ပူဇော်ပွဲမှဆုပေးသံများနှင့်မိမိပေးလိုတဲ့ဆုပေးသံများ

aye.kkMarch 5, 20151min21016

သက်ကြီး ပူဇော်ပွဲများကို နေရာအများတွင် ပြုလုပ်ကြပါသည်။

ထိုပူဇော်ပွဲများတွင် အများအားဖြင့်သာ ဆုများပေးကြသည်ကို သိလိုမှတ်လိုပါသည်၊ ရှေးလူကြီးများ ဆုပေးကြတာ

ကတော့မေတ္တာပို့တာနှင့် ခပ်ဆင်ဆင်တူကြ၍-ကျန်းမာကြပါစေ၊ချမ်းသာကြပါစေ၊ဘေးရန်

ကင်းကြပါစေ၊ကြောင့်ကြခြင်းကင်းကြပါစေ စသည်ဖြင့်ဆုပေးကြပါသည်။

ထိုဆုထက် အဆင့်မြင့်မြင့် ပေးကြတာကတော့-

ဘယ်ဘက်က တစ်ဆုပ်ကြဲ ညာဘက်က တလှည်းဝင်ပါစေ၊

ပဒုမ္မာရွှေကြာပန်းကဲ့သို့ ပွင့်လန်းတဲ့ ကိုယ် ဖြစ်ပါစေ၊

ပိန်းကြာဖက်ပေါ် ရေမတင်သကဲ့သို့ အနာရောဂါ ကင်းရှင်းကြပါစေ၊

ရေလိုအေးလို့ ပန်းလိုမွှေးပါစေ၊

မရှိစကါး၊ နားမှလေသံမျှ မကြားရပါစေနှင့်၊

စိတ္တသုခ၊ ကါယသုခနှင့် ပြည့်စုံပါစေ၊

ကြံတိုင်းအောင်လို့ ဆောင်တိုင်းမြောက်ပါစေ၊

အလှူရေစက်လက်နဲ့ မကွာ ပေးကမ်းစွန့်ကြဲနိုင်ကြပါစေ၊

သွားလေရာရာ ခလုပ်မထိဆူးမငြိပါစေနဲ့၊

အသက်ရာကျော်ရှည်ပါစေ၊

မိနှင့်ဖနှင့် အိုအောင်မင်းအောင်ပေါင်းရပါစေ၊

ချမ်းသာခြင်းအပေါင်းနှင့် ပြည့်စုံပါစေ စသည်တို့ဖြစ်ပါသည်။

ယခုခေတ်ကြတော့ လူကိုကြည့်ပြီး ဆုပေးကြပါသည်။

မကြာခင်သဘောင်္လိုက်ရပါစေ၊  သင်္ဘောသားဖြစ်ပါစေ၊

နိုင်ငံခြားပညာတော်သင်သွားရပါစေ၊

ခြောက်ဘာသာဂုဏ်ထူးရပြီး ဆေးတက္ကသိုလ်ရောက်ပါစေ၊

သိန်းငါးဆယ်ထီကြီး အမြန်ပေါက်ပါစေ၊

အားကစါးတွင် နိုင်ငံဂုဏ်ဆောင် ရွှေတံဆိပ်များများ ဆွတ်ခူးနိုင်ပါစေ။

နိုင်ငံခေါင်းဆောင် ဖြစ်ပါစေ၊

မှန်းထားသည့် လူရည်ချွန်ဆုကို လွယ်လွယ်နှင့်ရပါစေ ။

ဒါကတော့ မိတ်ဆွေဘဘကြီးရဲ ့စာအုပ်ထဲမှာ ရေးသားထားတာပါ ၊

အခုကိုယ်က လူကြီးနေရာရောက်လာပြီ ၊ သားတွေသမီးတွေ မြေးတွေက အခါကြီးရက်ကြီးတွေမှာ ကိုယ့်ထံလာပြီး ပူဇော်ကန်တော့ ခံတဲ့

အရွယ် တဖန်ရောက်ခဲ့ ပြန်တာမို့ နှစ်သက်ရာ ဆုပေးသံလေးများ နားပန်ဆင်နိုင်ရအောင် ၊ ဂေဇတ် ညီအစ်ကိုမောင်နှမတွေ အတွက်သိရအောင်ပြန်လည်မျှဝေလိုက်ရပါတယ် ။

အခုဝိမုတ္တိခေတ်ရောက်လာပြီဆိုတော့-

ကိုယ့်အနေနဲ့ကတော့ သားသမီးတွေရဲ ့ပူဇော်ကန်တော့ကိုခံရတိုင်း-

ယခုဘဝမှာပင် လျှင်မြန်စွာ မဂ်ဖိုလ်-နိဗ္ဗာန်ကို မျက်မှောက် ပြုနိုင်ပါစေ၊

သာသနာပြုနိုင်ပြီး တရားထူးတရားမြတ် ရနိုင်ပါစေ၊

သူတော်ကါင်းအကျင့်မြတ်ဖြစ်တဲ့ မဟာသတိပဌာန်တရားကို ပွားများကျင့်ကြံ အားထုတ်တဲ့ ပုဂ္ဂိုလ်ထူးပုဂ္ဂိုလ်မြတ်တွေ ဖြစ်ကြပါစေ ဟုသာ…။။

 

 

 

16 comments

  • Alinsett@Maung Thura

    March 5, 2015 at 1:12 pm

    ဆုတောင်းတိုင်းသာ ပြည့်မယ်ဆိုရင်…
    ဆုတောင်းတိုင်းပြည့်ပါရစေလို့…
    ဆုတောင်းမယ်…

    :k:

  • naywoon ni

    March 5, 2015 at 3:33 pm

    ဆု​တောင်​းတယ်​
    ​ပေးတဲ့ဆုနဲ့ ပြည်​့စုံတယ်​ဆိုတာ ၂ဦး ၂ဖက်​ ကိုယ်​ကျင်​့တရား နဲ့ သီလ ပြည်​့စုံမှတဲ့ ။
    ကျ​နောက​တော့ ဆု​ပေး ဆုယူ ကိစ္စထက်​ လက်​​တွေ့ ကျိုးစား အားထုတ်​ လုပ်​လိုက်​တဲ့ အကျိုးမမြတ်​ကိုပဲ တန်​ဘိုးထားတယ်​ ။

  • aye.kk

    March 5, 2015 at 6:00 pm

    ဆုပေးသံနဲ့ဆုတောင်းတာ
    ဆင်တူရိုးမှားဖြစ်နေသလား?
    ဆုတောင်းတယ်ဆိုတာ ရယူလိုတာပါ၊
    ရယူလိုတာလောဘပါ၊သံသရာမှာကိုယ်တောင်းတဲ့အတိုင်း ပြုလုပ်တဲ့အတိုင်းပြန်ခံစားရလို့
    ဆိုးကျိုးဖြစ်နေတာမို့၊ဆုမတောင်းကေါင်းပါဘူး။
    ပါရမီပြည့်ဝတဲ့၊သီလစင်ကြယ်နေတဲ့ အရိယာပုဂ္ဂိုလ်တွေကတော့ မိမိတို့ရဲ့အဓိဋ္ဌာန်ပါရမီအတိုင်း ဆုတောင်းကြပါတယ်။
    ပုထုဇဉ်တွေကတော့ အကျိုးမျှော်ကိုးပြီး ဆုတောင်းကြပါတယ်။ မတူပါဘူး။
    နိဝါရတောစ ဂါဝရတောစအရ-
    ဗုဒ္ဓဘာသာဝင် သူတော်စင်ပုဂ္ဂိုလ်မှန်သမျှ ၊ရိုသေသမှုအရ ၊မာန်ကိုလျှော့ချပြီး
    ကိုယ့်ထက်အသက်အရွယ်ဂုဏ်ဝါကြီးရင့်သူတွေကို ၊ ကိုယ့်ထက်ငယ်တဲ့ဂုဏ်ဝါနိမ့်ကျသူတွေက
    မြတ်နိုးထိုက်ပူဇော်ထိုက်တဲ့အနေနဲ့ ပူဇော်ကန်တော့ကြခြင်းသာဖြစ်ပါတယ် ။
    ပူဇော်ကန်တော့တဲ့အကျိုးတရားရအတွက်၊ကန်တော့ခံထိုက်ပူဇော်ခံထိုက်တဲ့ပုဂ္ဂိုလ်တွေကနေ
    မေတ္တာပေမ-တရားရှေ့ထားပြီး ၊အကျိုးအပြစ်ကင်းတဲ့
    မွန်မြတ်တဲ့စိတ်ထားနဲ့ ပြန်လည်ဆုပေးတာပါ။
    မေတ္တာပေမ-ကတော့ ရယူလိုခြင်းအလျှင်းကင်းပါတယ် ။ မေတ္တာဆိုတာ ဘယ်လောက်ပေးပေး ပေးလို့မဝပါဘူး။
    မေတ္တာပေမတရားအရ ပေးတဲ့ဆုပေးသံများပါ ။ မေတ္တာစိတ် သပ်သပ်မျှနဲ့ပေးခြင်းဖြစ်ပါတယ်။
    ဆုပေးတာနဲ့ဆုတောင်းတာ ကွဲပြားခြားနားကြောင်း ပြောပြလိုက်ပါရစေ။။

  • naywoon ni

    March 5, 2015 at 7:16 pm

    ဒါ​ပေမယ်​့ဗျာ တရားပွဲ​တွေမှာ သံပြိုင်​ ရွတ်​ကြတဲ့ ဆု​တောင်​းကို​တော့ နားထဲ သိပ်​မဝင်​ဘူး ။
    ဆရာ​တော်​ ​ဘေးရန်​ကင်​းပါ​စေ ” ဆိုတာ ​လေ ။ ဆရာ​တော်​က ဘာလုပ်​​နေလို့ ​ဘေးရန်​ကင်​းပါ​စေ ဆု​တောင်​း​ပေး​နေရသလဲ ​မေးစရာ ဖြစ်​​နေတယ်​ ။ သာသနာ့ ဝန်​ထမ်​း သာသနာ့ အလုပ်​လုပ်​​နေတဲ့ သူက သူ့အလိုလိုကို ​ဘေးရန်​ကင်​းပြီးသားလို့ပဲ ယူဆတယ်​ ။

  • aye.kk

    March 5, 2015 at 8:51 pm

    အထင်နဲ့အမြင်ဆိုတာ
    မတူကွဲပြားခြားနားပါတယ်
    ကိုယ့်အမြင်သူ့အမြင် အမြင်တွေမတူနိုင်ကြပါ။
    ခန္ဓာဝန်ရှိနေသမျှ ဒုက္ခသစ္စာဆိုတာ ရှိနေပါတယ် ၊ ဘေးရန်ကင်းပါစေလို့ ဆုတောင်းပေးတာ သဘာဝကျပါတယ်
    ဒါက ကျမအမြင်ပါ။ ခန္ဓာရှိနေသမျှ ဝဋ်ကြွေးမကုန်စင်နိုင်သေးပါ ။

  • kai

    March 6, 2015 at 3:47 am

    မြန်မာပြည်အနာဂတ်လှလာဖို့…ဆိုရင်.. အဲဒီအသက်ကြီးတာနဲ့.. ပူဇော်ခံဖြစ်သွားတယ်ဆိုတာကို(လည်း)..
    ဖျက်ပစ်ရမယ်လို့ ပြောချင်မိတယ်..။
    ယဉ်ကျေးမှုမျက်နှာဖုံးတပ်.. လူ့အတန်းအစား… ခွဲပစ်နေတာလို့.. ဆိုချင်မိတယ်….။
    အာဏာရှင်မွေးထုတ်နေတဲ့.. ဓလေ့ကိုအတင်းလုပ်ယူနေကြတယ်ယူဆရမယ်ထင်မိတယ်..။
    ရှေးအယူကတော့… ခေါင်းသုံးလုံးရှိသောသူကိုဆည်းကပ်ပါ ..တဲ့..
    ထိုင်ကန်တော့ရန်မဟုတ်ခဲ့..။
    ချည်းကပ်၍ ပညာဆည်းပူးနာယူရန်..ပါ..။

    တိုင်းပြည်မှမဟုတ်.. တဦးချင်းစီကလည်း.. ဘဝတိုးတက်ချင်လျှင်…
    လူသားဟူသမျှ.. တန်းတူညီမျှ… :k:

    • ဦးကြောင်ကြီး

      March 6, 2015 at 11:37 am

      မှံလိုက်လေ ဦးမာမွတ်… ကျောင်းဆရာဂို ဝေဖန်ရင်ဗဲ အဝီဇိဇောက်ထိုး ဆင်းရမလိုလို… ဖြစ်နေဒါ ဖြစ်နေ..ဒါ မြန်တျန့်ပျီဂျီးမှာ…။ ဆရာအခံ လှံစူးလို့ ပြောသူကရှိသေး.. ဟိုက ဖရီးသင်ပေးတာ.. ဒီက လခယူသင်တာ။ ကောင်းသူပါတယ်ဆိုလည်း အခြားအလုပ်တွေမှာလဲ ကောင်းသူ တဘုံဂျီး။ ခပ်သဗျာ… အဲလိုလူတွေကပဲ ဘွားဒေါ်ဂျီး သမဒဖြစ်တော့မည် ထင်နေသဗျ။

    • manawphyulay

      March 6, 2015 at 4:26 pm

      ဘာလဲ တဂျီးက တစ်နေ့ ပုဆိုးသုံးထည် လှဲဝတ်တဲ့သူလားဟင်…. :mrgreen:

  • ခင်ဇော်

    March 6, 2015 at 11:43 am

    ပေးတဲ့ ဆု နဲ့ ပြည့်ပါစေ။

    လေ စိုက် ပြီး ဆုယူရတာမြန်းးး
    အထက်က လူတွေ နှယ် ချေးများချက်။

    :k:

  • aye.kk

    March 6, 2015 at 12:44 pm

    သူကြီး အသက်ကြီးတာနဲ ့ ပူဇော်ခံဖြစ်သွားတယ်ဆိုတာ
    ဗုဒ္ဓဘာသာဝင်တွေရဲ ့ယဉ်ကျေးမှုရိုးရာဓလေ့ အမွေအနှစ် အစဉ်အလာပါ။
    ဂေါင်းသုံးလုံးရှိသောသူကိုဆည်းကပ်ပါ ဆိုတာနဲ့ပတ်သက်ပြီး
    ကျမသိတဲ့အသိနဲ့ ပြောပြရရင် ဆည်းကပ်တာ ယုံကြည်လို့သာ ဆည်းကပ်တာပါ
    မိတ်ဆွေကေါင်းတွေကိုချဉ်းကပ်တာမျိုးက ကန်တော့စရာမလိုပေမယ်၊့ ဂေါင်းသုံးလုံးရှိသောသူဆည်းကပ်ပါ ဆည်းပူးတယ်
    ဆိုတာ ပူဇော်ခံသင့်လို့ ပြောတာလို့မှတ်သားပါတယ်။

    • kai

      March 6, 2015 at 4:18 pm

      အသက်ကြီးလာသူတွေကို.. ထိုက်သင့်တဲ့..အပြန်အလှန်လေးစားမှုနဲ့..ကြည့်ရှု့စောင့်ရှောက်ရမှာကနေပြီး.. အပူဇော်ခံဘဝ..ထေရာကြီးတွေက.. ချွန်တွန်းပို့ခံလိုက်ရတယ်လို့.. မြင်မိပါတယ်..။
      ဗုဒ္ဓလက်ထက်က.. ရဟန်းသံဃာကိုတောင်မှ.. အသက်ကြီးသူ..ငယ်သူ..စသဖြင့်အသက်နဲ့မခွဲ.. သင်္ကန်းအရင်ဝတ်သူ..နောက်ကျသူဆိုတဲ့..ဝါနဲ့ခွဲတာမို့..
      ဗုဒ္ဓဟာ..အသက်ကြီး/ငယ်ထက်.. ပညာ-ဉာဏ်..အရည်အချင်း(ဦးနှောက်)ကိုဦးစားပေးတယ်ဆိုတာ..ထင်ရှားပါတယ်…။

      တကယ်တော့.. ဆည်းကပ်တာနဲ့.. ပူဇော်တာ..တော်တော်ကွာမှာပါ..။အပူဇော်ခံဆိုပြီး. ရှေ့ခုံမြင့်ပေါ်ထိုင်ခိုင်း.. ထိုင်ကန်တော့.. သူပြောဟော..ဆုပေးတာနားထောင်.. ဆုတောင်း/ဆုယူဆိုတာမျိုးဖက်ရောက်သွားလို့ပါ..။
      အသက်ကြီးရင်..အသိသညာတွေလည်းချို့ယွင်း.. အယ်လ်ဇိုင်မားတွေရ.. အဲလိုသူပြောစကားသွားနားထောင်နေမှ.. အောက်ကပူဇော်သူတွေ အူကြောင်ကြောင်ဖြစ်ကုန်မပေါ့..။
      ဖြစ်သင့်တာက.. အသက်ကြီးသူရဲ့..ခန္ဓာကျမ်းမာရေးအခြေအနေကြည့်.. ဦးနှောက်မှတ်ဉာဏ်ကောင်းသေးရင်.. အရင်သိတွေ့ဖူးတဲ့အတွေ့အကြုံတွေမေး..။ ချည်းကပ်ဆွေးနွေး..။ အဲလိုဖြစ်ရမှာပါ..။
      အသက်သိပ်ကြီးနေရင်တော့.. သွားမေးနေခါမှ နှိပ်စက်ရာရောက်သမို့.. လိုတာလေးတွေဖြည့်ပေး.. ကူညီ..။ အဲလိုဖြစ်ရမှာပါ..။
      ဒါတောင်. ခေါင်း၃လုံးရှိသူကိုဆည်းကပ်ပါဆိုတဲ့…ဒီအတွေးအခေါ်ဆိုတာမျိုးက.. ရှေးရှေးဂွမ်တိ.. စာအုပ်..စာပေနဲ့…အင်တာနက်.. မရှိခင်..မဖွင့်ဖြိုးခင်.။ ရယူခက်တဲ့ခေတ်တွေမှာပါ..။
      ဒီခေတ်မှာ.. ယူအက်စ်.အင်္ဂလန်..ကမ္ဘာအကောင်းဆုံးစာအုပ်တွေနဲ့..အတွေ့အကြုံရှိသူတွေရေးသားပြုစု..စုဆောင်းထားတဲ့.. စာကြည့်တိုက်တွေ.. စာအုပ်တွေကို..အင်တာနက်က..စက္ကန့်မခြားယူလို့ရနေမှတော့..ဒါတွေဒါတွေတောင်မလို..ပေါ့..။

      တကယ်တော့.. အသက်ကြီးတိုင်း…ထိုင်ကန်တော့ပူဇော်နေကြတာ.. မြန်မာထေရာဝါဒတိုင်းပြည်မှာသာ.. အဓိကဖြစ်နေတာပါ…။
      တကယ့်ဗုဒ္ဓအတွေးအခေါ်ပိုင်းမှာတော့.. ဗုဒ္ဓဘာသာဝင်တွေ.. အသက်ကြီးသူတွေအပေါ်.. လေးစားသမှုထားတာနဲ့ပါတ်သက်ပြီး. ပညာသည်တချို့ကအောက်ကအတိုင်းရှင်းပြတယ်..။
      စကားအတင်းစပ်..။
      ထေရဝါဒရဲ့.. အင်္ဂလိပ်လို..ဘာသာပြန်က.. Theravada Buddhism, the “Doctrine of the Elders,” ဒီလိုတဲ့..။ :k:
      နောက်တခုက.. အနေ န္တာအန န္တငါးပါး ဆိုတာ.. ဘုရားဟောမဟုတ်ပါကြောင်း…နော..။
      =
      http://people.opposingviews.com/buddhist-belief-respect-elderly-2416.html
      Buddhist Belief in Respect of the Elderly
      by James Stuart, Demand Media

      Respecting parents is one of the most important aspects of Buddhism.

      Buddhism is about overcoming suffering in the material world, so that the individual can escape the cycle of rebirth and attain nirvana — the ultimate state of blessedness. Buddhism teaches that old age is a time of great suffering, and since we all age, the young must treat the elderly, particularly their parents, with suitable respect.

      In Buddhism, one of the main reasons for respecting the elderly is the idea of filial piety. Since parents spend so much time raising their children, children must repay the pains their parents took. When a child is young and vulnerable, parents introduce their child to the world and take care of him, so when parents reach old age, their child must care for them in a similar way. Buddhism teaches that this is particularly true of mothers who experience additional pains while carrying the child in the womb for nine months and then giving birth.
      Suffering

      Another reason for Buddhist respect for the elderly is the idea that people suffer in their old age. Buddhism is about overcoming suffering and Buddhist sutras (sermons of the Buddha) teach that old age is a time of great suffering when the individual’s body begins to decay and the mind becomes confused. Since Buddhism also teaches compassion for the suffering of others, young Buddhists have an obligation to respect and help the elderly.
      Traditional Practices

      According to Buddhism, the main way of showing respect for the elderly is to provide for their needs. In many cases, parents live with their children and may help raise their grandchildren. Young people should also take care of their parents’ financial and other personal needs. In addition, since a senior citizen has wisdom accumulated over a long lifetime, younger people can show respect by listening to the advice of their elders. Buddhists also extend the idea of filial piety to all senior citizens.
      Modern Practices

      Prolonged lifespans have changed the way senior citizens live, and this has affected the way Buddhists practice respect for the elderly. Since many people are healthier for longer, they want to remain independent and work long into their old age. Some Buddhist temples have begun organizing clubs to bring senior citizens together with younger people, and many Buddhist organizations celebrate special days intended to focus attention on respect for the elderly.

  • aye.kk

    March 6, 2015 at 5:16 pm

    အသိ(၆)မျိုးရှိပါတယ်
    ၁။အခုမှတ်-အခုဟော-အခုသိ၊
    ၂။ယုံကြည်သိ
    ၃။ရှေးလူကြီးတွေက,တဆင့်စကါးတစ်ဆင့်ကြားပြီးသိ၊
    ၄။ကိုယ်ဉာဏ်နဲ့ကိုသိတယ်၊ကိုယ့်ဟာကိုယ်နှစ်သက်နေတာ၊
    ၅။ထွေထွေရာကြံစည်ပြီးသိတာ၊
    ၆။အမှားသိ
    အသိတွေမတူတာ၊သိထားသင့်လို့ဖော်ပြလိုက်ပါတယ်။
    ၊သူကြီးအနေနဲ့က၊ကိုယ့်ဉာဏ်နဲ့ကိုယ်သိတယ်၊ကိုယ့်ဟာကိုယ်နှစ်သက်နေတာလို့ဘဲမှတ်ယူပါတယ်….နော။

    • kai

      March 6, 2015 at 5:23 pm

      ဟုတ်ချင်လည်းဟုတ်မှာပါ..အရီးအေးရေ..။
      ကွန်ဆာဗေးတစ်(ရှေးစွန်းစွဲ)တိုင်းပြည်ကနေ.. လစ်ဗရယ်ဒီမိုကရက်(လွတ်ပြန့်စွဲ)လွှမ်းမိုးတဲ့တိုင်းပြည်ရောက်.. လူတယောက်အမြင်ရယ်လို့ပဲ.. ထားပါနော..။
      တချို့ကိစ္စတွေက.. Agree to disagree.
      ..လွတ်လပ်စွာကွဲလွဲခွင့်ရှိပါကြောင်းနဲ့.. စိတ်အနှောက်အယှက်ဖြစ်သွားရင်..ခွင့်လွတ်ပါ့..။ :k:

  • Ma Ma

    March 6, 2015 at 11:03 pm

    ပေးတဲ့ဆုနဲ့ပြည့်ချင်ပါတယ် မအေးရေ။
    ဘဝတစ်ခုအဆုံးသတ်ချိန်ကိုတွေးပြီး သံသရာကိုလည်း ကြောက်တယ်။

  • မြစပဲရိုး

    March 7, 2015 at 4:29 am

    ကျွန်မ က တော့ မယ်ကန့်လန့် မို့ အပါတ်စဉ် အဖေ အမေ နဲ့ စကားပြောပြီး တိုင်း သူတို့ ပေးတဲ့ ဆု ကိုလဲ နာယူ။
    ကိုယ်ကလဲ သူတို့ ကို ပြန်ဆုပေးတယ်။
    ဟိုဘက်ကလဲ ငါ့သမီး ပေး တဲ့ ဆု နဲ့ ပြည့်ပါစေတဲ့။
    ကွကိုယ်တော့ ဟုတ်နေတာဘဲ။ ဟိ။

    ပြောသာပြောတာ ဒီ အရွယ်ကြီး ရောက်မှ စာမေးပွဲ ဖြေ ရမဲ့ နေ့ ဆို
    အမေ့ ကို ငယ်ကလိုဘဲ ဆုတောင်းပေးပါ လို့ ပြောတာ အကျင့်ဖြစ်ပြီး
    အဲဒီကနေ Willpower ကောင်းကောင်း ရ တယ်လို့ ယုံ သလိုဖြစ်တုန်းပါဘဲ။

  • aye.kk

    March 7, 2015 at 2:43 pm

    မမရေ
    သံသရာမကြောက်ရအောင်ပါ။
    စိတ္တံ ရက္ခေထ မေဓါဝီ။
    စိတ္တံ ဂုတ္တံ သုခါဝဟံ။
    မေဓါဝီ-အသိအလိမ္မာ ဉာဏ်ပညာရှိသောပုဂ္ဂိုလ်တို့သည်၊
    စိတ္တံ-မိမိစိတ်ကို။ ရက္ခေထ-အမြဲမပြတ်စစ်ဆေးခြင်းအားဖြင့် စေါင့်ရှောက်ကြကုန်ရာ၏၊
    ဂုတ္တံ-အမြဲမပြတ်စစ်ဆေးခြင်းအားဖြင့် ကေါင်းစွာစေါင့်ရှောက်အပ်သော၊စိတ္တံ-စိတ်သည်။
    သုခါဝဟံ-လူနတ်နိဗ္ဗာန်၊သုံးတန်သော ချမ်းသာကိုဆောင်ရွက်နိုင်ပါပေ၏။
    သုခါဝဟံ-မဂ်ချမ်းသာ,ဖိုလ်ချမ်းသာ,နိဗ္ဗာန်ချမ်းသာကိုကေါင်းစွာမသွေဆောင်၍ပေးနိုင်ပါပေသတည်း။
    မလတ်ရေ
    မိဘနဲ့သားသမီး၅၂၈သွယ်မေတ္တာအရ
    ဩဓိသမေတ္တာရပါးမှာပါတဲ့-သဗ္မေမနုဿာ=အလုံးစုံသောလူတို့သည်။
    ဆိုထားတဲ့အတွက်မေတ္တာပွားလို့ရပါတယ်။ပွားတယ်ဆိုတာပေးတာပါဘဲ။အပြန်အလှန်ထားနိုင်ပေးနိုင်ပါတယ်။
    ယုံရင်ကြည်ပါတယ်၊အဓိကသဒ္ဓါတရား=ယုံကြည်မှုပါဘဲ။ခိုင်မြဲတဲ့ယုံကြည်မှုကြောင့်ယုံတာပါ။

Leave a Reply