​နေဝန်​းနီ နဲ့ “အ​ကောင်​းမမြင်​” ဝါဒ -၂

naywoon niMarch 6, 20151min1889

​နေဝန်​းနီ နဲ့ “အ​ကောင်​းမမြင်​” ဝါဒ -၂

​နောက်​ထပ်​ ​နေဝန်​းနီ အ​ကောင်​းမမြင်​နိုင်​တဲ့ ကိစ္စ တစ်​ခုက ဘာသာ​ရေးဘက်​ နွယ်​တဲ့ ဓမ္မ သီချင်​း​တွေနဲ့ ဗွီဒီယို ရုပ်​ရှင်​ ဇာတ်​လမ်​း​တွေပဲ ။ တရားဓမ္မ က ​ဟော​ပြောပြသထားသမျှ ကိုယ်​လိုရာ အယူအဆ​တွေ သွတ်​သွင်​းပြီး ဇွတ်​အတင်​း လုပ်​ဖန်​တီးပြီး ပြသ​နေတာ​တွေ ။ သီဆို​နေတာ​တွေက စိတ်​ညစ်​ညူးဖွယ်​​တော်​​တော်​​ကောင်​းပါတယ်​ ။ မသိနားမလည်​​သေးတဲ့ က​လေးငယ်​​တွေနဲ့ ဘာသာ​ရေး ကိုယ်​ခံအား နည်​းတဲ့သူ​တွေ ဘာမဆို အထူးအဆန်​း ဆိုယုံလွယ်​တတ်​တဲ့ ​တောသူ​တောင်​သား​တွေအတွက်​ သူတို့တစ်​​တွေရဲ့ အယူအဆ ချွတ်​​ချော်​ တိမ်​းပါးသွား​စေပြီး တစ်​သက်​လုံး အမှားကို အမှန်​ထင်​ပြီး ပြုမူ လုပ်​ကိုင်​သွားမယ်​ဆိုရင်​ အဲ့ ပတ်​ဝန်​းကျင်​တစ်​ခုလုံးဟာ ဘယ်​လိုမှ အစွဲ ချွတ်​မရတဲ့ အယူသီး မှု​တွေ ဖုံးလွှမ်​း ​နေမှာပါပဲ ။ အယူအဆ အမျိုးမျိုး သွတ်​သွင်​း ပြသ သီဆို တီးမှုတ်​​နေသူ​တွေဟာ ဘာသာ​ရေးရဲ့ ဓမ္မ အန္တာရယ်​​ကောင်​​တွေပါပဲ ။ သာသနာ ဖျက်​တပ်​ဖွဲ့ ရဲ့ ​ရှေ့တန်​းတိုက်​စစ်​မှူး​တွေပါပဲ ။။ဒါ​တွေဟာ ဘယ်​သူ့ တာဝန်​လဲ ¿ ဘယ်​သူမှ မစီ စစ်​ကြ​တော့ဘူးလား ¿ ​သေချာတာက​တော့ ” ငါ့ကို မဆန်​့ကျင်​ရင်​ပြီး​ရော မင်​းတို့ဖာသာ ကြိုက်​သလို ကိုးကွယ်​ သာသနာပျက်​တာ မပျက်​တာထက်​ ငါ့ ​နေရာ မြဲဖို့ လိုတယ်​ ” လို့ ​တွေး​နေတဲ့ အာဏာ ရှင်​အစိုးရလား ?
” မင်​းတို့ ​လောကီ ဘက်​က ​ရေး​နေတာ တို့နဲ့ မဆိုင်​ဘူး​လေကွာ ” လို့ ​ပြောမဲ့ သာသနာ့ ဝန်​ထမ်​း​တွေလား ။ ငရဲ ဆို​ကြောက်​ နတ်​ပြည်​ပဲ ​ရောက်​ချင်​တဲ့ အတ္တသမား​တွေ​ကြောင်​့လား ?
မနက်​မိုးလင်​းရင်​ ကြား​နေရတာက
” စည်​းဇိမ်​ဥစ္စာ တိုးမှာ ရွတ်​ကြပါ ​အြောင်​းန​မော ဂါထာ ” ဆိုလား ဘာဆိုလား ? စည်​းစိမ်​ ဥစ္စာပဲ တိုးဖို့ရွတ်​မလား အဲ့သလိုဆိုလည်​း ဗုဒ္ဓ ဘာသာ အမည်​မခံနဲ့​လေ ။ ​နောက်​ သီချင်​း​တော်​​တော်​များများ ရှိပါ​သေးတယ်​ ။ ချပြ​နေရင်​ ကိုယ်​့​ပေါင်​ကိုယ်​ လှန်​​ထောင်​းသလိုဖြစ်​မှာစိုးလို့ ။ ​နောက်​ ဗွီဒီယို ​ပေါ်ဦးစက ဟိုသမိုင်​း ဒီသမိုင်​း ကား​တွေ အ​ခြေမမြစ်​မရှိတဲ့ ဒဏဋာရီ ​တွေကိုယူပြီး ရိုက်​ထား​လေ​တော့ ဇာတ်​လိုက်​ ဒုက္ခ ​ရောက်​တိုင်​း သကြားမင်​းက လာလာကယ်​​နေရတာ ။ သကြားခမျာ နတ်​စည်​းစိမ်​ခံစား​ရဖို့ အချိန်​​တောင်​ရှိရဲ့လားမသိ ။ ခု​တစ်​​လော ​တွေ​နေရပြန်​ပြီ ။ စဂိုင်​းပျက်​က လွင်​့​နေတဲ့ တံငှာ ဇာတ်​လမ်​း​တွေ ။ ဘာသာ​ရေးနဲ့ ပတ်​သက်​ပြီး ကိုယ်​လိုရာ ဆွဲယူရိုက်​ပြ​နေတာ အကြည်​့ရ​တော်​​တော်​ ဆိုးတာပဲ ။ မြန်​မာပြည်​မှာ ဘာသာ​ရေး ပျက်​လိုပျက်​စီး ဖြစ်​​အောင်​လုပ်​​နေတာ အဓိက တရားခံက ဒင်​းတို့ပဲ ။ ထွက်​ရှိသမျှ ဘာသာ​ရေးနွယ်​ သီချင်​း ဗွီဒီယို ဇာတ်​လမ်​းမှန်​သမျှကို စီစစ်​​ ခွင်​့ပြု ​ပေးမဲ့ အဖွဲ့ တရား ဓမ္မ အမှန်​ တည်​့မတ်​​ပေးမဲ့ အဖွဲ့ တစ်​ခု ရှိရင်​​ကောင်​းမလားလို့ပါ ။။

​နေဝန်​းနီ

9 comments

  • Alinsett@Maung Thura

    March 6, 2015 at 6:33 pm

    ဘာသာရေးကိုတော့ မပြောချင်…
    ရုပ်ရှင် ၊ ဗီဒီယိုလောကကိုတော့ ပိုးစိုးပက်စက်ပြောပစ်ချင်နေတာတွေ တပုံကြီး…
    မပြောတတ်လို့သာ ငြိမ်နေရတာ..

    :buu:

    • naywoon ni

      March 6, 2015 at 9:57 pm

      ဗွီဒီယို ကား​တွေမှာ အ​ခြောက်​ကား​တွေ အရွံ ဆုံးပဲ ။ ဟာသ မင်​းသား​တွေတင်​မဟုတ်​ အားလုံး အ​ခြောက်​လုပ်​ပြီး မရိုက်​ဖူးတဲ့ မင်​းသားကိုမရှိ​တော့ဘူး ။ ရိုက်​လိုက်​ရင်​လည်​း ​ပေါ့ရွတ်​ရွတ်​နဲ့ ကြည်​့မရ ။ တစ်​ချိန်​က မင်​းသားကြီးရဲ့ ​ဒေါင်​း​ယောင်​​ဆောင်​​သောကျီးနဲ့ အနာဂါတ်​ ဟင်​းလင်​းပြင်​က လွဲရင်​​ပေါ့​လေ ။ အဲ့ အ​ခြောက်​ကား​တွေကို ပိုးစိုးပက်​စက်​ ​ဝေဖန်​ကြည်​့ပါလား ။ သို့​ပေမယ်​့ မင်​း​ဝေဖန်​လို့လည်​း ရုပ်​ရှင်​​လောက ​ပြောင်​းလဲ သွားမည်​​တော့ မဟုတ်​ 🙂

  • Ma Ma

    March 6, 2015 at 9:02 pm

    အရင်က မေတ္တာပို့လောက်ပဲ သီချင်းလိုဆိုတယ်။
    ခုတော့ မနက်ပိုင်း FM တွေမှာ လာနေတဲ့ တရားဓမ္မတွေကို သီချင်းလုပ်ဆိုနေတာတွေ ကြားရတာ အဂါရဝဖြစ်တယ်ထင်ပြီး မကြိုက်ဘူး။ 🙁

  • padonmar

    March 6, 2015 at 9:24 pm

    အော်..အဘနီရယ်၊
    ဒါ့ကြောင့်လည်း ပဟာသ ငရဲ ဆိုတာရှိတယ်လို့ ပြောတာနေမှာပေါ့။
    အောင်ခြင်းရှစ်ပါး၊ပါရမီဆယ်ပါး လို သီချင်းမျိုးတွေ
    ခုနောက်ပိုင်းလည်း ကိုင်ဇာတို့ ဆိုတဲ့ မျက်နှာသစ်လျှင်ရေကိုမြင်၊မြင်စဉ် မေတ္တာပို့ပါမယ်.. ဆိုတဲ့ သီချင်းခွေ လည်းကောင်းသားပဲ။
    ရုပ်ရှင်တော့ သိပ်မသိဘူး။
    အနုပညာသည်တွေမှာ လူတွေ အမှားကို အမှန်မထင်စေဖို့ တာဝန်သိပ်ကြီးပါတယ်။

  • စည်​းနဲ့ ကမ်​းနဲ့ လစ်​ဘရယ်​ ​ယောကျာ်​း

    March 6, 2015 at 10:33 pm

    ကိုကိုဝီ လူထွက်​ပီး ရုပ်​ရှင်​ရိုက်​ သီချင်​းဆို​တော်​မူသင်​့ပါ​ကြောင်​း

    • naywoon ni

      March 6, 2015 at 11:34 pm

      အစကတည်​းက ပျက်​တက်​တက်​ပါဆို လွှင်​့ပစ်​ရ​အောင်​​မြှောက်​​ပေး​နေပြန်​ဘီ ​မောင်​ဂီ နီ​တော်​​တော်​ ရွဲတဲ့တဲ့​ပြော ဟင်​း းးးးးး 🙂

  • မြစပဲရိုး

    March 7, 2015 at 1:01 am

    ကျွန်မ က ငယ်ကထဲ က ဂွစာမမ မို့ ဘုန်းကြီး တွေတရားဟောရင် အကုန် နာလို့ မရဘူး။
    ကြာနီကန် တရား ဆို ကြိုက်လိုက်ကြတာ။
    ဒါ တရားမှ မဟုတ်တာ။ ဘုန်းကြီး ကွက်စိတ် ဆရာ ဖြစ်နေတဲ့ ပုံစံ လို့ ဝေဖန်လေ့ရှိတယ်။
    သူ့တရားထဲ ရှိသေး။ ဟို အဒေါ်ကြီး မလှူချင် အထုတ်ကြီး တပြင်ပြင် အထုတ်ရှင်သေလို့ သွား ကျန်တဲ့ သူတွေ ဝေလို့စား ဆိုတာမျိုး။
    ကျန်တဲ့ သူတွေ စားရတော့ ရော မကောင်းဘူးလား။
    မိုးကုတ်ဆရာတော် တရား ကို တော့ အတော်လေး သဘောကျတယ်။
    ဆရာတော်ကြီး က အလှူဒါန က သံသရာဆက်တာမို့ သံသရာပြတ်အောင် ကြိုးစားကြစမ်း လို့ ဟောတာ အမြဲ အမှတ်ရတယ်။

    တကဲ့ ဗုဒ္ဓဘာသာ ကို ကမ႓ာ က လူ တွေ ကို နားလည်စေချင်ရင်၊ သာသနာပြု ချင်ရင် ပုံတွေ ဝတ္တု တွေ နဲ့ ပြောပြနေလို့ မရဘူး။
    ဒီမှာတော့ ကျွန်မလဲ တစ်ချို့ တရား တွေ ကို အကောင်းမမြင်ဘူး။

  • ခင်ဇော်

    March 7, 2015 at 7:23 am

    ဘာသာ ထိ ဒါးးးးးးကြည့်နော် ကိုနီ
    ဟင်းးးးဟင်းးးဟင်းးးးး

    👿

    :k:

  • တောင်ပေါ်သား

    March 7, 2015 at 10:41 am

    ဘာသာရေး နဲ့ နိူင်ငံရေးဟာ ငြင်းစရာ အများဆုံး

    ဒါပေမယ့် ကျနော် မငြင်းချင်ဆုံး

    မြန်မာရုပ်ရှင်ကတော့ မောင်ဝဏ္ဏတို့ မောင်တင်ဦးတို့ရိုက်သွားတဲ့ကားတွေနောက်ပိုင်း

    ဘာကားမှ လောက်လောက်လားလားမရှိ ဇာတ်ညွှန်းနတ္တိ

    ရိုက်ကွင်းရောက်မှ ရိုက်ညွှန်းဆိုတာလေးဖတ် သရုပ်ဆောင်ရတော့လည်း

    သောက်ကျိုးနည်းတာ ဆန်းသလားဗျာ ၊

Leave a Reply