လေဘုရင်၏အတ္ထုပ္ပတိ (သု့ိ) အောင်ကျူးနှင့် နှစ်တစ်ထောင်အမြုတေလေပုတ်ထုတ်ဆေး – အပိုင်း (၃)

ဇီဇီMarch 12, 20151min30530

 

လေဘုရင်၏ နောက်ဆုံးခရီး

 

မီးရောင်စုံများထိန်ထိန်ငြီးနေသည် ။
လူအများလည်းကျိတ်ကျိတ်တိုး စည်ကားလျှုက် ………
စကားပြောသံ အော်ဟစ်သံ တို့လည်း ဆူညံနေသည်  ။ ။
နေရာကားးး ဂဇက်ကျေးရွာ၏အလယ် ဘောလုံးကွင်းတွင်ဖြစ်သည် ။
ဂဇက်ကျေးရွာတွင်း ပွဲတော်ကျင်းပ နေခြင်းပေလော ???

မဟုတ်ပါ ။

ဤသို့ဆိုလျှင် အဘယ်သောအကြောင်းဖြစ်လေသနည်း ???
အကြောင်းမှာ “အန်ကျော့လော်အောင်ကြူး” မှ ရွာသူားများအားစိန်ခေါ် တိုက်ခိုက်နေခြင်းပင်ဖြစ်လေသည် ။

“” ဟေ့  ဆိတ်လိုလူတွေ သတ်တိရှိရင် ထွက်ခဲ့  ကြောင်တန်းစားပျက်တစ်ဆယ့်ရှစ်ကွက်သိုင်းအစွမ်းသိစေရမယ်  !!!!

အိယားးး  မိညောင်  င်င်င် … ဝု ဝုစ်  …… “”.

အောင်ကြူးမှာ အလွန်အမင်းလေထွားသူဖြစ်လေသည် ။

.

.
ထွားပေမပေါ့ …… အွန်သိုင်းလောကမှ နာမည်ကျော်လေရဲမိုးနှင့် ဆရာတူတပည့် ဖြစ်ခဲ့ဖူးသည်ကိုးးးး။
ယခုလည်းကြည့်ပါ ။

ပါးစပ်တွင်းမှဂေါ်ဇီလာမီးမှုတ်သကဲ့သို့  အခိုးအငွေ့များထောင်းထောင်းထလျှက်မာန်သွင်းနေလေသည်။
နှစ်တစ်ထောင်လေပုတ်ထုတ်ဆေးတော်ကြီးအစွမ်းဖြင့် လေးဆိုးလေပုတ်နံ့များသည်လည်း အတွင်းအားမကောင်းပါက နှာခေါင်းပင် ကန်းသွားနိုင်သည်မဟုတ်ပါလော …………

 

အောင်ကြူး၏ရှေ့တူရူ၌ “ဗိတိန်ကျွန်းသခင်မကြီး” မှာ“” နားဦးတည့်ရာဓါ်းကွန်ခြာ “” သိုင်းကွက်ကိုခင်းလျှက် ………
ယာဖက်ဘေးတွင် “နှူးဘာဂိုဏ်းချုပ်ဂီ” …… “နှူးဘာလက်ညှိုးသွေးကြောထိုး” သိုင်းကွက်ကိုခင်းလျှက် …………
ဝဲဖက် တွင် “စ,လုံးကျွန်သခင်မလေး ဇာယိခိုင်” မှလည်း “ဘာကာခုနှစ်လွှာသိုင်းကွက်” ဖြင့် တိုက်ခိုက်ရန်အသင့် ……………

နောက်တည့်တည့်တွင်တော့ “တိမ်မဲလက်ဝါး ကျီဖြိုး” မှ “” တိမ်မဲဝိညဉ်ချွေ”” သိုင်းကွက်အား ခင်းလျှက် အသင့်အနေအထားဖြင့် မမှိတ်မသုန်ကြည့်ရှုနေလေတော့သည် ။

ဒုတိယစည်းတွင် ဝန်းရံထားသူများမှာ  …

ရေမာလာရဲတိုက်သခင်မ တီအန်အေ

မျက်နှာတစ်ထောင်သိုင်းသမား ကျန်ရွဲ့စီ
ဘာမထီ ဝါးဝူဝေါင်းးး

အော်မေ့ဂိုဏ်းမှ ဒုဂိုဏ်းချုပ် မမာမား

အိုင်ပီဂိုဏ်းချုပ် ယာမွှန်ငြ

တောင်လှေခါးဒူးပျံ ကြီးမိုက်

ကြောင်လက်သည်းသိုင်းသမား ကက်ဖက်ဖက်

လေပြန်လေအံလုံမွန်မွန် တို့သည်လည်း တိုက်ခိုက်ရန်အသင့်ဖြစ်နေသည် ။

ပွဲကြည့်ပိတ်သတ်များအဖြစ်

လက်ဝှေ့ကျော်တွံတေး ကဘချော

ရွှင်ပျော်ပျော် ကျန်မာဂ

ဓါးစင်္ကြာ အာဂ
တောင်ပေါ်တောင်ကျော် သန့်မျိုး

မော်ဒန်သိုင်းသမား လင်းဆက်ဆက် တို့ကလည်း ခြံစည်းရိုးပေါ်မှအားပေးလျှက်ရှိလေသည် ။

ထိုစဉ် ………
“အန်ကျော့်လော်အောင်ကြူး” ၏ရှေ့သို့ လူရိပ်တစ်ရိပ် ရောက်ရှိလာခဲ့သည် ။
ထိုသူမှာ  အွန်သိုင်းလောကမှ ကာလအတန်ကြာပျောက်ကွယ်နေသော
ယခင်သေလည်ကြောင်ဂိုဏ်းမှ လက်ဝဲရံ ဇီးကွက်မင်း ဖြစ်လေတော့သည် ။

ဟုတ်ပါသည် ။

“ဇီးကွက်မင်းအပြုံးမျက်နှာဝင့်ဝင့်” ပင်ဖြစ်သည် ။
“” မဟာလစ်ဗြဲ ဇက်ကြောလွဲ “” သိုင်းကွက်ဖြင့် တဟုန်ထိုးကျော်ကြားလာသူဖြစ်သည် ။

“” ဟေ့  လူတွေ !! တစ်ယောက်နဲ့အများ မတရားမလုပ်ကြနဲ့ !!

ကျုပ်ရဲ့ မဟာလစ်ဗြဲ ဇက်ကြောလွဲ သိုင်းက လူမရွေးဘူးနော  ဟွင်းဟွင်းးး “”

ဇီးကွက်မင်း ၏ ကြိမ်းဝါးသံအဆုံးတွင် လူထူးဆန်းအဖိုးအို ထန်စူး” မှာ ခေါင်းတညိန့်ညိမ့်ဖြင့် ထောက်ခံနေသယောင် ပြုနေ၏ ။
ထိုစဉ်  ကောင်းကင်ယံထက်မှ  တောင်ပံခတ်သံများ ဆူညံစွာထွက်ပေါ်လာပြီးလျှင် နှစ်တစ်ရာလင်းယုန်ငှက်ကြီးတစ်ကောင် ဝဲပျံ၍ဆင်းသက်လာတော့လေသည် ။

“” ဟာ  !!  အရှေ့ကျွန်းသခင် ကျောက်စ်မိန်ယူ ပါလား  “”
ဝိုင်းရံနေသော လူစုထဲမှ အသံများတီးတိုးထွက်လာသည် ။

.

ဝိုင်းကြည့်နေစဉ်မှပင် လင်းယုန်ငှက်ကြီး၏ ကျောပေါ်မှ လူထွားကြီးတစ်ဦးဆင်းသက်လာပြီးလျှင် ………
“” အားလုံးဘဲ မင်္ဂလာပါခင်ဗျ … ရွာရဲ့ အရေးကို စိတ်မအေးတာကြောင့် ဂူအောင်းပြီးကျင့်နေတဲ့ “” မီးရှူးသန့်စင် မျက်နှာမြင်သိုင်း “” ကိုတောင် ပြီးဆုံးအောင်မကျင့်နိုင်တော့ဘဲ ပြန်လာခဲ့တာပါလေ ……

ကဲ  ကဲ  အောက်လမ်းသိုင်းသမားဆိုးတွေအတွက် …
အွန်သိုင်းလောကစည်းကမ်းတွေဘာတွေ စောင့်စည်းမနေပါနဲ့ စုပေါင်းပြီး ဝိုင်းဝန်း သုတ်သင်ကြတာပေါ့ဗျာ …… “”

ကျောက်စ်မိန်ယူ ၏ စကားသံအဆုံးတွင် ……
“” ယ  ယ  ယားး းးးး စ်  “”.
“” အာဝု   … မိညောင်  “”
“” ဇီးးးးးကွက်က်က်  “” စသော မာန်သွင်းသံများ
….
.
.သွေးများ ပန်းထွက် ……………
.
.
.
ဝုန်းးးး

ဖျောင်းးးးး

.
.@@&#%#*#%#%$#&&#*$%#%$$@%#$%#& ©^£®£¥£^€®

~~~~~/\/~~~~/\/~~~~~~~~~~~~~~~

နောက်ဆုံး စာ ရွက် ကုန်ပြီဖြစ်သည်။
အဖုံးပင်မရှိတော့။

ဟာ!!!

မေးရန် အလို့ငှါ ကြည့်လိုက်တော့ ယခင်နေရာတွင်မရှိတော့ချေ။
အခန်းတွင်းတွင်လည်း မရှိတော့ပေ။

ထိုင်သွားသောနေရာတွင် ဆေးပေါ့လိပ်တို တစ်ခု ထိုးကြေလျက်!!!!

ဤ ဇာတ်လမ်း မည်သို့ အဆုံးသတ်မည်ကို မည်သူသိအံ့နည်း??

30 comments

  • Wow

    March 12, 2015 at 5:00 pm

    ကြောင်ဏှာဂျီး သေဘီပေါ့နော်.. ပျော်ထှာ :mrgreen:

    • ခင်ဇော်

      March 13, 2015 at 11:19 am

      သိဘူးးး
      အဆုံးထိ မဖတ်ရသေးဝူး

      :mrgreen:

  • black chaw

    March 12, 2015 at 5:02 pm

    စာပေ ပြင်ငြာယှင် ဝေဖန်ရေး ဆြာကြီး ဗဠက်ချော ၏ အထူးသုံးသပ်ချက်…။

    ၁။ ဇာတ်လမ်းပိုင်း
    ဤ သိုင်း ဇာတ်လမ်းကြီးသည် အစ၌ စွဲဆောင်နိုင်စွမ်းမြင့်မား၏။
    နောက်တစ်ပိုင်း ဘာဖြစ်မလဲ ဟု စောင့် ဖတ်ချင်လောက်အောင် ဖြစ်ခဲ့ရ၏။
    အလယ် ၌ ဇာတ်လမ်း အနည်း ငယ် ပျောက်သလို ဖြစ်သွားခဲ့၏။
    အဆုံးပိုင်း ၌ သော်ကား မထင်မှတ်ပဲ အဆုံးသတ်ချလိုက်သဖြင့်
    စာဖတ်သူတို့ကို မချင့်မရဲ ဖြစ်စေခဲ့ပါ၏။

    ၂။ ဇာတ်ကောင်ပိုင်း
    ဤ သိုင်းဇာတ်လမ်းကြီး ၌ ဇာတ်ကောင်ပေါင်း မြောက်များစွာပါဝင်ကြသည့်အလျောက်
    စာရေးသူအနေဖြင့်
    ဇာတ်ကောင် တစ်ကောင်ချင်းစီ၏ စရိုက်ကို ပီပြင်အောင် ပုံဖေါ်ရာတွင်
    အခက်အခဲတစ်စုံတစ်ရာ ရှိခဲ့ဟန်တူပေသည်။
    ထို့ကြောင့် ဇာတ်ကောင်တို့ ၏ စရိုက်အမှန်ကို စာဖတ်သူ မဖမ်းမိပဲ ရှိခဲ့ရပေသည်။

    ၃။ စာရေးဟန်
    စာရေးဟန်တွင်မူကား သိုင်း ဝတ္ထုတို့၏ ရေးဟန်ကို အပြည့်အဝ ဖမ်းနိုင်ခဲ့ပါသည်။
    သိုင်းနာမည်များကလည်း လျှို့ဝှက်ဆန်းကြယ်စွာဖြင့် စာဖတ်သူတို့ကို
    ဖမ်းစားနိုင်ခဲ့ပါပေ၏။

    ၄။ ခြုံငုံသုံးသပ်ချက်
    စာရေးဆရာကြီး ခင်ဇော် ၏ လေဘုရင် ၏ အတ္ထုပ္ပတိ သိုင်း ဝတ္ထုကြီးသည်
    စာဖတ်သူတို့အား တစ်စုံတစ်ရာ အကျိုးမပြုနိုင်ခဲ့သော်လည်း
    ဖတ်ပျော်သော ဝတ္ထုတစ်ပုဒ်ဖြစ်ခဲ့ပါသည်။
    ဆက်လက်ကြိုးပမ်းအားထုတ်သွားမည်ဆိုလျှင်
    သိုင်းဝတ္ထုလောက၏ ဘက်ဆဲလားတစ်ယောက်ဖြစ်လာမည့်
    ကလောင်ရှင် ဖြစ်ပေသည်။

    ဤကား ဝေဖန်ရေးဆြာကြီး ဗဠက်ချော ၏ သုံးသပ်ချက်ပေတည်း။
    ချစ်ခင်လေးစားတဲ့
    ဆြာကြီး ဗဠက်ချော…။
    :k:

    ္စ

    • ခင်ဇော်

      March 13, 2015 at 11:19 am

      ခင်ဇော် ရေးတာ ဟုတ်ဘူးးး
      ကောက်ရတဲ့ စာဥပါ ဆို!!

      :kwi:

  • Mr. MarGa

    March 12, 2015 at 5:13 pm

    အမ်
    ဟာကွာ…. တောက်!
    ကွကိုယ်ဇာတ်သိမ်းရမယ့်ဇာတ်ပါလား
    အဲ့အဘိုးကြီး ဘယ်ရောက်သွားလဲ လိုက်ရှာ လိုက်ရှာ
    ကိုယ်ဖော့သိုင်းနဲ့ ပြေးသွားသလားမသိ
    :a:

    • ခင်ဇော်

      March 13, 2015 at 11:21 am

      အဲ့ အဖိုးကြီးကို နာ မသင်ကာဝူးးး

      စာရေးဆရာကြီးထင်တယ်
      :k:

  • မွသဲ ( 17082011 )

    March 12, 2015 at 5:45 pm

    ဟယ်သွေးဒေကကြောင်သေးဒေ အဲ့ကြောင်သွေးဒေလား။ ဖြစ်နိုင်လောက်တယ် ဇာတ်သိမ်းရေးပးမယ်

    ကြောင်သေဘီ ဒါဗြဲ

    :mrgreen:

    • ခင်ဇော်

      March 13, 2015 at 11:21 am

      မည်သူက မည်သို့ လုပ်လိုက်သည် မသိ

      :mrgreenn:

      • မွသဲ ( 17082011 )

        March 13, 2015 at 8:39 pm

        တစုံတအုက အဲ့ တစုံတဦးက ကြောင်ကြီးချက်ကောင်းကို တွယ်ထဲ့တာတဲ့ :mrgreen:

  • Alinsett@Maung Thura

    March 12, 2015 at 6:03 pm

    .တိန် မော်ဒန်သိုင်းသမား လင်းဆက်ဆက် ဖြစ်ပေတော့သည် တမုံ့…
    :k:

    ဒီ ဇာတ်လမ်းကြီးကို ရုပ်သံဇာတ်လမ်းတွဲ ရိုက်ကြမလားငင်… ရွာထဲက လူစုံတက်စုံ…နဲ့…
    အမှတ်တရ…

    အစဖော်ပါရစေ..
    .လောလောဆယ်..ပြေးလိုက်ဦးမယ်…… မော်ဒန်သိုင်းနဲ့.. ဝှစ်စ်ဝှစ်စ်

    😆

    • ခင်ဇော်

      March 13, 2015 at 11:24 am

      အာ့ဆို ဘာကာ မင်းသား အရင်ရှာမယ်

      :mrgreen:

  • ကထူးဆန်း

    March 12, 2015 at 11:44 pm

    ခေါင်းတညိန့်ညိမ့် နဲ့ ခေါင်းငြိမ့် ဆဲ ပါ ဇာယိခိုင် … ငိငိ

    :mrgreen:

    • ခင်ဇော်

      March 13, 2015 at 11:04 am

      ခေါင်းညိမ့်တာရပါတယ်။
      ဟတ်ချိုးဖြစ်တာလေးတော့ ကု ဦးးး

      :mrgreen:

  • မြစပဲရိုး

    March 13, 2015 at 3:01 am

    ဟယ်
    ဒီ ကလေးမ ကလဲ တန်းလန်းကြီး လုပ်ပြန်ပြီ။
    ကွကိုယ် စိတ်ကြိုက် ဇာတ်သိမ်း ခိုင်း တယ်ပေါ့လေ။
    ကောင်းပါ့။
    လောလောဆယ်တော့ အသံတောင် မပြနိုင်ရှာတဲ့ ဒင်း ကို သနားနေတာ။
    သနားစိတ် က သိပ်တော့ခံမှာ မဟုတ်ပါဘူး။
    ဘယ်လို အသံ နဲ့ ထွက်လာမယ် ဆိုတာ မှန်းထားပြီး။

    ဒါနဲ့
    လူသိမခံ တဲ့ ဂိုဏ်းချုပ်ကြီး ကို နာမည်ဖော် ပေးပါဗျို့။ lol:-))))

    • ခင်ဇော်

      March 13, 2015 at 11:02 am

      ဂိုဏ်းချုပ်ကြီးတော့ သများလည်း မမြင်ဖူးဘူးးး

      မင်းသားက ရုံး အလုပ် အိမ်ပါ လို့ ဆိုလား ဘာလား

      :kwi:

  • Ko chogyi

    March 13, 2015 at 10:01 am

    “ဘာကာခုနှစ်လွှာသိုင်းကွက်” ဆိုတာ
    ခုနှစ်လွှာအက လိုပဲလားဟင်င်င်င်င်င်င်င်င်င်င်င်……………

    • ခင်ဇော်

      March 13, 2015 at 11:00 am

      အာ။
      အစအဆုံးဖတ်လေ ယောက်ချို။
      ခိခိ

      :k:

  • pooch

    March 13, 2015 at 11:25 am

    ဘာဘီကျူးဖြစ်သွားပြီလေ :loll:

    • ခင်ဇော်

      March 13, 2015 at 12:13 pm

      ပု တို့ အမွန်တို့ က အတော် မစ်တာထားတယ်လာ့??

      :k:

  • ဝင့်ပြုံးမြင့်

    March 13, 2015 at 12:43 pm

    . ဇာတ်သိမ်း။
    . မြေလျှိ ုးမိုးပျံ သိုင်းကို အောင်မြင်စွာ ကျင့်သုံးသွားသော မဟာသာမည ဂိုဏ်းချူ ပ် တာဝါတိုင်ဖြို လက်သီးပိုင်ရှင် မိုက်ကယ်တွမ်မီကပ်ပါပု။
    . စုတ်ချက်ကြမ်း မနုမရင့် သိုင်းကွက်ပိုင်ရှင် သို့မဟုတ် ခေါင်ခေါင် ဟုခေါ်သော ဆရာသခင်တစ်ပါး။
    .မဟာလစ်ဗြဲ ဇက်ကြောလွဲ သိုင်းကွက်ထက် သုံးဆင့်မျှ ပိုမြင့်သော စူပါလစ်ဗြဲ ဗြန်းဗြန်းကွဲ သိုင်းကွက်ကို အောင်မြင်စွာ လေ့ကျင့်ပြီးစီးသွားသော မရဏအပြုံးသခင် ။
    . ယခုအခါ မရဏအပြုံးသခင်သည် မကြာမီ လာတော့မည့် ပွဲကြီးပွဲကောင်းတွင် သေလည်ကြောင်ဂိုဏ်း အတွက် တပ်ကူခေါ်ရန် အထက်မှ သိုင်းဘိုးအေ မိုက်ကယ်တွမ်မီကပ်ပါပု နှင့် သိုင်းကဝိ ခေါင်ခေါင်တို့အား အပူတပြင်း ပိုက်စိပ်တိုက် ရှာဖွေနေလေပြီတကား။ ။ 🙂

    • ခင်ဇော်

      March 13, 2015 at 12:51 pm

      “စုတ်ချက်ကြမ်း မနုမရင့် သိုင်းကွက်ပိုင်ရှင် သို့မဟုတ် ခေါင်ခေါင် ဟုခေါ်သော ဆရာသခင်တစ်ပါး”
      ရဲ့ မနေ့က စတေးတပ်လေးး
      ~~~~~~~~~~~~~~~~~~~~~~~

      ” ဒြပ်စင် ”

      ၈၈ နောက်ပိုင်း……
      …..
      ဘူးညွန် ့ဟင်းခါးသောက်ပြီး
      အသက်ကြီးလာသူက…….
      ဘူဖေး စားဘူးသွားတဲ့အခါ
      စစ် အစိုးရကို ခင်မင်တယ်…..
      ဘိန်းမုန့် ့ဘဲ စားခဲ့သူက
      ပီဇာ စားတတ်သွားတဲ့အခါ…
      စစ်အစိုးရကို အကောင်းမြင်တယ်..
      ချက်ဘလက်လိုင်းကား
      တိုးစီးခဲ့သူက….
      ဝစ်သောက်မောင်းဘူးတဲ့အခါ
      စစ်အစိုးရကို အကောင်းထင်တယ်…
      မုန် ့ညှင်းချဉ်ဖတ်နဲ ့ ဝမ်းရေးဆက်ခဲ့သူက
      ကင်မ်ချီ စားဘူးတဲ့အခါ
      စစ်အစိုးရကို ခင်မင်တယ်…
      ဒိုးပတ်ဝိုင်းလောက် ငေးဘူးသူက
      နိုက်ကလပ်သွားတတ်တဲ့အခါ..
      စစ်အစိုးရကို ချစ်ချင်တယ်..
      ..
      ရှိပါစေလေ…
      အသွင်မတူ ဉာဉ်မတူတာ
      တန်းတူညှိပြီး မတွေးတော့ပါဘူး…
      မုဒိတာတွေ သိပ်ပွားတဲ့နေရာ…
      ဗြဟ္မစိုရ်တရားတွေ ထွန်းကားတဲ့နေရာ
      ထေရဝါဒ ကြွေးကြော်တဲ့နေရာ…
      အမှိုက်ထဲမှာ ရွှေ ရှိမှာ သေချာသလို..
      ရွှေထဲမှာလဲ အမှိုက်ရှိပေမပေါ့

      ရွှေက …ရွှေ
      အမှိုက်က ..အမှိုက်
      စရိုက်ခြင်းခြားတဲ့အခါ..
      ဒေဝဒတ်မှာ အပေါင်းအသင်းချစ်သူများတာ
      ဒီ တစ်ပွဲမှာ……. သိသာတယ်..။ ။

      ဇော်

      • Wow

        March 13, 2015 at 3:34 pm

        ဒေဝဒတ်မှာ အပေါင်းအသင်းများတာတော့ စနစ်ဂျောင့်မဟုတ်လောက်ဘူး :buu: 🙁

  • Kaung Kin Pyar

    March 13, 2015 at 3:13 pm

    အပေါ်က သိုင်းဝတ္ထုလေးလဲ ကောင်းတယ်….။ မချွိကွန်မန့်က ကဗျာလေးလဲ အရမ်းကောင်းတယ်…။ ဟုတ်တယ်…ရွှေကရွှေ အမှိုက်က အမှိုက်ပဲ….။ ဒါပေမယ့်…
    ဒေဝဒတ်မှာ အပေါင်းအသင်းချစ်သူများတာတော့….
    😥

  • တောင်ပေါ်သား

    March 14, 2015 at 3:31 pm

    ( တောင်ပေါ်တောင်ကျော် သန့်မျိုး ၊ )

    ငင် ဘယ့်နှယ် ပါလာရသတုန်း ၊ နေဦးဗျ ၊

    ကျုပ် ခြံစည်းရိုးခွထိုင်နေတာ မဟုတ်ဘူး ၊

    ဇာတ်လမ်း ၂ အတွက် အလုပ်ရှုပ်တာတစ်မျိုး

    ကမ်ပနီရဲ့ ISO 9002 – 2008 လက်မှတ်ရဖို့ ကျုပ်ပါ စာမေးပွဲဖြေ အစစ်တွေ ခံနေရလို့ဗျို့

    🙁

  • padonmar

    March 16, 2015 at 1:57 am

    ဒီတခါ သိုင်းလောကမှာမိုးပြာဂိုဏ်းမပါပါလား။

  • အူးစည်

    March 16, 2015 at 7:40 am

    အော်မေ့ဂိုဏ်းချုပ် အန်တီခင်ဇော် ပရိုဖိုင်ပုံက
    ဝါဝါဝင်းရွှေငယ်ငယ်တုန်းက ရုပ်နဲ့ တထေရာတည်းပဲဗျာ..
    အာ့လာပြောတာ…။ ။ 😆

    • ခင်ဇော်

      March 16, 2015 at 8:50 am

      ဟေ့ဟေ့။
      စာ သေချာဖတ်ပါကွဲ့။
      ဂိုဏ်းချုပ်က အန်တီမဟုတ်ပါဘူးကွဲ့။
      “အော်မေ့ဂိုဏ်းချုပ်ကြာပန်းမယ်တော်” ပါ။
      :kwi:

Leave a Reply