လေဘုရင်၏အတ္ထုပ္ပတိ (သု့ိ) အောင်ကျူးနှင့် နှစ်တစ်ထောင်အမြုတေလေပုတ်ထုတ်ဆေး – အပိုင်း (၁)

ဇီဇီMarch 11, 20153min77137

ဝုန်းးးးးးး

အမေ့! လန့်လိုက်တာ။

သစ်ကိုင်းနဲ့ ပြတင်းတံခါးရိုက်လိုက်သံ။
မိုးက ရွာရုံမက မိုးက က ကျယ်ကျယ်ချိန်း လျှပ်စီးတွေကလည်း လက်လို့။ သူမ မှားပြီ ထင်တယ်…!!!!
ခုတော့ ဒီ အခန်းထဲမှာ တစ်ယောက်တည်းးး၊

အခန်းရှင်တွေက ခရီးသွားတဲ့သူက သွားးး၊ မအားတဲ့သူက မအားနဲ့မို့ မလာနဲ့လို့ ပြောထားတာကို လာခဲ့မိသည်ပဲ။
ညနေခင်း လင်းလင်းချင်းချင်းတုန်းက သိပ်မကြောက်၊ ခု မှောင်လာပြီး မိုးတွေပါ သည်းလာမှ တစ်ယောက်တည်း ဒီ အခန်းထဲနေရတာ စိတ်မလုံတော့။

ဒေါက်…ဒေါက်…ဒေါက်…!!!

စည်းချက်မှန်မှန် တံခါးခေါက်သံ။

ခုနက အသံတုန်းက ရုတ်တရက်လန့်ပြီး ပြီးသွားသလောက် ဒီ တံခါးခေါက်သံမှာတော့ မလန့်ပဲ မင်သက်နေမိတယ်။

ဒီ အချိန်ကြီး ဒီ အခန်းကို လာနိုင်တာ ဘယ်သူများပါလိမ့်။
လာနေကြလူတွေ မလာနိုင်မှန်းတော့ သိထားပြီးတာမို့ ဒါ လူစိမ်းတစ်ယောက်ပဲလို့ တပ်အပ်သိမိတယ်။
အသံမပြုပဲ ငြိမ်နေမှ။ လူမရှိဘူး ဆိုပြီး ပြန်သွားပါစေ။

:g:

ဒေါက်…ဒေါက်…ဒေါက်…!!!

နောက်တစ်ကြိမ် တံခါးခေါက်သံ၊ သူမ ဒီ အခန်းထဲရှိနေတာကို သိသည့် အလားးးးး
ကြောက်စိတ်က ကျောထဲ စိမ့်တက်လာတယ်။

ဖွင့်ပေးလိုက်ရမလားးး ???
ဒီအခန်းနဲ့သက်ဆိုင်တဲ့ ကိစ္စများလား???
ဖွင့်ပေးလိုက်ရင် ဖြစ်လာမဲ့ အကျိုးဆက်က ဘာလဲ???
ချာချာလည်အောင် တွေးနေရင်း မသိစိတ် ဖြင့် တံခါးနား တိုးကပ်သွားမိတယ်။

 

ဒေါက်…ဒေါက်…ဒေါက်…!!!

ဒီ တကြိမ် အကြားမှာတော့ မနေနိုင်တော့။ နှုတ်ကနေ ရုတ်တရက် မေးလိုက်မိတာ ” ဘယ်သူလဲ”

မိုးသံကြားက လှမ်းပြောလိုက်တဲ့ အသံ တစ်သံ
“ခင်ဇော် ကျုပ်ကို တံခါးလေးဖွင့်ပေးပါ” တဲ့။

“ဟင်!” ဘယ်သူမို့လို့ သူမ ဒီ အချိန် ဒီ အခန်းထဲ ရှိနေတာကို အပ်ကျမတ်ကျ သိရတာပါလိမ့်။

သူဘယ်သူလဲ သိချင် တွေ့ချင်စိတ်ရယ် ကြောက်တဲ့စိတ်ရယ် လွန်ဆွဲနေတဲ့ကြားက တံခါးကို ဖြတ်ကနဲ့ ဖွင့်ပေးလိုက်မိတယ်။

သူဘက်ကလည်း တုံ့ဆိုင်းမနေပဲ အခန်းထဲကို တောက်လျှောက်လှမ်းဝင်လာတယ်။ မိုးကာ အင်္ကျီက ဦးထုပ်ကို ဆောင်းထားတာမို့ မျက်နှာကို ကောင်းကောင်းမမြင်လိုက်။
သူမကို ကျော်ကာ လျှောက်သွားတော့ နောက်ကျောဘက်ကနေကျော်ကြည့်ဖို့လည်း မဖြစ်၊ ဆွဲလှည့်ဖို့လည်း မဖြစ်။

“ဒီမှာရှင့်၊ ဒီ အခန်းက သူတွေ မရှိကြဘူးးး။ ရှင် ဘာကိစ္စလာတာလဲ”

“ကျနော် သူတို့ နဲ့ တွေ့ချင်လို့လာတာမဟုတ်ဘူးးး ခင်များနဲ့တွေ့ချင်လို့”

“ဟင်? ကျမ ရှင့်ကို မသိဘူးရှင့်!! ဒါ နဲ့ ဘာကိစ္စတွေ့ချင်တာလဲ၊ ဒီမှာ ကျမရှိမှန်းရော ဘယ်လိုလုပ်သိသလဲ”

“ခင်များ မေးခွန်းတွေအတွက် အဖြေ နောက် သိသွားမှာပါ…”

~~~~~~~~~~~~~~~~~~~~~~~~~

 

 

IMG_0640

 

 

ဆည်းဆာ၏နောက်ဆုံးနှုတ်ဆက်ချိန်

 

နေမင်းသည် အနောက်တောင်စွယ်၌ နောက်ဆံတင်းတင်းဖြင့် သမင်လည်ပြန်အကြည့် ……

သဘာဝတရား၏ အလှဆုံးတို့ ကွန်မြူးစဉ်တခဏ၌ အကျည်းတန်သောမြင်ကွင်းတစ်ခုပေါ်ပေါက်လာခဲ့သည် ။

အနောက်ရိုးမတောင်ခြေတောအုပ်အတွင်းသို့ ….. လူလတ်ပိုင်းအရွယ်အမျိုးသားတစ်ယောက် ကြောက်လန့်တကြား ပြေးလွှားဝင်ရောက်လာလေပြီ ။

သူ၏ လက်တွင်း၌ အထုတ်တစ်ခုကိုကျစ်ကျစ်ပါအောင်ရင်ဝယ်ပိုက်လျှက် အသက်လုပြေးနေသည် ။

ထိုသူသည် မည်သူဖြစ်မည်နည်း ???

မည်သည့်ဒေသမှ ရောက်ရှိလာခဲ့ပါသနည်း?????

မည်သည့်အကြောင်းကြောင့် ဤသို့ အသက်လုပြေးလာပါသနည်း ? ????????

.

.

.

.

.

.

.

.

.

အမှန်စင်စစ် ထိုသူသည် သေလည်ကြောင်ဂိုဏ်းသားတစ်ဦးဖြစ်ပေသည် ။

ဂိုဏ်းသားဆိုသည်ထက် ဂိုဏ်းမှဂိုဏ်းခွဲမှူး မင်းတစ်ပါးဖြစ်သည် ။

သူနာမည်သူ့ဂုဏ်ပုဒ်မှာ ………

“” လေမင်းသခင်ကြောင်ဏှာသီး “ ဟု လူသိများသည် ။

မည်သည့်အကြောင်းကြောင့်ပြေးလာရပါသနည်းဆိုရသော် ……..

အော်မေ့ဂိုဏ်း ၏ အဖိုးတန်ရတနာဖြစ်သော နှစ်တစ်ထောင်ကြာပန်းကို ခိုးယူရန်ကြိုးစားသောကြောင့် အော်မေ့ဂိုဏ်းနှင့် ရန်မီးပွားခဲ့သည် ။

 

IMG_2750

 

 

“အော်မေ့ဂိုဏ်းချုပ်ကြာပန်းမယ်တော်”“ဘလော့အန်ဖရင့် လက်ဝါးသိုင်းကွက်အောက်” ၌မရှုမလှ ရှုံးနိမ့်ပြီးလျှင် ဤတောအရပ်သို့ ပုန်းရှောင်ခဲ့ရလေပြီတည်း ။

အော်မေ့ ဂိုဏ်းခွဲမှူးဖြစ်သော “ဥပေက္ခာဒေဝီ အေတီဝမ်” သည် ထိုလေမင်းသားကြောင်ဏှာသီးကို ဖမ်းဆီးသုတ်သင်ရန် မိုးမြေအနှံ့့ ခရီးဆန့်နေပြီဖြစ်သည် ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

 

သေလည်ကြောင်ဂိုဏ်း နောက်ခြေရာကောက်သော်

 

တချိန်က အွန်သိုင်းလောက၌လျှမ်းလျှမ်းတောက်ကျော်ကြားခဲ့သော သေလည်ကြောင်ဂိုဏ်း ဟူ၍ရှိခဲ့ဖူးသည် ။

ဂိုဏ်းချုပ်မှာအလွန်လျှို့ဝှက်သဖြင့် သာမန်ဂိုဏ်းသားများမြင်တွေ့ဖူးခြင်းမရှိပေ ။

သို့သော် ဂိုဏ်း၏ လက်ဝဲရံ လက်ယာရံ နှင့် ဂိုဏ်းခွဲမှူးနှစ်ယောက်သာ လှုပ်ရှားခဲ့သည် ။

လက်ဝဲရံမှာ “ဇီးကွက်မင်းမရဏအပြုံးသခင်မ ဝင့်ဝင့်” ဖြစ်သည် ။ သဘောထားတင်းမာ၍ သိုင်းစွမ်းရည်မြင့်မားသည်ဟူ၍ကျော်ကြားလေသည် ။

သူ၏“” မဟာလစ်ဗြဲဇက်ကျောလွဲ “”သိုင်းမှာ ယှဉ်ပြိုင်နိုင်သူရှားလှပေသည် ။

လက်ယာရံမှာ “လင်:နို့မင်းပင်လယ်ပျော်ဖေါရှောက်ဖန်” ဖြစ်သည် ။

အပေးအကမ်းရက်ရော၍ အမြဲပြုံးနေတတ်သူဖြစ်သည် ။

သူ၏ ပြိုင်စံရှားသိုင်းပညာမှာ …… ခြုံရှင်းယုန်ရှာ သိုင်းပညာဖြစ်၍ နောက်ဆုံးတိုက်ကွက်ဖြစ်သော “” ယုန် ရှာ မြွေ တွေ့ “” သိုင်းကွက်မှာ အထူးကျော်ကြားလှပေသည် ။ ( ရှောင်လင်ဘုန်းကြီးလေသံဖြင့်ဖတ်ပါ )

ဂိုဏ်းခွဲမှူးများမှာ…

“လေမင်းသခင်အန်ကျော့်လော် အောင်ကြူး” နှင့်

“ပျံလွှားမယ် ဘာကာခုနှစ်လွှာဓါးသမား ဇာယိခိုင်” တို့ဖြစ်လေသည် ။

ပျံလွှားတစ်ကောင်ကဲ့သို့ ပေါ့ပါးဖြတ်လတ်စွာတိုက်ခိုက်တတ်ပြီးလျှင် “လက်နက်ပုန်းအဖြစ် ဘာကာခုနှစ်ခု” ကိုတပြိုင်နက်ပစ်လွှတ်နိုင်သောကြောင့် “ဘာကာခုနှစ်လွှာဇာယိခိုင်” ဟုလူသိများခဲ့သည် ။

“လေမင်းသခင်အန်ကျော့်လော် အောင်ကြူး” သည်ကား “မီးစတစ်ဖက်ရေမှုတ်တစ်ဖက်” တိုက်ခိုက်တတ်သောကြောင့်” ကြောင်ဏှာသီး” ဟု ကွယ်ရာ၌ အမည်ပေးထားကြသည် ။

သေလည်ကြောင်ဂိုဏ်း၏ ဂိုဏ်းချုပ်သာလေ့ကျင့်ခွင့်ရှိသော “” ကြောင်တန်းစားပျက် တစ်ဆယ့်ရှစ်ကွက် “” သိုင်းကျမ်းမှာ ဂိုဏ်းချုပ်ကြီးနှင့်အတူပျောက်ကွယ်သွားပြီးနောက် ဂိုဏ်းမှာ အစိတ်စိတ်အမွှာမွှာ ကွဲပြားခဲ့ရသည် ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

 

ဂဇက်ကျေးရွာ

သင်သည် အွန်သိုင်းလောကသားစစ်စစ်ဖြစ်ပါက … ဂဇက်ကျေးရွာကို ရောက်ဖူး ကြားဖူးရပေမည် ။
အကယ်၍ မသ်ိသည် ဆိုငြားအံ့ ……
သင့်အား အွန်သိုင်းလောကသားဟု မသတ်မှတ်နိုင်ချေ ။
ဤသို့ဆိုလျှင် ဂဇက်ကျေးရွာသည် အွန်သိုင်းလောကနှင့်မည်သို့ပတ်သက်ပါသနည်း ဟုမေးသည်ဆိုပါစို့ ………!!!

တခေတ်တစ်ချိန်က အွန်သိုင်းလောကတွင် ဂဇက်ကျေးရွာကား လျှမ်းလျှမ်းတောက် ထင်ရှားခဲ့ပါ၏ ။
မတူကွဲပြားသောအင်အားစုများဖြင့် တည်ဆောက်ထားလေရာ နေ့စဉ်နေ့တိုင်း စိတ်ခေါ်ပွဲများ  ရန်လိုပွဲများ ငြင်းခုန်ပွဲများခြိမ့်ခြိမ့်သဲခဲ့ပါသည် ။
ဂဇက်ရွာသူားတို့၌့ မည်မျှအလေ့အကျင့်စွဲခဲ့သနည်းဟု လေ့လာကြည့်ပါက ဘယ်ဖက်လက်နှုင့် ညာဖက်လက်တို့သည်ပင် မကြာခဏ ရန်ဖြစ်တတ်သည်ကို သင် တွေ့မြင်ရပါလိမ့်မည် ။

ဂဇက်ရွာကိုတည်ထောင်သူမှာ “နှစ်တစ်ထောင်ကျိန်စာသိုင်းသမား လူကွေ့ရှောင်ခိုင်” ဖြစ်သည် ။
ရွာခေါင်းခိုင်မှာ သိုင်းပညာမျိုးစုံကို ပိုင်နိုင်ကျွမ်းကျင်သူဖြစ်လေ၏ ။
“နှစ်တစ်ထောင်ကျိန်စာသိုင်း”“လေမျိုးတစ်ထောင် လူ့ထိတ်ခေါင်သိုင်း” နှင့်
နောက်ဆုံးလေ့ကျင့်အောင်မြင်သည့်သိုင်းပညာမှာ “” မိုးပြာမြေလျှိုး စီးပွားတိုး “” သိုင်းဖြစ်သည် ။
ရွာအတွင်း သိုင်းပေါင်းစုံ ၊ ဂိုဏ်းပေါင်းစုံ နှင့်စည်ကားလှသည်ဖြစ်ရာ မကြာမကြာစိမ်ခေါ်ပွဲများ မြင်ရသည်မှာသိပ်တော့မထူးလှ ။
သုံးယောက်ရှိလျှင် လေးဖွဲ့ကွဲတတ်သောသဘောအရ ကဗျာဂိုဏ်းအတွင်းဝယ်  မော်ဒန်ကဗျာဂိုဏ်းနှင့် ဂန္ထဝင် ကဗျာဂိုဏ်းဟု ကွဲပြန်သေးသည်တမုံ့ …

အော်မေ့ဂိုဏ်း ၊

နှူးဘာဂိုဏ်း ၊

ဓာတ်သေ ဓာတ်ရှင်ဂိုဏ်း ၊

အိုင်တီအိုင်ပီဂိုဏ်း များသာမက တစ်ကိုယ်တော်လူစွမ်းကောင်းများလဲ ရှိပါသေးသည် ။

.
“မြန်မာ့ရိုးရာလက်ဝှေ့ကျော် တွံတေးဘလက်ချော”

  .
“တောင်လှေခါးဒူးပျံ ကြီးမိုက်”

.
“စိုင်းဆောရိုး(ဂျိန်းဖေါမြေ)” နှင့်

.
“ဓါးစင်္ကြာအာဂ” တို့မှာ ပွဲကျောင်းပညာရပ်များကို ဆက်ခံသူများဖြစ်လေ၏ ။

.
“လူထူးဆန်းသိုင်းသမား အဘိုးအိုထန်စူး”

.
“သုဘရာဇာသိုင်းသမား သောင်ချမ်း”

.
“လူ့ဂွစာ ပါကျိရှောင်” တို့မှာပေါင်းရသင်းရခက်သောသူများဖြစ်သည် ။

.
သို့သော် …
“ပျော်ပျော်နေတတ်သော ခြောက်မျက်နှာသိုင်းသမား အန်တုန်းဇာ”

.
“ရွှင်ပျော်ပျော်သိုင်းသမားကျန်းမာဂ” နှင့်

.
“ရေမာလာရဲတိုက်သခင်မ တီအန်အေ” တို့သည်ကား ခင်မင်နှစ်လိုဖွယ်ကောင်းလေစွ ………

.

.

တစ်ကိုယ်တော်အမျိုးသမီးသိုင်းညာရှင်များလည်းမြောက်များစွာ ။ ၎င်းတို့ထဲမှ နည်းငယ်မိတ်ဆက်ရလေသော် ……………

.
“ဗိတိန်ကျွန်းသခင်မကြီး မြစာလေး”

.
“ကျီးလက်သဲသိုင်းမင်းသမီး ကြည်တိုးရွှေ”

.
“ဘောလုံးမင်းသမီး မိုက်လုသော်”

.
“လေပြန်လေအံလုံမွန်မွန်”

.
“ဘာမထီ ဝါးဝူဝေါင်း” ………… စသည်  စသည် များစွာတို့သည်လည်း ထင်ရှားလှပေသည်တမုံ့ ။

ယခုသော် …… ………
ဂဇက်ကျေးရွာကြီးအတွင်းဝယ် ထူးခြားမှုတစ်စုံတစ်ရာဖြစ်၍နေလေပြီ ။
အကြောင်းမူကား  “ကြောင်ဏှာသီး (ခ) အန်ကျော့လော် အောင်ကြူး” သည် အော်မေ့ဂိုဏ်း၏ရတနာဖြစ်သော နှစ်တစ်ထောင်ကြာပန်းကိုခိုးယူရန်ကြံစည်သောကြောင့် ဖြစ်သည် ။
အောင်ကြုူးသည် ဧကန်စင်စစ် ခိုးယူနိုင်ခဲ့ပါသလော ????

.

.

ခိုးယူနိုင်ခဲ့ပါသည် ။

.

.

သို့သော် ………

.

.
နှစ်တစ်ထောင်ကြာပန်းအားတိုးဆေးအစား မျက်စိမှား၍ ယူသွားမိသောဆေးမှာ …

.
“” နှစ်တစ်ထောင် လေပုတ်ထုတ်ဆေးအမြုတေ “” ဖြစ်နေသည်ကိုတော့ အောင်ကြူးမှာ လုံးဝ မသိခဲ့ပါ ။

.
ဤသို့ဖြင့် အနောက်ရိုးမတောသို့ပုန်းရှောင်ပြီးလျှင် အတွင်းအားသိုင်းပညာရပ်များကို လေ့ကျင့်လျှက်ရှိပေတော့သည် ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

 

အပြည့်အစုံမရှိတော့တဲ့ အခန်းဆက် စာရွက်ပိုင်းလေး အရောက်မှာ သတိတယ နဲ့ ခုန က လူကို ရှာကြည့်မိသည်။

“ကျုပ် ဒီမှာ ရှိပါတယ်”
သူမ အတွေးကို သိသည့်အလား ချက်ချင်းဖြေလိုက်တာမို့ လန့်သွားသည်။

အမှန်တော့ သူပေးဖတ်တဲ့ စာအုပ် အဟောင်းအနွမ်းမှာ တမေ့တမော မြောပါသွားတာ ဖြစ်သည်။

“ဘာတွေ ဆက်ဖြစ်မှာလဲ”

“တစ်ရွာလုံးနဲ့ တစ်ကောင်မှာ ကူညီမဲ့သူရှိဦးမလား” စတဲ့ အတွေးတွေနှင့် စာအုပ်ကို ပြန်ကိုင်လိုက်ရသည်။

 

 

 

37 comments

    • ခင်ဇော်

      March 11, 2015 at 4:07 pm

      ဟီးးး
      နက်ဖြန်မှ လာနော်။
      မှားသွားလို့

      :mrgreenn:

  • Alinsett@Maung Thura

    March 11, 2015 at 3:47 pm

    အနော်ဂဓေါ့ အွန်သိုင်းလောက ထဲက အကျော်အမော်ဂဇက်ရွာထဲမယ်
    .မော်ဒန်ကဗျာဂိုဏ်းဝင်တျောက်ပါခီည

    ကဗျာကျမ်းမဖတ်ပဲ သိုင်းကျမ်းဝင်ဖတ်မိသွားပါတယ် ခီည

    :k:

    • ခင်ဇော်

      March 11, 2015 at 4:08 pm

      ကဗျာဂိုဏ်း က ရန် အနည်းဆုံးပဲ။
      အောင်ကြူးနဲ့ ဖြစ်ဖို့ ပြောပါတယ်။

      :k:

      • Mr. MarGa

        March 11, 2015 at 4:14 pm

        အချင်းချင်း ဖြစ်နေတဲ့ ရန်ပွဲတွေတော့ ထည့်မတွက်နဲ့ပေါ့လေ
        :k:

  • pooch

    March 11, 2015 at 3:51 pm

    ဆေးမှားစားတာနဲ့ နံဟောင်နေတော့မှာပဲ
    နဂိုကမှ ကြောင်ချေးက နံပါတယ်ဆို :mrgreenn:

    • ခင်ဇော်

      March 11, 2015 at 4:09 pm

      အပုတ်ကြောင် ရုပ်ဆောင်

      ချစ်လို့ စ တာ စိတ်ဆိုးရဝူး ဥကြောင်လို့

      :k:

  • naywoon ni

    March 11, 2015 at 3:56 pm

    ဘာခုနစ်​လွှာ ဇာယ်​ခိုင်​တဲ့ နာ​တော့ မူဗီထဲက ခုနှစ်​လွှာ မင်​းသမီးပဲ ညက်​စိထဲ​ပြေးမြင်​မိ မိ အဲ့ ​ပြေးဘီ ။ သိုင်​းသမား​ချောင်​ ဘာဖြစ်​တယ်​ဆိုလား 🙂 🙂 🙂

    • ခင်ဇော်

      March 11, 2015 at 4:09 pm

      ၁ဝ လွှာပေါက်ဆီ မဟုတ်တဲ့ ရလွှာ ဘာဂါ

      :sar:

  • Mr. MarGa

    March 11, 2015 at 3:58 pm

    ဘာဆက်ဖြစ်မလဲ….
    ဘာဆက်ဖြစ်မလဲ…
    ဘာဆက်ဖြစ်မလဲ…
    🙄 🙄 🙄

    :k:

    • ခင်ဇော်

      March 11, 2015 at 4:10 pm

      ဖြစ်ချင်ရာဖြစ် ကြောင် ဘချစ်

      :k:

    • ခင်ဇော်

      March 11, 2015 at 4:06 pm

      ဟီးးး
      ကွကိုယ် ပန်းပို့(စ) တင်ထားတာမေ့ပြီး တင်လိုက်မိလို့ နက်ဖြန်ပြောင်းလိုက်ပြီ။
      နက်ဖြန်မှ လာနော်

      :k:

  • black chaw

    March 11, 2015 at 4:09 pm

    ဝင်ရောက် ဖတ်ရှုပြီးသကာလ
    တွံတေး ဘလက်ချော ဆိုသော သူရဲကောင်းကြီး အား
    လွန်စွာမှ အားကျ မိပါသည်။
    ဆက်လက် ဖတ်ရှု အားပေးသွားပါမည်…။
    :k:

    • ခင်ဇော်

      March 11, 2015 at 4:12 pm

      သူ့မှာ လက်ဝဲရံ လက်ယာရံက
      ဈာဈာထပ် နဲ့ ဂျွန်တင်ဂျာ သိုင်းသမတွေရှိတယ်

      :k:

  • Wow

    March 11, 2015 at 4:29 pm

    ကြောင်ဏှာကြီးနဲ့ ခုနှစ်လွှာမယ် ဘာဒွေဆက်ဖြစ်ကြသဒုံးးး :mrgreen:

    • ခင်ဇော်

      March 11, 2015 at 4:31 pm

      ငင်။
      ဂိုဏ်း တူ မောင်နှမ ဆိုတော့
      ကြက်ဖြစ်ရင်ကွယ် ငှက်ဖြစ်ရင်ကွယ် တစ်ဂိုဏ်း တည်း နားချင်တယ်တို့ ဘာတို့။
      :k:

      ဘာဆက်ဖြစ်တုန်း ရေးတဲ့သူမှ သိမှာညော်..
      :k:

  • Ma Ma

    March 11, 2015 at 5:17 pm

    တရွာလုံးနဲ့တကောင်မှာ ကူညီမယ့်သူ ရှိပါ့မလား….
    အမြင်မှန်ရပါပြီလို့ တောင်းပန်ရင်တောင် ဘာဘီကျူ း လုပ်ကြမယ့်သူတွေချည်းပဲ ရှိတယ်။ :kwi:

    • ခင်ဇော်

      March 12, 2015 at 10:25 am

      သူကလည်း ဘူ့ကို မှ တောင်းပန်မယ်မထင်ဘူးးး
      ခိခိ။

      :kwi:

  • ဦးဦးပါလေရာ

    March 11, 2015 at 6:12 pm

    .ကျုပ်ရဲ့မျက်နှာကိုထောက်ပြီး
    .ကျုပ်ရဲ့သွေးသောက်ညီလေးကို ဖမ်းမိရင် အသက်တော့ချမ်းသာပေးကြပါ….
    .ကြောင်ကုန်းကုန်းလုပ်ပြီး ဂဇက်ကျေးရွာမှာ လုံခြုံရေးတာဝန်ပေးလိုက်ရုံနဲ့ ကျေနပ်ကြပါ…..
    :mrgreen:

    • ခင်ဇော်

      March 12, 2015 at 10:23 am

      ဖမ်းဖို့ လည်း မလွယ်လှပါဘူးး
      ခိခိ

      :kwi:

  • မြစပဲရိုး

    March 11, 2015 at 9:46 pm

    အပိုင်း(၂) ဖတ်ပြီးမှ မန့်တော့ မယ်။
    အာ့ လာပြောတာ။ :))

    • ခင်ဇော်

      March 12, 2015 at 10:10 am

      ဒီနေ့ ပို့(စ) တက်ပါပြီ။
      စာအုပ်က ဟောင်းပြီး စာလုံးတွေက မှုန်နေလို့ ကြိုးစားဖတ်နေရလို့ပါ

      :mrgreenn:

  • မွသဲ ( 17082011 )

    March 11, 2015 at 10:00 pm

    ဟမလေးရီလိုက်ရတာ အိပ်ခါနီးဖတ်လိုက်ပီး အသံထွက်လိုက် မျက်စိထဲမြင်ကျိလိုက်နဲ့ မျက်စိတောင်ပြူးသွားတယ်။ နေမကောင်းလို့ ရေမာလာမယ်တော်ဒီတပိုင်းအစွမ်းမပြနိုင်သေးသမို့နောက်တပိုင်းမျှော်နေပါမည့်အကြောင်း

    • ခင်ဇော်

      March 12, 2015 at 10:09 am

      ခိခိ
      ရေမာလာမယ်တော် ကြက်ဥကြော်မှားလို့ ဆိုလား ဘာလား

      :k:

  • ဝင့်ပြုံးမြင့်

    March 12, 2015 at 3:02 am

    ရီလိုက်​ရတာ။ ​ရွှေဇီးကွက်​ မရဏမင်​း အပြုံးသခင်​ လက်​စွဲ​တော်​ဓား ကွန်​ပူတာ ပျက်​​နေလို့ ပြိုင်​စံရှား မဟာလစ်​ဗြဲ ဇက်​​ကြောလွဲ ​ သိုင်​းကွက်​ကို ထုတ်​မသုံးနိုင်​ဘူး ဖြစ်​​နေတယ်​။ 🙂

    • ခင်ဇော်

      March 12, 2015 at 10:06 am

      ဟီးဟီးးး
      အဲ သိုင်းကွက်က မဟာပုရိသတွေကို အထိနာစေတယ်..

      :k:

  • Mike

    March 12, 2015 at 10:08 am

    :k: :k: :k: :k: ဟားဟားဟားဟား
    .ဂဇက်ရွာထဲ အယက်သမားဂိုဏ်းလည်းရှိသေးသဟ
    .ဂိုဏ်းချုပ်ကတော့ စွန်းချုပ်ယွဲစီ ပဲ ခိခိ

    • ခင်ဇော်

      March 12, 2015 at 10:30 am

      ဟိဟိ။
      စာအုပ်ထဲ အာ့ မပါဘူးး

      :mrgreen:

  • ဂျက်စပဲရိုး

    March 12, 2015 at 10:51 am

    နှူးဘာ ဂိုဏ်း ထဲ ဝင်ပျဇေ….
    (ကိုယ် သန်ရာ သန်ရာ ပေါ့ 😛 )

    • စည်​းနဲ့ ကမ်​းနဲ့ လစ်​ဘရယ်​ ​ယောကျာ်​း

      March 12, 2015 at 12:36 pm

      ယလဲ့
      ဟန်​ကျပ​ဟေ့
      ငိငိ

      • ဂျက်စပဲရိုး

        March 12, 2015 at 1:02 pm

        ဗျဲ့ကြီး ကို လက်ခံပါဆြာ 🙂

  • kai

    March 12, 2015 at 2:18 pm

    နှစ်၁၀၀ဝ ကျိန်စာသိုင်းနဲ့တီးထည့်လိုက်ရ.. ဘာကာတွေအကုန်. အန်ထွက်ကုန်တော့မယ်.။ :k:

    • ခင်ဇော်

      March 12, 2015 at 2:23 pm

      ကိုယ့် ဂိုဏ်း ခွဲ မှူး ကို ကိုယ် အဲလို ပေါရလားးး

      ဘာကာ တွေ ပစ်မလွှတ်ပဲ စားပစ်လိုက်မှာ။

      :k:

  • မြစပဲရိုး

    March 13, 2015 at 2:41 am

    အခုမှ အသေအချာ ဖတ် ရတော့ တယ်။
    သိုင်းကွက် နင်းပြီး လှိမ့် သာ ရီ နေတော့ တယ်။
    ဒီလောက် စဉ်းစားထွက် တဲ့ ခေါင်း ရွှေချ ထားဖို့ကောင်းတယ်။

    . ဟေ့ “လူကွေ့ရှောင်ခိုင်”
    ဒီလို လူမျိုး တွေ ကို စု ပြီး ထားနိုင်တဲ့ နေရာ အွန်သိုင်းလောက ထဲ နှစ်နေရာမရှိ နိုင်ပြီ။
    ဒီအချိန် အရေး တွေကြား အငြင်းအခုံ တွေ နဲ့ မတူတာ တွေ မြင်ပြီး သူငယ်ချင်းတွေ ကြား ကွဲ ပြဲ နေချိန် ဒီ မှာ ငြင်းခုံ ရင်း ပို ပို ချစ်လာကြ တယ်။
    မတူတာ တွေ ကို မတူသလို မြင်ပြီး ပို ပို နီး လာကြ တယ်။
    ဂုဏ်ယူဖို့ အတော်ကောင်းပါတယ်။
    ကျန်သူ တွေတော့ မသိဘူး။
    သခင်မကြီး ကတော့ ဒီရွာက ရေစက် ရဲ့ ရေထွက်သန် တာ ကို အတော်လေး ကို သတိထားမိလာပြီ။

    ကြည့် …
    တစ်ခြားရောက်ပြီ။
    အပိုင်း(၂) ဆီ ပြေးဦးမဲ။ (ကြောင် ကို လွမ်းသွားလို့ သူ့ အသံ ထွက်ကြည့်တာ)

    ဒါထက် “”သုဘရာဇာသိုင်းသမား သောင်ချမ်း” က ဘူတုန်း။ စဉ်းစားမရ။ 🙄

  • manawphyulay

    March 13, 2015 at 4:25 pm

    ရေခဲတောင် ကြာခွက် စားပြီးသကာလ လာရောက်ဖတ်ရှုသွားပါကြောင်း :mrgreen:

  • သိုင်းစာစဉ်ဆိုရင်တော့ အတွဲလိုက်လာတော့မယ်
    နောက်စာစဉ်ပြေးဖတ်လိုက်ဦးမယ်

    အဲ ရှောင်လင်ဘောလုံးသိုင်းလဲထပ်ကျင့်ထားရဦးမယ်။
    :mrgreen:

Leave a Reply