ဆီဖြစ်တော့မဲ့ နှမ်းစေ့များ……

Shwe EiMarch 14, 20153min33633

-ကျွန်မတို့ ရွာသူား တွေထဲမှာ ကျွန်မနဲ့ နီးစပ်တဲ့ မိတ်ဆွေအသိုင်းဝိုင်းထဲမှာ..တခါလောက်များ…ပဆံကြောင့် ကျောင်းထွက်ရတဲ့…ငွေရှာရတဲ့..ငယ်ဘဝကို -ဖြတ်သန်းဘူးသူရှိပါရဲ့လားလို့ သိချင်မိတယ်။

-ကိုယ့်အနေနဲ့ စဉ်းစားရမယ်ဆိုရင်တေ့ာ..အဲလို ဘဝမျိုး စိတ်နဲ့တောင် မတွေးရဲ..တွေးဖို့ အကြောင်းလဲ ပေါ်မလာအောင်..ဝိုင်းဝန်း ပံ့ပိုးပေးခဲ့တဲ့..
-မိဘဆွေမျိုးတွေလဲရှိတာကိုး။

-စားစရာမရှိရင် နေပစေ..စာတတ်ရမယ်ဆိုတဲ့ ခံယူချက်မျိုး ခေါင်းထဲဝင်အောင် ရိုက်သွင်းပေးနိုင်ခဲ့တဲ့..မိဘနှစ်ပါးရဲ့ ကျေးဇူး..ကြီးမားလှပါတယ်။

-ဒီအရွယ်ကျမှာ ကျေးဇူးသိတတ်နေလိုက်တာ..နဲနဲတောင် နောက်ကျနေပြီလား မသိပေမယ့်…တစ်လ တစ်လ ဒါဇင်ပလပ်စ်အလှူလုပ်ဖြစ်တိုင်း…အစိုးရကျောင်းဆိုတာ
-ဘယ်နေမှန်းမသိတဲ့ တောခေါင်ခေါင်မှာ … ဘက ကျောင်း အားကိုးနဲ့ စာသင်နေရတဲ့…ပညာတတ်ဖြစ်ဖို့ မရေရာတဲ့ အနာဂတ်ရဲ့ ပဲ့ကိုင်ရှင်လေးတွေကို မြင်တိုင်း..
-ငါ…ကျောင်းတက်နိုင်ခဲ့ပါလားဆိုတာမျိုးတွေးပီး သက်ပြင်းရှိုက်မိပါတယ်။

-ဘက ပညာရေးဟာ ပဆံမတတ်နိုင်တဲ့ ကျောင်းနေအရွယ် ခလေးမှန်သမျကို စာတတ်စေမယ်လို့ တထစ်ချ မပြောနိုင်ပေမဲ့..
-အနည်းဆုံးတော့..စားစရာမရှိသော်လည်း..ခလေးကို ငွေမရှာခိုင်းဘဲ စာတတ်စေချင်တဲ့ စေတနာ အပြည့်အဝရှိတဲ့ မိဘတွေ အတွက် အသက်ရှူပေါက်တစ်ခုပါဘဲ။

-လွန်ခဲ့တဲ့ ၂နှစ်ကျော်ကျော်..၂၀၁၂ ဩဂတ်စ်လရဲ့ မိုးရွာတဲ့ နေ့တစ်နေ့မှာ စတင်ခဲ့တဲ့ ..အလှူပွဲ သေးသေးလေးတစ်ခု…
-လူ ၁၂ယောက် အလှူငွေ ၁သိန်းကျပ် ရေစက်ချပွဲ တစ်ခု ပြီးသွားတဲ့ အချိန်မှာ .. နောက်ထပ် နောက်ထပ် အလှူပွဲပေါင်းများစွာ
-စုပေါင်းဆင်နွဲနိုင်ဖို့ မျော်လင့်ချက် ကိုယ်စီနဲ့ပေါ့။

-မျော်လင့်ချက်တွေ ခိုင်မြဲလွန်းတဲ့အခါ ယုံကြည်မှုဘက်ကို အသွင်ပြောင်းပြီး.. လက်တွေ့အကောင်ထည်ဖေါ်နိုင်ဖို့ထိ ဖြစ်လာတတ်ပါတယ်။
-ပြီးခဲ့တဲ့ ဆန်းဒေး ၈ရက် ၃လ ၂၀၁၅ မှာ ဒါဇင်ပလပ်စ်ရဲ့ အလှူမှတ်တမ်း..၃၂ကြိမ်တိုင်ခဲ့ပါပြီ။

    -ဒါဇင်ပလပ်စ်ရဲ့ ၂၈ ကြိမ်မြောက်အလှူ

ဆွမ်းစားချိန်

1

ကျောင်းစည်းကမ်း

3

အလှူငွေနဲ့စာရေးကိရိယာ

4

    -ဒါဇင်ပလပ်စ်ရဲ့ ၂၉ ကြိမ်မြောက် အလှူ

စာရေးကိရိယာ

1

မြတ်လေးရုံကျောင်း

2

အလှူငွေ

3

    -ဒါဇင်လပ်စ်ရဲ့ အကြိမ် ၃ဝမြောက် အလှူ<

    /ul>

    မိုးခေါင်အရပ်မှာ မိုးရွာပါစေ ။

    အဖွဲ့တော်သားများ

    2

    ကျောင်းသင်္ခန်း

    5

    ကျောင်းအဝင်

    3

      -ဒါဇင်ပလပ်စ်ရဲ့ ၃၁ ကြိမ်မြောက် အလှူ

    အခမဲ့ဆိုတိုင်း ကျောင်းမတက်နိုင်

    4

    အလှူရှင်များရဲ့ စေတနာ

    7

    စာသင်ကျောင်း

    9

      -ဒါဇင်ပလပ်စ်ရဲ့ ၃၂ ကြိမ်မြောက်အလှူ

    မင်ဂါပါ ဗျို့ ။ဒီလသွားလှူချင်တာ..
    မှန်ကင်းကျောင်းတိုက်တဲ့ ။
    မတ်လ .. (၈) ရက်နေ့
    ဆန်းဒေး မနက် (၈) နာရီလောက်
    လပ်ကီးဆဲဗင်းမှာဆုံပီး ၁ဝ နာရီအရောက်သွားပါ့မယ် ။
    ဒဂုံဆိပ်ကမ်း ၈၆ ရပ်ကွက်..
    ကျောင်းမှာနေ ကျောင်းသားငယ်ကြီး ၁၅ ခန့်
    ကိုရင်ငယ် ဦးဇင်း ၂ဝ ..
    စုပေါင်းလေးဆယ် ရှိပီး အောင်သိန်းထွန်း Aung Thein က ကလေးရက် ၁၀ဝ ပြည့်အတွက်နေ့ဆွမ်းကပ်ပါမယ် ။
    ဒါဇင်ပလပ်စ်လည်း အကျွေးမွေးခံ စာရင်းထဲ ပါတာမို့ ကျောင်းကိုလူစာရင်းပေးဖို့အတွက် ကွန်မန့်နဲ့ စာရင်းတို့ပေးကြပါ လို့

    -လစဉ်လတိုင်း..အလှူငွေ ၃သိန်းကျော် နဲ့ စာရေးကိရိယာ ၁သိန်းဖိုးလှူဖြစ်နေပါတယ်။
    -စာရေးကိရိယာဝယ်တဲ့ တာဝန်ကို ကိုပိုင်စိုးကျော် လက်လွှဲယူထားတာကြာပါပြီ။
    -ကျောင်းရှာတာ..စုံစမ်းမေးမြန်းတာ..လူကိုယ်တိုင် သွားကြည့်တာမှ အစ အလှူနေ့ရောက်တိုင်း မနက်စာ တာဝန်ယူတာ..
    -ကားအဆင်သင့်ဖြစ်အောင် စီစဉ်ထားတာ..လိုက်ပါသူတွေ အကုန်လုံးကို အိမ်တိုင်ရာယောက် လိုက်ပို့ပေးတာ အဆုံး…
    -မငြီးမငြူ တာဝန်ယူပေးနေကြတဲ့…ကိုမတ် ကိုပီချို ကိုဖက် မနို အိုဘားမား မမအုံ ကိုအောင်သိန်းထွန်း…တစ်ခါတစ်လေ ကိုရဲစည် ..အပါအဝင်..
    -အဖွဲ့ဝင် အားလုံးကို ကျေးဇူး အထူးတင်ပါတယ်။

    -ဒါဇင်ပလပ်စ်မှာ အလှူငွေတိုးအောင် အဆက်အသွယ်ရှာပေးတဲ့ သဂျီးမင်းကိုလဲ ကျေးဇူးအထူးပါ။
    -တရုတ်အမျိုးသား အသင်းတွေ့ဆုံပွဲမှာ ရလိုက်တဲ့ ဒေါ်လာ ၁ထောင်ကျော်ကို လစဉ် လတိုင်း ငါးသောင်း ထည့်လှူနေတာ အခုဆိုရင်..
    -သိပ်တောင် မကျန်တော့ဘူး 🙂

    – ဆီဖြစ်တော့မဲ့ နှမ်းစေ့လေးတွေ အောင်အောင်မြင်မြင်ရှင်သန်နိုင်ဖို့…တတ်အားသမျှ ဝိုင်းဝန်းကူညီကြတဲ့ ရွာသူားတွေကိုလဲ ကျေးဇူးအထူး အထူး တင်ပါတယ်။

    -မန်းဂဇက်ကျေးဇူးနဲ့ စုစည်းမိကြတဲ့ ဒါဇင်ပလပ်စ်ပညာရေးကူညီမှုအဖွဲ့လေး..အမြဲထာဝရ လက်တွဲညီညီ ရှေ့ဆက်နိုင်ဖို့ ကြိုးစားနေပါတယ်ဗျျာ။

    -လေးစားစွာဖြင့်
    -Shwe Ei

33 comments

  • Alinsett@Maung Thura

    March 14, 2015 at 5:00 pm

    .မေး = ပဆံကြောင့် ကျောင်းထွက်ရတဲ့…ငွေရှာရတဲ့..ငယ်ဘဝကို -ဖြတ်သန်းဘူးသူရှိပါရဲ့လားလို့ သိချင်မိတယ်။..

    .ဖြေ = ရှိပါ့ ။

    ———–

    .ကျောင်းမထားနိုင်တော့ဘူးဆိုတဲ့ အဖေအမေရဲ့ စကားသံရဲ့ နောက်မှာ…
    ရင်ထဲ..ဆို့နင့် ကြေကွဲ…
    ပညာတတ်ကြီး ဖြစ်ချင်တာ… ဆရာဝန်ကြီး ဖြစ်ချင်တာ..ဆိုတဲ့ မျှော်လင့်ချက်က…ပျက်စီး…

    .ကျောင်းမသွားရတော့တဲ့ နောက်နေ့တွေမှာ…
    စာတွေနဲ့ ဝေးရတော့မယ်ဆိုတဲ့ သွေးရူးသွေးတန်းစိတ်နဲ့…
    .အကြော်ထုတ်တဲ့ သတင်းစာစက္ကူက အစ…အလွတ်မပေးတော့ပဲ…
    .ပြင်ပစာတွေကို လိုက်ဖတ်နေခဲ့ဖူးတဲ့…
    ချာတိတ်တစ်ယောက် ရှိတယ်…

    😥

    • Shwe Ei

      March 15, 2015 at 6:16 pm

      -အလင်းဆက်ရေ..အခု ရှင်ပြောတဲ့ ချာတိတ်ဘာဖြစ်သွားပြီလဲ ???
      -တကယ်ဘဲ ကျောင်းထွက်ပြီး ငွေရှာခဲ့ရတယ်ဆိုရင်တော့ စိတ်မကောင်းပါဘူး…
      -သူဖြစ်ချင်တဲ့ ပညာတတ်ကြီး ဖြစ်ဖို့ အခွင့်အလမ်းရပါစေလို့ဘဲ ဆုတောင်းပေးချင်ပါတယ်။

      • Alinsett@Maung Thura

        March 16, 2015 at 12:54 am

        အဲ့ ချာတိတ်လေးလား
        အခု ဒီရွာထဲ ရောက်နေတယ်
        အဲ အဲ ဒီပိုစ့်ထဲတောင် ရောက်နေတယ်

        :buu:

  • black chaw

    March 14, 2015 at 5:25 pm

    ရွှေအိရေ…။
    ဝမ်းမြောက်ဝမ်းသာ သာဓု ခေါ်လိုက်ပါတယ်…။
    သာဓု…သာဓု…သာဓု ပါဗျာ…။
    ဒါဇင်ပလပ်စ် နှစ်ပေါင်း ရာချီ တိုင်ပါစေလို့လည်း
    ဆုတောင်းပေးလိုက်ပါကြောင်း…။
    ချစ်ခင်လေးစားတဲ့
    ဦးဘလက်…။

    • Shwe Ei

      March 15, 2015 at 6:19 pm

      -ဟုတ်ကဲ့..အူးလေး…တောင်းပေးတဲ့ဆု ပြည့်ချင်ပါသီ ခညာ 🙂

  • မွသဲ ( 17082011 )

    March 14, 2015 at 5:33 pm

    ဒါဇင်ပလပ်စ်အဓွန့်ရှည်လို့ ဆထက်တံပိုးတိုးလို့လှုနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်

    • Shwe Ei

      March 15, 2015 at 6:22 pm

      -မွသဲ ရေ ဆထက်တံပိုး လှူချင်လို့…အလှူရှင်အသစ်ထပ်ရှာဖို့ ကြိုးစားနေတယ် ခည 🙂

  • Wow

    March 14, 2015 at 8:11 pm

    ဒါဇင်ပလပ်အဖွဲ့တွေရဲ့ ဇွဲသတ္တိကိုတော့ လေးစားပါတယ်
    ကွကိုယ်က ဘယ်တုံးကမှ အဖြစ်မရှိခဲ့တော့လေ…

    • Shwe Ei

      March 15, 2015 at 6:24 pm

      -မမဝေါင်းး..အနော်တို့ ရွာသူားတွေ ပရဟိတဘက်မှာ..အားသန်ကြတာ..မျက်မြင်မို့..
      -ကွကိုယ် အဖြစ်မရှိဝူးလို့ မတွေးလိုက်ပါနဲ့ဗျာ..

  • padonmar

    March 14, 2015 at 9:24 pm

    သာဓုပါ ရွှေအိနဲ့ ဒါဇင်ပလပ်စ်တွေရေ။

    • Shwe Ei

      March 15, 2015 at 6:27 pm

      -အန်တီ ဒုံလဲ ဆထက်တံပိုး လှူနိုင်ပါစေ..

  • naywoon ni

    March 15, 2015 at 12:48 am

    ဘက ​ကျောင်​းနဲ့ ပါတ်​သက်​လို့ ​ရေးစရာရှိ​သေး ။။ fb မှာ ကိုကြီးမှိုင်​း​ရေးထားတာ​တွေ့ရဲ့ ​နေဝန်​းနီ နဲ့ သ​ဘောထားချင်​းတူရဲ့ ။ ​ဂေဇက်​မှာ တင်​ခိုင်​းတာ မအားလို့လား မသိ တင်​တာမ​တွေ့မိ​သေး ။ ဘာပဲ ဖြစ်​ဖြစ်​ သစ်​မရခင်​စပ်​ကြား​တော့ ဝါး ​ပေါင်​းကွပ်​​ပေးတာက မင်္ဂလာ တစ်​ပါးပါပဲ ။

    • Shwe Ei

      March 15, 2015 at 6:34 pm

      -အဘနီရေ…အခုနောက်ပို်င်း ဘက ကျောင်းတွေနဲ့ပတ်သတ်တဲ့ အငြင်းပွားစရာတွေ..
      -များလာတာ သတိထားမိပါတယ်..ဒါပေမဲ့ လက်တွေ့မှာ..ငြင်းတာဟာ…စကားတွေ -အများကြီး ပြောနေရုံအပြင် …စာမတတ်တဲ့ ခလေးပိုများလာရုံအပြင်
      -ဘာအထောက်အကူမှဖြစ်မလာပါဘူး…
      -.တကယ်လိုအပ်နေတာက တစ်နိုင်ငံလုံးမှာ အစိုးရကျောင်းတွေ အလုံအလောက်ရှိနေဖို့လို့ ထင်တယ်ဗျ

  • ဦးကြောင်ကြီး

    March 15, 2015 at 1:57 am

    ပေါပီးဓါးနော်… ကြောင့်ဆီဂ အလှူ ငွေလိုခြင် ဗာလုပ်ရမဲစိုဒါ။ ထက်မီပေါလော့

    • Shwe Ei

      March 15, 2015 at 6:37 pm

      -အူးကြောင်သာ လစဉ်လတိုင်း ဒေါ်လှ ၁၀ဝ လှူမယ်ဆိုရင် ဒါဇင်ပလပ်စ်က လူ ဗြို ဂျီး တွေ အားလုံး -အူးကြောင်အတွက်ဘဲလို့ မှတ်လိုက်ပါ 😛

      • ခင်ဇော်

        March 16, 2015 at 12:38 pm

        သာဓု သာဓု သာဓု

        :kwi:

  • kai

    March 15, 2015 at 4:16 am

    -ဘက ပညာရေးဟာ ပဆံမတတ်နိုင်တဲ့ ကျောင်းနေအရွယ် ခလေးမှန်သမျကို စာတတ်စေမယ်လို့ တထစ်ချ မပြောနိုင်ပေမဲ့..
    -အနည်းဆုံးတော့..စားစရာမရှိသော်လည်း..ခလေးကို ငွေမရှာခိုင်းဘဲ စာတတ်စေချင်တဲ့ စေတနာ အပြည့်အဝရှိတဲ့ မိဘတွေ အတွက် အသက်ရှူပေါက်တစ်ခုပါဘဲ။

    ဘက ပညာရေးဟာ .. လက်ပူတိုက်ပညာရေးဖြစ်ပြီး.. မှားတယ်လို့ သမိုင်းကပြောပြခဲ့တယ်..။
    ကလေးငယ်တွေပညာရေးဆိုတာ.. လက်ပူတိုက်ရန်အခွင့်မရှိ..။ စမ်းသပ်ခံများမဖြစ်သင့်..။
    အစိုးရဆိုတာကြီးရဲ့အဓိက(အဓိက) တဝန်ယူရမယ့်အလုပ်ကို.. ဘာသာရေးဝန်ထမ်းတွေကို လုပ်စေ(စေ)ရင်.. လူထုအလှူငွေတွေနဲ့ရပ်တည်စေရင် တိုင်းပြည်အနာဂါတ်ပျောက်ရုံသာရှိပေမပေါ့..။

    ဘုန်းကြီးများကိုလည်း.. လောကုတ္တရာအလုပ်ကထွက်ပြီး.. စသင်ကျောင်းအုပ်ချုပ်ရေးတွေမှာ ဝန်မထမ်းစေသင့်..။
    ဝိနည်းနှင့်လည်း မညီ..။

    အနာဂတ်က ထပ်ပြောပြလိမ့်မယ်..။ စောင့်သာကြည့်ကြပေတော့…။

    • မြစပဲရိုး

      March 15, 2015 at 5:26 am

      ပထမ ဆုံး သူကြီး ကို မြှောက်ချင်တာ က
      {ဒါဇင်ပလပ်စ်မှာ အလှူငွေတိုးအောင် အဆက်အသွယ်ရှာပေးတဲ့ သဂျီးမင်းကိုလဲ ကျေးဇူးအထူးပါ။}
      ဒီ ကလေး အဖွဲ့ က သူ မကြိုက် တဲ့ နေရာ မှာ လှူ မယ် ဆိုတာ သိရက် နဲ့ ဒီလို ကူညီ ပေးခဲ့တာ ကိုပါ။
      ဒါဟာ ပရို စိတ်ဓာတ်ပါ။
      ကိုယ်မကြိုက်တာ ကို လုပ်ပေးသင့်တာ နဲ့ ရောချပြီး ရှောင် မသွားဘူး။
      ပြန် ပုတ်ချ ဖို့ အကြောင်း ကတော့
      ဒီ အစိုးရ က ဒါမျိုး တွေ မလုပ် လို့ ကြား က မနေနိုင်သူ တွေ က လုပ်ပေးနေရတာလေ မဟာသူကြီးမင်းကြီး ရဲ့။
      အရင်က ဒီလို ကလေး တွေ အတွက် လူမှုဖူလုံရေးဌာန တွေ ရှိတယ်။
      နောက်ပိုင်း အားလုံးပျောက်ကုန်ရော။
      ဘဏ္ဍာတွေ တွေ က မျှဝေ စား ဖို့ တောင် မလောက် တော့ အခု ဆို သူတို့ ဆီမှာ တောင် ပြည်သူ တွေ ခမျာ အကြွေးတင်လို့။
      တရားခံ အစစ် ကို မမြင်ဘဲ မဆိုင်တာ တွေ ကို မဲ နေ တော့ ဖယ်ရမဲ့ တရားခံ မှာ တွေမှာ အပြစ် တွေ က ပျောက်ကုန် ပေါ့ကုန် ရော။
      ဒီ ဘဏ္ဍာသူခိုး တွေ ကို အရင်ဖြုတ်ပေး။
      ပညာရေး ကို တိုးတက် အောင် ကြိုးစားပြလို့ ရတယ်။
      တကယ်တော့ မြန်မာ တွေ မညံ့ဘူး။

      • kai

        March 15, 2015 at 5:35 am

        အခုကျောင်းသားတွေက.. ဘကပညာရေးဖျက်ပေးဖို့တောင်းထားတယ်လေ…။
        တပြိုင်ထဲ.. ပညာရေးအတွက်ဘက်ဂျက်လည်း ၂၀%တောင်းထားပါတယ်..။

        ဒါပေမယ့်စစ်ရေးက.. ၃၀%မကသုံးနေ(ရ)တော့ကာ.. မလွယ်…။
        တကယ်တော့…
        စိန့်ပြည်ကို .. မူးယစ်ဆေးတွေရောင်းသမို့.. မြန်မာပြည်ကငွေတွေရ..။
        အဲဒီငွေတွေကို.. ပြန်ယူဖို့ရာမှာ.. စိန့်ပြည်ဖက်ကလည်း.. စစ်မီးမွှေးပြီး.လက်နက်.. စစ်တပ်နဲ့တိုင်းရင်းသား.. ဟိုဖက်ဒီဖက်အိုးမည်းသုပ်ခွပ်ခိုင်းပြီး.. ရောင်းပေးဖို့ကလွဲလို့.. ရွေးစရာလမ်းမရှိ…။

        ဒီသံသရာ(စက်ဝိုင်း) ကိုစ,ဖြတ်ရမှာက.. အသိသညာပြည့်ဝနားလည်တဲ့.. လူထုက…
        တကယ်တော့… ကလေးတန်းပညာရေးက…။
        ဘိ်ုးတော်ဘုရားလေးဖက်ထောက်က.. သင်ကြားပုံစနစ်အတိုင်းဆက်သွားနေကြလို့ကတော့.. မရရေးချ..မရ..။

        • မြစပဲရိုး

          March 15, 2015 at 5:41 am

          ဘကပညာရေးဖျက်ပေးဖို့ တောင်း တယ်။
          မပေးနိုင်ရင် တစ်ခြားကျောင်းတွေ ပါ ဖွင့် ပေးရမယ်လို့ အကွက်တွေ ပလန်တွေများ ချထားသေးလား။
          ဒီအချိန်မှာ စနစ်ကြောင့် တိုင်းပြည်ပျက် နေတာ မဟုတ်ဘူးလို့ လက်ခံ ရင် လူတွေ ကို ပြောင်းဖို့ လုပ်လေ။
          လောလောဆယ် သမ္မတ က ဘုန်းကြီး မဟုတ်ဘူး။
          သူ ကာကွယ်ပေးနေတာက သူ့လူ တွေ ကို။
          လူ တွေ ကို အရင်ပြောင်းဖို့ မစဉ်းစားဘဲ အဲဒီမှာ အာရုံမစိုက်ဘဲ စနစ် တစ်ခု ကို ကျော်ပြီး ပြောင်းဖို့ လုပ်လဲ အားလုံး က ယာယီ ဟန်ပြ ရွှေရေစိမ် ဘဲ ရမယ်။
          နှစ်တစ်ထောင် သာမှတ်။

        • မြစပဲရိုး

          March 15, 2015 at 5:59 am

          အနောက်တိုင်းတွေ မှာလဲ ပညာရေးစနစ် က အပြစ်ပြောစရာ မရှိအောင် ကောင်း နေတာ မဟုတ်မှန်းလဲ သူကြီးမင်း အသိဘဲ။
          ဒီနိုင်ငံ တွေ မှာ ကျောင်းသားတိုင်း မိုးပျံတော် တဲ့ ပညာရှင် မဖြစ်ဘူး။
          ပညာရေး ကို တစ်ဝက်တစ်ပျက် နဲ့ ထားခဲ့သူ တွေ များလာပြီ။
          မူလတန်း အပြီးမှာ အခြေခံ အပေါင်းအနှုတ် ကိုတောင် မရ တဲ့ ကလေး တွေများလာနေပြီ။
          ဒီမှာတော့ သူတို့ ပညာရေးစနစ်ကြီး ကို ပြန်သုံးသပ်နေကြပြီ။
          တကယ်တော့ ကျောင်းသား တစ်ယောက် တော်ဖို့ ဆိုတာ သူကိုယ်တိုင်မှာရော၊ မိဘ၊ ဆရာမှာရော၊ အစိုးရမှာ ရော တာဝန်ရှိတယ်။
          ယူကေ မှာ အစိုးရ က တာဝန်ယူ တယ်ထား၊ တာဝန်မကျေ တဲ့ ဆရာတွေ နဲ့ မိဘ တွေကြား ကလေး တွေ ပျက် နေတာ အမြင်ဘဲ။
          ဒီတော့ ပြင်မည် ဆိုရင် လူတွေ နဲ့ သူတို့ ရဲ့ တာဝန်ယူချင်တဲ့ စိတ်ဓာတ် အတွေးအခေါ် တွေ ကို ရအောင် စပြီး ပြင်ရမှာ။
          ပညာရေး အတွက် ဒီက မိဘ တစ်ယောတ် အနေနဲ့ ရော ကိုယ်တိုင် ကျောင်းသူ အတွေ့အကြုံ တွေ အရဆိုရင် တစ်ချို့နေရာ တွေမှာ မြန်မာပြည် က ကြက်တူရွေး နှုတ်တိုက် ကျက်တတ်တာဟာ သူများ ထက် တစ်ပန်းသာ တာ တွေ့ရတယ်။
          အဲဒါ ကို သူတို့ နည်း ထဲ ထည့်လိုက်ရင် အင်မတန် ကောင်းတာ။
          ဒီမှာလဲ တစ်ချို့ နှုတ်တိုက် ကျက်ခိုင်တာ ရှိတယ်။
          ကလေး တွေ က မလုပ် တော့ ဂဏန်း အလီ စိတ်တွက် လိုမျိုး ဆို သူတို့ မှာ ခွေးအလှည်းနင်း ဖြစ်ရော။
          ဒါကြောင့် နားလည် သူ နိုင်ငံတကာ ပရို များ ရဲ့ အကြံပြုချက် ကို အသေအချာ နားထောင်ပြီး မှ ကိုယ်နဲ့ သင့်တော်ရာ ကို ပြောင်းသင့်တယ်။
          အခုတော့ ဘာမှန်း ညာမှန်း မသိ။
          ရမ်းတီး ရန်းအော် နေကြတော့တာဘဲ။
          ဒီနေ့ ခေတ်မှာ ကိုယ်ခိုးချမဲ့ သူများ စနစ် တွေ မှာ ဘာတွေ အားနည်းပြီး ချို့ယွင်းချက် တွေ ရှိနေတယ် ဆိုတာ နားမလည်ဘဲ မျက်ကန်း နားကန်း နဲ့ ဖြစ်နေတာ သိကြဖို့ကောင်းတယ်။

          ဒီတော့ လောလောဆယ် အဲဒီ ဘက ကျောင်း ကိစ္စ ကိုရှေ့မတင်ကြပါ နဲ့။
          နောက်ပိုင်း တိုင်းပြည် ကောင်း လာရင် အဲဒါ သူ့ အလိုလို ပျောက်သွားပါလိမ့်မယ်။
          အဲဒီ အချိန်ကျ ဘုန်းကြီး တွေ ဆိုတာလဲ ဘုန်းကြီး အလုပ် ကို တကယ် လုပ်မဲ့ ဘုန်းကြီး ဘဲ ဖြစ်စေ ရဖို့ ကောင်းသပေါ့။

        • Shwe Ei

          March 15, 2015 at 6:55 pm

          -သဂျီးမင်းရဲ့..ဘက ပညာရေးဆိုတာ ဘုန်းကြီးစာသင်တာမှုတ်ပါဘူး…အစိုးရက -ချပေးထားတဲ့ သင်ရိုးညွှန်းတမ်း အတိုင်း ဆရာမတွေကို လခပေးထားပြီး သင်တာပါ။
          -ဘက ကျောင်းမှာ စာသင်တဲ့ ဆရာမ…လခ ဘလောက်ရလဲသိလား….တလကို -တသိန်းနဲ့ -ဆန် (၈) ပြည်ရတယ်ခည..
          -အစိုးရက သတ်မှတ်ပေးတဲ့ လခ ဘလောက်ထင်လဲ…၄သောင်းထဲဗျ..
          ..ဘုန်းကြီးတွေ ခမျာ..သူတို့ရတဲ့အလှူငွေတွေနဲ့ -စာသင်ကျောင်းဆောက်ရ..ဆရာ.ဆရာမ -ငှားရနဲ့ ကုန်ကျစရိတ်မသေးလှပါဘူး..
          -ပြီးတော့ မူလတန်းအထိသင်ပေးနေတဲ့ ဘက ကျောင်းက..သူ့ကျောင်းက ခလေးတွေ -မူလတန်းပြီးသွားရုံနဲ့..ရပ်မသွားအောင်လို့..အလယ်တန်း -ဘယ်မှာဆက်ထားရမယ်…အထက်တန်း ဘယ်မှာဆက်ထားရမယ်ဆိုတဲ့…အစီအစဉ် -ရှိပြီးသားပါ..
          -ဒီလိုနည်းနဲ့ ဘွဲ့ရပြီး..ကိုယ်တက်ခဲ့တဲ့ ဘက ကျောင်းမှာ စာပြန်သင်ပေးနေတဲ့ -ဆရာလေးတွေ ဆရာမလေးတွေ တောင် မနည်းပါဘူး
          -ဘက ကျောင်းကခလေးတွေ ဆရာဝန် မဖြစ်နိုင်ဘူး…အင်ဂျင်နီယာ -မဖြစ်နိုင်ဘူးလို့တော့ မထင်လိုက်ပါနဲ့..
          -အစိုးရကျောင်းတွေ..အရည်အသွေးနိမ့်နေသရွေ့..ဘက ကျောင်းတွေ ဆက်ရှိနေဖို့ -လိုပါလိမ့်မယ်…
          -ဒီလ သွားလှူခဲ့တဲ့ မှန်ကင်းကျောင်းဆိုရင်…သာကေတမှာ ကျောင်းသား ၁၆၀ဝရှိတဲ့ -အထက်တန်းကျောင်းတစ်ခု ဖွင့်ထားနိုင်ပြီ..
          -ဒဂုံဆိပ်ကမ်းကျောင်းခွဲက ခလေးတွေ..စာသင်ဖို့ အခက်အခဲနည်းနည်းရှိလို့…
          -ဖယ်ရီ အကြိုအပို့နဲ့ သာကေတမှာ စာသွားသင်နိုင်ဖို့တောင် စီစဉ်ပေးထားသေးတယ်
          -ဘက ကျောင်းတွေမှာ တွေ့ရတာ…ဘယ်လိုနေရာက ခလေးတွေ များမယ်ထင်သလဲ..
          -စစ်ပြေးဒုတ်ခသည်တွေ .. ရွာပျောက်သွားတဲ့ခလေးတွေ…မိဘတွေက ဆင်းရဲလွန်းလို့..
          -ကို့ခလေး စာတတ်စေချင်တဲ့ -စိတ်တစ်ခုနဲ့…အဝေးကိုပို့လိုက်လို့..ရောက်လာတဲ့..တိုင်းရင်းသားခလေးတွေ -ပိုများတယ်ဗျ.. (တချို့ဆို မြန်မာစကား နားမလည် မပြောတတ်)
          -ဆိုတော့…ဘက ပညာရေး ပျောက်စေချင်တယ် ဆိုရင်တောင် …အခုမဟုတ်သေးဝူး…သဂျီးရေ..အချိန် နည်းနည်း ဒါမှမဟုတ် များများ လိုအုံးမယ် 🙂

    • Ko chogyi

      March 16, 2015 at 2:20 am

      အဓိက ပြသနာက ပညာရေးစနစ်မဟုတ်ပါဘူး
      ဘကကျောင်းလည်း လက်ရှိပညာရေးစနစ်အတိုင်းသင်တာပါပဲ
      အစိုးရကျောင်းမတက်နိုင် မတက်ချင်တဲ့ ကလေးတွေကို ပညာတတ်စေချင်လို့
      ပုံစံတစ်မျိုးနဲ့ ကျောင်းဖွင့်ရတာပါ
      ပြောချင်တာကတော့
      လိုအပ်နေတဲ့သူတွေကို၊ ချို့တဲ့သူတွေကို ကိုယ်လက်လှမ်းမှီသလောက် တတ်နိုင်သလောက်
      ဖြည့်ဆည်းပေးတဲ့သဘောပါ ဘကကျောင်းမှ မဟုတ်ပါဘူး
      ဘကကျောင်းတွေမရှိတော့ဘူးဆိုရင်တောင် ပညာရေးအတွက် အခက်အခဲရှိသူတွေကို
      ဆက်ပြီးကူညီထောက်ပံ့နိုင်ဖို့ ရည်မှန်းပါတယ်
      ပါဝင်ကူညီကြစေဖို့ ကူညီမည့်သူများကို တိုက်တွန်းနိုးဆော်ပေးဖို့ မျှော်လင့်ပါတယ်

  • မြစပဲရိုး

    March 15, 2015 at 5:35 am

    အဲ့ ဂွစာ နဲ့အရင် ရန်ဖြစ်နေရလို့ ကလေး များ ကို အခုမှ သာဓုခေါ်ရမယ်။
    ၃၂ ကြိမ်တောင် ရှိသွားပြီ။
    စည်းစည်းလုံးလုံး နဲ့ ညီညီညာညာ ဇွဲ နဲ့ လုပ်နိုင်ကြတာ ကို တကယ်ဘဲ ချီးကျူးပါတယ်။
    သာဓု၊ သာဓု၊ သာဓု ပါ။
    ဒီထက်ပိုပြီး ကောင်းရာအလုပ်များ ကို ပိုပိုပြီး လုပ်နိုင်ကြပါစေ။
    အဲဒီလို လုပ်နိုင်ဖို့ အတွက် လုပ်ပေးတဲ့ သူ တွေမှာလဲ လုတ်ပေးနိုင်တဲ့ အင်အားများ အောင်မြင်မှုများ ပိုပိုပြီး ရလာနိုင်ပါစေ။

    ဒါထက်
    အဲ့ နှမ်း တွေ ကို ဘယ်တော့ ဆီကြိတ်မှာလဲ။
    ဘာနဲ့ ကြိတ်မှာတုန်း။ :))

    • Shwe Ei

      March 15, 2015 at 7:04 pm

      -အရီးရေ..အပေါ်မှာ သဂျီးကို ပြောထားသလိုဘဲ..
      -မူလတန်းခလေး အယောက်၁၀ဝထဲကမှ အလယ်တန်းကို ၃ဝရာခိုင်နှုန်းလောက်ရောက်..
      -အထက်တန်းအောင်တော့ ၂ဝ ရာခိုင်နှုန်းလောက်ကျန်..
      -ဘွဲ့ရတာက ဆယ်ရာခိုင်နှုန်းလောက်ဆိုရင်တော့…နှမ်းစေ့လေးတွေ ဆီဖြစ်ပြီ ထင်ပါရဲ့..
      -အဲဒီအတွက် ခလေးငယ်တွေရဲ့ ပညာရေးနဲ့ ပတ်သတ်လို့ တိုးတက်စေချင်တဲ့ စေတနာရှိတဲ့ မည်သူမဆို…
      -နှမ်းစေ့လေးတွေ ဆီဖြစ်အောင်ကျိတ်ဖို့…ကူညီနိုင်ပါတယ်လို့ 🙂

    • CharTooLan

      March 20, 2015 at 3:15 pm

      ဒီထက်ပိုပြီး ကောင်းရာအလုပ်များ ကို ပိုပိုပြီး လုပ်နိုင်ကြပါစေ။ အဲဒီလို လုပ်နိုင်ဖို့အတွက်
      လုပ်ပေးတဲ့သူတွေမှာလဲ လုပ်ပေးနိုင်တဲ့ အင်အားများ အောင်မြင်မှုများ ပိုပိုပြီး ရလာနိုင်ပါစေ။
      ====
      အရီး ပေးတဲ့ဆုနဲ့ ပြည့်ပါစေ….
      ဒီတပတ် ပန်းဂဘာထဲမှာ တညလုံးချာချာလည်သွားလို့
      အလှူငွေတောင် ကူမကောက်ပေးနိုင်ရှာတော့ဘူး
      ဒါမယ့် အလှူလဲ လူစည် ပိုစ့်မှာလဲ လူစည်လို့ ဝမ်းသာတယ်ခည
      နောက်လစဉ်ဒါဇင်ပလပ်အဖွဲ့နဲ့အတူ အလှူကိုလိုက်ပါလေ့လာချင်သူများ တသီးတသန့်လှူလိုသူများ ဖေ့ဘုတ်ကအလှူပိုစ့်မှာစာရင်းပေးနိုင်ပါတယ်လို့……..
      အားပေးသူအားလုံးကိုလဲကျေးဇူးတင်ပါတယ် 😀

  • မရွှေအိရေ လေးစားမိပါတယ်။
    မြန်မာပြည်မှာ ပိုက်ဆံကြောင့်ကျောင်းထွက်လိုက်ရတဲ့ကလေးတွေ တောရောမြို့ပါမကျန် နေရာတိုင်းမှာ များစွာရှိပါတယ်။
    ကျွန်မတို့လည်း တတ်နိုင်သလောက်ကူညီဖြစ်ပါတယ်။

    • Shwe Ei

      March 15, 2015 at 7:13 pm

      -ဟုတ်ကဲ့ မနန်း..ကျောင်းတက်ချင်ရက်နဲ့…ငွေကြောင့် မတက်ရတဲ့ ခလေးတွေ…နည်းနိုင်သမျ -နည်းစေချင်ပါတယ်…
      -ဒါကြောင့် ဘက ကျောင်းတွေဟာ ..ပဆံမတတ်နိုင်တဲ့ခလေးတွေ အတွက်…အသက်ရှူပေါက်ဖြစ်မယ်လို့ -ထင်မိတာပါ
      -အခုခေတ်မှာ ပကာသန များလွန်းလာတဲ့ အစိုးရကျောင်းတွေနဲ့ ဘာကြေး ညာကြေး -အကောက်ကြမ်းလွန်းတဲ့ ဆရာဆရာမတွေဟာလဲ…ပဆံ မတတ်နိုင်တဲ့ ခလေးတွေ အတွက် …ပညာရေးကို ကျောခိုင်းစေနိုင်တဲ့ ခြိမ်းခြောက်မှုတစ်ခုပါဘဲ

  • Kaung Kin Pyar

    March 16, 2015 at 12:00 pm

    သာဓု….သာဓု…..သာဓု ပါ….။ ဒါဇင်ပလပ်စ်အဖွဲ့ကြီး နှစ်ပေါင်းများစွာတိုင် အဓွန့်ရှည်ပါစေ….။ လတိုင်း ဒီလိုလှူနိုင်နေခဲ့တာ လေးစားချီးကျူးပါတယ်….

    • Shwe Ei

      March 18, 2015 at 4:31 pm

      -ကောင်းကင်ပြာရေ..အားပေးတာကျေးဇူးပါ 🙂

  • ဦးကျောက်ခဲ

    March 16, 2015 at 2:50 pm

    ဒါဇင်ပလပ်စ်အဖွဲ့ မှတ်တိုင်တွေစိုက်ပြီး တက်ညီလက်ညီချီတက်လာတာ အားရပါ၏…
    ကိုယ်တိုင်တော့ အလှူ ၂-ခါပဲ လိုက်ဖြစ်သေးတယ်… ဆက်လက်ပံ့ပိုးနေပါ့မယ်…
    🙂

    • Shwe Ei

      March 18, 2015 at 4:32 pm

      -အူးလေးကျောက်စ်နဲ့မွနှင်းလဲ ဆထက်ထမ်းပိုး လှူနိုင်ပါစေဗျာ..

  • Novy

    March 20, 2015 at 4:59 pm

    တက်နိုင်တဲ့ဘက်ကနေ တက်စွမ်းသရွေ့ အားပေးကူညီနေမှာပါရှင်

Leave a Reply