ရန်ကုန်မြို့ အမွေအနှစ်များ – ၄

လောကနတ်အနုပညာပြခန်း (သို့) ဆိုဖဲရ်အဆောက်အအုံ

 

ပန်းဆိုးတန်းလမ်းမကြီးဟာ ရန်ကုန်ရဲ့  ရှေးဟောင်းအမွေအနှစ်အဆောက်အအုံတွေ ရှိတဲ့လမ်းဆိုလည်းမမှားပါဘူး။ ပန်းဆိုးတန်းလမ်းမကြီးပေါ်က လောကနတ်အနုပညာ index

ပြခန်းရှိတဲ့ အဆောက်အဦးကြီးကိုတော့သိမှာပါ။ အဲသည်အဆောက်အဦးရဲ့ မြေညီထပ် မှာတော့ အစိုးရက ဝင်းသူဇာဆိုင်ဖွင့်လှစ်ထားပြီး အလယ်ထပ်မှာတော့ မိသားစု အတော်များများနေထိုင်ပြီး အပေါ်ဆုံးထပ်မှာတော့ လောကနတ်အနုပညာပြခန်း  ရှိပါတယ်။

၁၉၀၆ခုနှစ်ကတည်းက အဆောက်အအုံကြီးဖြစ်ပြီး။ ပထမဆုံးပိုင်ရှင်တွေကတော့ ဂျူ းလူမျိုး ကုန်သည်မိသားစု ဖြစ်ပါတယ်။ ဆိုဖဲရ်မိသားစုလို့လည်းခေါ်ပါတယ်။  နာမည်ကျော် စီးပွားရေးလုပ်ငန်းတွေ ဖွင့်လှစ်ခဲ့တဲ့နေရာတစ်ခုပါ။

၁၉၇၁ခုနှစ်မှာ ပထမဆုံးခေတ်ပြိုင် အနုပညာပြခန်းအဖြစ် လောကနတ်ကို စတင်ဖွင့်လှစ်ခဲ့ပါတယ်။ ဝင်ဝင်ချင်းမြေညီထပ်မှာ သတိထားမိတာ ခင်းထားတဲ့ကျောက်ပြားတွေပါ။ ရှေးဟောင်းဖြစ်တဲ့အတွက် တစ်မူထူးခြားနေပါတယ်။ နောက်ထပ်ထူးခြားတာတစ်ခုက ဆိုဖဲရ်အဆောက်အဦးမှာ ခင်ထားတဲ့ ကြွေပြားတွေဟာ အဲသည်အဆောက်အဦးတစ်ခုတည်းအတွက်သာ  စက်ရုံမှာအော်ဒါမှာထားတာဖြစ်ပြီး အဲသည်အဆောက်အဦးကလွဲလို့ ဘယ်မှာမှ မရှိတဲ့ကြွေပြားတွေပါပဲ။ IMG_20150222_100709 copy

ဝင်းသူဇာဆိုင်စတင်ဖွင့်ခြင်းမှာ ပြင်ဆင်တဲ့အနေနဲ့ ခင်းထားတဲ့ကြွေပြားတွေကို မြေလှန်ပစ်ကြပါတယ်။ YGH(Yangon Heritage Trust) က သိသိချင်း တားဆီးခဲ့ရာမှာ အနည်းငယ်သာ ဖျက်ဆီးဖြစ်တာမို့ အချိန်မီလိုက်ပါတယ်။ အခုဆိုရင် ဆိုဖဲရ်အဆောက်အဦးကြီးက ကြွေပြားတွေကို အရင်အတိုင်းတွေ့မြင်နိုင်ပါသေးတယ်။

အဆောက်အဦးတစ်ခုကို ထိန်းသိမ်းရာမှာတော့ အဓိကခက်ခဲတာ ပိုင်ဆိုင်မှုပါပဲ။  ယခုလည်း အောက်ဘက်မှာ ဝင်းသူဇာဆိုင်ဖြစ်ပြီး အလယ်ထပ်မှာတော့ မိသားစုတွေနေကြပါတယ်။ အပေါ်ထပ်မှာတော့ အနုပညာပြခန်းဖြစ်လို့နေပါတယ်။   ပိုင်ဆိုင်မှုတွေ ရှုပ်ထွေးတာကြောင့် အဆောက်အဦးကို မွမ်းမံပြင်ဆင်မယ့်အပိုင်းမှာလည်း ခက်ခဲလို့နေပါသေးသတဲ့။IMG_20150222_100944

ထူးထူးခြားခြား အဲသည်ခေတ်ကတည်းက ကြေးစာဆိုင်းဘုတ်ကိုလည်းတွေ့မြင်ခဲ့ပါသေးတယ်။

 

လေးစားစွာဖြင့်

အောင်မိုးသူ

Ref : Yangon Heritage Trust လေ့လာရေးခရီးစဉ်

13 comments

  • Mr. MarGa

    March 9, 2015 at 5:46 pm

    ​​ကြွေပြား​တွေက မြန်​မာပြည်​ထွက်​လား တခြားကမှာတာလား
    ဆိုဖဲရ်​မိသားစုကို​တော့ သိပ်​မသိတာအမှန်​

  • ခင်ဇော်

    March 10, 2015 at 11:05 am

    ဟာ၊
    မနေ့က တင် ဒီ အကြောင်းကို ရွာထဲက တစ်ယောက်နဲ့ ပြောဖြစ်နေသေးတယ်။
    ခု ရှိတော့ဘူးဆို။
    ကျောက်မျက်ရတနာဆိုင်တွေ ရောက်ကုန်ပြီဆိုလားပဲ။ 🙄

  • Mike

    March 10, 2015 at 11:29 am

    .ဆိုင်းဘုတ်ကိုအသေအချာဖတ်ရအောင်ရိုက်ဖို့ကောင်းတယ်ဗျာ

  • Crystalline

    March 10, 2015 at 12:55 pm

    ကြော်ငြာဘုတ်က… KT U Kyaw Tint ကတော့… သရုပ်ဆောင်လှအင်ဇလီတင့်အဖေထင်တယ်…

  • ဦးကျောက်ခဲ

    March 10, 2015 at 1:17 pm

    မဆလခေတ်မှာ အဲသည့်အဆောက်အဦးက …
    ယာဉ်နဲ့စက်ကိရိယာ အပိုပစ္စည်းအရောင်းခန်းမ ဖြစ်လိုက်သေးတယ် …
    အဲသည့်တုန်းက မြို့တော်ဝန်ဟောင်းဦးကိုလေးက ညွှန်ချုပ်…
    :k:

  • Ma Ma

    March 10, 2015 at 6:28 pm

    လောကနတ်ကို ပြီးခဲ့တဲ့အပတ်က ရောက်ခဲ့သေးတယ်။

    ကြီးမားခမ်းနားတဲ့အဆောက်အဦကြီး (လို့ကို ထင်စရာမရှိအောင်) ကို ပိုင်းခြားကန့်သတ်ပြီး နေထိုင်လုပ်ကိုင်နေကြတာ ရှုပ်ပွပွေလီနေတာပဲ။

    ဝမ်းနည်းဖို့တောင် ကောင်းတယ်။

    ရန်ကုန်မြို့ရဲ့အမွေအနှစ်တွေကိုတနေ့တာ လေ့လာရေးလုပ်တဲ့ ခရီးစဉ်နဲ့ လိုက်ပါခွင့်ရခဲ့တာ ကံကောင်းတာပဲ။

    လိုက်ပါခွင့်မရပေမယ့် ခုလိုပြန်ပြောပြပေးသူရှိလို့ သိရတာလည်း ကျေနပ်စရာပါပဲ။ :))

    • အောင် မိုးသူ

      March 11, 2015 at 10:10 am

      ရန်ကုန်မှာဆိုရင်တော့ အဲသည်ခရီးစဉ်လေးကို လိုက်ပါလို့ရတယ်လေ။ အမြန်ဆုံး စာရင်းပေးသွင်းဖို့ပဲလိုတာ။ အဲသည်အဆောက်အအုံရဲ့ အလယ်ထပ်ဆိုရင် ပြင်ဆင်မှုမရှိ ရှုပ်ပွေလီနေတာ။

  • kai

    March 11, 2015 at 2:04 am

    အဲဒီမူရင်းပိုင်ဆိုင်သူကိုပြန်လိုက်ပြီး.. ကျုးကျော်တွေဆိုရင်.. ထိုက်သင့်တဲ့လျှော်ကြေးပေး.. ရှင်းထုတ်ပစ်ဖို့ကောင်းတယ်..
    ပြောတာပြောတာ.. အဲဒီခေတ်ကပိုင်ရှင် တော်တော်များများယူအက်စ်မှာရှိကြတယ်လို့.. ထင်သဗျ..။
    တလောကတင်.. ရန်ကုန်မြို့ထဲက.. သိပြီးတိုက်တော်တော်များများတွေရဲ့.. မူလပိုင်ရှင်မျိုးဆက်တွေနဲ့တွေ့ခဲ့သေး…။

    မဂိုလမ်းထဲက.. အိန္ဒိယနွယ်ဖွားတွေဆို… တော်တော်များများ.. ယူအက်စ်ရောက် အခြေချနေနေကြတာ…

  • မြစပဲရိုး

    March 11, 2015 at 5:55 am

    ဆိုင်းဘုတ် က တကယ် အတည်လား။ နောက်ထားတာလား။
    အင်္ဂလိပ်စာ နဲ့ ပြင်သစ်စာ အပြင် အေလီယန်စာ ကိုပါ သင်တယ်လား။
    Special Classes for Aliens တဲ့ .. အောက်ဆုံး စာကြောင်းက။
    ဘာကို ဆိုလိုတယ်မသိ။ 🙄

    • kai

      March 11, 2015 at 6:05 am

      ထိပ်မှာ အရဟံလုပ်ပြီး.. ခွဲခြားဆက်ဆံရေးလုပ်ထားကထဲက..သိပ်မဟုတ်တဲ့ဆိုင်းဘုတ်လို့ထင်တာ…
      အေလီယန်ပါပါတော့.. ပိုသေချာသွားတယ်..။
      ကြည့်ရတာ.. နိုင်ငံခြားသားတွေကိုပြောတာထင်ပါတယ်..။

      ဆိုတော့..
      ဖဘမှာ.. United State of Burma ဆိုတာ.. တယောက်ယောက်က ပုံလေးနဲ့သေသေချာချာလုပ်ရေးတင်ထားတာ တွေ့လိုက်လို့.. တွေးမိသေး..
      ပြည်ထောင်တွေအများကြီးစုထားတဲ့.. ပြည်ထောင်စုကို.. ဆိုလိုချင်ရင်.. United States (s) ပါရမှာလို့..။

    • အောင် မိုးသူ

      March 11, 2015 at 10:09 am

      အဲ့သည်ဆိုင်းဘုတ်က အဆောက်အဦးအစကတည်းက ရှိခဲ့တဲ့ဆိုင်းဘုတ်လို့ပြောပါတယ် ခင်ဗျ။

  • manawphyulay

    March 13, 2015 at 4:16 pm

    အဲဒီနေရာသွားတာစာရင်းပေးဖို့ မလိုပါဘူး။ မနောဆို ညနေတိုင်းလိုလို ဖြတ်ပြီး လမ်းလျှောက်ပြန်နေတာပါပဲ။ တစ်ခါတလေ ပန်းချီပြပွဲရှိရင်တော့ တက်ကြည့်ဖြစ်တယ်။ ကျန်တဲ့အချိန်တော့ မော့်တောင် မကြည့်မိဘူး။ (ငှက်ချေး ပါချမှာစိုးလို့ ) :mrgreen:

Leave a Reply