(ဖေဖေ့မေတ္တာ)

Shin Thant MayMarch 9, 20151min1509

အဖေဆိုတဲ့အသံကိုကြားလိုက်ရုံဖြင့်လူတိုင်းရင်မှာ ခွန်အားတွေပြည့်သလို လုံခြုံသွားသလိုခံစားရမှာပါ။အဖေနဲ့ပါတ်သက်ပြီးတော့ခံစားချက်ကလေးတော့ရှိကြမှာပါ။

ဒီကမ္ဘာလောကကြီးထဲမှာ ကျေးဇူးတရားတွေကြီးမားတဲ့ပုဂ္ဂိုလ်ကိုပြပါဆိုလျှင်အမေအပြင် အဖေကလွဲအခြားမရှိပါဘူး။
အမေ့ရဲ့မေတ္တာတရားတွေဟာတန်ဘိုးကြီးမားသလိုအဖေရဲ့ကြီးမားခိုင်ခံ့တဲ့မဟာတံတိုင်းကြောင် သားသမီးတွေဘဝလုံခြုံခဲ့သည်။
အမေ့ရဲ့မေတ္တာပန်းကလေးကြောင့်ပန်းကလေးတွေဝေဆာခဲ့သလို အဖေရဲ့ပျိုးထောင်မူကြောင့် လောကမှာဖူးပွင့်ဝေဆာလှပတဲ့ပန်းကလေးတပွင့်ဖြစ်လာသည်။ကမ္ဘာမှာတန်ဘိုးအကြီးမားဆုံးအရိပ်ကတော့

အဖေ့အရိပ်ပါပဲ။ဒါပေမယ့်ခေါ်ခွင့်မရှိတော့ပြီ။
အဖေ သမီးကိုထားခဲ့တာ(မတ်လ ၂ရဆို ၁၂)နှစ်ပြည့့်ပြီအဖေ။ကျမဖေဖေစိတ်ကင့ါရင်သွေးလေးတွေ လူလားမမြောက်သေးခင်အထိ ငါဟာသူတို့လေးတွေရှေ့က မားမားမတ်မတ် ရပ်တည်ရှိနေဖိုလို့သည်။မိဘရင်ခွင့်မှာ ခိုလုံရင်းမိဘရဲ့မေတ္တာတရားအရိပ်အောက်မှာ ငါ့သားသမီးတွေပျော်ရွှင်နေရမည်။အရွယ်ရောက်လို့အိမ်ဆိုတဲ့ မိဘအရိပ်ကို ခြေစုံကန်ပြီး ဘဝကိုမဖြတ်သန်းခင် ငါ့သားသမီးတွေမပူမ

ပင်စေရဘူး။

.မိသားစုလေးရဲ့ အဆင် ပြေမှု အဆင်မပြေမှုတွေဟာ ငါ့တာဝန်တွေ ငါ့သားသမီးလေးတွေရဲ့ ဘဝလုံခြုံမှု အနာဂါတ်ဘဝလေးတွေ သာယာဖြောင့်ဖြူးရေးတွေကို ငါကြိုးပမ်းရမည်။ဖေဖေကကိုယ့်အတွက်မစဉ်းစားစိတ်သွားတိုင်း ကိုယ်မပါနိုင်တဲ့အခြေအနေ စားဝတ်နေရေးပြေလည်ဖို့နဲ့ ဘဝလူနေမှုအဆင့်တိုးတက်အောင် သားသမီးတွေအတွက်အမြဲရုန်းကန်းလှုပ်ရှားသည်။ငါ့ရင်သွေးငယ် များအတွက်ငါ့မှာပေးနိုင်တာချမ်းသာမူမရှိ ငါ့မှာပေးနိုင်တာဆိုလို့ ငါတတ်မြောက်ထားတဲ့ အသိပညာအမွေပဲရှိသည်။တနေ့တချိန်မှာငါ့သားသမီးများသည် အဖေထက်ခြေတလှမ်းပိုသာနေရမည်။

ပေးဆပ်သူတို့နှလုံးသားပိုင် ရှင်ဖေဖေဖေဖေရဲ့မေတ္တာတရားဟာ စုန်ရေပါ။သားသမီးတွေရှေ့ကနေ အမြဲရင်ဆိုင်ဖြေရှင်းဖို့ အသင့်ရှိသူပါ။. အမှားအမှန်ခွဲခြားတတ်အောင် လမ်းမမှားအောင် စိတ်ဓါတ်ကောင်းသူများဖြစ်အောင် အတုယူစရာ လူတစ်ယောက်အဖြစ် လမ်းညွှန်ပေးသည်။
သားသမီးလေးတွေဘဝသာယာဖြောင့်ဖြူးအောင်လုပ်ပေးနိုင်သလောက်လုပ်ပေးတာအဖေ့ ပါ။

ပြောင်းလဲခြင်းသဘောအရ အချိန်တန်အရွယ်ရောက်လို့ သားသမီးလေးတွေ မိဘအရိပ်က ထွက်ခွာလို့ လောကကြီးကို

ခြေဆန့်သွားကြရင်လည်းအဖေကတော့နားလည်ပေးနေမြဲပါ။သားသမီးလေးတွေအတွက်အဖေ့တာဝန် ကျေအောင်

ထမ်းဆောင်ပေးခဲ့သည်။ဖေဖေကတာဝန်ကျေပွန်တဲ

့ဖခင်တယောက်လည်းဖြစ်သည်။ဖေဖေရဲ့အရိပ် ဖေဖေ့စကား ဖေဖေအသံ ဖေဖေ့ဆုံးမမူက ဖေဖေမရှိတော့ပေမယ့် ပဲတင်သံညံနေပါသည်။

ဖေဖေကလူသာသေပေမယ့် သမီးရင်ထဲ သမီးအသွေးထဲ သမီးစိတ်ထဲ သမီးနှလုံးသားထဲသေသောသူကြာရင်မမေ့နိုင်တဲ့
ဖေဖေဆုံးမသံတွေသမီးနားထဲစွဲထင်ကျန်နေပါသည်။အဖေအားလုံးရဲ့စိတ်ကထို့အတူပင်ဖြစ်နေမှာပါ။

တစ်ချို့သောသားသမီးတွေကအဖေနဲ့အနီးကပ်နေရလေတော့ အဖေရဲ့ကြီးမား
လှတဲ့အရိပ်တန်ဘိုးကိုမသိကြဘူးလေ။။သမီးကလည်းတချိန်ကအဖေ့အရိပ်မသိခဲ့ဘူး။ခုအဖေနဲ့သေကွဲဝေးခဲ့ရတော့
ဖေဖေအရိပ်ကိုအချိန်ရှိသမျှ သတိရ တမ်းတနေခဲ့ရသူပါ။အဖေနဲ့ဝေးနေရတဲ့သမီးက
အဖေကိုသတိရလို့ ငိုခဲ့ရတဲ့မျက်ရည် ပူဆွေးရတဲ့သောကတွေဖြင့်မနည်းတော့ပါဘူး။

အဖေဒီဘဝမှာဒီလောက်တွေ့ဖို့ကံပါလာတာမို့ဒီဘဝမှာ သမီးနဲ့အဖေဟာ မမျှော်လင့်ပဲကံဧည့်သည်အဖြစ်နဲ့ ကြုံခဲ့ဆုံခဲ့ကြရသည်။

တကယ့်လိုနောင်ဘဝဆိုတာရှိခဲ့ရင်ဖြင့်ဖြစ်လေရာဘဝတိုင်းမှာအဖေ့ရဲ့အေးမြတဲ့ အဖေ့ရဲ့အရိပ်ထဲမှာ
ကံဧည့်သည်အဖြစ်နဲ့ နောက်ထပ်တစ်ဖန်လာလည်ခွင့်ပြုလှည့်ပါ။အဖေ-မဟာတံတိုင်းဘယ်လောက်ပဲ မြင့်တယ်ပြောပြော
အဖေရဲ့ကြီးမားတဲ့အရိပ်မေတ္တာတရားတွေနဲ့နှိုင်းယှဉ်လိုက်တော့ မဟာတံတိုင်းတောင်လိုက်လို့မမီ
အလိုလိုနိမ့်ကျသွားတယ်အဖေ။စင်္ကြာဝဠာတစ်ခုလုံးမှာရှိတဲ့ကြယ်ကလေးတွေကလည်းဘယ်လိုပင်များများ အဖေ့ရဲ့မေတ္တာတရားတွေနဲ့နှိုင်းယှဉ်လိုက်တော့ဘာဆိုဘာမျှမပြောပလောက်အောင်ကိုအလို်လိုနည်းသွားခဲ့ရပြီ။

ပြိုင်လာတိုင်း အနိုင်ရ
နှိုင်းဆလို့ဖြင့် ဘယ်မမြင်
ကျေးဇူးဂုဏ်အင်တွေ
ကြီးမားတဲ့ အရိပ်
လုံခြုံတဲ့
အဖေ့ရဲ့ရင်ခွင်ထဲမှာ
နောက်ဘဝဆက်တိုင်း
ခိုလှုံချင်ပါတယ်ဖေဖေ

'(ဖေဖေ့မေတ္တာ)

ဖေဖေ     ဖေဖေ    ဖေဖေ
သမီးအားရပါးရအကျယ်ကြီးခေါ်ပစ်လိုက်ချင်တယ်။
အဖေဆိုတဲ့အသံကိုကြားလိုက်ရုံဖြင့်လူတိုင်းရင်မှာ ခွန်အားတွေပြည့်သလို လုံခြုံသွားသလိုခံစားရမှာပါ။

အဖေနဲ့ပါတ်သက်ပြီးတော့ခံစားချက်ကလေးတော့ရှိကြမှာပါ ။

ဒီကမ္ဘာလောကကြီးထဲမှာ ကျေးဇူးတရားတွေကြီးမားတဲ့ပုဂ္ဂိုလ်ကိုပြပါဆိုလျှင်
အမေအပြင် အဖေကလွဲအခြားမရှိပါဘူး။
အမေ့ရဲ့မေတ္တာတရားတွေဟာတန်ဘိုးကြီးမားသလိုအဖေရဲ့ကြီးမားခိုင်ခံ့တဲ့မဟာတံတိုင်းကြောင် သားသမီးတွေဘဝလုံခြုံခဲ့သည်။
--အမေ့ရဲ့မေတ္တာပန်းကလေးကြောင့်ပန်းကလေးတွေဝေဆာခဲ့သလို အဖေရဲ့ပျိုးထောင်မူကြောင့် လောကမှာဖူးပွင့်ဝေဆာလှပတဲ့ပန်းကလေးတပွင့်ဖြစ်လာသည်။

ကမ္ဘာမှာတန်ဘိုးအကြီးမားဆုံးအရိပ်ကတော့အဖေ့အရိပ်ပါပဲ။

ဒါပေမယ့်ခေါ်ခွင့်မရှိတော့ပြီ။
အဖေ သမီးကိုထားခဲ့တာ(မတ်လ ၂ရဆို  ၁၂)နှစ်ပြည့့်ပြီအဖေ။

ကျမဖေဖေစိတ်ကင့ါရင်သွေးလေးတွေ လူလားမမြောက်သေးခင်အထိ ငါဟာသူတို့လေးတွေရှေ့က မားမားမတ်မတ် ရပ်တည်ရှိနေဖိုလို့သည်။

မိဘရင်ခွင့်မှာ ခိုလုံရင်းမိဘရဲ့မေတ္တာတရားအရိပ်အောက်မှာ ငါ့သားသမီးတွေပျော်ရွှင်နေရမည်။

အရွယ်ရောက်လို့အိမ်ဆိုတဲ့ မိဘအရိပ်ကို ခြေစုံကန်ပြီး ဘဝကိုမဖြတ်သန်းခင် ငါ့သားသမီးတွေမပူမပင်စေရဘူ။

.မိသားစုလေးရဲ့ အဆင် ပြေမှု အဆင်မပြေမှုတွေဟာ ငါ့တာဝန်တွေ ငါ့သားသမီးလေးတွေရဲ့ ဘဝလုံခြုံမှု အနာဂါတ်ဘဝလေးတွေ သာယာဖြောင့်ဖြူးရေးတွေကို ငါကြိုးပမ်းရမည်။

ဖေဖေကကိုယ့်အတွက်မစဉ်းစားစိတ်သွားတိုင်း ကိုယ်မပါနိုင်တဲ့အခြေအနေ စားဝတ်နေရေးပြေလည်ဖို့နဲ့ ဘဝလူနေမှုအဆင့်တိုးတက်အောင် သားသမီးတွေအတွက်အမြဲရုန်းကန်းလှုပ်ရှားသည်။

ငါ့ရင်သွေးငယ် များအတွက်ငါ့မှာပေးနိုင်တာချမ်းသာမူမရှိ ငါ့မှာပေးနိုင်တာဆိုလို့ ငါတတ်မြောက်ထားတဲ့ အသိပညာအမွေပဲရှိသည်။

တနေ့တချိန်မှာငါ့သားသမီးများသည် အဖေထက်ခြေတလှမ်းပိုသာနေရမည်။

ပေးဆပ်သူတို့နှလုံးသားပိုင် ရှင်ဖေဖေ
ဖေဖေရဲ့မေတ္တာတရားဟာ စုံရေပါ။
သားသမီးတွေရှေ့ကနေ အမြဲရင်ဆိုင်ဖြေရှင်းဖို့ အသင့်ရှိသူပါ။. အမှားအမှန်ခွဲခြားတတ်အောင် လမ်းမမှားအောင် စိတ်ဓါတ်ကောင်းသူများဖြစ်အောင် အတုယူစရာ လူတစ်ယောက်အဖြစ် လမ်းညွှန်ပေးသည်။
သားသမီးလေးတွေဘဝသာယာဖြောင့်ဖြူးအောင်လုပ်ပေးနိုင်သလောက်လုပ်ပေးတာအဖေ့ ပါ။

ပြောင်းလဲခြင်းသဘောအရ အချိန်တန်အရွယ်ရောက်လို့ သားသမီးလေးတွေ မိဘအရိပ်က ထွက်ခွာလို့ လောကကြီးကို ခြေဆန့်သွားကြရင်လည်း အဖေကတော့နားလည်ပေးနေမြဲပါ။
သားသမီးလေးတွေအတွက်အဖေ့တာဝန် ကျေအောင်ထမ်းဆောင်ပေးခဲ့သည်။

ဖေဖေကတာဝန်ကျေပွန်တဲ့ဖခင်တယောက်လည်းဖြစ်သည်။

ဖေဖေရဲ့အရိပ် ဖေဖေ့စကား ဖေဖေအသံ ဖေဖေ့ဆုံးမမူက ဖေဖေမရှိတော့ပေမယ့် ပဲတင်သံညံနေပါသည်။

ဖေဖေကလူသာသေပေမယ့် သမီးရင်ထဲ သမီးအသွေးထဲ သမီးစိတ်ထဲ သမီးနှလုံးသားထဲ
သေသောသူကြာရင်မမေ့နိုင်တဲ့
ဖေဖေဆုံးမသံတွေသမီးနားထဲစွဲထင်
ကျန်နေပါသည်။

အဖေအားလုံးရဲ့စိတ်ကထို့အတူပင်ဖြစ်နေမှာပါ။

တစ်ချို့သောသားသမီးတွေကအဖေနဲ့အနီးကပ်နေရလေတော့ အဖေရဲ့ကြီးမား
လှတဲ့အရိပ်တန်ဘိုးကိုမသိကြဘူးလေ။။သမီးကလည်းတချိန်ကအဖေ့အရိပ်မသိခဲ့ဘူး။

ခုအဖေနဲ့သေကွဲဝေးခဲ့ရတော့
ဖေဖေအရိပ်ကိုအချိန်ရှိသမျှ သတိရ တမ်းတနေခဲ့ရသူပါ။

အဖေနဲ့ဝေးနေရတဲ့သမီးက
အဖေကိုသတိရလို့ ငိုခဲ့ရတဲ့မျက်ရည် ပူဆွေးရတဲ့သောကတွေဖြင့်မနည်းတော့ပါဘူး။

အဖေဒီဘဝမှာဒီလောက်တွေ့ဖို့ကံပါလာတာမို့ဒီဘဝမှာ သမီးနဲ့အဖေဟာ မမျှော်လင့်ပဲကံဧည့်သည်အဖြစ်နဲ့ ကြုံခဲ့ဆုံခဲ့ကြရသည်။

တကယ့်လိုနောင်ဘဝဆိုတာရှိခဲ့ရင်ဖြင့်ဖြစ်လေရာဘဝတိုင်းမှာအဖေ့ရဲ့အေးမြတဲ့ အဖေ့ရဲ့အရိပ်ထဲမှာ
ကံဧည့်သည်အဖြစ်နဲ့ နောက်ထပ်တစ်ဖန်လာလည်ခွင့်ပြုလှည့်ပါ။

အဖေ-မဟာတံတိုင်းဘယ်လောက်ပဲ မြင့်တယ်ပြောပြော
အဖေရဲ့ကြီးမားတဲ့အရိပ်မေတ္တာတရားတွေနဲ့နှိုင်းယှဉ်လိုက်တော့ မဟာတံတိုင်းတောင်လိုက်လို့မမီ
အလိုလိုနိမ့်ကျသွားတယ်အဖေ။

စင်္ကြာဝဠာတစ်ခုလုံးမှာရှိတဲ့ကြယ်ကလေးတွေကလည်းဘယ်လိုပင်များများ အဖေ့ရဲ့မေတ္တာတရားတွေနဲ့နှိုင်းယှဉ်လိုက်တော့ဘာဆိုဘာမျှမပြောပလောက်အောင်ကို
အလို်လိုနည်းသွားခဲ့ရပြီ။

ပြိုင်လာတိုင်း အနိုင်ရ
နှိုင်းဆလို့ဖြင့် ဘယ်မမြင်
ကျေးဇူးဂုဏ်အင်တွေ
ကြီးမားတဲ့ အရိပ်
လုံခြုံတဲ့
အဖေ့ရဲ့ရင်ခွင်ထဲမှာ
နောက်ဘဝဆက်တိုင်း
ခိုလှုံချင်ပါတယ်ဖေဖေ

်

ကမ္ဘာပေါ်ရှိအဖေအားလုံးကျန်းမာပါစေ
လေးစားလျက်
ရှင်းသန့်မေ'

ကမ္ဘာပေါ်ရှိအဖေအားလုံးကျန်းမာပါစေ
လေးစားလျက်
ရှင်းသန့်မေ

9 comments

  • ဦးကျောက်ခဲ

    March 9, 2015 at 3:46 pm

    မင်္ဂလာပါဗျား… မြန်မာ့ဂဇက်က ကြိုဆိုပါတယ်…
    စကားမစပ်… ရှင်းသန့်မေ'” width=”480″ height=”335″ />
    အဲဒါ ဘာကြီးလဲဟမ်… :k:

  • ခင်ဇော်

    March 9, 2015 at 3:51 pm

    အဖေချစ်သမီး တစ်ယောက်မှ ထပ်တူခံစား ဖတ်ရှုသွားပါကြောင်း

  • kai

    March 9, 2015 at 3:53 pm

    အဖေဖြစ်တော့မယ့်..အဲ.. ဖြစ်နေစ.. အဲ.. ဖြစ်နေသူ.. ဦးကျောက်ကတော့.. ရှေ့က.. အတိုင်းတွေပြသွားပြီ…
    ကျုပ်လည်းအဖေတယောက်အနေနဲ့.. ပြုံးပြီးဖတ်သွားပါတယ်.. လို့..။

    ဟုတ်တယ်..
    အမေတွေကိုထားခဲ့.. ထားခဲ့..။ :k:

  • စည်​းနဲ့ ကမ်​းနဲ့ လစ်​ဘရယ်​ ​ယောကျာ်​း

    March 9, 2015 at 3:56 pm

    ဒဲယ်​ ဟဲ ဟဲ ဟဲ ဟဲ
    🙂

  • Alinsett@Maung Thura

    March 9, 2015 at 4:00 pm

    .အဖေအကြောင်းမို့…ဘာမှ မပြောချင်တော့ပါဘူး…
    .ရွာမိသားစုဝင်အသစ်တစ်ယောက် ရောက်ရှိလာပြန်ပြီပေါ့…
    .ရောက်ပြီး မကြာခင် ပျောက် ပျောက်သွားတာတွေများတော့…
    .အကြာကြီးနေရမယ်နော်လို့လည်း….
    .မပြောတော့ပါဘူး…

    :buu:

  • Mike

    March 9, 2015 at 4:21 pm

    .ကြိုဆိုပါတယ်…
    .ကျုပ်လည်း ထွက်ခွာသွားခဲ့ပြီဖြစ်တဲ့ ကျေးဇူးရှင်အဖေကို သတိရသွားတယ်ဗျာ 😥

  • naywoon ni

    March 9, 2015 at 9:51 pm

    ချစ်​ခင်​သူကို လွမ်​းဆွတ်​တမ်​းတ တာလည်​း လူ့သဘာဝ ပဲ အပြစ်​​ပြောစရာမရှိပါဘူး ။ ဒါ​ပေမဲ့ လွမ်​းဆွတ်​တမ်​းတ တာ​လောက်​နဲ့ ရပ်​မ​နေသင်​့ဘူး ထင်​တယ်​​လေ ။ ဆိုလို့တာက သူ့ဖြစ်​​စေ့ချင်​တာ​လေး​တွေ သူလုပ်​ချင်​တာ​လေး​တွေ ဖြည်​့ဆည်​း​ပေးပြီး ကိုယ်​တိုင်​လည်​း တာဝန်​သိတဲ့ တာဝန်​​ကျေပွန်​တဲ့ လူသား တစ်​​ယောက်​အဖြစ်​ ​လောက အလယ်​မှာ မားမား မတ်​မတ်​ ရပ်​တည်​နိုင်​ပါ​စေလို့ …………………………………………………………..

  • ပန်း စံပါယ်

    March 11, 2015 at 9:46 pm

    ကိုယ်​လိုပဲ ဖခင်​​မေတ္တာကို ​​ရေးဖွဲ့သူ ​နောက်​တစ်​​ယောက်​တိုးလာပြီ။ ​နွေး​ထွေး​သောလက်​နဲ့ ကြိုဆိုပါတယ်​​နော်​။

  • black chaw

    March 11, 2015 at 11:26 pm

    အဖေ
    အဖေ
    အဖေ
    အဖေ
    အဖေ
    အဖေ
    အဖေ

    အဖေ…။

Leave a Reply