အော် ပ ရေ တာ ဘလက် (2)

black chawMarch 10, 20151min105850

ဘလက်ချောလေး သိတ်အော်…သိတ်အော်

တိုင်းပြည်ကမျှော်…

အို…ဘာတဲ့…။

ဘလက်ချောလေး သိတ်တော်…သိတ်တော်

ဂဇက်ရွာကမျှော်…။

မျှော် မျှော် မ မျှော်မျှော်ဗျာ…။

မျှော် တယ်လို့ မှတ်လိုက်…။

ကလင်…ကလင်…ကလင်…

ဟုတ်ကဲ့…မြန်မာဂဇက် ရဲ့

တာဝန်ခံအော်ပရေတာကြီး ဘလက်ချောပါ ခင်ဗျာ…ခင်ဗျ…။

ဟုတ်ကဲ့ အော်…စင်္ကာပူကတောင် ဆက်တာပေါ့နော်…။

နာမည်လေးပါ ပြောလို့ရမလားခဗျ…။

အော် ဇီဇီ ခင်ဇော်…။

ဟုတ်ကဲ့ပါ ဇီဇီ ခင်ဇော်ရေ…။

တင်ဇာမော်တစ်ယောက် မြန်မာပြည်ပြန်ရောက်နေတဲ့ သတင်းလားခင်ဗျ…။

ဟုတ်ကဲ့…။

ဖေဖေါ်ဝါရီ ၂၆ ကတည်းက ရောက်တာပါဗျာ…။

အော် သူ့ အမေ တစ်ယောက်တည်း ဖြစ်နေလို့ ပြန်လာနေပေးတာတဲ့ ခင်ဗျ…။

သူ့ ရဲ့ အနုပညာလှုပ်ရှားမှု…။

အော်…ဟိုတစ်ခါ ပြန်လာတုန်းက လုပ်ခဲ့တဲ့ Live Show ကို စီးရီးအဖြစ် ထုတ်မယ်တဲ့ခင်ဗျ…။

နောက်ကျတဲ့ လက်ဆောင် လို့ နာမည်ပေးထားတယ်တဲ့ ခင်ဗျ…။

ဟုတ်ကဲ့…တင်ဇာမော် ကို အမြဲတမ်း အားပေးနေပါတယ် ပေါ့နော်…။

ဒီတစ်ခါ တွေ့ရင် ပြောပေးပါ့မယ်ခင်ဗျ…

ကျေးဇူးပါ ဇီဇီ ခင်ဇော် ရေ…။

 

ကလင်…ကလင်…ကလင်

ဟုတ်ကဲ့ မြန်မာဂဇက် ကပါခင်ဗျာ…။

အော်…ဟောင်ကောင်ကတောင် ဆက်ရတာပေါ့နော်…။

နာမည်က ကိုကျောက်ခဲ ပေါ့နော်…။

ဟုတ်ကဲ့…ဘာများအရေးတကြီး ပြောစရာရှိလို့လဲ ခင်ဗျ…။

အော် နာရေးကူညီမှု အသင်း ဥက္ကဌကြီး ဦးကျော်သူ သတင်းလားခင်ဗျ…။

ဟုတ်ပါတယ်ခင်ဗျာ…။

ဦးကျော်သူ ရုပ်ရှင် ပြန်ရိုက်တော့မယ်လို့ နားစွန်နားဖျားကြားထားရပါတယ် ခင်ဗျာ…။

အော် မိတ်ဆွေကြီးက ကျော်သူ့ ပရိသတ်ပေါ့နော်…။

ကျော်သူကို သိတ်ကြိုက်လို့ ကျောက်ခဲလို့ နာမည်မှည့်ထားတာပေါ့နော်…။

အစ်ကိုကြီးရယ်…။

ကျော် နဲ့ ကျောက် ဘယ်လိုများ ဆွဲစေ့ထားတာလဲ ခင်ဗျာ…။

အော် သဝေထိုး ကကြီး ယပင့် ခြင်း တူတယ်ပေါ့နော်…။

ဟုတ်ပါပြီခင်ဗျာ…။

အဲဒီသတင်းက ဒီလိုရှိပါတယ် အစ်ကိုကြီး ကိုကျောက်ခဲရေ…။

ကျော်သူ ပြန်လည်ရိုက်ကူးမယ့် ရုပ်ရှင်က ပရော်ဖက်ဆာ ဒေါက်တာဆိတ်ဖွား ဆိုတဲ့ ရုပ်ရှင်ကားကြီးခင်ဗျ…။

ဒါရိုက်တာကတော့ ခင်စောမျိုးပါခင်ဗျ…။

ဟုတ်ကဲ့…အားပေးပါခင်ဗျာ…။

အားပေးပါ…။

 

ကလင်…ကလင်…ကလင်

ဟုတ်ကဲ့ မြန်မာဂဇက် ကပါ ခင်ဗျာ…။

အော်…အစ်မကြီးက အင်္ဂလန်နိုင်ငံကတောင် ဆက်တာပေါ့နော်…။

ဝိုင်းစုခိုင်သိန်း One Lady Show သတင်းလေး သိချင်တာပေါ့နော်…။

အော်…အစ်မကြီး နာမည်လေး သိခွင့်ရမလားခင်ဗျာ…။

အော်…မခင်လတ် ဟုတ်ကဲ့ပါ မခင်လတ်ရေ…။

ဝိုင်းစု က သူ့ ရဲ့ ပထမဦးဆုံး One Lady Show ကို

Action & 10 Years လို့ အမည်ပေးထားပါတယ်ခင်ဗျ…။

မတ်လ ၂၁ ရက်နေ့ည Myanmar Event Park မှာ ကျင်းပသွားမယ်တဲ့ ခင်ဗျ…။

အော်…အစ်မကြီးက ဝိုင်းစု ရဲ့ ချစ်ဦးပုံပြင် သီချင်းလေး ကို အရမ်းကြိုက်တယ်ပေါ့နော်…။

အော်…အဲ့ သီချင်းက အစ်မကြီးနဲ့ တိုက်ဆိုင်တယ်ပေါ့နော်…။

ဟေးဟေး။ အော်…အစ်မကြီးရယ်…။

ဒါရှက်စရာမဟုတ်ပါဘူးခင်ဗျာ…။

အချစ်ဦးဆိုတာမျိုးက မြေးဦး ရတဲ့အထိ မမေ့နိုင်ကြဘူးလို့ ဆို တဲ့ စကားလည်း အရှိသားကို ခင်ဗျ…။

အခုလို အင်္ဂလန်ကတောင် ဖုန်းဆက်တာအတွက် ကျေးဇူးပါ အစ်မကြီးရေ…။

ဟုတ်ကဲ့…ဟုတ်ကဲ့…။

 

ကလင်…ကလင်…ကလင်

ဟုတ်ကဲ့ မြန်မာဂဇက် ကပါခင်ဗျာ…။

ဟုတ်ပါတယ် အော်ပရေတာလေး ကိုကို ဘလက်ချောပါ ညီမငေးရယ်…။

မန္တလေးက ဆက်တာ…အော် မိပုချ်လား…။

မွန်းအောင် ရှိုးပွဲလေးအကြောင်းပြောချင်လို့ပေါ့နော်…။

ကဲကဲ…ပြောစမ်းပါဦး နားထောင်ကြည့်ရအောင်…။

မတ်လ ၃ ရက်နေ့ကပေါ့နော်…။ ဒိုင်းမွန်းပလာဇာ အပေါ်ဆုံးထပ်မှာပေါ့နော်…။

သီချင်းစုစုပေါင်း ၃၄ ပုဒ် ဆိုသွားတယ်ပေ့ါနော်…။

ဟုတ်ကဲ့ပါ မပုချ်ရေ…။

ပရိတ်သတ်အားပေးမှုကရော ဘယ်လိုရှိပါသလဲ ခင်ဗျ…။

အော်…ပရိသတ် နဲ့ မွန်းအောင် တစ်သားတည်း ဖြစ်ခဲ့တာပေါ့နော်…။

ကိုငှက် ရေးတဲ့ အဆုံးသတ်တိုက်ပွဲ သီချင်းလေးကော ထည့်ဆိုသွားသေးလားဗျ…။

ဆိုသွားတာ ကြက်သီးတွေတောင် ထတယ်ပေါ့နော်…။

အခုချက်ချင်းပဲ သေနတ်ကိုင်ပြီး တိုက်ပွဲဝင်လိုက်ချင်စိတ် ပေါက်သွားတယ်ပေါ့နော်…။

အော်…စိတ်လျှော့ပါ မိပုချ်ရယ်…။

အသက်တွေက မငယ်တော့ပါဘူးကွယ်…။

ဒါနဲ့ ဘယ်အဖွဲ့ တီးပေးသလဲ ခင်ဗျ…။

အော် The Rhythm Music Band ပေါ့နော်…။

ဟုတ်ကဲ့…။ ဟုတ်ကဲ့…။

ရှိုးပွဲ သတင်းလေး လှမ်းပြောပြတာ ကျေးဇူးပါ မပုချ်ရေ…။

ကျေးဇူးပါဗျာ…။

 

ကလင်…ကလင်…ကလင်…

ဟုတ်ကဲ့ မြန်မာ ဂဇက် ကပါခင်ဗျာ…။

အော်…ကိုပါလေရာကြီးလားခင်ဗျ…။

လက်ဖက်ရည် အတူ မသောက်ရတာတောင် တစ်လလောက်ရှိပြီဗျာ…။

အော်…အမြန်လမ်းမှာ ယဉ်တိုက်မှု ဖြစ်ပြန်ပြီလားခင်ဗျ…။

မန်းရွှေမြို့တော် ခရီးသည်တင် ယဉ်လိုင်း က Express ကားကြီးတစ်စီးကပေါ့နော်…။

Light Truck ကားတစ်စီးကို ကျော်တက်ရင်း တိုက်မိသွားတာပေါ့နော်…။

သံဃာတော် ငါးပါး ပျံလွန်တော်မူသွားတယ်ပေါ့နော်…။

ဒဏ်ရာရသူတွေလည်း အများကြီးပေါ့နော်…။

ဟုတ်ကဲ့…။ အမြန်လမ်း သတင်းကတော့ ကြားလိုက်ရင်

ပွဲချင်းပြီးတာတွေများတယ် ကိုပါကြီးရေ…။

စိတ်မကောင်းစရာပေါ့ဗျာ…။

ဟုတ်ကဲ့…ဟုတ်ကဲ့…အမြန်လမ်းကို အသုံးပြုကြမယ့် သူတွေအနေနဲ့

ထိမ်းထိမ်းသိမ်းသိမ်း မောင်းကြဖို့ သတိပေးလိုက်ပါ့မယ်ခင်ဗျ…။

အခုလို သတင်းလေး လှမ်းပြောပေးတာလည်း ကျေးဇူးပါ ကိုပါကြီးရေ။

ကျေးဇူးပါခင်ဗျာ…။

ကလင်…ကလင်…ကလင်

ဟုတ်ကဲ့…။ ပြောနေပါတယ်ဗျာ…။

အော်…မွသဲလား…။

ဘာများထူးလို့ ဖုန်းဆက်တာလဲ ခင်ဗျ…။

အော်…ဗေလုဝကြီးက ဦးလှဆွေကို တရားစွဲတော့မယ်ပေါ့နော်…။

အေးဗျာ…ဦးလှဆွေကြီးကလည်း လွှတ်တော်အမတ်ဖြစ်ပြီး

စကားပြောမဆင်ခြင်…။

ဟုတ်တာပေါ့ဗျာ…။

အော်…ဗေလုဝ က မအေတွေ နှမတွေနဲ့ ကိုင်တုတ်တာလားခင်ဗျာ…။

ဆဲလည်း ဆဲချင်စရာပဲလေ မွသဲရယ်…။

စောင်း မှန်း နတ်သားမှန်း မသိပဲ သူများသွားစော်ကားတော့

အဆဲခံရတာတောင် နည်းသေးလို့ ပြောရမှာပဲဗျာ…။

ဟုတ်ကဲ့…အော်…ဖေ့စ်ဘုတ်က သတင်းပေါ့နော်…။

လှမ်းပြောပြပေးတာ ကျေးဇူးပါခင်ဗျာ…။

 

ဟုတ်ကဲ့…ဝင်ရောက်ဖတ်ရှုသွားသူများကိုလည်း

အော်ပရေတာလေး ဘလက်ချောက ကျေးဇူးအထူးတင်ရှိပါကြောင်း

မှတ်တမ်းတင်ပါတယ်ခင်ဗျား…။

ချစ်ခင်လေးစားတဲ့…

ဘလက်ချော…။

 

50 comments

  • Kaung Kin Pyar

    March 10, 2015 at 10:06 am

    တင်ဇာမော်ရဲ့ နောက်ကျတဲ့ လက်ဆောင် ကလဲ အားပေးသူ များမှာပဲ
    ဦးကျော်သူရဲ့ ပရော်ဖက်ဆာ ဒေါက်တာဆိတ်ဖွားကလဲ ဝက်ဝက်ကွဲ အောင်ပွဲခံမှာပဲ
    ဝိုင်းစုရဲ့ One Lady Show ကလဲ လက်မှတ်တွေ ရောင်းမလောက် ဖြစ်ဦးမယ်…။
    အမြန်လမ်း သတင်းအတွက်ကတော့ စိတ်မကောင်းစရာ….
    🙁

    • black chaw

      March 10, 2015 at 10:53 am

      @ Kaung Kin Pyar ;
      ပထမ ဆုံး ပေးတဲ့ ကွန်းမန့်လေး အတွက်
      အထူးစပယ်ရှယ် ကျေးဇူးပါဗျာ…။
      နောက်လည်း လာ အားပေးပါဦးနော်…။

  • ဗုံဗုံ

    March 10, 2015 at 10:20 am

    သို့..ချစ်လှစွာသော..
    အူးလေးသခေါ…
    သများလည်း ဖုန်းဆက်ပီးမေးချင်ပါဒယ်…
    အဝှာလေ.. ဖုန်းဘီလ်မချိလို့
    အော်ပလေတာဂျီးက အရင်ဆုံး
    ပိုက်ချံလေးချေးဘာလား…. :mrgreen: :mrgreen:

    • Wow

      March 10, 2015 at 10:27 am

      နာမယ်ပေး ကပွန်းတတ်ကော.. ဒါမျိုးတွေစောင့်ဖတ်ပေးရလို့ကော တစ်ဝိုင်းတော့ ပေးသင့်ဘီ :mrgreen:

      • black chaw

        March 10, 2015 at 11:36 am

        @ Wow ;
        ဟုတ်တာပေ့ါ…အေ…။
        တစ်ဝိုင်းမက တောင် တန်ပါတယ်…။
        တစ်နေ့နေ့တော့ ပေးနိုင်ကောင်းပါရဲ့အေ…။
        စကားအတင်းစပ်…။
        Facebook ကြီးက ခြောက်ကပ်ကပ်ကြီးဖြစ်နေလို့တဲ့…။
        အမြန်ပြန်လာပါတဲ့…။
        :mrgreen:

      • Wow

        March 10, 2015 at 3:30 pm

        fb မာ ရူးကျောင်မူးကျောင်ဂေါက်တောက်တောက်တွေမရှိတော့ ပျင်းဒယ်ပေါ့ :mrgreen:

    • black chaw

      March 10, 2015 at 11:02 am

      @ ဗုံဗုံ ;
      ပိုက်ဆံချေးရမယ်…။
      ဟင့်အင်း…ဟင့်အင်း…ဆက်နဲ့တော့…။
      :mrgreen:

  • ခင်ဇော်

    March 10, 2015 at 10:52 am

    ဟေးဟေးဟေးးး
    မမော် ပြန်လာပြီ။
    ဝယ်မယ်။
    ဝယ်မယ်။
    ဒါနဲ့ စကား အတင်းစပ်။
    မမော် ထွက်သမျှ အခွေဟောင်းတွေကို စီဒီ ဘန်းထားတဲ့ သူလေးများရှိရင် သများကို ဆက်သွယ်ပါလို့။
    နစ် မနာ (အဲ) မနစ်နာ စေရပါဘူးလို့။

    :mrgreen:

    • black chaw

      March 10, 2015 at 11:49 am

      @ ခင်ဇော် ;
      အော် စင်္ကာပူက အစ်မကြီးလားခင်ဗျ…။
      တင်ဇာမော်ရဲ့ ထွက်သမျှ သီချင်းတွေ လိုချင်တာပေါ့နော်…။
      MP3 လိုချင်တာလား ခင်ဗျ…။
      နစ် မနာ ဘူးဆိုရင်
      ကျွန်တော် မျိုးကြီး ရှာဖွေ ပေးအပ်ချင်ပါတယ်ခင်ဗျ…။
      ဟုတ်ကဲ့…။
      ဟုတ်ကဲ့…။
      :mrgreen:

  • Mr. MarGa

    March 10, 2015 at 11:07 am

    ဟေ့လူရီး
    ဆောင်း မဟုတ်ဘူး ခင်ဗျ
    စောင်း ပါခင်ဗျ
    ဆောင်း က ဆောင်းရာသီ၊ ထီးဆောင်း၊ သိုးဆောင်း ကို ပြောပြီးတော့
    စောင်း က စောင်းတူရိယာ၊ ခပ်စောင်းစောင်း၊ စောင်းမြောင်း တွေမှာ သုံးသလေ
    သဟာကြောင့်မို့
    သတ်ပုံ အထူး ဂရုစိုက်ရန်
    ပုံ/
    မာဃ
    သတ်ပုံဂိုဏ်း(အတင်းဝင်)
    :mrgreen:

    • black chaw

      March 10, 2015 at 11:52 am

      @ Mr. MarGa ;
      ဟုတ်ကဲ့ပါ ကိုမာဃ ရေ…။
      ကျွန်တော် မှား သွားပါတယ်ခင်ဗျ…။
      သတ်ပုံကို အမြဲဂရုစိုက်ရင်းက မှားသွားတာပါခင်ဗျ…။
      အခုလို ပိုစ်ကို သေချာဖတ်ပြီးတော့
      သတ်ပုံ စစ်ပေးသွားတဲ့ ကိုမာဃ ကိုလည်း
      ကျေးဇူးအထူးတင်ရှိပါကြောင်း မှတ်တမ်းတင်ပါတယ်ခင်ဗျ…။
      :mrgreen:

  • pooch

    March 10, 2015 at 11:09 am

    ကလင်ကလင်
    ဒီနေ့မနက် လမ်းတွေပိတ်ထားပြန်ပြီ စိတ်ညစ်တယ်ဗျာ
    ကလေးတွေ စာမေးပွဲနီးနေပြီ

  • black chaw

    March 10, 2015 at 11:54 am

    @ pooch ;
    ဟုတ်ကဲ့ပါ မပုချ်ရေ…။
    မန္တလေးမှာ လမ်းတွေပိတ်ထားတယ်ပေါ့နော်..။
    ကလေးတွေ စာမေးပွဲချိန်ကလည်း နီးနေပြီပေါ့နော်…။
    ဟုတ်ကဲ့ပါခင်ဗျာ…။
    မြို့တော်ဝန်ကြီးကို ကျွန်တော် ဖုန်းလှမ်းဆက်ပေးလိုက်ပါ့မယ်ခင်ဗျ…။
    ခဏလေး သည်းခံလိုက်ပါခင်ဗျ…။
    :mrgreen:

  • Crystalline

    March 10, 2015 at 12:28 pm

    တင်ဇာမော်အခွေတော့ ဝယ်အူးမှာ… သူ့ live show တုန်းကလည်း… သများခိုက်တဲ့ တေးရေးရဲ့သီချင်းတွေပါလို့… :))
    ဝိုင်းစုက ပင်ကိုယ်သံသင့်ရုံ…. အဆိုပညာ… အသံရိန်းချ်လည်းတကယ့်သာမာန်… မုဒ်လေးကောင်းတာတစ်ခုအားသာပြီး… အရမ်းအောင်မြင်သွားတယ်…. တကယ့် live ကျရင်… တကယ်ဆိုမယ်ဆိုရင်… စိတ်ဝင်စားစရာ… :))

    • black chaw

      March 10, 2015 at 2:19 pm

      @ Crystalline ;
      အော်…အော်စီက အစ်မကြီးလား ခင်ဗျာ…။
      အစ်မကြီးအနေနဲ့ တင်ဇာမော်ကို ကြိုက်တယ်ခိုက်တယ်ပေါ့နော်…။
      အစ်မကြီးသူငယ်ချင်း စင်္ကာပူက ဇီဇီခင်ဇော်ကလည်း တင်ဇာမော် ခရေဇီပဲတဲ့ခင်ဗျ…။
      ဟုတ်ကဲ့…။
      ကာရာအိုကေ သွားရင် တင်ဇာမော်ရဲ့ ချစ်သူ့မောင် သီချင်းကို မျက်စိမှိတ်ဆိုနိုင်တာတဲ့ဗျာ…။
      ဝိုင်းစု…ကိုလည်း အစ်မကြီးက စိတ်ဝင်စားတယ်လား…။
      အံမယ်…။
      အစ်မကြီး သုံးသပ်ပြသွားတာများ အိပ်မက်ဆုံရာ မှာ ဒိုင်လုပ်ခဲ့တဲ့
      ရေဗက္ကာဝင်း အတိုင်းပဲ ဗျို့…။
      မဟုတ်မှလွဲရော…။
      အစ်မကြီးကလည်း ဂီတ လောကနဲ့ မစိမ်းဘူးလို့ ထင်ရပါတယ်ခင်ဗျာ…။
      အခုလို ဖုန်းဆက်သွားတာ ကျေးဇူးပါ အစ်မကြီးခင်ဗျ…။
      :mrgreen:

  • ကူမားရ်

    March 10, 2015 at 12:29 pm

    ကျော်ခေါ်တာ မကိုင် ဝူး
    ကောင်မလေးဒေခေါ်မှကိုင်တယ်
    ရှင့်ချစ်တော့ဝူး
    သွား!!!!

    • black chaw

      March 10, 2015 at 2:25 pm

      @ ကူမားရ် ;
      အော်…ဘောလိဝုဒ် ရုပ်ရှင်မင်းသား ကြီး ကူမားရ် လား…။
      ဒံပေါက်ချက်တဲ့ ကူမားရ် လားခင်ဗျာ…။
      အနှိပ်ခန်းမှာ ပျော်မွေ့နေသော စောကူမားရ် ပေါ့နော်…။
      ဘယ့်နှယ့် နာမည်ကြီးလဲ ခင်ဗျ…။
      အော်…ကရင်မလေးတစ်ယောက်ကို ကြိုက်မိရာက
      စောကူမားရ် လို့ နာမည်ပြောင်းလိုက်တာလား…။
      ဟုတ်ကဲ့ပါ စောကူမားရ် ရေ…။
      အော်ပရေတာ ကြီးက ဘယ်သူခေါ်ခေါ် ကိုင်ပါတယ်ခင်ဗျ…။
      နောက်ပို့စ်ကျရင် ဒီပို့စ်ထဲ ကွန်းမန့်ဝင်ရေးသူတွေ အတွက်
      တစ်နေရာစာ ဦးထားပေးပြီးပါပြီခင်ဗျ…။
      စိတ်မဆိုးပါနဲ့ စောကူမားရ် ရယ်…။
      :mrgreen:

  • ဦးကျောက်ခဲ

    March 10, 2015 at 12:35 pm

    ဓာတ်ရှင်မင်းသားထဲမှာ (ဦး)ကျော်သူ ကို အစကမကြိုက် …
    ရုပ်ကလေးပြစားတဲ့ မင်းသားလို့မှတ်ထားရာကနေ …
    နောက်ပိုင်း သရုပ်ဆောင်ကောင်းလို့ နှစ်သက်လာတာ…
    အခု ဓာတ်ရှင်ပြန်ရိုက်မယ်ဆိုတော့ … ဘဲထီးဂွဒ်ပေါ့ ကိုကိုဘလက်ရယ်…
    :k:

    • black chaw

      March 10, 2015 at 2:29 pm

      @ ဦးကျောက်ခဲ ;
      ဟောင်ကောင် က အတိသယဝုတ္တိ ကိုကိုလားခင်ဗျာ…။
      ချစ်ဇနီးခွန့်ကျွေးတဲ့ မုန့်တီသုတ် ဆိုပြီး Facebook ပေါ် တက်ကြွားတဲ့ ကိုကိုလားဟင်…။
      ဟုတ်ပါတယ် ကိုကို…။
      ကျော်သူ ကြီးတစ်ယောက် ရုပ်ရှင်လောကထဲ ပြန်ဝင်ပြီး
      မွှေမလို့တဲ့ ခင်ဗျာ…။
      သူ့ကားတွေ ထွက်လာရင် အားပေးပါဦး ဗျာ…။
      ကျေးဇူးပါ ခင်ဗျာ…။
      :mrgreen:

  • Kaung Kin Pyar

    March 10, 2015 at 1:48 pm

    ဦးကျော်သူရယ် ဦးစိုးသူရယ် စံရတီမိုးမြင့်ရယ်နဲ့ ဓာတ်ရှင်ရိုက်မတဲ့…..
    ဟိုမင်းသားကြီး နှစ်ပါးကတော့ ဒါဟာ သူရို့ဘွရဲ့ နောက်ဆုံးကားပါလို့…အလုပ်သတင်းရပ်ကွက်က ကြားဘာဒယ်..
    စံရတီလေးကလဲ သူမဘွမှာ တစ်ခါမှအတူတွဲပြီး သရုပ်ဆောင်ရလိမ့်မယ်လို့ မျှော်လင့်မထားတဲ့ မင်းသား နှစ်ပါးနဲ့အတူ ဓာတ်ရှင်ရိုက်ရမှာမို့ ရင်ခုန်စိတ်လှုပ်ရှားနေဘာဂျောင်း ပြောကြားသွားပါတယ်ဟူလို…
    သာဓု
    :k:

  • Mike

    March 10, 2015 at 2:31 pm

    .ကလင် ကလင် ကလင်
    .ဟဲလို အော်ပရေတာလေး ကိုကို ဘလက်ချောလားခီည
    .လက်ပန်တန်းမှာတော့ ပွဲကျမ်းကုန်ပြီကြားသဗျ..
    .စိတ်မကောင်းဘူးဗျာ…
    .BREAKING NEWS: (မြန်မာစံတော်ချိန် ၂ နာရီ)
    အောင်မြေဗိမာန် ဘုန်းကြီးကျောင်းကို ရဲတပ်ဖွဲ့ ပိတ်ဆို့စီးနင်း
    ဒီဗွီဘီ

    “အခြေအနေကတော့ အကြမ်းဖက် နှိမ်နင်းတာပဲဗျ။ သေနတ်တွေနဲ့ ကျောင်းထဲဝင်စီးပြီးတော့ ဖမ်းနေတယ်၊ အကုန်လုံးအကုန်လုံး။ သူတို့အဖမ်းတော့ခံရတော့မှာပေါ့ တအားဝိုင်းထားတာ အထပ်ထပ်ဝိုင်းထားတာ’

    သတင်းအပြည့်အစုံ ကြည့်ရှုရန်…
    http://burmese.dvb.no/?p=84983
    .အာ့လေးလာပြောတာပါ

    • black chaw

      March 10, 2015 at 2:48 pm

      @ Mike ;
      ဟုတ်ကဲ့…။
      ဦးမိုက်ခ် ရေ…။
      ကျောင်းသားသပိတ် နဲ့ ပတ်သက်တဲ့ သတင်းတွေကို
      ကျွန်တော်တို့လည်း မျက်ခြေမပြတ်စောင့်ကြည့်နေပါတယ်ခင်ဗျ…။
      ရန်ကုန်အထိ ချီတက်ခွင့် ပြုလိုက်ပြီဆိုပြီး တချို့က
      Facebook ပေါ်မှာ အောင်ပွဲတောင်ခံနေကြပြီ ခင်ဗျ…။
      ကျွန်တော်တို့လည်း အကျပ်အတည်းကြီးတစ်ခု ငြိမ်းချမ်းစွာဖြေရှင်းသွားပြီဆိုပြီး
      ဝမ်းသာနေကြတာခင်ဗျ…။
      ဟုတ်ကဲ့…ဦးမိုက်ခ် ခင်ဗျာ…။
      ကျောင်းသားသပိတ်နဲ့ ပတ်သက်လို့တော့ဖြင့် ရွာထဲမှာ ဒီထက်ပိုမပြောချင်ပါဘူးခင်ဗျ…။
      ဟုတ်ကဲ့…ဟုတ်ကဲ့…ကျောင်းသားသပိတ် သတင်းလေးပေးတာ ကျေးဇူးပါခင်ဗျာ…။
      :mrgreen:

  • black chaw

    March 10, 2015 at 2:34 pm

    @ Kaung Kin Pyar ;
    အော်…ဒုတိယအကြိမ် ဝင်အားဖြည့်ပေးတဲ့အတွက်
    ကျေးဇူးပါ မမကောင်းကင်ပြာရေ…။
    နားစွန်နားဖျားကြားရသလောက် ကို ပြောရမယ်ဆိုရင်ဖြင့်
    ကျော်သူ၊ ရန်အောင်၊ မင်းဦး၊ စိုးသူ (သို့မဟုတ်) ရဲအောင် တို့
    ပါဝင်သရုပ်ဆောင်ကြမယ်လို့ ဆိုပါတယ် ခင်ဗျ…။
    မင်းသမီးကတော့ ကျွန်တော်တို့ လည်း မသိရသေးပါဘူးခင်ဗျာ…။
    မမကောင်းကင်ပြာပြောသလို စံရတီမိုးမြင့် ပဲ ဖြစ်မှာပါခင်ဗျ…။
    ပထမအကြိမ် ရိုက်ကူးခဲ့တုန်းက ကျော်ဟိန်း၊ ကျော်သူ၊ ရဲမင်းပိုင်၊ သီဟတင်စိုး
    နဝရတ် နဲ့ ဂန္တဝင် တို့ သရုပ်ဆောင်ခဲ့ကြတာ ခင်ဗျ…။
    ဟုတ်ကဲ့…ဟုတ်ကဲ့…ကျေးဇူးတင်ပါတယ်ခင်ဗျာ…။
    :mrgreen:

  • black chaw

    March 10, 2015 at 3:14 pm

    @ Kaung Kin Pyar ;
    ကောင်းကင်ပြာ ကွန်းမန့်ထဲက
    သူတို့ဘဝ ရဲ့ နောက်ဆုံးရုပ်ရှင်တွေ ဆိုတာနဲ့ ပတ်သက်လို့
    နည်းနည်းလေး ထပ်ပြောချင်ပါသေးတယ်ခင်ဗျ…။

    ငွေရဖို့ သက်သက် ငွေရဖို့သက်သက် ဖျော်ဖြေရေးကားတွေကိုတော့
    လက်ခံမှာ မဟုတ်ပါဘူး။
    အတိုင်းအတာ တစ်ခုအထိ ပရိသတ်ကို အကျိုးပြုမယ့် ဇာတ်လမ်းမျိုးဖြစ်မယ်၊
    ဘဘဦးသုခ ရိုက်ခဲ့သလို ရုပ်ရှင်ကားတစ်ကားက ပရိသတ်အတွက်
    အကျိုးပြု တစ်စုံတစ်ရာ ရှိမယ်ဆိုရင် လက်ခံစဉ်းစားမှာပါ

    ဦးဝင်ငြိမ်း အမေးကို ကျော်သူဖြေသွားတာလေး ပါ…။
    ဟုတ်ကဲ့…။
    ဒီကားက ကျော်သူ့အတွက် နောက်ဆုံးရုပ်ရှင်တော့
    မဖြစ်လောက်ပါဘူး ကောင်းကင်ပြာရေ…။
    ကျေးဇူး ပါခင်ဗျာ…။

  • Kaung Kin Pyar

    March 10, 2015 at 4:20 pm

    ဒါဆိုရင်တော့ ဝမ်းသာစရာပါပဲ ဦးဘလက်ရေ….။
    ကျော်သူက ကောင်းကင်ပြာကြိုက်ရတဲ့ မင်းသားကြီးတစ်ဦးပဲဆိုတော့…..
    :mrgreen:

  • weiwei

    March 10, 2015 at 4:22 pm

    မနေ့ကထဲက ဖတ်ချင်နေတာ log in ဝင်မရလို့ အခု လိုင်းရတုန်းလေး ကမန်းကတန်း ဝင်ဖတ်သွားပါတယ်လို့ ..
    နောက်ဆို သိချင်တာရှိရင် ဖုန်းဆက်မေးမယ်နော် ..

    • black chaw

      March 11, 2015 at 2:48 pm

      @ weiwei ;
      အလုပ်ရှုပ်နေတဲ့ ကြားက…၊
      STRESS တွေ များနေတဲ့ ကြားက…၊
      ပေးသွားတဲ့ ကွန်းမန့်လေးမို့ အစိမ်းခြယ်ပေးလိုက်ရပါကြောင်း…။

  • naywoon ni

    March 10, 2015 at 7:36 pm

    ဒီ​နေ့ လှည်​းတန်​းမှာ ဘာ​တွေ ဖြစ်​ကုန်​​သေးသလဲဗျို့
    ​အော်​ပ​ရေတာဂျီး အဲ့ဘက်​မ​ရောက်​ဖူးလား ဂျ

  • black chaw

    March 10, 2015 at 8:09 pm

    @ naywoon ni ;
    ဟုတ်ကဲ့…။
    ကိုနေကြီးရေ…။
    လှည်းတန်းမှာ ဖြစ်တဲ့ သတင်းကို
    ကမာရွတ်မီဒီယာ မှာ ဖေါ်ပြထားတာက…။

    နေ့လည်၂နာရီခွဲခန့်က ကျောင်းသား အယောက်၁၀ဝ ခန့်ဟာ စိန်ဂေဟာရှေ့ကစတင်လမ်းလျောက်ပြီး ပြည်လမ်း
    စိုက်ပျိုးရေးမှတ်တိုင်အနီး
    လုံထိန်းတပ်ဖွဲ့အင်အား ၅၀ဝ ခန့်ကပိတ်ဆို့တားဆီခဲ့ကာ
    ဆန္ဒပြကျောင်းသားတစ်ဦးဖမ်းဆီးခံရပြီး အနီးပတ်ဝန်းကျင်လူထုက
    အော်ဟစ် တောင်းဆိုမှုကြောင့် ပြန်လွတ်ပေးခဲ့ကာ ဆန္ဒပြပွဲကိုအဆုံးသတ်ခဲ့ပါသည်။

    တဲ့…။
    အဲဒါလေးတော့ ကြားမိပါတယ်ခင်ဗျာ…။

  • မြစပဲရိုး

    March 11, 2015 at 3:18 am

    ဟဲလို ဟဲလို အော်ပရေတာကြီး
    အဲဒီ ပွဲ မှာ ကလေး တွေ ကိုင် ထားတဲ့ အဝိုင်းထဲ မှာ A ထည့်ထား တဲ့ image နဲ့ ဆိုင်းဘုတ် ကို သိချင် ဇော နဲ့ ဂူးဂဲလ် ထဲ ရှာကြည့်ပါတယ်။
    ဘာသွားတွေ့လဲ ဆိုတော့ Anarchism ဆိုတဲ့ စကားလုံး ရဲ့ ကိုယ်စားပြု ဖြစ်နေတာ တွေ့ တယ်။
    anarchy – ˈanəki/ noun
    1.
    a state of disorder due to absence or non-recognition of authority or other controlling systems.
    “he must ensure public order in a country threatened with anarchy”
    synonyms: lawlessness, absence of government, nihilism, mobocracy, revolution, insurrection, riot, rebellion, mutiny, disorder, disorganization, misrule, chaos, tumult, turmoil, mayhem, pandemonium
    “the country is threatened with anarchy”
    antonyms: government, order
    2.
    absence of government and absolute freedom of the individual, regarded as a political ideal.

    ကောင်းတဲ့ ဘက် က ကြည့်ရင်တော့ “”Law and Freedom without Force”
    မကောင်းတာဆိုရင် မင်းမဲ့ ဥပဒေမဲ့ အကြမ်းဖက်ဝါဒီ
    မကောင်းတဲ့ အဓိပ္ပါယ် လဲ သက်ရောက်နိုင်တဲ့ image ကို ဘယ်သူက တွန်းပြီး ကိုင်ခိုင်း ပြန်တယ် မသိ။

    ဒီတော့ ဘာကို ပြေးပြီး သတိရလိုက်မိတယ် မှတ်လဲ။
    ဒီကျောင်းသားသပိတ် မစ ခင် ရန်ကုန်တက္ကသိုလ် ထဲ ကို တောင်ဝင်ပြီး ပညာရေးဥပဒေပြင်ဖို့ ဆန္ဒပြခွင့်ရခဲ့တဲ့ Guy Fawkes mask တွေ နဲ့ Anonymous ကိုယ်တော်လေးများ ကိုပါ။
    တော်ရုံ ပါဝါ နဲ့ ကျောင်းထဲဝင်သောင်းကျန်းလို့ မရတာ အားလုံး သိပါတယ်နော်။

    • kai

      March 11, 2015 at 3:57 am

      အဲဒါသိချင်နေတာ.. သိရလို့ကျေးကျေး…။

      နောက်တခုက.. ဘိုလှဆွေစကားနဲ့..
      မြန်မာစကားအသစ်တိုးလောက်တယ်…။
      ဘာတဲ့..
      ဗေလုဝ…”စောင်းမှန်းနတ်မှန်းမသိ..။” :k:
      “စောက်မှန်း ကမ်းမှန်း” မသိနေရာမှာ အစားထိုးသုံးလို့ရ..။

  • မြစပဲရိုး

    March 11, 2015 at 3:36 am

    အရင် မှတ်ချက် တွေ ဖတ်ပြီး မှတ်ချက် ပြန်ပေးပြီး မှ စာ ကို ဖတ်မိတယ်။
    တစ်နေ့လုံး စိတ်တွေ ထုံ နေတာ အခုမှ ပြုံးနိုင်သွားလို့ ကျေးဇူးပါ ကဘချော ရယ်။

    (၁) တင်ဇာမော် ထက် အေးချမ်းမေ နဲ့ ပိုတူ ပါတယ် ဆိုမှ။

    (၂) စောစောကဘဲ မစ္စတာ မောင်မောင်ကျော်သူ ရဲ့ “အမေ့” တ ချင်း စာစု ကို ဖွဘုတ် ထဲ ဖတ်လိုက်ရသေးတယ်။
    အဲဒီ အမေ့ မှာလဲ ရင်ထဲ ချိမှာ မဟုတ်ပါလေ။
    အချိန်မရောက်သေးသမျှတော့ စိတ်ရှည်ပေးတော်မူကြပါ လို့ ဘဲ ကုန်းအော်လိုက်ချင်တယ်။
    သိပ်မလိုတော့ပါဘူး။

    (၃) ဝိုင်းစု ရဲ့ ချစ်ဦးပုံပြင် သီချင်းသိဘူး။
    ဟေမာ့ ရဲ့ “ပထမ အသည်းကွဲဇာတ်လမ်း” ဘဲ သိတယ်။
    သိချင်လား။ နားထောင်ချင်လား။
    ထူးအိမ်သင် ပြန်ဆိုတာ ကို ကြိုက်ဘူး။
    ဟေမာ့ ကို ပိုကြိုက်တယ်။

    (၄) မွန်းအောင် ကတော့ ကိုယ့် ဖေ:ဘရိတ်မဟုတ်။

    (၅) ဒီလောက် ကားတွေ မှောက်တာ အကြိမ်ကြိမ် မဆန်းနိုင် အောင်ဖြစ်နေတာ တာဝန်ယူဖြေရှင်းပေးမဲ့ ဝန်ကြီးဌာနများ မရှိရအောင် ရှားပါးနေလားကွယ်။

    (၆) ကိုလှဆွေ ရဲ့ စိတ်တွက် သချာင်္ အကြောင်းဘဲ သိတယ်။ နောက်တစ်ခါ ပေသီး တွက်စက်လေး ဆောင်ထား လို့ ပြောပေးပါ။
    lol:-)))))))))))))))

    • black chaw

      March 11, 2015 at 2:56 pm

      @ မြစပဲရိုး ;
      ကျွန်တော့်ပို့စ်ကို ဖတ်ပြီး ပြုံးမိသွားတယ်ဆိုတော့
      ကျွန်တော့် ရည်မှန်းချက် ပြည့်တာပေါ့ခင်ဗျာ…။
      ကွန်းမန့်လေးတွေ အတွက် ကျေးဇူး အထူး…အထူး…အထူး
      ပါ အစ်မရေ…။
      ချစ်ခင်လေးစားတဲ့
      ဘလက်ချော…။

  • မွသဲ ( 17082011 )

    March 11, 2015 at 9:30 am

    ဟိဟိ ဘူးလက်ကတော့ ဗဟုသုတတခုတိုးသွားတာမို့ အဆဲခံရတာတန်သွားတယ် ပြောရမယ်အော်ပရေတာကြီးရေ။ အဲ့နောက်တခါမှဖုန်းဆက်ပြီး မော်ဒယ်လေးအသတ်ခံရမှု့နဲ့ မင်းအုပ်ဆိုးဂွင်းလုံးပုံ အဲ့ဂွင်းလုံးကျွတ်နိုင်ဖွယ်လေး သတင်းပေးတော့မယ်။

    • ခင်ဇော်

      March 11, 2015 at 9:41 am

      မင်းအုပ်စိုး ဂွင်းလုံးကျွတ် တာ ကြာပြီမလား ယောက်ခမွ

      :k:

      • မွသဲ ( 17082011 )

        March 11, 2015 at 11:17 am

        ခုဟာက တနှစ်ပဲတဲ့တော့ ချုပ်ရက်နဲ့ဘာနဲ့ဆိုတော့ ဂွင်းလုံးကျွတ်လုနီးပါး 😥 ငွေများတရားနိုင်

    • black chaw

      March 11, 2015 at 3:00 pm

      @ မွသဲ ;
      မင်းအုပ်စိုး သတင်းကို တစ်နိုင်ငံလုံးက
      စိတ်ဝင်စားစွာနဲ့ စောင့်ကြည့်နေကြပါတယ်ခင်ဗျာ…။
      အမိန့်တော့ မချသေးဘူး မဟုတ်လား…။
      မအားတဲ့ကြားက အချိန်လုပြီး ဝင်ပေးသွားတဲ့
      ကွန်းမန့်လေးအတွက် ကျေးဇူးပါခင်ဗျာ…။

      • မွသဲ ( 17082011 )

        March 11, 2015 at 9:46 pm

        ဟုတ်တရားတော့မဝင်သေးပေမဲ့နှစ်မှု့လုံးသတင်းကတော့ထွက်နေတယ်။ မော်ဒယ်လေးအမှု့ကလဲ လူသေမှု့ပြောင်းပြီး သေဆုံးသူရဲ့ဒါးဖြစ်သွားဆိုလား။ မြန်မာ့ ဥပဒေလောက ကမျက်လှည့်ပညာရပ်တလေ့လာလိုက်စားနေဆိုလား လား လား လား လား လား

  • တောင်ပေါ်သား

    March 11, 2015 at 9:32 am

    ဒီမယ် အော်ပရေတာကြီး
    လောက်ကိုင်တွေ လက်ပံတန်းတွေထား
    မြစ်ကြီးနားမှာ ဖမ်းထားတဲ့ သစ်သူခိုး မအေယိုးတရုတ် တစ်ရာကျော် လွှတ်လိုက်တယ် ဆို
    ကချင် ဆရာမ ၂ ယောက် အသတ်ခံရတဲ့ ကိစ္စကကော ငါးလောင်းပြိုင်လို အမေ့ခံလူသတ်မှုဖြစ်သွားပြီလား

    ခီညား နားစွန်နားဖျား မဟုတ်ပဲ နယ်စွန်နယ်ဖျားအထိ သွားစုံစမ်းစေချင်တယ်ဗျာ 🙂

    • black chaw

      March 11, 2015 at 3:12 pm

      @ တောင်ပေါ်သား ;
      ဟုတ်ကဲ့ပါ ကိုတောင်ပေါ်သားရေ…။
      အဲဒီ အမှုတွေကတော့ ဆားပုလင်းနှင်းမောင် ဖေါ်မှ
      ပေါ်မယ့် အမှုတွေခင်ဗျ…။
      ဟုတ်ကဲ့…။
      ကျွန်တော်က အော်ပရေတာပါခင်ဗျာ…။
      လာသမျှ ဖုန်း ထိုင်ဖြေနေရသူမို့ နယ်စွန်နယ်ဖျားကိုတော့
      သွားလို့မရလို့ပါခင်ဗျ…။
      ခွင့်လွှတ်ပါခင်ဗျ…။
      :k:

  • Alinsett@Maung Thura

    March 11, 2015 at 9:41 am

    ဒီရေးဟန်က တမျိုးပဲ ဖတ်ရတာ တမျိုးကြီးဖြစ်နေတယ်
    ထင်တာတော့ အရမ်းးးး ရို့ကျိုးသိမ်မွေ့ ချွဲနွဲ့နေသလားလို့
    ပြောထားတဲ့အကြောင်းအရာတွေက ထိထိမိမိရှိပါ့
    စကားလုံးတွေ သုံးထားတာက တရစပ်ဖတ်တော့ တမျိုးကြီးးးး
    အဲ ဘာလျှော့ရမလဲ တခုခုတော့ လျှော့ရမယ်ထင်တယ်
    အဟိ
    ထင်တယ်
    ထင်တာ

    :k:

    အမြန်လမ်း သတင်းတွေ ထပ်ထပ်ကြားပြီးးး
    အမြန်လမ်းက ခရီးသွားရမှာတောင် ကြောက်လာမိ

    • black chaw

      March 11, 2015 at 3:18 pm

      @ Alinsett@Maung Thura ;
      ဟုတ်ကဲ့…။
      အော်ပရေတာဆိုတော့ ယဉ်ယဉ်ကျေးကျေးသိမ်သိမ်မွေ့မွေ့
      ပြောရတာပေါ့ခင်ဗျာ…။
      ကျွန်တော့်အနေနဲ့ကတော့လေ…
      စာရိုက်တဲ့အချိန် စိတ်ထဲပေါ်လာတဲ့အတိုင်း
      ရိုက်ချလိုက်တာဆိုတော့ လျှော့ဖို့တော့ မဖြစ်နိုင်ဘူးထင်ပါတယ်ခင်ဗျ…။
      ဟုတ်ကဲ့…။ ဟုတ်ကဲ့…။
      အကြံပေးသွားတာကျေးဇူးပါခင်ဗျ…။
      :k:

  • ဦးဦးပါလေရာ

    March 11, 2015 at 9:58 am

    .အမြန်လမ်းကတော့…
    .ကိုယ်စမောင်းတုန်းက ကီလို၁၂ဝ လောက်
    .နောက်တော့ ကီလို ၁၀ဝ လောက်
    .အခုတော့ ကီလို ၈ဝ လောက် ပဲ မောင်းရဲတော့တယ်…
    .လမ်းကတော့ အရင်အတိုင်းပါပဲ
    .လမ်းပေါ်မောင်းကြတဲ့ကားတွေကသာ ဆိုး ဆိုး လာတာ…

    • black chaw

      March 11, 2015 at 3:20 pm

      @ ဦးဦးပါလေရာ ;
      ဟုတ်ပါတယ် ကိုပါကြီးရေ…။
      မတော်တဆဖြစ်ရင် အရှိန်တွေက အရမ်းအရမ်းဆိုတော့
      ပွဲချင်းပြီးတွေ ဖြစ်ကုန်ကြတာပေါ့ခင်ဗျာ…။
      ကောင်းတယ်ဗျ…။
      ကီလို ၈ဝ လောက်က အတော်ပါပဲ ခင်ဗျာ…။
      အခုလို မအားလပ်တဲ့ကြားက ကွန်းမန့်လေး ဝင်ရေးပေးသွားတာ
      ကျေးဇူးအထူးပါ ကိုပါကြီးရေ…။
      မနက်ဖြန် လဖက်ရေ သောက်ကြဦးစို့…။
      :k:

  • ဦးကြောင်ကြီး

    March 11, 2015 at 10:56 am

    အောပလိပ်တာဂျီး.. လက်ပံတန်း ကျောင်းသားဆန္ဒပြပွဲ နှိမ်နင်းတာ ရဲ၁၆ယောက် ဒဏ်ရာရသွားလို့ အုယဲထွတ်က ပြောသဗျာ.. လုပ်ပါဦး..

    • Alinsett@Maung Thura

      March 11, 2015 at 11:26 am

      အုယဲထွတ်က
      အဲ့လက်ပံဒန်း သပိတ်ဖြိုခွင်းမှုဟာ
      မလုပ်ချင်ပဲ လုပ်ရတာဒဲ့
      ဒါဒဲ့

    • ဗုံဗုံ

      March 11, 2015 at 1:39 pm

      ရိုက်ရပြီးရောဆိုပြီးရိုက်တာ…
      သူတို့အချင်းချင်း ပြန်ရိုက်မိလို့ ရတာနေမှာပေါ့.. :mrgreen:

    • black chaw

      March 11, 2015 at 3:24 pm

      @ ဦးကြောင်ကြီး ;
      ဟုတ်လောက်ပါတယ်ခင်ဗျာ…။
      ရဲတွေခင်ဗျာလည်း အင်အားကနည်းတယ်မဟုတ်လား ဗျာ…။
      လက်နက်တွေနဲ့ အပြန်အလှန်ဆော်ကြတာဆိုတော့
      ၁၆ ယောက် ဆိုတာ လျှော့ပြောထားတာ ဖြစ်မှာပါခင်ဗျာ…။
      အမှန်တကယ် ဒဏ်ရာရသူက ၁၀ဝ လောက်ရှိမှာပါခင်ဗျာ…။
      ခင်ဗျာလေးတွေ သနားစရာပါဗျာ…။
      ဦးရဲထွဋ်ကြီးလည်း သနားစရာပါဗျာ…။
      ဦးသိန်းစိန်ကြီးကတော့ သနားစရာ အကောင်းဆုံးပေါ့ဗျာ…။
      :k:

  • တကယ့်အော်ပရေတာကြီးလိုပဲ
    ကလင် ကလင် ကလင်
    ဆိုတဲ့ မြည်သံစွဲစာလုံးအကြိီးကြီးတွေကလဲ တကယ့်ဖုန်းသံလိုပဲ
    🙂

  • black chaw

    March 16, 2015 at 8:06 am

    @ နန်းတော်ရာသူ ;
    အသာလုပ်ပါအေ…။
    တကယ် ချီးကျူးနေသလိုကြီး ဖြစ်နေပြီ…။
    ဟေးဟေး။

Leave a Reply