ကိုရင် ကိုဖိုးထူး ….

ရှင် ..မြန်မာပြည်ကထွက်သွားတာဘဲ ကိုးနှစ် ကျော်ကျော် ရှိပြီနော် ……

ရှင့် ကျေးဇူး ကြောင့် ကျမတို့ မိသားစု အခု ရန်ကုန် မြို့လည် ခေါင် မှာ တော်ရုံသင့်ရုံ အခန်းလေးတော့ငှါးပြီး နေနိုင်ပါပြီ။ ဒါပေမဲ့ ရှင်ဒီကြားထဲမှာ

တခေါက်တလေမှ ပြန်မလာ နိုင်တာကိုတော့…. ကျမစိတ်မကောင်းဘူး တော့ .. အေးလေ … ရှင် ထွက်သွားပုံကလည်း နောက်ကြောင်း မှ မအေးတာကိုး …

မြန်မာပြည် ကို လွမ်းတယ်ဆိုတဲ့ ..ရှင့် အတွက် …ဓါတ်ပုံလေး တွေ ပို့လိုက်တယ် ..။ ကျမ သူများတွေလို ၂ လုံး ၃လုံးတွေ ကစားမဲ့ အစား ရတဲ့ ငွေလေးစုပြီး

ကင်မရာ သေးသေး လေး တလုံး ၀ယ်ထားတယ်။ ရှင့် သားတွေကို ခေတ် နဲ့ရင်ဘောင်တန်းပြီး ပညာတတ်ကြီးတွေ ဖြစ်အောင် လုပ်ပေးချင်တာတော့…။

ကျမကတော့မနက်စောစော ထပြီး လွတ်တော် ဘက်လမ်းလျှောက် ရင်း တနေ့တာ အတွက် အကြံ အစီတွေ လုပ်စရာတွေ စဉ်းစားရတာပေါ့။ သွားရင်းလာရင်း

ကျမ ရိုက်တတ် သလောက် ရိုက် ထားတဲ့ ပုံတွေပါ …..

………..ေ၇ွှတိဂုံ ဘုရားကြီး အရင်ဖူး လိုက်ပေါ့တော်…

………. ပြီးတော့ လွှတ် တော် ကြီး လဲ တွေ့ ရမှာပါ …..

……….ပြည် သူ့ရင်ပြင် မှာလည်း လေ့ကျင့်ခန်း လုပ်သူတွေ အများသားတော့ ။ …. ဆေးခန်းတခါသွားရင် ကုန်ကျစားရိတ်က မနဲဘူးဆိုတော့ ဆီးချို သွေးတိုး နှစ်လုံး

ကြိုတင် ကာကွယ်ကြတာပေါ့ တော့..။ ရှင်ရော ကျန်းမာရေး ဂရုစိုက်နော် ….ကျမအီကြာကွေးစားရင်ကို့၇င့်ကို သတိရတယ် ..သိလား ………. ။

About fatty

Zaw oo has written 351 post in this Website..

i am over 50. I have the knowledge of broadcasting and televising as a producer and have trading- company-experiences as well.