လေဘုရင်၏အတ္ထုပ္ပတိ (သု့ိ) အောင်ကျူးနှင့် နှစ်တစ်ထောင်အမြုတေလေပုတ်ထုတ်ဆေး – အပိုင်း (၂)

ဇီဇီMarch 12, 20151min33425

 

မဖတ်ခင် သိချင်တာကို အရင်မေးမိသည်။
“ရှင် ဘယ်သူလဲ”

“ခင်များ ခုန က မေးပြီးတဲ့ မေးခွန်းပါပဲ။
ကျနော်မှာ အဖြေမရှိပါဘူးး”

သက်ပြင်းချပြီး ဆက်ဖတ်လိုက်ရသည်။
ကြာလှပြီဖြစ်သော စာရွက်ပေါ်က စာလုံးတွေက မသဲမကွဲ။

 

~~~~~~~~~~~~~~~~

ကြောင်နိုင်ဓါး နှင့် ကြောင်တန်းစားပျက် တစ်ဆယ့်ရှစ်ကွက်

“” ယိစ် “”
“”ယ  ယ  ယားးး””
“‘” အာဝုစ် …… မိညောင် “” ဟူသော မာန်သွင်းသံတို့ လှိုင်လှိုင်ထနေသည် ။
နေရာကားးး အနောက်ရိုးမ၏ နက်ရှိုင်းလှသောလှိုင်ဂူကြီးအတွင်းမှဖြစ်သည် ။
လူလတ်ပိုင်းအရွယ်အမျိုးသားတစ်ယောက် ကိုယ်တုံးလုံးဖြင့် လေသိုင်းကျင့်နေလျှက်ရှိသည် ။
မာန်သွင်း၍ အတွင်းအားထုတ်လိုက်တိုင်း ပါးစပ်မှ အခိုးအငွေ့များတလှိုင်လှိုင်ထွက်နေသည်မှာ ဂေါဇီလာကြိီး မီးမှုတ်နေသကဲ့သို့ပင် ………

ထိုသူမှာ “ကြောင်ဏှာသီး ဟု ခေါ်တွင်သော အောင်ကြူး” ဖြစ်မည်ကို အထူးပြောဖွယ်မရှိတော့လေပြီတည်း ။
အခိုးအငွေ့များနှင့်အတူ အနံ့ဆိုးများလည်း ထောင်းထောင်းထနေသည် ။

အလို …… ဘယ်သို့ဖြစ်ပါအံ့ ???

ဖြစ်ရပ်မှန်မှာ နှစ်တစ်ထောင်ကြာပန်းအမှတ်ဖြင့် အလောသုံးဆယ်ခိုးယူပြီး ဆေးတစ်ထုတ်လုံးက်ိုလောဘတကြီးစားမိခဲ့သည် ။
စားလိုက်မိသောဆေးမှာ “နှစ်တစ်ထောင်လေပုတ်ထုတ်ဆေး” ဖြစ်သဖြင့် ဆေးစားမှားသော အောင်ကြူးမှာ လေပုတ်များအောက်သို့မဆင်းဘဲ အထက်သို့ဆန်နေသည်ကို စိတ်မချမ်းမြေ့ဖွယ်တွေ့မြင်ရမည်ဖြစ်လေသည်တမုံ့ ………

သို့သော်  အတွင်းအားတို့သည်ကား အဆမတန်တိုးလာသည်ဖြစ်၍ နှစ်ခြောက်ဆယ်လေ့ကျင့်မှရသော ပမာဏနှင့်ညီလေသည် ။

“” အီးးယားး းးးးးး  အွတ် “””
မာန်သွင်းသံအဆုံး လက်ဝါးအစုံကိုတွန်းထုတ်လိုက်ရာတွင် ………

.

.

“” ဝုန်းး “””

တဖက်ကျောက်သားနံရံမှာပြိုပျက်သွားပြီးလျှင် အခန်းငယ်တစ်ခုပေါ်ထွက်လာသည်ကို အံ့ဩဖွယ်တွေ့လိုက်ရလေတော့သည် ။
အောင်ကြူးမှာ မျက်လုံးအပြူးသားဖြင့် မှင်တက်ငေးမောနေလေ၏ ။

.
ထို့နောက် အခန်းငယ်ထဲသို့ ဖြေးညှင်းစွာဝင်ရောက်ပြီးလျှင် မျက်စိကစားလိုက်ပြီး အလွန်ဝမ်းသာသောအမူအယာများဖြစ်ပေါ်လာလေတော့သည် ။

.

“” ဟေးးး အောင်ဘီကွ  အောင်ဘီ  ငါကွကြောင်ဏှာသီးးး  ဟေးးဟေးးး “”

.

အောင်ကြူးတွေ့လိုက်သောအရာမှာ အခန်းအလယ်ရှိ ကျောက်သားစားပွဲတစ်ခုပေါ်မှ ဓါးတစ်လက်နှင့်အတူ ဆိတ်သားရေပြားတစ်ချပ်ဖြစ်လေသည် ။
ဆိတ်သားရေပြားပေါ်တွင် အောက်ပါ စာသားအားရှေးဟောင်း ဟီးဘရူးစာလုံးများဖြင့်ရေးသားထားသည်ကို အံဩစွာမြင်ရပေလိမ့်မည် ။

## ကြောင်နိုင်သည့်ဓါး ၊
ထွက်ပေါ်ငြားအံ့ ၊
အွန်သိုင်းလောက ၊
များဒုက္ခ ၊
မုချ ရောက်မည်မှတ် … ##

ထို့နောက် ဓါးအိမ်တွင်ထွင်းထုထားသောစာများက်ိုဤသို့ဆက်လက်တွေ့မြင်လိုက်ရလေသည် ။

## ကြောင်တန်းစားပျက် တစ်ဆယ့်ရှစ်ကွက်သိုင်းကျမ်း ##

ထိုနေ့မှစ၍ အောင်ကြူးမှာ သေလည်ကြောင်ဂိုဏ်းချုပ်ကြိီးနှင့်အတူပျောက်ကွယ်သွားသော ဂိုဏ်း၏ရတနာဓါးနှင့်သိုင်းကျမ်းကို ရရှိသွားလေတော့သည် ။
ကြောင်ကိုအနုမြူဗုံး တပ်ဆင်ပေးလိုက်သည့်နှယ် ဖြစ်လေတော့မည်ကို အွန်သိုင်းလောကသားများ သိရှိနိုင်ဦးမည်မဟုတ်ပေ ။

“” ဟားး ဟား  ဟားးး  တွေ့ကြသေးတာပေါ့ ဂဇက်ကျေးရွာရယ်…

နင်တို့အားလုံးကို ကြောင်လေလည်သံ သောသောညံ သိုင်းကွက်နဲ့ ဖြိုခွင်းပစ်လိုက်မယ်  ……

.
ငါကွ   ကြောင်ဏှာသီးး  “””

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ကြောင်မိစာ္ဆ လော  နှူးဘာလော

 

ဂဇက်ကျေးရွာတွင်း သတင်းတစ်ခုပျံ့နေသည်…။
ညသန်းကောင်အချိန်တိုင်းတွင် အောက်သိုးသိုးလေပုတ်နံ့ကြိီးရပြိီးနောက် မိန်းမပျိုလေးများ၏အိမ်နားတဝိုက်တွင် အရိပ်မဲကြီးတစ်ခု လှုပ်ရှားနေသည် ဟု … ။
ထိုသတင်းသည် ကျေးရွာအတွင်း ဗိုင်းရပ်စ်သဖွယ်ပျံ့နှံ့သွားပြိီးလျှင် သတ္တိကောင်:သူများပင် ကျောထဲစိမ့်သွားကြရသည် ။

လူလော မိစာ္ဆလော နာနာဘာဝလော ?????
တချို့က  နှူးဘာဂိုဏ်းကို လက်ညှိုးထိုးကြသည် ။
ဤတွင် “ဗိတိန်ကျွန်းသခင်မကြီး” မှာ “နှူးဘာဂိုဏ်းချုပ် သမိန်ဂီ” ကို ခေါ်တွေ့လေတော့သည် ။

“” ဟဲ့ ငဂီ  ဒါနင့်လက်ချက်မဟုတ်လား  ညညမူးပြီးဗွက်အိုင်ထဲချော်လဲ ၊ ပြီးတော့မှ ကောင်မလေးတွေအိမ်ထဲ လက်ဆေးဖို့ခိုးဝင်တယ်  ဟုတ် “”

ဂိုဏ်းချုပ်ဂီမှာ မျက်နှာရှုံ့လျှက်…..

“”  ဒေါ်ကြီး မြစာလေးရယ်  ကျော် ဘာမှမလုပ်ပါလားဗျာ ……
ကျော်အခု နှူးဘာလက်ညှိုးသွေးကြောထိုး သိုင်းကို လေ့ကျင့်နေတယ်ညှော် ……
ကျော် ဘာမှတ်ိဘူးးး “”

တရားခံမှာ မည်သူမှန်းမသိဖြစ်နေရလေသည် ။

.
အဖြစ်မှန်မှာ ကြောင်ဏှာသီးတစ်ယောက် ရွာပြန်ရောက်ပြီး ဟိုချောင်း ဒီချောင်းလုပ်နေခြင်းပင် ။

မကြာမှီ အဖြစ်မှန်ပေါ်ပေါက်လာခဲ့တော့သည်။
ညသန်းကောင်ဘောပွဲ မအိပ်ဘဲကြည့်လေ့ရှိသော “ဘောမင်းသမီး မိုက်လုသော်” မှ အောင်ကြူးကို တွေ့ရှိသွားခြင်းဖြစ်လေသည် ။
သွေးသောက်ညီအစ်မဖွဲ့ထားသော “ကျီးလက်သဲ ကြည်တိုးရွှေ” နှင့် အတူပူးပေါင်းတိုက်ခိုက်ဖမ်းဆီးပါသော်လည်း သိုင်းစွမ်းရည်မြင့်မားလွန်းသော “အန်ကျော့လော်အောင်ကြူး” ကို ဖမ်းမမိခဲ့ချေ ။

.

.
“နှူးဘာဂိုဏ်းချုပ်ဂီ” တစ်ယောက်ပေါက်ကွဲနေလေတော့သည် ။
“” တွေ့ကြသေးတာပေါ့ ကြောင်ဏှာသီးရယ်  ခီညားဂို အရည်ဆုတ်မဲ ဲ ဲ  ဲ  ဲ  ဲ  “””

.

.

ယခင်က ဂိုဏ်းတူမောင်နှမဖြစ်သော “ဘာကာခုနှစ်လွှာဓါးသမား ဇာယိခိုင်” မှလည်း ကြောင်ဏှာသီးကို စစ်ကျေညာခဲ့သည်။
အကြောင်းမှာ  အောင်ကြူးမှ “စေတနာရှင်မယ်တော်ကြီးစု” ကို အသရေပျက်ရာပျက်ကြောင်း ဝေဖန်လေပုတ်ထုတ်သောကြောင့်ဖြစ်လေတော့သည် ။
မယ်တော်ကြိီးစုကို ကြည်ညိုလှသော “ဗိတိန်သခင်မကြီး” မှာလည်း အောင်ကြူးကို် “နားဦးတည့်ရာသိုင်းကွန်ခြာ သိုင်းကွက်” ဖြင့် တိုက်ခိုက်ရန် စိုင်းပြင်းနေလေပြီ ။

.

.
အောင်ကြူးတစ်ယောက် ရန်သုူဝိုင်းဝိုင်းလည်လေပြီ ။
အောင်ကြူးဖက်မှ မည်သူရပ်တည်မည်နည်း ။
စိတ်ဝင်စားဖွယ်ကောင်းလှပေတော့သည် ။
“ရွာသဂျီး လူကွေ့ရှောင်” ကိုယ်တိုင်အောင်ကြူးအား မထောက်ခံတော့ပေ .။
မကြာမှီကာလအတွင်း ဂဇက်ကျေးရွာအတွင်းဝယ် ပြင်းထန်သော တိုက်ပွဲများဖြစ်ပေါ်လာတော့မည်မှာမြေကြီးလက်ခတ်မလွဲပေ ။

 

.

.

ကာလအတန်ကြာပျောက်ကွယ်နေသော “အရှေ့ကျွန်းသခင်ကြီး ကျောက်စ်မိန်ယူ” သည်လည်း နှစ်တစ်ရာလင်းယုန်ငှက်ကြီးစီးပြိီး ရွာသို့ပြန်ရောက်လာခဲ့သည် ။
တကယ်တော့ ကျောက်စ်မိန်ယူမှာ  “”မီးရှူးသန့်စင် မျက်နှာမြင် “” သိုင်းကို ဂူအောင်းလေ့ကျင့်နေချိန်ဖြစ်လေသည် ။
မိတ်ဆွေရင်းဖြစ်သူ “ကျိယွင်မတ်” မှသတင်းပေးသဖြင့် ကြောင်ဏှာသီးကို သုတ်သင်ရင် ပြန်လာခြင်းပင် ။

အောင်ကြူးတစ်ယောက် ပြေးစရာမြေရှိပါဦးမည်လား ဆိုသည်ကိုတော့ …………

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

 

ကျူးသင်းချိုင်းမှ စိန်ခေါ်သံ

 

“ကျူးသင်းချိုင်းး”

.
အသံကြားယုံဖြင့် အော်ဂလီဆန်စရာဖြစ်သည် ။
သို့သော်  ခေတ်စံနစ်တို့အပြောင်းတွင် သင်းချိုင်းမြေသည်လည်း အထပ်မြင့်ကွန်ဒိုများ စီးပွါးရေးဇုံများဖြစ်လာကြသဖြင့် သင်းချိုင်းမြေသည် ရွှေထုတ်သည့်မြပဝါဖြစ်လာခဲ့သည်။

.
ထို့ကြောင့် သင်းချိုင်းမြေသည် သုဘရာဇာများသာမက သူဌေးသူကြွယ်များဖြင့်စည်ကားနေလေတော့သည် ။
သို့သော် ဂဇက်ကျေးရွာသင်းချိုင်းသည်ကား ရွှေခေတ်သို့မရောက်သေးပါ ။
သုဘရာဇာတစ်ဦးသာ အေးအေးလူလူ ရှိနေပါသေးသည် ။
ထိုသုဘရာဇာကိုလည်း မည်သူမျှ ခင်မင်ဆက်ဆံခြင်းမပြုကြပါ ။
လူသေများမြှုတ်နှံခြင်းဖြင့်သာ မွေ့လျော်နေပေတော့သည် ။

.

.

.

ည ……
တိတ်ဆိတ်ငြိမ်သက်သော  ည ……
တစ်ခြမ်းပဲ့လ၏ ခတ်မှုန်မှုန်အောက်တွင် လူတစ်ယောက်လှုပ်ရှားလျှက်ရှိသည် ။
ထိုသူသည် နောက်ဆုံးအလောင်းတစ်လောင်းအားမြေမြှုတ်အပြီး နားရွက်ကြားမှ ဆေးပေါ့လိတ်တိုကိုမီးညှိရှိုက်ဖွာလျှက် …………

“” အင်းးး ဘာလိုလိုနဲ့ တာဝန်တစ်ခုတော့ပြီးပြန်ပေါ့လေ …… အသက်တစ်ရာမနေရ အမှုတစ်ရာမွှေရ  “”

အထက်ပါအတိုင်း ရေရွတ်ငြီးတွားရင်း ဇရပ်ပျက်ဆီသို့ လေးတွဲ့သောခြေလှမ်းများဖြင့် လျောက်လာခဲ့လေသည် ။
ထိုသူသည် ဂဇက်ကျေးရွာကျူးသင်းချိုင်းမှ သင်းချိုင်းစောင့်ကြီးသာဖြစ်လေသည် ။

.
အမှန်စင်စစ် ……
ထိုသူ၏နောက်ကြောင်းရာဇဝင်အား သင်သိမည်ဆိုပါက သူ့ထံသို့အလောင်းအပ်နှံ၍မြှုတ်ခိုင်းဝံ့မည်မဟုတ်ပါ ။
ထိုသုူသည် မည်သို့သောသူဖြစ်သနည်းးး ???¿¿¿¿

.

တချိန်က အွန်းသိုင်းလောကတွင် “သုဘရာဇာသိုင်းသမားသောင်ချမ်း” ဟူ၍ ရှိခဲ့ဖူးလေသည် ။
ထိုသူသည် တိုက်ခိုက်လိုသောသူထံသို့  အနက်ရောင်အခေါင်းကြီးအားပို့လိုက်ပြိီးလျှင် ခုနှစ်ရက်မြောက်သောနေ့၌ လာရောက်တိုက်ခိုက်လေ့ရှိတတ်သည် ။
သို့သော်  လွန်ခဲ့သော နှစ်ကာလအတန်ကြာကတည်းက အွန်သိုင်းလောက၌ အနားယူသွားပြီးလျှင် ဇတ်မြှုတ်ပျောက်ကွယ်သွားခဲ့လေသည် ။

.

.

ထိုစဉ် ……
သင်းချိုင်မြေအနီးမှ လူရိပ်  နှစ်ရိပ်ပြေးလွှားသွားသည်ကို သုဘရာဇာကြီးမှမြင်လိုက်သည် ။
ဖုန်းဆိုးမြေတွင် အရိပ်သဏ္ဍန်မှာမထူးခြားပါ ။
သို့သော် ယခုလူရိပ်သည်  သုဘရာဇာအတွက် ကြက်သီးများပင်ထသွားစေလေသည် ။
မည်သူနည်း းး ????

.

 

ဟာ  !!!

“သေလည်ကြောင်ဂိုဏ်းက လက်ဝဲရံပါလား  ….!!!!!!!

အင်းးးး လက်ဝဲရံရောက်ပြီဆိုရင်တော့ လက်ယာရံလည်း ရောက်လာတော့မှာပေါ့ ……
ဒါဆို  သေလည်ကြောင်ဂိုဏ်းက မင်းလေးပါးပြန်စုံကြပြီဘဲ ။

ပွဲကြီးပွဲကောင်းတော့တွေ့ရဦးမှာပေါ့လေ …… “””

“” ဟင်င်င် …… နောက်တစ်ယောက်က ဘယ်သူပါလိမ့် ??

အော် …… “လူထူးဆန်းအဖိုးအို ထန်စူး” ဖြစ်နေပါလား ……
ကောင်းးးကွာ  တကယ့်ကို ပွဲကြီးပွဲကောင်းဘဲဟေ့ …

ဧကန္တတော့ … မဟုတ်မှလွဲရော….  “လေမင်းသခင်ကြောင်ဏှာသီး” ကို လာပြီးကူတိုက်ပေးတာဖြစ်မယ် ……

အင်းးး ငါလည်းဒီလောက ကအနားယူခဲ့ပြီဆိုတော့ ဘေးကပဲပွဲကြည့်ပရိပ်သတ်လုပ်တာဘဲကောင်းပါတယ်လေ ……

လိုရမယ်ရ ၆ပေ ၂ပေ ၃ပေ အနက်ကျင်းလေး သုံးလေးကျင်းလောက်တော့ တူးထားဦးမှ ……… “””

အထက်ပါအတိုင်း တီးတိုးရေရွတ်ပြီးလျှင် သုဘရာဇာကြီးမှာ ဆေးပေါ့လိပ်တိုအား ဇရပ်အုပ်ခုံပေါ်သို့ ထိုးချေမီးသတ်လိုက်လေတော့သတည်းးး

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ကျန်နေတဲ့ စာရွက်လေးတွေ ဆက်မဖတ်နိုင်သေး ပဲ စဉ်းစားခန်းဝင်နေမိသည်။

25 comments

  • ဂလောက် လူစုံဝိုင်းသတ်တာတောင် မသေရင်တော့ ဒီကြောင်ဏှာရီး.. သွေးဆေး နဲ့ ဖျာရောင်းပြီး အဟွာဖြတ်ပစ်မယ်.. (အမြီး)

    • ခင်ဇော်

      March 12, 2015 at 2:30 pm

      သူ့ အား က အမြီးမှာတဲ့

      :kwi:

      • မြစပဲရိုး

        March 13, 2015 at 2:52 am

        ကိုယ်တုံးလုံး လေသိုင်း ကျင့်တာ ဆိုတော့ အဲ့ အမြီး ကြီး က အတော်လေး အဟွာ ဖြစ်နေမှာ ဘဲ။
        lol:-))))))
        အပိုင်း(၃) ကို ပြေးပြီ။

  • Alinsett@Maung Thura

    March 11, 2015 at 3:51 pm

    အပြေးအလွှား လာဖတ်တာ
    သိုင်းဝစ်ထုတွေများ တယ်လည်း စွဲသကိုးးး
    :k:

    ရေးတဲ့သူ တော်ချက်

    နာမည်တွေကော သိုင်းကွက်အမည်တွေကော ဖတ်ပြီး တခွိခွိ ရီနေရ
    အဲ ဒါ ဒါ
    ရီရတဲ့ သိုင်းဝတ္ထုကြီးဟ

    :k:

    • ခင်ဇော်

      March 12, 2015 at 2:33 pm

      ရေးတဲ့ သူ တော် တာ တော့ မပြောနဲ့တော့။
      စာအုပ်လေးကတော့ ဟောင်းနေပြီ

      :k:

  • Mr. MarGa

    March 12, 2015 at 9:10 am

    ကိုင်းးးး
    တိုက်ပွဲကတော့ စတော့မယ်……..
    ပွဲကတော့ လှ ပဟ
    :k:

    • ခင်ဇော်

      March 12, 2015 at 2:33 pm

      မင်းသား မလာသေးတော့ တိုက်ပွဲ စရ ခက်နေပြီ

      :mrgreenn:

  • naywoon ni

    March 12, 2015 at 11:45 am

    ခုမှပဲ လက်​သည်​​ပေါ်​တော့တယ်​ ။ မြန်​တျာန်​့ စာ​ပေ​လောကမှာ ​နောက်​ကွယ်​က​နေ ​သိုင်​းဝတ်​ထု ​တွေ ဘာသာပျံ ဆိုပြီး ရွှီး​ပေး​နေတဲ့ ချဲဒိုး စာ​ယေးဆြာ မိဘီ ။ 🙂

    • ခင်ဇော်

      March 12, 2015 at 2:34 pm

      သိုင်း ဝတ္ထု ဖတ်သက် တစ်လျှောက် ဒီလောက် ရေးတတ်တာ မတွေ့ဖူးဘူးးး
      ခိခိ

      :k:

  • မွသဲ ( 17082011 )

    March 12, 2015 at 2:18 pm

    ဟိုးဆယ်တန်းဖြေပီးတုန်းက ဆယ့်သုံးတွဲ ဆယ့်ငါးတွဲသိုင်းတွေတောင် ဒီသိုင်းဝတ်ထုလောက်မရီရ အဲ့မွှားလို့ ဒီသိုင်းစာအုပ်လောက်မကောင်းဘူး။ ခုကတော့ နှစ်တထောင်ကြောင်ကိုဘယ်လိုသုတ်သင်မလဲစိတ်ဝင်စားချက်။ နာမယ်ဒေဖော်ရတာလဲပျော်ဇရာ။ အဲ့ သောင်ချမ်းတယောက်ပဲမသိဘူးရယ်။ ရီလိုက်ရတာလဲမျက်ရည်မျက်ခွက်

    • ခင်ဇော်

      March 12, 2015 at 2:21 pm

      အာ။
      သံချောင်းလေ။
      သုဘရာဇာ သံချောင်း ပေါ့။
      ဟိ

      :k:

      • မွသဲ ( 17082011 )

        March 12, 2015 at 5:39 pm

        အား ဒီလိုလား။ အဟိ မနေ့ကတဲကစဉ်းစားနေတာ စဉ်းစားမြ

  • Wow

    March 12, 2015 at 2:23 pm

    နာလိုပဲ သိုင်းဝုတ်ထုဒွေ အတော်ဖတ်ထားပုံရဒယ်… အကွက်ကိုစေ့ပီး ဖတ်ကောင်းချက်များ….
    ဒါနဲ့ “သုဘရာဇာသိုင်းသမားသောင်ချမ်း” ဆိုတာဘူလဲဟင်..

      • Wow

        March 12, 2015 at 3:10 pm

        :mrgreen: :mrgreen: ဟီးးးးး ပြန်ဖတ်တော့လဲ ရီရတာပဲ…

  • ဦးကျောက်ခဲ

    March 12, 2015 at 2:32 pm

    ကျောက်စ်မိန်ယူလည်း ” မီးရှူးသန့်စင် မျက်နှာမြင် ” သိုင်းကိုမကျင့်ရသေးခင်…
    “ဗိုက်စ် ဆီလိမ်းပေး အကြောမပြတ်ရေး” အကွက်နဲ့ အတွင်းအားကျင့်နေရတာ…
    လက်ဖဝါးက လက္ခဏာအရေးအကြောင်းတွေတောင် ပျောက်တော့မယ်… အဟိ
    :k:

    • ခင်ဇော်

      March 12, 2015 at 2:36 pm

      ဟီးဟီးဟီးးး
      သိုင်းကွက်အသစ်ပါလားးး

      :mrgreen:

  • Mike

    March 12, 2015 at 2:38 pm

    .”ဗိတိန်သခင်မကြီး” မှာလည်း အောင်ကြူးကို် “နားဦးတည့်ရာသိုင်းကွန်ခြာ သိုင်းကွက်” ဖြင့် တိုက်ခိုက်ရန် .စိုင်းပြင်းနေလေပြီ ။
    .”အရှေ့ကျွန်းသခင်ကြီး ကျောက်စ်မိန်ယူ” “”မီးရှူးသန့်စင် မျက်နှာမြင် “” သိုင်းကို .ဂူအောင်းလေ့ကျင့်နေချိန်ဖြစ်လေသည် :k:
    .ခွိခွိခိခိ …..သိုင်းကွက်တွေကကောင်းမှကောင်းပါလား မဇာယိ ရဲ့ …အဟွတ်…တယ်..ဒီခြောင်း :))
    .

    • ခင်ဇော်

      March 12, 2015 at 2:40 pm

      တညား က
      စာအုပ်ထဲက ပါတာ ရေးပြတာကို။
      တိုက်ဆိုင်လို့ ရွာထဲ လာပြတာ။
      ဟိ

      :k:

  • black chaw

    March 12, 2015 at 3:44 pm

    သိုင်းလောက ဆိုတာ
    သိတ် ကြောက်စရာ ကောင်းပါလား…။
    ရှောင်မှ…ရှောင်မှ…။
    :k:

    • ခင်ဇော်

      March 12, 2015 at 4:07 pm

      သိုင်းလောကတော့ ဆက်ဆီမကျဘူးကွဲ့

      :mrgreenn:

  • တိမ်မည်း

    March 12, 2015 at 3:49 pm

    ကျန်းဝူကျိ ကား ကို သတိရထှာ

    • ခင်ဇော်

      March 12, 2015 at 4:07 pm

      သူ့ကို အင်မတန်ကြိုက်တာ။
      တိုနီလျောင် ရိုက်တဲ့ နဂါးနိုင်ဓားဇာတ်လမ်းတွဲကိုအကြိုက်ဆုံးး

      🙂

  • Ma Ma

    March 14, 2015 at 8:32 am

    သိုင်းဝတ္ထုတွေ ဘယ်လောက်များ ဖတ်ထားသလဲ မသိဘူး။
    စု တု ပြု အစဉ်မှာ ………..
    စု ထား တု ထား တာတွေ ပြည့်စုံလို့
    ပြု ထားတဲ့ဝတ္ထုက တထိုင်ထဲ လက်ကမချ ဖတ်ဖြစ်အောင်ကို ကောင်းတယ်။ 🙂
    သိုင်းဝတ္ထုရေးချင်တဲ့သူတွေကို သင်တန်းပေးလို့ရပြီ။ :p:

Leave a Reply