ရွှေပြည်တော်… ခေါ်သံများနဲ့

alinsettMarch 24, 20152min17613

 

photo - internet/ http://www.artzeal.com/images/paintings/philip_noyed_0256_l.jpg
photo – internet/ 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

ကိုယ်က (C) ဖြစ်သည်။

ဤအချိန်သည် ကိုယ့်အရှေ့မှာ
A နှင့် B တို့
စကား တွတ်ထိုးနေချိန်လည်း ဖြစ်သည်။

A ကို  B က ဘာတွေမသိ အကျယ်တဝင့်ရှင်းပြနေခြင်းအား ကိုယ်(C)က မကြည့်ဘဲ မြင်နေခြင်းလည်း ဖြစ်၏။

ထိုအချိန်မှာပဲ ဗြုန်းခနဲ A ကို စစ်ဆေးမေးမြန်းသူများ ရောက်လာသည်။

စစ်ဆေးမေးမြန်းမှုအပြီးမှာ A ကို ဆွဲခေါ်သွားကြသည်။
အကြောင်းမှာ A သည် ဘာကိုမှ သိတယ်မရှိ အိုးတိုးအတဖြစ်နေလို့

ဖြစ်ကြောင်း သိရသည်။

ထို့နောက် ချက်ချင်းဆိုသလိုပင်      A ကို ဆွဲခေါ်သွားသူများ ပြန်ရောက်လာပြီး B ကိုလည်း စစ်ဆေးမေးမြန်းပြန်သည်။

စစ်ဆေးမေးမြန်းအပြီးမှာ သူတို့က B ကိုလည်း ဆွဲခေါ်သည်။
B ကို ဆွဲခေါ်သွားရခြင်း အကြောင်းကတော့ B သည် အစစအရာရာ အကုန်သိနေပြီး သိတာတွေ များနေလို့   ဖြစ်သည်။

ကိုယ် (C) မြင်လိုက်ရသော မြင်ကွင်းမှာ ဤသို့ အနေအထားရှိသည်။

 

 

1. A ကို B က ရှင်းလင်းပြောပြ၊
2. ဆွဲခေါ်သူများရောက်လာ
3. ဘာမှမသိ၍ A ကိုဖမ်းခေါ်
4. ဆွဲခေါ်သူများ ထပ်ရောက်
5. သိတာတွေများ၍ B ကို ဖမ်းခေါ်၊
6. အဖြစ်အပျက်ကို C က မြင်တွေ့၊

 

—–

ဖြစ်စဉ်ကို သုံးသပ်အပြီးမှာပဲ . . .
ကိုယ်(C) . . . ခေါ်သံများ ကြားလိုက်ရသည်။

”ဟေ့. . . မင်း. . . မင်းနာမည်က ဘာလဲ”

”ဗျာ. . . ကျနော်လား. . . ကျနော်က C ပါ”

” မင်း သိထားတာ ဘယ်လောက်ရှိလဲ”

”ဟဲဟဲ . . . နည်းနည်းပါ”

” မင်းမသိသေးတာတွေကရော. . .”

”အဟဲ . .  နည်းနည်းဆိုပါတော့”

”မင်းအခု ဘာလုပ်နေတာလဲ”

”အဖြစ်အပျက်တွေကို ကြည့်မြင် ခံစားနေတာပါခင်ဗျ”

” အေး. . . လာ. . .လိုက်ခဲ့စမ်း”

”ဗျာ . . . ကျနော့်ကို ဘာလို့ ဖမ်းတာလဲ”

”တိတ်စမ်း !!  မင်းကို ဖမ်းတာမဟုတ်ဘူး။ ထိန်းသိမ်းတာကွ!!! ထိန်းသိမ်းရခြင်းအကြောင်းရင်းက မင်းဟာ ကိုယ်နဲ့မဆိုင်တာတွေကို ဘေးကနေ ရပ်ကြည့်ပြီး မြင် သိနေလို့ပဲ . . . လာခဲ့”

——–

 

ဖြစ်စဉ် အမှတ် =
7. ကြည့်မိသူ C အား ဖမ်းခေါ်ခြင်း။

 

——–

 

ထို့နောက်. . .

ထိုနေရာတဝိုက်မှာ

စစ်ဆေးမေးမြန်းသံများး. . .

.ခေါ်သံများး. . .

ထို့အပြင်. . .

D မှ Z အထိ ပြေးလွှားရုန်းကန်သံများ . . . တဝုန်းဝုန်း တရုန်းရုန်းးးးးး

 

———

ချစ်ခင်လေးစားလျက်. . .
Alinsett@ Maung Thura

12 / 03 / 2015 / 12 : 50 PM

 

 

13 comments

  • Kaung Kin Pyar

    March 24, 2015 at 9:25 am

    သိလို့ရော..
    မသိလို့ရော..
    ဘေးကကြည့်လိုက်မိသူရော…
    🙂 ဘာမှလဲ မလွတ်ပါ့လား…..
    BTW
    ဒီလို ရေးပုံလေး သဘောကျတယ်……

    • Alinsett@Maung Thura

      March 24, 2015 at 11:37 am

      အားပေးတဲ့အတွက် ဇူးဇူးပါ

      ဒီရေးဟန်အတိုင်း ရေးချင်နေတာ
      ကျစ်လျစ်အောင်တော့ မနည်း ရေးယူရတယ်ဗျ

      :k:

  • တောင်ပေါ်သား

    March 24, 2015 at 10:10 am

    ငါက D ကွ

    အွန်လိုင်းကပဲ ကြည့်တယ် မြင်တယ် သိတယ် ဟဲ ဟဲ ဟဲ 🙂

    • Alinsett@Maung Thura

      March 24, 2015 at 11:39 am

      ဒါ post modern ဟုတ်သေးဘူးဗျ
      modern ခေတ်ဦးက ရေးဟန်လောက်ပဲ ရှိသေး
      :kwi:

      • naywoon ni

        March 24, 2015 at 1:15 pm

        တစ်​ကယ်​​တော့ ​မော်​ဒန်​တို့ ပို့စ်​​မောဒန်​တို့ တို့ဆီမှာ သုံးလာတာက အာဏာရှင်​စီစစ်​​ေ ရးကို ​ကျော်​ဖြတ်​နိုင်​ဖို့ ​ရေးရာကစလာတယ်​လို့ ထင်​တာပဲ ။ ကိုယ်​့အမြင်​ကို​ပြောတာ​နော်​ ။ စစ်​စစ်​​ရေးကလည်​း အဲ့ဒိလို ​တွေပါလာရင်​ ​ခေါင်​း​မွေးဖြူမတတ်​ စဉ်​းစားမရ​တော့ ဒီစာလုံးပါရင်​ ဖြတ်​ စနစ်​​တောင်​ကျင်​့သုံးလာရသတဲ့ ။

  • ခင်ဇော်

    March 24, 2015 at 12:33 pm

    ကြယ် လေးလုံးဖြစ်သွားပြီ။
    :mrgreenn:

    ဒီ ရေးဟန်ကြိုက်တယ်။
    🙂
    .
    .
    အေ တူ ဇီ က
    ဘာတွေကို ဘယ်လောက်ပဲ သိသိ
    သိခြင်းအမှုမှာတင် ဖမ်းဆီးခံနေရတာလားဟင်???

    :k:

    • Alinsett@Maung Thura

      March 24, 2015 at 4:15 pm

      ကျနော်လား…ကြယ်လေးလုံး ဖြစ်တာ လေးငါးခြောက်ရက်တော့ ရှိသွားပြီ…
      .ကြယ်လေးလုံးသမားတွေ တစ်သိန်းပြည့်ရင် သဂျီးက လေးဆ ပေးမယ်တဲ့…

      :k:

  • kai

    March 24, 2015 at 2:35 pm

    အဲဒီ ABCD..Z တွေကို.. ဆွဲတဲ့ပုံဆွဲဆရာနေရာမှာ.. နေပါလေ..။
    ဪ…
    မကျေနပ်အရောင်တွေပြောင်းလိုက်ပေါ့…။
    အနီလေးနဲနဲကဲပေးထားတာကို.. အပြာလေး…ပြင်ကဲလိုက်..။ :k:

    • Alinsett@Maung Thura

      March 24, 2015 at 3:33 pm

      a ကနေ z အထိ ဖမ်းအပြီးးးး

      ပုံဆွဲဆရာလားးးး
      လာာာ လိုက်ခဲ့
      :k:

  • Shwe Ei

    March 24, 2015 at 4:26 pm

    -လူဖမ်းတဲ့ စနစ်ကတော့ ခေတ်အဆက်ဆက် မေြ့ပာင်းလဲဝူးနော်..
    -စနစ်ကြောင့်မဟုတ်…စနစ်ကြောင့်မဟုတ် 😛

    • Alinsett@Maung Thura

      March 24, 2015 at 4:49 pm

      စနစ်ကြောင့်မဟုတ်ရင်…
      ဒါရှို….
      ဖမ်းရတာ တောက်ကျင့်ပါနေလို့ပေါ့နော်….

      :k:

Leave a Reply