အရောင်ရင့်မှတ်တမ်း – မတ်လ ၂၀၁၅

kaiMarch 10, 20154min57256

Google says humans could live for 500 YEARS – and is investing in firms hoping to extend our lives five-fold

  • Google Ventures’ Bill Maris said he thinks humans can live to 500 years old
  • This will be due to medical breakthroughs and a rise in biomechanics
  • Google’s director of engineering Ray Kurzweil previously said we’d be uploading our brains to machines by 2045
  • Google Ventures has invested in genetics firms and cancer startups
  • Tech giant also set up Calico – anti-ageing research and development labs
  • Mr Maris said: ‘We have the tools to achieve anything that you have the audacity to envision. I just hope to live long enough not to die’
  • But professor Sir Colin Blakemore believes there’s a limit on human life
  • Neurobiologist believes 120 years ‘might be an absolute to human lifespan’
  • This is because living for longer is ‘so rarely exceeded’ that even with medical advances, it is unlikely this threshold will be raised 
Mr Kurzweil referred to Moore's Law that states the power of computing doubles, on average, every two years quoting developments from genetic sequencing to 3D printing. This puts us on course for singularity by 2045. In his book, The Singularity Is Near, he plots this development and journey towards singularity in a graph

Mr Kurzweil referred to Moore’s Law that states the power of computing doubles, on average, every two years quoting developments from genetic sequencing to 3D printing. This puts us on course for singularity by 2045. In his book, The Singularity Is Near, he plots this development and journey towards singularity in a graph

Read more: http://www.dailymail.co.uk/sciencetech/article-2986493/Google-says-s-possible-humans-live-500-YEARS-investing-firms-hoping-extend-lives-five-fold.html#ixzz3TumlC0Jy
Follow us: @MailOnline on Twitter | DailyMail on Facebook

56 comments

  • Mr. MarGa

    March 10, 2015 at 8:41 am

    သင်္ခါရ အခွင့်အရေး…
    သင်္ခါရ အခွင့်အရေး…
    သင်္ခါရ အခွင့်အရေး…
    :k: :k:

  • ခင်ဇော်

    March 10, 2015 at 11:09 am

    ဆုတ်ကပ်
    ဆုတ်ကပ်

    :k:
    :k:
    :k:

  • pooch

    March 10, 2015 at 11:38 am

    နေပါအုန်း အဲ့လောက်သက်တမ်းရှည်လာတော့ တိုးလာတဲ့ လူဦးရေ ကို ဘယ့်နှယ့်ထိန်းကြမှာလဲ
    သူနဲ့အပြိုင် ရောဂါဆန်းတွေနဲ့ အသက်ချွေပေးမှာလား

    ငွေသက်တွေနဲ့ ရှည်ပေးမှာမလား ဒါဆို ရင်တော့ သိပ်စိတ်ပူစရာမလို

    လောလောဆယ်တော့ ဓာတ်ဆားတထုပ်မတိုက်မိတာနဲ့ကို
    သေနေတဲ့ ကလေးတွေကလည်း မနည်းဆိုတော့ :((

    • kai

      March 10, 2015 at 1:41 pm

      လွန်ခဲ့တဲ့.. နှစ်၇၀ဝလောက်က.. ပုလိပ်ရောဂါဖြစ်လိုက်.. လူသန်းပေါင်းများစွာကြွ…။

      The Black Death was one of the most devastating pandemics in human history, resulting in the deaths of an estimated 75 to 200 million people and peaking in Europe in the years 1346–53.[1][2][3] Although there were several competing theories as to the etiology of the Black Death, analysis of DNA from victims in northern and southern Europe published in 2010 and 2011 indicates that the pathogen responsible was the Yersinia pestis bacterium, probably causing several forms of plague.

      အခုခေတ်.. အင်မတန်ဆိုးတဲ့.. အီဘိုလာလိုရောဂါဖြစ်တာတောင်.. လူ၅သောင်းမကြွေ..။
      အဲ.. ဘာသာရေး(ခံ)စစ်ပွဲတွေကတော့ …လူသိန်းဂဏန်းသတ်နေနိုင်လေရဲ့..။

      Ebola Virus Epidemic and Outbreak News: Total Cases Now at 24000
      Science Times‎ – 3 days ago
      There are 9729 recent cases of death from the Ebola outbreak reported from six countries …

      ကပ်၃ပါးထဲ.. လူသားတွေသန်းရာချီသေတဲ့ကပ်(သတ္ထန္တရကပ်, ရောဂန္တရကပ်, ဒုဗ႓ိက္ခန္တရကပ်) တွေမရှိနိုင်တေ့ာ.။
      ဒီဆုပ်ကပ်ဆိုတာကြီးမှာ.. လူသားတွေ.. ကပ်ရောဂါတွေကိုနိုင်သွားပါပြီ..။ လူသားစွမ်းအားနဲ့.. ကပ်၃ပါးကလွတ်သွားပြီပဲဆိုပါစို့..။

      ၂၀၄၅မှာ.. လူဦးနှောက်မှတ်ဉာဏ်တွေကို.. စက်ပေါ်ရွှေ့နိုင်ပြီတဲ့…။
      သဘောက..
      အဲဒီခေတ်ကျ.. . ပုရှ်မမဆွဲထားတဲ့.. ပရိုဂရမ်လေး Run ပေးလိုက်ရင်.. အဟာရပါပြီး.. အင်တိုင်ဗိုင်အိုးတစ်ပါပြီး..ဓာတ်ဆားထုတ်လောက်များ. ကလေးတွေစား ရသွားမပေါ့..။
      တကယ်တော့မဟုတ်..။ Visual အိပ်မက်ယောင်ထဲ..။ :k:

  • ဦးကျောက်ခဲ

    March 10, 2015 at 1:19 pm

    အဲ့ဂလောက် အသက်ရှည်မယ်ဆို ပျင်းစရာကြီး…
    ရိုးရိုးတွေးရင် လင်ကွာ မယားကွာ အရှုပ်အရှင်းတွေ ပိုလာမယ်… အ ဟိ
    :k:

    • kai

      March 10, 2015 at 1:25 pm

      တခါဖတ်ဖူးတဲ့.. ဂျာမဏီမှာဥပဒေကြမ်းတင်သွင်းခိုင်းသလို..လက်ထပ်စာချုပ်ကို ရနှစ်တခါ.. အပ်ဒိတ်လုပ်.. မလုပ်ရင်…အလိုအလျှောက်ပျက်ပြယ်ဆိုတာမျိုးတွေလိုမယ်ထင်တယ်..။ :k:

    • black chaw

      March 10, 2015 at 3:03 pm

      ဟွန့်…။
      လင်ကွာ မယားကွာ အရှုပ်အရှင်း က စတွေးတယ်…။
      လူဆိုး…။
      :mrgreen:
      အဲဒါဆို သူကြီးရေ…။
      ပင်စင် ယူတဲ့ အသက်ကိုလည်း ပြောင်းပေးရမယ်ထင်တယ်ဗျ…။
      ရှုပ်ပါတယ်ဗျာ…။
      ဒီအတိုင်းလေးပဲ ကောင်းပါတယ်…။
      :mrgreen:

      • kai

        March 10, 2015 at 3:18 pm

        ပင်စင်ယူတဲ့အသက်ကတော့.. ယူအက်စ်မှာ..လူတွေအသက်ရှည်တာနဲ့အမျှတိုးပေးလာတိုက်တာ.. နောက်နှစ်လောက်ဆို.. ၆ရဖြစ်မယ်ထင်တယ်..။
        အခု.. ၆၅-၆၆..။

        . လူတွေဦးနှောက်.. ကွန်ပြူတာပေါ်တင်လိုက်နိုင်ရင်.. လင်မယား..အိမ်ထောင်ပြု.. ၂ဦးသဘောတူ လိင်ပိုင်ဆိုင်မှုကို စာချုပ်ထားတာမျိုးကတော့.လိုတော့မယ်တောင်မထင်..။ :k:
        စကားအတင်းစပ်..
        ..ဒီလ သတင်းစာအတွက်လည်း လုပ်ပေးဦးနော..။

  • kai

    March 10, 2015 at 3:40 pm

    ရန်ကုန် တက္ကသိုလ်ရိပ်သာလမ်း မတ်လ ၉ ရက်

    ဒေါ်အောင်ဆန်းစုကြည် ဧ။် ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်ခြံဝင်းတံခါးထိပ်ရှိ အမျိုးသားခေါင်းဆောင်ကြီး ဦးအောင်ဆန်းဧ။်ပုံနေရာတွင် ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ ကိုအောင်ဆန်းဧ။်ပုံက်ု ပြောင်းလဲချိတ်ဆွဲခဲ့ပါသည် ။

  • kai

    March 10, 2015 at 4:33 pm

    https://www.facebook.com/photo.php?fbid=1055580051125801&set=a.386209868062826.112119.100000214478693&type=1&fref=nf
    မှကူးယူဖေါ်ပြသည်။

    ကျွန်တော်စဉ်းစားတယ်ဗျ… အတိုက်အခိုက်ခံလာရတဲ့အခါ အရင်တုန်းကလိုဘာမှမပြောဘဲနေမလား၊ အမှန်အတိုင်းရှင်းပြမလားဆိုတာ…

    ကျွန်တော်ပထမဆုံးအကြိမ် Public ကိုစာရေးရှင်းပြခဲ့တာက တက္ကသိုလ်ဘောလုံးပွဲလုပ်တုန်းကပါ။ တစ်ခုသွားတွေ့ရတာ မြန်မာလူမျိုးတော်တော်များများက ကောလာဟလကိုယုံလွယ်တယ်ဆိုတာနဲ့ ကောင်းကောင်းမွန်မွန်ရှင်းပြတော့လည်း လက်ခံတတ်ကြတယ်ဆိုတာပါပဲ…

    အခုလည်းမမှန်သတင်းရေးပြီး ပွဲဆွတတ်တဲ့ Exile တစ်ယောက်ကသူ့ဂျာနယ်မှာ ပေါက်ကရရေးထားတာတွေ့ပါတယ်။ သိုသိုသိပ်သိပ်ပင်နေလိုသော်လည်း အရင်ကလိုအမြင်ကပ်ပုဒ်မနဲ့ စော်ကားတိုင်းခံရမယ့် ခေတ်မဟုတ်တော့လို့ လူထုကြားပြန့်နေတယ်လို့ယူဆရတဲ့ ကောလာဟလသတင်းမှားများကို အမှန်အတိုင်းပြန်လည်တင်ပြအပ်ပါတယ်။

    ၁။ စင်္ကာပူတွင်ကျောင်းတက်သည်ဆိုသည့်ကိစ္စ

    – မည်သည့်နိုင်ငံ၏တက္ကသိုလ်ကိုမှ လေ့လာရေးအဖြစ် အလည်အပတ်ပင်မရောက်ရှိဘူးပါ။ ဘယ်လိုစပြီး သတင်းထွက်လာမှန်းကိုပင်မသိပါ။ စင်္ကာပူနိုင်ငံရှိမည်သည့် တက္ကသိုလ်/ကျောင်းများတွင်မဆိုလည်းစုံစမ်းနိုင်ပါသည်။ လေယာဉ်/ရဟတ်ယာဉ်ဖြင့် နေ့ချင်းပြန်သွားတက်ဖို့ဆိုတာကတော့ ပို၍ပင်ဝေးသောကိစ္စဖြစ်ပါသည်။

    ၂။ မင်းသမီးများနှင့်ကိစ္စ

    – ဝတ်မှုန်ရွှေရည်နှင့်ခိုးပြေးသည်၊ Suzuki ကားပေးသည်ဆိုသည်မှာမဟုတ်ကြောင်း အစထဲကရှင်းပြဖူးပါသည်။ ပေးလည်းမပေးနိုင်သလို ပေးလည်းယူမည့်သူမဟုတ်ပါ။ ၂၀၀၉ ခုနှစ်သူ့မွေးနေ့ပွဲသွားတက်ပြီး နောက်ရက်မှာပင် အဲ့လိုပြောလာခြင်းဖြစ်ပါသည်။ သူ့ကိုပေးခဲ့သည့် လက်ဆောင်က Ralph Lauren lotion နှင့်ရေမွှေးဘူးဖြစ်ပါသည်။ မိုးယုစံနှင့်လည်း လက်ထပ်သည်ဟု Freedom news group ကသတင်းမှားဖြန့်ဘူးပါသည်။ အဲ့ facebook page ကဗုဒ္ဓဘာသာပတ်သက်လာလျှင်တောင် မအေနှမကိုင်တုတ်တတ်ကြောင်းကြားဘူးပါသည်။

    – မိုးစက်ဝိုင်တစ်ယောက်လည်း သူ့စရိတ်နဲ့သူဘောလုံးပွဲ လာတက်ပေးတာတောင် တော်တော်အကြိတ်ခံလိုက်ရရှာပါသည်။ ပြိုင်ကားမှာကျွန်တော့်သူငယ်ချင်းကားဖြစ်ပြီး ကျွန်တော့်သူငယ်ချင်းကကားမောင်း၊ ကျွန်တော်ကမိုးစက်ဝိုင်ဖလားယူလာသည်ကို စင်ပေါ်မှစောင့်ကာလက်ခံပေးခြင်းဖြစ်ပါသည်။ (ကားတံခါးဖွင့်ပေးနေသည့်သူမှာ Restaurant မှငှားထားသော Waiter တစ်ဦးသာဖြစ်ပါသည်)

    – နောင်ကောလာဟလထွက်လာလျှင် လူထုနှင့်ထိတွေ့မှုရှိသည့် သက်ဆိုင်ရာအနုပညာရှင်များကို တိုက်ရိုက်မေးလျှင်ပိုကောင်းမည်ဟုထင်ပါသည်။

    ၃။ ရဟတ်ယာဉ်မောင်း/အသုံးပြုသည်ဟူသောကိစ္စ

    – လုံးဝမမောင်းဘူး/မသင်ဘူးပါ။ ဝါသနာလည်းမပါပါ။ ရဟတ်ယာဉ်နဲ့ ဘဲကင်ဝယ်ပေးရသည်ဟုရေးတာကတော့ ဘာပြောရမှန်းတောင်မသိတော့ပါ။ မှတ်မှတ်ရရ ရဟတ်ယာဉ်ကိစ္စ မဇ္ဈိမကရေးသားခဲ့ခြင်းဖြစ်ပါသည်။ သို့သော်မဇ္ဈိမသည် အတိုက်အခံလုပ်ခဲ့သော မီဒီယာများအနက် နောက်ပိုင်းတွင်သိက္ခာရှိရှိ ရေးသားရပ်တည်မှုပြုလာသည်ဟု မြင်ပါသည်။

    ၄။ ဗိုလ်ချုပ်ကြီးတင်အောင်မြင့်ဦး၏သား ကော်ဖီဆိုင်ကိုဘူဒိုဇာဖြင့်ထိုးသည်ဟူသောကိစ္စ

    – မှတ်မိသလောက်ငါးထောင်တန်ကော်ဖီကို မှာမရဟုဆိုသဖြင့် ကျွန်တော်ကဘူဒိုဇာဖြင့်ထိုးချခိုင်းသည်ဟု ရေးထားပါသည်။ လုံးဝမဟုတ်သလို ထိုကဲ့သို့လည်းဘယ်သူမှလုပ်၍ရမည်မဟုတ်ပါ။ သူ့ဟာသူညိစွန်းသဖြင့် ဖျက်ခိုင်းခဲ့ခြင်းဖြစ်သည်ဟုသိရပါသည်။ သက်ဆိုင်ရာဝန်ကြီးဌာနနှင့် ကာယကံရှင်များကိုသာမေးကြပါဟု တိုက်တွန်းပါသည်။

    ၅။ မန်ယူဝယ်မည်ဆိုခြင်း

    – Chelsea ပရိတ်သတ်ဖြစ်ပါသည်။ Joe Cole, Robben, Drogba, Ballack, Lampard, Essien, Terry, Carvalho, Cech တို့ခေတ်ကိုအကြိုက်ဆုံးဖြစ်ပါသည်။ မန်ယူမှလွဲ၍လည်းအကုန်အားပေးပါသည်။ ကျွန်တော့်လိုနာမည်ကြီးထမင်းငတ်ကောင်မပြောနှင့် မြန်မာပြည်ရှိဘယ်သူဌေးမှ မန်ယူမဝယ်နိုင်ပါ။ ဘယ်သူဌေးကမှလည်း ဒီလောက်နိုင်ငံတကာက မျက်စိဒေါက်ထောက်ကြည့်၊ပိတ်ဆို့နေချိ်န်တွင် ဘယ် Club ကိုမှဝယ်ဖို့မကြိုးစားခဲ့ပါ။

    ၆။ The whole burma first

    – Top 10 List တွင်ပင်မပါပါ။ ‘သားကိုပေးပါ’ လို့အတင်းသွားပြောရင်တော့ ပေးကောင်းပေးနိုင်ပါသည်။ စာဖတ်သူကော ရာထူးရှိတိုင်း အဲ့လိုကြီးမျက်နှာပြောင်တိုက်သွားပြောချင်မည်လား?? လူထဲကလူသာဖြစ်သော ကျွန်တော်သည်လည်းမတောင်းခဲ့ပါ။ ၂၀၀၆-၂၀၀ရ ပညာသင်နှစ်က TTC ကတစ်နိုင်ငံလုံးအဆင့်(၆)သာ ချိတ်ပါသည်။ ကျွန်တော့်အကြောင်းသိချင်လျှင် ကျွန်တော့်ကိုပညာသင်ပေးခဲ့သော ဆရာ၊ဆရာမများကိုမေးနိုင်ပါသည်။

    ၇။ ယာဉ်ထိန်းရဲကို ထိုးကြိတ်သည်ဟူသောကိစ္စ

    – လုံးဝမဟုတ်ပါ။ သိလိုက်ရသည်က လုပ်စားနိုင်ငံရေးသမားများက နှစ်ဘက်စလုံးမှာရှိတယ်ဆိုတာပဲဖြစ်ပါသည်။ မီဒီယာအချို့နှင့်ပူးပေါင်းအကွက်ဆင်ခဲ့ခြင်းဖြစ်ကြောင်းလည်းပြောခဲ့ဘူးပါသည်။ သတင်းထွက်ထွက်ချင်းကတော့ အစိုးရတစ်ဖွဲ့လုံးကို စာပို့ရှင်းပြခဲ့ဘူးပါသည်။ သူပြောသလိုမီးစိမ်းခိုင်းတာ မီးဝါသွား၍ဆင်းထိုးသည်ဆိုမှာလည်းမဟုတ်ပါ။ ဘယ်သူမှလည်း အဲ့လိုလုပ်လို့ရမည်မထင်ပါ။ အခုခေတ်ကပွင့်လင်းမြင်သာစွာ တရားစွဲဆိုနေကြသောခေတ်ဖြစ်ပါသည်။ သူသာအမှန်ဆိုပါလျှင် အခုနာမည်ကြီးနေသော ဘာအဖွဲ့အစည်း၊ ညာအဖွဲ့အစည်းများနှင့်ပူးပေါင်း တရားစွဲပါဟုသာပြောလိုပါသည်။

    ၈။ ဂျာနယ်တိုက်ဝင်စီးသည်ဟူသောကိစ္စ

    – နိုင်ဝင်း(ခ)မိုးဟိန်းသည် ABSDF အဖွဲ့ဝင်ဟောင်းဖြစ်ပြီး ထိုင်းနိုင်ငံမှတဆင့် အမေရိကားသို့နိုင်ငံရေးခိုလှုံခွင့်ဖြင့် သွားရောက်နေထိုင်ခဲ့သူဖြစ်ကြောင်း သိရပါသည်။ မြန်မာပြည်သို့ ပြန်ဝင်ခွင့်ရချိန်တွင် ‘ဒေါ်စု၊NLD နှင့် ၈၈ အကြောင်းအကုန်သိထားပြီးဖြစ်၍ အတွင်းစည်းမှတိုက်ခိုက်မည်’ ဟုအကြောင်းပြကာ ဝန်ကြီးတစ်ဦးထံဂျာနယ်ထုတ်ရန် သွားရောက်အကူအညီတောင်းခဲ့ကြောင်းသိရပါသည်။ သူ့အပြောကိုယုံကြည်ကာ ဝန်ကြီးသားအနေဖြင့်လည်း နိုင်ဝင်း(ခ)မိုးဟိန်းမိသားစုကို နေစရာအစ၊ ဗီဇာကိစ္စအလယ်၊ သူ့ကလေးကျောင်းတက်ရန်အဆုံး ထောက်ပံ့ပေးခဲ့ပါသည်။ ဒါကြောင့်လည်း နိုင်ဝင်း(ခ)မိုးဟိန်းက ရှိသမျှလူအကုန်လိုက်ဖဲ့နေသော်လည်း ထိုဝန်ကြီးနှင့်သူ့ကိုကူညီခဲ့သည့် ဘဏ်သူဌေးကြီးတစ်ယောက်အကြောင်း မရေးရဲခြင်းဖြစ်ပါသည်။

    – ကျွန်တော်တို့ကို ချိုးချိုးဖဲ့ဖဲ့ရေးလာသောအခါ ကျွန်တော်ကဝန်ကြီးသားကို ထိုကဲ့သို့မရေးပါရန်မေတ္တာရပ်ခံခဲ့ပါသည်။ ဝန်ကြီးသားက မိုးဟိန်းကိုထိန်းမရဖြစ်နေကြောင်း၊ သူ့ကိုထိတာနဲ့ ၈၈ အကူအညီယူ၍ပွဲကြမ်းမည်ဟုပင် ခြိမ်းခြောက်လာကြောင်း၊ ဖြစ်ခဲ့သည့်ကိစ္စများအတွက် အလွန်အားနာကြောင်းပြောကာ သူ့ကိုပြောမရသည့်အဆုံး ဂျာနယ်ဆက်ထုတ်ခြင်းမပြုနိုင်ရန် (ဝန်ကြီးသားကသူ့ပိုက်ဆံဖြင့်ပင်ဝယ်ထားသည့်) ကွန်ပြူတာများကိုသွားရောက် သိမ်းဆည်းခဲ့ကြောင်းသိရပါသည်။

    – ကျွန်တော်ဝင်ရောက်စီးနင်းခဲ့ခြင်း မဟုတ်သော်လည်း ကျွန်တော်ကြောင့် သူဂျာနယ်ဆက်ထုတ်ဖို့အကြီးအကျယ်အခက်တွေ့သွားသလို ယခုလည်းပြည်နှင်ဒဏ်အပေးခံထားရ၍ စိတ်နာနေမှာဖြစ်ပြီး နည်းမျိုးစုံဖြင့်လည်း ကျွန်တော်တို့ကိုနာမည်ဖျက်ရန် ဆက်လက်ကြိုးပမ်းနေမှာသာဖြစ်ပါသည်။

    ၉။ မူးယစ်ဆေးဝါးသုံးသည်ဆိုသောကိစ္စ

    – ဆေးလိပ်နံ့ပင်မခံနိုင်ပါခင်ဗျား… အရက်လည်းမသောက်တတ်ပါ။ ဒါကိုသိသောကျွန်တော့်မိတ်ဆွေများကလည်း ကျွန်တော့်ကောင်းကြောင်းလေးလည်းပြောပေးကြပါ။ အခုမှပြောပေးလျှင်လည်း ‘ဖားသည်’ဟုတော့မပြောတန်ရာပါ။

    – ဦးမောင်ဝိတ်နှင့်ပေါင်း၍ ဆေးချသည်ဆိုမှာဝေလာဝေးပါ။ သိသူများလည်းမေးကြည့်ကြပါ။ ကျွန်တော့်သင်္ကြန်မဏ္ဍပ်လာလည်သည်ကို အကြောင်းပြုကာလဟလထွက်ခြင်းဖြစ်ပါသည်။

    ၁၀။ ပြိုင်ကားကိစ္စ

    – ဝါသနာပါပါသည်။ လေယာဉ်ကွင်းနားရှိ ပြေးလမ်းမဟုတ်သောမြေကွက်လပ်၌လည်း မောင်းဖူးပါသည်။ ဟိုလိုမျိုးဒေါ်လာသန်းချီ ကားပြိုင်သည်ဆိုတာတော့ လျှောက်ပြောတာပါ။ ယခုလည်း ကျွန်တော့်တွင်ဘာပြိုင်ကားမှမရှိပါ၊ ပြိုင်ကားနှင့်စောင့်ကြွားစောင့်ကြွားနေရသည်ကိုပင် လုံးဝမနှစ်သက်ပါ။ ပြိုင်ကားလည်းမစီးပါ။ ကျွန်တော်ပြိုင်ကားနှင့်ရမ်းသည်ကိုတွေ့က တစ်ခါတည်းဓာတ်ပုံရိုက် Internet ပေါ်တင်ပါ။

    ၁၁။ ဆီးဂိမ်းတွင်ကတ်ပြားမပါဘဲ ဝင်သည်ဟူသောကိစ္စ

    – ကြောက်ပါပြီခင်ဗျား…နောက်ဆိုကတ်ပြားကို အချိန်ပြည့်ဆွဲထားပါ့မည်
    https://facebook.com/uclmyanmar/photos/a.314180545392952.1073741826.301646953312978/361749663969373/?type=1&source=57&refid=52&ref=bookmark&__tn__=%2As

    ၁၂။ အထွေထွေ

    – ဦးတေဇက ‘မိမိသည် နိုင်ငံတော်အကြီးအကဲ သားမက်မဟုတ်ကြောင်း’ ၂၀၀၆ခုနှစ်ခန့်ကပြောခဲ့ဘူးပါသည်။

    – မိမိ၊စိုင်းစိုင်းခမ်းလှိုင်နှင့် ဦးဇော်ဇော်ပုံ မှာ ၂၀၀ရခုနှစ် ဆီဒိုးနားဟိုတယ်မွေးနေ့ပွဲကပုံဖြစ်ပါသည်။ ကုန်ကျစရိတ်မှာလည်း ပုံမှန်ဖြစ်ပါသည်။အနီရောင်တိုက်ပုံမှာ အနီရောင်ကိုကြိုက်၍ဝတ်ခြင်းဖြစ်ပါသည်။ ယတြာချေခြင်းမဟုတ်ပါ။

    – တပ်မတော်ခေါင်းဆောင်များသည်လည်းပဲ တချို့ရေးသားစွပ်စွဲနေသလို ဗေဒင်၊ယတြာများကို အယုံအကြည်အစွဲအလန်းမရှိလှပါ။

    – သမ္မတအရွေးခံမည်ဟုလည်း သတင်းထွက်ဘူးပါသည်။ Freedom news ကပဲဖြစ်ပါသည်။ လုံးဝမဟုတ်ပါ။ အသက်လည်းမမီပါ၊ စိတ်လည်းမဝင်စားပါ။ သိရသလောက်လက်ရှိလူများပင် ဆင်းပြေးချင်နေကြပါသည်။

    – ကမ႓ာအေးဘုရားလမ်းတွင် မည်သည့်တပ်မြေ၊ ဝန်ကြီးဌာနပိုင်မြေမှမပိုင်ပါ။ တကယ်ရှိသည်ဆိုလျှင်လည်း လာမေးမနေပါနှင့်။ တစ်ခါတည်းကျူးကျော်တဲများထိုး၍ အလကားသာယူသွားပါ။

    – တခြားဘာမှန်းမသိသော ကိစ္စများလည်းရှိပါလိမ့်မည်။အဓိပ္ပါယ်မရှိသောကိစ္စများသာဖြစ်၍ မရေးတော့ပါ။

    အခုလိုရှင်းပြတာကလည်း စိတ်ဆိုးဒေါသထွက်လို့မဟုတ်ဘဲ အမှန်အတိုင်းသိစေလို၍သာဖြစ်ပါသည်။ တိုက်ခိုက်လာမှုရှိ၍လည်း အမှန်အတိုင်းရှင်းပြခွင့်ရရှိခြင်းဖြစ်ပါသည်။

    ကောလဟလများကို ဂရုစိုက်ရန်မလိုဟုဆိုသော်လည်း အရင်တပ်ခေါင်းဆောင်များကို နာမည်ဖျက်ချင်တိုင်း ကျွန်တော်တို့က တစ်ခါမှမကျူးလွန်ခဲ့သော ပြစ်မှုများဖြင့်အမြဲတစေ အပုတ်ချခံရမည်ဆိုသည်မှာတော့ အဓိပ္ပါယ်မရှိပါ။ မြန်မာပြည်တွင် ဒီမိုကရေစီအမည်ခံကာ မီဒီယာကိုလက်နက်သဖွယ် ဆိုးဆိုးရွားရွားအသုံးပြုတိုက်ခိုက်နေကြသည်ကို လောက်ကိုင်ကိစ္စတွင်မှ ပြည်သူလူထုက အထိုက်အလျောက် သဘောပေါက်နားလည်လာခြင်းဖြစ်ပါသည်။

    ကျွန်တော်တို့တိုင်းပြည်သည် အရှေ့တောင်အာရှအချမ်းသာဆုံးတိုင်းပြည်မှ ကမ႓ာ့အဆင်းရဲဆုံးနိုင်ငံအဖြစ်စာရင်းဝင်သွားခဲ့ဘူးပါသည်။ တပ်မတော်အစိုးရလက်ထက်တွင်လည်း စစ်ဝင်မတိုက်ရုံတမယ် အပြင်းအထန်ဖိအားပေး၊ပိတ်ဆို့မှုများနှင့် ထပ်မံကြုံတွေ့ခဲ့ရပြန်သည်။ အခုလည်း နိုင်ငံတကာကဝင်ဆန့်လက်ခံမည်ရှိသေး ပြည်တွင်းစစ်၊ ဆန္ဒပြဆူပူမှုများ၊ ပေါ်လစီမတည်ငြိမ်မှု၊ အချင်းချင်းမညီညွတ်မှုအပြင် “ကိုယ့်ခွင်ထဲဝင်လာပါကတွယ်လိုက်မည်”ဟူသော အယူအဆ၊အတွေးအခေါ်များကို ဆက်လက်ဖက်တွယ်ထားသူများရှိနေသမျှ တိုင်းပြည်ကဘယ်လိုမှတိုးတက်နိုင်မည်မဟုတ်ပါ။

    သို့ဖြစ်ပါ၍ အမိနိုင်ငံတော်ကြီးကမ႓ာ့အလယ်တွင် တဖန်ဝင့်ကြွားစွာရပ်တည်နိုင်ဖို့အရေး ကျွန်တော့်တို့အားလုံးက မေတ္တာရှေ့ထား၊ သံသယစိတ်များဘေးဖယ်ကာ၊ တိုင်းရင်းသားမောင်နှမအချင်းချင်း လက်တွဲညီညီပူးပေါင်း၍ သူများနိုင်ငံများထက်နှစ်ဆကြိုးစားမှပင် တော်ကာကျမည်ဖြစ်ကြောင်း အစီရင်ခံတင်ပြရင်း ကျွန်တော်၏စာကိုလည်း ဤနေရာတွင်အဆုံးသတ်၊နိဂုံးချုပ်အပ်ပါသည်။

    • Crystalline

      March 10, 2015 at 5:29 pm

      မြေးတော်လေးရဲ့ဖြောင့်ချက်များပေါ့… :loll:

    • ဦးကြောင်ကြီး

      March 11, 2015 at 11:25 am

      ဇော်ဇော်အောင် ဝတ္ထုတပုဒ် ဖတ်ဖူးတယ်.. .အဲဒမှ မင်းသားက လူဆိုးတွေ အလိုက်ခံရလို့ ပြေးရင်းလွှားရင်း အရက်ဆိုင်တခုဝင်စားတယ်၊ ဆိုင်ထဲ လူရိပ်လူခြေ ကြည့်လိုက်တော့ အားလုံး ကိုယ့်အာရုံနဲ့ကိုယ် သူ့ ဘယ်သူမှ ဂရုမစိုက်ကြ.. အဲဒါမှဒင် ထောက်လှမ်းရေးသင်တန်း ပို့ချချက် အားလုံးတိုက်ဆိုင်နေလျင် လုပ်ကြံဖန်တီးမှုဆိုတာ သတိရပီး ဦးအောင် ဆော်ထည့်လို်က်တာ ဆိုင်ထဲမှာ စားသောက်သူဟန်ဆောင် စောင့်နေသူတွေအားလုံး တေရော။ ခုလည်း ဒီလိုပဲ 4လပြည့်ငတ ဒီဗလာက် ရိုးသားနေမှတော့ လိင်နေတာဖြစ်မဲ… သေခြာတယ်.. ပစ်..။

    • kai

      March 11, 2015 at 1:29 am

      ဗီဒီယိုတွေ.. ဓာတ်ပုံတွေလိုက်ကြည့်ရသလောက်တော့… ရဲစည်းကိုစထိုးဖောက်တာကတော့.. ကျောင်းသားတွေပါပဲ..။ စိတ်မရှည်နိုင်ကြတော့ဘူးနဲ့တူတယ်..။

      တချို့စာတွေမှာရေးထားတာကတော့.. ရန်ကုန်ပေးသွားဖို့သဘောတူလိုက်ပြီးမှ.. ကျောင်းသားတွေကားဆီအသွားမှာ.. အဲလိုလုပ်တာလို့.. ဆိုတယ်….။
      အဲဒါဆိုရင်တော့ ကြိုတင်ကြံစည်ထားတဲ့.. ထောင်ချောက်ဆင်တာပဲ..။

      ဘာပဲဖြစ်ဖြစ်…
      အကြမ်းဖက်သူအမှားလို့… ရေးခဲ့ဖူးတယ်..။
      ထောင်ချောက်ဆင်ဖမ်းတာဆိုရင်တော့.. ယုတ်မာတာပဲ..။

      ဆိုတော့…
      ယူအက်စ်မှာဆိုရင်တော့.. ရဲဆိုတာ.. အစိုးရ(ဖယ်ဒရယ်)က လှမ်းကိုင်တွယ်ခွင့်မရှိ..။ ရဲဆိုတာ.. အဲဒီဆိုင်ရာနယ်ကသူတွေခန့်ထားတဲ့.. ဥပဒေကာကွယ်သူအဖွဲ့အစည်း..။
      ဖယ်ဒရယ်နဲ့သမ္မတရုံးက.. တိုက်ရိုက်အမိန့်ပေးခွင့်မရှိ..။(ပါတီတူတူ.. ပါတီသားက ဆိုင်ရာပြည်နယ်အုပ်ချုပ်ရေးမှုး(ဂါဗနာ)ဖြစ်နေသည့်တိုင်… တိုက်ရိုက်အမိန့်နာခံရန်မလို..။)
      ဆိုင်ရာတိုင်းဒေသအုပ်ချုပ်ရေးကိုလည်း. သမ္မတနဲ့.. အစိုးရကတိုက်ရိုက်အမိန့်ပေးခွင့်မရှိ..။

      ၂၀၁၅ ရွေးကောက်ပွဲမှာ.. ပြည်ထောင်စုအစိုးရ(ဖယ်ဒရယ်)တင်မက.. တိုင်းဒေသကြီးတွေမှာပါ… အတိုက်အခံတွေအာဏာရ..နေရာယူထားနိုင်အောင်သာ… ကြိုးစားလုပ်ကြပေးတော့…လို့..။ :i:

      • မြစပဲရိုး

        March 11, 2015 at 2:35 am

        ဒီ အစိုးရ ထဲ က တစ်ချို့ တော်တော်လေး ယုတ်မာ တာ အခုမှ အထူးအဆန်း ပါလား သူကြီး ရယ်။ 🙄
        အစဉ်အဆက် မိုက်ရိုင်းလာတာ သူတို့ အာဏာမဲ့ချိန် သူတို့ စည်းစိမ် တွေ ပြုတ်မှာ ကြောက်လွန်းလို့ ကာကွယ်နေရတာ။
        ဒါရော ဆန်းသလား။
        ဒီ အယုတ်တမာ တွေ ကို အကွက်ရွှေ့ပေး နေသူ တွေ လဲ အများပါ။
        သူ့လူ ကိုယ့်ဘက်သား ဆိုတာ အလကားရှိတဲ့ စကား မဟုတ်ဘူး။
        Puzzle ဆက်သလို ဆက်ကြည့်လေ။
        ရင်ထဲ နာ တယ်။

        ဧရာဝတီ ထဲ မှာတော့ ဒီ လိုပါတယ်။
        +++++++++++++++++++
        ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့တွင် ရဲတပ်ဖွဲ့၏ တားဆီးမှုခံထားရသော ဒီမိုကရေစီပညာရေး သပိတ်စစ်ကြောင်းကို အာဏာပိုင်များက မတ်လ ၁ဝ ရက်နေ့ မွန်းလွဲပိုင်းတွင် အကြမ်းဖက် ရိုက်နှက်ဖြိုခွင်းလိုက်ပြီး သပိတ်မှောက် စစ်ကြောင်းမှ သံဃာတော်များ၊ ကျောင်းသားများ၊ ကျောင်းသူများ အများစု ရိုက်နှက်ဖမ်းဆီးလိုက်ကြောင်း သတင်းရရှိသည်။

        ယနေ့ နံနက် ၁ဝ နာရီ ၁ဝ မိနစ်တွင် သပိတ်မှောက်ကျောင်းသားများက ရဲတပ်ဖွဲ့၏ တားဆီးမှုကို ဖောက်ထွက်မည်ဟု ကြေညာ ထားရာ ပဲခူးတိုင်းဒေသကြီးနယ်စပ်ရေးရာနှင့်လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးသက်ထွန်းနှင့် ကျောင်းသား ကိုယ်စား လှယ်များ အကြား ညှိနှိုင်းမှုများ လုပ်ဆောင်ခဲ့ကြောင်း၊ မူလက ညှိနှိုင်းချက်များအရ ကျောင်းသားများကို လက်ပံတန်း အထွက် တာဆုံအထိ လမ်းလျှောက်ခွင့်ပြုပြီး ရန်ကုန်သို့ ကားဖြင့် ချီတက်ခွင့်ပြုမည်ဟု သဘောတူညီချက် ရရှိခဲ့သည်။

        သို့ရာတွင် ကျောင်းသားများ စတင်ထွက်ခွာရန် ပြင်ဆင်သောအခါ အလံမထောင်ရ၊ ခွပ်ဒေါင်း နဖူးစည်း မစည်းရ ဆိုသော ကန့်သတ်ချက်များကြောင့် ကျောင်းသားများနှင့် ရဲတပ်ဖွဲ့ဝင်များအကြား တင်းမာမှုများဖြစ်ပွားလာကြောင်း၊ ယင်းနောက် ကျောင်းသားများက ရဲတပ်ဖွဲ့အတားအဆီးများကိုစတင်တိုးဝှေ့ခဲ့ပြီး ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ကြောင်း၊ မွန်းလွဲပိုင်းတွင် ရဲတပ်ဖွဲ့ဝင်များက ကျောင်းသားများကို အတင်းဝင်ရောက် ရိုက်နှက်ဖမ်းဆီး၍ အကြမ်းဖက်ဖြိုခွင်းခဲ့ကြောင်း၊ ဖြိုခွင်းမှု တွင် သံဃာတော်များ၊ ကျောင်းသား၊ ကျောင်းသူများ အပါအဝင် အနည်းဆုံး ၅ဝ နီးပါး အဖမ်းခံရဖွယ်ရှိကြောင်း လက်ပံတန်း ရောက် ဧရာဝတီသတင်းထောက်က သတင်းပေးပို့သည်။

        ရဲတပ်ဖွဲ့ဝင်များသည် သတင်းထောက်များကို ပစ်မှတ်ထား၍ လိုက်လံ ဖမ်းဆီးခဲ့ပြီး ဂျာနယ်သတင်းထောက်တဦး အဖမ်း ခံရကြောင်း၊ အခြားသော သတင်းထောက်များမှာမူ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။

        အလားတူ ရန်ကုန်မြို့တွင် မွန်းလွဲ ၃ နာရီခန့်တွင် ကျောင်းသား အင်အား ၁၀ဝ ကျော်ခန့်က ချီတက်ဆန္ဒပြခဲ့ပြီး ရဲတပ်ဖွဲ့က အကြမ်းဖက် ရိုက်နှက်ဖြိုခွင်း၍ ကျောင်းသား တဦး ကို ဖမ်းဆီးခဲ့ကြောင်း၊ ဖမ်းဆီးထားသော ကျောင်းသား တဦးကို ပြန်လည် လွှတ်ပေးခဲ့သည့်အတွက် ကျောင်းသားများက သပိတ်လှန်၍ လူစုခွဲသွားကြောင်း သိရှိရသည်။

        (ဧရာဝတီသတင်းထောက်သူဇာ ပူးပေါင်းရေးသားသည်)

      • မြစပဲရိုး

        March 11, 2015 at 2:39 am

        အခုမှ တွေးမိတယ်။
        {ယနေ့ နံနက် ၁ဝ နာရီ ၁ဝ မိနစ်တွင် သပိတ်မှောက်ကျောင်းသားများက ရဲတပ်ဖွဲ့၏ တားဆီးမှုကို ဖောက်ထွက်မည်ဟု ကြေညာ ထားရာ }
        What???
        ၁ဝ ရက်နေ့ ၁ဝ နာရီ ၁ဝ မိနစ်
        ဘာသဘောလဲ မသိ။

      • Alinsett@Maung Thura

        March 11, 2015 at 11:48 am

        ရုန်းရင်းဆန်ခတ်မဖြစ်ခင် အရင်ဆုံး
        .ကျောင်းသားတွေကို သွားခွင့်ပြုလိုက်ပြီဆိုတဲ့သတင်း တက်လာသေးတယ်

        :buu:

      • Alinsett@Maung Thura

        March 11, 2015 at 12:15 pm

        ရဲတွေက အုပ်စုလိုက်… အဖမ်းခံထားရတဲ့ ကျောင်းသားတစ်ယောက်ချင်းစီကို..အားရပါးရ ကျွေးနေတာ..
        နောက်ပြီး..ကျောင်းသားတွေရဲ့ ကားကို ဖျက်ဆီးတာများ… ရဲတွေ တစ်ယောက်ပြီးတစ်ယောက်…
        အားရပါးရ…
        အားရပါးရ…
        အားပါးတရ…

        ===================
        ပင်မကျောင်းသားသပိတ်ကို ရိုက်နှက်ဖြိုခွင်း၊ ရာနဲ့ချီဖမ်းဆီး
        2015-03-10

        http://www.rfa.org/burmese/news/police-break-down-students-protest-in-latpadan-03102015104020.html/latpadan-students-crackdown-305.jpg/image

        ပဲခူးတိုင်းဒေသကြီး လက်ပံတန်းမြို့က ပင်မကျောင်းသား သပိတ်စစ်ကြောင်းကို လုံခြုံရေးရဲတပ်ဖွဲ့က ရိုက်နှက် ဖြိုခွင်းပြီး ကျောင်းသား ကျောင်းသူတွေကို ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။

        ထွက်ပြေးတဲ့အချိန်အထိ ရဲတပ်ဖွဲ့က လိုက်လံ ရိုက်နှက်ခဲ့ကြောင်း ရဲတပ်ဖွဲ့ရဲ့ ရိုက်နှက်မှုကြောင့် ဒဏ်ရာရရှိခဲ့သူ ပင်မသပိတ်စစ်ကြောင်းက ဆရာမ ဒေါ်ဇာဇာထွန်းက ပြောပါတယ်။

        “ကျမတို့ကိုရိုက်တဲ့အတွက် ကျမတို့ပြေးတော့ အဲ့မှာ နာရေးကူညီမှုအသင်းကကား သူတို့ကားပေါ်တက် လို့ပြောတော့ ကျမတို့ကားပေါ်တက်တယ်၊ အဲဒီ့ကားပေါ်ထိ ခြေထောက်တွေကို ရိုက်တာပေါ့၊ ရ ယောက်လောက်ရှိမယ် အဲ့ကားပေါ်ကိုလှမ်းရိုက် တာ၊ အဲ့ဒါကိုမှ ကားပေါ်ကဆင်းခိုင်းတာ”

        ဒဏ်ရာရ ကျောင်းသား ကျောင်းသူတွေကို တင်ဆောင်ထားတဲ့ နာရေးကူညီမှုအသင်း(ရန်ကုန်) ရဲ့ လူနာတင်ယာဉ် ၂ စီးကိုလည်း ရဲတပ်ဖွဲ့က ဝိုင်းရိုက်ခဲ့တယ်လို့ ဒဏ်ရာရသူတွေကိုကူညီခဲ့တဲ့ နာရေးကူညီမှုအသင်း ဥက္ကဌ ဦးကျော်သူက ပြောပါတယ်။

        “လူနာတင်ယာဉ်က ထွက်လို့မရဘူးလေ၊ ထွက်လို့မရတာကို ထွက်ခွင့်တောင်းတာ အဲ့အချိန်မှာရိုက်တာ၊ လူနာကိုကားပေါ်တင်တာ အဲ့ကားပေါ်အထိလိုက်ရိုက်တာ၊ ကျနော်တို့ ဆေးရုံပို့တဲ့လူပို့ပေါ့၊ ကျနော်တို့ ကုလို့ရတဲ့လူနာကကုပေါ့၊ အများအားဖြင့် ဆေးရုံပို့ရတဲ့လူနာကများတယ်၊ ကွဲတာပြဲတာတွေများတယ်”

        သပိတ်ကျောင်းသားခေါင်းဆောင်တွေဖြစ်တဲ့ ကိုမင်းသွေးသစ်၊ မဖြိုးဖြိုးအောင်နဲ့ ကျောင်းသား ကျောင်းသူ အတော်များများ ဖမ်းဆီးခံရပြီး သတင်းမီဒီယာသမားတွေ၊ သပိတ်ကို ဝန်းရံသူတွေနဲ့ ကျောင်းသား ကျောင်းသူတွေ ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

        လောလောဆယ်ဖမ်းဆီးခံထားရသူ ရာနဲ့ချီရှိကြောင်း၊ သူတို့ကို စစ်ဆေးပြီးတဲ့နောက် လွှတ်ပေးသင့်သူတွေကို လွှတ်ပေးပြီး၊ ဥပဒေချိုးဖောက်သူတွေကို သာယာဝတီအကျဉ်းထောင်ကို ပို့ဆောင်မှာဖြစ်ကြောင်း ပဲခူးတိုင်း ဒေသကြီး ဒုတိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဝင်းစိန်က RFA ကိုပြောပါတယ်၊

        ရန်ကုန်မြို့ကို ချီတက်လာတဲ့ ပင်မသပိတ်စစ်ကြောင်းဟာ လက်ပံတန်းမြို့မှာ တားဆီးပိတ်ဆို့ခံထားရပြီး ၉ ရက်မြောက်နေ့မှာ အကြမ်းဖက်ဖြိုခွဲခံရတာဖြစ်ပါတယ်။

        http://www.rfa.org

  • မြစပဲရိုး

    March 11, 2015 at 3:01 am

    တကယ် ခံ ရပြီ ဆိုတော့ ကလေး တွေ အတွက် ရင်ထဲ မယ် မကောင်းဘူး။
    သူတို့ အတော်ကြီးများ မျှော်လင့်ချက် တွေ ထားခဲ့ကြသလား ဘဲ။
    ပြီးမှတော့ အခုမှသိလား လို့ မပြောချင်တော့ပါဘူး။
    ဒီကလေး တွေ အတွက် ဘယ်သူတွေ တာဝန်ခံ မှာလဲ။
    အစိုးရမှာလဲ တာဝန်အပြည့် နဲ့ ဖြေရှင်းရမယ်။
    ဒီကလေး တွေ ကို နောက်က ကြိုးဆွဲခဲ့သူများ လဲ ဘာလို့ ဒီ အခြေအနေ ကို အဖြစ်ခံ လိုက်လဲ ဖြေရှင်းပေးသင့်တယ်။
    သူတို့ ဟာသူတို့ တိုးထွက်တာ ပြောမှာလား။
    ပြောတဲ့အတိုင်းသာ တစ်ခုမကျန်မပေးရင် လုပ်ပလိုက်ကြလို့ မြှောက်ပေးကြသလား။
    ဒီလို အခြေအနေတင်းမာတော့ မယ် ဆိုတာသိရင် ကလေး တွေ ရှေ့ က ဘာလို့ လာပြီး မရပ်ပေးကြလဲ။
    အန္တရာယ် ကို သိသိကြီး နဲ့ တွန်းပေးသလား။
    ဒါမှမဟုတ် ဒီ အစိုးရ ကိုလျှော့တွက်သလား။
    ယုတ်မာသူ တွေ ကတော့ လှည့်ပါတ် ယုတ်မာမှာဘဲ။

    ဒီ အစိုးရ ထဲ က လူများလဲ သူလဲ သူလုပ်ချင်တာလုပ်၊ ငါလဲ ငါလုပ်ချင်တာ လုပ်မယ် ဆိုတဲ့ အချိုး ဖြစ်နေကြပါပြီ။
    ဘယ်သူ က အားကြီး မလဲ ဆိုတာပေါ်မှာ တိုင်းပြည်ကြမ္မာ မှီ နေပါပြီ။

    ++++++++++++
    ဖိုးလပြည့် စကား တွေထဲ က

    ကျန်တာ တွေ ကို မပြောလိုပါဘူး။
    ပြောချင်တာက { – သမ္မတအရွေးခံမည်ဟုလည်း သတင်းထွက်ဘူးပါသည်။ Freedom news ကပဲဖြစ်ပါသည်။ လုံးဝမဟုတ်ပါ။ အသက်လည်းမမီပါ၊ စိတ်လည်းမဝင်စားပါ။ သိရသလောက်လက်ရှိလူများပင် ဆင်းပြေးချင်နေကြပါသည်။}
    “သိရသလောက်လက်ရှိလူများပင် ဆင်းပြေးချင်နေကြပါသည်”
    ဝါးလုံးကွဲ ဘဲ ရီလိုက်တော့ မယ်။
    ဆင်းပြေးချင်တာကို ဘယ်သူတွေ ကများ ဆွဲထားလို့ တုန်း။
    ဆင်းချင်ရင် ရွှေဝေါ နဲ့ တောင် တင်ပြီး ချပေးပါ့မယ်။

    { ပြည်တွင်းစစ်၊ ဆန္ဒပြဆူပူမှုများ၊ ပေါ်လစီမတည်ငြိမ်မှု၊ အချင်းချင်းမညီညွတ်မှုအပြင် “ကိုယ့်ခွင်ထဲဝင်လာပါကတွယ်လိုက်မည်”ဟူသော အယူအဆ၊
    အတွေးအခေါ်များကို ဆက်လက်ဖက်တွယ်ထားသူများရှိနေသမျှ တိုင်းပြည်ကဘယ်လိုမှတိုးတက်နိုင်မည်မဟုတ်ပါ။}
    တိုင်းပြည် က ဘဏ္ဍာ တွေ ကို ခိုးစား နေတာ မဝ သေးလို့ အာဏာကို လက်မလွတ် ရဲ သူ တွေ ကို ဘယ်နားသွားထားတုန်း။
    မသိလဲ မှန်သွားပြေးကြည့်လိုက်။
    တစ်ချို့ စားပိုးနင့် မတတ် စားလွန်းလို့ အချင်းချင်းတောင် လက်တို့ သတိပေးနေ ရတဲ့ အခြေအနေ တွေ ကို မသိကြဘူး ထင်နေလားဟယ်။

    သူဒီလိုပြောတိုင်း လူတွေ ယုံမယ်မှတ် နေတယ် ထင်ရင်တော့ ခက်တော့တာဘဲ။
    လူတိုင်း ကို သူ့နားက နလပိန်းတုံး တွေလို့ ဘဲ မှတ်နေတယ်လားမသိ။
    မပြောချင်တော့ဘူး။ 🙄

  • kai

    March 11, 2015 at 5:07 am

    US condemns use of force against Myanmar protesters
    stumbleupon: US condemns use of force against Myanmar protesters digg: US Works With Sudan Government Suspected Of Aiding Genocide reddit: US condemns use of force against Myanmar protesters del.icio.us: US condemns use of force against Myanmar protesters

    March 10, 2015 04:40 PM EST | AP

    WASHINGTON (AP) — The U.S. is condemning the use of force against students protesting for academic freedom in Myanmar.

    State Department spokeswoman Jen Psaki said Tuesday that the U.S. is deeply concerned by reports of violence against protesters and journalists in the town of Letpadan, north of the main city of Yangon.

    Hundreds of riot police charged at protesters, pummeling them with batons. The government says authorities arrested more than 120 people.

    Psaki says the U.S. is in contact with the Myanmar government and international partners over the situation, and is working to confirm the numbers of people arrested.

    Students have long been politically active in Myanmar. They are protesting a new education law.

    The unrest comes months ahead of national elections, seen as the culmination of U.S.-supported democratic reforms.

    http://www.huffingtonpost.com/huff-wires/20150310/us–united-states-myanmar/?utm_hp_ref=politics&ir=politics

  • မြစပဲရိုး

    March 11, 2015 at 5:14 am

    ပုချ် ပြောတဲ့
    { ဓာတ်ဆားတထုပ်မတိုက်မိတာနဲ့ကို
    သေနေတဲ့ ကလေးတွေကလည်း မနည်းဆိုတော့ }
    ဆိုတာ ဖတ်ပြီး ကျန်းမာရေး မှာ ဆားဗေး တစ်ခု ကို သွားသတိရတယ်။
    Knowledge, attitude and practice (KAP) survey တဲ့။
    ကြားဖူးတာက ရောဂါ ဖြစ်ခြင်း အကြောင်း ကိုလဲ သိမယ်။ ပျောက်လဲ ပျောက်ချင်မယ်၊ လက်တွေ့လဲ ဆေးသောက်မယ်။
    ဒီ သုံးမျိုး အဆုံ မှာ အနာကြီး ရောဂါ ပ ပျောက် သွားတယ် ဆိုတာဘဲ။

    အဲဒီ ကနေပြီး ဒီနေ့ ရဲ့ ဒီမိုကရေစီ နိုင်ငံ တည်ဆောက် နေကြပုံ ကို ပြေးမြင်လိုက်တယ်။
    K လဲ မရှိ။
    A လဲ မရှိ။
    P လဲ မရှိ။
    🙄

  • ဦးဦးပါလေရာ

    March 11, 2015 at 11:23 am

    .၁ဝ ရက်နေ့ သပိတ်နဲ့ပါတ်သက်လို့
    .ဒါက အဓိကရုဏ်းပုံစံဖြစ်အောင်လုပ်တာ သိပ်ပုံမကျပဲ ပွဲပြီးသွားတယ်လို့မြင်တယ်..
    .ကျောင်းသားဖက်က ဒေါသကြီးတာ နဲ တယ်..
    .ရဲ ဖက်က ဒေါသကြီးတာ မတန်တဆ များနေတယ်..
    .အဓိကရုဏ်းတစ်ခုကို ပုံဖေါ်ချင်ရင် ထိပ်တိုက်တွေ့မယ့် နှစ်ဦးနှစ်ဖက်ကို တက်ညီလက်ညီ ဒေါသပြိုင်ဖြစ်အောင် လုပ်ဖို့လိုတယ်…။
    .ဗီဒီယိုထဲ ဓါတ်ပုံတွေထဲတွေ့ရတာတွေက လုပ်ပြီးသား ရလာဒ်တွေသာဖြစ်တယ်…
    .လုပ်လိုက်တဲ့ပုံကိုတော့ ဘယ်သူမှ မတွေ့လိုက်ရဘူး ။ ဘယ်တော့မှလဲ တွေ့ရမယ်မထင်..။
    ……………….
    .ဘာပဲဖြစ်ဖြစ်
    .နောင်လာနောက်သား သားတို့သမီးတို့ကို ပြောချင်တာလေးရှိပါတယ်…
    .နောက်နောင်လဲ ဖြစ်နေဦးမယ့် လူစုလူဝေး ဖြိုခွဲတဲ့ပုံဆိုတာ ဒီလိုမျိုးတွေပဲ ဖြစ်မှာပါ။
    .ဒီ့ထက် မသက်သာနိုင်ပါဘူး….။ ဆိုးပဲ ဆိုးနိုင်ပါတယ်။
    .အဲဒါကြောင့်လူစုလူဝေး မလုပ်နဲ့လို့ မဆိုလိုပါဘူး…
    .လုပ်ခဲ့ရင် တကယ်ဖြစ်လာနိုင်တဲ့အကျိုးဆက်ကို ကြိုနားလည်ပါ။ ကြိုပြင်ဆင်ပါ….။
    ………………
    ………………
    .ကျုပ်တို့ ကြုံရတုန်းကတော့ သေနတ်အစစ်တွေနဲ့ ကျည်ဆံအစစ်တွေနဲ့ ပစ်တာမျိုးပါ
    .ဗိုက်ကို သံနဲ့လုပ်ထားတဲ့ သေနတ်ပြောင်းနဲ့ဆောင့်ထိုး –
    .ခါးကုန်းသွားတဲ့အခါ သေနတ်ဒင်နဲ့ လွှဲပြီးထု တာပါ။
    .သွေးအစစ်တွေထွက်ပါတယ်
    .အရိုးအစစ်တွေကျိုးပါတယ်
    .အသက်အစစ်တွေ ကြွေလွင့် ဆုံးပါး ကျဆုံး ကြပါတယ်….
    .သူတို့ထဲကအများစုကို အခုတော့ ဘယ်သူမှ အမှတ်မရတော့ပါဘူး….
    .သမိုင်းကို ရေးတဲ့သူတွေကတော့ ဒီလိုပဲ မှုံဝါးပျောက်ကွယ်ကြမြဲပေါ့….
    .သူတို့ရေးတဲ့သမိုင်းကသာ လှ ပြီး ကျန်ခဲ့ဖို့ လိုတာပါ

    • kai

      March 11, 2015 at 1:15 pm

      ဦးပါရေးတာလေး BC ပေးရင်း.. ထောက်ခံဆက်ရေးရင်း.. ဒီခေတ်လူငယ်တွေကို ပြောချင်တာက…။

      ၈၈ ဆန္ဒများပြကြရင်လေ…။ စစ်သားတွေက.. အဲဒီအောက်က စစ်တိုက်ရင်သုံးတဲ့.. ဂျီ၃၊ ဂျီ၄ကြီးတွေမှာ ဘက်နှက်တွေနဲ့.. ဓာတ်ပုံအတိုင်း… နေရာယူ…

      ပြီးတော့.. ချီတက်ပြီး.. အဲလိုဘက်နှက်တွေနဲ့ထိုးလည်းထိုး.. ပစ်လည်းပစ်..။

      အဲလိုသေခဲ့ကြပါတယ်…။

      ၈၈ အရေးတော်ပုံကြီးတုံးကပေါ့…။
      အဲဒီကနေ.. ဒီနေ့ဒီအခြေထိရောက်အောင်.. ဘယ်လောက်စတေးထားရသလည်း..။
      အရိုးတွေများတွံရင်လေ.. တော်လည်းသံကြီးလိုထွက်လာမှာပါ..။
      လက်ကျန်သက်ရှိတွေအနေနဲ့ကတော့..
      ဒေါ်အောင်ဆန်းစုကြည်နဲ့.. ကိုမင်းကိုနိုင်တို့သာကြည့်ကြပေတော့….

      ဆိုတော့…
      ပါးပါးနပ်နပ်ကိုင်တွယ်ပါ..။ မူလပန်းတိုင်မပျောက်စေပါနဲ့..။ စိတ်ရှည်ပါ..။
      ၂၀၁၅.. ဒီချုပ်မဲပြတ်အနိုင်ရရေး.. ဒို့အရေး…။

      • kai

        March 11, 2015 at 1:35 pm

        ကြုံလို့ဆက်ပြောရရင်.. ၈၈ တုံးကကိုယ်တိုင်ပါဝင်နေလို့.. သိတာတွေရှိတယ်..။
        ၂၀၀ရကတော့.. ယူအက်စ်မှာမို့.. မန်းဂဇက်အနေနဲ့.. မီဒီယာတာဝန်ကျေအောင်လုပ်ခဲ့တာကို.. အောက်ကဝက်ဘ်ဆိုက်ကြည့်ရင်သိမှာပါ..။
        ဓာတ်ပုံခရက်ဒစ်တွေကိုကြည့်ပေါ့…။ :k:
        http://www.npr.org/templates/story/story.php?storyId=14762296
        http://www.nytimes.com/2007/09/27/world/asia/27cnd-myanmar.html?pagewanted=all&_r=0

        ကျုပ်ဆီကတဆင့် ပို့ပေးလိုက်တဲ့..သွေးစွန်းနေတဲ့..ဖိနပ်ကလေးဆိုရင်.. မီဒီယာတော်တော်များများသုံးနေကြတယ်..။
        အဲဒီအချိန်က.. အခုထိပ်ရောက်နေပါတယ်ဆိုတဲ့.. ဧရာဝတီတို့.. မဇိ္ဇျမတို့.. ဒီဗွီဘီတို့.. ထက်အများကြီးရှေ့ရောက်ပြီး.. မြန်မာ့အခြေအနေကမ္ဘာတန်းသိအောင်.. ဓာတ်ပုံတွေပို့နိုင်ခဲ့တယ်..။
        အခုလည်း….။ :k:

        • pooch

          March 11, 2015 at 2:12 pm

          အခုလည်း..
          ဟိုဘက်ကနေ လိပ်ပြာတောင်ပံတွေ ခတ်ပို့နေတာလေ :mrgreenn:

  • kai

    March 11, 2015 at 4:03 pm

    နောက်ဆုံးပိတ်အိတ်နှင့်လွယ်မည့် ဘတ်ဂျက်လား
    By-ပြည်သိမ်း Wed, 2015-03-11 10:09 Issue No.အတွဲ (၁၄)၊ အမှတ် (၂)

    အစိုးရသစ်သက်တမ်းလေးနှစ်တာကာလအတွင်း ဘတ်ဂျက်လိုငွေပြမှုမှာ ကျပ်ငွေဘီလီယံ ၇,၂၀ဝ ထိရှိလာခဲ့သည်။ လာမည့်နှစ်နိုင်ငံအတွက် ဝင်ငွေမှာ ကျပ်ငွေဘီလီယံ ၁၉,၄၀၃ရှိပြီး သုံးငွေမှာ ၂၃,၂၃ဝ ဘီလီယံရှိသဖြင့် ဘတ်ဂျက်လိုငွေမှာ ကျပ် ၃၈၂ရ ဘီလီယံရှိကြောင်း လွှတ်တော်မှ ပြုစုထားသော တိုင်းပြည်၏ စီးပွားရေးအခြေအနေခန့်မှန်းစာရင်း၌ ဖော်ပြထားသည်။ လာမည့်ဘဏ္ဍာနှစ်တွင် ဘတ်ဂျက်လိုငွေသည် ပြည်တွင်းအသားတင်ထုတ်လုပ်မှု တန်ဖိုး(ဂျီဒီပီ)၏ ၅ ဒသမ၂ ရာခိုင်နှုန်းကျော်ရှိသဖြင့် တိုင်းပြည်ဖွံ့ဖြိုးရေးအတွက် စိုးရိမ်စရာဖြစ်လာသည်ဟု ပညာရှင်အချို့က ထောက်ပြခဲ့သည်။
    http://7daydaily.com/story/33468#.VQAKNuGLXLx

  • မြစပဲရိုး

    March 12, 2015 at 3:24 am

    ဗကသများအဖွဲ့ချုပ် ဥက္ကဋ္ဌ ဆိုတဲ့ သူ က အတော်လေး ရီ ရသားဘဲ။ သူ့ အင်တာဗျူး ကို ဖတ်လိုက်ရတာ။
    ကျန်တာ တော့ အချိန်ကုန်ခံ မဝေဖန်တော့ပါဘူး။ စိတ်ပျက်လွန်းလို့။

    ဘာဘဲဖြစ်ဖြစ် ဒီ အရေး အပြီး မှာ ကျောင်းသားအစစ် နဲ့ ကျောင်းသား ဟန်ပြ အတု တွေ ကွဲ ပြားနေတာ ထင်ရှားသွားတာ မို့
    ဒီအချိန်မှာ ကျောင်းသား အစစ်များ ဘက်က ရပ်ပါမယ်။
    ကျောင်းသားလေး တွေ လွှတ်တော်ကြားနာပွဲ က နေ ပညာများ ရယူနိုင်ပါစေ။
    အဖမ်းခံ ကျောင်းသား(အစစ်) ကလေးများ အတွက်လဲ မကြာခင် လွတ်မြောက်ဖို့ တောင်းဆို နိုင်ပါစေ။
    လောကကြီး ထဲ က နိုင်ငံရေး ဆို တဲ့ သပွတ်အူကြီး ဆီကလဲ ပညာတွေ ရလိုက်ပြီ ထင်ရဲ့။
    ကြားခံ ခုတုံးလုပ် အသုံးချ မခံ ဘဲ ကိုယ့် တက်လမ်း အတွက်သာ ဆက်ပြီး ကြိုးစားကြပါ။
    ပညာပြည့်တဲ့ အခါ တိုင်းပြည်အတွက် နောင်မျိုးဆက် တွေ အတွက် ပိုပြီး စွမ်းအားပြည့် အလုပ်လုပ်ပေးနိုင်ပါလိမ့် မယ်။
    +++++++++++++++++++
    သစ်ထူးလွင်မှ သတင်းများ

    လွှတ်တော်ကြားနာပွဲတက်မယ် လို့ ကျောင်းသားတွေပြော
    11 March 2015 22:40

    လွှတ်တော်ကြားနာပွဲ ဖမ်းခံရသူတွေ မလွတ်ဘဲ ဗကသ မတက်
    11 March 2015 22:36

  • kai

    March 12, 2015 at 5:23 pm

    လွတ်မြောက်လာသည့် သပိတ်မှောက်ကျောင်းသားများ ပြောကြားချက် (ရုပ်သံ)
    12 March 2015 15:51(+0630) (လွန်ခဲ့သော 2 နာရီ ခန့်က)

    ပြန်လည်လွတ်မြောက်လာတဲ့ ကျောင်းသား ကိုစိုုးလွင်ကျော်
    (ဒုတိယနှစ် စိုက်ပျိုးရေးသိပံ္ပ) ပြောကြားချက်
    ဒီဗွီဘီ

    ကျနော်တိုု့က ဘုုန်းကြီးကျောင်းထဲမှာပဲခင်ဗျ။ သာသာယာယာပဲ အဖမ်းခံပါတယ်။ ကျနော်တိုု့ တယောက်ချင်းစီ အဖမ်းခံတယ်။ ဒါပေမယ့် အဖမ်းခံပြီးတော့ ကျနော်တိုု့ကိုု အချုပ်ကားပေါ် မတင်ခင် ကျနော်တိုု့ကိုု ရိုုက်ပါတယ်။
    ———————————————————————————-

    နေ့လည် တနာရီအထိ အပြင်ရောက်လာသူများ (အမည်စာရင်း)

    ၁။ စစ်နိုင်အောင် (ရတနာပုံတက္ကသိုလ်)
    ၂။ စိုးလွင်ကျော် ( သထုံစိုက်ပျိုးရေးတက္ကသိုလ်)
    ၃။ စန်းလင်းဦး (ဟင်္သာတ တက္ကသိုလ်)
    ၄။ မရည်မွန် ( ရန်ကုန် အရှေ့ပိုင်း တက္ကသိုလ်)

    စာရင်းအရ သာယာဝတီထောင်ကနေ ဒီနေ့ ပြန်လည်လွတ်မြောက်မယ့် ကျောင်းသူကျောင်းသားများ

    ၁) မုံရွာ တက္ကသိုလ် ၂ ဦး
    ၂) တောင်ငူ တက္ကသိုလ် ၂ ဦး
    ၃) မန္တလေး နည်းပညာ တက္ကသိုလ် ၁ ဦး
    ၄) ရတနာပုံ တက္ကသိုလ် ၈ ဦး
    ၅) မိတ္ထီလာ နည်းပညာ တက္ကသိုလ် ၁ ဦး
    ၆) ကျောက်ဆည် နည်းပညာ တက္ကသိုလ် ၁ ဦး
    ၇) မော်လမြိုင် တက္ကသိုလ် ၁ ဦး
    ၈) သန်လျင် နည်းပညာ တက္ကသိုလ် ၁ ဦး
    ၉) မှော်ဘီ နည်းပညာ တက္ကသိုလ် ၁ ဦး
    ၁၀) ရန်ကုန် အနုပညာ တက္ကသိုလ် ၁ ဦး
    ၁၁) သန်လျင် သမဝါယမ တက္ကသိုလ် ၁ ဦး
    ၁၂) ရန်ကုန် အရှေ့ပိုင်း တက္ကသိုလ် ၄ ဦး
    ၁၃) ဒဂုံ တက္ကသိုလ် ၁ ဦး
    ၁၄) တောင်ကြီး တက္ကသိုလ် ၁ ဦး
    ၁၅) ဟင်္သာတ နည်းပညာ တက္ကသိုလ် ၁ ဦး
    ၁၆) ပုသိမ် တက္ကသိုလ် ၁ ဦး

    ကျောင်းသား ၁၉ ဦး၊ ကျောင်းသူ ၈ ဦး (ပေါင်း ၂ရ ဦး)

    By ဒီဗွီဘီ
    http://burmese.dvb.no

  • kai

    March 14, 2015 at 1:30 am

    U.S. Embassy Rangoon

    အမေရိကန်သံရုံးအနေနဲ့မြန်မာနိုင်ငံနဲ့ကမာ္ဘပေါ်မှာရှိတဲ့လူတွေနဲ့အတူတူ ပူးပေါင်းပြီး မတ်လ ၁ဝရက် လက်ပတန်းမှာဖြစ်ပွားတဲ့အကြမ်းဖက်မှုနဲ့မတ်လ၅ရက်ကရန်ကုန်မှာ ဖြစ်ပွားသွားတဲ့ အကြမ်းဖက်မှုနဲ့ပတ်သက်ပြီးတော့ တွေ့မြင်ရတဲ့ဓာတ်ပုံနဲ့သတင်းများအတွက်တကယ့်ကို စိတ်မကောင်းဖြစ်ရပါတယ်။ ဒီဖြစ်ရပ်တွေဟာဆိုရင်ပြန်လည် ရင်ကြားစေ့ရေးကို နောက်ပြန် ဆွဲစေပြီး နိုင်ငံအတွင်းမှာဖြစ်ပေါ်နေတဲ့ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်မှာ တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန်ယုံကြည်မှုကိုထိခိုက် ပျက်ပြားစေနိုင်ပါတယ်။

    ဒါပေမယ့် ဒီဖြစ်ပျက်သွားတဲ့အကြောင်းအရာတွေကနေနိုင်ငံကိုနောက်ကြောင်း ပြန်လှည့်သွား စေခြင်းရှိမရှိ ဒါမှမဟုတ်ရှေ့ကိုဆက်လှမ်းသွားမလားဆိုတာ အစိုးရနဲ့ပြည်သူလူထုရဲ့ ရှေ့ဆက် သွားမယ့် သံနိ္ဒဌာန်ဟာ အဆုံးအဖြတ်ပေးမှာဖြစ်ပါတယ်။ ဥပမာအားဖြင့် အစိုးရနဲ့အရပ်ဘက် အဖွဲ့အစည်း တွေပါဝင်တဲ့ ပွင့်လင်းမြင်သာမှုရှိပြီးယုံကြည် စိတ်ချရတဲ့စုံစမ်းစစ်ဆေးမှု နဲ့အသေး စိတ်ပွင့်လင်းရိုး သားစွာမှတ်တမ်းတင်ခြင်းတို ့သည် မတ်၁ဝနဲ့၅ရက်မှာဖြစ်သွားတဲ့ အကြောင်း အရာတွေကို အဖြေရှာနိုင်မှာဖြစ်ပြီးဒီလို အန္တရယ်ရှိတဲ့အဖြစ်အပျက်တွေနောက်တစ်ခါထပ်မဖြစ်
    စေရန်ကူညီတားဆီးဖို ့နဲ ့ရှေ့ဆက်သွားမယ့် ယုံကြည်စိတ်ချမှုကို တည်ဆောက်သွားနိုင်မှာ ဖြစ်ပါတယ်။

    အမေရိကန်ပြည်ထောင်စုအနေနဲ့ဒီနိုင်ငံရဲ့အောင်မြင်မှု အတွက်ဆက်လက်ပြီး အလေးအနက် ထောက်ခံ ကူညီသွားမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့တော့အစိုးရနဲ့ ပြည်သူပူးပေါင်း ပြီးတော့ ဒီပြီးခဲ့တဲ့အပတ်ကအဖြစ်အပျက်တွေဟာ နိုင်ငံကို နောက်ပြန်ဆွဲသွားစေမည့်အစား အပြောင်းအလဲ တစ်ခုဖြစ်ပြီးငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး နဲ့ပြန်လည်ရင်ကြားစေ့ရေး အစ ရှိတဲ့ဒီမိုကရေစီလမ်းကြောင်းပေါ်မှာအဘက်ဘက်က ဆုံးရှုံးသွားတယ်လို ့မယူဆဘဲအခွင့်အရေး တစ်ရပ်လို ့ သဘောထားလက်ခံနိုင်ပြီး တိုးတက်သွားပါ စေလို့ဆန္ဒပြုပါတယ်။

    The Embassy joins those here and around the world who were deeply disturbed and saddened by the pictures and reports of violence in Letpadan on March 10, as well as in Yangon on March 5. Such incidents clearly set back the cause of reconciliation, and threaten to lower mutual trust in the reform process of this country.

    But how the government and people decide to proceed from here will determine whether these recent events hold the country back or offer an opportunity to propel it forward. A transparent and credible investigation – involving both government and civil society working together – and honest accounting of what happened on March 5 and 10, for instance, would help build trust and help prevent a repeat of such harmful incidents going forward.

    The United States remains deeply committed to the success of this country. We hope the government in partnership with its people will work together to help ensure history records the events of the past week not as a permanent setback but as a turning point, an opportunity seized rather than lost by all sides, on the difficult road to democracy, peace, development, and reconciliation.

  • kai

    March 15, 2015 at 3:55 am

    မြန်မာ့တပ်မတော်အခြေအနေကို တစွန်းတစရိပ်မိနိုင်ရန် မှတ်တမ်းထား၍ ကူးယူဖေါ်ပြပါသည်။


    ရှုံးမဲမဲပြီး ရှက်ရမ်းရမ်းနေတဲ့ မင်းအောင်လှိုင် ( ဆောင်းပါး)

    အောင်သဇင်ရေးသည်။

    မင်းအောင်လှိုင်ဟာ ဖေဖော်ဝါရီ ၉-၁၀-၁၁-၁၂ ရက်တွေတုံးက သူ့တပ်တွေအထိနာသွားခဲ့တဲ့ ကိုးကန့်ဒေသမှာ တပ်ရင်း ၃ဝ ကျော်ထပ်ဖြည့်သုံးနေပေမဲ့ ဖေဖော်ဝါရီ ၂၇-၂၈-မတ် ၁ ရက်နေ့ သုံးရက်အတွင်း တိုက်ပွဲတွေမှာ တပ်မ ၃၃ လက်အောက်ခံ ခမရ ၁၁၁ နဲ့ ခမရ ၁၂ဝ က အရာရှိ ၂ ယောက်အပါဝင် ၆၈ ယောက်ကျခဲ့တယ်။ မတ်လထဲမှာဘဲ ခမရ ၁၁၉ ကို လေတပ်ကမှားဗုံးကြဲလို့ ၈ ယောက်လောက်ကျသွားသေးတယ်။

    ဗမာစစ်တပ်တွေ စုတ်ပြတ်သတ်အောင်ခံလိုက်ရတဲ့အတွက် မင်းအောင်လှိုင်ဟာ အခဲမကြေနိုင်ဘဲ ကိုးကန့်တပ်တွေကို အပြုတ်တိုက်မယ် အမြစ်ပြတ်ချေမှုန်းမယ် ကြွေးကြော်ပြီး ခြေလျင်တပ်မ တစ်မ ထပ်ပေးမယ်၊ လေကြောင်းပစ်ကူ၊ အမြောက်ပစ်ကူ လိုသလောက်ပေးမယ်လို့ တပ်မမှူး ကစထမှူးတွေကို ကတိပေးပြီး ကတိကိုဖြည့်ဆီးပေးနိုင်ဖို့ အသည်းအသန်ကြိုးစားနေရရှာတယ်။
    လောလောဆယ် ကချင်ပြည်မှာ တပ်မ ၉၉ နဲ့ တပ်မ ၁၀၁ ကိုထည့်ထားပြီး တပ်မ ၁၀၁ က ၂ ရင်းကို လောက်ကိုင် ပို့ထားရတယ်။ ဖားကန့်-ကာမိုင်းဘက်မှာတော့ ဖယ်ခုံက စကခ ရ ကိုထည့်ထားတယ်။ တပ်မ ၇ရ နဲ့ တပ်မ ၈၈ က တော့ ပလောင်အဖွဲ့ TNLA ကို ဆိုင်ထားတယ်။ ဒီကြားထဲက တပ်မ ၈၈ နှစ်ရင်းကို လောက်ကိုင်ဘက် စစ်ကူသွား ခိုင်းပြီး တပ်မ ၉၉ ကတချို့ကိုလဲ ကွတ်ခိုင်လုံခြုံရေးနဲ့ ကိုးကန့်အနောက်ဘက် သံလွင်ကူးတို့ဆိပ်တွေ ပိတ်ဆို့ရေး လုပ်ခိုင်းထားရတယ်။

    တပ်မ ၃၃ မှာ ၆ ရင်းဘဲ ကိုးကန့်တပ်တွေကို တိုက်နေရတယ်။ ဒါပေမဲ့ အနောက်မြောက်တိုင်း (နမခ) လက်အောက်ခံ ၂ ရင်းကို တပ်မ ၃၃ အောက်ထည့်ထားပေးလို့ ၈ ရင်းဖြစ်နေတယ်။ တောင်ဘက် ဝ နယ်စပ်ကို ထိန်းထားတဲ့ တပ်မ ၁၁ ဆီက ၃ ရင်းကို လောက်ကိုင်ဘက်ပို့ပြီး အားဖြည့်ပေးရတယ်။ သိန္နီ စကခ ၁၆ က ၆ ရင်းပို့ခဲ့တာ ခမရ ၅၂၂ ကတော့ တရင်းလုံးပြုတ်သွားလို့ ၅ ရင်းဘဲကျန်နေတယ်။ ဒါကြောင့် ကျောက်မဲ စကခ ၁ က ၃ ရင်း ထပ်ပို့ရတယ်။ မူလရှိနေတဲ့ ဒကစ(လောက်ကိုင်) လက်အောက်ခံ ၅ ရင်းမှာ ခလရ ၁၂၅ နဲ့ ၁၂၉ ရင်းလိုက်ပြုတ်သွားလို့ ၃ ရင်းဘဲကျန်တဲ့အတွက် အရှေ့မြောက်တိုင်း (ရမခ) တပ် ၂ ရင်း ဖြည့်ပေးထားရတယ်။

    လက်ကျန်တပ်မတွေထဲမှာ တပ်မ ၅၅ က ကရင်နီပြည်မှာ ထိန်းထားရတယ်။ နောက်တန်းစောင့် ၂ ရင်းကျန်တဲ့ထဲက ခမရ ၁၈ ကို အရှေ့အလယ်ပိုင်းတိုင်းက တပ်အသစ် ၂ ရင်းနဲ့ပေါင်းပြီး ကိုးကန့်ဒေသကို ပို့ခိုင်းလိုက်ရတယ်။ KNU နဲ့ ဘယ်လောက် အဆင်ပြေတယ်ပြောပြော ကရင်ပြည်၊ မွန်ပြည်တွေမှာ အခြေစိုက်တဲ့ တပ်မ ၂၂ နဲ့ တပ်မ ၄၄ တို့ကိုလဲ အဲ့ဒီပြည်နယ်တွေကနေ အဝေးကို မသွားခိုင်းရဲ ဖြစ်နေတယ်။ ဒါကြောင့် ကရင်ပြည်က BGF တွေနဲ့ DKBA KNU တို့က ကိုးကန့်မှာ မင်းအောင်လှိုင်ဘက်ကသွားတိုက်မယ်လို့ စစ်လော်ဘီတွေ သတင်းလွှင့်တော့ တပ်မ ၂၂ နဲ့ ၄၄ အခြေ အနေကိုသိထားသူတွေအဖို့ ရယ်စရာဖြစ်နေတယ်။
    ရှမ်းပြည်တောင်ပိုင်း၊ အရှေ့ပိုင်း၊ မွန်ပြည်နယ် နဲ့ တနင်္သာရီတိုင်းတို့က နယ်မြေခံ စကခ တွေကလဲ ဒေသထဲက SSA-မြောက်ပိုင်း၊ SSA-တောင်ပိုင်း၊ KNU DKBA တို့ကိုထိန်းဖို့ ထားနေရတယ်။ ကကကြည်းအရံထားတဲ့ တပ်မတွေမှာ ရခိုင်ပြည်ဘက်က စကခ တွေကတော့ ကရင်ပြည်နယ်ဘက်ပို့ဖို့ ဖယ်ထားရတယ်။ ရန်ကုန်တိုင်းက စကခ ၄ ကို တောင် ကရင်ပြည် ပို့ထားရသေးတယ်။

    ဒါကြောင့် ကချင်ပြည်မှာ တနှစ်ကျော် ရှေ့တန်းတာဝန်ထမ်းခဲ့ရပြီး နောက်တန်းပြန်ရောက်တာ ၁၅ ရက်ကျော်ကျော်ဘဲ ရှိသေးတဲ့ တပ်မ ၆၆ တခုလုံးကို ကိုးကန့်နယ်ကိုပို့ပြီး တိုက်ပွဲပြန်ဝင်ခိုင်းလာရတယ်။ ရ ရင်းကို ရဟတ်ယာဉ်တွေနဲ့ လောက်ကိုင်ပို့ခဲ့တယ်။ ဒါဟာ ဗမာပြည်စစ်သမိုင်းမှာ လေကြောင်းချီစစ်ကူပို့မှု အများဆုံးအရေအတွက် ဖြစ်နိုင်တယ်။ ကွတ်ခိုင်ကနေသံလွင်ကို ကုန်းလမ်းသွားခိုင်းတဲ့ ၃ ရင်းကတော့ သံလွင်အနောက်ဖက်မှာတင် ဖြတ်အတိုက်ခံရလို့ ၃ ယောက်သေ၊ ၄ ယောက်ဒဏ်ရာရသေးတယ်။

    တပ်မ ၆၆ ဟာ ဖားကန့်မှာ စကခ ရ နဲ့လဲပြီး နောက်တန်းပြန်ဖို့ကို တခါတည်းတန်းမပြန်ရဘဲ မေမြို့မှာ လက်နက်ခဲ ယမ်းတွေ ထပ်ဖြည့်ပြီး လောက်ကိုင်လွှတ်ဖို့ အသင့်စုဖွဲ့နေခဲ့ရသေးတယ်။ ဒါပေမဲ့ ရှေ့တန်းစစ်ဆင်ရေးထွက်တာ တနှစ် ကျော်ခဲ့ပြီး အထိလည်းနာခဲ့ပြီး အခုမှနောက်တန်းပြန်နားဖို့ ဆင်းလာတဲ့တပ်ကို နောက်တန်းပေးမပြန်ဘဲ လောက်ကိုင် တန်းလွှတ်လိုက်ရင် ပြဿနာတက်မှာစိုးလို့ ဖေဖော်ဝါရီ ၂၂ ရက်ကျမှ အင်းမ ပြန်လွှတ်လိုက်တယ်။ အဲဒီတော့ နောက်တန်းမှာ တလပြည့်အောင် မနေရဘဲ မတ်လ ၁၁ ရက်မှာ လောက်ကိုင်ကို တက်လာရတာကိုကြည့်ရင် မင်းအောင်လှိုင်ဟာ သူ့ဂုဏ်သိက္ခာအတွက် ရဲဘော်တွေကို ချနင်းဖို့စဉ်းစားတာ အင်မတန်သိသာနေတယ်။

    ချင်းပြည်နယ်အစပ်က ကလေးအခြေစိုက် စကခ ၁ဝ ကိုလဲ ကိုးကန့်ကိုပို့ဖို့ ပြင်ဆင်နေတယ်။ စုစုပေါင်းလိုက်ရင်တော့ ကိုးကန့်ဒေသမှာ တပ်ရင်း ၅ဝ ကျော်သွားနိုင်တယ်။ ဒါဟာ ဟိုတချိန်က ဗမာပြည်မှာ အကြီးဆုံးစစ်ဆင်ရေးတွေ ဖြစ်တဲ့ မင်းရန်အောင်ထိုးစစ်၊ စီစီဝန်စစ်ဆင်ရေး၊ မယ်သဝေါစစ်ဆင်ရေး၊ မာနယ်ပလောစစ်ဆင်ရေးတို့ထက် အများကြီးသာ သွားပြီဖြစ်တယ်။ ဒါပေမဲ့ အခု တပ်ရင်းတရင်းဆိုတာကလဲ လူ ၁၀ဝ ဝန်းကျင်ဘဲရှိလို့ နံပတ်အရသာများပြီး တကယ့် အင်အားအရ သနားစရာပါ။ ဟိုးအရင် ၇ဝ ခုနှစ် ၈ဝ ခုနှစ်တွေတုံးကဆိုရင် တပ်မ ၇ရ တပ်မ ၈၈ တပ်မ ၉၉ တို့ တပ်မတစ်မထဲမှာဘဲ ရှေ့တန်းထွက် တိုက်ခိုက်ရေးအင်အား ၅၀၀ဝ လောက် ရှိခဲ့ကြတယ်။ အခု အင်အား ၅၀၀ဝ ကတော့ ကွပ်ကဲမှုမျိုးစုံ ခေါင်းမျိုးစုံနဲ့ ရှုပ်ထွေးနေတယ်။
    ဒါ့အပြင် ကိုးကန့်ဒေသမှာ တရားဝင်အားဖြင့် အမြင့်ဆုံးတပ်မှူးဖြစ်နေတဲ့ စစ်အုပ်ချုပ်ရေးမှူး-ဒကစမှူး ဗိုလ်မှူးကြီး စောမြင့်ဦး (ငယ်နာမည် ပေါက်ကျိုင်း) ဟာ ကိုးကန့်ထဲစစ်ဆင်ရေးဝင်နေတဲ့ တပ်မ ၆၆ နဲ့ စကခ ၁၆ တပ်မမှူးတွေ ထက် ဂျူနီယာကျနေတော့ ဘယ်လိုကွပ်ကဲနေလဲ မပြောတတ်။ တပ်ရင်းတပ်ဖွဲ့တိုင်းဆွဲရတဲ့ စီမံချက်လေးမျိုး (ဌာနချုပ် လုံခြုံရေး၊ နယ်မြေလုံခြုံရေး၊ နယ်မြေစိုးမိုးရေး၊ နယ်မြေစည်းရုံးရေး) နဲ့ သာမန်အချိန်၊ အရေးကြီးအချိန်၊ အရေးပေါ် အချိန်ဆိုင်ရာအစီအမံတွေဟာ ကိုးကန့်ဒေသအတွက် ဘာမှအလုပ်မဖြစ်တာ ဖေဖော်ဝါရီ ၉ ရက်မှာ ပွင့်ကျသွားခဲ့လို့ အရေးယူခံရမှာ သေချာနေတဲ့ ဒကစမှူးဟာ ရှေ့ဆက်လက်ပြီး ဘယ်လို စစ်နိုင်အောင် ကွပ်ကဲနိုင်မှာလဲ။

    ရှမ်းပြည်မြောက်ပိုင်းမှာ ပလောင်တပ်နဲ့ ကချင်တပ်တွေကို စစ်ဆင်ရေးဝင်နေရတဲ့ တပ်မ ၇၇၊ တပ်မ ၈၈၊ တပ်မ ၁၁ တို့ဟာလဲ ရှေ့တန်းစစ်ဆင်ရေးကာလ တနှစ်ကျော်ပြီဖြစ်လို့ လုပ်ထုံးလုပ်နည်း စည်းကမ်းအတိုင်းဆိုရင် တပ်လဲပေးရ တော့မှာ ဖြစ်တယ်။ ဒါပေမဲ့ လဲစရာအရံတပ်မ မရှိ။ နောက်တန်းမပြန်ရဘဲ ဒါလောက်အကြာကြီး ရှေ့တန်းမှာ နေရတာ ကြောင့် စစ်သားတွေမှာ နာကျည်းစိတ်တွေမြင့်ပြီး တပ်ပြေးမှု၊ လုယက်မှု၊ မုဒိန်းမှု၊ လူသတ်မှုတွေ ပိုပေါက်ကွဲလာ တယ်။ ဒါကြောင့် ဗမာစစ်တပ်အဖို့၊ တနည်းအားဖြင့် ကာချုပ် မင်းအောင်လှိုင်အဖို့ အကျပ်အတည်းကြီးနေပြီဖြစ်တယ်။ အကယ်၍သာ ၈ လေးလုံးတုံးကလို မြို့တွေပေါ်မှာ လူထုလှုပ်ရှားမှုတွေ အကြီးအကျယ်ဖြစ်လာရင် ပတ်တုတ်မရတဲ့ အခြေအနေ ဖြစ်သွားနိုင်တယ်။
    နောက်တခါ တိုက်ပွဲအနေအထားကြည့်ရင် ကိုးကန့်တပ်တွေဟာ ဗကပ လက်ထွက်တွေပီပီ ဘဇူကာ လို့ခေါ်တဲ့ RPG တွေကို တပ်စိတ်လက်နက်အဖြစ် ဖောဖောသီသီသုံးနေတော့ ဗမာစစ်တပ်မှာ ထိခိုက်ကျဆုံးကများနေတယ်။ လွန်ရော ကျွံရော အင်အား ၁၀ဝ လောက်ဘဲရှိတဲ့ တပ်ရင်းတရင်းမှာ ကျဆုံးဒဏ်ရာ ၅ဝ လောက်ဖြစ်လာပြီဆိုရင် ဒီတပ်ရင်းဟာ ဘာမှဆက်လုပ်လို့ရတော့မှာ မဟုတ်ပါ။

    ကိုးကန့်စစ်ပွဲ ပြန်ဖြစ်ခဲ့တဲ့ ဖေဖော်ဝါရီ ၉ ရက်ကနေ မတ်လ ၉ ရက်အထိ တစ်လစာရင်းချုပ်လိုက်ရင် ဗမာအစိုးရ စစ်တပ်ဘက်က တပ်ရင်းမှူး ၃ ယောက်အပါ အရာရှိ ၃၂ ယောက်ကျဆုံးပြီး တပ်ရင်းမှူး/ဒုရင်းမှူး ၉ ယောက်အပါ အရာရှိ ၅ရ ယောက်ကျဆုံးခဲ့တယ်။ အခြားအဆင့်တွေပါ ပေါင်းလိုက်ရင် စုစုပေါင်းကျဆုံးဒဏ်ရာ ၇၀ဝ နီးပါးရှိနေပြီ ဖြစ်တယ်။ ဒါပေမဲ့ တိုင်းရင်းသားတပ်တွေဘက်မှာတော့ ကျဆုံးတာ ၂ဝ နီးပါး၊ ဒဏ်ရာက ၄ဝ ကျော်-၅ဝ လောက် ဘဲရှိတာတွေ့ရတယ်။ မယုံနိုင်စရာကောင်းပေမဲ့ လက်တွေ့အဖြစ်မှန်က အဲသလိုဘဲဖြစ်နေတယ်။ ဒါကြောင့်လဲ မင်းအောင်လှိုင်ဟာ ဒါလောက်အထိ ရှုံးမဲမဲနေတာ ဖြစ်တယ်။
    တပ်တွေထဲမှာလဲ တချို့တပ်တွေက အသေခံတိုက်နေချိန်မှာ တချို့တပ်တွေက ရန်သူဝေးတဲ့ရွာတွေထဲ ပစ္စည်းတွေ ဝင်လုနေကြတာလဲရှိတယ်။ တပ်ကို လူမျိုးရေးနဲ့ မှိုင်းတိုက်ပြီး ခိုင်းစားနေတယ်။

    တိုင်းရင်းသားဘက်မှာတော့ ပလောင်တပ်နဲ့ ရခိုင်တပ်က အကျအဆုံးမရှိသေးဘဲ ဒဏ်ရာရတာဘဲ ရှိသေးတယ်။ ဒါပေမဲ့ ကိုးကန့်ဒေသထဲက ကိုးကန့်ရွာသားတွေနဲ့ ပလောင်ရွာသားတွေက တော်လှန်ရေးထဲ အစုပြုံလိုက်ဝင်လာ ကြလို့ အင်အားတွေ ရာဂဏန်းတိုးလာခဲ့တယ်။
    စစ်သည်အင်အားဖြုန်းတီးမှုအပြင် ဘဏ္ဍာရေးဘက်ကကြည့်ရင်လဲ ပြည်သူတွေရဲ့ အခွန်ငွေတွေကို အချည်းနှီး ဖြုန်းတီးနေတာ ဖြစ်နေတယ်။ ၁၀၅မမ အမြောက်နဲ့ ၁၂ဝမမ မော်တာကို တရက် အလုံး ၂၀ဝ ကျော်အထိပစ်နေတော့ ငွေဘယ်လောက်ကုန်မလဲ စဉ်းစားကြည့်နိုင်ပါတယ်။ အမြောက်လက်နက်ကြီးကျည်တွေ၊ လေယာဉ် ရဟတ်ယာဉ်တွေ ကပစ်တဲ့ ရော့ကက်နဲ့ဗုံးတွေဟာ တန်ဖိုးကြီးရုံတင်မက လေယာဉ်နဲ့ ရဟတ်ယာဉ်တွေပျံဖို့ လေယာဉ်ဆီကလဲ ရွှေနဲ့စက် ဝယ်ရတာ ဖြစ်တယ်။ ဗီယက်နမ်စစ်မှာ လေယာဉ် ရဟတ်ယာဉ်တွေ ဖောဖောသီသီ ကာလရှည်သုံးခဲ့တဲ့ အမေရိကန် နိုင်ငံဟာ နောက်ဆုံးမှာ ဒေါ်လာကို ရွှေနဲ့ကျောထောက်နောက်ခံပြုတဲ့စနစ် ဖျက်သိမ်းလိုက်ရပြီး ၁၉၇၃-၇၄ ကမ္ဘာ့ရေနံ ဈေးမြှင့်ချိန်မှာ စီးပွားရေးကပ်ဆိုက်သွားခဲ့ရတယ်။ လက်ရှိကိုးကန့်စစ်ပွဲဟာ ဗမာပြည် ပြည်တွင်းစစ်သမိုင်းမှာ လေ ကြောင်းပစ်ကူ အသုံးဆုံးစစ်ပွဲဖြစ်နေတယ်။

    တပ်မတော်နေ့စစ်ရေးပြပွဲ၊ မိတ္ထီလာ စစ်လေ့ကျင့်ခန်း၊ ကျောက်ဆည် တင့်စွမ်းရည်ပြပွဲ တို့မှာ ထုတ်ကြွားခဲ့တဲ့ တင့်ကား တွေ၊ သံချပ်ကားတွေကလဲ ကိုးကန့် ပလောင် ကချင်တို့နဲ့ တောတွင်းစစ်ပွဲ တောင်ပေါ်စစ်ပွဲတွေမှာ သုံးစားမရဖြစ်နေ တယ်။ ယူကရိန်းနိုင်ငံဆီက အစီးတထောင်ထုတ်ခွင့်လိုင်စင်ရထားတဲ့ BTR-3U စစ်သည်တင်သံချပ်ကားတွေကို လမ်း လုံခြုံရေးစိတ်မချရတဲ့ ကိုးကန့်ဒေသမှာ ဗမာစစ်သားတွေအသက်ဘေးလုံခြုံမှုအတွက် လမ်းကြောသုံးဖို့ တိုက်တွန်းနေ ကြပေမဲ့ ဆီစားနှုန်းမြင့်တဲ့ အဲဒီယာဉ်တွေအတွက် အထူးလောင်စာဆီ စုပုံထားတာလည်းမရှိ၊ သံချပ်ကားတွေရဲ့ဝန်ကို ခံနိုင်ရည်ရှိတဲ့တံတားတွေလည်းမရှိတော့ သုံးမရတဲ့အခြေအနေဖြစ်နေတယ်။ အညိုရောင်ဒေသတွေမှာ လောင်စာဆီ အများကြီးစုပုံရင်လည်း ကိုယ့်သေတွင်းကိုယ်တူးတာဖြစ်မှာမို့လို့ ဈေးကြီးပေးဝယ်ထားရတဲ့ တင့်ကား သံချပ်ကားတွေ ဟာ တိုင်းစစ်ဌာနချုပ်၊ တပ်မဌာနချုပ်တွေတည်ရှိရာ မြို့ကြီးပြကြီးတွေနဲ့မလှမ်းမကမ်း ယာဉ်ပေါ်ပါဆီတိုင်ကီဆန့် သလောက်အကွာအဝေး ဒါမှမဟုတ် လောင်စာဆီစုပုံနိုင်တဲ့ အဖြူရောင်နယ်မြေတွေမှာဘဲ လှုပ်ရှားစစ်ကစားနိုင်တာ ဖြစ်နေတယ်။

    ဒီတော့ ဒီလို ဗမာ့တပ်မတော်အတွက် အဓိပ္ပယ်မရှိတဲ့စစ်ပွဲကို မင်းအောင်လှိုင်က ဘယ်လိုစဉ်းစားပြီး ဇွတ်တိုက်နေတာ လဲ။ နိုင်ငံရေးအရကြည့်ရင် ဖုံကျားရှင်းဟာ ၈၈ အရေးအခင်းအပြီး စစ်အုပ်စုအတွက် အကျပ်အတည်းကြီးနေချိန်မှာ အသက်ကယ်ပေးခဲ့သူ၊ ၁၉၈၉ ခုကနေ ၂၀၀၉ ခုနှစ်အထိ ငြိမ်းအဖွဲ့ခေါင်းဆောင်အဖြစ် သတ်မှတ်ခံရသူ၊ ညောင်နှစ်ပင် ညီလာခံကို ကိုယ်စားလှယ်လွှတ်ခဲ့သူဖြစ်တာ ဘယ်လိုမှ ငြင်းမရပါဘူး။ တဖက်မှာ ဘိန်းလုပ်ငန်း၊ မူးယစ်ဆေးလုပ်ငန်း၊ လက်နက်မှောင်ခိုလုပ်ငန်းလုပ်တယ်ဆိုတာ ဖုံးကျားရှင်းနောက်ပိုင်းတက်လာတဲ့ အစိုးရအသိအမှတ်ပြုကိုးကန့်ခေါင်း ဆောင်တွေ၊ တခြားတခြားသော အပစ်ရပ်-ငြိမ်းခေါင်းဆောင်တွေ၊ အစိုးရလက်အောက်ခံ နယ်ခြားစောင့်တပ် BGF တွေ နဲ့ ပြည်သူ့စစ်ခေါင်းဆောင်တွေ၊ ဘယ်သူမှမကင်းတာ ပြည်သူတွေသိကြပါတယ်၊ မင်းအောင်လှိုင်တို့ကိုယ်တိုင်လဲ သိသလို မင်းအောင်လှိုင်တပ်က တပ်မှူးတွေကိုယ်တိုင် ဝင်ပါနေတာ အများသိကြပါတယ်။

    မူဆယ်-လားရှိုးလမ်းမှာ မကြာခင်ကဖမ်းမိတဲ့ ကား ၁ရ စီးတိုက် ဒေါ်လာ ၃ သန်းဖိုး တရားမဝင်ဖောက်ခွဲရေးပစ္စည်း အမှုကိုဘဲကြည့်ကြည့်၊ ၂၀၁၄ တုံးက ကော့သောင်းပင်လယ်ပြင်နဲ့ မော်လမြိုင်မုပွန်ဆိပ်မှာဖမ်းမိတဲ့ ဒေါ်လာသန်း ၅ဝ ဖိုး အဆင့်မြင့် Ecstasy မူးယစ်ဆေးပြား ၄.၂ သန်းအမှုကိုဘဲကြည့်ကြည့် ဗမာစစ်တပ်နဲ့ စစ်တပ်ဩဇာခံလက်နက်ကိုင် အဖွဲ့တွေ ပတ်သက်မှုကို ထင်ထင်ရှားရှားတွေ့နိုင်ပါတယ်။ တကယ်တော့ ဒါတွေဟာ ဆယ်ခါခိုး တခါမိတဲ့အမှုတွေပါ။
    ၂၀၀၈ အခြေခံဥပဒေအရ တည်ထောင်ထားတဲ့ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဆိုတဲ့ စစ်အုပ်စုရုပ်သေး ကိုးကန့်အစိုးရအဖွဲ့ဝင်တွေဟာ ကိုးကန့်နယ်ထဲမှာ တယောက်မှမကျန်တော့ဘဲ ထွက်ပြေးသွားခဲ့ပြီဖြစ်တယ်။ ဘယ် အစိုးရဘက်သားမှ ကိုးကန့်လူထုဘက်က မားမားမတ်မတ်ရပ်တည်ပေးတာ မရှိတော့ပါဘူး။ ဗမာစစ်တပ်က ရိက္ခာ လစာပေးပြီး ဖွဲ့ပေးထားတဲ့ ကိုးကန့် BGF တွေလဲ အားလုံးတောခိုပြီး ကိုးကန့်သူပုန်နဲ့ သွားပေါင်းလိုက်ပါပြီ။ ဗမာ စစ်တပ်တွေကလဲ ကိုးကန့်ဒေသလူထုကို မြို့ရောတောပါ တအားသတ် တအားလု လုပ်နေတော့ လူထုနဲ့ လုံးဝကင်း ကွာသွားပြီ။ တနည်းအားဖြင့် ပြောရရင် ဗမာအစိုးရဟာ ကိုးကန့်ဒေသမှာ နိုင်ငံရေးအရအရှုံးကြီးရှုံးသွားခဲ့ပြီ။

    ကိုးကန့်စစ်တပ် ထောင်ဂဏန်းကိုတိုက်တာတောင် ဒါလောက်အကျအဆုံးများနေမှတော့ တကယ်တန်းပြည်ပရန်ကို ကာကွယ်ဖို့ ဘယ်လိုတိုက်မှာလဲ။ ဗမာပြည်ရဲ့ပြည်တွင်းစစ်တွေကို နိုင်ငံရေးနည်းအရအဖြေရှာ၊ တိုင်းရင်းသားပြ ဿနာပြေလည်ဖို့ ဖက်ဒရယ်စနစ်ကျင့်သုံးပြီး စစ်တပ်ကို professional စစ်တပ်ဖြစ်အောင် နိုင်ငံရေးနယ်ထဲက ထွက် ခွာပြီးလုပ်ဖို့ အထူးအရေးတကြီးလိုအပ်ချိန် ရောက်နေပါပြီ။

    ဒါကြောင့် ကိုးကန့်စစ်ပွဲဟာ မင်းအောင်လှိုင် သမတရာထူးအတွက် စစ်သည်တွေရဲ့ အသက်သွေးချွေးတွေ ပေးဆပ်နေ ရတာဘဲဖြစ်တယ်။ မင်းအောင်လှိုင် သိက္ခာဆည်ဖို့အတွက် တိုင်းပြည်ရဲ့ဘဏ္ဍာငွေကိုလည်း အလဟသဖြုံးတီးပစ်နေ တာဖြစ်တယ်။ နိုင်ငံရေးအရ အကျိုးအမြတ်မရှိဘဲ စစ်ရေးအရ ဘဏ္ဍာရေးအရ ဆုံးရှုံးမှုကြီးလှတဲ့စစ်ပွဲကို ဘာကြောင့် ဆက်ပြီးလုပ်နေသလဲ။ ကိုဂါမဏိရေးခဲ့သလို အာဏာနီတည်ဆောက်နေတာလား။ ရှုံးမဲမဲပြီး ရှက်ရမ်းရမ်းနေတာကို အမြန်ဆုံးရပ်သင့်ပါပြီ။ စစ်သားတွေရဲ့အသက်တွေ၊ တိုင်းရင်းသားတွေရဲ့အသက်တွေ၊ တိုင်းပြည်ရဲ့ လူသားရင်းမြစ်၊ စီးပွားရင်းမြစ်တွေ အဆုံးရှုံးမခံသင့်တော့ပါဘူး။ ဗမာစစ်တပ်နဲ့ တိုင်းရင်းသားတွေကြား အမုန်းတရားတွေ၊ လူမျိုးငယ် တွေရဲ့ သံသယစိတ်တွေ ထပ်ပွားလာအောင်၊ ကြီးထွားလာအောင် မလုပ်ပါနဲ့တော့။

    အောင်သဇင်

    • kai

      March 15, 2015 at 4:32 am

      ကျောင်းသားတွေ စချီတက်တော့.. သူတို့တောင်းဆိုတာဟာ.. ပညာရေးစစ်စစ်ဖြစ်သမို့.. နိုင်ငံရေးကစားကွက်မရှိကြောင်းပြောခဲ့ဖူးတယ်..။
      အဲဒါကို နိုင်ငံရေးကစားကွက်အဖြစ်ပြောင်းချင်ရင်.. မဘသနဲ့ကစားရမယ်လို့လည်းရေးခဲ့သဗျ..။
      .. ကိုဇေယျာလွင်(စီးပွားရေးတက္ကသိုလ်သမဂ္ဂဥက္ကဌ)က.. ဘကကျောင်းတွေဖျက်သိမ်းဖို့ တောင်းဆိုတာထွက်လာတယ်..။ အခုလွတ်တော်ထဲ ဆွေးနွေးတာမှာလည်း.. ဒါကိထိပ်တန်းထားဆွေးနွေုး့ကြရသမို့..ပြောင်းလှမ်းလိုက်တဲ့.. နိုင်ငံရေးခြေလှမ်းအောင်မြင်တယ်ခေါ်ရမယ်ပေါ့..။
      ပညာရေးဆိုတာ.. ကျောင်းသားတွေအလုပ်ပါ…။ သမိုင်းအဆက်ဆက်မည်သို့ဖြစ်ခဲ့သည်ဖြစ်စေ.. မလွဲမရှောင်သာလို့ ဖြစ်ခဲ့ရတယ်မှတ်ကြရပါမယ်..။
      ကလေးငယ်ပညာရေးသည် ဘုန်းတော်ကြီးများအလုပ်..(လုံးဝ) လုံးဝမဟုတ်..။
      ဘုန်းတော်ကြီးများ စိတ်အေးချမ်းသာ တရားရှာ လောကုတ္တရာလုပ်နိုင်ကြပါစေ..။ :k:

      ဆိုတော့…
      အခုရော…
      စစ်တပ်ကတော့.. တော်တော်ကြပ်နေတဲ့သဘောတွေ့ရတယ်…။
      အဲဒီအပေါ်ကဆောင်းပါးထဲ.. အောက်ကမှတ်ချက်လေး.. အရေးကြီးတာမြင်မိတယ်…။

      အကယ်၍သာ ၈ လေးလုံးတုံးကလို မြို့တွေပေါ်မှာ လူထုလှုပ်ရှားမှုတွေ အကြီးအကျယ်ဖြစ်လာရင် ပတ်တုတ်မရတဲ့ အခြေအနေ ဖြစ်သွားနိုင်တယ်။

      စ,တော့နေပါပြီ..။
      မိဘပြည်သူများခင်ဗျား..
      . ဂိမ်းလှလှကစားချင်ရင်.. စိန့်တိုင်းပြည်မှာရှာ… ရှာ.. လို့.. ထပ်ပြောချင်မိရဲ့..။ :k:
      အဲ. အဓိကရုဏ်း.. ထမဖြစ်ဖို့တော့.. မိုးနတ်မင်းကြီးဆီသာ ဆုတောင်းကြစေချင်…

      မှတ်ချက်။ ။
      လိပ်ပြာတွေတောင်ပံခတ်နေသည်
      တီတီတွတ်တွတ် မပြောရ
      အိမ်ရှေ့တွင် ပန်းခြံပျိုးထားပါ
      မုန်တိုင်းကျမည်လား..။

      • မြစပဲရိုး

        March 15, 2015 at 5:14 am

        လေသံကတော့ တစ်ထပ်ထဲ ဘဲ။
        သူကြီးမင်းမှာ မျက်နှာဖုံး ဘယ်နှစ်ခုလောက်များ ရှိတုန်း။ 🙄
        lol:-)))

        • kai

          March 15, 2015 at 5:23 am

          ကံ..ကံရဲ့အကျိုးကိုယုံတယ်လေ…။ (ကံ=အလုပ်)
          အခြေအနေအချိန်အခါအရ.. မျက်နှာဖုံးပြောင်းကြရသပေါ့..။

          ဒေါ်စုလည်း.. ဒီလိုလုပ်နေတယ်လို့.. ထင်..။
          ကြည့်ပါလား..
          ဦးသိန်းစိန်နဲ့တွေ..။ ဦးရွှေမန်းနဲ့တွေ့.။ ၆ပွင့်ဆိုင်အချိန်ဇယားပြန်ရ..။
          အခု.. ၈၈ နဲ့တွေ့..။
          ယူအက်စ်ကို.. ?
          စိန့်ပြည်ကို.. ?

          အခက်ကို.. အချက်ဆွဲယူတာမှာ.. တော်ချက်..။ :k:

    • naywoon ni

      March 22, 2015 at 2:36 am

      ရွာထဲက လူ​တွေက ​လောက်​ကိုင်​သတင်​း စိတ်​မဝင်​စားတာလား ဘာလား ညာလား​ပေါ့​လေ ။ ဘယ်​သူမှ ​လေသံမဟ ကြပါလား ။ ကို​ကြောင်​ကြီးရဲ့ စတိုင်​ယာ ​တွေကလွဲပြီး မ​ပြောကြ​သေးပါလား ။ စစ်​ပွဲက ရက်​ရှည်​​နေပြီ ။ စစ်​လည်​းပမ်​း​နေ​လောက်​ပြီ ။ ဒီပုံအတိုင်​းသာ ဇွတ်​တိုးတိုက်​​နေမယ်​ဆိုရင်​ဖြင်​့ မလွယ်​​လောက်​ဖူး။ 🙂

  • ဦးဦးပါလေရာ

    March 15, 2015 at 2:31 pm

    .ပုစ္ဆာတပုဒ်ကို တွက်တဲ့အခါ အဲဒီပုစ္ဆာအတွင်း ပေးထားတဲ့အချက်တွေ (ပေးထားချက်) ကို
    .အခြေခံပြီးတွက်မှ အဖြေရအောင်တွက်နိုင်တယ်။
    .လက်တွေ့ဘဝမှာလဲ နိုင်ငံရေးပုစ္ဆာတွေတွက်တဲ့အခါ –
    .ပေးထားချက်ဖြစ်တဲ့-
    .ပကတိ အခြေအနေအမှန်တွေကို ခြုံငုံ ထည့်သွင်းတွက်ချက်မှ
    .လိုချင်တဲ့အဖြေကို နီးစပ်မှာဖြစ်တယ်….
    …….
    .ကောင်းပြီ..
    .သချင်္ာပုစ္ဆာနဲ့ လက်တွေ့ဘဝပုစ္ဆာတွေမှာ
    .အဓိက ကွာခြားချက် နှစ်ခုရှိတယ်…….
    …….
    .(၁) လက်တွေ့ဘဝမှာ ပေးထားချက်တွေက အမြဲပြောင်းနေတယ်….
    .(၂) လက်တွေ့ဘဝမှာ အဖြေမှန် ဆိုတာမရှိဘူး
    -လိုချင်တဲ့အဖြေဆိုတာပဲ …ရှိတယ်။
    .ဘာ့ကြောင့်ဆို-
    .ဘယ်နည်းနဲ့ဖြစ်ဖြစ်
    . ကောင်းကောင်းမကောင်းကောင်း
    . ကြိုက်ကြိုက်မကြိုက်ကြိုက်
    .တကယ့်ဘဝမှာတော့ တကယ်ထွက်လာတဲ့အဖြေက အဖြေမှန်ပဲ…
    ….
    .လောကကြီးဆိုတာက မျောက်ကဆင်းသက်လာတဲ့ သတ္တဝါမျိုးစိတ်တစ်ခုက စိတ်ကူးယဉ်ပြီး သူ့အလိုကျ တည်ဆောက်ထားတာမှ မဟုတ်ပဲလေ…
    .လောကကြီးဆိုတာက သူ့သဘောသူဆောင်ပြီး သူ့သီဝရီနဲ့သူ သွားနေတာကို
    :kwi:

  • ဦးဦးပါလေရာ

    March 15, 2015 at 2:35 pm

    .ကျုပ်ပြောချင်တာက
    .အကယ်၍ တိုင်းပြည် တစ်က ပြန်စရလျှင်လဲ
    .အဲဒါ ဖြစ်စရာရှိလို့ဖြစ်လာတဲ့ အဖြေမှန်သာလျှင်ဖြစ်တယ်…
    .ဘာမှမတတ်နိုင်ဘူးပဲ…

  • kai

    March 16, 2015 at 1:24 pm

    မြန်မာ-တရုပ် စစ်ရေးတင်းမာမှုအခြေအနေ
    ——————————————————
    တရုတ်နိုင်ငံ၏ ဗဟိုစစ်ဦးစီးကော်မရှင် ဒုဥက္ကဌဖြစ်သူ ဗိုလ်ချုပ်ကြီး Fan Changlong က မြန်မာကာကွယ်ရေးဦးစီးချုပ်ထံ ဖုန်းဖြင့် ဆက်သွယ်ပြီး ပြင်းထန်စွာ သတိပေး။
    ======================================================
    အခုလို မြန်မာ့ထိပ်တန်းခေါင်းဆောင်များနှင့် ရင်းနှီးမှုရှိသည့် တရုတ် ဗိုလ်ချုပ်ကြီး
    တစ်ဦး၏ ရာဇသံပေးမှုကို ဆင်ဟွာသတင်းဌာနက အကျယ်တဝင့် ဖော်ပြထားပါသည်။
    ဗိုလ်ချုပ်ဖန်က မြန်မာကာချုပ်အား ယခုဖြစ်ပွားခဲ့သည့် မြန်မာလေတပ်ကြောင့် တရုတ်
    လယ်သမား ၄ ဦး သေဆုံးမှုပြီး ၉ ဦး ဒဏ်ရာရရှိခဲ့မှုမှာ လက်ခံနိုင်ဖွယ်ရာ အခြေအနေ
    မရှိကြောင်း၊ သို့ပါ၍ မြန်မာစစ်တပ်ကို စည်းကမ်းထိန်းသိမ်းတင်းကျပ်ပါရန် ဖုန်းဖြင့်
    ပြောကြား ခဲ့သည်ဟု ဆိုသည်။

    “မြန်မာထိပ်ပိုင်း စစ်တပ်ခေါင်းဆောင်များအနေဖြင့် အခြေအနေကို မထိန်းချုပ်နိုင်ပဲ ယခု ကဲ့သို့ ပြသနာများ ထပ်မံဖြစ်ပွားပါက တရုတ်နိုင်ငံအနေဖြင့် မလွဲသာ မရှောင်သာပဲ
    နယ်စပ်နေ တရုတ်ပြည်သူများ၏ အသက် အိုးအိမ် စည်းစိမ်များကို ကာကွယ်
    စောင့်ရှောက်ပေး ရပါလိမ့်မယ်” လို ဗိုလ်ချုပ်ဖန်က ကာချုပ်မင်းအောင်လှိုင် အား ပြောကြား
    ခဲ့သည်ဟု ဆင်ဟွာသတင်းဌာနက ဖော်ပြထားသည်။

    —————
    Fan additionally told the Burmese commander that such an incident could never be allowed to take place again. Beyond his condemnation of the Myanmar armed forces, Fan continued and issued a warning, noting that should Chinese civilians face harm as a result of Myanmar armed forces’ actions, the “Chinese military will take resolute measures to protect the safety of Chinese people and their assets.”
    —————

    ထို့အပြင် တရုတ်ကာကွယ်ရေး ဝန်ကြီးဌာနက မြန်မာ့လေတပ်မှာ တိုက်လေယာဉ်များ
    ပြီးခဲ့ သည့် တစ်လအတွင်း အကြိမ်ပေါင်းများစွာ တရုတ်လေပိုင်နက်ထဲသို့ ကျ ူ းကျော်
    ဝင်ရောက် ခဲ့ကြောင်း မတ်လ ၁၄ ရက် စနေနေ့က တရားဝင် စာထုတ်ပြန် ဖော်ပြခဲ့ကြောင်း သိရသည်။

    ဗိုလ်ချုပ်ဖန်က မြန်မာစစ်တပ်အနေဖြင့် အဖြစ်အပျက်ကို အမြန်ဆုံးနှင့် အမှန်ကန်ဆုံး
    ဖော်ထုတ်ပြီး အဆိုပါ ဗုံးကြဲမှုတွင် ပါဝင်ခဲ့သည့် တပ်မတော်လေတပ်မှာ အရာရှိ
    အဆင့်ဆင့်အား ထိရောက်ပြင်းထန်စွာ အရေးယူဒဏ်ခတ်ရန် မြန်မာကာကွယ်ရေး
    ဦးစီးချုပ်အား တောင်းဆို ခဲ့သည်ဟု ဆိုသည်။ ထို့ပြင် သေဆုံးသူများ၏ ကျန်ရစ်သော မိသားစု တောင်းပန် ရန်နှင့် လျော်ကြေးပေးရန်ကိုလည်း တောင်းဆိုခဲ့သည်ဟု
    ဆိုသည်။

    ဗိုလ်ချုပ်ဖန်က မြန်မာဘက်မှ လတ်တလော ပြသနာများကို ကောင်းမွန်စွာ ကိုင်တွယ်
    ဖြေရှင်း မည်ဟု ယုံကြည်ကြောင်း၊ တရုတ်နိုင်ငံနှင့် လက်တွဲကာ တရုတ်-မြန်မာ
    နယ်စပ် တစ်လျောက် တည်ငြိမ်အေးချမ်းကို ဆောက်ရွက်သွားမည်ဟု မျှော်လင့်ကြောင်း
    ဆင်ဟွာ သတင်းဌာန သို့ ပြောကြားခဲ့သည်။

    ကာကွယ်ရေးဦးစီးချုပ် မင်းအောင်လှိုင်က တရုတ်နိုင်ငံ၏ ရပ်တည်ချက်ကို လက်ခံကြောင်း၊ မြန်မာဘက်မှ အထူးစုံစမ်းရေးအဖွဲ့ စေလွတ်ပြီး ဖြစ်ပွားပုံ အဆင့်ဆင့်
    ကို စုံစမ်းစစ်ဆေးသွားမည် ဖြစ်ကြောင်း၊ သက်ဆိုင်မှုရှိသူများကို အရေးယူ
    ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဗိုလ်ချုပ်ဖန်သို့ ပြောကြားခဲ့သည်ဟု ဆိုသည်။

    ——————–
    Min Aung Hlaing said the Myanmar side understood China’s feelings and assured that the Myanmar side would send personnel to jointly investigate the incident with the Chinese side. Min Aung Hlaing also promised to properly handle relevant issues and hold relevant people accountable.
    ——————–
    ဗိုလ်ချုပ်ဖန်က မြန်မာနိုင်ငံအနေဖြင့် ဖြစ်ပွားခဲ့သည့် ပြသနာ၏ အတိမ်အနက်ကို
    သေချာစွာ သဘောပေါက်ပြီး တိကျစွာ ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း
    ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်အား ပြောကြားခဲ့သည်။

    ——————–
    “The Myanmar side must recognize the seriousness of the issue, seriously deal with this incident, punish those who caused the trouble, apologize and pay compensation to family members, and explain themselves to China,” Fan was cited in Xinhua as telling Min Aung Hlaing in an emergency telephone call.
    ———————
    ထို့အပြင် ဖန်က တရုတ်လေတပ်မှ တိုက်လေယာဉ်များကို မြန်မာနယ်စပ်များ သို့
    စေလွတ် ထားပြီး လေပိုင်နက်ကျ ူ းကျော်မှုများ ထပ်မံဖြစ်ပွားပါက မြန်မာ့လေတပ်မှ
    လေယာဉ်များ ကို သတိပေး မောင်းထုတ်ရန် ညွှန်ကြားပြီး ဖြစ်သည်ဟု ဆိုသည်။

    ယခုကဲ့သို့ တရုတ်ဗဟိုစစ်ဦးစီးကော်မရှင်၏ ဒုဥက္ကဌ၏ စစ်ရေးအရ တန်ပြန်
    ခြိမ်းခြောက်မှု သည် အလွန်သတိထားစရာ ဖြစ်သည်ဟု The Diplomat သတင်းဌာန
    ရေးသားခဲ့သည်။ တရုတ်နိုင်ငံသည် မြန်မာစစ်အစိုးရလက်ထက်တလျောက် နှစ်ပေါင်း ၂ဝ ကျော် မြန်မာ ဘက်မှ မားမားမတ်မတ် ရပ်တည်ခဲ့သည့် တစ်ခုတည်းသော
    နိုင်ငံဖြစ်သည်။

    ———–
    This is a remarkable statement from the vice chairman of the CMC, and suggests that the People’s Liberation Army could move to take kinetic military action against Myanmar, a country that has had relatively close relations with China over the past decade. Fan also notes that PLA Air Force (PLAAF) jets had been dispatched the China-Myanmar border to “track, monitor, warn and chase away” Myanmar jets.
    ———–
    ယခုလို တရုတ်လယ်သမား ၄ ဦး သေဆုံးခဲ့မှုဟာ တရုတ်နိုင်ငံဘက်မှာလည်း
    အမျိ ု းသားရေး စိတ်ဓါတ်များကို မြှင့်တက်လာစေနိုင်ပြီး တုံ့ပြန်မှု မရှိပါက တရုတ်၏
    စူပါပါဝါ ရပ်တည်မှုကို ထိခိုက်စေနိုင်မည်ဟု The Diplomat သတင်းဌာနက ရေးသား
    ခဲ့သည်။ တရုတ် အမျိ ု းသားရေးဝါဒီများ သည် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏
    သမားရိုးကျ တုံ့ပြန်မှုကို မကျေမချမ်းဖြစ်ခဲ့ကြသည်ဟု ဆိုသည်။ နောက်တစ်ကြိမ် ယခု
    ကဲ့သို့ ထပ်မံ မဖြစ်ပွားရန်မှာ တရုတ်နိုင်ငံရေးခေါင်းဆောင်များ အတွက်ပါ အလွန်
    အရေးကြီးနေပြီ ဖြစ် သည်။

    ————
    The deaths of Chinese citizens as a result of a foreign military strikes would stir up Chinese nationalist sentiments, leading to calls for military action. After all, if China is to maintain its image as a rising superpower, it needs to be prepared to take action when necessary.
    ————
    တရုတ်ဝန်ကြီးချုပ် Li Keqiang က သူ၏ နှစ်ပတ်လည် သတင်းစာရှင်းလင်းပွဲတွင် တရုတ်နိုင်ငံအနေဖြင့် နယ်စပ်ဒေသတွင် တရုတ်နိုင်ငံ၏ အချုပ်အချာအာဏာတည်တံ့
    ခိုင်မြဲရေးကို လုပ်ဆောင်ရမှာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါသည်။ထို့အတူ တရုတ်လေတပ်
    ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုးကြီး Shen Jinke က တရုတ်နိုင်ငံ၏ လေပိုင်နက်ကို
    ကာကွယ်ရန် လုပ်ဆောင်ချက်များကို စတင်နေပြီ ဖြစ်ကြောင်း သတင်းထောက်များအား
    ဖြေကြားခဲ့သည်။

    —————
    Speaking at his annual news conference on Sunday, Chinese Premier Li Keqiang said that the government had the ability and responsibility to “firmly defend” the stability of the border.
    ————–
    အဆိုပါ ဖြစ်ရပ်နှင့် ပတ်သက်ပြီး မြန်မာအစိုးရက ငြင်းဆိုထားသည်။ သမ္မတရုံးမှ ညွှန်မှုး
    တစ်ဦးဖြစ်သူ ဇော်ဌေးက ဂျပန် Kyodo သတင်းဌာနအား ပြောကြားရာတွင် တရုတ်
    ဘက်မှ ရရှိသည့် သတင်းများအရ အခင်းဖြစ်ပွားခဲ့သည့်နေရာတွင် မြန်မာ့လေတပ်မှ
    ဗုံးကြဲခဲ့ခြင်း မရှိကြောင်း ပြောကြားခဲ့သည်။ တရုတ်-မြန်မာနိုင်ငံကြား သံတမန်များ
    တွေ့ဆုံပြီး အဖြစ်မှန်ကို ဖော်ထုတ်ရန် ကြို းစားလျက်ရှိသည်ဟု ဦးဇော်ဌေးက မတ်လ
    ၁၄ ရက် စနေနေ့က ပြောကြားခဲ့သည်။

    ————-
    Zaw Htay, director of the President’s Office, told Kyodo News that the country’s ambassador to China and military attache were summoned by Chinese authorities to explain the bombing. Based on information the Chinese provided, the Myanmar military concluded that one of its warplanes did not carry out the strike.
    ————-

    GPS ၊ ရေဒါ နှင့် မြေပြင်ပေါ်မှ အချက်အလက်များအရ မြန်မာ့လေတပ်သည့် တရုတ်
    လေပိုင်နက်ထဲသို့ ကျ ူ းကျော်မှု မရှိခဲ့ကြောင်း ၎င်းက ဆိုသည်။ အဆိုပါ ဖြစ်ရပ်နှင့် ပတ်သက်ပြီး မြန်မာအစိုးရက တရုတ်အစိုးရနှင့် အပြည့်အဝ လက်တွဲဖြေရှင်းသွားမည်
    ဟု သိရသည်။

    (မောင်နိုး ဘာသာပြန်သည်။)
    Ref – Xinhua, The Diplomat, WSJ, The New York Times, Global Times ….
    ဓါတ်ပုံအညွှန်း – ဗိုလ်ချုပ်ကြီး Fan Changlong ၏ မြန်မာနိုင်ငံ ခရီးစဉ်
    The Ladies News Journal.

  • kai

    March 16, 2015 at 1:51 pm

    Eleven Media Group added 5 new photos.

    အစိုးရသစ်လက်ထက် လေးနှစ်အတွင်း ကျွန်းနှင့်သစ်မာတန်ချိန် ၅ရ သိန်းကျော် ထုတ်ခွင့်ပေးပြီး ထူး၊ မြတ်နိုးသူ၊ တင်ဝင်းထွန်း ကုမ္ပဏီတို့ အများဆုံးထုတ်ခွင့်ရ၊ ယခင် တစ်နှစ် တန် ၁၅ သိန်းဝန်းကျင်သာ ထုတ်ခွင့်ပြုခဲ့သော်လည်း အစိုးရသစ်လက်ထက်တွင် တစ်နှစ်တည်းနှင့် တန်ချိန် ၂၃ သိန်းကျော်အထိ ထုတ်ခွင့်ပြု

    Written by – မာန်သူရှိန်

    သမ္မတဦးသိန်းစိန် အစိုးရသစ်လက်ထက် လေးနှစ်အတွင်း ကျွန်းနှင့်သစ်မာတန်ချိန်ပေါင်း ၅ရ သိန်းကျော်ကို ထုတ်ယူခွင့်ပေးခဲ့ကြောင်း မြန်မာ့သစ်လုပ်ငန်းမှ ခွင့်ပြုပေးချက်များအရ သိရသည်။

    ၂ဝ၁၁-၂ဝ၁၂ ဘဏ္ဍာနှစ်က ကျွန်းနှင့်သစ်မာ တန်ချိန်ပေါင်း ၂၃ သိန်းကျော်ကိုလည်းကောင်း၊ ၂ဝ၁၂-၂ဝ၁၃ ဘဏ္ဍာနှစ်က ကျွန်းနှင့်သစ်မာ တန်ချိန်ပေါင်း ၁ရ သိန်း နီးပါးကိုလည်းကောင်း၊ ၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာနှစ်က ကျွန်းနှင့်သစ်မာ တန်ချိန်ပေါင်း ၁ဝ သိန်းနီးပါးကိုလည်းကောင်း၊ ယခု ၂ဝ၁၄- ၂ဝ၁၅ ဘဏ္ဍာနှစ်တွင် ကျွန်းနှင့်သစ်မာ တန်ချိန်ပေါင်း ရ သိန်းကျော်ကိုလည်းကောင်း ထုတ်ယူခွင့်ပေးခဲ့ပြီး လေးနှစ်အတွင်း စုစုပေါင်းတန်ချိန် ၅ရ သိန်းကျော်အထိ ထုတ်ယူခွင့် ပေးခဲ့ခြင်းဖြစ်သည်။

    ထုတ်ယူခွင့် ပေးရာတွင်လည်း ထူး၊ မြတ်နိုးသူနှင့် တင်ဝင်းထွန်း ကုမ္ပဏီများမှ အများဆုံး ထုတ်ယူခွင့်ရရှိ ခဲ့ကြကြောင်း စာရင်းများအရ သိရသည်။

    ထူးကုမ္ပဏီသည် လေးနှစ်အတွင်း ကျွန်းသစ်တန်ချိန်ပေါင်း ၁၂၁၄၅ဝ ထုတ်ယူခွင့်ရရှိပြီး သစ်မာတန်ချိန်ပေါင်း ၁ဝ၄၇၅ဝ ကို ထုတ်ယူခွင့် ရရှိခဲ့သည်။

    ကျွန်းသစ်ထုတ်ယူခွင့် ရရှိသည့် ကုမ္ပဏီများထဲတွင် ထူးကုမ္ပဏီက အများဆုံးကျွန်းသစ် ထုတ်ယူခွင့်ရရှိသည့် ကုမ္ပဏီဖြစ်သည်။

    မြတ်နိုးသူ ကုမ္ပဏီမှာလည်း ကျွန်းသစ်တန်ချိန် ၆၃ဝဝဝ နှင့် သစ်မာတန်ချိန်ပေါင်း ၅၂၁ဝဝဝ ထုတ်ယူခွင့်ရရှိခဲ့ရာ သစ်ထုတ်ခွင့်ရသည့် ကုမ္ပဏီများအားလုံးထဲတွင် သစ်မာထုတ်ယူခွင့် အများဆုံးရသည့် ကုမ္ပဏီဖြစ်သည်။

    တင်ဝင်းထွန်း ကုမ္ပဏီမှာလည်း ကျွန်း ၁၇,၃ဝဝ တန်၊ သစ်မာ ၄၃၆,၃ဝဝ တန်ထုတ်ယူခွင့်ရရှိပြီး ဒုတိယ သစ်မာအများဆုံး ထုတ်ယူခွင့်ရရှိထားသည့် ကုမ္ပဏီဖြစ်သည်။

    ယခုလေးနှစ်အပါအဝင် ဆယ်စုနှစ်တစ်စုအတွင်း ဆိုပါက ထူးကုမ္ပဏီတစ်ခုတည်းကို ဌာနမှ သစ်ထုတ်ယူခွင့် ပေးခဲ့သည့် ပမာဏမှာ ခန့်မှန်းခြေ တန်ချိန် ၁ သန်း နီးပါးအထိ ရှိနိုင်သည်ဟုလည်း သစ်လုပ်ငန်းရှင်အချို့က ခန့်မှန်းထားကြသည်။ (ထူးကုမ္မဏီ၏ ခုတ်ယူခွင့်ရ တန်ချိန် အတိအကျကို ဌာနမှ ထုတ်ပြန်ပေးထားခြင်း မတွေ့ရပါ)။

    ယခုနောက်ပိုင်း ရောက်ရှိမှသာ မြတ်နိုးသူနှင့် တင်ဝင်းထွန်း ကုမ္ပဏီများက အများအပြား သစ်ထုတ်ခွင့် ရလာခြင်းဖြစ်ကြောင်း သစ်လုပ်ငန်းရှင်များကဆိုသည်။

    သစ်ထုတ်ယူခွင့်တွင် ထိပ်ဆုံး၌ ထူးကုမ္ပဏီအနေဖြင့် ပါဝင်သော်လည်း ၂ဝဝ၉-၂ဝ၁ဝ ခုနှစ်က ထုတ်ပြန်သည့် ထိပ်ဆုံးအခွန်ထမ်း ၅ ဦး၊ ၂ဝ၁ဝ-၂ဝ၁၁ ခုနှစ်က ထုတ်ပြန်သည့် ထိပ်ဆုံးအခွန်ထမ်း ၁ဝ ဦး၊ ၂ဝ၁၁-၂ဝ၁၂ ခုနှစ်က ထုတ်ပြန်သည့် ထိပ်ဆုံးအခွန်ထမ်း ၁ဝ ဦး၊ ၂ဝ၁၂-၂ဝ၁၃ ခုနှစ်က ထုတ်ပြန်သည့် ထိပ်ဆုံးအခွန်ထမ်း ၁ဝ ဦး စာရင်းများတွင် ပါဝင်လာခြင်း မရှိခဲ့ကြောင်းကိုလည်း ပြည်တွင်းအခွန်များ ဦးစီးဌာနမှ ထုတ်ပြန်ချက်များအရ သိရသည်။

    ထို့အတူ မြတ်နိုးသူနှင့် တင်ဝင်းထွန်း ကုမ္ပဏီတို့မှာလည်း လေးနှစ်ဆက်တိုက် ထုတ်ပြန်သည့် ထိပ်ဆုံးအခွန်ထမ်း စာရင်းများတွင် ထိပ်ပိုင်း ၁ဝ ဦးအတွင်း ပါဝင်လာခြင်း မရှိကြောင်း ထုတ်ပြန်ထားချက်များအရ သိရှိရပါသည်။

    မြန်မာနိုင်ငံတွင် နှစ်စဉ်သစ်ထုတ်ယူခွင့်ပြုရာ၌ ၂ဝဝ၁-၂ဝဝ၂ ခုနှစ်မှစ၍ ယခု ၂ဝ၁၄-၂ဝ၁၅ ခုနှစ်အထိ ၁၄ နှစ်တာကာလအတွင်း သစ်တန်ချိန်ပေါင်း ၂၁ သန်းနီးပါးအထိကို ခုတ်ယူခွင့်ပေးခဲ့ခြင်းလည်း ဖြစ်သည်။

    ထုတ်ယူခွင့်ပြုရာတွင်လည်း တရားဝင်ထုတ်ယူခွင့်ပေးသည့် စာရင်းအရ ယခင်အစိုးရလက်ထက်၌ စံချိန်တင် သစ်ထုတ်ယူခွင့်ပြုသည့် နှစ်မှာ ၂ဝဝ၉-၂ဝ၁ဝ ခုနှစ်တွင်ဖြစ်ပြီး တန်ချိန်ပေါင်း ၁၆၄၈၉၆၈ တန် ထုတ်ယူခွင့်ပြုခဲ့သည်။

    သို့သော် ယခုအစိုးရ လက်ထက်တွင်မူ စတင်တာဝန်ယူသည့် ၂ဝ၁၁-၂ဝ၁၂ ခုနှစ်၌ပင် တစ်နှစ်အတွင်း သစ်တန်ချိန်ပေါင်း ၂၄ သိန်းနီးပါးအထိ ထုတ်ယူခွင့်ပေးခဲ့ရာ ၁၄ နှစ်တာကာလအတွင်း စံချိန်တင် သစ်ထုတ်ယူခွင့် ပေးခဲ့သည့်နှစ်အဖြစ် မှတ်တမ်းဝင်ခဲ့သည်ကို ထုတ်ပြန်ထားချက်များအရ သိရသည်။

    ထိုမျှမက ပြည်ပသို့ ကျွန်းနှင့် သစ်မာတင်ပို့ရာတွင်လည်း နှစ်ပေါင်း ၂ဝ အတွင်း အများဆုံးစံချိန်တင် တင်ပို့ခွင့်ပြုခဲ့မှုမှာလည်း ယခုသမ္မတ ဦးသိန်းစိန်အစိုးရ လက်ထက်တွင်ဖြစ်ကြောင်း သိရသည်။

    ယခင်အစိုးရ လက်ထက်က နှစ်ပေါင်း ၂ဝ အတွင်း အများဆုံး တင်ပို့ခဲ့သည့်နှစ်မှာ ၂ဝဝ၇-၂ဝဝ၈ ဘဏ္ဍာနှစ်ကဖြစ်ပြီး တန်ချိန်ပေါင်း ၁ဝ သိန်းကျော် တင်ပို့ခဲ့ခြင်းဖြစ်သည်။

    ယခုအစိုးရ လက်ထက်တွင်မူ ၂ဝ၁၂-၂ဝ၁၃ ဘဏ္ဍာနှစ်က တန်ချိန်ပေါင်း ၁၂ သိန်းကျော်အထိ တင်ပို့ခဲ့ပြီး ယခင်အစိုးရ လက်ထက်က စံချိန်ကို ရိုက်ချိုးခဲ့ကြောင်း၊ ထပ်မံ၍ ၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာနှစ်ကလည်း တန်ချိန်ပေါင်း ၁၅ သိန်းကျော်တင်ပို့ခဲ့ပြီး ထပ်မံစံချိန်တင် တင်ပို့ခဲ့ကြခြင်းလည်း ဖြစ်သည်။

    ယခင်အစိုးရ လက်ထက်က ၂ဝဝ၈-၂ဝဝ၉ ဘဏ္ဍာနှစ်မှ ၂ဝ၁ဝ- ၂ဝ၁၁ ဘဏ္ဍာနှစ်အထိ သုံးနှစ်အတွင်း သစ်တန်ချိန် ၂၅ သန်းကိုသာ ပြည်ပသို့ တရားဝင် တင်ပို့ခဲ့သော်လည်း ယခုအစိုးရသစ် လက်ထက်တွင်မူ ၂ဝ၁၁-၂ဝ၁၂ ဘဏ္ဍာနှစ်မှ ၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာနှစ်အထိ သုံးနှစ်အတွင်း တန်ချိန်ပေါင်း ၃ရ သန်းကျော်အထိ တန်ချိန်ပေါင်းများစွာ ပိုမိုတင်ပို့ခွင့်ပြုခဲ့ခြင်းလည်း ဖြစ်သည်။

    ထို့အတွက် စံချိန်တင်သစ်ခုတ်ခွင့်နှင့် သစ်ပို့ခွင့်ကို ယခုအစိုးရ လက်ထက်တွင်သာ အများဆုံးပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ချက်များအရ သိရသည်။

    ၁၄ နှစ်အတွင်း သစ်ထုတ်ယူခွင့်များကို များပြားစွာ ခွင့်ပြုခဲ့သော်လည်း သစ်ထုတ်ယူခွင့် အများဆုံးရရှိသည့် ထူး၊ မြတ်နိုးသူ၊ တင်ဝင်းထွန်း ကုမ္ပဏီများအပြင် လေးနှစ်အတွင်း သစ်အများဆုံး ထုတ်ယူခွင့်ရသည့် ထိပ်ဆုံး ကုမ္ပဏီ ၁ဝ ခုထဲတွင် ပါဝင်သည့် အေးရှားဝေါလ်ကုမ္ပဏီ၏ ကုမ္ပဏီခွဲဖြစ်သော Lucre Wood၊ ယခင်စက်မှု (၁) ဝန်ကြီးဟောင်း ဦးအောင်သောင်းသားဖြင့် ပတ်သက်သည့် MRT ကုမ္ပဏီ၊ Nature Timber၊ Wood World၊ Momentum၊ ထွန်းမြတ်အောင် စသည်ဖြင့် ကုမ္ပဏီများသည်လည်း ထိပ်ဆုံးအခွန်ထမ်း ၁ဝ ဦးအတွင်း အဆိုပါကုမ္ပဏီ အမည်များဖြင့် ပါဝင်လာခြင်း မရှိကြောင်း သိရသည်။

  • kai

    March 18, 2015 at 7:15 am

    • kai

      March 18, 2015 at 7:17 am

      :k: .. လူ၂ယောက်ပဲလိုသဗျ..။

  • kai

    March 18, 2015 at 7:44 am

    The Irrawaddy (Burmese Version)

    သတင်းတို
    ဗုဒ္ဓပုံ နားကြပ်တတ်သူများကို ထောင်ဒဏ် ချမှတ်
    ဧရာဝတီ၊ မတ်လ ၁၇၊ ၂၀၁၅

    ဗုဒ္ဓပုံတော်ကို နားကြပ်တပ်ဆင်ကာ ကြော်ငြာခဲ့သည့် V Gastro Bar ဆိုင်ပိုင်ရှင် ဦးထွန်သူရိန်နှင့် မန်နေဂျာများဖြစ်သည့် ဦးထွဋ်ကိုကိုလွင်၊ နယူးဇီလန် နိုင်ငံသား Mr.Philip တို့ကို ဗဟန်းမြို့နယ်တရားရုံးက ထောင်ဒဏ် ၂နှစ်နှင့် ၆လစီ ယနေ့ချမှတ်လိုက်သည်။

    • ဦးကျောက်ခဲ

      March 18, 2015 at 9:05 am

      ဗုဒ္ဓဆင်းတုကို မျက်မှန်တပ်ပေးတဲ့ ရွှေတောင်မြို့က ဘုရားဒကာကြီးလည်း…
      အဲ့ခေတ်မှာ မဘသ သာရှိလို့ကတော့ … ဟီ ဟိ ၂နှစ်ခွဲ အောက်ထစ်…
      :k:

      • kai

        March 18, 2015 at 1:08 pm

        ဟိုက.. မျက်မှန်တပ်ပေးပြီးထိုင်ကန်တော့တာဗျ..။
        စေတနာကွာတယ်လေ…။ ရုပ်ထုဆိုတာ.. အနေကဇာမတင်သမျှ.. ဘုရားမဖြစ်..အရုပ်အဆင့်ပဲလို့တော့.. အခြေခံဗုဒ္ဓဘာသာဝင်တွေသိသင့်ပါတယ်..။

        တကယ်တော့.. ဒီပြစ်မှုဟာ.. ဗုဒ္ဓဘာသာဝင်တွေကို.. အပြန်အလှန်လေးစားသမှုမထားတာမျိုးဖြစ်တာမို့.. ဘာသာရေးကို..စီးပွားရေးအကျိုးအတွက်သုံးတာမို့.. ယူအက်စ်မှာလို.. ကွန်မြူနတီဆားဗစ်… နာရီ၁၀ဝ ကလေးတွေကို.. စာသင်ပေး.. အမှိုက်ကောက်.. ရွေတိဂုံကိုတံမြက်စည်းလှည်းပေး.. ဆိုတာမျိုးလောက်ပဲဖြစ်ရမှာ…။
        ဒီလိုအရေးယူတာ.. ပြင်းထန်ချက်က.. တရားရေးအပေါ်.. ဓမ္မစက်ဘယ်လောက်စွက်ဖက်လွှမ်းမိုးနေသလည်း.. ပြလိုက်တာပေါ့..။
        သမိုင်းရေးလိုက်တာပါပဲ..။

        တရားရုံးကို ဘုန်းကြီးတွေသွားခွင့်..တက်ခွင့်.. တရားရေးမှာတိုက်တွန်းဖိအားပေးခွင့်.. မရှိ…။ ဝိနည်းနဲ့ပိတ်ထားသဗျ..။
        ဘာပဲဖြစ်ဖြစ်.. ဒီလိုမတရားလုပ်တာကို.. ထောက်ခံသူများ.. သိပ်မကြာခင်တချိန်မှာ.. ဝဋ်လည်မယ်လို့.. ပြောချင်..။ :i:

  • kai

    March 18, 2015 at 7:45 am

    ဂေး မဟုတ်ကြောင်း မြန်မာပြည်သိန်းတန်နှင့်ဇနီး တရားဝင်ငြင်း
    by hotnews_editor·Thu, 01/01/1970 – 06:30·0 comments

    လူမှုကွန်ရက်စာမျက်နှာများ၌Gay တစ်ယောက်ဖြစ်ကြောင်း ပြောဆိုပြန့်နှံ့ နေတာနဲ့ ပတ်သက်လို့ မြန်မာပြည် သိန်းတန်က ဂေး(Gay) တစ်ယောက် မဟုတ်ပါဘူးလို့တရာဝင်ငြင်းဆိုလိုက်ပါ တယ်။

    “ဒီစကားဟာလုံးဝအခြေအမြစ်မရှိ ပါဘူး။ ရှိုးပွဲရှိလို့တမင်မနာလိုလို့တင် တာပါ။ တင်တဲ ့သူကလည်း အဆိုတော် အသိုင်းအဝိုင်းကပါ။ ဒါကိုလည်းသိထား ပါတယ်။Gay တစ်ယောက်လည်းလုံးဝ မဟုတ်ပါဘူး။

    အခုလည်းရှေ့နေတွေနဲ့ တိုင်ပင် နေတယ်။ တုံ့ပြန်မှုတစ်ခုခုတော့ လုပ် သွားမှာပါ”လို့ ၎င်းကပြောသည်။

    မြန်မာပြည်သိန်းတန်ဟာGay တစ်ယောက်အဖြစ်ဖွင့်ဟဝင်ခံထားပြီး၊ မြန်မာပြည်သိန်းတန်ရဲ့ အမျိုးသမီးက လည်း သဘောတူပါတယ်ဆိုတဲ့ စာသား များပါဝင်တဲ့ သတင်းများဟာ မတ်လ ၁၁ ရက်နေ့က လူမှုကွန်ရက်စာမျက်နှာ တွေပေါ်မှာပြန့်နှံ့လို့နေခဲ့ပါတယ်။

    “ဒီစကားကတော်တော့်ကို သိသာ ပါတယ်။ ဖျော်ဖြေပွဲလုပ်မယ့်အချိန်မှာ တင်တာဆိုတော့လေ။ သူသာ Gay တစ်ယောက်ဆိုရင်အန်တီကဘယ်ပေါင်း မလဲ။

    သားသမီးတွေလည်းရှိတာပဲ ဘယ် လို Gay ဖြစ်နိုင်မှာလဲ”လို့ မြန်မာပြည် သိန်းတန်ရဲ ့ဇနီးဖြစ်သူဒေါက်တာနုနန္ဒာ အောင်ကဆိုပါတယ်။

    အဆိုတော်မြန်မာပြည်သိန်းတန်ရဲ့ “မြန်မာပြည်သိန်းတန်နဲ့ ချစ်ရည်းစားများ” အမည်ရှိဂီတဖျော်ဖြေပွဲကို လာမယ့်မတ် လ ၂၁ ရက်နေ့မှာအမျိုးသားကဇာတ်ရုံ မှာကျင်းပသွားဖို့စီစဉ်ထားပါတယ်။

    ဂီတဖျော်ဖြေပွဲမှာ အဆိုတော်နီနီ ခင်ဇော်၊ အိုင်းရင်း ဇင်မာမြင့်၊ ချမ်းချမ်း၊ ရတနာမိုင်၊ဂျင်းနီ တို့ကပါဝင်သီဆိုသွား မှာဖြစ်ပါတယ်။

    အဆိုပါဖျော်ဖြေပွဲတွင် မြန်မာ ပြည်သိန်းတန်အနေနဲ့ စတိတ်စင်အပြင် အဆင်ကိုတမူထူးခြားမှုများနဲ့ ပြင်ဆင် ထားပြီးပလက်တီနမ်ခေတ်မှာအောင်မြင် ခဲ့တဲ့သီချင်းအပုဒ် ၄ဝ ခန် ့ကို အမျိူးသမီး အဆိုတော်တွေနဲ့ တွဲဖက်ဖျော်ဖြေသွား မှာပါ။

    စုသက်နှင်း(မြစ်မခ)

    • kai

      March 18, 2015 at 1:01 pm

      တခြားတော့မပြောချင်ပါဘူး..
      ဇနီးဖြစ်သူဒေါက်တာနုနန္ဒာအောင်ကဆိုပါတယ် …ဆိုပြီး.. ရေးထားတာဟာ.. တကယ်ပဲလားသိချင်လို့..
      နာမယ်ကလည်းမှား.. ဇနီးလို့သုံးထားတာကလည်း.. ရဲရင့်..။
      အဲဒါလေး..။

  • kai

    March 18, 2015 at 12:58 pm

    တရုတ်-မြန်မာ ဆက်ဆံရေး နှင့် ကိုးကန့် ဂယက်
    18 March 2015 11:27(+0630) (လွန်ခဲ့သော ၁ နာရီ ခန့်က)
    ဒီတပတ် မြန်မာ့ မျက်မှောက်ရေးရာ အစီအစဉ်မှာ မြန်မာ့တပ်မတော်က ကိုးကန့် ဦးဖုန်ကျားရှင်တို့ တပ်ဖွဲ့တွေကို တရုတ်နဲ့ ချိတ်ဆက်ဖို့ လုပ်နေတာဟာ အမေရိကန်စစ်တပ်နဲ့ ဆက်ဆံရေးကောင်းချင်တဲ့ ရည်ရွယ်ချက်ရှိတယ်လို့ တရုတ်-မြန်မာအရေး စောင့်ကြည့် လေ့လာသူ ဒေါက်တာလှကျော်ဇော က ဆိုပါတယ်။
    ..
    အခု ကိုးကန့်နဲ့ ဖြစ်ကြမှ ဘာဖြစ်လို့ စစ်သည်တော်တွေ သေကြေတာတွေ ပြောသလဲ။ တကယ်တော့ ကြာလှပြီ။ အစောကြီးကတည်းက ကျမတို့နဲ့ တိုက်ခိုက်တုန်းကလဲ ရာနဲ့ချီ ကျသေခဲ့တာပဲ။ ကေအိုင်အေနဲ့ တိုက်တုန်းကလဲ ရာနဲ့ချီ ကျခဲ့တယ်။ အဲဒီတုန်းက မပြောဘဲနဲ့ ကိုးကန့်နဲ့ကြမှ ပြောသလဲဆိုတာ သိပ်ထူးဆန်းတယ်။ ကျမ ထင်တာကတော့ ဗမာစစ်တပ်အနေနဲ့ အမေရိကနဲ့ သိပ်ဆက်ဆံရေး ကောင်းချင်တယ်။ အဲဒီလို ဆက်ဆံရေး ကောင်းချင်တဲ့အတွက်ကို တရုတ်ကို demonize လုပ်ပြစ်တာ။ တရုတ်ကို ကြောက်စရာသတ္တဝါကြီး လုပ်ပြီးတော့ တမင်သက်သက် လုပ်နေတယ်လို့ ကျမ ထင်တယ်။
    http://www.thithtoolwin.com/2015/03/blog-post_511.html

    • kai

      March 18, 2015 at 1:03 pm

      စူပါပါဝါ၂ခုကို.. ဘယ်သူချိပ်ဆက်ပေးရဲသလည်း.. ကြည့်နေတာ…
      နောက်ဆုံးတော့.. ဗကပကထွက်လာသဗျ..။
      သေရဲတာအလံနီ..။ :k:

      ဆိုတော့…
      လုပ်လက်စနဲ့.. မဘသကို.. ရာထူးချပေးသွားနိုင်မယ်…မျှော်လင့်မိ..။
      ယဉ်ကျေးမှုတော်လှန်ရေး.. ဒို့အရေး..။ :k:

  • kai

    March 19, 2015 at 5:13 pm

    Three young Burmese boys killed in North Carolina stabbing
    A police officer near the scene
    Continue reading the main story
    Related Stories

    From Myanmar to the US Great Plains Watch
    Myanmar profile

    Three brothers aged one, five and 12 are dead after a neighbour attacked them with a knife in their North Carolina home, say police.

    The boys’ elder sister and mother were also hurt in the attack in New Bern.

    Officers have arrested a man, and they say he and the victims are all Burmese, with a language barrier complicating their investigation.

    The city of New Bern is home to about 1,900 Burmese refugees, who fled persecution in their home country.
    Eh Lar Doh Htoo The suspect faces three murder charges

    Police say the motive of 18-year-old Eh Lar Doh Htoo’s is not yet known, but they have charged him with three counts of murder and assault with a deadly weapon with intent to kill.

    Mr Htoo used a “machete-style” knife in the attack, according to local television station WITN.

    “Any time this happens in any community, any part of town, it’s surprising,” said New Bern Police Chief Toussaint Summers Jr.

    On Tuesday at about 23:00 local time (03:00GMT Wednesday), police were called to a house where a person was said to be wielding a knife.

    Upon entering the home, they discovered that two of the boys had already died. The third boy died later in hospital.

    During the attack, the boys’ mother jumped from a second-floor window and ran to a nearby house to seek help, neighbours say.
    Investigators outside the house where the stabbings are said to have taken place

    Susan Husson, the executive director of the Interfaith Refugee Ministry in New Bern, said the first Burmese refugees arrived in the city around 1999.

    “It’s just really hard right now,” she said. “It’s been really horrific.”

    Neighbours say that Mr Htoo was a member of the Karen ethnic group. The oppressed group has had their language banned in their home country of Myanmar (also known as Burma).

    He is scheduled to appear in court on Friday.

  • kai

    March 31, 2015 at 3:12 pm


    “အမေ့အတွက် နှုတ်ဆက်တေး”
    ======================
    နှလုံးသားထဲမှာ အမေမရှိခဲ့ပေမယ့်
    ဦးနှောက်ထဲမှာ အမေရှိတယ်။
    ဘဝထဲမှာ အမေမရှိတော့ပေမယ့်
    စိတ်ထဲမှာတော့ အမေရှိတယ်။
    လောကထဲမှာ အမေမရှိတော့ပေမယ့်
    ဓမ္မထဲမှာ အမေရှိတယ်။
    သွားနှင့်တော့ အမေ………။
    နှုတ်ဆက်ခွင့်မရခဲ့လေသော
    သားမောင်ပဉ္စင်း
    ဝီရသူ(မစိုးရိမ်)
    28.3.2015
    PM 11:40
    (28.3.2015 ည 8:00 မှာ အပြီးတိုင်နှုတ်ဆက်ခဲ့လေသော မိခင်ဒေါ်တင်တင်ဦး(၆၉)နှစ်အား ရည်စူး ပူဇော်သည်။)

  • kai

    March 31, 2015 at 3:51 pm

    Hmuu Zaw added 5 new photos

    “အရှေ့က နေဝန်း ထွက်ပါပြီ”

    စည်းလုံးညီညွတ်သော နိုင်ငံတော်
    သွေးစည်းခိုင်မာသော နိုင်ငံတော်
    ငြိမ်းချမ်း အေးချမ်းသော နိုင်ငံတော်
    အမျိုးသားညီညွတ်သော နိုင်ငံတော်

    မျှော်လင့်ခဲ့ရသော နိုင်ငံတော်သစ်
    အရှေ့ဆီမှာ နေဝန်းအဖြစ် အရုဏ်သစ်ခဲ့ပါပြီ။

    [အောင်မြင်ခြင်းအတွက် နေ့လည်စာ အတူတစ်ကွ သုံးဆောင်ကြသည့် ဝမ်းမြောက်ဖွယ်ရာမြင်ကွင်းများ]

    • ခင်ဇော်

      March 31, 2015 at 4:02 pm

      အဟက်။
      ကာဂျုပ်က ဥသေးစိမ် မျက်နှာ အိုးမဲ မသုတ် ဝမ်းသာပါတယ်ဗျာ။

      :kwi:

  • uncle gyi

    March 31, 2015 at 11:22 pm

    ဘာပြောပြောရွှေညဝါဆရာတော်တော့တပြည်လုံးဘယ်မှာမှ
    တရားမဟောရဆိုပြီး
    အပိတ်ခံရပြန်ပြီ

  • kai

    April 1, 2015 at 5:01 pm

    Criminal Charges Filed against Protesters in Burma

    Press Statement
    Marie Harf
    Acting Department Spokesperson, Office of the Spokesperson
    Washington, DC
    March 30, 2015

    Share on facebookShare on twitter
    Share

    The United States is concerned by reports that the Government of Burma has filed criminal charges against peaceful protesters engaged in campaign activities advocating reform of the National Education Law. We call for the immediate, unconditional release of all individuals being detained in the country as a result of exercising their right to peacefully assemble.

    Transparency, accountability, and justice are vital for the Burmese Government’s expressed goals of social stability, peace, and democracy. We strongly urge an impartial and credible investigation into the events of March 5 and 10, in cooperation with civil society, that would hold accountable all those involved in the violence, including security forces who applied excessive force. Only an impartial investigation and accounting will advance the country’s goals of mutual trust and national reconciliation and avoid deepening division.

Leave a Reply