းတလျှောက်က အလှူ ခံတွေအကြောင်း

    :buu:

Leave a Reply