အခန်​းဆက်​ ပြဇာတ်​

naywoon niMarch 11, 20151min18717

အခန်​းဆက်​ပြဇာတ်​

ပွဲက ကြည်​့မ​ကောင်​းပါဘူး
ဘယ်​နဲ့ ဓမ္မနဲ့ အဓမ္မ
အဓမ္မ ဘက်​ကချည်​့ နိုင်​​နေတာ
ပရိဿတ်​ ကမ​ကျေနပ်​ဖူး
ဆဲကြ ဆိုကြ ကျိမ်​တွယ်​ကြနဲ့
ခုလည်​း
ဇာတ်​ခုံ​ပေါ်မှာ လင်​းတစ်​ဝက်​​မှောင်​တစ်​ဝက်​နဲ့
မသဲမကွဲ ပြကွက်​တစ်​ချို့ကို
​အောက်​က ပရိဿတ်​က
သူတို့ပါလာတဲ့ အလင်​းဓာတ်​မီးနဲ့ ထိုးကြည်​့​နေကြတယ်​ ။
ဇာတ်​စင်​​နောက်​မှာ​တော့
ဘာ​တွေဖြစ်​​နေကြတယ်​မသိ
ရုတ်​စိ ရုတ်​စိနဲ့ ။
သိပ်​မကြာခင်​မှာပဲ
ကန်​့လန်​့ကာ ဇွတ်​အတင်​းချပြီး တစ်​ခန်​းရပ်​နားလိုက်​တယ်​ ။
ပွဲက ကြည်​့မ​ကောင်​း​ပေမဲ့
ပရိဿတ်​​တွေက ထမပြန်​ကြ​သေးဘူး ။
​နောက်​တစ်​ခန်​းမှာ
ဘာ​တွေဆက်​ဖြစ်​ဦးမှာလဲ
အဓမ္မ တရား​တွေပဲ
ဆက်​ပြီး ကြီးစိုး​နေဦးမှာလား
အမှန်​တရားဘက်​က ဘာလို့ အရှုံး​ပေး​နေရသလဲ
မ​ကျေမနပ်​နဲ့ ဖျစ်​​တောက်​ဖျစ်​​တောက်​ တီးတိုး​ဝေဖန်​ရင်​းနဲ့
ခဏ ပိတ်​ကွယ်​ထားတဲ့ ကန်​့လန်​့ကာကြီးကို စူးစူး စိုက်​စိုက်​ ကြည်​့​နေကြ​လေရဲ့ ။

​နေဝန်​းနီ

8:54Pm
2015 Mar 11

17 comments

  • မြစပဲရိုး

    March 11, 2015 at 9:37 pm

    အဓမ္မ က ဇာတ်ဆရာ ရဲ့ စကား နောက်မှာ လူ တွေ က တစ်ညီတစ်ညာထဲ က ပြနေလို့ ပေါ့ အဘနီ။
    ဓမ္မ ဘက် မှာတော့ ဇာတ်ဆရာ တွေ အပေါ သား။
    ဓမ္မ ဆိုပြီး ကိုယ်ထင်ရာ ကြဲ နေကြတာ။
    မနိုင်လဲ ငါကြိုက်တာ ငါလုပ်တာ ဆိုပြီး ဂုဏ်ယူနေကြ ရင်လဲ ပြီးတာပါဘဲ။
    အနိုင် ကို တော့ မှန်းနေနဲ့ပေါ့။
    ဒီ အချိုး တွေ နဲ့ ကတော့ နောက် တစ်ခန်း ကိုလဲ သိနေပြီးသား။

  • black chaw

    March 11, 2015 at 10:50 pm

    အမှန်ကိုဆိုတဲ့ ငါ့ ပါးစပ်ကို ပိတ်စဉ် အခါမှာ
    အမှန်ကိုမြင်တဲ့ ငါ့ မျက်လုံးကို ဖေါက်ပါတော့လား…။

    မွန်းအောင်သီချင်းလေးညီးပြီးပြန်ထွက်သွားတယ်ကိုနေကြီးရေ…။
    အနိုင်ရဖို့ ဆိုရင် နည်းဗျူဟာလည်း ကြွယ်ဝဖို့ လိုအပ်လှပါတယ်ဗျာ…။
    မနေ့က ၈ဝ ရာခိုင်နှုန်းလောက် အနိုင်ရထားခဲ့ပြီးသားဟာကို
    နည်းဗျူဟာ အလျှော့အတင်း မရှိခဲ့လို့
    ရုပ်ပျက်ဆင်းပျက် ဖြိုခွဲခံခဲ့ရတယ် လို့ ကျွန်တော်က စွတ်စွဲချင်ပါတယ်…။
    ကိုက် ၃၀ဝ လောက်ပဲ ဝေးတဲ့ ကားတွေပေါ်ကိုတက်ဖို့
    ကိုယ့်ဘက်က နည်းနည်းလေး ကြိတ်မှိတ်ပြီး သည်းခံလိုက်ပါတော့လား…။
    သူတို့ဘက်က အစကတည်းက ညစ်ပတ်တော့မယ် ဆိုတာ သိထားပါရက်နဲ့ဗျာ…။
    ရန်ကုန်ကိုသာ ရောက်လာလို့ကတော့ ဆိုတဲ့ အတွေးနဲ့
    ကျွန်တော်တော့ နှမြောမိတယ်…။
    ကိုယ့်ထက် အင်အားကြီးတဲ့ ရန်သူကို အနိုင်ရဖို့ဆိုတာ
    စိတ်ဓါတ်တစ်ခုတည်းနဲ့ တော့ မဖြစ်နိုင်ပါဘူး။
    နည်းဗျူဟာလည်း ကြွယ်ဝဖို့ အမှန်တကယ်လိုအပ်လှပါတယ်ဗျာ…။

  • Mr. MarGa

    March 11, 2015 at 11:44 pm

    What’s behind tha curtain?
    A gun? A rose? A rabbit?
    I’m sure I don’t know.

    • naywoon ni

      March 12, 2015 at 12:57 am

      ကို ကန်​ဒီ အဲ့ ကိုသဂျားလုံး အဲ အူမာဃ အီးလိုမ​ပြောနဲ့ဂျာ ။ ကျ​နော်​က စာမတတ်​ဘူး ။ ဂန်​း​တွေ​ကော ရို့စ်​​တွေ​ကော ယုန်​​တွေ​ကော ရှုပ်​ယှက်​ခတ်​​နေတာပဲ ။ ကျ​နော်​ သိတာက​တော့ ဂန်​းန်​အင်​ရို့ စ်​ ပဲ 🙂

      • မြစပဲရိုး

        March 12, 2015 at 2:54 am

        So it is possible to call a Magic show. 😉 :))

      • Mr. MarGa

        March 12, 2015 at 11:17 am

        ဖုန်းနဲ့ဝင်ချောင်းတော့ မြန်မာလိုရိုက်ရမှာ ပျင်းသွားလို့ပါဗျာ…
        ကန့်လန့်ကာနောက်က ထပ်ထွက်လာမယ့် အခင်းအကျင်းကို စိတ်ဝင်စားနေမိသဗျို့

  • Alinsett@Maung Thura

    March 12, 2015 at 9:30 am

    .ငွေရောင်ပိတ်ကားကြီး သွေးရောင် လွှမ်းမသွားဖို့ပဲ….ဆန္ဒရှိပါတယ်…

  • naywoon ni

    March 12, 2015 at 9:50 am

    အဲ့ဒီ​တော့လည်​း ကြက်​​သွေး​ရောင်​ ကတ္တီပါ ပိတ်​ကားကြီးဖြစ်​သွားမှာ​ပေါ့ကွယ်​ ခန်​့ခန်​့ထည်​ထည်​ကြီး 🙂

  • ခင်ဇော်

    March 12, 2015 at 10:02 am

    အဲ့
    ပြဇာတ်မှာ ….လူကြမ်း/လူယုတ်မာ/လူမိုက် တွေကတော့ ဒီ အဖွဲ့တွေချည်းပဲနော်???
    🙄
    ဒီဝတ်စုံနဲ့ ဒီ လက်နက်တွေပဲ ကိုင်ကြတယ်။
    ဒီ ပြဇာတ်မှာ ….
    လူကြမ်းတွေက ညကြေးပိုရတယ်။
    😥

    • naywoon ni

      March 12, 2015 at 10:18 am

      အဲ့သဟာက​တော့ ခု​ခေတ်​ ဗွီဒီယို​တွေမှာလဲ ဒီအတိုင်​းပဲ​လေ ။ ဟိုအရင်​က ရုပ်​ရှင်​မှာ သမတ လူကြမ်​းအဖွဲ့က နာမယ်​ကြီးသား ။

  • တိမ်မည်း

    March 12, 2015 at 11:44 am

    အခု ပီးသွားပီလေ… ၁၁ ချက်က ရမဲ့ ၈ချက်လည်း ပလုံ…. ကျောင်းသားတွေလည်း အရိုက်ခံရ…. ထောင်ထဲရောက်ရ… အစိုးရကို လူတွေက ပိုမုန်း…. ထိန်းမနို်င် သိန်းမရ ပွဲတွေ ထပ်လာဦးမယ်…. ရှေ ့လျှောက် ဒီထက် ဆိုးတဲ့ပွဲပဲ မျှော်လင့်လိုရတော့မယ်… အမုန်းပေါ် အမုန်း ဆင့်သွားပီ…

    • naywoon ni

      March 12, 2015 at 11:51 am

      လာပါဘီဗျာ ။ လက်​ပတ်​ဖြူ လှုပ်​ရှားမှု ဆိုလား ဘာလား We are student . ဆိုလားဘာဆိုလား ၁၃ရက်​​နေ့စမြီ ဒဲ့ 🙂

  • လူတွေက မင်းသမီးထွက်ဖို့ထက် လူပြတ်ပြတ်တာကို ပိုကြိုက်ကြတယ်လေ။
    ဒီလိုနဲ့မိုးသာလင်းရော မင်းသမီး ထွက်နိုင်မယ်မထင်

    • naywoon ni

      March 15, 2015 at 3:36 pm

      လူ​တွေက မိုးလင်​းသွားလည်​ း မင်​းသမီး ထွက်​မလာလို့​တော့ ပွဲအသိမ်​းခံမယ်​မထင်​

      • မင်းသမီးလည်း မထွက်နိုင် ပွဲသိမ်းလို့လဲမရ တစ်ထောင့်တစ်ညဇာတ်ကနေမှ လူတွေလည်းမျက်တွင်းဟောက်ပက်ချုန်းချုန်းကျ

        • naywoon ni

          March 15, 2015 at 3:45 pm

          အဲ့ဒိ​လောက်​ လူ​တွေ အိပ်​​ရေးပျက်​ခံကြမှာ မဟုတ်​​တော့ဘူး ခု​တောင်​ဇာတ်​ခုံ ခဲနဲ့ထုဖို့ လူစု​နေဘီ ဆိုလား ဘာဆိုလား သဲ့သဲ့ ကြား​နေရတယ်​ 🙂

Leave a Reply