ပြောင်းသင့်ရင် ပြောင်းပစ်ဖို့ ဝန်မလေးသင့်

ခင္ခMarch 7, 20151min13810

ကြက်တူရွေးလို နုတ်တိုက်ပညာရေး

အုပ်လိုက်ဒါတွေပေးပြီး

အလွတ်ရအောင်ကျက်

အတွန့်မတက်နဲ့

ဘုန်းကြီးလိုစာဝါချ

အကုန်ရရင်အောင်ပြီဗျ

ဒါကိုပင်အဟုတ်ထင်

ငါ့သမီးစာကျက်လို့

ဂုဏ်ယူလျှက်အစဉ်

ဆယ်တန်းကိုအမှတ်များမှ

ဆရာဝန်အင်ဂျင်နီယာဖြစ်မယ်ဟ

ဒါမှလဲလူဘဝတင့်တယ်စွာနေလို့လှ

ကမ္ဘာတိုင်းပြည်ပညာရေး

လှမ်းကာသာလေ့လာပေးရင်း

စာမေးပွဲခန်းတွင် စာအုပ်ကယ်လှန်ဖြေ

အိုးပန်းဘုတ်(Open book)ခေတ်စားနေ

အလွတ်ကျက်ကိုသူတို့မလိုချင်

စဉ်းစားတွေးခေါ် တီထွင်ဉာဏ်အင်

ငယ်ငယ်ထဲက လေ့ကျင့်ပြုပြင်

ဒါကြောင့်လဲ တိုးတက်လာတယ်ထင်

ကဲ ဒီနိုင်ငံ ဒီစနစ် ဒီခေတ်တွေနဲ့

အလွတ်ကျက်ပညာရေး အမွေဆက်ပေးရင်

သင့်ကလေး နောင်ရေးစိတ်အေးမယ်မထင်။

 

 

ခင်ခ။

 

10 comments

  • naywoon ni

    March 7, 2015 at 12:02 pm

    အာဏာရှင်​စနစ်​က စဉ်​းစား​တွေး​ခေါ် တီထွင်​ဉာဏ်​မရှိတဲ့ တိုင်​းပြည်​မှာမှ သက်​ဆိုးရှည်​မှာမို့ အဲ့သလို​လေးလုပ်​ထားရတာပါဗျာ တစ်​မျိုး​တော့မထင်​ပါနဲ့ 🙂

  • ခင်ဇော်

    March 7, 2015 at 12:19 pm

    ကျောင်းသား ဆို ၃ ယောက် လောက် စု မိမှာကို ချေးချမ်းတဲ့ လူတွေ
    ဒီလို ဖျက်ခဲ့တာ မဆန်းပေမဲ့
    ဒီ ပညာရေးကို အကောင်း၊ ကျောင်းသားက မကောင်း ဆိုတဲ့သူတွေတော့ အံ့ဩသားဗျ

    :g:

  • ဦးကြောင်ကြီး

    March 7, 2015 at 12:33 pm

    ဦးခင်ခကို ရွာထဲက ဆိတ်စွမ်းအားရှင် စိုသူဒွေဂ ဒေါ်စု သမဒ မဖျစ်အောင် လမ်းကြောင်းလွှဲနေတာဒဲ့၊ ကူမြူ နစ်တဲ့..။ ပီးဒေါ့ ဦးခင်ခနဲ့ မဆလဝံဂျီးချုပ်ဟောင်း ဦးမောင်မောင်ခ တခုခု တော်စပ်ရမည်ဒဲ့… ပြောနေဒါ ပြောနေဒါ…။ ဗူလဲဒေါ့ တိဝူး.. အတိအကျသိချဉ် လူမိုက်ခင်ဇော်ကို မေးကြည့်.. သူတိလည်။

    • ခင်ဇော်

      March 7, 2015 at 12:40 pm

      လှုပ်ရှားမှုတွေက အစိုးရကြိုက်တဲ့ အစိုးရရဲ့ထောင်ချောက် တွေဆိုတော့
      အိမ်ထဲမှာ ငြိမ်ငြိမ်နေရင်တော့ အစိုးရက မကြိုက်ဘူးလားလို့
      မေးလည်းမေးချင်တယ်
      မေးလည်း မမေးရဲဘူးး

      :g:

      ကျောင်းသား အရေးက ၂၀၁၅ ရွေးကောက်ပွဲအတွက် အဖျက်ဖြစ်တယ်ဆိုရင်
      ဘာ အရေးအခင်းမှ မရှိရင်ရော
      ပြောင်ကြီးက ကြီးမေကို သရဖူကြီးအချိန်တန် ကြည်ကြည်ဖြူဖြူ လွှဲပေးမှာ သေချာလားလို့
      မေးလည်း မေးချင်တယ်။
      မေးလည်း မမေးရဲဘူးး

      :g:

    • ခင်ခ

      March 7, 2015 at 1:07 pm

      ဦးကြောင်ကြီးရေ တိုင်းပြည်အတွက် တကယ့်စိတ်စေတနာထားပြီး ဒေါ်စုကို လက်တွဲခေါ်ချင်မှဖြင့် စို့ထားတဲ့ခြေဥကို ပြင်ပေးတာကြာလှပေါ့ဗျာ ဘာမှလုပ်ဘဲ ငုတ်တုတ်ထိုင်နေကြမယ်ဆိုရင်တောင် သူတို့ကကျေးဇူးတင်ပြင်မယ်မထင် ကိုယ်ကတာ ငုတ်တုတ်မေ့သွားမှာတာအဖတ်တင်ပါလိမ့်မယ်။
      အဲ ဦးမောင်မောင်ခ မင်းသိင်္ခ ခင်ခ မေခ အမှိုင်ခ တွေဟာ ခ မျိုးနွယ်စုလေဗျ

  • Alinsett@Maung Thura

    March 7, 2015 at 1:12 pm

    .နောင်ရေးလားးး
    သဃျီး ပြောပြောနေတဲ့ ကျိန်စာမိခြင်းထဲက လွတ်မယ်မထင်သေး
    အဟေးး ပျော်ပျော်ကြီးပေါ့ မိဘပြည်သူများ ခံဗျားးး

  • မြစပဲရိုး

    March 7, 2015 at 6:01 pm

    ဘာကို ဘဲ ပြောင်းချင် ပြောင်းချင် အကောင်အထည် ဖော် မဲ့ လူ များ ကို ပြောင်းဖို့ အရင် လုပ်ရမှာပါ။
    ဒါ ကို မသိဟန် လုပ်ပြီး တစ်ခြား ဟာ တွေ ပြောင်းခိုင်း နေရင်တော့ အလုပ် ဖြစ်/မဖြစ် ကွ ကိုယ်သာ စဉ်းစားကြပါတော့။
    🙄

  • kai

    March 8, 2015 at 5:12 am

    ဆရာတွေကို.. ပရိုဆရာတွေဖြစ်အောင်.. ထိုက်တန်တဲ့.. ဝင်ငွေ(လစာ)ပေးရမယ်..။
    စေတနာတွေသွားစားခိုင်း.. ရှေ့ခုံပေါ်မှာထိုင်ခိုင်းပြီး.. ပူဇော်ခံခိုင်းပြီး.. လုပ်စားနေလို့မရ..။

    ဒီအတိုင်းပဲ.. တပည့်တွေဆိုတာ.. ဆရာတွေရဲ့..အလုပ်ရှင်ဆိုတာကို.. သိအောင်.. အတွင်းစိတ်ထဲကလက်ခံအောင်လုပ်ရမယ်..။
    ဒါဆို.. အပြန်အလှန်တန်းတူဆွေးနွေးရဲတဲ့… ကျောင်းသားတွေနဲ့တည်ဆောက်တဲ့.. အသိသညာတိုးတဲ့.. ပညာရေးစနစ်ရမယ်..။

    ပညာဟူသည်..ရွေအိုး..
    ရွှေရှိမှ… ပညာရ..။ :k:

  • ဝင့်ပြုံးမြင့်

    March 9, 2015 at 1:36 am

    .အခြေအနေမှန်ကို သဂျီး မသိသေးလို့ အဲဒါပြောတာ။ ဒီခေတ် ဆရာမတွေ ဝင်ငွေသိပ်ကောင်းပါတယ်။ လစာက တစ်သိန်းလောက်တော့ ရှိမယ်။ မူကြို ကလေးကအစ အခုဆို တစ်ယောက်တစ်သောင်း။ ဒီတော့ မြို့နေ မူလတန်းပြဆရာမ တစ်ယောက်ဟာ တစ်လကို ဝင်ငွေ သုံးသိန်း အထက်မှာရှိတယ်။

    .ပြ၁သနာအစစ်က ဘာလဲဆိုတော့ သင်ရိုးညွှန်းတမ်းကလည်း ညံ့တယ်။ ဆရာမတွေကိုယ်တိုင်ကလည်း စာအုပ်ထဲပါတာပဲ သင်တယ်။ ကျောင်းတွေမှာ မိဘတွေက အပြိုင်အဆိုင်။ ကလေးတွေကို ဆရာမက ကျူ ရှင်မှာ ၏ သည် မရွေး နှုတ်တိုက်ကျက်ခိုင်းတယ်။ အဲဒီအတိုင်း ဖြေကြတယ်။ တစ်တန်းလုံးမှာ ကျမ သမီးတစ် ယောက်ထည်း ကျူ ရှင် မယူဘူး။ အဲဒီတော့ အတန်းထဲမှာ ကျမ သမီး အညံ့ဆုံး။ ကျမက အားလုံးရင်းပြီး ခေါင်းမာထားတာ။ တကယ်က ကျူ ရှင်ဘိုးကြောင့် မဟုတ်ဘူး။ ကျူ ရှင်မှာ အဲဒီလို ၏သည်မရွေး သင်တာကို လက်သင့်မခံနို်င်လို့ မထားတာ။ ကလေးက အတန်းထဲမှာ မျက်နှာငယ်တာပေါ့။ ပြောရရင် အမလတ်ပြောသလိုပဲ။ စိတ်ဓာတ်တွေကိုက မရတာ။
    .ဒါကြောင့် ဘယ်အစိုးရတက်တက် ဒီလူက ဒီလူတွေချည်းပဲလေ။ ဒီလူတွေ ဒီလိုလုပ်လို့ရအောင် ပညာရေးစနစ်က ညံ့ဖျင်းနေတာကိုး။ ဒီဆရာမတွေ မဟုတ်တာ မလုပ်နိုင်အောင် သင်ရိုးညွှန်းတမ်းကို အရင်ဖြို ရမှာ။ သင်ရိုးညွှန်းတမ်း အဆင့်မြှင့်တာကို လုပ်ကိုလုပ်ရမှာ။ အခု ကိုကြီးခ ပြောတာ ကွက်တိကို မှန်တယ်လို့ ပြောပါရစေ။

  • Mike

    March 9, 2015 at 1:56 pm

    .မပြောချင်တော့ပါဘူးဗျာ

Leave a Reply