လွယ်ကူစားကောင်း အာလူးကတ်တလိတ် လုပ်စားရအောင်

ကဲ ဒီတစ်ခါတော့ အာလူးကတ်တလိတ်ပေါ့။ အာလူးကို အမျိုးမျိုး အဖုံဖုံလုပ်စားကြတဲ့အထဲမှာ အာလူးကတ်တလိတ်ဟာလည်း လူတော်တော်များများနှစ်သက်ကြတဲ့အထဲမှာ ပါဝင်ပါတယ်။  အဓိကအာလူးကတ်တလိတ်လုပ်တဲ့အခါ အာလူးဟာကြော်လိုက်ရင် ကွဲသွားတာကိုအတော်များများကြုံကြရပါတယ်။

 

ဒီတစ်ခါတော့ လွယ်ကူသက်သာစားကောင်းတဲ့ အာလူးကတ်တလိတ်လုပ်စားကြရအောင်ဗျာ။

 

အဆင့်(၁) အာလူးကိုပြုတ်ထားရပါတယ် အကြီးကြီးတွေမဟုတ်ဘဲ အနေတော်ဆို  ပိုကောင်းပါလိမ့်မယ်။

အဆင့်(၂) အာလူးကိုပြုတ်ပြီးရင်တော့အခွံနွှာပြီး ထက်ပိုင်းလေးတွေ ချေထားလိုက်ပါ။ ကြက်သွန်နီ အနေတော်အလုံးတွေကို ရှစ်စိတ်လောက်ခြမ်း အာလူးနဲ့ရောထား။ ပြီးရင်တော့ ထောင်းပါ့မယ်။

IMG_20150307_1

အာလူးဟာထောင်းရင် ငါးဖယ်လိုစေးလာပါလိမ့်မယ်။ အာလူးထဲက ကြက်သွန်ဟာလည်း မညက်တစ်ညက်လေးဖြစ်လာလိမ့်မယ်။ ဒါဆိုရင်တော့ ငရုတ်ဆုံထဲက ကော်ထုတ်လို့ရပါပြီ။

နောက်ထပ်မဆလာကြိုက်သူကတော့ မဆလာရယ် ဟင်းခတ်မှုန့်လေး အနည်းငယ်ရယ် ဆားရယ်ကို အနေတော် ရော်နယ်ရပါမယ်။ အကြော်မှုန့်လေးအနည်းငယ်ပါ ရောနယ်ပါ။ အကြော်မှုန့်မရှိရင် ကော်မှုန့်လည်းရပါတယ်။

IMG_20150307_2

နယ်ပြီးပြီဆိုရင်တော့ ဆီပူအောင်တည်ထားမယ်။ အာလူးကို အနေတော်အလုံးလေးတွေလုံးမယ်။

IMG_20150307_3

အာလူးဟာထောင်းထားပြီး အရ

မ်းစေးတဲ့အတွက် လက်ကိုရေလေးစွတ်ပီးလုံး လုံးပြီး အကြော်မှုန့်ဖြစ်ဖြစ် ၊ ကော်မှုန့်ဖြစ်ဖြစ် ကပ်ပေးထားလိုက်ပါ။ IMG_20150307_4ပြီးရင်ကြော်လို့ရပါပြီ။

အာလူးဟာရွှေအိုရောင်လေးသIMG_20150307_5

န်းလာပြီဆိုရင်တော့ အာလူးကတ်တလိတ်ရပါပြီ။ အပေါ်ယံခပ်ပါးပါးကျွတ်ကျွတ်လေးနဲ့ အထဲက အိပြီး စေးပိုင်နေတဲ့ အာလူးရဲ့အရသာအလွန်ပဲစားကောင်းပါတယ်။ ကဲ ကြော်စားကြည့်ရအောင်ဗျာ။

လေးစားစွာဖြင့်

အောင်မိုးသူ

33 comments

  • ခင်ဇော်

    March 13, 2015 at 12:12 pm

    ဘယ်သူထောင်းပေးမလဲ မသိ။
    အဲဒီ အဆင့်မှာတင်ပဲ လုပ်ချင်တော့ဘူးး

    :k:

  • Crystalline

    March 13, 2015 at 2:09 pm

    အသား​လေးသွတ်​ရင်​ပို​ကောင်​းမလားမသိ… အသား​လေးပါသွတ်​​ပေးပါ… :mrgreenn:
    စားချင်​​နေတာကြာပြီ…. လုပ်​ရမှာပျင်​း​တော့လည်​းမစားရ… … အာလူးက အရမ်​းကြိုက်​တဲ့အစားထဲလည်​းပါတယ်​… 🙂

    • အောင် မိုးသူ

      March 13, 2015 at 2:25 pm

      ဒါကတော့ သက်သက်လွတ်ပေါ့။ အသားလည်းထည့်ငုံလို့ရတာပါပဲ။ ကျတော်ကတော့ ဝက်သားကိုပိုကြိုက်တယ်။

  • Kaung Kin Pyar

    March 13, 2015 at 2:12 pm

    စားကောင်းမယ့်ပုံ..
    လုပ်ရလဲ လွယ်တယ်…..။ သို့သော်….အာလူးဆီကြော်မို့….
    🙁
    ဟွာလေ…နွေရာသီမယ် စားလို့လဲ ကောင်းပြီး အိပ်ချင်ပြေမယ့် ဟာလေးတွေရှိရင် တင်ပါဦးညှော်…
    :k:

    • အောင် မိုးသူ

      March 13, 2015 at 2:27 pm

      နွေရာသီအစားအစာလေးလုပ်ဖို့ရှိပါတယ်။ အိမ်မှာလုပ်စားပြီး ပုံရိုက်ထားမှ အဆင်ပြေမှာ မဟုတ်လား။ 🙂

  • ဦးကျောက်ခဲ

    March 13, 2015 at 2:28 pm

    ဦးလေးကျောက်စ်ကတော့ အာလူးကတ်တလိတ်လုပ်ရင်…
    အလယ်မှာ ဆိတ်သား ကြက်သားလေး ဋ္ဌာပနာပြီးလုံး…
    ကြက်ဥအကာရည်လေးစိမ် Bread crumbs လေး ကပ်ပြီးမှ ကြော်တယ်… ခွိ
    :k:

    • အောင် မိုးသူ

      March 13, 2015 at 2:30 pm

      ဟုတ်တယ် အူးကျောက် အသားတစ်ခုခု ဌာပနာထားလည်းရတယ်လေ။ ဒါကတော့ အလွယ်တကူပေါ့။ Bread Crumbs ကပ်ပီးကျော်လည်းကောင်းတာပဲ။ ဒီဟာကတော့ မြန်မာဆန်ဆန်ပေါ့။

  • Alinsett@Maung Thura

    March 13, 2015 at 2:31 pm

    အာလူးကိုတော့လား
    အမေ ဈေးက ဘယ်လိုချက်ဖို့ဖြစ်ဖြစ် ဝယ်လာရင်
    အရင်ဆုံး လေးငါးလုံး ယူ ရေဆေးပြီး ပြုတ်တာ
    ဒီအတိုင်း ထိုင်စားတာ
    ဒါမှမဟုတ်လည်း မီးဖုတ်ပြီးစားတာ
    အာလူးကို ဒီအတိုင်းအစိမ်းတောင် ကိုက်စားချင်လောက်အောက်ကြိုက်မိတာ
    အာလူးနဲ့ လုပ်တဲ့ ဘယ်လိုအစားအစာမဆို ကြိုက်တာ
    ကုန်ကုန်ပြောရရင် ဒေါ်ဖွားမေနဲ့ အာလူး
    ဘယ်သူ့ ရွေးမလဲ လို့ မေးရင်
    .ဖွေးဖွေးကို ရွေးမှာ

    :k:

  • Shwe Ei

    March 13, 2015 at 2:48 pm

    -သများလဲ ကြော်နည်းမသိလို့…တစစီဖစ်သွားကထဲက.
    ..စိတ်နာနာနဲ့ အာလူးကြော်မစားတာ..
    -တခေါက်လောက်တော့ ထပ်စမ်းကျိအူးမှဘဲ 🙂

    • ဝင့်ပြုံးမြင့်

      March 15, 2015 at 2:08 am

      .@ မရွှေအိ ရေ
      .အာလူးကို ပြုတ်တဲ့အခါ သိပ်နူးသွားအောင် မပြုတ်ရဘူး။ အနူးလွန်သွားရင် ပြန်ကြော်တဲ့အခါ ကြေသွားတယ်။ မနူးတနူးလေး ပြုတ်ရင် ရပါပြီ။ ဒါပေမယ့် အားနည်းနည်း စိုက် ထောင်းရတယ်။

  • Wow

    March 13, 2015 at 3:57 pm

    ဆန်မှုန့်ကော်မှုန့်မသုံးဝူး၊ ကြက်သွန်ထဲ့မထောင်းဝူး ဒီအတိုင်း ဆားလေး အရသာမှုန့်လေးနဲ့ အာလူးကိုထောင်းပီး အလယ်မှာ အဆာသွတ် ကြက်ဥခေါက်ထားတာလေးနဲ့ နှစ်ကြော်ဒယ်… ကောင်းမှ ကောင်း :sar:

  • manawphyulay

    March 13, 2015 at 4:13 pm

    လာလည်ရင် အဲလို လုပ်ကျွေးမှာလားဟင်….

  • ခင်ခ

    March 13, 2015 at 5:31 pm

    အာလူးအကျစ်(တောင်ပေါ်အာလူး)က အဆီးဓာတ်ရှိတော့ သိပ်မကောင်းဘူး၊ အာလူး(အဖွယ်)သီးနဲ့ မှ ပိုစားကောင်းတယ်လေ။

  • မွသဲ ( 17082011 )

    March 13, 2015 at 8:36 pm

    သများတော့ထောင်းဝူး။ လက်နဲ့ပဲခြေတယ် ငြုတ်ဆုံမချိလို့ ဟိဟိ။ စီးနေအောင်ခြေတယ်။ ကြက်သွန်နီပါရင်တော့မကြိုက်လို့ ကြက်သွန်နီတော့မထည့်ဘူး။ အဲ့ ပိန်သွားမစိုးလို့ ချိစ်ကလေးတော့ထည့်တယ် :mrgreen:

    • အောင် မိုးသူ

      March 14, 2015 at 10:29 am

      အအီအစိမ့်မကြိုက်လို့ ကြက်သွန်နီတော့ကြိုက်လို့ထည့်တာ….။ ကိုယ်ကြိုရာလေး ထွင်စားတော့ ကောင်းတာပေါ့ ဟဲဟဲ။

  • Courage

    March 14, 2015 at 10:40 am

    ကျေးဇူး ကိုအောင်မိုးသူ။ လုပ်စားကြည့်လိုက်ဦးမယ်

    Yummy Yummy

      • Courage

        March 16, 2015 at 5:05 am

        အာလူးကြော်က သိပ်ပြီး မာမာတောင့်တောင့်လေးမနေပဲ ပျော့သွားတယ်။ ဘာများလိုသွားပါလိမ့်????

  • naywoon ni

    March 14, 2015 at 12:42 pm

    အာလူး​ခြောက်​​ကြော်​က​တော့ ဘီယာနဲ့ မြည်​းလို့ ​ကောင်​းဗျ ။ ကပ်​သလတ်​က​ကော ဘီယာနဲ့ မြည်​းလို့ ​ကောင်​းပါ့မလား ။

    • အောင် မိုးသူ

      March 14, 2015 at 1:14 pm

      မြည်းတတ်ရင်တော့ကောင်းတာပေါ့။ အာလူးခြောက်ကြော်စပ်စပ်ကတော့ပိုကောင်းဗျာ။

  • အကြိုက်ဆုံး အစားအစာပဲ.. ဒါမယ့်.. သများက ဆီနှမြောတော့ ဘယ်တော့မှ မကောင်းဘူးရယ်.. ဟိ

  • တောင်ပေါ်သား

    March 14, 2015 at 3:13 pm

    အိမ်က ကလေးတွေလည်း ကြိုက်သဗျ

    စမ်းကြည့်ဦးမယ်

  • မြစပဲရိုး

    March 15, 2015 at 8:55 pm

    တစ်သက်နဲ့ တစ်ကိုယ် တစ်ခါမှ အာလူးကတ်တလစ် မလုပ်ဖူးဘူး မောင်အောင် ရေ့။
    ကြိုက်တာကတော့ အလွန်ကြိုက်သော အစားထဲ မှာပါတယ်။
    အိမ်တုန်းက အမေ က လုပ်ပေးတယ်။
    ဒီမှာတော့ ရယ်ဒီမိတ် အထုတ် တွေ ကို oven ထဲ ထည့်ပြီး လုပ်တယ်။
    ဆီ နဲ့ မကြော်ဘူး။
    ဘာဘဲဖြစ်ဖြစ် စေတနာ နဲ့ မျှပေးတာလေး အတွက် ကျေးဇူးပါ။

    • အောင် မိုးသူ

      March 16, 2015 at 10:07 am

      အခြေအနေတစ်ရပ်ပေးလာရင် Oven လေး ဝယ်ဖို့စဉ်းစားထားတယ်။ ခုလောလောဆယ် အိမ်က ယိုင်နဲ့နဲ့ရယ် Oven လေးရရင်တော့ ချက်စရာတွေ တစ်ပုံတစ်ပင်ရယ်။ 🙂

  • Mr. MarGa

    March 16, 2015 at 10:23 am

    မထောင်းဘဲ ကြိတ်လိုက်ရင် ဘယ်လိုနေမလဲ…

  • Ma Ei

    March 17, 2015 at 4:03 pm

    အာလူးထဲကို ကြက်သွန်နီ၊ ဆား၊မဆလာ၊ငရုတ်စိမ်းမှုန့်၊ကြက်သားပြုတ်ကြော် အဆာလေးတွေထည့်ကြော် ပိုစားကောင်း…

Leave a Reply