​နွေ မိုး ​ဆောင်​းက ​ပေးခဲ့တဲ့ သင်​ခန်​းစာ

naywoon niMarch 7, 20151min1297

​နွေ မိုး ​ဆောင်​းက ​ပေးခဲ့တဲ့ သင်​ခန်​းစာ

​နွေ ……..
ပူမှာပဲ​လေ
ဒါ သူ့အလုပ်​
အပူဒဏ်​မခံနိုင်​ရင်​
ဦးထုပ်​​လေးဖြစ်​ဖြစ်​ ​ဆောင်​းခဲ့​ပေါ့ ။
​ဆောင်​း ………
​အေးမှာပဲ​လေ
ဒါ သူ့တာဝန်​
အ​အေးမခံနိုင်​ရင်​
အ​နွေးထည်​​လေးဖြစ်​ဖြစ်​ ဝတ်​ခဲ့​ပေါ့ ။
မိုး ………..
ရွာမှာပဲ​လေ
ဒါ သူ့သဘာဝ
မိုး​ရေမစိုချင်​ရင်​​တော့
ထီး​လေးဖြစ်​ဖြစ်​​ဆောင်​းခဲ့​ပေါ့ ။
​နွေမှာပူတာ —
​ဆောင်​းမှာ​အေးတာ —
မိုးရွာတာ —
သတိ ဉာဏ်​ ​မြေကတုတ်​
အသိ ပညာနဲ့ ချွန်​းအုပ်​
ကိုယ်​ခံအား​ပြည်​့ဝဖို့ကျိုးစား
ပညာဝမ်​းစာ ငါတို့မှာဖူလုံရင်​
​နွေ ပူတာကိုလည်​းမမှု
​ဆောင်​း​အေး​တော့လည်​းမဖြုံ
မိုးရွာမှာလည်​းမ​ကြောက်​
ရန်​သူကို ရန်​သူလို့သ​ဘောမထား
အားလုံးတစ်​သားဖြစ်​​အောင်​
​ဟေ့ …..
ဥပက္ခာ တရားနဲ့ ​ရှေ့သို့လှမ်​းချီ
ပန်​းတိုင်​ဆိုတာ တစ်​ကယ်​ အ​ဝေးကြီးမှာမဟုတ်​ဘူး
အားလုံးညီရင်​​ရောက်​ရမှာမလွဲဘူး
လက်​ချင်​းမြဲမြဲ ဆုတ်​ထားကြဖို့ ​တော့လိုမယ်​​နော်​ ….. ။

​နေဝန်​းနီ
11:27 pm
2015 March 6 Fri

7 comments

  • မြစပဲရိုး

    March 7, 2015 at 6:05 am

    ရန်ကုန် ကတော့ နွေမှာလဲ ပူ ၊ ဆောင်း မှာလဲ ပူ၊ မိုး မှာလဲ ပူ ပေါ့။
    ဒီမှာကတော့ ၁၂ရာသီ မိုး မပြတ်ဘူး အဘနီ ရေ။

    ကဗျာထဲ က
    {ရန်​သူကို ရန်​သူလို့သ​ဘောမထား အားလုံးတစ်​သားဖြစ်​​အောင်​} ဆိုတာလေး သဘောကျပါတယ်။
    အဲလို ဖြစ်ဖို့ အတွက်တော့ ငါ တွေ၊ အာဃာတတွေ၊ မနာလိုဝန်တို မှု တွေ ကို အရင် ခွါချ ရမယ် ထင်ရဲ့။

  • ခင်ဇော်

    March 7, 2015 at 7:10 am

    မိုးးတွင်းး ထီးးကလေးး မိုးးမှာပေါ့
    ဆောင်းးတွင်းးး မီးးးကလေးးး တောက်မှာပေါ့
    နွေရာသီမှာ ရွှေရင်အေးးအောင် ကိုယ်လေ
    အေးးသော ယပ်တောင်လေးးးးး
    :kwi:

  • aye.kk

    March 7, 2015 at 11:34 am

    ကေါင်းလိုက်တဲ့ကဗျာလေးမို့
    အမှတ်တရကူးယူ၊ခွင့်ပြုပါ။

  • black chaw

    March 7, 2015 at 11:49 am

    ပူအိုက်ရွက်ကြွေ ဒီလိုနွေမှာ
    အချစ်ကိုယ်စား ယပ်တောင်ထားခဲ့
    ဘာပဲဖြစ်ဖြစ်
    စိတ်ညစ်လည်းယပ်
    သိတ်ချစ်လည်းယပ်
    လွမ်းတဲ့ခါယပ်
    ပမ်းတဲ့ခါယပ်။
    အေးချမ်းချိန်ခါ ဆောင်းအခါမှာ
    အချစ်ကိုယ်စား အနွေးထည်ထားခဲ့
    ဘာပဲ ဖြစ်ဖြစ်
    စိတ်ညစ်လည်း ဝတ်
    သိတ်ချစ်လည်း ဝတ်
    လွမ်းတဲ့ခါဝတ်
    ပမ်းတဲ့ခါ ဝတ်။
    မိုးစက်တွေကျတဲ့ မိုးအခါမှာ
    အချစ်ကိုယ်စား ထီးတစ်ချောင်းထားခဲ့
    ဘာပဲဖြစ်ဖြစ်
    စိတ်ညစ်လည်းဆောင်း
    သိတ်ချစ်လည်းဆောင်း
    လွမ်းတဲ့ခါ ဆောင်း
    ပမ်းတဲ့ခါဆောင်း။
    ဤသို့ဖြင့်
    နွေမိုးဆောင်း ပြောင်းလဲရက်များ
    များလာသောအခါ
    ယပ်တောင်တစ်ချောင်း
    ထီးတစ်လက်
    အနွေးထည်တစ်ထည်ဖြင့်
    ကျွန်တော် ကျန်ရစ်ခဲ့လေ၏…။
    (ငယ်ငယ်က ပေဖူးလွှာ မဂ္ဂဇင်းထဲ ဖတ်ခဲ့ဖူးတဲ့
    အချစ်ကဗျာလေးတစ်ပုဒ်ကို မှတ်မိသလောက် ပြန်ရေး
    လိုက်တာ ဖြစ်ပါတယ်။ စာသားအနည်းငယ် လွဲမှာ သေချာပါတယ်ဗျာ။)

    ္က

  • aye.kk

    March 7, 2015 at 12:10 pm

    ကိုဘလက်ရဲ့
    အခုကဗျာလေးလဲကေါင်းတယ်။

  • Alinsett@Maung Thura

    March 7, 2015 at 2:12 pm

    ဝါးစည်းကဲ့သို့ စည်းလုံးကြ
    ကျစ်လျစ်ကြရမယ်ပေါ့
    ဒါနဲ့
    အခုက အရေးကြီးနေချိန်လား
    အရေးမပါတာတွေ ဖြစ်နေချိန်လား
    ဘာလားးး

    :buu:

    • naywoon ni

      March 7, 2015 at 4:19 pm

      မြန်​တျာန်​့ပြည်​ဂျီး ၂၀၁၅ မှာမှ “ဘာမှမဖြစ်​ရင်​ ဘာမှမဖြစ်​​တော့ဘူ း ” အ​ရေးကြီးသလား မကြီးသလား​တော်​မသိဘူး ကိုသူရ​လေး​ရေ့

Leave a Reply