အစ်ကို့ မိန်းမ အိပ်ချင် သီး – KZ’s ထမင်းဆိုင်

ဇီဇီMarch 16, 20152min53047

 

အကို့ မိန်းမ – မရီး
အိပ်ချင် – သန်း
မရီးသန်း ဆိုတော့ မရမ်းသီးပေါ့။ ဟိ။
ငယ်တုန်းကတော့ စကားထာဖွက်ရင် အဲလို ဖွက်တာပဲ။

 

:mrgreenn:

~~~~~~~~~~~~~~~~~~~
ဆေးဖက်ဝင် မရမ်းသီး (http://yinfamily24.blogspot.sg/2013/03/blog-post.html)
မရမ်းသီးသည် သွေးဝမ်းသွားခြင်း၊ ဝမ်းကိုက်ခြင်း၊ သွေးကြောင့်ဖြစ်သောရောဂါ၊ အဖျားဟောင်းနှင့် ကိုယ်တွင်းပူ လောင်ခြင်း၊ အသားကြား အရိုးကြားတို့၌ နာက…ျင်ကိုက်ခဲခြင်းတို့ကို သက်သာပျောက်ကင်းစေသည်။

မရမ်းသီးကို သုပ်စားခြင်း၊ ချက်စားခြင်း၊ စသည်ဖြင့် ပြုလုပ်စားသုံးပါက ခံတွင်းပျက်ခြင်းနှင့် ခံတွင်းအရသာ မပေါ်ခြင်းတို့ကို သက်သာပျောက်ကင်းစေနိုင်သည်။
ဝမ်းကိုက်ခြင်း၊ မီးယပ်ဝမ်သွားခြင်းများအတွက် မရမ်းသီးဆားရည်စိမ် အရည်သောက်ပေးခြင်း၊ ဆားရည်စိမ် မရမ်းသီးကို သုပ်စားပေးခြင်းဖြင့် ဝမ်းကိုက်ပိုးများကို သေစေနိုင်သည်။

အသည်း အဆီဖုံးသော ရောဂါများကို ပျောက်ကင်းစေရန်နှင့် အဆီများသော သားငါးများတွင် မရမ်းသီးထည့်၍ ချက်ပြုတ်ခြင်းဖြင့် ပိုလျှံနေသော အဆီများကို ချေဖျက်နိုင်သည်။ အထူးသဖြင့် မရမ်းစေ့များကို ဝမ်းပိတ်ဆေးများတွင် အသုံးပြုနိုင်သည်။

~~~~~~~~~~~~~~~~~~

ခါတော်မှီ ဓာတ်ပုံထည့်ချင်လို့ စနေနေ့က ဈေးသွားပြီး ဝက်ခေါင်း နဲ့ ငါး ဗိုက်သား ရှာတာမရလို့။

 

ဝက်ခေါင်း နဲ့ မရမ်းသီးချက် (ခွက်ဒစ်တူ ခက်သီ)

ဝက်ခေါင်းကို စင်ကြယ်အောင် ဆေးပြီးအရွယ်တော် တုံးတစ်
သစ်ကြမ်းပိုးခေါက် ထည့်ပြီး ပြုပ်
နူးခါနီး ရင် ဆားသင့်အောင် ထည့်
မရမ်းသီး ၂ဝ လုံးကို ထက်ခြမ်းခွဲပြီး
အဆံထုတ်ပြီး ဆားနဲ့နှယ် ဆေး
ဆီ ၁ဝသားလောက်နဲ့ ကြက်သွန် ဖြူနီ ငပိ ကို မရမ်းသီး ၂ လုံးစာလောက်ထည့်ကြော်
နွမ်းသွားရင် ငြုပ်သီး ကြမ်းမှုန့် ထမင်းစား ၁ ဇွန်း ၂ ဇွန်းလောက် ထဲ့
ငြုပ်မှုန့် ကျက် လောက်ပြီ ဆိုရင်
ဝက်ခေါင်းပြုပ်တွေ ထည့်ဆီနဲ့ လှိမ့်
နောက်ပြီး ဝက်ခေါင်းပြုပ် ရည် ထဲ့ပြီး
ဆက်နှပ် ထား
ပြီးရင် အပေါ့အငန့်မြည်း ပြီး
ချလို့ရပြီ
အချိုမှုန့်အစား သကြား နည်းနည်း ထဲ့လို့ရတယ် ။

~~~~~~~~~~~~~~~~~~~~~

 

ပုဇွန်ဆိတ်တော့ ရခဲ့ပါရဲ့။
မြန်မာ ငရုတ်သီးစိမ်းမရလို့ အကျက်မှုန့်နဲ့ ထည့်ကြော်လိုက်ရတယ်။

မရမ်းသီး ပုစွန်ဆိတ် ငရုပ်သီးစိမ်းချက်

 

IMG_4929
မရမ်းသီး ပုစွန်ဆိတ် ငရုပ်သီးချက်

 

 

လိုအပ်သော ပစ္စည်းများ

ပုစွတ်ဆိတ် – ၃၀ဝ ဂရမ်
မရမ်းသီး- ၄ လုံး (ပါးပါးလှီး)
ငရုပ်သီးစိမ်း- ၅ တောင့် ထောင်း
ကြက်သွန်နီ – ၂ ဥ ထောင်း
ကြက်သွန်ဖြူ – ၆ မွှာလောက် ထောင်း
ခရမ်းချဉ်သီး – ၂ လုံး ပါးပါးလှီး

ပြုလုပ်နည်း
ကြက်သွန်တို့ကို ဆီသတ်ပါတယ်။
ဆနွင်း၊ အရောင်တင်မှုန့်ထည့်ပြီး ခရမ်းချဉ်သီးထည့်လိုက်ပါတယ်။
ပြီးရင် ငရုပ်သီးစိမ်း ထောင်းထားတာကိုပါ ထည့်မွှေပါတယ်။
ဆား ငံပြာရည်သင့်တော်သလောက်ထည့်ပြီး ပုဇွန်ဆိတ်လေးတွေ

ရေနည်းနည်းထည့်ပြီး ပုဇွန်ကျက်အောင်ထား
ပုဇွန်ကျက်ခါနီးမှာ မရမ်းသီးပါးပါးလှီးတွေကို ထည့်
ပုဇွန်ရော မရမ်းသီးရော ကျက်ရင် ဆား၊   အရသာမြည်း လိုတာထပ်ထည့်ပြီး အဆင်သင့်စားလို့ရပါပြီ ။

~~~~~~~~~~~~~~~~~~~
မရန်းသီးစိမ်းသုပ်

မရန်းသီးစိမ်းသုပ်
မရန်းသီးစိမ်းသုပ်

ပါဝင်သောပစ္စည်းများ –

မရန်းသီးအစ်မ်း = ၁ဝ လုံး
ကြက်သွန်နီ = ၃လုံး
ငံပြာရည် = အနည်းငယ်
ပုစွန်ခြောက်မူန့် =အနည်းငယ်
မျှင်ငါးပိမီးဖုတ် = အနည်းငယ်
နှမ်းလှော် = အနည်းငယ်
ကြက်သွန်ဖြူဆီချက် – အနည်းငယ်

ပြုလုပ်ပုံ –
မရန်းသီးများကို ထက်ခြမ်းခွဲပြီး အစေ့ထုတ်ပါ။
ရေဆေးပြီး ပါးပါးလှီး၍ ရေစစ်ထားပါ။
ကြက်သွန်နီလည်း ပါးပါးလှီး၍ ရေစစ်ထားပါ။
အဆင်သင့်ဖြစ်လျှင် မရန်းသီး၊ ကြက်သွန်နီ၊ ပုစွန်ခြောက်၊ ငံပြာရည်၊ မျှင်ငါးပိတို့ကို ထည့်၍ ဆီချက်လောင်းသုပ်ပါ။
အစပ်ကြိုက်လျှင် ငရုတ်သီးစိမ်းထည့်၍ သုပ်ပါ။
နှမ်းလှော်ကလေးဖြူးပါ။
ဂေါ်ဖီထုတ်ပါးပါးလှီးထည့်လိုက ထည့်နိုင်…

~~~~~~~~~~~~~~~~~~~~

မရမ်းသီးငပိချက်

မရမ်းသီးငပိချက်
မရမ်းသီးငပိချက်

စိမ်းစားငပိ နဲ့ ကြက်သွန်ဖြူနီ ဆီသတ်ပြီး
မရမ်းသီးခွဲခြမ်းရေစိမ် ကိုထည့် ကြော်
နွမ်းလာရင် ရေနည်းနည်း ထည့်ပြီး အိအောင် နှပ်
အိလာရင် ရေခမ်းဆီပြန် လုပ်ပြီး
ငြုပ်ကြမ်းမှုန့်နဲ့ ပုစွန်ခြောက် ရေစိမ်ကို ဆယ်ပြီးရေစစ်ပြီးသားကို ထည့်ကြော်
ဆီနဲ့ လိပ် နေအောင် ကြော်၊
ဆားနည်းနည်း ထည့်
မွှေးအောင် လို့ ငြုပ်သီးစိမ်း ထက်ခြမ်းခွဲထည့်ပါ။

~~~~~~~~~~~~~~~~~~~~~

ခါတော်မှီ ဓာတ်ပုံထည့်ချင်လို့ စနေနေ့က ဈေးသွားပြီး ဝက်ခေါင်း နဲ့ ငါး ဗိုက်သား ရှာတာမရလို့။

 

ငါးမြင်းဗိုက်သား မရန်းသီးချက်

ပါဝင်သောပစ္စည်းများ –

ငါးဗိုက်သား – ၅၀ဝ ဂရမ် (ဆားဆနွင်းနယ်)
ခရမ်းချဉ်သီး – ၂ လုံး ပါးပါးလှီး
မရမ်းသီး – ကြီးရင် ၄ လုံး၊ သေးရင် ၆ လုံး
ကြက်သွန်နီ – ၂ ဥ (ထောင်း)
ဖြူ – ၅ မွှာ (ထောင်း)
ငရုတ်သီးစိမ်း – ၄ တောင့်
နံနံပင် – အနည်းငယ်

ပြုလုပ်ပုံ –
ခရမ်းချဉ်သီး,အရောင်တင်, ကြက်သွန်ဖြူနီ ဆီသတ်ပြီး
ခုနကလိုပဲ မရန်းသီးထည့် ကြော်၊
ရေနည်းနည်းထွက်ချိန်ကို ဆားဆနွင်းနယ်ထားတဲ့ ငါးဗိုက်သား အတုံး ကြီးကြီး တုံးထားတာလေးတွေ ထည့်။
သူအရည်နဲ့သူ အရန်း မမွှေပဲ အိုးလှုပ်ရုံ (ဟင်းအိုး ပြောတာ) လေး ဖုံးပြီး ဆက်တည်ထားး
စိတ်ကြိုက်အနေရောက်မှ ငရုတ်သီးစိမ်းခြမ်းထည့်၊ နံနံပင်လေး အုပ်ပြီး စားလို့ရပါပြီ။
အဆီများတဲ့ ငါးဗိုက်သားများ ရခဲ့ရင် အဲလိုချက်တာ စားလို့ကောင်းပါဒီ။

~~~~~~~~~~~~~~~~~~~

မရမ်းသီး အချိုစိမ် နဲ့ အချိုတည်း
၁ လီတာလောက်ဖန်ပုလင်းထဲကို
ရေနွေးထည့် ….

သကြား ထမင်းစားဇွန်း ၃ ဇွန်း၊
ဆား လက်ဖက်ရည်ဇွန်း ၁ ဝက် ထည့် ဖျော်
နည်းနည်း အေးမှ….
မရမ်းသီး အစေ့ထုတ် ထက်ခြမ်း လှီးတာတွေ ထည့်ပြီး အဖုံးလုံအောင်ပိတ်ပြီး ရေခဲသေတ္တာထဲသာ ထည့်ထားပြီးး
စားချင်တိုင်း (ဆားး၊ မဆလာ၊ သကြား၊ ငရုပ်သီး မှုန့် ဆတူရောထားတဲ့) အမှုန့်လေးနဲ့ တို့စားလို့ ရပါဒီ။

~~~~~~~~~~~~~~~
မရမ်းသီးထောင်း

ပါဝင်ပစ္စည်းများ

မရမ်းသီး (150 g) ကိုရေဆေး ထိပ်ဖြတ် နှစ်ခြမ်းခြမ်း အစေ.ထုတ်ထားပါ။
မျှင်ငပိကင် (သို.) ငပိထောင်း- ထမင်းစားဇွန်းတစ်ဇွန်း
ဆား- အနည်းငယ်
ပုဇွန်ခြောက် – ထမင်းစားဇွန်း 2 ဇွန်း

ငရုတ်သီးစိမ်း (ဒါမှ မဟုတ်) ငရုတ်သီး အခြောက်တောင့်ကြော် – ၄ တောင့်

 ပြင်ဆင်နည်း

ကျနော်ကတော့ ပုဇွန်ခြောက်ကို ထောင်းပြီး ဖယ်ထား
ငပိနဲ့ ငရုတ်သီးစိမ်း မီးကင်ကို ထောင်း ဖယ်ထား
ပြီးမှ မရမ်းသီးနဲ့ ဆားကို ထောင်းပြီး ဖယ်ထားတာတွေကို နှံ့အောင် နယ်ပြီး ထပ်ထောင်းလိုက်ပါတယ်။
ပြီးမှ ဆီလေး စိမ်ထားပြီး စားချင်တဲ့ အချိန်စားရုံပါပဲ။

~~~~~~~~~~~~~~~~~~~

မရမ်းသီးက အစိမ်းနဲ့အမှည့် ၂ မျိုးမှာ အစိမ်းပဲ ကြိုက်လို့ ..

:mrgreenn:
ပြီးတော့ ဒီရာသီ ပေါ်တဲ့ မရမ်းသီးကို အဝ စားချင်သူတွေ….
နိုင်ဂျန်ဂါးကို အများကြီးသယ်လာပြီး ဘာလုပ်ရမှန်းမသိသူတွေအတွက် …

:mrgreenn:
တစ်ရက်တည်း စားဖို့ ပြောတာဟုတ်ဘူးနော်။

သွားတွေ ကြွေကျကုန်ရင် တာဝန်ယူဘူးး

:byee:

 

:mrgreen:

 

တခြား မရမ်းသီးချက်နည်းလေးများရှိရင် လိုချင် ပါတယ်။
ပြောပြသွားပါနော်…..

 

~~~~~~~~~~~~~~~~~~~~~~~~~~~

ငါးနဲ့ မရမ်းသီးခြောက် အရည်သောက်။ (ခွက်ဒစ်တူ ခက်သီ)

 

ငါးနဲ့ မရမ်းသီးခြောက် အရည်သောက်။
ငါးနဲ့ မရမ်းသီးခြောက် အရည်သောက်။

 

ဂျင်း၊ စပါးလင်၊ကြက်သွန်ဖြူ + ကြက်သွန်နီ၊ ငြုပ်သီးမိုးမျှော် ငြုပ့်ကောင်း  နဲနဲ  ထောင်း
ထောင်းထားတဲ့   အရာတွေ ဆီသတ်ပြီး  မရမ်းသီးခြောက်ထည့်၊
ဆီလုံးရင် ငါး  ထည့်ရုံပါပဲ။
ပြီးရင် ကိုယ်လိုချင်တဲ့ ပမာဏအတိုင်း ရေအေးလေးထည့်ပြီး ဆူအောင် တည်။
အပေါ့်အငံ  အရသာ အတွက် အရသာမှုန့်    နဲ့  ငံပြာရည် သုံးတယ်
အချဉ်  အတွက်   မရမ်းသီးခြောက်  သုံးပါတယ်
ချဉ်ဟင်း ကျက်လုရင် ……
ရှားနံနံရွက် အုပ်လိုက်ယုံ  ဆို….ငါးပြုတ်   တခွက်  ရလေါက်ပါပြီ  …

47 comments

  • Mr. MarGa

    March 16, 2015 at 10:02 am

    မရမ်းသီးကို တစ်ပတ်လုံးစာ စီးရီးဆွဲပေးပါလားဟင်
    :mrgreenn:

    • ခင်ဇော်

      March 16, 2015 at 10:08 am

      ဟိ။
      အဲဒီ တစ်ပတ်စာ စီးရီးဆွဲဖို့ မရမ်းသီးတွေ ပို့ပေးလေကွယ်။
      ဟိ

      :mrgreenn:

  • Kaung Kin Pyar

    March 16, 2015 at 10:17 am

    မရမ်းသီးကိုတော့ အရမ်းကြိုက်တယ်….။ ဒီရာသီလိုမျိုးဆို အကိုက်….
    အပေါ်က မချွိတင်သမျှ မရမ်းသီးစားစရာတွေထဲ အကုန်ကြိုက်လို့…။ ဘယ်ဟာ အကြိုက်ဆုံးလို့တောင် ရွေးမရ….
    မရမ်းသီး ငပိချက်၊ ဝက်သား မရမ်းသီး၊ အစိမ်းသုပ်…
    အားလုံး ဂွဒ်ရှယ် ချည့်….

    • ခင်ဇော်

      March 16, 2015 at 11:40 am

      ဝက်ခေါင်းနဲ့ ငါးဗိုက်သား မရသေးခင် မရမ်းသီးကုန်ပြီ။

      :k:

  • weiwei

    March 16, 2015 at 10:21 am

    အချဉ်​မစားနိုင်​လု့ိ မရမ်​းသီး မစားဖြစ်​ဘူး။
    မရမ်​းသီးအ​ခြောက်​နဲ့ ဝက်​သုံးထပ်​သားချက်​​တော့ ကြိုက်​တယ်​။
    ​မော်​လမြိုင်​ဘက်​က​တော့ ဘာချက်​ချက်​မရမ်​းသီးထည်​့တာပဲ။

    • ခင်ဇော်

      March 16, 2015 at 11:41 am

      မရန်းသီး အခြောက်ထားစခန်းကို မရောက်လိုက်ဘူးး
      ခိခိ။
      နောက်ခါမှ မရမ်းသီးခြောက်လေး မှာအူးမှ။

      :k:

  • Alinsett@Maung Thura

    March 16, 2015 at 11:28 am

    မရမ်းသီး ဆိုလို့ရှိရင်
    .စော်ဘွားကြီးကုန်းက ခင်တဲံ့ မိတ်ဆွေ အိနိ္ဒယ အမျိုးသားတယောက်ကို
    သတိရတယ်
    သူ့နာမည်ကို ဦးမရမ်းသီးလို့ခေါ်တာ
    :k:

    —-

    .နောက်တခု သတိရတာက
    ရခိုင်ပြည်နယ်ထဲ နေတုန်းက
    ရွာ ့ ဘုန်းကြီးကျောင်းဝန်းကြီးထဲ မရမ်းပင်တွေ အများကြီး
    အပင်တွေပေါ် တက်တက်ပြီး ခူးစားကြတာ
    မှည့်နေတဲ့ မရမ်းသီးတွေရော
    အစိမ်းဆိုလည်း ရခိုင်မျှင်ငါးပိစိမ်းစားလေး ကင်ပြီး ယူသွားကြ တို့တို့စားကြတာ
    အဲ့ဒီအချိန်ကိုလည်း ပြန် သတိရတယ်

    😆

    • ခင်ဇော်

      March 16, 2015 at 11:42 am

      ဟိဟိ။
      ဆက်ဆက်ပြောမှ သားရည်ကျလာပြီ။
      ဦးမရမ်းသီးကို ဟုတ်ဘူးနော်။

      မရမ်းသီးနဲ့ ငပိကို ပြောတာ။
      အရောင်ထဲမှာ မရမ်းစေ့ရောင်လည်း ကြိုက်တယ်။

      :kwi:

      • Alinsett@Maung Thura

        March 16, 2015 at 11:45 am

        အဲ့ ဦးမရမ်းသီးလည်း မရမ်းစေ့ရောင် ရှပ်အကျီ င်္တွေ သိပ်ဝတ်တာပဲ

        အင်းး မမဂျီးနဲ့သူ့ကို တခါလောက် မိတ်ဆက်ပေးရကောင်းမလားးး

        :k: :k:

        စတာနော်။ တကယ်မိတ်ဆက်ပေးဖို့ မတောင်းဆိုပါနဲ့
        ဦးမရမ်းသီးက ရှာရွတ်ခန်မ်းကို လေထိုးပြီး ဆေးအမည်းသုတ်ထားတဲ့ ဥပဓိနဲ့ပါ

        :k:

    • ခင်ဇော်

      March 16, 2015 at 11:43 am

      အဲ။
      ဟုတ်တယ်။
      သော်က အစားအသောက် ဆင်ခြင်ဦးးး

      :a:

  • naywoon ni

    March 16, 2015 at 11:32 am

    အချိန်​အတွယ်​​တွေက တိတိကျကျ လုပ်​ပါဗျ ။ ဘယ်​့နဲ့ ” အနည်​းငယ်​” တို့ ” အ​နေ​တေ​ာ်​ ” တို့ဆိုတာက မတိကျဘူး ။ ပြီး​တော့ ဂ ရမ်​ ဆိုတာကလည်​း ကျုပ်​တို့နဲ့ ရင်​းနှီး တဲ့ အချိန်​အတွယ်​မဟုတ်​ပြန်​ဘူး ။ ​ဒေသန္တာရ အသုံးအနှုန်​း နဲ့ ပျံပြသင်​တယ်​ ။ အုပမာဗျာ ၅၀ဝဂရမ်​= ၃၀.၅ ကျပ်​သား တို့ ဘာတို့ ​ပေါ့ အဲ့သာမှ လူတိုင်​း နားလည်​မှာ​ပေါ့ ဂျ

    • ခင်ဇော်

      March 16, 2015 at 11:37 am

      ကွမ်းသီးတစ်လုံးစာ လျော့လျော့
      မန်ကျည်းစေ့ရဲ့ တစ်စိတ်ခန့်

      :kwi:

      ဥနိ လာမယ်လို့တော့ ထင်သားကလားး
      ကျနော်က ဘယ်တော့မှ ချိန်တွယ်မချက်ဘူးဗျ။
      အကြိုက်မတူတဲ့ အရသာတွေ အတွက် ကာဗာယူထားတယ်ပဲမှာပါလေ။

      :kwi:

  • ဦးကြောင်ကြီး

    March 16, 2015 at 12:07 pm

    ဖိုက်တင်းဘောကို မရမ်းသီးနဲ့ ပြုတ်ဆား.. ကောင်းအိ

    • ခင်ဇော်

      March 16, 2015 at 12:16 pm

      ဟာ။
      တော်ချက်။
      စိတ်အချဉ်ပေါက်လို့ မရမ်းသီးပို့(စ) တင်ရင်း ဖိုက်တင်းဘော အကြောင်း ပြောမလို့ စိတ်နာလို့ မပြောတော့ဘူးဆိုပြီးးး
      ခု စိတ်နာတယ်။
      ဖိုက်တင်းဘော စားတော့ဘူးးး

      :kwi:

  • Crystalline

    March 16, 2015 at 1:20 pm

    ၃ဝဂရမ်ဟုတ်ဘူး…… ၃၀ဝဂရမ်လောက်တော့ထည့်ပါဟယ်… သများက ပုဂျွန်ကြိုက်တယ်… 😀
    မရမ်းသီးအမှည့် ချိုချဉ်ဆို အရမ်းကြိုက်… မရမ်းသီးစိမ်းသုတ်တော့ အရင်တပတ်တင်ကတည်းက စားချင်နေတာ.. မသုတ်ဖြစ်သေး..
    မရမ်းခြောက်နဲ့ချက်တဲ့ မွန်ဟင်းတွေထဲ သများကြိုက်တာက.. ဝက်စင်းကောနဲ့ ငါးနှပ်ဟင်းချို… ကွန်ပူတာနဲ့ဝင်မှနည်းရေးပေးမယ်… :))

    • ခင်ဇော်

      March 16, 2015 at 1:23 pm

      အေးး
      ဟုတ်သားးး
      ခွီးခွီးးး
      သုည တစ်လုံးကျန်ခဲ့ပြီ
      thank you .
      :mrgreenn:

      လာရေးပေးနော်။
      ရာသီစာ မှီအောင်။
      :chit:

  • Shwe Ei

    March 16, 2015 at 1:27 pm

    -သများတောင် ဟိုနေ့က မရမ်းသီး အဝါရောင်တွေ ဝယ်ပီး
    -ငံပြာရည် ငြုတ်သီးမှုန့်နဲ့ နယ်စားပလိုက်တယ်..
    -ချဉ်မှချဉ် 🙂

    • ခင်ဇော်

      March 16, 2015 at 1:29 pm

      မရမ်းသီး အဝါ အမှည့်ကို မှောင်မှောင်သည်ဆီကပဲ စားဖူးတယ်။

      :sar:

  • မွသဲ ( 17082011 )

    March 16, 2015 at 1:29 pm

    မရမ်းသီးကမကြိုက်လို့ ကြုံမှစားဖြစ်တယ်။ တကူးတကတော့လုပ်မစားဖြစ်ဖူးရယ်။ ဒါပေသိ မရမ်းသီးငပိချက်အပေါ်ကပုံကကော စားရသလားဟင် သူကကောမရမ်းသီးပါလားဟင် :mrgreen:

    • ခင်ဇော်

      March 16, 2015 at 1:32 pm

      မနေ့ကမှ ဒီ ပို့(စ) အတွက် အမှီချက်တဲ့ ၂ ခွက်။
      အိမ်ကလူတွေ သွားကျိန်းနေဂျဘီ။
      ဟီးဟီး
      :mrgreenn:
      အဲ့ပုံ အပေါ်က ဘာပေါ်နေလဲ။
      သများဆီမှာ ပေါ်ဘူးး

      :k:

      • မွသဲ ( 17082011 )

        March 16, 2015 at 7:29 pm

        ဟုမညိ ဟိုပုံချိဒေါ့ဝူး 😥

  • ဦးကျောက်ခဲ

    March 16, 2015 at 1:41 pm

    မရမ်းသီးကို ဗိုက်စ်က အတော်ခံတွင်းတောင်းသော်လည်း ဒီမှာမရှိဘူး…
    မရမ်းပြားခြောက် ငပိစိမ်းစားနဲ့ချက်တဲ့ မွန်ဟင်းတွေလည်း ကောင်းမှကောင်း…
    ကျောက်စ်ကတော့ သွားကြိမ်းလို့ မရမ်းသီးသုပ် မကြိုက်… ခွိ
    :k:

    • ခင်ဇော်

      March 16, 2015 at 1:42 pm

      ချက်နည်းလေး တစ်နည်းလောက်။
      ခွိ။
      :k:

      • ဦးကျောက်ခဲ

        March 16, 2015 at 2:22 pm

        ဝက်သုံးထပ်သား ၃၀-သားလောက်ကို ရေစင်အောင်ဆေးပြီး အရွယ်တော်တုံးပါ ။ ချင်းနဲ့ စပါးလင်ကို ညက်နေအောင်ထောင်းထားပါ ။ ပြီးရင် ဝက်သားကို နနွင်း ၊ ဆား ၊ သကြားအနည်းငယ် ၊ ချင်းနဲ့ စပါးလင်ထောင်းတို့ကို ထည့်ပြီး နှံ့အောင် နယ်ပါ ။ ငရုတ်သီးအပွတောင့်ကို ကြက်သွန်ဖြူ ကြက်သွန်နီနဲ့ ရောထောင်းပါ ။ မရမ်းပြားခြောက် ၄-ခုလောက်ကို ရေစင်စင်ဆေးပြီး အသင့်ပြင်ထားပါ ။ ရယ်ဒီဖြစ်ရင် ထောင်းထားတဲ့ ငရုတ်သီး ကြက်သွန်တို့ကို မီးအနေတော်နဲ့ ဆီသတ်ပါ ။ အနံ့မွှေးလာရင် ငါးပိစိမ်းစား ဂေါ်လီလုံးလောက်ကို ရေနဲ့ဖျော်ထည့် ၊ အသားမှုန့်ထည့် ၊ နယ်ထားတဲ့ ဝက်သားနဲ့ မရမ်းပြားထည့်မွှေပြီး ၊ အဖုံးအုပ် လုံးချက်ချက်ပါ ။ ပထမတစ်ရေခမ်းပြီး ဆီပြန်မှ နူးအောင် နောက်ထပ်ရေထည့် ၊ အသားနူးရင် အရသာပြင်ပြီး ရှလွတ်စ်ပါ … ဒါဗြဲ ။ ကြိုက်တတ်ရင် အိုးချခါနီး ငရုပ်သီးစိမ်းတောင့်လေး အုပ်လိုက်… ဗဲထီးဂွဒ်
        :k:

        • pooch

          March 16, 2015 at 4:25 pm

          ဦးကျောက်ပြန်လာ ထမင်းဆိုင်ဖွင့်ပါ့လား ဆွိနဲ့ပေါင်းပြီး

          ဆွိရယ် အစဆုံးလည်း ဖတ်ပြီးရော တံတွေးတွေမြို ပြီး သွားတွေ ကျိန်းကျန်နေခဲ့တယ်
          အဲ့လို ရသမြောက်တာ :mrgreenn:

        • Kaung Kin Pyar

          March 18, 2015 at 4:34 pm

          ကော်ပီသွားပြီ အူးကျောက်စ်ရေ့…..
          ဒါနဲ့ ငါးပိစိမ်းစားကို မီးဖုတ်ဖို့ လိုသေးလားဟင်…..

        • ဦးကျောက်ခဲ

          March 18, 2015 at 6:18 pm

          မလိုဘူး ကင်းကြောင်ပြာ…
          ဒီအတိုင်း ရေဖျော်ပြီး ထည့်လိုက်ရုံတင်ပါပဲ…
          :k:

  • nozomi

    March 16, 2015 at 2:30 pm

    အကို့ မိန်းမ က အိပ်ချင်သည် လို့ ပြောမှာပေါ့

    အကိုက ခရီးရှည်က အခုမှ ပြန်ရောက်တာ ကိုးးးးး

    • ခင်ဇော်

      March 17, 2015 at 6:10 am

      ဒီ လူဂျီးးး ညှီဘီ
      မရမ်းးသီးးများးများး ထည့်ချက်ပစ်မှ….
      :k:

  • padonmar

    March 16, 2015 at 9:03 pm

    ဒီနေ့အိမ်မှာ ဝက်သားလိုင်းသား(အိမ်က အဆီမစား)ကို မရမ်းပြား/သရက်ပြားနဲ့ အစပ်ချက်တယ်။ဦးကျောက်စ်ချက်သလိုတော့ အဆာပလာ မစုံဘူး။
    မရမ်းသီးစိမ်းလေးတွေ ဈေးထဲမှာတွေ့ခဲ့တယ်။ တဆယ်သား 500 တဲ့။မရမ်းသီးထောင်းလုပ်စားမယ်။
    ငယ်ငယ်က အင်မတန်အားပြီး မရမ်းသီးတွေကပေါလွန်းတော့
    သကြားနဲ့ ယိုထိုးစားတယ်.
    မရမ်းသီးကို ထက်ခြမ်းခြမ်း၊အစေ့ထုတ်၊ထုံးရည်ကြည်တနာရီစိမ်(ကြွပ်ကြွပ်လေးနေအောင်လို့)
    သကြားကို ညောင်စေးကျအောင်ကျို ၊
    မရမ်းပြားထုံးရည်စိမ်ကို ရေစစ်ပြီးသကြားရည်ထဲထည့်။
    ပြီးရင် ပြန်ဆယ်။ကျဲသွားတဲ့ သကြားရည်ကိုပြန်ကျို။
    အဲသလို ပြုတ်လျှော ၃-၅ကြိမ် လုပ်ရင် မရမ်းယို ကြွပ်ကြွပ် အစိမ်းရောင်ရတယ်။
    သရက်ပြား/မရမ်းပြားခြောက်ကိုကျတော့ ထန်းလျက်ရည်နဲ့ ယိုထိုးတယ်။
    အဲဒါကျတော့ ပြန်ဆယ်စရာမလို။ ငရုပ်သီးမှုန့်၊မဆလာ၊နွယ်ချိုမှုန့်၊ဆားထည့် ။ဝတ္ထုတအုပ်ဘေးချပြီး စားလို့ကောင်းမှကောင်း။

    • ခင်ဇော်

      March 17, 2015 at 6:09 am

      ဟီးးးးဟီးးးဟီးးးး
      အာတီဒုံ ပြောတာ စဆုံးး ဖတ်ပြီးးး
      စားးချင်စိတ်က ထိန်းမရ..

      :n:

  • kai

    March 17, 2015 at 7:57 am

    ယူအက်စ်မှာကျ.. မရမ်းသီးရှာမရ..။
    ဝက်သားနဲ့များချက်ချင်ရင်လေ.. အိနိ္ဒယကလာတဲ့.. သရက်သီးသနပ်နဲ့ချက်လို့ရသဗျ..။
    ချက်နည်းကတော့.. ဦးကျောက်တုံးအတိုင်း..
    မရမ်းသီးနေရာ.. သရက်သီးသနပ်ထည့်..

    ဘာဖြစ်လာမလည်း..ကျုပ်လည်းမသိ..။ :k:

    • ဦးကျောက်ခဲ

      March 17, 2015 at 8:21 am

      မဆလာနံ့နဲ့ ဝက်သားကို ကြိုက်တတ်ရင် ရှယ်ပေါ့သဂျီးရယ်…
      ငပိစိမ်းစားမထည့်ပဲ သရက်သီးသနပ်အနှစ်ရယ် အဆာပလာတွေရယ်ကို…
      ဝက်သားနဲ့ ရောနယ်ပြီးလုံးချက် … ဆီပြန်ရင် သရက်သီးဖတ်လေးထည့်…
      အတော်စားကောင်းတယ် …
      သရက်သီးခြောက် ဇီးဖြူသီးခြောက် တွေနဲ့ချက်တဲ့…
      ဂန္တဝင် ဝက်သားဟင်းလေးချက်ဆိုတာရှိသေးတယ် ခင်ဗျ…
      ဟံသာဝတီ ဦးဝင်းတင်အတွက် လူထုဒေါ်အမာရဲ့ ထောင်ဝင်စာဟင်း…
      :k:

      • kai

        March 17, 2015 at 8:57 am

        မဆလာနဲ့ဝက်သား.. အဲဒီကုလား-တရုတ်ချစ်ကြည်ရေးအစာ.. မကြိုက်ပါဘူး…။
        သရက်သီးသနပ်ကိုရေးဆေးပြီး.. သရက်သီးအဖတ်ပဲထည့်တာလေ..။

        သွားလေဂန္တဝင်လူကြီးများရဲ့.. ဂန္တဝင်ဝက်သားဟင်းလေးချက်ကိုတော့.. တော်တော်စိတ်ဝင်စား..
        ဟိုးငယ်ငယ်ကိုရင်ဝတ်ကတည်းက.. ကပ္ပိယကြီး ဟင်းကျန်တွေအကုန်ပစ်ထည့်တဲ့.. ဟင်းလေးဟင်းကိုကြိုက်လိုက်တာ..
        အခုထိ..။
        ချဉ်ပေါင်းလေးများပါရင်လေ.. သေပျော်..။ :k:

        • ခင်ဇော်

          March 17, 2015 at 9:06 am

          အရသာက
          သရက်သီးခြောက် နဲ့ သနပ်နဲ့ ထည့်ချက်ရင် မတူဘူးရယ်။
          သနပ်နဲ့ချက်မှတော့ ရေဆေးမနေနဲ့။
          ဝက်သား ၃ ထပ်သားနဲ့ သရက်သီးသနပ်ချက် ပဲ ချက်လိုက်တော့လေ။
          သရက်သီးခြောက်ကတော့ လူကြုံနဲ့မှာရင် ရမယ်ထင်တယ်။

          :k:

      • ခင်ဇော်

        March 17, 2015 at 9:02 am

        အဲဒီ ဝက်သားဟင်းလေးချက်ကို ဖတ်ပဲ ဖတ်ဖူးပြီး မချက်ဖူး မစားဖူးဘူးဗျ။
        နန်းတွင်းချက်ထဲမှာလည်း နာမည်ကြီးတယ်ပြောတယ်။

        ဟင်းပေါင်းဟင်းကတော့ စားဖူးပါ့။
        ကျနော့ အဖေက ရွာမှာ ဘုန်းကြီးကျောင်းသား ဘဝတုန်းက ဟင်းပေါင်းဟင်းကို အတော်တမ်းတတတ်တာမို့
        ဟင်းတွေများပိုရင် အမြဲဟင်းပေါင်းဖြစ်တယ်။
        အဲဒီက အသားဖတ်သေးသေး ရှာစားရတာကို အတော်ရင်ခုန်ရတယ်ဗျ။

        :k:

  • Mike

    March 17, 2015 at 1:02 pm

    .နောက်ကျနေတာနဲ့ ခုမှလာညပီးသွားကြိမ်းရသဗျ
    .စားစရာတွေအားလုံး ကိုယ်သာမလုပ်ရလို့ကတော့ ကြိုက်ပီးသားပဲ :k:

    • ခင်ဇော်

      March 17, 2015 at 3:35 pm

      ဟိ။
      ကိုယ်မချက်ရတဲ့ ဟင်းက ပိုစားကောင်းတာတို့ ဘာတို့..

      :k:

  • Ma Ei

    March 17, 2015 at 2:59 pm

    စာဖတ်သူများကို သရေယိုအောင် လုပ်နေပါပီ..
    မရမ်းသီးဆို အစိမ်းစား၊ ယိုထိုးစား၊ ဆေးသကြားစိမ်စား၊ အခြောက်လှန်းစား၊
    သုပ်စား၊ တမျိုးမျိုးနဲ့ ချက်စား၊ ဘာကျန်သေးလဲ…
    အကုန်ကြိုက် အချဉ်ကြိုက် ဘာဆိုလားပဲ….
    🙂

    • ခင်ဇော်

      March 17, 2015 at 3:36 pm

      အချဉ်ထုတ်ထဲလဲ
      မရန်းပြား အစပ်ထုတ် အကြိုက်ဆုံးပဲ။

      🙂

  • black chaw

    March 17, 2015 at 4:23 pm

    ကိုနိုဇိုးမိ ကွန်းမန့်အတွက်
    ကြားထဲကတောင်းပန်ပါတယ် ခင်ချောဆွိရယ်…။
    :k:
    ဒီရက်ပိုင်း လုံးဝ မအားလို့ ရွာထဲမရောက်တဲ့ကြားက
    အခုလို အချိန်ပေးပြီး ဝင်တောင်းပန်သွားတာပါ။
    ပြီးတော့ မရမ်းသီးဆို
    လုံး……………..၀………………မကြိုက်…။
    :k:

    • ခင်ဇော်

      March 17, 2015 at 4:41 pm

      ကိုကိုနို ကို ခွင့်လွှတ်ပြီးးသားးးး
      မရမ်းးးသီးး မကြိုက်တဲ့ သူဂျီးးတော့ စိတ်ဆိုးးတယ်.
      :k:

  • တောင်ပေါ်သား

    March 17, 2015 at 4:30 pm

    ဒီညနေ ကြက်ဘူးသီး ကာလသားချက်နဲ့ မရမ်းသီးထောင်းချက်မှာ

    • ခင်ဇော်

      March 17, 2015 at 4:39 pm

      ကောင်းးလိုက်တဲ့ ဟင်းးစပ်လေးးး
      အာလူးးကြော်ထုတ်လေးးးပါဖောက်လိုက်..
      :sar:

  • အောင် မိုးသူ

    April 29, 2015 at 11:36 am

    မရမ်းသီးသုတ်ဆို မရမ်းသီးကို ပါးပါးလေးမှ ပါးပါးလေးလှီးရင် ပိုကောင်းတယ်ထင်။ မရီးသီးငါးပိထောင်းလည် ကောင်းတယ်။ မရမ်းသီးငါးပိချက်ကလည်း စားကောင်းတယ်။ မရန်းသီး ပုစွန်ဆိတ်ကြော်တော့ မစားဖူးသေးဘူး။

    • ခင်ဇော်

      April 29, 2015 at 2:03 pm

      စားကြည့် ကြည့်။
      အားဂျီး စားကောင်းတယ်။

      :sar:

Leave a Reply