အလွမ်​း​ပြေ စကား​တောင်​ မ​ပြောလိုက်​ရဘူး -၂

naywoon niMarch 6, 20151min1658

အလွမ်​း​ပြေစကား​တောင်​ မ​ပြောလိုက်​ရဘူး – ၂

တစ်​ရက်​ ကိုထွန်​းအံ့ တို့နဲ့ ပြန်​ဆုံဖြစ်​တာက မထင်​မှတ်​တဲ့ ​နေရာမှာပါ ။ ​နေဝန်​းနီ သူငယ်​ချင်​း ​မောင်​ချက်​ကြီးက ဒီဆိုင်​မှာ ငါးကင်​​ကောင်​းတယ်​ဆိုပြီး အသစ်​ဖွင်​့ထားတဲ့ ဘီယာဆိုင်​တစ်​ဆိုင်​မှာပါ ။ ကိုထွန်​းအံ့ နဲ့ အတူ ပါလာတာက လူသာမြင်​ဖူးပြီး လုံးဝ မရင်​းနှီးတဲ့ လူ တစ်​ဦးနဲ့ ကိုထွန်​းအံ့ ရဲ့ သားနဲ့ သမီး တို့ပါ ။ ​နေဝန်​းနီ တို့က အဝင်​ သူတို့က အထွက်​ဖြစ်​​နေတာ​ကြောင်​့ စကား သိပ်​မ​ပြောဖြစ်​လိုက်​ဘူး ။ သူ့သမီးက ငါးကင်​စားချင်​တယ်​ဆိုလို့ လိုက်​​ကျွေးရတယ်​​ပြောပါတယ်​ ။ သာ​ကြောင်​းမာ​ကြောင်​း​ပြောပြီး ​နောက်​တစ်​ရက်​ဆုံဖို့ ချိန်​းလိုက်​ပါတယ်​ ။ သူတို့ ကြည်​့ရတာ အရင်​လို နွမ်​းဖတ်​ဖတ်​ မဟုတ်​​တော့ပဲ အ​တော်​အသင်​့ ​ပြေလည်​​နေပုံ ရပါတယ်​ ။ အ​တော်​အသင်​့ ဆိုတာထက်​ကို ​ပြေလည်​​နေပုံရပါတယ်​ ။ ခုပဲ ကြည်​့​လေ သမီးက ဘီယာဆိုင်​မှာ ​ရောင်​းတဲ့ ငါးကင်​ စားချင်​တာ လိုက်​​ကျွေးတယ်​ဆို​တော့ ။ ဒါနဲ့ ​နေဝန်​းနီလည်​း ဒကာ​တော်​ ​မောင်​ချက်​ကြီး ​နေရာယူထားတဲ့ စားပွဲမှာ ထိုင်​လိုက်​ပြီး မှာထားတဲ့ စည်​ဘီယာ တစ်​ငုံ စုတ်​ယူလိုပြီး ​မောင်​ချက်​ကြီးကို
” ဟို ကိုထွန်​းအံ့ ဆိုတဲ့ လူကြီး​တော့ စီးပွား​ရေး အဆင်​​ပြေ​နေပုံပဲကွ ​မောင်​ချက်​ကြီးရ ”
​နေဝန်​းနီက စကားစလိုက်​​တော့
” ခင်​ဗျားက ​လေ့လာပါ မှတ်​သားပါ ဆို​တော့ ​ဘောလုံးပွဲ ဘယ်​အသင်​နဲ့ ဘယ်​အသင်​း လိုက်​မှတ်​​နေတာကိုး ။ ဖတ်​ပါမှတ်​ပါ ဆို​တော့ လည်​း ​ဖေ့စ်​ဘုတ်​​လောက်​နဲ့ အချိန်​ကုန်​​နေ ကိုယ်​့ပတ်​ဝန်​းကျင်​မှာ ဘာ​တွေ ဖြစ်​​နေလဲ ခင်​ဗျား မသိလိုက်​ဖူး မဟုတ်​လား ”

​မောက်​ချက်​ကြိီးက ထုံးစံ အတိုင်​း စကားနာထိုးပါတယ်​ ။ ပြီးမှ

” ခင်​ဗျားသိချင်​ရင်​ ကျုပ်​​ပြောပြမယ်​ နား​ထောင်​ ။ ခုကျုပ်​​ပြောပြတာ​တွေက ကျုပ်​ကြားတာ​တွေပြန်​​ပြောပြတာ​နော်​ ။ ဘယ်​​လောက်​မှန်​တယ်​ ဆိုတာ ကျုပ်​တာဝန်​မယူနိုင်​ဘူး ”
​ပြောမဲ့သူက ​ပြောမဲ့ အ​ရေး ​ဈေးကိုင်​​နေ​သေးတယ်​ ။ အဲ့ဒါနဲ့
” ​ပြောမှာသာ ​ပြောစမ်​းပါကွာ ​မောင်​ချက်​ကြီးရ မင်​းကလည်​း ​ဈေးကိုင်​လိုက်​တာလွန်​​ရော ”
​မောင်​ချက်​ကြီးက သူ့ခွက်​ထဲက ဘီယာ တစ်​စုပ်​ စုပ်​လိုက်​ရင်​းက
” ဒီလိုဗျ ​စော​စောက လူကြီး နှစ်​​ယောက်​ထဲက တစ်​​ယောက်​က ဆွမ်​းင်္ကြီးခံ တစ်​ခုကို ကန်​ထရိုက်​ ဆွဲထားတဲ့ ကန်​ထရိုက်​တာကြီးဗျ ။ သူ့သားက အဲ့ဆွမ်​းကြီးခံ တီးဝိုင်​းမှာ ဒရမ်​မာ ။ ​နောက်​တစ်​​ယောက်​က အဲ့ဆွမ်​းကြီးခံ တီးဝိုင်​းလှည်​းတွန်​းတယ်​ဗျာ ။ ​ကောင်​​လေးက လည်​း အဲ့တီးဝိုင်​းမှာ ဂစ်​တာတီးတယ်​ ။ ​ကောင်​မ​လေးက သီချင်​းဆိုတယ်​ ။ ဟိုဒရမ်​ တီးတဲ့​ကောင်​​လေးနဲ့ ဘာလိုလို သတင်​းထွက်​​နေတယ်​ ။ အဲ့ ​တွေ့လိုက်​ရင်​​တော့ ​ကောင်​​လေး အ​ဖေနဲ့ချည်​့​တွေ့​တွေ့​နေတယ်​ ။ ကဲ ဘာသိချင်​​သေးလဲ ”
​နေဝန်​းနီ ကို ​ပြောင်​စပ်​စပ်​ လုပ်​ပြီး အ​ဖြေ​ပေး​နေတဲ့ ​မောင်​ချက်​ကြီးကို ​ဒေါသ နဲနဲဖြစ်​လာတယ်​ ။ သူ​ပေးတဲ့ အ​ဖြေက ကိုထွန်​းအံ့ တို့ မိသားစု ဘာ​ကြောင်​့ စီးပွား​ရေး အဆင်​​ပြေလာသလဲ မပါဘူး ။ စိတ်​​ပေါက်​​ပေါက်​နဲ့ ​ရှေ့က ဘီယာခွက်​အကုန်​​မော့ချလိုက်​တယ်​ ။ အဲ့ ဒိအချိန်​မှာပဲ ဂျင်​းနံ့ ငရုပ်​​ကောင်​းနံ့ တစ်​​ထောင်​း​ထောင်​းနဲ့ ငါးကင်​​ရောက်​လာတယ်​ ။ ငါးက ဇလားဗီယားလို့ ​ခေါ်တဲ့ငါးပါ ။ အဲ့ ငါးက ​နေဝန်​းနီ တို့ ဆီမှာ​ပေါပါတယ်​ ။ မြို့ အ​နောက်​ဖက်​ ၁၅ မိုင်​​လောက်​အကွာမှာရှိတဲ့ ဆင်​​သေ ဆည်​က ထွက်​တာပါ ။ အနီးတစ်​ဝိုက်​က ရွာ​တွေမှာ တစ်​ပိဿာ မှ တစ်​​ထောင်​​လောက်​ပဲရှိတာ ။ မြို့​ပေါ်မှာ​တော့ နှစ်​​ထောင်​​လောက်​ရှိမယ်​နဲ့တူရဲ့ ။ ဆိုင်​ရှင်​က ကုန်​သွားတဲ့ ဘီယာခွက်​ ​မြှောက်​ပြလိုက်​ပြီး
” ​နေပါ​ဦး ​မောင်​ချက်​ကြီးရဲ့ ငါ​မေးတာနဲ့ မင်​း​ဖြေတာက ဘယ်​လိုမှ ဆက်​စပ်​လို့ မရပါလား ”
​မောင်​ချက်​ကြီးက သူ့ဘီယာခွက်​ကို လက်​နဲ့ လှည်​့ပတ်​​နေရင်​း
” ​အော်​ ဦး​နေ ဦး​နေ နှစ်​ဆယ်​ရာစုက အ​တွေ့အကြုံ ဗဟုသုတ ကို နှစ်​ဆယ်​့ တစ်​ ရာစုထိသယ်​လာပြီး ​တွေး​ခေါ်​နေတုန်​းကိုး အဲ့ အ​တွေ့အကြုံ​တွေ ဗဟုသုတ ​တွေ ချထားခဲ့​တော့ ၂၁ ရာစု မှာလုံးဝ​ပြောင်​းလဲ ကုန်​ပြီ ။ သုံးမရ​တော့ဘူး ။ သယ်​လာချင်​​သေးရင်​​တော့ ​နောင်​လာ​နောက်​သား​တွေ ကြားဖူးတယ်​ရှိ​အောင်​ ရယ်​စရာ ​မောစရာ အဖြစ်​​ပြောဖို့ ချန်​ထားဗျ ”
သူက ​ပြောပြီး ဘီယာခွက်​ကို ​မော့ ​သောက်​လိုက်​တယ်​ ။ ​နေဝန်​းနီ လည်​း ကိုထွန်​းအံ့ တို့မ်​သားစု အတွက်​စိတ်​ပူသွားတယ်​ ။ ဒီလူကြီးဘာ​တွေ​လျှောက်​လုပ်​​နေပြီလဲ​ပေါ့ ။
” ဒီလိုဗျ ဦးနီ စိတ်​ရှည်​ရှည်​ထားပြီး နား​ထောင်​ ခင်​ဗျားမသိ​သေးတဲ့ အ​ကြောင်​း ကျုပ်​​ပြောပြဦးမယ်​ အဲ့ အ​ကြောင်​း ​ပြောပြီးမှ ဦးနီ လိပ်​ပတ်​လည်​သွားမှာ ”
​ဟုတ်​​တော့လည်​း ဟုတ်​တယ်​ ။ ​မောင်​ချက်​ကြီး က ​နေရာ အနှံ့ သွား​နေပြီး အလုပ်​စုံ လုပ်​​နေတာဆို​တော့ ​နေဝန်​းနီ မသိ​သေးတာ သူသိတာ ဖြစ်​နိုင်​တာ​ပေါ့ ။
” ကျုပ်​တို့ တပ်​ကုန်​းမြို့ ​မြောက်​စ က ‘ မိုး​ကောင်​း ‘ ဘုရားကြီး ဆွမ်​းကြီးခံ အလှည်​့​ကောင်​းတာနဲ့ ​ကြွေးတင်​သွားတာသိလားဗျ ”
ဟိုက်​ ရှာလပတ်​ရည်​ ။ ဘုရား​တောင်​​ကြွေးတင်​တယ်​ ဆိုပါ​ရောလား ။ ဆွမ်​းကြီးခံလှည်​့တဲ့ ​ကောင်​​တွေ ဒါ​တော့ လွန်​တာ​ပေါ့ ။
” ဟာသ ​ပြော​နေတာမဟုတ်​ဘူး တစ်​ကယ်​ကို ​ကြွေးတင်​လို့ မီးသတ်​နဲ့ ရဲ နဲ့ ​ပေါင်​းပြီး အဲ့ ဘုရား​ရှေ့က ဖြတ်​သွားတဲ့ ကား တစ်​စီး နှစ်​ရာ ​တောင်​းပြီး ​ကြွေးဆပ်​ လိုက်​ရတာ ။ ကျုပ်​အိမ်​​ဘေးက လူက အရံမီးသတ်​ထဲမှာ ပါတယ်​ ။ သူတို့က်​ို အလှည်​့ကျ ထိုင်​ရတာ ။ အဲ့ ဒါ ဆွမ်​းကြီးခံ က​ပေးတဲ့ ဒုက္ခပဲ ”
အဲ့သလို​ပြောပြီး ဘီယာ ထပ်​မှာပါတယ်​ ။ ပြီး​တော့ ​ပြော​သေးတယ်​ ။
” ရင်​ပူ​နေရင်​ဘီယာ​သောက်​” တဲ့ ​နေဝန်​းနီ လည်​း မရှင်​းတာနဲ့
” ​နေပါဦး ​မောင်​ချက်​ကြီးရဲ့ အလှူခံ ရတဲ့ ပိုက်​ဆံ ​တွေ က ဘယ်​​ရောက်​ကုန်​လို့လဲ ဘုရားကြီးက ​ကြွေးတင်​ရ​အောင်​ ”
” အဲ့ ဒါ​ပြောတာ​ပေါ့ ၂ဝ ရာစုက အ​တွေ့အကြုံ ဗဟု သုတ​တွေ ထားခဲ့ လို့ ။ အလှူခံ ​နောက်​လိုက်​တဲ့ လူ​တွေက ​နေ့စားသမား​တွေဗျ ။ သူ့​ကြေးနဲ့ သူရှိတယ်​ ။ အလှူခံလို့ရသည်​ဖြစ်​​စေ မရသည်​ဖြစ်​​စေ ​နေ့စားခ အပြည်​့ရှင်​းရတယ်​ ။ အဲ့ဒိ​တော့ ဘုရားကြီး ​ကြွေးတင်​​ရော​ပေါ့ဗျ ”
​မောင်​ချက်​ကြီးက ​ပြောမှ ​ရေး​ရေး​ပေါ်လာ​တော့တယ်​ ။
” အဲ ့ ဒါ​ကြောင်​့ ​နောက်​ပိုင်​း အလှူခံ ကို ကန်​ထရိုက်​ပဲ ​ပေး​တော့တယ်​ ။ တစ်​​နေ့ ​လေးငါး​ထောင်​ ရှိတယ်​ ။ ဘုရား ဒါမှ မဟုတ်​ ​ကျောင်​းက အလှူ ထွက်​ခံတယ်​ ဆိုတဲ ့ သက်​​သေခံ ခွင်​့ပြု စာရွက်​​လေးပဲ ကန်​ထရိုက်​လက်​ထဲ​ပေးလိုက်​ တစ်​လကို တစ်​သိန်​းခွဲလှူ ခဲ့ ။ ကျန်​တာ အဲ့ ဘုရား အဲ့ ​ကျောင်​းနဲ့ မဆိုင်​ ။ ရှင်​းပြီလား ”
အဲ ့ ဒီလို​ပြောပြီ း ​မောင်​ချက်​ကြီး တစ်​​ယောက်​ ဘီယာ​သောက်​လိုက်​ အမြည်​းစားလိုက်​ ။ ​ဆေးလိပ်​မီးထညှိလိုက်​နဲ့ အလုပ်​ရှုပ်​​နေတယ်​ ။ ​နေဝန်​းနီ လည်​း ဥုံးစားတာနဲ့ ဘီယာ တစ်​စုပ်​စုပ်​ရင်​း နဲနဲ စပ်​စု ကြည်​့ပြီး​တော့ သူတို့ ကုန်​ကျစရိတ်​ကို ရှင်​း​အောင်​ သီးသန်​့ချပြပါမယ်​ ။ ​မောင်​ချက်​ကြီး အ​ပြောအရတွက်​ပြတာပါ ။ သူမသိလိုက်​တာ​တွေ ရှိချင်​ ရှိဦးမယ်​လို့ ဆိုပါတယ်​ ။ အလှူခံ ထွက်​ပြီ ဆိုရင်​ မပါမဖြစ်​ ပါရတာက အသံချဲ ့ စက်​ပါ ။ ​အောက်​ပါအတိုင်​းအကြမ်​းဖျင်​းတွက်​ကြည်​့ရ​အောင်​

၁။။အသံချဲ ့စက်​ ၁၅၀၀၀/
၂။ အသံချဲ ့စက်​ ခွင်​့ပြုမိန်​့ ၁၅၀၀၀/ (တစ်​လစာ )
၃။ တီးဝိုင်​းငှားခ ၁၅၀၀၀/
၄။ အတီးသမား တစ်​​ယောက်​ ၅၀၀၀× ၃/၅ ( သ​ဘောက သုံး​ယောက်​ပါတဲ့ ဝိုင်​း ရှိသလို ငါး​ယောက်​ပါတဲ့ ဝိုင်​းလဲ ရှိပါသတဲ့ )
၅။ သီချင်​ဆို တစ်​​ယောက်​ ၃၀၀၀/ အဲ့တာလည်​း သုံး​ယောက်​က​နေ ငါး​ယောက်​ထိ ပါပါတယ်​
၆။ လှည်​းငှားခ ၁၅၀၀၀/
( ​ထွေလာဂျီ တို့ သုံးဘီး တို့ငှားလည်​း အဲ့​လောက်​​ပေးရပါသတဲ့ )
၆။ လှည်​းတွန်​း တစ်​​ယောက်​ ၃၀၀၀/
တ်ီးဝိုင်​းတင်​ထားတဲ့ လှည်​း​ပေါ်မူတည်​ပြီး လူ အနဲ အများ ရှိနိုင်​ပါတယ်​ ။
၇။ အလှူခံ လိုက်​မယ်​့သူ တစာ​ယောက်​ ၁၅၀ဝ က​နေ ၃၀၀ဝ ထိ ​ပေး​ခေါ်ရပါတယ်​ ။
၈။ လိုက်​ပါမည်​့သူ အားလုံးတွက်​ လက်​ဖက်​ရည်​ မုန်​့ ​ဆေးလိပ်​ ကွမ်​း ​နေ့လည်​စာ ထမင်​း ကံထရိုက်​ က ကျခံ ရပါတယ်​ ။ အဲ့ဒိ​တော့ တစ်​​နေ့တာ ကုန်​ကျ စရိတ်​က တစ်​​နေ့ တစ်​သိန် း အထက်​မှာ ရှိပါတယ်​ ။ ဒါ​ကြောင်​့ပဲ ထင်​ရဲ့ သူတို့ အလှူခံ​တွေက မနက်​ ​ခြောက်​နာရီ ​လောက်​က​နေထွက်​လာတာ တစ်​ခါတစ်​​လေ ည ကိုးနာရီ ဆယ်​နာရီအထိ မသ်​ိမ်​းနိုင်​​သေးတာ ခုမှ သတိရတယ်​ ။ ​ပြော​တော့ ဘာသာ​ရေးလုပ်​တော့ အလှူခံရ​ငွေထဲက ​နေ့စားခ ယူ​နေတာ ဆို​တော့ ​မောင်​ချက်​ကြီးရဲ့ ​ပြောစကား​လေးက မှတ်​သား​လောက်​ပါရဲ့ ။
” ဒီမှာ ဦး​နေဝန်​းနီ ရဲ့ အဲ့ဒိလို ဘာလို့လုပ်​​နေရလဲ ။ ကျန်​တဲ့ အလုပ်​​တွေမှာ အဲ့​လောက်​​နေ့တွက်​မစီလို့ဗျ ။ ပြီး​တော့ ဒီ​လောက်​လည်​း သက်​​တောင်​့ သက်​သာနဲ့ မရဘူး ။ တီးတဲ့ သူနဲ့ ဆိုတဲ့ သူက လွဲရင်​ ကျန်​တဲ့ သူက ဘာမှ တတ်​စရာမလိုဘူး ။ ​နောက်​ဆုံးဗျာ အလုပ်​ရှင်​က ​စောင်​့ကြည်​့ပီး မာန်​မဲ​နေတာမခံရဘူး ။ ကျန်​တဲ့ အလုပ်​ ဝင်​လုပ်​ရ​အောင်​ ဘာအလုပ်​ရှိလည်​း ။ ခုနှစ်​တန်​းရှစ်​တန်​း​လောက်​ပဲ စာတတ်​တယ်​ဗျာ ။ လွယ်​လွယ်​ကူကူ ဝင်​လုပ်​ နိုင်​တာ ​ဈေးဆိုင်​​တွေမှာ ။ ဒါ​တောင်​ ခု​နောက်​ပိုင်​း အာမခံ တဲ့သူရှိမှ ဖြစ်​လာပြီ ။ လုပ်​ချင်​တဲ့ သူတိုင်​း လက်​မခံ​တော့ဘူး ။ လုပ်​ချင်​သ​လောက်​လည်​း အလုပ်​မ​ပေးနိုင်​ဘူး ။ ဆိုင်​တိုင်​း တစ်​​ယောက်​ထွက်​မယ်​ဆို ​နောက်​က တန်​းစီ​နေတဲ့သူ​တွေ ရှိပြီးသား ။ အဲ ့ ​နောက်​ ပန်​းရံ လက်​သမား အပင်​းပန်​းခံနိုင်​ပြီး အကြမ်​းဗတမ်​း လုပ်​နိုင်​မှ ​ခေါ်တာ ။ ​နောက်​ အရင်​းအနှီး မရှိဘဲ ​နေ့စားဝင်​လုပ်​လို့ ရတာ​ပြောပါဦး ။ ဘာမှမရှိဘူး ။ စက်​ရုံ အလုပ်​ရုံ ကျုပ်​တို့မြို့မှာနိုး ။ ဆီစက်​ လား စားအုန်​းဆီ ဝင်​လာကတည်​းက နားထားရတာ ။ ဆန်​စက်​ လုပ်​သားဘယ်​နှစ်​​ယောက်​အလုပ်​​ပေးနိုင်​လို့လဲ ။။အဲ့ဒိလို​ပေးနိုင်​တဲ့ ဆန်​စက်​လည်​းမရှိပါဘူး ။ ပွဲရုံ​တွေ​ကော တရုပ်​က ကိုယ်​စားလှယ်​​တွေ ရွာ​တွေထိဆင်​းဝယ်​​နေလို့ ရပ်​ထားရတာ ကြာပါပ​ကောလား ။ ကျ​နော်​တို့နိုင်​ငံက ကုန်​ပစ္စည်​း ထုတ်​တဲ့ နိုင်​ငံ မဟုတ်​ဘူး ။ သူများ လုပ်​ပြီးသားပဲ အသင်​့ ဝယ်​သုံးတဲ့ နိုင်​ငံ ။ ​အောက်​​ခြေ လူတန်​းစား အတွက်​ အလုပ်​ အဆင်​့သင်​့​ပေးနိုင်​တဲ့ ​ပေးစရာ ရှိတဲ့ နိုင်​ငံမဟုတ်​ဘူး ။ ပိုက်​ဆံ ချမ်​းသာတဲ့ သူကလည်​း သူလိုအပ်​တဲ့ အလုပ်​သမား အတိုင်​းတာထက်​ပိုပြီး အလုပ်​​ပေးမထားနိုင်​ဘူး ။ ဖန်​တီးမ​ပေးဘူး ။ ဒီ​တော့ ထမင်​း မငတ်​ဖို့ ဘာပဲဖြစ်​ဖြစ်​ သိပ်​စဉ်​းစား​နေမှာ မဟုတ်​ဘူး
။ ဒါ​တောင်​ ဘာသာ​ရေး ခုတုံး လုပ်​ရဲတဲ့ အလှူခံ ကန်​ထရိုက်​​တွေ ရှိ​နေလို့ ။ နို့မို့ ဆို အဲ့အလှူခံ​တွေ မှာပါတဲ့ သူ​တွေ ဘာလုပ်​​နေမလဲ ။ ​ဈေးထဲမှာ အလစ်​သုတ်​ချင်​ သုတ်​မယ်​ ။ ည သူများအိမ်​တက်​ချင်​တက်​မယ်​ ။ ဆာလာအိတ်​ တစ်​လုံးလွယ်​ပြီး တစ်​လမ်​းဝင်​ တစ်​လမ်​းထွက်​ ပြန်​​ရောင်​းလို့ ရတဲ့ ပစ္စည်​း လိုက်​​ရောက်​မယ်​ ။ အဲ့နဲနဲ လူရည်​လည်​ရင်​ နှစ်​လုံး သုံးလုံး ​ကော်​မရှင်​နဲ ့ ​ရောင်​းမယ်​ ။ ဒီလိုမှ မလုပ်​ချင်​ရင်​” မ​လေး” ထွက်​ ” ထိုင်​း” ထွက်​ ။ မြို့ကြီး​တွေမှာလဲ ​ရောက်​​နေပြီးသားလူ​တောင်​ အလုပ်​မ​ပေးနိုင်​ဘူး ။ ခု​နောက်​ပိုင်​း အလုပ်​​တွေ ​ပေါလာသလိုရှိ​ပေမဲ့ အဆက်​အသွယ်​မရှိရင်​ လိုက်​ရှာမ​နေနဲ့ ။ ဒါ ကျုပ်​တို့မြို့​လေးရဲ့ စီးပွား​ရေး ​ဈေးကွက်​ပဲ ။ ”
​မောင်​ချက်​ကြီးရဲ့ ​နေဝန်​းနီ တစ်​​ယောက်​ မူးသွားပါ​တော့တယ်​ ။ သူ​ပြော​တော့လည်​း ဟုတ်​​နေတာပဲ​လေ ။ မ​တွေ့တာကြာတဲ့ ကိုထွန်​းအံ့ ဆီလည်​း “အလွမ်​း​ပြေ စကား သွားမ​ပြောဖြစ်​လိုက်​​တော့ပါ ” ကိုထွန်​းအံ့ ဆီက ထွက်​လာမဲ့ စကား​တွေကို နား​ထောင်​ဖို့ အားယူရပါဦးမယ်​ ။

​နေဝန်​းနီ

2:29AM
2015 MAR 6 FRI

8 comments

  • kai

    March 6, 2015 at 4:23 am

    လူတွေဟာ. ကုန်ထုတ်လုပ်မှုမရှိတဲ့..အလုပ်မှာ.. ရင်းနှီးမြုတ်နှံ.. အလုပ်အကိုင်လည်ပါတ်နေစေမှတော့.. အဖနိုင်ငံခမျာ.. သနားစရာပေါ့…။ သယံဇာတထုတ်ယူရောင်းနဲ့.. မွဲပြီးရင်း…မွဲ..။
    “အပ်”ကနေ..”လေယဉ်”အထိ.. နိုင်ငံခြားကမှာယူသွင်းရ…။
    ဘိုးဘွားတွေထားခဲ့တဲ့အမွေ(သယံဇာတ)တွေ… ရောင်းချထုခွဲ..။ နောင်မျိုးဆက်သစ်တွေအတွက်မချန်ပဲ.. အကျိုးမရှိတာတွေနဲ့ ဖြုန်းတီးသုံးစွဲကြ..။
    ငါ့ရှေ့ဘဝကမလှူခဲ့လို့.. အခုလိုဖြစ်နေတာဖြစ်ပြီး.. ငါသေရင်နိဗ္ဗာန်၊ နတ်ပြည်သွားမယ်ဆိုတဲ့.. ငါ့အတ္တအတွက်ပဲ.. လုပ်ကြ..။

    ပြောသာပြောတာ…
    အင်္ဂလိပ်ဝင် ကျွန်ပြုတော့.. ဗမာတွေအလုပ်မှမလုပ်ချင်သမို့.. အိနိ္ဒယက.. ကုသလမျိုးတွေ ဗမာပြည်ထဲသွင်းအလုပ်လုပ်စေရတယ်..။
    အဲဒီအခါကများ.. ရန်ကုန်ဆိုတာ.. ကုလားချည်း..။
    ကျေးလက်တွေကျတော့လည်း.. ချစ်တီးတွေကငွေချေး.. ဗမာတွေက.. ငွေယူ.. စေတီ..ဘုန်းကြီးကျောင်းတည်နဲ့..
    စာရင်းချုပ်တော့.. ဗမာမြေတွေချစ်တီးလက်ရောက်..
    ဗမာထေရာဝါဒ.. နတ်ကိုးကွယ်မှုမှာ.. ဟိန္ဒူအယူတွေရောသမမွှေ.. ။
    အယူဝါဒ….. ပိုဆိုးတဲ့.. ဘာသာရေးအစွန်းရောက်တိုင်းပြည်ဖြစ်လာသပေါ့…။

    အခုထိလည်းမပြင်.. ပြင်ဖို့လည်း.. တွေးမိပုံမရ..
    ဗကပကို.. အာဏာအပ်ပြီး.. ယဉ်ကျေးမှုတော်လှန်ရေးလုပ်ပြီးမှပဲ.. မျှော်လင့်ချက်ရေးရေးပေါ်မယ့်ပုံရတယ်..။ :k:

    ဖယ်ဒရယ်စစ်တပ်ဆိုလည်း.. တိုင်းရင်းသားအချင်းချင်းချဖို့ကလွဲပြီး.. တခြားဘယ်မှမချရဲ..
    တကယ်စွမ်းရင်.. အခုပွဲကြမ်းနေတဲ့.. အိုင်းစစ်ကို . အခကြေးငွေယူပြီး တိုက်ပေးမယ်လို့ကြေငြာပါလား..
    ဒါမှမဟုတ်.. အိုင်းစစ်ဘက်ကနေ.. မဟာမိတ်တပ်တွေကိုတိုက်ပေးမယ်..။ စစ်သားတယောက်တလ ဒေါ်လာ၅ထောင်လို့လစာပေးလို့. တောင်းပါလား..။
    တနှစ် ဘီယီယံချီရ.. :k:

    =
    တို့တိုင်းပြည်

    ထလော့မြန်မာ၊ အိုမြန်မာတို့
    တို့ရွာတို့မြေ ၊တို့ရွာမြေဝယ်
    စေတီစပါး၊ များလည်းများ၏
    များပါလေလည်း၊ တမွဲမွဲနှင့်

    ဆင်းရဲကာသာ ၊ကာလကြာလျှင်
    ယာစကာမျိုး ၊တညှိုးညှိုးနှင့်
    ပုထိုးမြင့်မောင်း၊ ကျောင်းကြိုကျောင်းကြား
    လှည့်လည်သွားလျက်
    မစားလေရ ၊ဝမ်းမဝ၍

    ဆွမ်းမျှမတင်နိုင် ရှိမည်တည်း။
    ထလော့မြန်မာ ၊အိုမြန်မာတို့
    တို့ရွာတို့မြေ ၊တို့ရွာမြေဝယ်
    ရေချိုသောက်ရန်၊ မြစ်ချောင်းကန်နှင့်
    သီးနှံချိုပျား ၊များလည်းများ၏
    များပါလေလည်း ၊တမွဲမွဲနှင့်
    ဆင်းရဲကာသာ၊ ကာလကြာလျှင်
    မြင်သာမြင်ရ ၊မစားရ၍
    တောက ပြိတ္တာဖြစ်မည်တည်း။

    ထလော့မြန်မာ၊ မြန်မာထလော့
    အားမပျော့နှင့် ၊မလျှော့လုံ့လ
    သူကစ၍ ၊ငါကအားလုံး
    လက်ရုံးမြားမြောင်၊ ဉာဏ်မြားမြောင်နှင့်
    စွမ်းဆောင်ကြလေ၊ ဆောင်ကြလေလော့
    ဤမြေဤရွာ ၊ဘယ်သူ့ရွာလဲ
    ဤယာစပါး ၊ဘယ်သူ့စပါးလဲ
    ထားလော့တာဝန် ပွန်လော့လုပ်ငန်း
    ဉာဏ်ရှေ့ပန်း၍ တဝမ်းတစိတ် ညီစေသတည်း။

    -ဇော်ဂျီ

  • ဦးကျောက်ခဲ

    March 6, 2015 at 10:00 am

    ဆရာအောင်သင်းလက်ရာ “ဘုရားက နှစ်ကျပ်ခွဲ အကြွေးတင်” ဆိုတာလေး သတိရ…
    :k:

  • Mike

    March 6, 2015 at 10:26 am

    ♫♪♫အလွမ်​း​ပြေ စကား တောင်မ​ပြောလိုက်ရဘူးကွယ်♪♫♪ပန်းတွေကြားက ပန်းမမချော♫♪♫
    .စာဖတ်နေတုန်း…အိမ်ရှေ့ကလော်ကြီးနဲ့ အလှူ ခံလာနေသဗျို့ :k:

  • ခင်ဇော်

    March 6, 2015 at 11:50 am

    မဆိုင်တော့ မဆိုင်ပါဘူးးး
    ပြောချင်တာလေးရှိလို့
    အရင်က အဖိုး အိမ်ရှေ့က အိမ်က လူမိုက်တစ်ယောက်ရှိတယ်။
    အဲဒီတုန်းက ရပ်ကွက်ထဲမှာ ဆိုက်ကားနင်းတယ်။
    ၂၀၀ရ မတိုင်ခင် ကျနော် စလုံး မထွက်ခင်လောက်မှာမြင်မိတော့ ယူနီဖောင်းကြီးနဲ့ နံပတ်တုတ်ကြီးနဲ့ စွမ်းအားရှင် ဆိုပဲ။
    ခု ဒီ တစ်ခေါက်ပြန်တော့ ရောင်းပြီး သား အိမ်ကို သွားကြည့်ရင်း အဲလူ မမြင်လို့ မေးမိတော့ ဘုန်းကြီး ဝတ် သွားပြီတဲ့။
    :a:

  • တောင်ပေါ်သား

    March 6, 2015 at 2:43 pm

    အလှုခံကတော့ စိတ်ပျက်စရာပါဗျာ

    ရပ်ကွက်ဓမ္မာရုံက အလှုခံမိန်းမကြီးက ဆွေတော်မျိုးတော်အပေါင်းတို့လို့ အစချီပြီး အလှုခံသဗျ ၊
    တခြား ဘာအလုပ်မှလည်း မရှိ ၊

    ဘုရားကျွေးတာ စားနေတာ လို့ဆိုသေး ၊
    အလှုခံ ရငွေ ၂ဝ % က သူ့အတွက်ဆိုပဲ ၊

  • Mr. MarGa

    March 6, 2015 at 3:21 pm

    အလုပ်ဟူသမျှ ဂုဏ်ရှိစွလို့ ဆိုရိုးရှိထားပေသေးတာကိုးဗျ
    :k:

    • naywoon ni

      March 6, 2015 at 6:30 pm

      သဂျား က ဆိုရှယ်​လစ်​ ​လေသံ မ​ပျောက်​​သေးဘဲဂိုး 🙂

  • Alinsett@Maung Thura

    March 6, 2015 at 6:26 pm

    .နေပြည်တော် မြို့လည်နဲ့ မြို့ပတ်ဝန်းကျင်တဝိုက်က အခြေခံလူတန်းစားတွေရဲ့
    စီးပွားရေးဈေးကွက်တောာ်တော်များများ
    (ယာဉ်လိုင်း/ဆိုင်ကယ်ကယ်ရီ/မုန့်ဆိုင်/ကုန်စုံဆိုင်/ကွမ်းယာဆိုင်ကအစ…ဘုရားပေါ်တက်ရင် ကြုံရတဲ့ ဖိနပ်အပ်လက်ခံဌာနအဆုံး ) ကိုတော့ ကျနော်က ချဉ်တယ်ဗျ ။
    :buu:

Leave a Reply