သခင်ဘလက်ချော ရဲ့ အလုံးကြီးများ (၁)

black chawMarch 6, 20151min26726

နိုင်ငံရေး ကိစ္စ ဆိုတာမျိုးဟာ မဆွေးနွေးတာ အကောင်းဆုံးပါ ခင်ဗျာ…။
သားအဖ အရင်းတောင် အမြင်မတူရင်
ဓါးနဲ့ ထထိုးကြတယ်လို့ ကြားဖူးပါတယ်ခင်ဗျ…။
အခု လောလောဆယ် ကျောင်းသားသပိတ် ကိစ္စ ကို
ကျွန်တော်တို့ ရွာသားတွေ အမြင်မတူကြဘူးဆိုတာ အားလုံးအသိပါ…။
တချို့က ထောက်ခံကြပါတယ်…။
ထောက်ခံပါ…။ ထောက်ခံပိုင်ခွင့် အပြည့်ရှိတာပဲ…။
ဘယ်သူ့ ဂရုစိုက်နေဖို့လိုလို့လဲ…။
တချိ့က ကျတော့ ကန့်ကွက်ကြပါတယ်…။
ကန့်ကွက်ပါ…။ ဒါလည်း ကန့်ကွက်ပိုင်ခွင့်အပြည့်ရှိတာပဲ…။
တချို့ကလည်း ကျောင်းသားသပိတ်နဲ့ ပတ်သက်ပြီး
အသံတိတ် လေ့လာ နေတာမျိုးတွေလည်း ရှိနေတာပါပဲ…။
ကျွန်တော်တို့လို လူမျိုးတွေပေါ့ခင်ဗျာ…။
အဲလိုလူတွေကို ခြံစည်းရိုးခွထိုင်တယ်ရယ်လို့တော့ မစွတ်စွဲစေချင်ပါဘူး…။
ဘယ့်နှယ့် ကြီးတွေလဲ ဗျာ…။
အခုပဲကြည့်။
ကျောင်းသားသပိတ်ကို ရပ်သင့်တယ် ထင်သူတွေနဲ့
ကျောင်းသားသပိတ်ကို ဘာလုပ်လုပ် ထောက်ခံမယ်ဆိုသူတွေ
အုပ်စု ၂ စုကွဲပြီး အငြင်းပွားစ ပြုနေပါပြီ။
ကျွန်တော်ထင်တာကတော့
အဲလို အုပ်စုကွဲသွားစေချင်တာက အစိုးရရဲ့ အဓိက ပစ်မှတ်လို့
ကျွန်တော် ထင်ပါတယ်…။
ခင်ဗျားတို့ အောင်ဆန်းစုကြည်ကို အားကိုးတကြီးရှိတဲ့ နေရာမှာတူပါတယ်။
ခင်ဗျားတို့ ဦးသိန်းစိန် အစိုးရကို အားကိုးလောက်စရာ မရှိဘူးလို့ ထင်တဲ့ နေရာမှာ
တူပါတယ်…။
ဒီလို ညီညွတ်မှုမျိုးကို ဖြိုခွဲဖို့ ဆိုတာ အတော် ခက်ပါတယ်…။
အခု ခင်ဗျားတို့ သွေးကွဲစ ပြုနေပြီဆိုတာကိုရော သတိပြုမိကြပါရဲ့လား။
ဒီထက်ပိုပြီး သွေးမကွဲသင့် တော့ပါဘူး။
ထောက်ခံချင်သူက လည်း ကိုယ့်လွတ်လပ်ခွင့်နဲ့ ကိုယ်ထောက်ခံပါ။
ကန့်ကွက်သူတွေကို မစော်ကားကြပါနဲ့။
ကန့်ကွက်သူတွေကလည်း ကိုယ့်လွတ်လပ်ခွင့်နဲ့ ကိုယ့် ကန့်ကွက်ပါ။
ထောက်ခံသူတွေကို မစော်ကားကြပါနဲ့။
အသာလုပ်ကြပါ ရွာသူရွာသားအပေါင်းသူတော်ကောင်းတို့
ခင်ဗျား…။
အရေးတော်ပုံ
အောင်ရမည်
သခင် ဘလက်ချော…။

26 comments

  • တောင်ပေါ်သား

    March 6, 2015 at 2:33 pm

    ကျုပ်လည်း ဝင်ပြောပြီးမှ သတိရတယ်

    ဘာသာရေး နဲ့ နိူင်ငံရေး မငြင်းတာ အကောင်းဆုံး

    လောလောဆယ် ကြောင်သား မြည်းချင်တယ်

  • ရာမည

    March 6, 2015 at 2:37 pm

    ခွမယ်
    ခွမယ်
    ခွမယ်

    အာဟိ အာဟိ

    • manawphyulay

      March 6, 2015 at 3:02 pm

      အရေးထဲ ဆိုက်ကားဆရာနဲ့ လာတွေ့နေတယ်…. :mrgreen:

  • apolo11

    March 6, 2015 at 2:47 pm

    အခြေခံဥပဒေ ပြင်ဆင်ရေး အရှိန်အဟုန်ရပ်တန့်သွားစေဖို့နဲ့
    ၂၀၁၅ အတွက် လူထုအာရုံထွေပြားသွားစေနိုင်တဲ့အတွက်

    အနိုင်နဲ့ပိုင်းသင့်တဲ့အချိန်မှာ အနိုင်ပိုင်းစေချင်တဲ့အတွက်၊

    ကျောင်းသားသပိတ်ကို မတ်လ(၁) ရက်နေ့ထဲက ရပ်စေချင်တာ။

  • Wow

    March 6, 2015 at 2:53 pm

    သခင်ဘလက်ချော ဆိုတော့ သခေါဘလက်ခြင်ပေါ့နော် :mrgreen:

  • manawphyulay

    March 6, 2015 at 3:03 pm

    အရင်တုန်းကတော့ သခင်မျိုးဟေ့ တို့ဗမာ…..
    ခုတော့ သခင်မျိုးဟေ့ တို့ဘလက်… လို့ဆိုလိုတာလား…. :mrgreen:

  • Mr. MarGa

    March 6, 2015 at 3:15 pm

    သိဘူး
    စာဖတ်မယ် ဂိမ်းဆော့မယ်
    ဒါဘဲ

  • ခင်ဇော်

    March 6, 2015 at 3:17 pm

    အရှုပ်တော်ပုံ
    အောင်ရမည်
    :mrgreen:

    စု အတွက် မဲ တစ်ပြားကို ကိုယ့်ကိုယ်ကိုပဲ စိတ်ချတယ်။
    မပြောင်းလဲ ဘူး..

    :chit:

    • Mr. MarGa

      March 6, 2015 at 3:22 pm

      ကိုယ့်ကိုယ်ကို တော့ ယုံသေးသားပဲ
      (ယုံစရာလည်း ဒါပဲရှိတော့တယ်)
      :mrgreenn: :mrgreenn:

      • ခင်ဇော်

        March 6, 2015 at 3:28 pm

        ဒီ တစ်ခုပဲ ယုံတာနော်။
        ကျန်တာတွေက ပြောင်းလဲ တတ်တယ်။
        ခိခိ

        :k:

  • Mike

    March 6, 2015 at 4:03 pm

    .ဘာလဲဗျ…ခီများကဆြာဂျီးလား
    .လုပ်ချင်တာလုပ်ကြဟေ့
    .နားစွန်နားဖျား သခင်ဂျီးကို ဆန့်ကျင်ဂျ :k:

  • Mike

    March 6, 2015 at 4:06 pm

    .ဒါနဲ့…သခင်ဘလက်ချောရဲ့ အလုံးကြီးများဆိုဒေါ့…မဲမဲဂျီးပေါ့နော် :op:

  • Alinsett@Maung Thura

    March 6, 2015 at 6:12 pm

    အရီးဒေါ်ပုံ …အောင်ရမျီ…
    အရီးဒေါ်ပုံ… အောင်ရမျီ …
    အရီးဒေါ်ပုံ…. အောင်ရမျိီ…

    ဒီတစ်ခါ စာမေးပွဲမှာမှ အရီးဒေါ်ပုံ မအောင်ရင်..
    အကြော်ဆက်ရောင်းရအုန်းမျီမှာ မလွဲAကန်

    :buu:

  • naywoon ni

    March 6, 2015 at 6:19 pm

    ကျုပ်​တို့က​တော့ ရှင်​းရှင်​းဘဲ ။ မတရားမှု မှန်​သမျှ သီးမခံဘူး ။ မနိုင်​ရင်​ ​ချောင်​းရိုက်​မယ်​ ။ ​ချောင်​းရိုက်​လို့မရရင်​ fb ထဲက​နေ က​လော်​တုတ်​မယ်​ ။

  • black chaw

    March 6, 2015 at 6:44 pm

    ကွန်းမန့် ဝင်ရေးသွား ကြသူအားလုံး
    ကွန်းမန့် ဝင်မရေးပေမယ့် ဖတ်သွားတဲ့သူအားလုံး
    ကျေးဇူးတင်ပါတယ်…။
    တစ်ယောက်ချင်းစီတော့ ပြန်မရေးနိုင်တော့တာကို
    ခွင့်လွှတ်ပေးပါခင်ဗျာ…။
    ထောက်ပဲခံခံ၊ ကန့်ပဲ ကွက်ကွက်၊
    ခြံစည်းရိုးပဲခွထိုင်ထိုင်၊
    ဆရာနေကြီးလို ချောင်းပဲ ရိုက်ရိုက်
    လုပ်ချင်ရာသာ လုပ်ကြပါ…။
    ကိုယ်စိုက်ပျိုးသမျှ ကိုယ်ရိတ်သိမ်းရမှာပါ ခင်ဗျာ…။
    ချစ်ခင်လေးစားတဲ့
    သခေါ ဘလက်ချင်…။
    (ဝေါင်း ခေါ်ရက်လို့ ခေါ်သွားတဲ့ နာမည်မို့
    ကျေကျေနပ်နပ်ကြီး အသုံးပြုသွားပါတယ် ဗျာ…။
    ဒီနေ့…ကံ…မကောင်းပါလား။)

  • ဝင့်ပြုံးမြင့်

    March 6, 2015 at 7:35 pm

    .ကဘချောရဲ့ ပို့စ်ကို ထုံးစံအတိုင်း ဟာသရေးမယ်ထင်လို့ မဖတ်မိဘူး။ ဟိုဘက်က ပို့စ်မှာ မန့်ခဲ့တာကိုပြန်ပြီး ပြောပါရစေနော်။
    —-
    .ကွန်တစ်က လူပြောင်းရေးကို ဦးစားပေးတယ်။ ခေါင်းဆောင်ပေါ်ကို ယုံကြည်ချက်ပြင်းထန်တယ်။ လစ်ဗြဲက ဖြစ်စဉ်ကို ဦးစားပေးတယ်။ အသွင်ပြောင်းစတိုင်းပြည်မှာ ဖြစ်စဉ်မှန်ဖို့ လိုတယ်လို့ ယုံတယ်။ အဲဒါ နှစ်ခုကွဲနေတာပါ။ လူယုတ်မာ သူတော်ကောင်း နှစ်ခြမ်းကွဲတာမျိုး မဟုတ်ပါဘူး။

    .အန်ကယ်ကြောင်က လူပြောင်းရေးကော၊ ဖြစ်စဉ်ကော နှစ်မျိုးစလုံးကို ဦးစားပေးတယ်။ အဲဒါကြောင့် နည်းနည်းဂွကျသွားတာပါ။ အသွင်ပြောင်းတယ်ဆိုတာ လူမှု+ယဉ်ကျေးမှု တော်လှန်တာရှိမှ ပြောင်းတယ်လို့ ခေါ်မှာလေ။ ဒါတွေ မဖြစ်ဘဲနဲ့ အသွင်ပြောင်းတယ်လို့ ပြောလို့ ဘယ်ရမလဲ။ ဒါကြောင့် အဘနီက ခုမှ စပြီ လို့ပြောတာ မှန်တာပေါ့။ .အခုလို ဆန္ဒပြတာတွေ သပိတ်တိုက်ပွဲတွေဟာ ဖြစ်နေမှ ဖြစ်စဉ်မှန်နေတာ။ ဥပမာ ပေါင်းအိုးကြီး သိပ်ပူလာရင် အဆို့ရှင်တွေ ပွင့်ထွက်ပေးရတဲ့သဘောပါ။ ဦးဦးပါလေရာကတော့ အချိန်အခါ မသင့်လို့ သဘောထားတယ်။ အဆို့ရှင်တွေလည်း ပွင့်ထွက်ရင်း ခေါင်းဆောင်လည်း ပြောင်းရင် အကောင်းဆုံးပဲပေါ့။ ဒါပေမယ့် အဲလိုဖြစ်ဖို့ မွသဲတို့ကတော့ မယုံပြန်ဘူး။
    —-
    .အမလတ်နဲ့ အပိုလို တို့ကလည်း အချိန်အခါ မသင့်ဘူးလို့ တွေးကြတယ်။ ကေကတော့ သဘောထား တင်းမာတယ်။

  • စည်​းနဲ့ ကမ်​းနဲ့ လစ်​ဘရယ်​ ​ယောကျာ်​း

    March 6, 2015 at 8:34 pm

    ကျုပ်​နာမည်​က ကျုပ်​​ကောမန်​့ပါပဲဗျာ

  • naywoon ni

    March 6, 2015 at 9:48 pm

    ဘာသာ​ရေး လူမှု​ရေး စီပွား​ရေး လူမှု​ရေး ​နိုင်​ငံ​ရေး ​တွေမှာ အစွန်​း​ရောက်​​တွေများ​နေပြီ ။ ဒီ​တော့ ဆီး​ဆော ကစား သလို​ပေါ့ဗျာ ဘဲလ်​လင်​့ ညီ​အောင်​ ကျုပ်​က အခြား တစ်​ဘက်​စွန်​းက ဝင်​ထိုင်​ကြည်​့မလို့ ။ ( တဂယ်​က ဝန်​ထိုင်​ခြင်​လို့ ဂို ဝန်​ထိုင်​ဒါဗျာ ကွာမျူနစ်​လို့ ​ပျောသူ ရန်​သူ )

  • Ma Ma

    March 6, 2015 at 10:54 pm

    (ခင်ဗျားတို့ သွေးကွဲစ ပြုနေပြီဆိုတာကိုရော သတိပြုမိကြပါရဲ့လား။)
    အဓိကအချက်ကို လူတွေသတိပြုမိအောင် စီဂျေဘလက်ချော တာဝန်ကြေပါပေတယ်။

    ရွာထဲမှာတော့ ဒီမိုသမားတွေ ပီပီ ကိုယ့်အယူအဆ ကိုယ့်အတွေးအခေါ်ကို လွတ်လပ်စွာ တင်ပြကြရုံထက်ပိုပြီး သွေးကွဲနေပြီလို့တော့ မထင်ပါဘူး။

    ရွာသူရွာသားအပေါင်းသူတော်ကောင်းတို့လို့ ပြောတာလေးတော့ သဘောကျတယ် သခင်ဘလောချက်။
    (သူမတူအောင် မန့်ရမယ်လို့ သဂျီးအဆိုတော်ရှိထားလို့၊ စိတ်မဆိုးကြေး)
    :kwi:

  • မြစပဲရိုး

    March 7, 2015 at 12:09 am

    ကိုယ့်မောင် က စိုးရိမ်တကြီး ရေးထား တဲ့ မို့ ချက်ခြင်း မန့်မယ်ဗျား။ 😉

    တစ်ပါတ်လုံး အကြွင်းအကျန် နဲ့ Frozen တွေ ချည်း မို့ ဒီနေ့ ဟင်းချက်ပေး မယ် ပြောထားလို့ ကျန်သူ များ အိမ် ကို နောက်မှ အေးအေး ဝင်လည် ဗျစီ။

    ဒီမယ် သခင်ကြီး ဘလောချက် ရဲ့
    ရှင့် အစ်မ က ရှေ့တန်း ကနေ ဟို ကြောင်စုတ် နဲ့ ငြင်း နေပေမဲ့ ဒင်း တစ်ကောင် ဟိုမှာ အေးခဲပြီး တောင့် ပြီး မလှုပ်နိုင် အမြီးကြီး တန်း နေမှာ ကိုလဲ လှမ်း စိုးရိမ် ပါတယ်။
    ဒင်းကတော့ သူ့ ကလေး တွေ ထိလို့ ကျိန်ဆဲ နေရင် လဲ ခွေးလွှတ်ပါတယ်။
    တစ်ကောင်ထဲ ချောင်မှာ ငို နေမှ ခက်မှာ။

    နောက် ဇီကလေးတို့ မောင်မတ် တို့ ကတော့ သူတို့ ကို ဒီလောက်ချစ် တဲ့ ဒီ အရီး အကြောင်း ကို မှ နားမလည်ရင် တွေ့ချိန် နားရွက်ဆွဲ ပလိုက်မယ်။

    တစ်ခြား ဘုသူ ရှိသေးလို့လဲ။

    ဒီတော့ ကျုပ် ရဲ့ ချစ်သော မောင်
    ရွာထဲ က လူ တွေ ကွဲ ဖို့ ကိုတော့ စိတ် မပူပါနဲ့။
    သမိုင်းကြောင်း ထဲ မှာ Learning Curve တစ်ခု အတွက် ဝင်ပြီး သင်ယူ နေကြတာ ပါလေ။
    တစ်နေ့ တော့ လဲ ဒါတွေ က စာမျက်နှာ တစ်ခု ဘဲ ပေါ့။
    ကိုယ့် လမ်း ကို မှန်တယ် ထင်ရင် ပြီးတာဘဲ။ ရဲရဲ လျှောက်နိုင်ကြပါတယ်။
    ဒါပေမဲ့ (အကြီးကြီး နော်)
    ကိုယ့် အတ္တ ၊ ကိုယ့် ခံစားချက် က အများတကာ ကို ထိခိုက်နိုင်ရင်တော့ ဒါဟာ မှန်တဲ့ လမ်း မဟုတ်နိုင်တော့ဘူး။
    ဒါလေးသာ သတိထားကြဖို့ပါ။
    :))

    Do you agree or not ?????
    (Not ဆိုရင် သေပြီမှတ်) lol:-)))

    • ခင်ဇော်

      March 7, 2015 at 7:04 am

      နားးလည်ပါ့ဗျားးး
      but
      ကိုယ်တိုင်က အစွန်းးပေါ်မှာ ဆိုတော့
      လှုပ်မရလို့ ဘူပြောတာမှ လက်ခုပ်မတီးးးပေးးနိုင်သေးးလို့ပါ အရီးးရဲ့
      ဟေးးးဟေးးးဟေးးးး
      :kwi:
      ပြုတ်ကျမစိုးးလို့

      • black chaw

        March 7, 2015 at 9:24 am

        @ အရီးလတ်, မမ, ဝင့်ပြုံးမြင့်, ခင်ဇော် ;;;;;;
        မဝင့်ပြုံးမြင့် ခင်ဗျား…။
        ကျွန်တော် နိုင်ငံရေး ကိစ္စတို့ ဘာသာရေးကိစ္စ တို့ ရေးခဲပါတယ်…။
        အခု ပညာရေးသပိတ်ကိစ္စ ကိုလည်း Facebook ပေါ်မှာတောင်
        Like မလုပ်မိအောင် သတိထားပြီး ရှောင်ပါတယ်ခင်ဗျာ…။
        အခု မဝင့်ပြုံးမြင့် ကွန်းမန့်ထဲက
        လူယုတ်မာ သူတော်ကောင်း နှစ်ခြမ်းကွဲတာမျိုး မဟုတ်ပါဘူး
        ဆိုတာနဲ့ ပတ်သက်လို့ တော့ နည်းနည်း ပြောချင်ပါတယ်…။
        ကျွန်တော့် ပို့စ်ထဲမှာ အဲလို အဓိပ္ပါယ်ပေါက်စေတဲ့ စာသားမျိုး
        မပါပါဘူးခင်ဗျာ…။
        ထောက်ပဲခံခံ…၊ ကန့်ပဲကွက်ကွက် အဲဒါဟာ
        အဲဒါဟာ သူ့ရဲ့ ရပိုင်ခွင့်ပဲလို့ ကျွန်တော်ရေးထားတာပါ…။
        ကျွန်တော်လိုချင်တာက ထောက်ခံသူပဲဖြစ်ဖြစ် ကန့်ကွက်သူပဲ ဖြစ်ဖြစ်
        တစ်ယောက်နဲ့ တစ်ယောက် အပြစ်မပြောကြဖို့ပါပဲ…။
        လိုရင်းမရောက်သွားတာကတော့ ကျွန်တော် စာရေးညံ့လို့ပါခင်ဗျာ…။

        ဟေ့ရောင်ခင်ဇော်…။
        မင်း အနေနဲ့ ဘယ်လောက်ပဲ အစွန်းပေါ်ရောက်နေနေပေါ့…။
        အဲဒါ မင်း ရပိုင်ခွင့်ပဲလေ…။
        အဲဒါ မင်း အပြစ်မှ မဟုတ်တာ…။
        မင်းကြိုက်ရာကို မင်း အားပေးခွင့်ရှိနေတာပဲ…။
        အဲလိုပဲ ကိုယ်နဲ့ အမြင်မတူသူတွေ ရှိနေခဲ့ရင်လည်း
        အဲဒါ သူတို့ရဲ့ ရပိုင်ခွင့်ပဲလေ…။
        ဆိုတော့…ပြန်လာခဲ့ပါ သူငယ်ချင်း…လို့ပဲ ပြောခဲ့ပါရစေ…။

        မမခင်ဗျား…။
        ပြန်လည်ဆွေးနွေးစရာလေးတွေ ရှိနေပေမယ့်
        ဒီပို့စ်မှာတော့ ကျေးဇူးတင်စကားပဲ ပြန်လည်ပြောကြားခဲ့ပါရစေခင်ဗျ…။

        အစ်မလတ် ခင်ဗျား…။
        ရွာထဲက လူတွေလောက်နဲ့တော့ဖြင့်
        ဒီလိုပို့စ်မျိုး ကျွန်တော် မရေးပါဘူးခင်ဗျာ…။
        ရွာထဲက လူငယ်တွေဟာ ကျွန်တော်တို့ထက်
        ရှေ့ရောက်နေကြသူတွေ များပါတယ်…။
        သူတို့ကို ဆုံးမချင်ရုံသက်သက်လို့ တော့ ဖြင့်မထင်စေချင်ပါဘူး…။
        လာမယ့် ရွေးကောက်ပွဲမှာ
        မဲပေးပိုင်ခွင့်ရှိသူတွေရဲ့ စုစည်းညီညွတ်မှု ကို ဘယ်လိုသွေးခွဲရမှန်းမသိ ဖြစ်နေတဲ့
        အစိုးရအနေနဲ့ နည်းလမ်းတစ်ခုကို ရှာဖွေတွေ့ရှိသွားခဲ့ပါပြီ…။
        အဲဒီ နည်းလမ်းရဲ့ အစဟာ အခု ပညာရေးသပိတ် လို့ ထင်ပါတယ်…။
        ဆက်ပြီးပြောချင်တာတွေ အများကြီးရှိနေသေးပေမယ့်
        ဒီပို့စ်နဲ့ ပတ်သက်လို့ ဒီရွာကွက်ကွက်လေးကိုပဲ မမြင်စေချင်ပါဘူး…။
        ပို့စ်ရေးသူ ကျွန်တော်က ဉာဏ်ရည်နည်းနည်း နိမ့်ပါတယ်ခင်ဗျာ…။
        အဲလို နိုင်ငံရေး ကိစ္စတွေမှာ ဝင်ရောက်ဖတ်ရှု ဆွေးနွေးနိုင်စွမ်းလည်း
        နည်းပါတယ်ခင်ဗျာ…။
        အမှားအယွင်း တစ်စုံတစ်ရာများပါခဲ့ရင်
        ခွင့်လွှတ်ပါ ခင်ဗျ…။
        ဟေးဟေး…သေတော့မသေပါရစေနဲ့ဦး အစ်မရယ်…။
        I Agree
        ပါခင်ဗျာ…။
        ချစ်ခင်လေးစားတဲ့
        ဘလက်ချော…။

        • ခင်ဇော်

          March 7, 2015 at 11:06 am

          ထောက်ခံသူ
          ကန့်ကွက်သူ
          ထောက်ခံသူ ကို ထောက်ခံသူ
          ထောက်ခံသူကို ကန့်ကွက်သူ
          ကန့်ကွက်သူကို ထောက်ခံသူ
          ကန့်ကွက်သူ ကို ကန့်ကွက်သူ စသည်ဖြင့် အဖွဲ့လေးးတွေ ဖွဲ့ကြရင်ကောင်းးဖူးးလားးး
          ကွဲမယ့်ကွဲ ၂ ခြမ်းးတည်းးဆို နာမည်ပျက်တယ်..
          အစိတ်စိတ် အမွှာမွှာ ကွဲတော့ အေးးးရောာာာ

          :boss:

    • ကထူးဆန်း

      March 7, 2015 at 9:01 am

      ဘာဘဲ ပြောပြော ရွာ လူ နဲ နဲ ပြန်စည်လာလို့ သဂျီးတော့ ပြုံ းဖြီးဖြီး ကြီး ဖြစ်နေမှာ မြင်ယောင်မိသေး ..
      :mrgreen:

  • black chaw

    March 7, 2015 at 9:29 am

    @ ကထူးဆန်း ;;;
    မတွေ့ရတာ အတော်တောင်ကြာပြီ ကိုထူးဆန်းရေ…။
    ကွန်းမန့်လေး ဝင်ရေးပေးသွားတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်ခင်ဗျ…။
    ချစ်ခင်လေးစားတဲ့
    ဘလက်ချော…။

  • ဦးကြောင်ကြီး

    March 7, 2015 at 12:43 pm

    ကွဲမှတော့ ထင်ထင်ရှားရှား ဖြစ်အောင် ဆိတ်စွမ်းအားရှင်တွေကို တာဝံလက်ပတ်နီ ထုတ်ပေးလိုက်ပါ ဦးဗီလာဘ်…။

Leave a Reply