တုတ်ကိုလဲ မကြောက် မုန့်ကိုလည်း မကောက် Fighting Peacock

သစ်ထူးလွင် အင်တာနက်သတင်းမှာ ဒီနေ့ဖတ်ရတယ်၊ အထက်မဲခိုးလွှတ်တော်အုပ်ကထ စစ်ဗိုလ်ဟောင်း ဦးခင်အောင်မြင့်ဦးက အမျိုးသားပညာရေးဥပဒေ အရေးကို လွှတ်တော်တွင်း ပြင်ကြဖို့ ပြောတယ်၊ တချိန်ထဲမှာ လက်ပံတန်းကျောင်းသားသပိတ် ရိုက်နှက်ဖြိုခွဲမှုမှ လွတ်မြောက်လာတဲ့ ကျောင်းသားတွေကို ဆက်လက်ဖမ်းဆီးနေပြန်တယ်။ သာမန်ကြည့်လျင်တော့ ဘပြောင်အစိုးမရ မကောင်းဘူး၊ လွှတ်တော်က ညှင်သာတယ် ပျော့ပြောင်းတယ်ပေါ့။ ဘာသွား သတိရလဲဆိုလျင် စစ်ကြောရေးမှာ သုံးတဲ့ နည်းဗျူ ဟာ တခုရှိတယ်။ မျက်စေ့မှိတ်ဖမ်းချုပ်ထားပီး ဒဂေါင်က ရိုက်နှက်ထိုးကြိတ်စစ်တယ်၊ အားရတော့ ခဏအနားပေး.. အဲဒီအချိန်မှာ နောက်ဒဂေါင် ဝင်လာပီး အိညှက်အိညှက်နဲ့ ညီလေးရယ်၊ ဘာညာဆိုပီး အပျော့ဆွဲနှိုက်တယ်။ တခါတလေလည်း လဖက်ရည်၊ ဆေးလိပ်ပါ တိုက်သေးတယ်။ မရလျင် အစောကကောင် ထပ်ဝင်လာပီး ဗျင်းတော့တာပဲ။ အဲလို ခြောက်လိုက် ချော့လိုက် ကြိမ်ဖန်များစွာလုပ်ပီး လိုချင်တဲ့ပုံစံသွင်းတာ စစ်ကြောရေး ဗျူ ဟာပဲ။ အခုလည်း ဘပြောင်ကတီး.. မဲသူခိုးလွှတ်တော်ကချော့ လုပ်နေပြီ။

ဒေါ်စုလည်း ဒီပုံစံ ကျုံးအသွင်းခံရတာ မြင်တတ်လျင် သိလိမ့်မည်။ ဖက်ပေါင်းစုံက မလှုပ်နို်င်အောင် ဖိနှိပ်ထား.. တဖက်ကနေ ပွဲစားနဲ့ ချော့စည်းရုံး.. မရတော့ ယူအက်စ်၊ အီးယူတို့နဲ့ ပေါင်းရိုက်..။ သံမဏိဘွားဒေါ်လည်း နောက်ဆုံး အရည်ပျော်ပြီး သူတို့ လွှတ်တော်ခွင်ထဲရောက်.. အခုတော့ ဘာမှ မလှုပ်နိုင်တော့။ မတရားဖြိုခွင်းခံခဲ့ရတဲ့ လယ်သမား၊ အလုပ်သမား၊ ကျောင်းသား အရေးတွေ ဝင်ကူညီဖို့ဝေးစွ ပါးစပ်တောင် မဟနိုင်တော့။ သူ့ကြိုးနဲ့ သူပြန်ချည်တုပ်မိ နေပြီလေ။ ရဲနဲ့လူဆိုး ဥပမာကို မြင်ကြည့်ပါ.. လူဆိုးက လုပ်ချင်တာလုပ်လို့ရတယ်၊ ရဲကြတော့ ချမှထားတဲ့စည်းကမ်း၊ ကျင့်ဝတ်၊ ဥပဒေ လိုက်နာရတယ် (နိုင်ငံခြားက ရဲကို ပြောတာပါ)။ ဒီမိုသမားလည်း လူ့အခွင့်အရေး၊ တရားမျှတမှု ကြွေးကြော်သံနဲ့ လှုပ်ရှားတဲ့အခါ ပေးထားတဲ့ ကတိ တည်ရ၊ မညစ်ပတ်ရ စတဲ့ကြိုးတွေ ချည်နှောင်တုပ်မိတဲ့ သဘောပဲ။ စစ်တပ်ကြတော့ ရှင်းတယ်.. နဂိုထဲက ဒီမိုနဲ့လူ့အခွင့်အရေးကို ပျက်ရယ်ပြုသူတွေ.. အနိုင်အရှုံး နှစ်ခုပဲ စဉ်းစားသူမို့ ဘာမဆို လုပ်တယ်၊ ညစ်ပတ်ဖို့ ဝန်မလေး..။ အဲဒီ နှစ်ခု ကွာဟချက်သည် လွှတ်တော်နိုင်ငံရေး ကစားတဲ့အခါ တာသွားတယ်။ အထူးသဖြင့် ပါးစပ်ပိတ်၊ နားပိတ် အလုပ်ခံထားရ.. အကြောက်တရားနဲ့ အုပ်ချုပ်လာခဲ့တဲ့ တိုင်းပြည်မှာ ပြုပြင်ပြောင်းလဲရေးကို လွှတ်တော်တွင်း မျှော်လင့်တာ ဆင်လွီးခေးမျှော်တာနဲ့တူတယ်။ မစားရ ဝခမန်း မဲမဲလှုပ်လှုပ်ကြီး.. ။

လွှတ်တော်နိုင်ငံရေးကြောင့် အသက်ရှုခွင့်ချောင်တယ် ဆင်ခြင်ပေးလျင် အဲဒီ့အခွင့်အရေး ၁၉၉၃ခုနှစ် အမျိုးသားညီလာခံမှာထဲကရတယ်၊ အခုလို နောက်ထပ် အနှစ်၂ဝနီးပါး ဘဝတွေအပျက်ခံပြီး စောင့်စရာမလို..။ ကျောင်းသားသပိတ်လည်း အလားတူ ပုံစံ ရိုက်အသွင်းခံရမည့် အလားအလား ရှိနေတယ်။ ဘယ်သူတွေက ချောဆီထိုးပေးမလဲ.. ကျောင်းသားတွေ ခေါင်းမာလို့ အဆော်ခံရတာ အဖမ်းခံရတာ ပြောနေသော အသားထဲကလောက်ထွက် သူ့လူကိုယ့်ဖက်သားများ၊ သပ်ပါတီ အချောင်သမားများပဲ…။ စစ်အစိုးမရ လှည့်ကွက်နဲ့အတူ မကြာခင် ဒင်းတို့ လော်ဘီလုပ်လာတော့မှာ မြင်လို့.. ။

ကျောင်းသားသပိတ်တပ်ကို လုံထိန်းတွေ သိပ်မပင်ပန်းဘဲ ဖြိုခွဲနို်င်ခြင်းဟာ လူထုပါဝင်မှု အားပျော့သွားလို့။ ကျောင်းသားစစ်ကြောင်း အနားမှာ လိုက်ပါ ဝန်းရံတဲ့ပြည်သူအင်အား အတော်နည်းသွားတယ်၊ သွေးအေးသွားလို့။ အဲဒီမှာ လုံထိန်းအင်အား အမြောက်အမြားသုံးပြီး ဖြိုပစ်လိုက်တာ။ လူထုအင်အား များလျင် ဒင်းတို့ တော်ယုံမလုပ်ရဲ။ မဖြိုခွင်းနိုင် မဆိုလို.. နိုင်ငံရေးအရ ဒင်းတို့ အတော်အလုပ်ခက်သွားမည်။ လူထု တွေဝေအောင် သပိတ်ကို နာမည်ဖျက်တာ စစ်အစိုးမရ လူတင်မက ဒီမိုလို့ ပြောနေသူတွေ ပါတာ မမေ့ကြနဲ့။

ကျောင်းသားသပိတ် လှုပ်ရှားမှုကို ကျောင်းသားပိုင်တာမို့ ကိုယ်ပိုင်အသိညဏ်နဲ့ ဆုံးဖြတ်ခွင့်ရှိတယ်။ အသုံးမကျဘူး အသုံးကျတယ်၊ တော်လိုက်တာ ညံ့လိုက်တာ၊ ရဲရင့်တယ် ကြောက်တယ် ဝေဖန်မှု ဂရုစိုက်စရာ မလို..။ သို့သော် အန်အယ်လ်ဒီဆင်ကြီး ထူးအခပ်ခံထားရတဲ့ ဖြစ်စဉ်ကို အချက်တချက်အဖြစ် ထည့်သွင်းစဉ်းစားဖို့ ဤပို့စ်အား ရေးသည်။

 

ငါကွ ဦးကြောင်ကြီး

25 comments

  • ကထူးဆန်း

    March 13, 2015 at 9:48 am

    ………. ဟတ်ချိုး ဟတ်ချိုး

    :mrgreen:

  • Ko chogyi

    March 13, 2015 at 9:51 am

    ကျောင်းသားဆိုတာ ကျောင်းသားအတွေးပဲ ရှိတာပေါ့လေ

  • black chaw

    March 13, 2015 at 10:11 am

    ဒီကိစ္စဟာ တကယ်တော့ မလွယ်ပါဘူး…။
    မလွယ်ဘူးဆိုပေမယ့်လည်း ခက်တော့လည်း မခက်ပါဘူး…။
    ဘယ်လိုပြောရမလဲ ဆိုတော့…ဟိုဗျာ…
    ခင်ဗျားတို့လည်း သိမှာပါ…။
    သိပြီးသားတွေပါ ဟုတ်တယ် မဟုတ်လား…။
    အဲဒါပဲဗျ…အဲဒါပဲ…။
    တကယ်တော့ ရှင်းပြီးသားတွေပါ…။
    ခင်ဗျားတို့ မရှင်းဘူးဆိုတာကိုပဲ ကျွန်တော်မရှင်းဘူး ဖြစ်နေတယ်…။
    တကယ်တော့ စောစောက ကျွန်တော် ပြောခဲ့သလိုပေါ့…။
    ဘယ်လိုလဲ ဆိုတော့ အဲဒီလိုပေါ့ဗျာ…။
    ကျွန်တော် ပြောတာ ရှင်းတယ်မဟုတ်လား…။
    ရှင်းရမယ်လေ ခင်ဗျားတို့လည်း ဦးနှောက်ရှိတဲ့လူတွေပဲဟာ
    ခင်ဗျားတို့ စဉ်းစားကြပေါ့…။
    တကယ်တော့
    ရှေ့က အထုပ်တွေကို ကျွန်တော်တို့က ဆက်ပြီး ထမ်းနေရတာပါ…။
    ရှေ့ကလူတွေ ဆိုတာလည်း ခင်ဗျားတို့ သိတဲ့အတိုင်းပဲ
    ကျွန်တော်တို့ အားလုံးဟာ သမိုင်းအမွေကို ဆက်ခံနေကြရတာမဟုတ်လား
    ခင်ဗျားတို့အတွက် စိတ်မကောင်းပါဘူးဗျာ တကယ်ပါ
    ကိုယ့်ကိုယ်ကိုလည်း သနားမိပါတယ် ဟဲဟဲ (မျက်ရည်ဝဲလျက်)
    တကယ်တော့ဗျာ
    ဒီတောင်ကြီးတွေကို မဖြိုချင်ပါဘူး
    ဘာဖြိုစရာလိုလဲ ဟဲဟဲ
    တကယ်တော့ဗျာ
    ဒီမြစ်ကြီးတွေကိုလည်း ရောင်းမစားချင်ပါဘူး
    ဘာရောင်းစရာလိုလဲ ဟဲဟဲ
    တကယ်တော့ဗျာ
    ဒီပြည်တွင်း စစ်တွေကိုလည်း မတိုက်ချင်ပါဘူး
    ဘာတိုက်စရာလိုလဲ ဟဲဟဲ
    တကယ်တော့ဗျာ
    ဒီမြေတွေကိုလည်း မသိမ်းချင်ပါဘူး
    ဘာသိမ်းစရာလိုလဲ ဟဲဟဲ
    အဲဒီလိုပေါ့ဗျာ
    ကျွန်တော်တို့မှာကလည်း အမျှင်တန်းနေတော့
    ဘဝင်ချမ်းမြေ့တယ်လို့တော့လည်း မဟုတ်ဘူးပေါ့ဗျာ
    ကျွန်တော်တို့မှာက မလုပ်ချင်လည်း လုပ်နေရ
    မစားချင်လည်း စားနေရဆိုတော့ ဟဲဟဲ
    ဘယ်လိုပြောရမလဲဆိုတော့
    စောစောက ကျွန်တော် ပြောခဲ့သလိုပေါ့
    ကဲကဲ ခင်ဗျားတို့လည်း မတ်တပ်ရပ် နားထောင်နေရတာဆိုတော့ ညောင်းနေရောပေါ့
    ကျွန်တော်လည်း ထိုင်ပြောနေရတာ အတော်ညောင်းနေပြီ
    ခင်ဗျားတို့ ဘက်ကလည်း ပြောစရာတွေရှိမှာပေါ့
    ပြည်သူ့အသံကို ကျွန်တော်တို့ ကြားချင်ပါတယ်
    ပြောကြပါ ပြောကြပါ ပွင့်ပွင့်လင်းလင်း ပြောကြပါ
    ဒါပေမယ့် အခုတော့ မဟုတ်သေးဘူး နောင်ကြုံတဲ့အခါပေါ့
    ကျွန်တော့်မှာက တခြားလုပ်စရာတွေကလည်း အများကြီးဆိုတော့
    နောက် ကြုံတဲ့အခါပေါ့
    ကျွန်တော် သွားလိုက်ပါဦးမယ်
    ကျေးဇူးရှင် မိဘပြည်သူတွေရဲ့ အသံကို
    အမြဲတမ်း ဦးထိပ်ပန်ဆင်ထားနေပါတယ်
    ကျေးဇူးတင်ပါတယ်…။
    ကိုရွေး

  • ခင်ဇော်

    March 13, 2015 at 10:56 am

    စိတ်လျှော့လိုက်ပါပြီ။
    ရင်ဘတ်ချင်း တူရင် ဘော်လီ လု နေရမစိုးလို့။
    (ခွက်ဒစ် တူ ခက်သီ)

    😥

  • Wow

    March 13, 2015 at 11:29 am

    လူထုမပါဘူးဆိုပီး လူထုပဲထိုင် အပြစ်ပျောနေလို့မရဘူးလေ ကြောင်ကြောင်
    ဗိုလ်ချုပ်တို့တုံးကလဲ အလိုတော်ရိတွေ သစ်စာဖောက်တွေရှိတာပဲလေ… ရှိတဲ့လူကပဲ အောင်မြင်အောင်လုပ်ရမှာ လူများဂျီးမလိုပါဝူး ကြောင်တပ်ဖွဲ့ကို အူးစီးပီး လွှတ်တော်မှာ အသေခံ ဗုံးခွဲပလိုက်…. ဟိုဘက်က သိုင်းသမားဒွေလဲ ကြောင်ဏှာကြီးကို သတ်ဖို့ချောင်းနေတဲ့အတူတူ မထူးပါဘူး သေပစ်လိုက်တာအေးဒယ် :mrgreen:

    • မြစပဲရိုး

      March 13, 2015 at 2:14 pm

      ဘယ် ဘုန်းကြီး ဘဲ ဖြစ်ဖြစ် ဘုန်းကြီး တွေ ဒီ အရေးမှာကြားမဝင်တာ အကောင်းဆုံး ပါဘဲ။
      မဟုတ် ရင် ကိုယ့် Image ထိကိန်း ဘဲ။

  • မြစပဲရိုး

    March 13, 2015 at 2:11 pm

    ဟော လာပြီဟေ့
    ဒီတစ်ခါ လူထု အလှည့် ကျပါပေါ့။
    ကြောင်ကြောင် ရယ်
    နဲနဲပါးပါးလေး အမြင် အာရုံ ကို ဖုံခါပြီး ကြည့်လိုက်ပါ။
    ဒီနေ့ လူထု ဟာ ၈၈ လို လူတန်းစား မညီပါဘူး ဆိုတာလေး။
    Role play လုပ်သလို မြန်မာပြည်ထဲ အလုပ်လုပ် နေသူ တွေ ထဲ ဝင်ကြည့်။
    ကိုယ့်လက်ရှိ အခြေအနေ ပျက်သွားမှာစိုး သူကြီးဘဲ။
    ရဲ တောင်မှ သူ့ ထမင်းအိုး အကွဲ ခံ မလား စဉ်းစားရမှာပေါ့။
    ထမင်းငတ် တော့ ဘယ်သူလာကျွေး မတုန်း။
    အပြင်က လူ တွေ ဆိုတာလဲ သူတို့ ပင်းရာ သင်းရာကိုဘဲ ဂရုစိုက်တာ။
    ဒီ အခြေအနေ မှာ မပါတဲ့ လူထု ကို အပြစ်တင်ရမှာလား။

    ဒီအချိန်မှာ ဒီချုပ် အတွက် သတိပေး ရမယ် ဆိုရင်
    ဟိုနေ့က အဘနီ ပြောသလို ဖွတ် မဖြစ်ပြီးရော၊ ခွေးတောင် မဲ ပေးမဲ့ လူထု အများ စု အတွက် အသေအချာ စဉ်းစား ပေးဖို့ပါ။
    ကျွန်မ အမြင် ကတော့ ဘယ်သူ့ ကို ဖြစ်ဖြစ် ဒီချုပ် မို့ မဲ ပေး လို့ ရတာ ကို မလိုချင်ပါ။
    တကယ် ဘဲ တော်လို့၊ ထိုက်တန်လို့ တင်လိုက် တဲ့ လွှတ်တော် ကိုယ်စားလှယ် ကို ဘဲ မြင်ချင်ပါတယ်။
    တစ်ဖက် က လူ နဲ့ ယှဉ် ရင် ညံ့ နေ ရက် ရဲ့ မဲ ရတာ ကတော့ မြင်မကောင်း ဖြစ်သွားမယ်။
    ဒီအချိန်မှာ ကျွန်မ သာ ဒေါ်အောင်ဆန်းစုကြည် ဆိုရင် ပြည်သူတွေ ကို ဒီချုပ် ကို မဲ ပေးဖို့ တန် အောင် တကယ်တော် သူ တွေ ကို အရင် ဒီ ချုပ် ထဲ ပါ အောင် ကိုယ်တိုင် စည်းရုံး စေချင်တယ်။
    မြန်မာပြည် ထဲ သူ့ပါတ်ဝန်းကျင်ထဲ စကားဝဲ နေတဲ့ လူတော် တွေ အများကြီး။
    ဒီလို မှ ဒီ လူ တွေ မပါရင်တော့ ဖြစ်သလို လူ တွေ နဲ့ တော့လဲ သိပ်ပြီး အလုပ် ဖြစ်မယ် မထင်။
    အနဲ ဆုံး သူနား မှာ သူ့ ကို စေတနာ နဲ့ ဝေဖန် နေ မဲ့ လူ တွေ ရှိနေစေချင်တယ်။
    ကြောင်ကြီး ပြန်ပြီး သူ့ အနားမှာ နေလိုက်ပါလား ဟယ်။
    ကုတ်တော့ မကုတ် နဲ့ နော်။

    PS – ကိုယ်လဲ ထင်ရာ သာ ဝေဖန်နေတာ။ သူတို့ အထဲ လဲ ဘာတွေ သပွတ်အူရိုက် နေမယ် မပြောတတ်။ ကြည့်ချင်ပွဲ ကတော့ နီးလာပါပြီ။
    ဒါထက်
    Peacock က ဘယ် Peacock လဲ။ 🙄

    • မြစပဲရိုး

      March 13, 2015 at 2:19 pm

      ဝီဝီ ရယ် ဝီဝီ ရဲ့။
      အခုမှ ပေါ်လာပါတော့လား။
      ထွက် ဖို့ အမိန့် ကအခုမှ ကျလား။
      lol:-))))))))))

  • Alinsett@Maung Thura

    March 13, 2015 at 2:17 pm

    အမေ့အတွက်လည်း အချိန် သိပ်မရှိတော့
    ဥပဒေ ပြင်ဆင်ရေးတွေအတွက်လည်း အချိန် သိပ်မကျန်တော့
    အင်းးး. . .
    .နောက်ပြီးတော့ . . . အင်းးးး

    • kai

      March 13, 2015 at 3:07 pm

      အသိမမှားရင်.. ဒေါ်စုက.. ဒီ ၂၀၁၅ ရွေးကောက်ပွဲရလဒ်နဲ့.. သမ္မတမလုပ်တော့ပါဘူးလို့.. စစ်တပ်ကိုဝန်ခံထားပြီးဖြစ်မယ်..။
      ခြေဥပြင်ဖို့က.. ရွေးကောက်ပွဲပြီးမှ.. ဖြစ်မှာလို့ထင်…။

      • Alinsett@Maung Thura

        March 14, 2015 at 4:53 pm

        တီဗွီကနေ လွှင့်ပြနေတဲ့ လွှတ်တော် အစည်းအဝေးတွေ ကြည့်ပြီး ကျနော် ဘာတွေးမိလဲ ဆိုတော့…

        .အမေ့ကို လွှတ်တော် နာယကလည်း မဖြစ်စေချင်ဘူး…
        နိုင်ငံခြားရေးရာ ဝန်ကြီးလည်း မဖြစ်စေချင်ဘူး..
        သမ္မတလည်း မဖြစ်စေချင်ဘူး…
        ဖြစ်စေချင်တာက…
        လွှတ်တော် ကိုယ်စားလှယ် ကိုယ်တစ်ရာခွဲလောက် ခွဲလို့ ရတဲ့သူပဲ ဖြစ်စေချင်တယ်..
        ဘာလို့လဲ…သိလား…

        တင်ပြလာတဲ့ ဥပဒေတွေ/တိုင်းရေးပြည်ရာ ပြသနာတွေကို ဖြေရှင်း အတည်ပြုဖို့ .နောက်ဆုံး မဲခွဲ ဆုံးဖြတ်ကြတဲ့အခါ.. (ကျနော် ယူဆတဲ့) တိုင်းပြည်အတွက် ကောင်းလာဖို့ ဖြစ်သင့်တယ်..ဖြစ်စေချင်တယ်လို့ ယူဆတဲ့ ကိစ္စတော်တော်များများမှာ…
        ကန့်ကွက်မဲတွေ များနေပြီး…
        တိုင်းပြည်နဲ့ ပြည်သူလူထုဘက်မှာ ရှိမနေတဲ့ ကိစ္စတွေကျတော့ … ထောက်ခံမဲတွေ များနေသလားလို့…တွေးမိလို့…

        :buu:

        ဉာဏ်နဲ့ ယှဉ်နိုင်စွမ်းသော…
        ပြည်သူလူထုဘက်မှာ ရပ်တည်ပြီး ပြည်သူလူထုကို ငဲ့ကွက်နိုင်စွမ်းသော…
        မျက်တောင်မွှေးတဆုံးထောက် မကြည့်ပဲ မျက်စေ့တဆုံး(ရေရှည်) ကြည့်မြင် သိမြင်နိုင်စွမ်းသော…
        သမာသမတ်ကျသော….

        လိုတာ လိုတာ..ပြောပါတယ်..

        ဆိုတော့….အမေ… ကိုယ်ပွါး ၁၀ဝ လောက် ခွဲပြီး..လွှတ်တော်ထဲ ရှိနေစေချင်လိုက်တာ..လို့

        :buu:

        • kai

          March 14, 2015 at 5:18 pm

          အဲဒါကိုရင်တို့လို.. လူထုကရွေးရမှာလေ…
          ပြသနာတခုတော့ရှိတယ်..။

          ကြားဖြတ်ရွေးကောက်ပွဲတုံးက.. ဒီချုပ်ကအပြတ်နိုင်တယ်ဆိုပေမယ့်… တချို့နယ်တွေမှာ.. ဒီချုပ်နဲ့ပြိုင်ရွေးသူတွေဟာ.. ဖဆပလခေတ်က.. နိုင်ငံရေးသမားဟောင်းတွေရဲ့..မျိုးဆက်တွေပါသဗျ..။
          နိုင်ငံရေးနောကြေနေတဲ့..ပုဂ္ဂိုလ်တွေလည်းပါသဗျ..။ ကမ္ဘာတန်းအဆင့် ပညာရှင်တွေပါသဗျ..။

          ဒါပေမယ့်..မြန်မာလူထုက.. ဒီချုပ်ကိုပဲ..မဲပုံထည့်တယ်..။ ဘာကောင်ဖြစ်ဖြစ်..။

          ဆိုတော့..
          အဲဒီအပိုင်းကျ.. ဒေါ်စုကိုယ်တိုင် စီမံမတတ်ဖြစ်နေတယ်လို့.. ထင်..။ :k:

        • Alinsett@Maung Thura

          March 14, 2015 at 5:43 pm

          ကျနော်တို့လို လူထုကြီးက ရွေးချယ်မှုလုပ်ရမယ့်အပိုင်း ရှိတယ်
          မငြင်းဘူးဗျ
          ဒါမယ့် ကျနော့်အမြင် (ဉာဏ်တစ်ထွာမရှိတရှိအမြင်လေး) နဲ့
          အခု နိုင်ရေးအခင်းအကျင်းကို မြင်တာကတော့. . .

          ” ကျနော်တို့ ပြည်သူလူထုရဲ့ ဆန္ဒနဲ့ ရေးချယ်မှု ဘယ်လိုအနေအထားရှိရှိ (အဲ့စကားကို အခါ ၁၀၀) ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေတွေ တစ်ခုချင်းစီဟာ စနစ်တကျ မှားယွင်းနေစေပြီးသား(အဲ့စကားလည်း အခါ ၁၀၀) မှားယွင်းသည်ဖြစ်စေ မှန်သွားသည်ဖြစ်စေ
          စနစ်တကျ ရေးထားပြီးသား စာမျက်နှာတွေ တရွက်ပြီးတရွက် လှန်ပြနေသလိုပဲ ( ဒါလည်း အခါ ၁၀၀)

          :buu:

          နာဂစ်ဖြစ်ပြီးခါစ နေ့ရက်မှာ ပြည်သူလူထုက စိတ်မပါလက်မပါ ဘာမသိ ညာမသိကတော်တော်များများ အနေအထားနဲ့ ဥပဒေကြမ်းကို မဲပေးကြရတာ
          (စိတ်မပါလက်မပါ ဆိုတဲ့စကားလည်း အခါ ၁၀၀)
          ထွက်လာတဲ့ရလဒ် အဖြေက ဘာတဲ့
          .ပြည်သူလူထုကြီးက တခဲနက် ထောက်ခံတယ်ဆိုလား ဘာလားးး

          ကိုင်းးး
          စနစ်တကျ မှားယွင်းလာပြီးသား စာမျက်နှာတွေပါဆို

          :buu:

  • tun swe

    March 13, 2015 at 3:12 pm

    ဟုတ်​တယ်​ကိုအလင်​းဆက်​​ပြော သလိုပါပဲ အ​မေစု က အသက်​ကြီးပြီ
    ပွင်​့ပွင်​့လင်​းလင်​း​ပြောရရင်​ သူ့အတွက်​ဟုတ်​ဘူး ကျွန်​​တော်​တို့ ခင်​ဗျားတို့
    အတွက်​ မအကြပါနဲ့​တော့လို့ ပဲ ​ပြောချင်​တယ်​
    ကိုယ်​့အချင်​းချင်​းချ​နေကြတာ လူမြင်​လို့​ကောင်​းဘူး ဂယ်​ဘဲ စိတ်​ပျက်​တယ်​(မရီးစန်​း အသံဖြင်​့))

  • မီ မီ

    March 13, 2015 at 11:30 pm

    ဦးကြောင်ကြီးရှင့်
    ရှင်ထင်နေသလို လူထုကြီးက မြှောက်တိုင်းမမြောက်တော့ပါဘူး
    ရှင်တို့လို သူရဲဘောကြောင်ပြီး အာကျယ်နေသူတွေအကြိုက်တော့ အသေမခံနိုင်ဘူး
    ကျော်ကိုကိုပြေးတာ ရှင်တို့မြင်မှာပေါ့
    ရှင်လည်း လုပ်ရဲရင်လာလုပ်ပါ
    လူပြောမသန် လူသန်မပြောတဲ့
    ရှင်ပြောနေတာတွေဖတ်ရတာ အာရုံနောက်တယ်
    ရှင့်ဦးတည်ချက်က ဆူပူအုံကြွဖို့ တိုင်းပြည်ပျက်ဖို့ အားပေးနေတာပဲ

    • naywoon ni

      March 13, 2015 at 11:40 pm

      ဦး​ကြောင်​ဂျီးကို ပြန်​​ခေါ်လို့မရဘူးဗျ ။ သူက ၈၈ အ​ရေး​တော်​ပုံမှာ အဒိက ​ခေါင်​း​ဆောင်​ ။ သူပျံလာရင်​ ​လေယာဉ်​​ပေါ်က​တောင်​ အဆင်​းခံမှာ မဟုတ်​ 🙂

    • ဦးကြောင်ကြီး

      March 14, 2015 at 10:12 am

      southယူးမကလဲ စစ်ခွေးဟောင်တိုင်း လိုက်ယောင်နေပြန်ပြီ…။ နင်တို့လို ဆင်ခြင်ညဏ်မရှိ သူများပြောတိုင်းယုံတဲ့ဟာမျိုးကို ရွံတယ်..။ ကျော်ကိုကို တပ်ဦးကို ပြေးထွက်သွားတဲ့ဓာတ်ပုံလင့်ခ် ရှာမတွေ့လို့ စာပဲထည့်လိုက်တာ..။

      ဗကသကျောင်းသားခေါင်းဆောင် ထွက်ပြေးဆိုတဲ့ ကောလဟာလ သတင်းအပေါ် ကိုကျော်ကိုကိုနဲ့ မေးမြန်းချက်

      Facebook လူမှုကွန်ယက် စာမျက်နှာမှာ ဗကသများအဖွဲ့ချုပ် ဥက္ကဋ္ဌ ကိုကျော်ကိုကိုက သပိတ်ကို ပစ်ပြီးတော့ ထွက်ပြေး တိမ်းရှောင်သွားတယ်ဆိုပြီး သတင်းတွေ ထွက်ပေါ်နေတဲ့အပေါ်မှာ ဗွီအိုအေမြန်မာပိုင်းက ဗကသများအဖွဲ့ချုပ် ဥက္ကဋ္ဌ ကိုကျော်ကိုကို ဆက်သွယ်မေးမြန်းတဲ့ အခါမှာတော့ သူက အခုလို စဖြေပါတယ်။

      ဖြေ။ ။ “အဲ့ဒီမတိုင်မီ ၉ ရက်နေ့ကတည်းက ကျနော်တို့ ဗကသ ဗဟိုလုပ်ငန်းကော်မတီ အစည်းအဝေးမှာ ကျနော်တို့အနေနဲ့ ရန်ကုန်ကို ပင်မသပိတ်စစ်ကြောင်း မရောက်ရောက်အောင် သွားမယ်။ ဒီလက်ပံတန်း အတားအဆီးတွေကို ထိုးဖောက်ပြီး မရောက်ရောက်အောင် သွားမယ်ဆိုတဲ့ ပုံစံမျိုးနဲ့ ကျနော်တို့ လိုင်းချခဲ့တယ်။ လက်ပံတန်းကနေပြီး ရန်ကုန်ကို ပင်မသပိတ်စစ်ကြောင်း အခြေအနေ တစုံတရာအရ ရောက်သွားပြီဆိုတာနဲ့ ဒီဘက်မှာရှိတဲ့ tempo အနေအထားအရ လျှော့ချလို့ ရနိုင်သလောက် ကြိုးစားပြီးတော့ ကျနော်တု့ိ လျှော့ချမယ်ဆိုပြီးတော့ ကျနော်တို့အနေနဲ့ strategy အရ လိုင်းခွဲပြီး ကစားဖို့၊ ကျနော်တို့ ဆုံးဖြတ်ချက် ချလိုက်တယ်။ အဲ့ဒီထဲမှာ ကျနော်တို့ ရန်ကုန်မှာ ပင်မစစ်ကြောင်း ရောက်သွားပြီဆိုတာကို ပင်မစစ်ကြောင်းက image တခုခု ပေါ်သွားအောင်လို့ ကျနော်တို့ ဗဟိုလုပ်ငန်းကော်မတီက ရဲဘော်တွေရယ်၊ သပိတ်စစ်ကြောင်းရဲ့ နဖူးစည်းတချို့ရယ်၊ အလံတွေရယ်၊ တချို့ဟာတွေကို ရန်ကုန်မှာ ကြိုတင် စီစဉ်ထားဖို့ ကျနော်တို့ သွားကြတာဖြစ်တယ်။ အဲ့ဒါကို အစည်းအဝေး ဆုံးဖြတ်ချက်နဲ့အညီ ဗဟိုလုပ်ငန်းကော်မတီတချို့နဲ့ ရဲဘော် ၁ဝ ယောက်လောက်ကို ကျနော်တို့ ထုတ်ထားပြီးတော့ အဲ့လို လျှို့ဝှက်ခရီးတခုနဲ့ ကျနော်တို့သွားပြီး ရန်ကုန်ကို ရောက်တယ်ဆိုတဲ့အကြောင်း ကြေညာလိုက်တယ်။ အဲ့ဒါက ကျနော်တို့ ထွက်ပြေးသွားတာ မဟုတ်ဘူး။ စခန်းကို စွန့်ခွာသွားတာ မဟုတ်ဘူး။ ကျနော်တို့အနေနဲ့ ဒါကို အစီအစဉ်အတိုင်း ဆောင်ရွက်တာ။ အဲ့ဒီလူမှုကွန်ယက် စာမျက်နှာတွေမှာ မနေ့က လှည်းတန်းလှုပ်ရှားမှုတွေမှာ ရှေ့ကနေပြီး လမ်းလျှောက်နေရင်း ပြေးတဲ့ပုံစံတွေကို ဓာတ်ပုံရိုက်ပြီးတော့ ပုံစာတွေနဲ့ သရော်နေတဲ့ အပိုင်းတွေကို ကျနော် နည်းနည်း ထပ်ရှင်းပြချင်တာက အဲ့ဒီအခြေအနေမျိုးမှာ ရဲတွေက ကျနော်တို့ သပိတ်စစ်ကြောင်းကို လာပြီးတော့ ဟန့်တားတယ်။ ရှေ့က အလံကိုင်တွေ တပ်ဦးကို ပြေးတက်သွားတဲ့နောက်ကို ကျနော်တို့က ပြေးလိုက်သွားတဲ့ပုံကို ရိုက်ထားတာပဲဖြစ်တယ်။ ဒါကို ကျောင်းသားခေါင်းဆောင်တွေ ထွက်ပြေးတယ် ဆိုပြီးတော့ သရော်နေတာဟာ မမှန်ဘူး။ ကျနော်တို့ လှုပ်ရှားနေတဲ့ ပုံသဏ္ဍန်မှာ ပါဝင်တဲ့ အခြေအနေအတိုင်းပဲ တဦးချင်းတဦးချင်း ပြန်လည် ဖျောက်ပြီးတော့မှ နောက်ထပ်နေရာတွေ၊ နောက်ထပ်နေရာတွေမှာ ဆက်လက် လှုပ်ရှားဖို့အတွက် ကျနော်တို့အနေနဲ့ လူကို ခွဲပြီးတော့ လှုပ်ရှားတာပဲဖြစ်တယ်။ ကျနော်တို့ သဘောထားက အစိုးရရှေ့မှောက် သိုးတွေလို လည်စင်းပေးပြီးတော့ စတေးခံဖို့မဟုတ်ဘူး။ ကျနော်တို့ တိုက်ပွဲတိုက်ဖို့အတွက် လူရှိမှဖြစ်မယ်။ တိုက်ပွဲအတွက် အလံနဲ့ အသံ ရှိမှဖြစ်မယ်ဆိုတဲ့ သဘောထား ကျနော်တို့မှာ ရှိပြီးသားပါ။”

      ဒါကတော့ ဗကသများအဖွဲ့ချုပ် ဥက္ကဋ္ဌ ကိုကျော်ကိုကို – ကို ဗွီအိုအေမြန်မာပိုင်းက ဆက်သွယ် မေးမြန်းထားတာဖြစ်ပါတယ်။

      မအေးအေးမာ / ဗွီအိုအေ (မြန်မာပိုင်း)
      http://burmese.voanews.com

      • Wow

        March 14, 2015 at 11:25 am

        ကျော်ကိုကိုက ဟင်္သတက ကျနော့်သူငယ်ချင်းတစ်ယောက်နဲ့ကျောင်းနေဖက် M.Com လို့ပြောတယ်…

      • Ko chogyi

        March 15, 2015 at 9:37 am

        သူခိုးက ခိုးတယ်လို့ ဝန်ခံဖူးလို့လား
        ကျော်ကိုကိုသွားမေး မဟုတ်ဘူးပဲပြောမှာပေါ့
        သတိထားမိတာကတော့
        .မြို့ကြီးတွေဝင်တိုင်း ထွက်တိုင်း ကျော်ကိုကို
        အကြောင်းအမျိုးမျိုးပြပြီး ပျောက်နေတယ်
        .ပြီးမှပေါ်လာတယ်
        ၁ဝ ရက်နေ့ကအဓိကပွဲဆိုပြီး သူကဘာလို့ အဲဒီမှာမရှိတာလဲ
        စဉ်းစားဖို့လိုလာပြီ ယုံကြည်မှုတွေပျောက်နေပြီ

      • မြစပဲရိုး

        March 15, 2015 at 5:11 pm

        ကိုမောင်မောင်ရွှေကြောင်
        အဲလို မပြောရဘူးလေ။
        သူများ ကို ဝေဖန်ရင် ကိုယ်ကလဲ အဝေဖန် ခံ ရဲ ပါစေပေါ့။
        တကယ်ဘဲ ကိုယ့်လူ ကို အောင်မြင်စေချင်ရင် သူတို့ မှာရှိတဲ့ ဟာကွက် တွေ ကိုလဲ မြင်အောင် ကြည့် ရတယ်။
        မဟုတ်ရင် ဒေါ်အောင်ဆန်းစုကြည် ကို မျက်ကန်းချစ် နဲ့ ချစ် ကြတာ ကို ကြောင်ကြောင် ဝေဖန်တာက ရီစရာဖြစ်သွားမယ်။
        အခုလဲ ဒီ ဗကသ တွေ မှာ ဟာကွက် အားနည်းချက် တွေ အများကြီး ရှိတာ ကို မျက်ကန်း နားပိတ် လုပ်ထားမယ်လား။
        . ကြောင်ကြောင် ဘယ်သူ ဘယ်ဝါ ဆိုတာ သိစရာ မလိုပါဘူး။
        သိဖို့လဲ စိတ်မဝင်စားဘူး။
        ဒီ ရွာထဲ ဝင်လာ လိုက်ကထဲ က ဒီ ထဲ မှာရှိပြီး သူ တွေ ဘယ်သူ တွေ ဘယ်ပုံစံ အပြင်မှာ ရှိပါစေ။
        ကိုယ်ကတော့ ဂရုမစိုက်တော့ပါ။ အားလုံးက ရွာထဲ မှာ တစ်မြေထဲ နေ မောင်နှစ်မ တစ်စု ဖြစ်ခဲ့ပြီ။
        မှားတာလဲ ပြင်ပေးမယ်။ မှန်တာလဲ အတုယူမယ်။
        အယူအဆ အမြင်မတူ လဲ ဖင်ပိတ် ငြင်းချင် ငြင်းမယ်။
        ဒါပေမဲ့ ကျိန်စာ မတိုက်ဘူး။
        ကိုယ့် မောင်နှမ အားလုံး လဲ အပြင်လောက မှာ အောင်မြင် အဆင်ပြေ ဖို့ သူ့အကျိုးလိုလားတဲ့ မေတ္တာစိတ် ရှိပြီးသား။
        ဒီ ရွာထဲ က သူ တွေ အားလုံး တိုင်းပြည် ကို ချစ်လို့ ကိုယ့်အချိန်တွေ ပေး နေပြီး စကား ပြောနေတယ် မဟုတ်လား။
        ရည်ရွယ်ချက် တူ ရင်ပြီးတာဘဲ။

        မတူဘူးလား။ ရပါ တယ်။
        . တော်ပြီး သား ကိုယ့် မောင် တစ်ယောက် ကို အမွေ ပြတ် မစွန့်လွှတ် ပါဘူး။
        နား ရွက် ဆွဲပြီး ကောင်းရာတော့ ရောက်အောင် ခေါ်မှာဘဲ။
        . ကြောင်ကြောင် လဲ အစ်မ တစ်ယောက် ကောက်ရပြီး မှ မတော်ချင် မခေါ်ချင်လို့ မရ တော့ ဘူး။
        ဒီ မြေ ထဲ အတူ နင်းမိပြီး ဖြစ် နေပြီ။

        ဒီတော့ သဘောမမျှ လဲ မကြိုက် လဲ နား မှာ ကြား ရတော့ မှာဘဲ။
        လက်မခံ လဲ ရပါ တယ်။
        အစ်မ က ချစ်စိတ် နဲ့ ပြောတာ ကို နဲနဲပါးပါး စဉ်းစား မိ လိုက်ရင် တော်ပါပြီ။
        မဟုတ်ရင် တစ်သက်လုံး စိတ် အနာကြီး နဲ့ လူလုပ် နေရ လိမ့်မယ်။

  • မီ မီ

    March 13, 2015 at 11:51 pm

    အပြောကတော့ဟစ်တလာပြန်ရှင်လားသလားထင်ရတယ်
    သတိ္တကို ကြည့်တော့ နန်းမတော်မယ်နု
    ဒါလောက်နဲ့များ နိုင်ငံရေးတရားဟောနေသေးတယ်
    ရီချင်လိုက်တာ
    ဒီလိုမြှောက်ပေးခ ဘယ်လောက်ရထားလဲမသိဘူး
    ရှင်ပဲပြန်လာပြီး သမ္မတလုပ်ပါတော့လား

  • စည်​းနဲ့ ကမ်​းနဲ့ လစ်​ဘရယ်​ ​ယောကျာ်​း

    March 14, 2015 at 11:41 am

    ဘွား​တော်​ယီးဂို ဆန်​့ကျင်​ဂျ

  • pooch

    March 14, 2015 at 4:21 pm

    ဉာဏ်ချင်း ယှဉ်ပြီး ကစားမှ ပွဲက လှမှာလို့
    သူတို့က အကြောမသေးလို့ ဒီနေ့ထိ အုပ်ထားတာပေါ့
    အာဏာရူးပါဆို မှ
    လွယ်လွယ်နဲ့ ဘာမှ မရဘူး
    လောက်ကိုင်အရေးနဲ့ စစ်သားတွေကို မျက်ရည်ချူထားတော့ ဒီတခါ ကျ ရဲနဲ့ တိုက်တာ
    ကြည့်နေ ရဲ ဘဝ ဘယ်လို ဘာညာဆိုပြီး လုပ်ပြရင်လည်း ဒီက လူတွေ မျက်ရည်ပေါက်ပေါက်ကျအုန်းမှာ

    တကယ်က စစ်သားသားသမီးလည်းကျောင်းတက်နေတာပဲ
    ရဲသားးသမီးလည်း ကျောင်းတက်နေတာပဲ
    ဝန်ထမ်းသားသမီးလည်း ကျောင်းတက်နေတာပဲ
    အပြင် စီးပွား ကိုယ်ပိုင်လုပ်တဲ့ သူအားလုံးလည်း ကျောင်းသားဘဝက လာတာပဲ

    ယေဘုယျ ခြုံကြည့်လိုက်ရင် အများစုထဲမှ အလွန်နည်းတဲ့ အနည်းစုပဲ ဖောက်ထွက်နိုင်တယ် ပညာရေးက ငွေပေးနိုင်တဲ့သူ တွေ ရှေ့ရောက်နေတာ
    သာမာန်ပြည်သူ ကလေးတယောက် လူတယောက်ကို လူပီပီသသ တွေးခေါ်နိုင်လောက်တဲ့ ပညာရေးအခြေခံ ထည့်မပေးလိုက်နို်င်တာ အသိသာကြီး

    ပြောင်းတာကတော့ ပြောင်းရမှာပဲ ဘယ်လိုပဲဖြစ်ဖြစ် တိုင်းပြည်က အောက်ကို ဘက်ပေါင်းစုံက ထိုးဆင်းနေပြီ

    ပြောင်းတဲ့နေရာမှာ သတိကြီးကြီးထားဖို့ လိုတယ် ဥုံဖွ မန်းလို့ မရဘူး

    ဟိုဘက်က စံကို ယူရင် ၁ ကနေ ၁ဝ အကုန် မယူနိုင်ပဲနဲ့ လိုတာပဲ ယူမယ်ဆိုရင်တောင် အဖြစ်သင့်ဆုံး အနီးစပ်ဆုံးက စယူရမယ်။

    ရေခံမြေခံက သိတဲ့အတိုင်းပဲ

    ဥပမာ တခု ပြောရရင် ဆရာတပည့်အပြန်အလှန် စောင့်ကြည့်အမှတ်ပေးတဲ့စနစ်က ဟိုက စံသတ်မှတ်ထားတဲ့ စည်းမျဉ်းတွေ ရှိတယ်
    ဥပမာ ကျောင်းသား တယောက်အိမ်စာမလုပ်ရင် အမှတ်ဘယ်လောက်လျော့မယ်
    ကျောင်းနောက်ကျတတ်သလား
    ကျောင်းတွင်း သင်ခန်းစာမှာ တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်တာ မေးခွန်းတွေ မေးနိုင် မေးတတ်တာ မျိုး
    ကျောင်းခန်းတွင်း ပေါင်းသင်းဆက်ဆံရေးမှာ အဆိုးမြင်တာလား အကောင်းမြင်တတ်တာလား

    အမှိုက်ကို စနစ်တကျ ပစ်တတ်ရဲ့လား စတဲ့ အသေးစိတ်က စပြီး စောင့်ကြည့် အမှတ်ပေးတာ
    အများကြီးမှ အများကြီး

    ကျောင်းသားက ဆရာကိုအမှတ်ပေးတာမှာလည်း ဆရာရဲ့ သင်ကြားမှုဟာ ကျောင်းသားရဲ့ နားလည်နိုင်စွမ်း ကို ဘယ်လောက်ထိ မြှင့်ပေးနို်င်မှာလဲ စတဲ့ စတဲ့ အများကြီး ရှိတယ်

    မျက်စိရှေ့မြင်တာ တွေ့တာနဲ့ အပေါ်ယံ အကဲဖြတ်လို့ရတာ မဟုတ်ဖူး
    စည်းမျဉ်းတွေ ရှိပြီးသား စနစ်တကျလုပ်ရတာ တနှစ်လုံးစာ

    ကျောင်းသားရော ဆရာရော အကဲဖြတ်မှတ်တွေကို ထပ်ပြီး အကဲဖြတ်ရတဲ့ စောင့်ကြည့်လူကလည်း ရှိပြီးသား

    သူတို့ ပြောတို်င်း ယုံတာ မဟုတ်ဖူး

    အားလုံးက စနစ်တကျသွားတာ
    နောက်ပြီး အဲ့လို စနစ်က ကျောင်းသားကို လည်း ကျောင်းသားပီသအောင် ဆရာကိုလည်း ဆရာပီသအောင် အများကြီး အထောက်အကူပြုတယ်

    ဆရာတွေ ဘက်လိုက်လို့ မရ ကျောင်းသားတွေ လာဘ်ထိုးလို့မရ
    ကျူရှင် ပြလို့ မရ

    ပြသာနာက ဆရာတွေကို အရင် တဆင့် မြှင့်ပြီးမှ ဒီစနစ်က အကောင်ထည်ဖော်လို့ရမှာ
    ဒီက အနန္တဂိုဏ်းဝင်တွေက သိတဲ့အတိုင်း သူတို့ ရှိခိုး ရိုကျိုးမှ ဆိုတော့
    ဆက်ပြောရင် ရိုင်းရာကျတော့မယ်

    မိခင် ဘာသာစကား အခြေပြုကို အမှန်တိုင်းပြောရရင် နားမလည်ဘူး ဘာကို ဆိုလိုချင်တာလဲ
    တကမာ္ဘလုံး English ကို သုံးပြီး အခြေပြုဆက်သွယ်ကြတယ်
    တိုင်းပြည်တပြည်မှာရော ဘာသာစကားတခုကိုပဲ အခြေပြုဆက်သွယ်မှ အဆင်ပြေမှာ မဟုတ်ဖူးလား
    ကြည့်စဉ်းစားကြပေါ့

    ပြောင်းချင်တာတွေ ပြောင်းရဖို့ အကြမ်းဖက်မှ အနာခံမှ မဟုတ်ဖူး သူတို့လို အပျော့ဆွဲ လွှတ်တော်ထဲရောက်အောင်လုပ်ပြီး ရောက်ပြီးသားလူတွေကနေ တဆင့် ကိုယ်လိုတာကို ရအောင် လုပ်ယူရမှာ လွှတ်တော်ထဲ ကိုယ့်လူတွေ ရောက်အောင် သွင်းရမှာ

    လွှတ်တော်ထဲ မှ ငြင်းရင်း ခုံရင်း ခုံနဲ့ပဲ ပေါက်ပေါက် ဖိနပ်နဲ့ပဲ ပစ်ပစ် ။

    လောလောဆယ် ကိုယ့်လူတွေ အတွင်းရောက်အောင်ပို့
    ရောက်နေပြီးသားလူတွေ ကိုယ့်ဖက်ပါအောင် လုပ်

    အဲ့ဒါကြောင့် ကြောင်ကြီးလွှတ်တော်ထဲ ဝင်ပါ :loll:

    ဟိုက အာဏာရူး လက်မရွံ့တွေ အညွှန့်အဖူးတွေ အသေမခံနိုင်တော့ဘူး

Leave a Reply