ငို

zaw winMarch 12, 20151min1483

သူ ဘာကြောင့် ငိုတာလဲ
– ကလေးငယ် အူဝဲလေး နို့စို့ချင်လို့လား
– လမ်းလျှောက်တတ်တဲ့ ကလေးလေး ဗိုက်ဆာလို့လား
– ဖေဖေ မေမေ ဆူလို့လား
– ကြိုးစားမှု အရာမထင် ရှုံးနိမ့်လို့လား
– မိဘ ဆွေမျိုး ချစ်သူ ခင်သူ ဆုံးပါးလို့လား
– ချစ်သူနဲ့အဆင်မပြေလို့လား
– လေးစားရသူ ဆုံးရှုံးသွားလို့လား
– ရာထူးဂုဏ်သိမ် စည်းစိမ်ဥစ္စာ ဆုံးရှုံးသွားလို့လား
– ပရိဒေဝ သောကမီး တောက်လောင်နေလို့လား
– ဒေါသပေါက်ကွဲ ပြင်းထန်နေလို့လား
– စိတ်ထဲမှာ ကြိတ်ပျော် ဟန်ဆောင်နေတာလား
လူတိုင်း လူတိုင်း ငိုခဲ့ကြပါတယ်
အဖြေမှန် အဖြစ်မှန် သိဖို့တော့လိုလိမ့်မယ်။

မင်းသုတ
19း15 P.M
11.3.2015

3 comments

  • Alinsett@Maung Thura

    March 12, 2015 at 7:00 pm

    တခါတခါ ပျော်လွန်းတဲ့အခါ
    ရီမောမိရင်လည်း
    မျက်ရည်လည်ရွှဲဖြစ်တတ်သေးးး
    မလှတဲ့သူ မျက်ရည်ထွက်အောင် ရယ်တဲ့အခါ
    .ဘေးကအမြင်မှာ ငိုတယ်ထင်တတ်လိမ့်မယ်

    :k:

  • Kaung Kin Pyar

    March 13, 2015 at 3:07 pm

    အဟေးးးဟေးးးး
    သများငိုရင်တော့ တစ်မျက်နှာလုံး နီလာတာပဲ….။
    အင်းးးး ကဗျာနဲ့ ပတ်သက်ပြီး ပြောရရင်…
    အဖြေမှန် အဖြစ်မှန်ကို မသိချင်ပါနဲ့တော့…..
    ဒေါသ ပိုပိုထွက်လာရလိမ့်မယ်….
    🙁

Leave a Reply