(အလွမ်းများနှင့် ဝေးပါစေ )

ငယ်ငယ်ဘဝ အသက် ၈ လမှာ

ငါ အဖေနဲ့ ဝေးခဲ့

သိတတ်တဲ့ အချိန်ကစ လွမ်းရ ၊

၂ တန်းအောင်တဲ့ ရ နှစ်အရွယ်

ငယ်သူငယ်ချင်းတွေကိုထား

ရန်ကုန်သားဖြစ်ရတဲ့အခါ

ငါ သူတို့ကို လွမ်းရပြန် ၊

၁ဝ တန်းအောင်တော့လည်း

ခွဲခဲ့ရ သူငယ်ချင်းတို့

ငါ လွမ်းလို့နေပြန်

မဟန်ပါဘူးလေ ၊

တက္ကသိုလ်မြေက အချစ်ဦး

ဘယ်လိုထူးအောင်ချစ်ချစ်

ထားပစ်ခဲ့ပြန်တော့

မပေါ့တဲ့ဝေဒနာ

ရှည်ကြာစွာပြန်ကုစားရ ဒုက္ခ ၊

အဟုတ်ရခဲ့ ငါ့ကြင်ယာ

မမြင်သာ မဟုတ်တဲ့ မတူညီခြင်း

လူစည်ခြင်း မရှိတဲ့ ကွာရှင်းပွဲ

နာခြင်းက နည်းလှ

ကွဲတာကမှ ပိုကောင်းသမို့

ကိုယ့်လမ်းကိုယ်သွား

ကိုယ့်ဘဝကိုယ်ပိုင်

ယိုင်နဲ့တာ မရှိ လျှောက်သည့်လမ်းမှာ

တွေ့လာရသူတစ်ယောက်

ဖြစ်မြောက်ဖို့ကြိုးစား

ဝိုးတဝါးသာသာနဲ့ ကွယ်ပျောက်

ဘယ်ရောက်မှန်းမသိသူအတွက်

အရှက်နည်းစွာ လွမ်းရပြန်

ဟော  အခုတဖန် ကံဇာတ်ဆရာဖန်တဲ့လမ်း

လျှောက်စမ်းရမှာ ငါကြောက်

အလွမ်းတွေ  ရောက်မလာစေဖို့

ရင်မ လို့ ဆုတောင်း

ကောင်းခြင်းများအပြီး လာစေသတည်း

 

18 comments

  • Kaung Kin Pyar

    March 5, 2015 at 5:05 pm

    တောင်းတဲ့ဆုနဲ့ ပြည့်ပါစေ အူးမျိုုးရေ……

    • တောင်ပေါ်သား

      March 6, 2015 at 9:32 am

      ကောင်းပါပြီဗျာ

      ကောင်းကင်လေးလည်း သာယာအေးငြိမ်းတဲ့ ဘဝလေး ရယူနိူင်ပါစေ ၊

  • naywoon ni

    March 5, 2015 at 7:05 pm

    အသက်​အရွယ်​အရ အလွမ်​းဆိုတာ အနဲ နဲ့ အများ ရှိတတ်​တာ​ပေါ့​လေ ။ အလွမ်​း​တွေ တမ်​းတပြီး အားငယ်​​နေမယ်​့အစား ပစ္စက္ခ အချိန်​​လေးမှာ ​နေ​ပျော်​​အောင်​​နေပါဗျာ 🙂

    • တောင်ပေါ်သား

      March 6, 2015 at 9:33 am

      ပျော်နေပါပြီခင်ဗျ

  • ခင်ဇော်

    March 6, 2015 at 11:57 am

    အလွမ်းများနဲ့ ဝေးပါစေ ဆုတောင်းပြီးးး
    လွမ်းစရာ အခြေအနေတွေပဲ လိုက်ရှာမနေနဲ့နော် ကိုဂျီးမျိုးးး

    :k:

    • တောင်ပေါ်သား

      March 6, 2015 at 12:43 pm

      ဒီတစ်ခါတော့ သေသေချာချာပေါ့ 🙂

  • Wow

    March 6, 2015 at 12:58 pm

    ဒါနဲ့ အခု ထူးပီလား… 🙂

    • တောင်ပေါ်သား

      March 6, 2015 at 1:03 pm

      မကြာမီ လာမည် မျှော်

      လဘက်ကောင်းစားချင်ရင် ပလောင်တောင်တက်နှေးရတယ်ဆိုလား 🙂

  • apolo11

    March 6, 2015 at 3:03 pm

    အလွမ်းများနဲ့ ဝေးဖို့ဆိုရင်
    အချစ်နဲ့လည်း ဝေးအောင်နေ
    အချစ်ရှိရင် အလွမ်း ဆိုတာရှိလာမှာပါ။

    • တောင်ပေါ်သား

      March 6, 2015 at 3:12 pm

      အွန် အချစ်ရှိရင် အလွမ်းရှိမယ် ?
      ဒါဆို အချစ်မရှိရင် အလွမ်းမရှိဘူးပေါ့
      ဘိုလိုဂျီးပါလိမ့်

  • manawphyulay

    March 6, 2015 at 3:07 pm

    လွမ်းခြင်းတွေ ပြေပျောက်
    ကောင်းခြင်းတွေ အမြန်ရောက်စေဖို့
    မနောဖြူလေး ဆုတွေတောင်း…..

  • Mr. MarGa

    March 6, 2015 at 3:53 pm

    အလွမ်းဒွေကို စမ်းရေထဲမှာ မျှောလိုက်ဘာာာာ

    • တောင်ပေါ်သား

      March 6, 2015 at 3:56 pm

      good good 🙂

  • Alinsett@Maung Thura

    March 6, 2015 at 7:17 pm

    မလွမ်းချင်ရင်
    ကြမ်းသင့် ကြမ်းရမယ်နော် အိုးမြူး

    :k:

    လူကြမ်းလိုတဲ့ဇာတ်လမ်းဆိုလည်း လက်တို့ပါ
    ကျနော် လူဆိုးခန်းတွေက ရိုက်ဖို့ ချဉ်ခြင်းတက်နေတာမို့
    :k:

    .ပြောဖူးပါတယ်
    အလွမ်းဆိုတာ သွေးမထွက်ပေမဲ့ ကျက်နိုင်ခဲသော
    သီးချင်းလေးတွေတိုးတိုးညည်းရင်းက နာကျင်ထိရှရတဲ့ ဒဏ်ရာပါ လို့

    :buu:

  • စည်​းနဲ့ ကမ်​းနဲ့ လစ်​ဘရယ်​ ​ယောကျာ်​း

    March 6, 2015 at 10:53 pm

    အို ကွယ်​ ကြံကြံဖန်​ဖန်​

  • မြစပဲရိုး

    March 7, 2015 at 4:43 am

    မလွမ်းရဘဲ အဆင်ပြေပါစေ ဆုတောင်းပါတယ်။
    သို့ပေမဲ့ စဉ်းစဉ်းစားစားတော့ လုပ်ပါ ကိုမျိုး ရယ်။
    လုပ်တော့မယ် ဆိုလဲ
    Hope for the best and prepare for the worst ပေါ့။

    • တောင်ပေါ်သား

      March 7, 2015 at 9:15 am

      ဟုတ်ပါပြီ အရီးရေ 🙂

  • ဦးမျိုးက ၂တန်းအောင်နဲ့ ဇာတိမြေကိုခွဲရပေမယ့်။သတိရတုန်းနော်။
    ကိုယ်တွေများ သူငယ်ချင်းဟောင်းတွေ နာမည်နဲ့လူနဲ့တောင် မတွဲမိတာတွေများနေလို့။
    🙂

Leave a Reply