photo - facebook

photo – facebook

 

 

 

 

 

 

 

 

 

 

 

 

 

 

 

ဘာရယ်မဟုတ်

.ကျောင်းသား  သပိတ်ကိစ္စ

ကိုယ့် ဉာဏ်လေးတစ်ထွာတစ်မိုက်နဲ့ ထိုင်စဉ်းစားနေတာ။

 

တာဝန်ယူမှု တာဝန်ခံမှု အဲ့ဒါလေးက အတော် တာသွားတယ် တွေးမိ။

 

ကျောင်းသားတွေရှေ့က ပိတ်ထားရတဲ့ ရဲဘော်တစ်ယောက်ချင်းစီကနေ ဟိုးးး ထိပ်က ထိုင်ခံအကျအနထိုင်ထားတဲ့

လူကြီးဆိုတာတွေထိ အဆင့်ဆင့် တာဝန်ယူရဲ တာဝန်ခံရဲရင်. . .

ကျောင်းသားတွေဘက်ကလည်း အဲ့လိုပေါ့. .. . .

ညှိသင့်တာညှိ

လိုတိုးပိုလျှော့နဲ့

ဒါလုပ်မယ် ဒါမလုပ်ဘူး

ဝင်တာဝန်ယူရင်ပေါ့

တာဝန်ခံရင်ပေါ့. . .

 

ကျောင်းသားတွေ ရန်ကုန်ကို ချီတက်မယ်။

ရန်ကုန်ရောက်ပြီးရင် လူစုခွဲမယ်ပြောထားတယ်။ ကျောင်းသားအလံထူ သီချင်းဆိုပြီး ဝင်မယ်ပြောတယ်။ ဒါတွေတောင်းဆိုပြီး ရန်ကုန်ဝင်ခွင့်တောင်းတာကို အဲ့နေရာ တာဝန်ကျတဲ့ ရဲတပ်ဖွဲ့မှူး တယောက်ယောက်က ”အေး မင်းတို့ ဒီလိုသွားမယ် ါလုပ်မယ် ပြီးရင် လူစုခွဲမယ်ဆို သွား။ ” လို့များ ခွင့်ပြုနိုင်ရင် ဒီအခြေအနေထိ ပုံပျက်ပန်းပျက် ရောက်မယ်မထင်ဘူးလို့။

 

အဲ့လို ခွင့်ပေးလိုက်လို့

အထက်က မေးရင် ”ဟုတ်တယ် ကျုပ် သွားခွင့်ပေးတာ။ သူတို့ကို ကတိအပြန်အလှန်ယူပြီး ခွင့်ပြုတာ ကျုပ်ပဲ” လို့ တာဝန်ယူ တာဝန်ခံရဲကြရင် ပေါ့။

 

 

အဟက်

အခုတော့ . . .

The Lady ဇာတ်ကားထဲက ဒေါ်စုကို ပစ်သတ်ဖို့ သေနတ်နဲ့ ချိန်အခန်းမှာ သေနတ်နဲ့ချိန်တဲ့စစ်သား. . . ကိုယ့်သဘောနဲ့ကိုယ် လုပ်ရပါ့မလားဆိုပြီး အထက်က ပြစ်ဒဏ်ခတ်လိုက်တဲ့အဖြစ်မျိုး ဘယ် ရဲကမှ အဖြစ်မခံရဲဘူးထင်ရဲ့။

——

နောက်တစ်ချက် ဆက်တွေးမိတာက

ဖမ်းမိလာတဲ့ ကျောင်းသားတွေကို ဆွဲခေါ်ရုံအဆင့်မဟုတ်ဘူး။ ချုပ်ထားတဲ့ ကျောင်းသားကို ရဲတွေက တယောက်ပြီးတယောက် ပြေးရိုက်နေသေးတာာာာ။

 

ကျနော် ဘယ်သူ့ဘက်ကမှ မပါခဲ့ပေမယ့် အဲ့လောက် ရိုက်နှက်ဖမ်းဆီးဖို့တော့မလိုဘူးထင်မိတယ်။

 

ဥပဒေအရ  ဖမ်းဆီးတယ်ဆိုလည်း အဲ့လောက် ဝုန်းဒိုင်းကြဲပြီး အညှိုးတကြီး ရိုက်နှက်ဖမ်းဆီးသင့်တာလားလို့ တွေးမိတယ်။

 

ကျောင်းသားတွေမှာဖြင့် လက်နက်ရယ်လို့မပါ။

 

ပြီးတော့ ကျောင်းသူတွေပါ။

 

တချို့ FB မှာ ပြောထားတဲ့ ကော်မန့်တွေထဲ ”တုတ်နဲ့တန်တဲ့သူ တုတ်ရတာ”လို့ပြောထားတော့ ကျနော် အံ့ဩတယ်။

 

အခု ကျနော်တို့တိုင်းပြည်က ဆန္ဒပြခွင့် တောင်းဆိုခွင့် ရှိတဲ့ ဒီမိုကရေစီလမ်းစဉ်ကိုသွားနေတယ်ဆို ။

 

ဘာလက်နက်မှမကိုင်ပဲ ဆန္ဒပြတာ တောင်းဆိုတာကို အဲ့လို ရိုက်နှက်ဖမ်းဆီးစရာ လိုသလားပေါ့

88 တုန်းကလို ဖြေရှင်းချင်သေးတယ်ဆိုရင်တော့ ဒီမိုကရေစီရဲ့ အနှစ်သာရကို ပြည်သူတွေစားသုံးနေရပါပြီဆိုတဲ့ အပြောတွေ ဘာလို့ပြောနေသေးလဲ။

 

နောက်ပြီး ဦးရဲထွဋ်ကို မေးတဲ့ သတင်းထောက်ကို သူပြန်ပြောတဲ့အထဲမှာ

”ဒါက မလုပ်ချင်ဆုံးအလုပ်ပါတဲ့။”

 

ထားပါတော့ မလုပ်ချင်ဆုံးအလုပ်။

 

မရိုက်ချင်ရိုက်ချင် ရိုက်နေတာပါဆိုတဲ့ပုံလည်း တစ်ကွက်မှမပေါက်ကြပါဘူး။ ချနေတာ အသေအလဲ။

 

ကမ႓ာ့ရန်ဘက်ကို အမြစ်ပြတ်ချေမှုန်းသလိုမျိုးပဲတွေ့တယ်။

 

နောက်ထပ်ပြောသေးတယ်။ ဥပဒေအရ ဖြေရှင်းတာတဲ့။

ဒီလိုဖြေရှင်းပုံမျိုးနဲ့ဥပဒေဆိုတာကြီးက တခြား ဒီမိုနိုင်ငံတွေရဲ့ ဥပဒေလိုမျိုး ကျနော်တို့ပြည်သူတွေ ကျေနပ်ကြည်ဖြူလိုက်ရတော့မှာလား။

 

ဒီလို ဖြေရှင်းတာ ဥပဒေအရဆိုရင် ဒီဥပဒေဟာ ပြည်သူကို အကာအကွယ်ပေးတဲ့ ဥပဒေလား။

 

ဒီလုပ်ရပ် ဒီဥပဒေဟာ ပြည်သူအတွက် ဘယ်လောက် လုံခြုံစိတ်ချရသလဲ။

ဘယ်လို ယုံကြည်အားကိုးရမလဲ။

 

ကျနော်မနေ့က ထိုင်နားထောင်နေတာ။

 

ဦးရဲထွဋ်ကို Sky net ကထင်တယ် မေးနေတာ။ ဖုန်းအသံနဲ့။

တီဗွီက လွှင့်တယ်။

 

ဆိုတော့ အစိုးရပိုင်ရုပ်သံလိုင်းရဲ့သတင်းထောက်က အစိုးရ အရာရှိတယောက်ကို သပိတ်ကိစ္စ မေးပြီး အစိုးရပိုင်ရုပ်သံက လွှင့်တယ်ဆိုကတည်းက တွေးမိတယ်။

 

ဒါ ကာဖို့အတွက် ပြောခွင့် ပေးတဲ့လမ်းစလားလို့။

 

ပြနေတဲ့ပုံတွေကြည့်တော့လည်း ရဲတပ်ဖွဲ့က ရိုက်နေတာ တပုံမှမပါဘူး။

 

ကျောင်းသားတွေက သံဆူးကြိုးကို အတင်းဖယ်နေတာပဲ ထပ်ခါထပ်ခါပြတယ်။

 

ရဲတွေ ရိုက်နှက်တာ မပြဘူး။ ဆိုတော့ . . .

အင်တာနက်ဆိုတာကို ဘာမှန်းမသိတဲ့ ရပ်ကွက်တွေ ရွာတွေမှာ. . .သတင်းထိုင်ကြည့်သူတွေက ဘယ်လိုထင်မလဲ။

 

သတင်းစာမရောက် လှည်းမပေါက်တဲ့နေရာဒေသက ပြည်သူတွေ က  ရဲတွေရဲ့ ရက်ရက်စက်စက်အညှိုးတကြီးရိုက်နှက်တဲ့ပုံရိပ်ကို ဘယ်လိုတွေ့မလဲ။

 

ဒေါ်ဖွားမေတို့ ဘယ်တွေ့မလဲ

 

ဒေါ်ဖွားမေတို့ကတော့ ပြောတာပေါ့

ကျောင်းသားတွေ ကိုယ့်ဘာသာ အေးအေးဆေးဆေးနေတာ မဟုတ်ဘူး။

အရိုက်ခံရမှ မှတ်မှာ ဆိုပဲ။

 

ဆိုတော့

သက်ရောက်မှုတွေတိုင်းမှာ တန်ပြန်သက်ရောက်မှု ရှိပါတယ်လို့

ထပ်တွေးပြီး ဟိုတွေးဒီတွေးနဲ့ မွန်းကျပ်နေတာကို ဖြေလျှော့လိုက်ရပါကြောင်းးး

 

 

ချစ်ခင်လေးစားလျက်. . .

Alinsett@ Maung Thura

 

 

About alinsett

alinsett has written 615 post in this Website..

. . .