မြွေပါလည်းဆုံး သားလည်းဆုံး demo စုံးစုံးမြုပ်တော့မည်

ခုတင် ဖဘမှာ ပို့စ်တခု ဖတ်ရတယ်။ ကျောင်းသားဆန္ဒပြပွဲကို လက်ပတ်နီလူူမိုက်သုံးပီး ဖြိုခွဲတဲ့ကိစ္စ ဘွားဒေါ်ကို မီဒီယာကမေးတော့..

လက်ပတ်နီများ၏ဇစ်မြစ်ကိုဖော်ထုတ်ရန် မီဒီယာများကို
ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း ။
==============================================
မတ်လ ၅ ရက်နေ့ ဆူးလေဘုရားအနီး ကေျာင်းသားသပိတ်အား ဖြိုခွင်းရာတွင်ပါဝင်
ခဲ့သည့် လက်ပတ်နီဝတ်လူစုနှင့်ပတ်သက်၍ သဘာထားမှတ်ချက်ကို မေမြန်းရာ
”တကယ်တော့ မီဒီယာတွေရဲ့တာဝန်ဆိုတော့ ဒီလိုဟာတွေကို ဇစ်မြစ်က ဘာလဲဆိုတာ ရှာဖွေဖော်ထုတ်ဖို့ပဲ၊ အမေတို့ကိုမေးနေလို့ အမေတို့က သိတာမဟုတ်ဘူး။ မသိတဲ့
သူကို မမေးပါနဲ့။ ဒီဟာကို လိုက်ရမယ်။ မီဒီယာတွေရဲ့ တာဝန်ပဲ။ အဲဒီတော့ သက်ဆိုင်
သူတွေကို လိုက်မေး။ ဒီလူတွေ ဘယ်ကလဲ၊ ဘယ်သူကခိုင်းလို့ လုပ်နေတာလဲ။ ဒါက
သားတို့ မီဒီယာသမားတွေရဲ့ တာဝန်။ မီဒီယာဆိုတာ သတင်းဇစ်မြစ်ကိုလိုက်ရမယ်”ဟု
မတ်လ ၆ရက်နေ့ ပြည်ထောင်စုလွှတ်တော်သို့တတ်ရောက်လာသော ဒေါ်အောင်ဆန်း
စုကြည် က သတင်းထောက်များ၏အမေးကို ဖြေကြားသည်။

ယင်းအပြင် အဆိုပါဖြစ်စဉ်တွင် အာဏာပိုင်များ၏ ကိုင်တွယ်မှုနှင့်ပတ်သက်၍လည်း တိုင်းရင်းသားပါတီများဖြစ်ကြသော ရှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ ကယမ်း
အမျိုးသားပါတီ၊ ရခိုင်အမျိုးသားပါတီ၊ ကရင်အမျိုးသားပါတီနှင့် လူဘောင်သစ်ဒီမိုကရက်
တစ်ပါတီတို့က ပြင်းထန်စွာရှုတ်ချကြောင်း သိရသည်။

အမျိုးသားလွှတ်တော်ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ရီမှလည်း လွှတ်တော်
အမတ်တဦးအနေဖြင့်လည်းကောင်း၊ ပြည်သူတဦးအနေဖြင့်လည်းကောင်း လွန်စွာ
စိတ်မချမ်းမြေ့ရပါ ကြောင်း သတင်းထောက်များကို ပြောကြားခဲ့ပါတယ်။

ထွန်း(နေပြည်တော်)
News Watch(စောင့်ကြည့်သတင်းဂျာနယ်

အဲလို ဖြေသဗျ။ နိုင်ငံရေးသမား နိုင်ငံရေးစကားပြောတာ မဆန်းဘူး။ ဒါလား လွှတ်တော် တရားအုပဒေဆိုးမိုးရေးကော်မတီ အုတ်ကထ ပြောတဲ့စကား။ နိုင်ငံရေးမှာ အပေးအယူ အလျှော့အတင်း ရှိတာမှန်ပေမဲ့.. မူဝါဒပိုင်း မစွန့်ရဘူး။  ပိုအရေးကြီးတာ ကိုယ်ယူထားတဲ့နေရာနဲ့ တင်တဲ့လမ်းကြောင်း လိုက်ဖက်ရတယ်။ တရားသူကြီးလုပ်ပြီး ထောင်ချတန်းချ မလုပ်ခြင်ပါ ဖြစ်ပါ့မလား။ ဘွားဒေါ်သည် သာမန် လွှတ်တော်အမတ် မဟုတ်.. တရားအုပဒေစိုးမိုးရေးလိုင်းယူထားသူ၊ ကော်မတီဥက္ကဌထိုင်ခုံ ယူထားသူ.. တနည်းပြောလျင် တာဝန်ရှိသူပါ။ လက်လွတ်စပယ် မပြောရ၊ ခေါင်းမရှောင်ရ၊ အသာချိုနေ၍ မရ။ အဲလို မလုပ်ချဉ် အုပဒေဆိုးမိုးရေး ကော်မတီ ဥက္ကဌရာထူးက ထွက်လိုက်..။ ဒါကြပြန်တော့လည်း ဘပြောင် မျက်နှာကြည့်ရ၊ ကုတ်ခြာ မအလ ဆိတ်စိုးမှာကြောက်ရ..။

တက်သိမ်းထားမှတော့ လှေရွေ့မဒဲ့လား
တက်သိမ်းထားမှတော့ လှေရွေ့မဒဲ့လား

စစ်တပ်ကို သိပ်ချော့ခြင်လွန်းနေတယ်.. ချော့တာ တကယ်ရလျင် ကောင်းတာပေါ့၊ ကန့်ကွက်ဖို့ မရှိ။ ဒါပေမည့် ဖြစ်ပုံက ဒီထက်လည်း ပိုမချော့နိုင်.. ဟိုကလည်း ဒါလောက်နဲ့ မရလို့ ရာဇသံပေးထားပြီ။ ဒါလည်း အိညက် အိညက် လုပ်နေတုံး။ ရှင်းပါတယ်.. စစ်တပ် တကယ်ယုန်စေခြင် ၁၉၈၈တုံးက စမူဆာ ဦးအောင်ကြီးလို တပ်ကို ဆိတ်နဲ့တောင် မပြစ်မှားနဲ့လို့ အပြတ်ပြောမှရမည်။ စစ်တပ်ဖက် လုံးဝလိုက်ပေး၊ သူတို့ ယုတ်သလို လိုက်ယုတ်ပေးမှ လိမ်ပေးမှ ရမည်။ ဘွားဒေါ် လုပ်နိုင်လို့လား.. တိုင်းပြည်ကို ခြစ်လို့ ဝင်တဲ့စစ်သား မရှိတော့ဗျို့။ အားလုံး ကိုယ့်တွက်ကိန်းနဲ့ကိုယ် ဝင်ဒါ။ နောက်ဆုံးတော့ မြွေပါလည်းဆုံး ဖွတ်လည်းဆုံး ဖြစ်လိမ့်မည်။ စစ်ကလည်းမယုန် ဒီမိုလည်းဆိတ်ပျက် ကိန်းစို်က်လိမ့်မည်။ သမတဖြစ်ဖို့ စစ်တပ်နဲ့ အပေးအယူ လိုက်ရပြီ ဆိုပါတော့။ စစ်တပ်တပ်ကို ဘယ်လိုကိုင်တွယ်မလဲ၊ ရဲနဲ့လုံခြုံရေးတပ်တွေကို ဘယ်လိုထိန်းမလဲ၊ မဘသနဲ့ လက်ပတ်နီကို ဘယ်လိုလုပ်မည်လဲ။ ခရိုနီနဲ့ ဘယ်လိုညှိမည်လဲ။ ခြေဥကို မြေလှန် မပြင်နိုင်လို့ကဒေါ့ လူပြောင်းလဲ ပြောင်းပြောင်းပဲဗျို့။ ဒေါ်စုပဲ ပြောခဲ့ပါတယ်.. စနစ်ပြောင်းဖို့ ကြိုးစားနေတာ.. အစိုးရပြောင်းဖို့ မဟုတ်တဲ့..။ တကယ် စနစ် ပြောင်းနိုင်မည်ထင်သလား၊ ဒေါ်စု သမဒဖြစ်ဖို့ စည်းကမ်းချက် ပြင်ပေးရုံနဲ့။ အချို့လည်း ရွှေညံတော် စူးရောက်တယ်.. ဒေါ်စု အာဏာရမှ ပိုကောင်းလာမည်.. အဲဒီကြမှ ပြင်ပေါ့တဲ့..။ အသက်ငယ်သေးလျင်တော့ ဖြစ်နိုင်ချေရှိ၏။ ခုတော့ အချျိန်နှောင်းခဲ့ပြီ။ လာမည့်ငါးနှစ်အတွက် စနစ်ပြောင်းနိုင်လျင်ပြောင်း.. နို့မို့လို့ကတော့ ၂၀၂ဝ ဒေါ်စု အသက် ၇၉ လောက်မှာ အားလုံး ရေစုန်မျောမည်။

ဘွားဒေါ် လွှတ်တော်လမ်းကြောင်းဝင်တော့မည် ဆိုကထဲက ဒီလိုဖြစ်မည်မှန်း ရိပ်စားမိလို့ ကန့်ကွက်ခဲ့တာ။ ကြားဖျက် ရွေးကောက်ပွဲမှာ လူထုကို ပေးခဲ့တဲ့ဆင်ခြေတွေ ဘာတခုမှ ဖြစ်မလာ။ စနစ်ပြောင်းဖို့ ထားပါဦး သမတဖြစ်ဖို့တောင် အုပဒေ ပြင်ဆင်ချက်.. ဘယ်မှာလဲ။ ဒါလည်း ရွာထဲက ဆိတ်စွမ်းအားရှင်တွေက သမတဖြစ်မည် ထင်နေဒုံး…။ ခက်တယ်… ဒီခေါင်းဆောင်နဲ့ ဒီဆိတ်များ။။

 

39 comments

  • Alinsett@Maung Thura

    March 7, 2015 at 2:20 pm

    မီဒီယာတွေရဲ့ စွမ်းအားရှင် အရေး အမေးကို
    အမေ ဖြေရှင်း လိုက်တာလေးက ပညာပါတယ်နောာာာ

    သွားမေးးး သွားမေးးး
    ဟိုဘက်ကလည်း ပညာပါပါ ဖြေပြပါလိမ့်မယ်
    :buu:

  • ခင်ဇော်

    March 7, 2015 at 2:41 pm

    ဆိတ်ထိန်းးးဘာာာ
    ဆိတ်ထိန်းးးဂျဘာာာာာာာာာာ
    :k:

  • ရာမည

    March 7, 2015 at 2:41 pm

    U ကြောင်ကြီးတို့ မီဒီယတို့က အမေစုကို စုံထောက်လုပ်ခိုင်းနေတာလားခင်ဗျာ
    အမေပြောတာမှန်ပါတယ်
    မီဒီယာက အမေ့ကို ချောင်ပိတ်ရိုက်ချင်သူတွေအတွက် အကွက်ထွင်ပေးသလိုဖြစ်နေပါတယ်ခင်ဗျာ
    အမေ့တာဝန်နဲ့ အမေစုဦးနှောက်က ဒီကလေကဝ တွေကို လိုက်ကြည့်စုံစမ်းဖို့မဟုတ်ပါခင်ဗျာ
    ဦးကြောင်ကြီးရေးသားချက်ဟာ ဆန့်ကျင်ဖက်အုပ်စုအတွက် လမ်းခင်းနေပုံဖြစ်နေပါတယ်
    ဦးကြောင်ကြီးဟာ အမေစုကို မလိုတမာ ဖြစ်နေပါသလားခင်ဗျာ

    အာဟိ အာဟိ

    • ဦးကြောင်ကြီး

      March 7, 2015 at 2:53 pm

      အမေစုကို မီပြောဘူး… ရဲဇုတ် ယာမညှရဲ့..။ လွှတ်တော် တယားအုပဒေ စိုးမိုးရေးကော်မတီ အုတ်ကထ ဘွားဒေါ်ဂျီးကို ပြောနေတာ…။ သူယူထားတဲ့ ရာထူးအရ ဖြေပေးရမည့် တာဝံရှိလို့..။ နီတို့ရဲတွေလို လစာ မလောက်လို့ မာဆက်နဲ့ချဲဒိုင် ငွေညှစ်ရပါတယ် ပြောလို့မယ…

      • တောင်ပေါ်သား

        March 7, 2015 at 2:57 pm

        ဒါတော့ ဟုတ်တယ်

        တော်သဗျာ

      • မြစပဲရိုး

        March 7, 2015 at 3:12 pm

        ဒါ နင်တို့ အဘ တွေ လုပ်တာ လို့ တဲ့တိုး ပြောလို့ ရမလားကွဲ့။
        ပညာရှိ ဆိုတာ မှန်တိုင်း မပြောရဘူး လေ မောင်မောင်ကြောင် ရဲ့။
        ဒီလို လူတိုင်း သိ တဲ့ ကိစ္စ ကို မေးတဲ့ မီဒီယာ များ မှာရော ဖွတ်ဦးဏှောက် ဘဲ ရှိသလား။
        မြန်မာပြည်ကြီး ဘာဘဲ မကောင်းဖြစ်ဖြစ် ဒေါ်အောင်ဆန်းစုကြည် ဆီ ကိုသာ လွှဲကြဟေ့။
        ဒီတော့ တိုင်းပြည်ကြီး မွဲပြာကျ နေတာ ကျုပ် တို့ နဲ့ လားလားမှ မဆိုင်။
        ပုံထဲ ကလို တက် မရှိ လဲ လက် နဲ့ လှော်ဖို့ မသိ ကြဘူး လေ။
        ဒါ အပြစ် လား။နော။
        ဒီတော့ ဒီလို ကျုပ် တို့ အသိ မရှိ လဲ ဒီ ဖွတ် အစိုး ရကြောင့်ဘဲ။
        ကျုပ် တို့ အသုံးမကျ တာ လုံးဝ မဟုတ်။
        ကျုပ် တို့ က Blame Game မှာတော့ တော်ပါ့။

        PS –
        ဒေါ်အောင်ဆန်းစုကြည် ထောင်ထဲ နေတုန်း က အဲဒီ နေရာ ကို ရဖို့
        အပြင်က သူရဲကောင်း ကြီး များ ဘာမှ မလုပ် ကြဘဲ ကိုယ့်ဟာကို စည်းစိမ်ယစ် နေကြပြီး
        ဘွားတော် ပြန်ထွက်လာမှ ထ ထ အော်ပြ နေတာ က လဲ ဒီ စစ် အစိုးရလိုစိတ်ဓာတ်ဘဲ။
        ဒီ မိန်းမ ထမိန် ရှိမှ အဲဒါကို ခို ကပ်ပြီး အဝေး က ဟောင်ဟောင် ပြနေကြနေကြရတာ။

        • ဦးကြောင်ကြီး

          March 7, 2015 at 3:17 pm

          တက်ရှိပါလျက် လက်နဲ့လှော်ရမျာလား အန်အယ်လ်ဒီ (ဗျိတိန်) ငှက်ကထ တီတီစာဂလေးရဲ့…။

        • မြစပဲရိုး

          March 7, 2015 at 5:42 pm

          ပုံ အရ ဆို တက် တစ်ချောင်း ထဲနော်။
          အဲဒီ တက် တစ်ချောင်း ကို ဒီ လူထု ရ ရင်ကော။
          ဘယ်သူ့ လက်ထဲ ထည့် လှော်မယ်တုန်း။
          ထားပါ။ အလှည့် နဲ့ လှော်ကြမယ်လို့။
          အလုပ်ဖြစ်ရောလား။

          လူ စေ့ တက် ရ အောင် တော့ ကြိုးစားမရှာကြဘဲ နဲ့။
          လက် ဗလာကြီး တွေ နဲ့ နေကြတယ်လား။
          ပြီးတော့ တစ်ချောင်တည်းသော တက် ကိုင်ထားသူ ကို အပြစ်တင်ရော။

          ပြောသာပြောရ။
          လက်ထဲ တက် တွေ ရ ကုန်ရင် လှေ ရွှေ့ အောင် ညီတူ မလုပ်ဘဲ ကိုယ့်ကြိုက်ရာ ဘက် ကိုယ် လှော် ကြမယ်။
          အခုလိုပေါ့။
          တစ်ယောက် တစ်ပေါက် ဦးတည်ချင်သလို ဦးတည် ပြီး ရမ်း သွား နေတော့တာ။
          နောက် မတူ တာ ရန်လုပ်ပြီး အချင်းချင်း တက် နဲ့ ခုတ် မယ်။
          ဟုတ်တော့ နေတော့တာပါဘဲ။

          ဆက် ဆွေး နွေးလေ ကြောင်ကြောင်။
          လက်ထဲ တက် ကိုယ်စီ ရှိရင် ဘာလုပ် ကြမယ် ဆိုတာလေး။

  • ရာမည

    March 7, 2015 at 3:01 pm

    ကွကိုယ်ယုံကြည်ရင် ပြန်လာပြီး နိုင်ငံရေးနယ်ထဲဝင်လုပ်ပါဦးကြောင်ကြီးခင်ဗျာ
    အမေစုကို ဝေဖန်ဖို့ တန်မတန် တုမတူ ဆင်ချင်ပါဦးခင်ဗျာ
    ဦးကြောင်ကြီးက ဒီနိုင်ငံအတွက် ဘယ်လိုပေးဆပ်ခဲ့ပါသလဲ
    ဘာတွေဦးဆောင်လုပ်ပေးဖူးပါသလဲ
    အမေစုကို ဝေဖန်ချင်ရင် အမေစု ခြေဖဝါးက သဲမှုန်လေးလောက်
    လုပ်ပြပေးပါခင်ဗျာ

    • ဦးကြောင်ကြီး

      March 7, 2015 at 3:11 pm

      ဟေ့ ရဲဇုတ် ယာမငြ.. ငါက ရဲတွေလို ခြောက်စား ဟောက်စား မီလုတ်ဖူးဘူးကွ။ ပီးတော့ တပ်ကြပ်ကြီးလောက်နဲ့ ပြောင်းလာ စခန်းမှူ း မြို့နယ်မှူ းလုပ်တဲ့သူကိုလည်း အဘမခေါ်ဖူးဘူး..။ ငါကွ

    • ကထူးဆန်း

      March 8, 2015 at 3:19 pm

      :mrgreen: :mrgreen: :mrgreen:

      Mr.မောင် ကြောင်ကြီး ကျွု န်ပ် ကို ပြောခဲ့ဘူးသည် ကို ပြန် ခံ ရခြေပြီ …. :mrgreen:

  • ရာမည

    March 7, 2015 at 3:05 pm

    လေထဲမှာဒါသိုင်းကတာလောက်တော့
    အလှုခံနဲ့လိုက်ပြီး ကပြ တဲ့ ငခွေးတို့လည်း ကတတ်ပါတယ်
    ကွကိုယ် သတ္တိနဲလို့ နိုင်ငံရေးဆက်မလုပ်ရဲပဲ မြှောက်ပေး
    လေကန်နေတာက မလွန်ဘူးလားခင်ဗျာ

    • ဦးကြောင်ကြီး

      March 7, 2015 at 3:19 pm

      ဝှစ်.. ဝှစ်.. ဒါက ရှောင်လင် ကိုယ်ဖော့သိုင်းကွ… ကြည့်ထား.. နီဒို့ အဘဗိုသမ်းရွှေဂျီး သိပ်ကြိုက်တယ်..။

  • တိမ်မည်း

    March 7, 2015 at 3:22 pm

    အစိုးရက တစက်မှမယုံရဖူးဆိုတာ ကလေးက အစသိတယ်။
    အူးကြောင်ဆို သူ့နေရာမှာဆို ဘာလုပ်မလဲ။ ပြောကြည့်လေ။

    • ဦးကြောင်ကြီး

      March 7, 2015 at 3:43 pm

      အုပဒေ ဆိုးမိုးရေး လွှတ်တော် ကော်မတီ အုတ်ကထ တယောက် အနေနဲ့ ပြောသင့်တာ ပြောရမဲ၊ တားသင့်တာ တားရမဲ။ ပုဂ္ဂလိက အမြင် မပြောဘူး၊ ပါတီ အမြင် မပြောရဲဘူးထား.. သူယူထားတဲ့ ရာထူး တာဝန်အရ ပြောကို ပြောရမဲ။ responsibility တင်မက duty ပါရှိတယ်။ authority မရှိလို့ မပြောဆိုလျင် ထွက်လို်က်တော့.. အဲဒီ သုံးစားမရဒဲ့ နေရာက။ ဒီနေရာမှာ သူ့ကို ထောက်ခံ၊ ကန့်ကွက်တာ ဖယ်လိုက်။ သူ့ရာထူးကို ကြည့်။။။ နို့မို့လျင် လုအခွင့်အရေးကော်မရှင် ကိုယ်စားပြောပြောနေတဲ့ ရဲမှူးကြီးဟောင်း ဦးစစ်မြိုင်နဲ့ ဘာထူးမှာလဲ..။ မြက်မာန်စိမ်း တပ်မကြည့်ကြပါနဲ့ကွ..

      • တိမ်မည်း

        March 7, 2015 at 5:23 pm

        အူးကြောင်ကြီး ပြောတဲ့အတိုင်း အူးကြောင်ကြီး လုပ်နိုင်မလား။ ဘွားတော်ကြီးနေရာမှာဆိုရင်ပြောပါတယ်။

  • တောင်ပေါ်သား

    March 7, 2015 at 4:19 pm

    ( ပြောချင်ကြလားဗျာ )
    ။ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းဟာ ၂၀၁၅ခုနှစ် ဖေဖော်ဝါရီလမှာ လူအများကြား ရေပန်းစားနေတဲ့ လူမှုကွန်ယက် စာမျက်နှာ ဖေ့စ်ဘုတ်ကို H.E. Thura U Shwe Mann အမည်နဲ့ စသုံးခဲ့ပါတယ်။
    သူ့အနေနဲ့ ပြည်သူတွေရဲ့ အသံတွေ၊ ရင်ဖွင့်စကားတွေကို ဖေ့စ်ဘုတ်ကတစ်ဆင့် ပိုကြားလာ၊ တွေ့လာရတယ်လို့ ဆိုပါတယ်။
    သူရဦးရွှေမန်းကို သတင်းစကားပါးလိုတဲ့ ပြည်သူတွေအနေနဲ့ မက်ဆေ့ဘောက်စ်ကနေ သတင်းစကားများချန်ထားတာကိုလည်း ဖတ်ရပြီး လွှတ်တော်ဥက္ကဋ္ဌ တစ်ဦးရဲ ဘောင်အတွင်းကနေ ပြည်သူတွေအတွက် လုပ်ဆောင်သွားမယ်လို့လည်း သူရဦးရွှေမန်းက သူ့ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ ရေးသားထားပါတယ်။
    http://www.mizzimaburmese.com/2013-10-20-16-16-07/2013-10-20-16-16-11/item/40430-2015-03-07-09-40-34

  • Ma Ma

    March 7, 2015 at 4:27 pm

    ပေါယမယ်စိုယင်…..
    အမေစုထက် ကိုယ့်ရွာသူားချင်းဖစ်ဒဲ့ ကြောင်ကြီးကို ပိုဘီးး အားကိုးထိုက်တယ်။
    ယောက်ယာ အယပ်က အမျန်ပျံလာဘာာာာာာာာာ 👿

    • Wow

      March 8, 2015 at 7:31 am

      မွမွပေါဒါကို ထောက်ခံပါဒယ်….
      သခင်ကြောင်ရီး ကြက်မာဘာဇေ….
      အညန်ပျံလာပီး အုဆောင်မှုပေးဘာာာာ :mrgreen:

  • ခင်ဇော်

    March 7, 2015 at 4:28 pm

    အမှန်က ကြီး မေ နဲ့ ဘာမှမဆိုင်တာက သပိတ် အစ တည်းက။

    ကိုယ် ထောက်ခံ ကတည်းကလည်း တွေးတယ်။

    ဒါ က နိုင်ငံရေးအရ ထောက်ခံတာမျိုးမဟုတ်ပဲ ကျောင်းသားလှုပ်ရှားမှုကို ထောက်ခံတယ် ဆို အနေနဲ့ ပဲ စိတ်ထဲမှာ ထောက်ခံခဲ့တာ။

    ကျောင်းသား သပိတ်အပေါ်….
    ကြီးမေ ….
    ပါဝင်ခြင်း မပါဝင်ခြင်း၊
    အပြစ်ပြောခြင်း၊မပြောခြင်း၊
    ကန့်ကွက်ခြင်း မကန့်ကွက်ခြင်းက ကျနော် ယုံကြည်ထားတဲ့ ကြီးမေ ရဲ့ အင်းမေ့(ချ) ကို မပြောင်းလဲနိုင်ဘူးးးး

    ဆိုတော့\
    ကျောင်းသားတွေ ကိစ္စနဲ့ ပတ်သက်တာ ရဲတို့၊ စွမ်းအားရှင်တို့ နောက်ကွယ်က ကြိုးကိုင်သူတွေရှင်းးးး

    .
    မိဘ ပြည်သူများကချည်းပဲ ခံခိုင်းနေတဲ့ သား ပြောင်ကြီး မသေသေးဘူးးး
    ရှိသေးတယ်။

    ဆိုတော့ သူ့ မှာ တာဝန် အရှိဆုံးးး
    သူရှင်းရမှာ။

    • မြစပဲရိုး

      March 7, 2015 at 6:21 pm

      ဘပြောင် ခမျာလဲ ကြိုးဆွဲရုပ်ပါ ဇီဇီ ရယ်။

  • မြစပဲရိုး

    March 7, 2015 at 6:14 pm

    ကိုလှဆွေ တို့ တော့ လုပ်ချ လိုက်ပြန်ပြီ။
    ဝင်ငွေ ဒေါ်လာ ၃၅၆၈သန်း ကို တိုးရစ် ဦးရေ ၃.၀၆၄၁သန်း နဲ့ စားတာ ၁.၅ ရသတဲ့။
    ဒီတော့ တိုးရစ်များ ရဲ့ တစ်ယောက် သုံးစွဲ နှုန်း ဟာ ကျပ် ၁၅၀ဝ မို့ လုံးဝ မဖြစ်နိုင်ဘူး တဲ့။
    ဒါက အကြောင်းမဟုတ်ပါ။
    သူ့ အကြောင်း သိပြီး ကို။ အဆန်းမဟုတ်။
    (ပညာရေး ညံ့တာ ကြောင့်ပေါ့ ၊ သူခမျာ ကတော့ တော်ပါတယ်)
    ဆန်းတာက ..
    ဘာမဆိုင် ညာမဆိုင် အောက်မှာ မှတ်ချက်
    . ဒေါ်အောင်ဆန်းစုကြည် ကို အသားလွတ် ဝင် အုပ်ထားတယ်။
    အစိုးရ ကို ဖင်မ နေတဲ့ တစ်ယောက် နေမှာပေါ့။
    ရီဖို့ ကောင်းသား။
    . နှစ်ဖက် အစွန်းထွက် များ ဒီအမျိုးသမီးကြီး ကို ဘယ်လောက် မနာလိုဝန်တို မရှုစိမ့် ဖြစ်ပြီး အပုတ်ချဖို့ ချောင်းနေတယ် ဆိုတာ။
    ဒီလောက် မုန်းတာ တူ လဲ နှစ်ဖက် ပေါင်းလိုက်ကြပါလား ကွယ်။
    ပိုပြီး အားကောင်း သွားတာပေါ့။

  • naywoon ni

    March 7, 2015 at 8:28 pm

    ပညာ ပညာ ပညာ မရှိလို့ အခုလိုမွဲရရှာ
    ဆရာကြီး​အောင်​သင်​း ဆိုပြဖူးတဲ့ သီချင်​း အင်္ဂလိပ်​ ကျွန်​ဖြစ်​ရတာ အ​မြှောက်​အလီ​ပေါင်​း မရှိ/ မသိခဲ့လို့တဲ့​လေ ။ အာဏာရှင်​​အောက်​မှာ ရာစုနှစ်​ဝက်​​လောက်​​နေရတာ​ကော ဘာဖြစ်​လို့လဲ ။ တစ်​​ယောက်​နဲ့ တစ်​​ယောက်​ တစ်​ကိုယ်​​ကောင်​းစိတ်​​မွေး ကိုယ်​ထက်​သာ မနာလို အပုတ်​ချ စည်​းလုံးညီညွတ်​မှုက နတ္ထိ ။ လာ​လေ​ရော့ ​နောက်​ထပ်​ နှစ်​​ပေါင်​းငါးဆယ်​ 🙂

  • မြစပဲရိုး

    March 7, 2015 at 10:17 pm

    ကြောင်ကြောင် ဒါလေး က ပြောဖို့ ကျန်သေးတယ်။
    { စနစ်ပြောင်းဖို့ ထားပါဦး သမတဖြစ်ဖို့တောင် အုပဒေ ပြင်ဆင်ချက်.. ဘယ်မှာလဲ။}
    . ကြောင် က အခု မှ လူ လို လာဟစ် နေပါ တော့လား ကွဲ့။
    ရှင်တို့ ရဲ့ ဒီ ပညာရေး ဥပဒေကြီး ပေါ်လာပြီး ကထဲ က အဲဒီ မြန်မာပြည် ရဲ့ သမိုင်း ကို ပြင်ပေးနိုင်မဲ့ အခြေခံဥပဒေ ကို ပြင်ဖို့ ကိစ္စ နောက်ရောက် သွားတာ မမြင်ဘူး လား။
    အဲဒီ အရှုပ်တော်ပုံ စက ထဲ က လိုရင်း မူရင်း မပျောက် ကြဖို့၊ တစ်ခြား ဟာ တွေ အာရုံ အလွှဲ မခံ ဖို့ ရွာထဲ မှာ ပြောနေခဲ့တာ နော်။
    အခု မှ လာပြီး အဆန်း လုပ် နေတယ်။ ဟာ ဟ ဟ ။ ရီလိုက်ချင်တော့ တယ်။
    ရှင်တို့ နည်းဗျူဟာ ကလေ။
    ကျောင်းသား တွေ ကို ပွဲထုတ်၊ ဒေါ်အောင်ဆန်းစုကြည် မပါရင် အပြစ်ပြောမယ်။
    တကယ်တန်း လုပ်တော့ ဒီ လက် တဆုတ် ကျောင်းသား တွေ နောက် က ပြည်သူလူထုကြီး လဲ မပါရော ဘယ်သူ့ ဆဲ ရမယ် မသိ တော့ ဒေါ်အောင်ဆန်းစုကြည် ကို ဘဲ ဖို့ ပြန်ရော။
    ဟုတ် ဟုတ် ချည်သေး။
    အခုလဲ မပြီး သေးဘူး။
    အဲဒီ လက်ပါတ်နီ တွေ နဲ့ နပန်းလုံး ကြ ဦး။ သိလား။
    သူတို့ က တော့ တက်တဲ့ အစိုး ရ ဟာ သူတို့ အစိုး ရ ဘဲ နေမှာ။
    လုပ်မှာ ပေါ့။
    သူတို့ လဲ ငတ် နေတာ ကိုး။
    သူတို့ မငတ် အောင် ဘာ လုပ်ပေး မှာလဲ။
    စာသင်ခန်း ထဲ ဆွဲ ထည့် စာသင်ပေး မှာလား။
    အလုပ် ရှာပေးပြီး မငတ် အောင် ထားမှာလား။

    အဓိက၊ သာမည မသိတာ ကို က ပုဂ္ဂိုလ် ကို တိုက် နေမှန်း သိသာလွန်းနေပြီ။

    ၂၀၁၅ ရွေးကောက်ပွဲ အပြီး ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ဖြစ် မဖြစ်ဖြစ် အရေးမကြီးဘူး။
    အရေးကြီး တာ က မှန်ကန် တဲ့ လွတ်လပ်တဲ့ မျှတ တဲ့ ပြည်သူတွေ စိတ်တိုင်းကျ အကြောက်တရား ကင်းကင်း နဲ့ ပေး ရ တဲ့ ရွေးကောက်ပွဲ ဘဲ လိုချင်တယ်။
    လွှတ်တော်ထဲ က တမတ်သား တွေ ထွက်သွားဖို့ ဘဲ လိုတယ်။
    အဲဒီလို မျှမျှတတ ဖြစ်လို့ ကတော့ ၂၀၁၅ အလွန်မှာ ဘယ်အစိုးရဘဲ ဖြစ်ဖြစ် ကျေနပ်တယ်။
    အသုံးမကျသူ ကို စိတ်ကြိုက်ရွေး လဲ ရွေး ပေါ့။
    ဖွတ်ထဲ ကလဲ ကောင်း သူတွေ အများကြီး ထွက်လာနိုင်တယ်။
    သေချာတာက ဒီလို ပညာရေး ဥပဒေ တောင်း သလို ဘဲ ထင်ရာ သူတစ်လူ ငါတစ်မင်း ပေးချင် တာ ပေး လို့ ကတော့ ဒီ အစိုးရ ဘဲ ဆက် ရှိနေမှာ လဲ မြင်ပြီးသား။
    ဒါပေမဲ့ မှန်ကန်တဲ့ ပွင့်လင်းတဲ့ လမ်း ရောက်လိုက် ကို မဆိုးဘူး။

    အခုတော့ အဲဒီ ပြင်ဥပဒေ ဝင်ကြီးစိုး လိုက်တာ လမ်းပိတ် ချင်သလို တောင် ဖြစ်သွားပြီ။
    ဒီတော့ အခု မှ လာပြီး သတိပြု ပြ မနေ နဲ့ ကြောင်ကြောင်။

  • ဝင့်ပြုံးမြင့်

    March 8, 2015 at 3:01 am

    .တိုက်ပွဲစဉ်အရဆိုရင် ကကြောင် မှန်တယ် ထင်တာပါပဲ။ ပြင်ဥပဒေကြောင့် ရွေးဥပဒေ လမ်းပိတ်သွားတယ်လို့ အားလုံးက ယူဆကြတယ်။ ပြင်ဥပဒေ အရေးအခင်း မဖြစ်လည်း ရွေးဥပဒေ လမ်းမပွင့်နိုင်ပါဘူး။ ဒီတော့ ပြင်ဥပဒေမှာ အရှုံးပေးလိုက်ရတာ ရွေးဥပဒေအတွက်ပါ ရှုံးသွားတော့တာပေါ့။

    .အမေစု နဲ့ပတ်သက်ပြီး ကကြောင်ပြောသလိုပဲ။ စကားပြော သတ္တိကောင်း ပြတ်သား တဲ့နေရာမှာ အမေစု သူ့အဖေကို (ဘယ်လိုမှ) မမီပါဘူး။ ကကြောင်ကို အစောကတည်းက ထောက်ခံတယ်။ လွှတ်တော်လမ်းကြောင်း ဝင်မှာကို ဟိုးအရင်ကတည်းက ကကြောင်က တစ်ရွာနဲ့ တစ်ယောက် ခံတိုက်ခဲ့တာ။ အဲကတည်းက ကကြောင်ကို ထောက်ခံတယ်။

  • kai

    March 8, 2015 at 3:30 am

    ကကြောင်တို့… ဒေါ်စုလွှတ်တော်ဝင်မယ်ဆိုကတည်းက.. ဒီချုပ်ကို.. တောက်လျှောက်အုပ်တာ… အခုထိ…။
    သူ့ဟာက.. စစ်တပ်ကိုဖြုတ်ဖို့ လုပ်နေသလား.. ဒေါ်စုကို ချုပ်ဖို့လုပ်နေသလားတောင် သေချာမသိ…။

    ဆိုတော့…
    ကျုပ်ကတော့…
    ဒီလိုအချိန်မှာ.. ဒေါ်စုဘာလှုပ်လှုပ်.. ဘာလုပ်လုပ်.. ထောက်ခံတယ်..
    အမှန်လို့.. ယူဆတယ်ဗျ..။
    ဒါပဲ..။ :k:

    • ခင်ဇော်

      March 8, 2015 at 8:10 am

      ဒါတော့ သဘူတောပါတယ်
      စေတနာမှန်သူလို့ အကြွင်းးမဲ့ ယုံသည်။

      :chit:

      • ကထူးဆန်း

        March 8, 2015 at 3:21 pm

        စေတနာ မှန်တာ ကို ယုံကြည်ပါသည်။

        ဒေါ်စုဘာလှုပ်လှုပ်.. ဘာလုပ်လုပ်..တော့ မ ထောက်ခံပါ ။ အမှန်လို့ လဲ မယူဆပါ ။
        .
        :kwi:

        • ခင်ဇော်

          March 8, 2015 at 3:59 pm

          ကျန်းကျန်းးး
          ပျောက်ရာက ပြန်ပြန်ပေါ်လာပြီး ဒီ ကိစ္စကို ရန်လာလာစတယ်။
          :kwi:

        • မြစပဲရိုး

          March 8, 2015 at 4:53 pm

          စမ်းတစ်ဝါးဝါးကိုယ်တိုင်တောင် လမ်းမမြင်နိုင်တဲ့ အခြေမှာ ယုံသင့်သူ နောက် ကို လိုက်တာ ပိုပြီး ဘေးကင်းပါတယ်။
          သူက လဲ ကျွန်မတို့ အကြံပြု တာတွေ ကို နားပေါက်အဲထားမဲ့ သူ မဟုတ် လို့ လဲ အကြွင်းမဲ့ ယုံလို့ပါ။
          ဒီ ရွာ ထဲ က စာ တွေ ကို သူမဖတ်ဖူး လို့ ဘယ်သူ ပြောနိုင်သလဲ။
          ကျွန်မ တို့ ကြား connection ရှိနေတယ်။ 😉
          ဒီတော့ ….
          ကျွန်မ ကတော့ အဲဒီ မှားတဲ့ ဘက်မှာ ဘဲ နေသွားပါမယ် ကထူးဆန်း။
          မုန်းလိုက မုန်းပါတော့။
          ပုံ
          လေတပ်စစ်ဆင်ရေး တာဝန်ခံ
          ဗိုလ်ချုပ်မြ :))

        • ကထူးဆန်း

          March 9, 2015 at 9:19 am

          မုန်းပါဘူး အရီးရဲ့
          အရီးကို မဲ ပေး ဖို့ တောင် စောင့် နေတာ ကို….
          လွတ်လပ်စွာ ယုံကြည် ပြောဆို ဝေဖန် အဝေဖန်ခံ နိုင်ရပါမည်။
          :kwi:

  • ရွှေ ကြည်

    March 8, 2015 at 12:04 pm

    အူးကြောင်က လက်ရှိအစိုးရလည်း အားမပေးဘူး အန်တီ တက်လာရင် လည်း မထိန်းနိုင်ဘူးလို့ ပြောခဲ့တယ်
    လက်ရှိအနေအထားအရ အန်တီ ဒီလို နိုင်ငံရေးဆရာတွေ ပေါလွန်းတဲ့ တိုင်းပြည်ကို မထိန်းနိုင်တာ ၆၀% လောက်သေချာနေတယ်။ မြန်မာ့နိုင်ငံရေးဟာ ဆယ်စုနှစ်ပေါင်းများစွာ နားလည်လို့မရနိုင်အောင် ရှုပ်ထွေးခဲ့တယ် နိုင်ငံရေးဆရာ သူရဲကောင်းပေါင်းများစွာမွေးထုတ်ခဲ့တယ် အားလုံးဟာ သူတလူငါတမင်းပဲ။
    ရွှေကြည်မြင်နေတာက လက်ရှိ ဒီမိုဆရာတွေ Third party ကိုဆွဲထုတ်ဖို့ကြိုးစားနေတယ်လို့ထင်တယ်
    လက်ရှိပြောင်လည်းအားမပေး အန်တီစုကိုလည်း မယုံကြည် ဆိုတော့ အူးကြောင်ကဘယ်သူကိုမြင်ထားပါသလဲ မဟုတ်မှလွဲရော ကိုမိုးသီး လား ဗျ ဟင် ပြောကြည့်ပါဦး
    အခုသပိတ်မှာ အန်တီစုကိုဝန်းရံမယ်ထင်ထားတဲ့ လော်ဘီတွေ အားလုံး ကိုယ်တိုင် အန်တီ့ကို ချောင်ပိတ်ဖမ်းနေကြတယ်
    ဒါတွေဟာ အတိုက်အခံဘက်က လှည့်ကွက်ဆိုရင်တော့ ဘာမှမပြောလိုတော့ပါဘူး
    ရိုးရိုးသားသားတွေးရရင်တော့ ဘယ်ကိုဦးတည်နေမှန်းမသိတော့ပဲ အန်တီကို ဘေးကန်ထုတ်နေတယ်ပဲမြင်နေတယ်

  • ဝင့်ပြုံးမြင့်

    March 8, 2015 at 1:33 pm

    .စောင့်ကြည့်ပါ။ ကကြောင် ပြောတာမှန်ပါလိမ့်မယ်။ အခုဖြစ်နေတာတွေ ဟိုအရင်ကတည်းက သူပြောခဲ့ပြီးသား။ ဒီလို အရူး လုပ်ခံရမယ်လို့ ဟိုအရင်ကတည်းက သူပြောပြီးသား။

    • kai

      March 8, 2015 at 4:23 pm

      ကျုပ်ထင်တာကတေ့ာ..

      .. မှားမှားမှန်မှန်.. ဒေါ်စုကိုသာမျက်စိမှိတ်ထောက်ခံလိုက်ကြ..။
      နောက်အနှစ်၂ဝလောက်မှာကောင်းဖို့လမ်းကြောင်းပေါ်.. ရောက်ဖို့.. “ပထမခြေလှမ်း”လို့ဆိုချင်မိတယ်..။
      ၂၀၁၅ရွေးကောက်ပွဲအပြီးမှာ.. ဒေါ်စုက.. လွှတ်တော်ငှက်ကထဖြစ်…။ လွှတ်တော်ရဲ့အမတ်အများစုက.. ဒီချုပ်ကဖြစ်တာမို့.. ဥပဒေတော်တော်များများကို.. ပြင်နိုင်ပြုနိုင်မယ်..။
      အဲဒီကနေ.. တရားဥပဒေစိုးမိုးဖို့.. ဖြည်းဖြည်းချင်းလုပ်ယူမယ်..။ အပြောင်းက.. နည်းနည်းညင်သာမယ်..။

      ဒီမိုး… ဒီလေ.. ဒီလူတွေနဲ့.. ဒီဧရာဝတီ.. ဒီချင်းတွင်း.. ဒီစစ်တောင်းနဲ့..။
      တခြားအကောင်းဆုံးလမ်းရယ်လို့.. မြင်ကိုမမြင်မိ…။ :k:

      ကကြောင်ဖြစ်ချင်နေတဲ့အတိုင်းသာဖြစ်စတမ်းဆိုရင်.. စစ်အစိုးရလက်ထက်ဖြစ်နေတဲ့.. တိုင်းပြည်အခြေအနေထက်.. ၂ပြန်ဆိုးတာကြီး.. ဖြစ်လာလိမ့်မယ်.. လို့..။

      ဘယ်လမ်းရွေးရွေး.. အနည်းဆုံးအနှစ်.. ၂ဝတော့.. တော်တော်လိမ်ဖယ်…လိမ်ဖယ်ပါပဲ….။ :k:

      • ဦးကြောင်ကြီး

        March 9, 2015 at 1:21 am

        ဘွားဒေါ်ဂျီး အနေနဲ့ တန်ဖိုးရှိလှဒဲ့ ပထမ ငါးနှစ်ကို လွှင့်ပစ်ခဲ့ပြီး နောက်ငါးနှစ် အလားဒူ ထပ်ဖြစ်နေမှာ စိုးရို့ ပေါခြင်းဖျစ်ပါ အတိရေ သဂျီးချေ…။ အီချိန်နဲ့ဒီရေ လူဂို မီစောင့်မို့ ဘွားဒေါ် ဘာကို ရွေးမှာရဲ…။ နိုင်ငံရေးသမား အပြော ဟိုလိုလို ဒီလိုလိုထက်.. ဟုတ်တယ် ငါတို့မှ ရွေးစရာလမ်း မရှိ၊ အုပ်ချုပ်ရေးအာဏာ မဖြစ်နို်င်ဒေ့ါစိုလည်း ဦးတည်ချက် လမ်းကြောင်းပြောင်းရမဲ။ အနာဂါတ် အုတ်မြစ်ချဖို့ ပေါ်တင်လုပ်.. ပွင့်ပွင့်လင်းလင်းပြော။ ဘွားဒေါ် အီးပေါက်လည်း မွှေးတယ် လော်ဘီလုပ်ပေးမည့်သူ တဗုံဂျီး။ သူကဒဲ့ ဇက်လမ်း သူပဲထိန်းနိုင်မည်၊ ပတ်သနှာက အချိန်…။ လာမည့်ဆယ်နှစ်ကို ရည်မျှော်ပီး ပလန်တခုခုချရတော့မည်။ ခေတ်ပြောင်းဖို့ တိုက်မည်ဆိုလည်း ရဲရဲတိုက်..၊ ဓါးမ မဟုတ်လဲ လူသစ် နိုင်နိုင်နင်းနင်းမွေး.. မမွေးနိုင် လုပ်နိုင်သူတွေကို ဖိတ်ခေါ်၊ ဆွေးနွေး၊ ပူးပေါင်း.. မျိုးဆက် လွှဲလိုက်ပေတော့…။ ငါကွ….

        • pooch

          March 9, 2015 at 11:08 am

          လူသစ်ကိုတော့ တကယ်ပဲ မွေးစေချင်တယ် စိတ်ပူလို့ပါ

      • ကထူးဆန်း

        March 9, 2015 at 9:22 am

        သူကြီး ကော ကြောင်ကြီး အဆို ကော ထောက်ခံပါသည်။

  • ဝင့်ပြုံးမြင့်

    March 9, 2015 at 1:17 am

    .မတူပါဘု။
    .သဂျီးက အမေစု လုပ်သမျှ လက်ခံပါ၊ စကားနားထောင်ပါဆိုတာ အမေစုကို သမ္မတအဆင့်ထိ မှန်းမထားလို့ပါပဲ။
    .ကကြောင်က အမေစုကို အသားကုန်ဝေဖန်နေတာ အမေစုကို သမ္မတ အဆင့်ထိ မှန်းထားလို့ပါပဲ။
    —–
    .မျှစ်မကတော့ စိတ်နှစ်ခွ ဖြစ်ပါတယ်။
    .စိတ် ၁ – ဖတ်ခဲ့ဖူးတဲ့ စာအုပ်တွေအရ ဘယ်သူ သမ္မတဖြစ်ရေး၊ မဖြစ်ရေး ဟာ အရေးမကြီး။ အသွင်ပြောင်းဖြစ်စဉ် မှန်ဖို့ ၊ ပြည်တွင်းစစ် အရှိန်မလွန်ဖို့ အရေးကြီးတယ်ဆိုတာရယ်၊ လူတွေကို ဘရိန်းမဝပ်ဘဲ အာဏာရှင်စနစ်နဲ့ အုပ်ချုပ်လို့ မရ ဆိုတဲ့ အိုဝဲရဲ့ သီဝရီအရရယ်၊ သဂျီးပြောတဲ့လမ်းကို သင့်တော်တယ်လို့ စိတ်ထဲ ထင်မိပါတယ်။
    .စိတ် ၂ – ကတော့ ခံပြင်းစိတ်ပါ။ ကိုယ့်ကို နှစ်ပေါင်းများစွာ ဒီလောက်ဖိနှိပ်ခဲ့တဲ့ အစိုးရကို တစ်ချီတော့ ပြန်နှက်လိုက်ချင်တယ်။ ဒါကြောင့် အမေစုကို သမ္မတ ဖြစ်စေချင်တယ်။
    .မျှစ်တို့က ပြည်တွင်းမှာ နေနေတာ။ ခရိုနီတွေ သူတို့ကိုယ်သူတို့ ဘဝရှင်မင်းတရားကြီးမှတ်ပြီး စိတ်ကြီးဝင်နေတာ မျှစ်တို့က တွေ့နေရတယ်။ သဂျီးတို့ အနောက်မှာလို ကောင်းမွန်တဲ့ ဂုဏ်အရည်အသွေးတွေနဲ့ ဖြစ်လာတဲ့ သူဌေးတွေ မဟုတ်ဘူး။ ပြီးတော့ ဆင်းရဲမွဲတေတာတွေကို မျက်မြင် ဒီဌ မြင်နေရတာ။ နေမထူး သေမထူး ဘဝမှာ — ဒီတစ်ချီမှာ ဘာကြီးပဲ ဖြစ်လာဖြစ်လာ အမေစုကို သမ္မတ ဖြစ်စေချင်တယ်။ ဒီနည်းနဲ့ အနိုင်ယူချင်တယ်။ မျှစ်ကြော်မှာ အဲဒီလို ဆန့်ကျင်ဘက် စိတ်နှစ်ခွ ရှိပါတယ်။
    .ဘာမှ မလုပ်တတ်လို့ ကျေအေးပါတယ် မပြောချင်ပါဘူး။ ညံ့ရင်လည်း ညံ့တယ်ပေါ့။ ညံ့တော့လည်း ငြိမ်းချမ်းရေး ခေါင်းစဉ်တပ်လိုက်တာပေါ့။

  • CharTooLan

    March 9, 2015 at 4:47 pm

    ၂ခုလုံးဆုံးသွားပလားအူးကြောင် ဘယ်လောက်နဲ့ပေါင်ထားလို့တုံး 😛

Leave a Reply