( ဇာတ်လမ်း ) ၁

( ဟော  ဦး ဒီကားနဲ့ပါလာတာလား )

( ဪ  ဟုတ်တယ် )

( ထမင်းချိုင့် မပါဘူးလား )

( အင်း  ဆိုင်မှာပဲ ဝယ်စားတာ )

( ပိုကုန်တာပေါ့ ၊ အမျိုးသမီးက မထည့်ပေးဘူးလား )

( ဘယ်က ဘာအမျိုးသမီး ဘာမိန်းမမှ မရှိပါဘူးဗျာ )

( အမယ် ဟုတ်လို့လား ဦးရယ် )

( ဒါ လိမ်စရာလားဗျ ၊ ကိစ္စသေးသေးလေးကအစ ဦး မလိမ်တတ်ဘူး )

စကားပြောရင်း လှိုင်မင်းလဘက်ရည်ဆိုင် ရောက်လာပါတယ် ၊ ဒီတစ်ခါ သူရှင်းမယ်ဆိုတဲ့ ကတိနဲ့ အတူ ဝင်ထိုင်ဖြစ်ပါတယ် ၊

( ဒါနဲ့ ဟိုနေ့တွေက နွယ့်ကို မတွေ့မိဘူး )

( ဪ ဟုတ်တယ် ၊ နယ်မှာ စေ့စပ်ပွဲသွားတာ )

( ဟင် ဘယ်လို ဘယ်လို  စေ့  စေ့စပ်ပွဲ သွားလုပ်တာ ဟုတ်လား )

သေပြီထင်တယ်ဗျာ ၊ စ စမယ် မကြံသေးဘူး ၊

( ဘာလို့ ဒီလောက်လန့်သွားးတာလည်း ဦးရဲ့    ၊ နွယ့်အမ စေ့စပ်တာပါ )

( အမယ်လေး ၊ လန့်တာ မပြောနဲ့လေ ၊ နွယ်ပြောတာက  စေ့စပ်ပွဲသွားတာဆိုတော့ )

( အင်းလေ ၊ စေ့စပ်ပွဲသွားတာပါဆို )

ကိုယ့်ခေါင်းထက်ကြီးတဲ့ အလုံးကြီး ရင်ဝကနေ ပြန်ကျသွားသလိုပဲ ၊

( နွယ့်အမက နွယ်တို့မြို့မှာပဲ ဆရာမ လုပ်နေတာ ၊ သူနဲ့ စေ့စပ်တာကလည်း မြို့ကပါပဲ )

( ဪ  ကျောင်းဆရာပဲလား )

( မဟုတ်ပါဘူး ၊ ကုန်သည်ဆိုပါတော့ ၊ သူ့သမီးလေးက အမဆီမှာ ကျူရှင်တက်တယ်လေ )

( အန်  ဘယ်လို ဘယ်လို )

( ဪ အဲ့တစ်ယောက်က မိန်းမဆုံးထားတာ ၊ ပြီးခဲ့တဲ့ ၂ နှစ်လောက်က ၊

ဒီ သမီးအကြောင်းပြုပြီး အမနဲ့ စသိခဲ့တာ ၊ သူတို့ စ ကြိုက်တော့ အဘ နဲ့ အမေက တားသေးတယ် ၊

နောက် တကယ်ကို ချစ်နေကြမှန်းသိလို့ သဘောတူလိုက်တာ ၊

အမကလည်း ခေါင်းမာတယ်လေ ၊ ဝါမဝင်ခင် လက်ထပ်ကြလိမ့်မယ် ၊ )

( အင်းပေါ့လေ ၊ တကယ် ချစ်တယ်ဆိုတော့လည်း  )

( အဲဒါ တကယ် ချစ်တာလား အနေနီးသွားလို့လား ဟင် )

( အနေနီးရာက အမက ဟိုလူကို သံယောဇဉ်ရှိသွား ကို်ယ်ချင်းစာသွား

ကလေးကိုလည်း သနား အဲဒီကနေ စတာနေမှာပေါ့ ဟုတ်ဘူးလား )

ပြောသာပြောနေရတယ် ၊ ဘယ့်နှယ် ဒီဇာတ်လမ်းမျိုးနဲ့မှ တိုးရတယ်လို့ ၊

အေးလေ ဒီလို သံယောဇဉ်အချစ်မျိုးကို

နွယ် လက်ခံသွားရင်လည်း ကိုယ်နွဲရမယ့်တိုက်ပွဲမှာ အပေါင်းလက္ခဏာ ဖြစ်လာစေမှာလေ ၊

( ကဲ ဦး  နွယ်ကချည်းပြောနေ ၊ ဦးအကြောင်းပြောဦးလေ )

ဘုရား  ကယ်တော်မူပါ ၊ ဘာက စ ပြောရပါ့မလဲ ? ညာာလို့လည်း မဖြစ် ၊

( အင်းးး ဦးဘဝက သိပ်အထူးကြီးတော့ မဟုတ်ပါဘူး ၊ မိန်းမ ရခဲ့ဘူးတယ် ၊

အယူအဆ အတွေးအခေါ် မတူလာကြတော့လည်း ကွဲတာဟာ အကောင်းဆုံးပဲ လို့ ဆုံးဖြတ်ပြီး

လွန်ခဲ့တဲ့ ၅ နှစ်ကျော် ၆ နှစ်က ကွာရှင်းခဲ့ကြတယ် ၊ ဟောဒီ ဦးဖုန်းစခရင်ပေါ်က ပုံဟာ ဦး သားပါ ၊

သားကို အုပ်ထိန်းခွင့်ရဖို့ ဦး တောင်းဆိုခဲ့ရတာ ၊

ဒီအတွက် ဦး ပေးဆပ်လိုက်ရတာက ကားတစ်စီး ဆိုပါတော့ ၊ ဦးက ကားတစ်စီးထက် သားသမီးကို ပိုမက်တယ်လေ )

( ဪ  မေးမိတာ ဆောရီးနော် ၊ နွယ် တကယ် စိတ်မကောင်းပါဘူူး )

( ဘာ စိတ်မကောင်းစရာ ရှိလို့လည်း ၊ မနေနိူင်တော့လို့ ကွဲတာ အဖြေမှန်ပဲ ၊

အဲ တကယ် ချစ်ရက်နဲ့ အချစ်မခံရတာကမှ ကြေကွဲစရာ မဟုတ်လားနွယ် )

( အင်း  ဟုတ်ပါတယ်လေ ၊ ဒါဖြင့် ဦး နောက်အိမ်ထောင် ပြုဦးမှာလား ဟင် )

( ဦးကလည်း ချစ်မယ် ၊ ဦးအချစ် နဲ့ ဦးဘဝကိုလည်း နားလည်နိူင်သူမျိုးနဲ့ တွေ့ရမယ်ဆိုရင် ဦး တစ်ဘဝလုံး ပုံပေးလိုက်မှာပါ ၊ )

( ဪ အင်းပေါ့  အင်းပေါ့  ဟော ဦး  ၉ နာရီထိုးတော့မယ် ၊ ရုံးထဲ ဝင်စို့နော် )

30 comments

  • Alinsett@Maung Thura

    March 7, 2015 at 3:02 pm

    ရုံးထဲ ပြန်အထွက် ညနေခင်းမှာ …ဘာလား ညာလား..
    အဲဒါကို ထပ် စိတ်ဝင်စားနေပြန်ပါပြီ…
    ငါ့နှယ်.. .

    :k:

    • တောင်ပေါ်သား

      March 7, 2015 at 3:34 pm

      ဒီညနေဇာတ်လမ်းကို တနင်္လာနေ့မှ ဖတ်ပေါ့ကွယ် ၊ 🙂

      ညနေ တွေ့ပဲတွေ့ပါစေဦး ၊

  • တိမ်မည်း

    March 7, 2015 at 3:35 pm

    ဇာတ်လမ်း ၁ ဆိုပဲ စောင့်ဖတ်နေမယ်ဗျို့။

  • ခင်ဇော်

    March 7, 2015 at 4:35 pm

    ဘွလုံး ပုံတော့မယ် ဆိုဗျဲ။
    ဒေးလီး ဇာတ်ကွက်လေးတွေ သိရတော့မယ်ပေါ့။
    :k:
    နက်ဖြန်ကျ သူ့ ထမင်းနဲ့ စားဖို့ ဟင်းလေး တစ်ခွက်လောက် ချက်သွားလိုက်။
    :sar:

    • တောင်ပေါ်သား

      March 7, 2015 at 4:36 pm

      Tomorrow is Sunday ? 🙁

      • ခင်ဇော်

        March 7, 2015 at 4:40 pm

        အဲ။
        ဟုတ်သားးး
        ဂလိုဆို နက်ဖြန်ချက်ထားပြီး မန်းဒေး ယူသွားလိုက်။
        ကောင်းဘူးလား

        :k:

  • မြစပဲရိုး

    March 7, 2015 at 5:56 pm

    အလိုလေး။
    ဒါဆို Live လွှင့်နေတဲ့ ဇာတ်လမ်း ပေါ့ လေ။
    ပိုပြီး စိတ်ဝင်စားစရာဘဲ ကိုမျိုး။ :))

  • naywoon ni

    March 7, 2015 at 6:06 pm

    ဟိုက်​ လျှာလပတ်​ရည်​ အဲ့ဂ​လောက်​ဂျီး ​ရောက်​​ရောက်​ချင်​း ​ဆောက်​နဲ့ ထွင်​းပစ်​ရလားဟင်​ အဆက်​မကြည်​့ရဲဘူး​နော်​ 🙂

  • Courage

    March 8, 2015 at 7:04 am

    ဆက်ပါဦး ဆက်ပါဦး ၂ကလေးကို

  • sorrow

    March 8, 2015 at 5:04 pm

    .အခုက ခြုံခိုတိုက်တဲ့အဆင့်မဟုတ်တော့ဘူး…. မြို့သိမ်းတိုက်ပွဲအဆင်ဖြစ်နေတယ်… ဘာပဲဖြစ်ဖြစ် မြန်လေကောင်းလေပဲ .ဘဝအကြောင်းတောင်မေးနေတယ်…ဆိုတော့ကာ..သူကလဲစိတ်ဝင်စားပုံပါပဲ..နက်ဖြန်လက်ဖမ်းကိုင်ပလိုက်တော့ …အဝင်လေးက သင်းနေပြီအစ်ကို … ဖြစ်နိုင်တယ်..အဟိဟိ..

    • မြစပဲရိုး

      March 8, 2015 at 5:08 pm

      ဟေး …
      ဘာတွေ ချွန် နေတာတုန်း။
      တော်ကြာ ဟိုက ပါးကို ပြန်နမ်း သွားဦးမယ်။
      လက်နဲ့။ lol:-))))

      • sorrow

        March 8, 2015 at 5:20 pm

        အရီးလေးရယ်…Who , Braves are loved တဲ့ဗျ… ရဲရင့်တဲ့လူတွေပဲ အချစ်ခံရတာ… အစ်ကို…နားမယောင်နဲ့ …ကျော်ပြောတာမှအမှန်..ကိုယ်တွေ့ .အောင်မြင်ထားတဲ့ ပရိုဖိုင်ရှိတယ်ဗျ…. အဟိဟိ

        • ခင်ဇော်

          March 8, 2015 at 5:22 pm

          ဟုတ်တယ်။
          ဟုတ်တယ်။
          အောင်ပွဲဆိုတာ ရဲရင့်သူတွေ အတွက်ပဲ။
          ရဲဘော် ဆက်လုပ်!!!

          :mrgreen:

        • Mr. MarGa

          March 9, 2015 at 12:26 am

          ဒီလူရီး​ပြောတာ ကန်​့ကွက်​ရန်​မရှိ
          စွန်​့စားပလိုက်​စမ်​းဘာာ ​ဗျာ
          :k:

        • မြစပဲရိုး

          March 11, 2015 at 5:42 am

          ကိုယ်တော် စော – ဒီမှာတော့ ဇာတ်လမ်း ဆက် မလာသေးပါလား။ ဖြေဆေး ဆောင်ထားပေရော့။
          lol:-)))

  • kai

    March 8, 2015 at 5:58 pm

    နွယ်နဲ့သူ့ဇတ်လမ်းမှာ…
    သံယောဇဉ်နွယ်တွေတော့..
    တနွယ်စီယှက်လို့.. ဆက်နွယ်လာပြီ..
    ချစ်နွံနစ်ရင်… မနွဲ့စတမ်း။

  • ဦးကျောက်ခဲ

    March 9, 2015 at 9:19 am

    အဟိ … အဟိ … တိုးတိုးတိတ်တိတ် ဂဇက်မှာတက်ပြီးနည်းပေးရရင်…
    ဦး… ဘွက အဲ့လိုမို့ ဦး… ကို လက်တွဲနိုင်မည့်သူ မရှိနိုင်ပါဘူးလို့… လှော်…
    ဟာ ဦးကလည်း . အချစ်ဆိုတာ ဒါတွေနဲ့မဆိုင်ပါဘူးလို့ … ပြန်ပြောလိမ့်မယ် …
    အဲ့ကြရင်… ဆိုင်ပါတယ်လို့ ပြန်ငြင်း… နာနာငြင်း …
    နောက်ဆုံးမှ … နွယ်သာ အဲသည့်နေရာမှာဆို ဘီလိုစဉ်းစားမလဲ … ဆိုပြီး ချုပ်လိုက်…
    :k: ဟီ ဟိ

    • ခင်ဇော်

      March 9, 2015 at 9:29 am

      အဲ့ ချုပ်နည်းကြီး ကြားဖူးသလိုလိုပဲ။
      ဟေးဟေးဟေးးး
      ကောက်ပင်ရိပ်လှီး ပြောနည်းတွေ။
      ခိ

      :k:

      • ဦးကျောက်ခဲ

        March 9, 2015 at 9:36 am

        ရှူး… တိုး တိုး …
        မန့်ပြီးမှ ဒီချုပ်နည်းကို သိသူတွေရှိမှန်း သတိရ… ခွိ
        :k:

        • pooch

          March 9, 2015 at 10:48 am

          တတ်လည်း တတ်နို်င်တဲ့သူတွေ နိုင်ဘူး သူတို့ကို :mrgreenn:

        • Crystalline

          March 9, 2015 at 3:26 pm

          အာ့နည်းကြီးက သများလည်း ကောင်းကောင်းကြားဖူးနေပါတယ်.. :mrgreenn:

        • မြစပဲရိုး

          March 11, 2015 at 5:44 am

          သားလေး လဲ မကြားစေနဲ့။ lol:-))))

  • Mike

    March 9, 2015 at 2:00 pm

    .အော်…ကိုမျိုး အချစ်တွေမကုန်နိုင်သေးပါလားနော် :mrgreenn:

  • sorrow

    March 10, 2015 at 4:37 pm

    အောင်မြင်သွားပြီထင်တယ်… စာမလာ သတင်းမကြား… ဂုဏ်ယူဝမ်းမြောက်ပါကြောင်း… အဟိဟိ

  • တောင်ပေါ်သား

    March 10, 2015 at 4:46 pm

    သူနဲ့ မဆုံဖြစ်သေးပါ ၊၊

    ရုံးလာတာလည်း မတွေ့ 🙁

    မနက်ဖြန် တိုက်ကင်းထွက်မည် ၊

  • Wow

    March 10, 2015 at 4:56 pm

    အသေတော့ဟိုက မလုပ်လိုက်ဝူးမလားဟင်င်င် :mrgreen:

  • တောင်ပေါ်သား

    March 11, 2015 at 9:03 am

    ယနေ့မနက် တွေ့

    မနက်ဖြန် ပို့စ်တင်ပါမည်

    အခြေအနေ ကောင်းနေဆဲ 🙂

    • sorrow

      March 15, 2015 at 10:09 am

      . ဒီလိုပါခင်ဗျ .. ..တစ်ခါသား ကျော်လေ..မုန့်တခုအလွန်စားချင်ဗျ..တောင်းစားတယ်..မရ…အရမ်းချိုချိုသာသာရှင်းပြတယ်… …ဘယ်လိုစားချင်တာပါဆိုပြီး..မရ….အဲ့တာနဲ့..ဗြတ်ဆို..ဆွဲလုပြီး..ပါးစပ်ထဲ ပလုတ်ကနဲ ..ထည့်ပစ်တာ..ပိုင်ရှင်ဘာဆိုဘားမှမတတ်နိုင်..ပါးစပ်လေးဟပြီး..ကြောင်သွားယုံအပြင် .အဟိဟိ…ဆိုတော့ကာ.
      ..တစ်ခါတလေ တောင်းနေတာထက်..ဆွဲလုပြီး ပါးစပ်ထဲပစ်ထည့်ပလိုက်တာ ပိုထိရောက်ကြောင်း…အဟိဟိ

  • sorrow

    March 11, 2015 at 1:17 pm

    လက်ဖမ်းကိုင်ပလိုက်နော်… အစ်ကို…သိလား..အဟိဟိ..အခုခေတ်က လက်ရဲဇတ်ရဲတွေမှ အဆင်ပြေတာ …

Leave a Reply