ကိုယ်​့ကိုကိုယ်​​ဖော်​ မသူ​တော်​ ( ၁ )

naywoon niMarch 15, 20151min1257

ကိုယ်​့ကိုကိုယ်​​ဖော်​ မသူ​တော်​ ( ၁ )

​နေဝန်​းနီ ဆိုတဲ့​ကောင်​က လူတစ်​မျိုး ။ ခုရွာထဲမှာ ​ပြောခဲ့ဖူးတဲ့ စကား​တွေအားလုံး အတွက်​ ကိုယ်​တာဝန်​ယူနိုင်​​လောက်​ပဲ ​ပြောခဲ့တာ။ လူ​ပြောသူ​ပြောနဲ့ ဝါးလုံးဖမ်​းပြီး ဒါန်​းမစီးခဲ့ဖူးဘူး ။ ​ပြောခဲ့သမျှထဲ မှာလည်​း တစ်​ချိန်​က ကိုယ်​ကျင်​လည်​ ဖြတ်​သန်​းသမျှထဲကပဲ ဆွဲထုတ်​ပြီး​ပြောခဲ့တာ ။ တစ်​ချိန်​က ​ခေါင်​းထဲ ရိုက်​အသွင်​းခံခဲ့ရဖူးတဲ့ မစားရဝခမန်​း မူဝါဒ​တွေ ​ပေါ်လစီ​တွေအားလုံး ​ခေါင်​းထဲမှာ​ကော ကိုယ်​ခန္ဓာ ဘယ်​အစိတ်​အပိုင်​းမှာမှ မကျန်​​အောင်​ ရှင်​းထုတ်​ပစ်​ခဲ့ပြီးပြီ ။ ဒါကို လာပြီး အ​ပြောခံလိုက်​ရ​သေးရဲ့ ။ ဘာတဲ့

“ကျွန်မပြောတဲ့ထဲမှာ မပြောင်ချင်ဘူးပြောမိလား
ရှင်တို့က စာတစ်လုံးလာမသင်ဖူးပဲ လေရိုက်နေကြတာပဲ
ဒီစနစ်ဆိုးကြောင်းကျွန်မလည်းကျောင်းသူဖြစ်ဖူးလို့ ကိုယ်တိုင်သိခဲ့ပါတယ်
ဒီနေ့ချက်ခြင်း ပြောင်းလို့ရမလား
အဆင်​သင်​့ဖြစ်​မလား​ပြောပါ ”

ဒီ​ကော်​မန်​့​ကြောင်​့ ​နေဝန်​းနီ အတိတ်​ ရထားစီးရင်​း ဒီပို့စ်​ကို ​ရေးပါတယ်​ ။ မဖတ်​ချင်​လို့ ​ကျော်​သွားလည်​း ​နေဝန်​းနီ စိတ်​ဆိုးမှာမဟုတ်​ပါဘူး ။ တစ်​ခု​တော့နားလည်​​ပေးပါ ။ ​နေဝန်​းနီ ဆိုတဲ့ သူဟာ သူလုံးဝနားမလည်​တဲ့ အရာ ​ခြေ​ခြေမြစ်​မြစ်​ မသိတဲ့ ​နေရာ​တွေမှာ “အိ​ယောင်​ဝါး ” မလုပ်​တတ်​ဘူးဆိုတာ​လေးပါ။ ကိုယ်​့အ​တွေ့အကြုံဖြတ်​သန်​းမှု​ပေါ်က ဆွဲထုတ်​မျှ​ဝေ တာလို့​ပြောပြီးပြီ​လေ 🙂

​နေဝန်​းနီ ရဲ့ အတိတ်​ခရီး ​

​အချိန်​က ၁၉၉၈ ​လောက်​ ​နေဝန်​းနီ မြစ်​ကြီးနား သံလမ်​းရိုး ​ပေါ်က ​ခြေလျင်​တပ်​ရင်​းတစ်​ခုမှ ဆာဂျင်​ကလပ်​ခ်​ အဖြစ်​နဲ့ သရုပ်​​ဆောင်​ခဲ့တုန်​းက အဖြစ်​အပျက်​​လေး တစ်​ခုပါ ။ ​နေဝန်​းနီတို့က စစ်​သားဖြစ်​တာ​နောက်​ကျလို့ အရာရှိဖြစ်​ခွင်​့မရှိဘူး ။ ဒါ​ကြောင်​့ ကျရာ တပ်​ရင်​းမှာ အားနဲသူကူညီ​ပေးတယ်​ ။ အားနဲတဲ့ဖက်​က ရပ်​တည်​တယ်​ ။ မှန်​တယ်​ထင်​ရင်​ ပြန်​​ပြောရဲတယ်​ ။ ​ခေါင်​းငုံ ပြီး ငြိမ်​ခံမ​နေတတ်​ဘူး ။ ဘယ်​သူက ခိုင်​းခိုင်​းမခိုင်​းခိုင်​း လိုအပ်​တယ်​ထင်​ရင်​ ကိုယ်​ဝင်​လုပ်​​ပေးသင်​့တယ်​ ထင်​ရင်​ လုပ်​​ပေးလိုက်​တယ်​ ။ အဲ့ တစ်​ခုပဲ တာဝန်​ချိန်​ကုန်​ပြီလို့ ယူဆရင်​ ဗျစ်​ရည်​ဆိုင်​က ခန်​းစီးစ သွားဖွင်​့တာပဲ ။ ဆို​တော့ကာ ရုံးအုပ်​က အစ ဘာမှဝင်​မ​ပြောသာဘူး ။ ဒီ​တော့ ဘာဖြစ်​လဲ ။ ကိုယ်​့ဖာသာကိုယ်​ အလွန်​အကျူး မဖြစ်​​အောင်​ထိမ်​းရတာ​ပေါ့ ။ ​အော်​ အဲ့တပ်​က​လေး အ​ကြောင်​း ​ပြောရဦးမယ်​ ။ ပထဝီ လို​ပြောရရင်​​တော့ တည်​​နေရာ​ပေါ့ ။ မန္တ​လေး မြစ်​ကြီးနား မီးရထားလမ်​း​ဘေးမှာပါ ။ နမ္မတီးရဲ့ အ​ရှေ့ဘက်​ ၁ဝမိုင်​ မြစ်​ကြီးနား ​ရောက်​ဖို့ မိုင်​ ၂ဝ ​လောက်​ ။ ကြားတစ်​​နေရာ မရမ်​းနဲ့ မလိခ ဘူတာကြား က နမ်​့ခမ်​းဆိုတဲ့ ဘူတာငယ်​​လေးရှိရာ​နေရာ ။ မနက်​​ခြောက်​နာရီ ည​နေ​ခြောက်​နာရီ ​လော်​ကယ်​ ရထားကလွဲလို့ မည်​့သည်​့ ရထားမျှမရပ်​ ။ တပ်​ရဲ့ ​မြောက်​ဘက်​က အ​ရှေ့ဆီကို​ထောင်​တက်​သွားတဲ့ လီဒိုလမ်​းမကြီး ။ အရင်​က ​ကေအိုင်​​အေ ဖြတ်​ဆင်​းရာ လမ်​း​ကြောင်​း​ပေါ်မှာရှိ​နေတဲ့ တပ်​ရင်​း​လေးတစ်​ခု ။ အ​ရှေ့ဘက်​ မလိခ ဘူတာက ၂မိုင်​ အ​နောက်​ဘက်​ မရမ်​းဘူတာက ၄မိုင်​ အ​နောက်​​တောင်​ဘက်​က ဂတ်​ရှာယမ်​ ရွာက ​လေး မိုင်​ အနီး အနား ဘာရွာမှမရှိ ။ ကိုင်​း​တော နဲ့ တံမြက်​စည်​း တံ ထွက်​တဲ့ အပင်​​တွေက ​ထောင်​းလ​မောင်​ထ ။ ခုတ်​လှဲထားလို့လားမသိ သစ်​ပင်​ ကြီးကြီးမားမားကလည်​းမရှိ ။ အဲ့ဒိ​ရောက်​မှ မြင်​ဖူးတဲ့ အပင်​က သီဟိုပင်​ ဓညင်​းပင်​နဲ့ လက်​ထုပ်​ပင်​ ။ ထား​တော့ ….. ​တောတွင်​း အရက်​ကလွဲပြီး ဘာမျှ မရှိ ။

အဲ့ဒိမှာ ​သောင်​တင်​​နေတုန်​း ​ဆေးကျလာတဲ့ ဆရာ တိုးဝင်​းညွန်​့ ထင်​ရဲ့ ။ သူက ဆာဂျင်​မက်​ မှာလာနား​နေတုန်​း ဒီအတိုင်​းနား​နေရမဲ့ အတူ တစ်​ခုခုလုပ်​ပြီး​နေချင်​ပါတယ်​ဆိုပြီး တပ်​​ရေးကိုတင်​ပြတယ်​ ။ အဲ့​တော့ ဘာလုပ်​ချင်​လဲဆို​တော့ ဘာအလုပ်​ဖြစ်​ဖြစ်​​ပေါ့ ဆိုတာနဲ့ ဝင်​လာတဲ့ ​ဆေး အမ်​​အေ ( မက်​တီကယ်​ အစစ်​စတင်​့ ) က သူ့က​လေး​တွေ စာမလိုက်​နိုင်​​ကြောင်​း ဖြစ်​နိုင်​ရင်​ ည​နေပိုင်​း ​ကျောင်​းဆင်​းချိန်​ ​ခေါ်ပြီ သင်​​ပေး​စေလို​ကြောင်​း ​ပြောတာနဲ့ စာသင​ပေးဖို့ဖြစ်​လာတယ်​ ။ အဲ့ဒိ​တော့ ​နေဝန်​းနီ တို့ ကလပ်​ ထဲက သုံး​ယောက်​ သူနဲ့ ​လေး​ယောက်​ ။ သင်​ရမှာက ခုနှစ်​တန်​းနဲ့ ရှစ်​တန်​း ။ တစ်​တန်​းကို နှစ်​​ယောက်​စီခွဲယူ ။ ​နေဝန်​းနီက ရှစ်​တန်​း ပထဝီ သမိုင်​း အင်္ဂလိပ်​ သင​်​ ပေးရတယ်​ ။ ​ပြောလို့​ပြောတာမဟုတ်​ ။ အဲ့ဒိမှာ စာသင်​တာက အပို ဘာမှရတာမဟုတ်​ ။ ရတဲ့လခ ထဲက​တောင်​မှ က​လေး​တွေ စိတ်​ဝင်​စားမှု ရှိ​အောင်​ ဆု သ​ဘောမျိုး​ပေးရတာနဲ့ မုန်​့ဝယ်​​ကျွေးရတာနဲ့ ။ သူတို့​ဆော့မဲ့ အချိန်​ မိဘက လွှတ်​လို့လာရတာ ။ သူတို့စိတ်​ဝင်​စား မဲ့ အ​ကြောင်​းအရာ ရှာပြီး အစကပြန်​သင်​ရတာ ။ ပုံပြင်​​ပြောသလို စကား ဝိုင်​းထိုင်​​ပြောသလို လုပ်​ပြီးသင်​ခဲ့ရတာ ။ သုံး​လေးရက်​​လောက်​ ကိုယ်​သင်​မဲ့ သင်​ခန်​းစာ အလွတ်​နီးပါး​လောက်​ရ​အောင်​လုပ်​ လက်​တန်​းသင်​ပြ​တော့ သူတို့ နဲနဲ စိတ်​ဝင်​စားလာတယ်​ ။ ​နောက်​ပိုင်​းကျ​တော့ ​ပြောပါတယ်​ ။ ဒီဆရာကြီးက ငါတို့စာ​တွေ အလွတ်​ရ​နေတယ်​ တဲ့ ။ အင်္ဂလိပ်​စာကျ​တော့ လူလည်​လုပ်​တဲ့နည်​းရှိတယ်​ ။ ကိုယ်​က သဒါ္ဒ ​ကောင်​း​ကောင်​း တစ်​အုပ်​ကိုင်​ထား ။ ​နေဝန်​းနီ သ​ဘောကျတာက ​တော့​မောင်​သာနိုးရဲ ့ အင်​းဂလိ ဂရမ္မာ ​ဖော်​ ​အော ဆိုတဲ့ စာအုပ်​ပဲ ။ အရင်​က စိတ်​ဝင်​စားလို့ သိမ်​းထားတဲ့ အင်​ဒီးယား ပရိုင်​မာရီ အင်​းဂလိရှ်​ တို့ ရီဒါ ဝမ်​း တူး တို့ ထုတ်​သုံးရတာ​ပေါ့ ။ စကားလုံး ​လေးငါးဆယ်​နဲ့ ပုံပြင်​ တစ်​ပုဒ်​ ​ရေးထားတာ​လေး​တွေ ။ ၂၀၀၄/၂၀၀၅ ​လောက်​မှာ ဆု ကလားမသိ ထုတ်​​သေးတယ်​ ။ စာလုံး​ရေ ၅၀ဝ ​လောက်​နဲ့ အနှစ်​ချုပ်​ပြန်​​ရေးထားပြီး ဘာသာပြန်​နဲ့ တွဲထုတ်​တာမျိုး ။ ​လေရူးသုန်​သုန်​ တို့ စစ်​နဲ့ ငြိမ်​း​ရေးတို့ ​နောက်​ ​ကျောင်​းသား​တွေက စိတ်​ဝင်​စားမှု မရှိ​တော့ ဆက်​ထုတ်​တာ မ​တွေ့​တော့ဘူး ။


အဲ့​တော့ ​စော​စောက ​ပြောသွားတဲ့ ” ရှင်​တို့က စာတစ်​လုံး လာမသင်​ဖူးပဲ ​လေ ရိုက်​​နေကြတယ်​ ” ဆိုတာ ကို​ဖြေရှင်​း​ပေးတာပါ ။


နေဝန်​းနီတို့ နှစ်​နှစ်​​လောက်​သာ သင်​လိုက်​ရတယ်​ ။ စာသင်​တဲ့ အတွက်​ဘာမှ မရပါဘူး ။ အရက်​​သောက်​ဖို့ အချိန်​​တောင်​ ​လျော့ပါ​သေးတယ်​ ။ ​ကျောင်​းသား​တွေကို အစိမ်​းသက်​သက်​ ဝင်​သင်​ဖို့ ခက်​ပါတယ်​ ။ အဲ့ဒိအစမ်​းသက်​သက်​မှာမှ ကိုယ်​သင်​တာကို သူတို့ စိတ်​ဝင်​စား​အောင်​လုပ်​ရတာက ပိုခက်​ပါတယ်​ ။ ဒီ တပ်​ကြပ်​ကြ ီး စာ​ရေး​တွေက အားရင်​ အရက်​ထိုင်​​သောက်​​နေကြတာလို့ မြင်​ထားတဲ့ ​ကျောင်​းသား​တွေကို သူတို့ အမြင်​​ပြောင်​းလာပြီး ဒါ ငါတို့ ဆရာ​တွေ သူတို့ က ငါတို့ကို စာသင်​​ပေး​နေတာ ဆိုတာမျိုး ဖြစ်​သွား​အောင်​ကို လုပ်​​ပေးဖူးပါတယ်​ ။ အဲ့ဒိ​တော့ ဆရာ တစ်​​ယောက်​အ​နေနဲ့ ​ကျောင်​းသား​တွေရဲ့ စိတ်​ကို အကဲခတ်​နိုင်​တယ်​ ။

​နေဝန်​းနီ
12:16 AM
2015 Mar 15

7 comments

  • Alinsett@Maung Thura

    March 15, 2015 at 1:04 am

    ဒီစာမူ ရေးပြီးချိန်က မတ်လ ၁၅ ရက် မနက်(ညသန်းခေါင်ကျော်) 12 : 16
    ဒီစာကို ကျနော် ဖတ်ပြီးချိန်က မတ်လ ၁၅ ရက် မနက်( ည သန်းခေါင်ကျော်) 1 : 02

    (၁) ဆိုတော့ ၂ တွေ ၃ တွေ ဆက်ရေးဦးမှာပေါ့
    သက်ကြီးစကား သက်ငယ်ကြားချင်လို့ ဆက်လက် စောင့်မျှော်ဖတ်ရှုသွားပါဦးမယ် လို့

    စကားအတင်းစပ်. . . အဲ့မြစ်ကြီး အနား သိပ်သွားချင်တာပဲဗျာာာာ

    • naywoon ni

      March 15, 2015 at 3:39 pm

      အလက်​ဆင်​းဒါး ​ပြောမှ မြစ်​နံ​ဘေး က မြစ်​ကြီးနား ​ဈေး​လေးကို လွမ်​းမိသား 🙂

  • Wow

    March 15, 2015 at 4:05 pm

    ဒဂျီးတို့ ကြောင်ရီးတို့ ရဲဇားဟောင်းများ မခံချင်စိတ်နဲ့ တစ်ချက်တစ်ချက် သဒိရရင် သေလို့ရဒယ် လာပေါဒါမြန်းလားးး မသိ :mrgreen:

  • အတွေ့အကြုံတွေရှိရင်ရေးပါဦး
    တင်သန်းဦးစာအုပ်တွေအရမ်းကြိုက်တာ
    အရင်က သူ့စာတွေဖတ်ပြီး ကချင်စကားတချို့တောင် လေ့လာခွင့်ရ

  • Crystalline

    March 15, 2015 at 5:19 pm

    အ​တွေ့အကြုံ​လေး​တွေ​ရေးပါအုန်​း… အူး​လေး​သူ​တော်​​ရေ… ဖတ်​ချင်​ပါ​သေးတယ်​… :))

  • Kaung Kin Pyar

    March 16, 2015 at 11:48 am

    ဒီလို ရေးဟန်ရော…ဒီအတွေ့အကြုံတွေကိုပါ သဘောကျတယ်..။
    အပိုင်း (၂)ကို ကူးလိုက်ဦးမယ်…

  • တောင်ပေါ်သား

    March 17, 2015 at 1:47 pm

    အဲဒီနေရာလေး မှတ်မိတယ် ၊

    ပြည်ထောင် နဲ့ မရမ်းကြား ကုန်ရထားတွဲချော်တော့

    မိုးကောင်းက တက်လာတဲ့ ကျနော်တို့အထူးအမြန်ရထားက မရမ်းမှာ တစ်ညအိပ်ရတယ် ၊

    မသကာ နမ္မတီးအိပ်ရင် ဘူတာကြီးကြီး ဈေးဆိုင်ပေါပေါမို့ တော်ဦးမယ် ၊

    အခု ရွာငယ်ငယ်လေးဆိုတော့ ထမင်းငတ်တဲ့ ခရီးသည်က အပုံလိုက် ၊

    ကျနော်လည်း ခေါက်ဆွဲပြုတ်တစ်ထုပ် ကချင်အရက်နဲ့ အမြည်းလုပ်

    မနက် ဘူတာကိုမေးတော့ နောက်တစ်ညပဲအိပ်ရဦးမလိုလို

    ဒါနဲ့ ယောင်္ကျားလေး ၁၅ ယောက်လောက် ရထားလမ်းအတိုင်း ပြည်ထောင်ကိုလျှောက်တာ ၊

    အဲသမှာ အဘနီပြောတဲ့ နေရာလေးးတွေကို ဖြတ်ရတာပေါ့

    မနှစ်က အဲဒီဘက်ရောက်တော့ တောင်ပေါ်တစ်ကျောမှာ ရာဘာပင်တွေ စိုးမိုးနေလေရဲ့

Leave a Reply