လေးစားပါတယ်လေးစားပါတယ်

မီ မီMarch 14, 20151min23618

သေရဲလား ရဲဘော်
ကျောင်းသားဆိုတာ
ဘယ်တော့မှမသေဘူး
ရိုက်လိုက်စမ်းပါ
ဒဏ်ရာတွေမငဲ့ကွက်ဘူး
ခွတ်ဒေါင်း ရဲ့စိတ်ဓတ်
လူလဲရင်တောင် အလံမလဲဘူး
နှဖူးက အနီပတ်
ရာထူးရာခံအတွက်မဟုတ်ဘူး
အော်လိုက်စမ်းကွာ ညီလေး
ဟစ်ပြလိုက်စမ်း ညီမလေး
မင်းတို့တွေ သရုပ်ပြကောင်းမှ
တို့တွေ အထုတ်ကောင်းကောင်းရမှာ
ရော့ ရေသောက်
အာခြောက်နေရင် အသံမကျယ်ဘူးကွ
ခဏလေးနော် ငါလည်းရေဆာလို့
ဘီယာဆိုင် ဝင်လိုက်ဦးမယ်
ဆက်အော်ထားကွ အသံမတိတ်စေနဲ့
ဒါမှ နိုင်ငံတကာသိကြမှာ
သတင်းထောက်တွေလာရင် များများငို
ရဲ တွေလာရင် ဆဲလွှတ်လိုက် အမှန်တရားက မင်းတို့လက်ထဲမှာ
လူအခွင့်ရေးက မင်းတို့ရဲ့ပါဝါ
ဟဲ့ သောက်ပလုတ်တုတ်
တုတ်တွေနဲ့ ရိုက်ပဟ
ဟေ့ကောင်တွေနောက်မဆုတ်နဲ့
ခံထား ကျောင်းသားသွေးရဲတယ်
ငါ တော့အဖမ်းခံလို့မဖြစ်သေးဘူး
ခေါင်းဆောင်ဆိုတာ ရှင်သန်နေဖို့လိုတယ်ကွ
ငါပြေးပြီဟေ့
ကံကြုံရင်ပြန်ဆုံမယ်
နယူးယောက်က စောင့်နေမယ်
လေးစားပါတယ်ရှင်
လေးစားပါတယ်
ဘေးလွတ်ရာ သတိထားသွားနော်
ရှင်တို့ အကျိုးအမြတ်အတွက်
ကျောင်းသား ခေါင်းပြားအောင်ခံလိုက်ပါ့မယ်
ပညာရေးပြင်ဆင်ဖို့ထက်
ရန်ကုန်မှာနိုက်ကလပ်တက်ဖို့တွေး
လေးစားပါတယ် လေးစားပါတယ်
ဆရာတော်တွေမေတ္တာနဲ့တား
ဆက်မသွားကြပါနဲ့ဆိုလည်း
ခေါင်းခါမြဲ ခေါင်းခါဆဲ
လေးစားပါတယ် လေးစားပါတယ်
တောင်းဆိုတာလည်းလိုက်လျောပါတယ်
လွှတ်တော်ထဲ ပြောကြမယ်နော်
မတားနဲ့ ရန်ကုန်သွားမှာပဲ
လေးစားပါတယ် လေးစားပါတယ်
ခြေဥနဲ့ အမေစုအရေး
အလေးထားပြီး စဉ်းစားပါရှင်
ဘာမှရှင်းမပြနဲ့
ပညာရေးအတွက် ရန်ကုန်ချီတက်မယ်
လေးစားပါတယ် လေးစားပါတယ်
ဟိုရှေ့က ခြံစည်းရိုးခွထိုင်တွေ
အဘ ဘောမ,သာကူးမတွေ
နင်တို့ မဝန်းရံလို့ ကျောင်းသားအရိုက်ခံရတာ
နင်တို့ မအုံကြွလို့ ကျောင်းသားကိုဖမ်းရဲတာ
နင်တို့မှာ တာဝန်အပြည့်ရှိတယ်
ရှင် …… ဟုတ်လား
လေးစားပါတယ် လေးစားပါတယ်
နောက်တကြိမ် အုံကြွဖို့
ခေါင်းစဉ်မထပ်အောင်ရှာထားနော်
ထောက်ပံ့ငွေ ဒေါ်လာတထပ်နဲ့
ယပ်ခတ်နေသူ ခေါင်းရှောင်တို့ရယ်
လေးစားပါတယ် လေးစားပါတယ်
အရှက်ပြတ်သူအာဏာရှင်နဲ့
မရှက်တတ်သူ ခေါင်းရှောင်တို့ရေ
ထပ်ပြောချင်ပါတယ်
ရှက်တတ်ရင် နှစ်ခါသေလို့ရတယ် ။

18 comments

  • Wow

    March 14, 2015 at 8:43 am

    ကဲ… ကြောင်ကြောင် နှစ်ခါသေလိုက်တော့… ဒါနဲ့ ရတဲ့ဒေါ်လာလေးများလဲ ခွဲပေးအူးလေ :mrgreen:

    • မွသဲ ( 17082011 )

      March 14, 2015 at 9:41 am

      တရားသွားထိုင် တခါထိုင် တရာပေးမယ်ဆိုလား :mrgreen:

  • မွသဲ ( 17082011 )

    March 14, 2015 at 9:39 am

    အစွယ်လိုသူမိဖုရား ( နေရာမဖယ်လိုသူ အစိုးရ ) စေခိုင်းသူ မင်းတြား ( ညွှန်ကြားသူ ပြည်ပရောက် အစိုးရဆန့်ကျင်သူ ) တွေကြား အကောင်ထည်ဖော်ရသူမုဆိုး ( နားမလည်ပါးမလည် အမောင်ကျောင်းသား ) တို့ရဲ့တိုက်ပွဲမှာ နစ်နာသူကျွန်တော်မျိုးမတို့ပြည်သူတွေပါဘုရား

  • ခင်ဇော်

    March 14, 2015 at 11:17 am

    တဂျီးးရော
    ဥကြောင် ရော မီမီ လက်မှာ ၂ ခါ သေလို့ရပြီ

    :g:

  • ဦးကြောင်ကြီး

    March 14, 2015 at 11:29 am

    မွတ်မကများ ရာရာစစ…

    • တိမ်မည်း

      March 14, 2015 at 12:14 pm

      နိုင်ငံရေးမနိုင်တော့ ဘာသာရေးနဲ့ လှည့်တိုက်တယ်။ အစိုးမရနဲ့ တထေရာတည်းပဲ။

  • Wow

    March 14, 2015 at 11:30 am

    ခက်ထှာပဲ မီမီရယ်…
    ဟိုတစ်ယောက်နဲ့ တစ်ဂေါင်ဘက်က လိုက်ချင်လို့တော့မဟုတ်ဘူး… ဒါပေမဲ့ ၈၈အရေးအခင်းအပြီး နိုင်ငံခြားထွက်သွားသူတိုင်းက စစ်အစိုးရဒဏ်ကို အနည်းနဲ့အများခံစားဖူးသူတွေ စစ်တပ်ဘက်က သပ်လျှိုထဲ့ထားသူတွေကလွဲလို့ … အဲဒါလဲ ရေရှည်မှာ ဖုံးမရဘူး သိသာတယ်…
    ပြန်လာပီး ထမင်းရည်တဇွန်းကူသောက်မှ ချစ်ထှာလို့တော့လဲ တစ်ဘက်သက်ပြောမရဘူးလေ…
    လူတိုင်းကိုယ့်ဘဝနဲ့ကိုယ်ပေါ့…

    • ဦးကြောင်ကြီး

      March 14, 2015 at 11:38 am

      မွတ်မကို အဖက်သွားမလုပ်နဲ့.. တဝီဝီမြည်မှ ဘုန်းကြီးထင်တဲ့ဟာမျိုး… ရွံထှာ။

      • naywoon ni

        March 14, 2015 at 12:39 pm

        ဒါပဲ​လေဗျ ကို​ကြောင်​ဂျီးရ အစိုးရ လခစား ဝန်​ထမ်​း ဆိုတာ သူတို့​ခေါင်​းထဲ ရိုက်​သွင်​းခံ ထားရတာ လက်​ရှိ အစိုးရရဲ့ မူဝါဒ ​ပေါ်လစီ ။ လစာ တိုးမှာ​လေး ​မျှော်​ပြီး း အစိုးရဘက်​​တော်​သား လုပ်​​နေတာ ။ တစ်​ဆိတ်​ရှိ ကွန်​မြူ နစ်​ တစ်​ဆိတ်​ရှိ နိုင်​ငံ ခြား အ​ထောက်​အပံ့ ခံ ။ သမဒ ကြီး ကိုယ်​တိုင်​ နိုင်​ငံ တစ်​ကာလည်​ပြီး ပိုက်​ဆံ လိုက်​​ချေး​နေတာကို မမြင်​​ယောင်​ပြု သူများတစ်​ခုခုလုပ်​ရင်​ ဘယ်​က ​ထောက်​ပံ့ ထားလို့လဲ အမြင်​နဲ့ကြည်​့ ။ တစ်​ကယ်​​တော့ သူတို့တစ်​​တွေ သာ ပိုက်​ဆံ ရမှ လုပ်​တဲ့ ဝန်​ထမ်​း​တွေ ။

  • စည်​းနဲ့ ကမ်​းနဲ့ လစ်​ဘရယ်​ ​ယောကျာ်​း

    March 14, 2015 at 11:36 am

    အာလဖွားယီးဂို ဆန်​့ကျင်​ဂျ

  • တောင်ပေါ်သား

    March 14, 2015 at 12:55 pm

    ကြိုက်တယ်ဗျာ

  • kai

    March 14, 2015 at 1:55 pm

    သတ်ပစ်… သတ်ပစ်.. ကကြောင်ကြီးကို..သတ်ပစ်.။ :k:

    • pooch

      March 14, 2015 at 4:33 pm

      ရိုးရိုးကြောင်မှ မဟုတ်တာ ဖီးနစ်ကြောင်တဲ့ သတ်လည်း သေမှာမဟုတ်ဖူး
      မသေမရှင် ဖြစ်အောင် ထားမှ ရမှာ :loll:

  • Alinsett@Maung Thura

    March 14, 2015 at 3:52 pm

    ရဲဘော်မသေ။။။။ သေသော် ငရဲမလား။။။ တဲ့…
    .ကျောင်းသားမသေ။။။သေသော်ငရဲ မလား….လို့ မရှိဘူးး..
    ခွိ ခွိ …

  • black chaw

    March 14, 2015 at 5:19 pm

    ဦးကျော်ကြီး စတိုင် နဲ့ ပြောလိုက်မယ်…။
    သိဒယ်…
    သေမယ့်နှစ်အထိ ပြင်ဆင်ထားတယ်…။
    :mrgreen:

  • ငါနဲ့ဝါဒမတူက နင်ငအ ဆိုတဲ့ ကာလဖြစ်နေတာပေါ့
    ခက်တာက ဝါဒမတူတဲ့သူချင်း ဟိုဆွဲထည့် ဒီဆွဲထည့် ဟိုသမုတ် ဒီသမုတ် ငါ့ဟာမှလက်မခံ နင်ချီးထုပ် ဆိုတဲ့ လူမျိုးတွေကတော့ မိတ်ဆွေစစ် မိတ်ဆွေမှန်ဖြစ်လာမှာမဟုတ်

  • မြစပဲရိုး

    March 15, 2015 at 9:04 pm

    ရွာထဲ မယ် ဒီကြောင် ဆိုတာ ရှိမှ မတူတာ တွေ မြင်ရတာမို့ ဒင်း ရှင်နေပါစေ ဦး မီမီ ရယ်။
    မီမီ လဲ ရွာထဲ မကြာမကြာလာပြီး စိတ်ထဲ ရှိရာ အတွေး တွေ မျှပေးပါ။
    လက်ရှိ ဘဝ မှာ ပြင်ချင်တာ တွေ ကို ချပြပါ။
    ဒီလို အသံစုံ ကြားတော့ ပိုပြီး ကောင်းတာပေါ့။
    သက်ဆိုင်သူများ ထောင်နားစိုက် တတ်ခဲ့ရင်ပေါ့။
    မဟုတ်လား။

    ဒါထက်
    . ကြောင် ဆိုတာ မီမီ လို့ ခေါ်မှ လာတာ နော။
    jk စိတ်မဆိုးနဲ့။ :-)))

Leave a Reply