ကိုယ်​့ကိုကိုယ်​​ဖော်​ မသူ​တော်​ ( ၂ )

naywoon niMarch 15, 20151min17212

ကိုယ်​့ကိုကိုယ်​​ဖော်​ မသူ​တော်​ ( ၂ )

ဒီနေ့ချက်ခြင်း ပြောင်းလို့ရမလား
အဆင်​သင်​့ဖြစ်​မလား​ပြောပါ

အဲ့ အ​ကြောင်​းအရာ​လေး ဆက်​​ပြောပါ့မယ်​ ။ ကိုယ်​​တွေ့နဲ့ယှဉ်​ ​ပြောမှာ​နော်​ ။ ကြားဖူးနားဝ ​တွေ စာအုပ်​ထဲက အ​ကြောင်​းအရာ​တွေ သ​ဘောတရားပိုင်​း​တွေ သီအိုရီ ​တွေ မကိုင်​ဘူး ။ ” ဒီ​နေ့ ချက်​ချင်​း ​ပြောင်​းလို့ ရမလား ” ဆိုရင်​ ရတယ်​ ။ အစိမ်​းသက်​သက်​​ပြောင်​းလိုက်​ရတဲ့ အတွက်​​ကြောင်​့ ပင်​ပမ်​းမယ်​ ။ လုံ့လ ပိုစိုက်​ရမယ်​ ။ စိတ်​ဓာတ်​ ကြံ့ခိုင်​သူအတွက်​ ဘာပဲ​ပြောင်​းလုပ်​လုပ်​ ဘယ်​​နေရာကိုပဲ ​ပြောင်​း​ပြောင်​း လိုက်​​လျောညီ​ထွေ ဖြစ်​မှာပဲ ။ စိတ်​ဓာတ်​​ပျော့ညံ့ ​နေသူ​တွေအတွက်​က​တော့ ​ပြောင်​းလဲမှုကို ​ကြောက်​စရာလို့ ထင်​မှာပဲ ။ ​ပြောင်​းလိုက်​လို့ ​တွေ့လာမဲ့ အခက်​အခဲထက်​ လုပ်​​နေကျ ​ခေါက်​ရိုးကျိုး​နေတဲ့ အမူအကျင်​့ ပြင်​ရမှာကို ရှက်​စရာလိုလို ရယ်​စရာလိုလို နဲ့ကို ​မလုပ်​ရဲ မကိုင်​ရဲဖြစ်​​နေကြတာ ။ သွား​နေကြလမ်​းရိုး အတိုင်​းပဲ ​ရှေ့ကလုပ်​သွားသမျှ ​နောက်​က​နေ တစ်​​သွေမတိမ်​း လိုက်​လုပ်​ချင်​​နေတာပဲ ။ လွယ်​တာကိုး ။ ပြီး​တော့ ဗမာလူမျိုး​တွေရဲ့ စိတ်​ဓာတ်​က အလုပ်​အကိုင်​​ပြောင်​းရမှာဝန်​​လေးတယ်​ ။ အရပ်​​ဒေသ ​ပြောင်​းရမှာ​ကြောက်​တယ်​ ။ ပတ်​ဝန်​းကျင်​အသစ်​နဲ့ ​တော​်​​တော်​နဲ့ လိုက်​​လျောညီ​ထွေမဖြစ်​တတ်​ဘူး ။ အရင်​က ​နေခဲ့ဖူးတဲ့ ပတ်​ဝန်​းကျင်​ကိုပဲ တမ်​းတ​နေတတ်​တာမျိုး ။ စနစ်​တစ်​ခုက​နေတစ်​ခု​ပြောင်​းဖို့ဆ်​ိုတာ ပိုဆိုး​ပေါ့ ။ ခုပဲကြည်​့ ​နေ​ရွေ့ည​ရွေ့နဲ့ နှစ်​​ပေါင်​းနှစ်​ဆယ်​​ကျော်​ကြာခဲ့​ပေါ့ ။ မှတ်​မိ​သေးတယ်​ ။ ၁၉၈၉ ​လောက်​ အရပ်​သား ဝန်​ထမ်​းဖြစ်​ခါစက ​မေးခွန်​း ၃၃ခုလား ဝန်​ထမ်​း​တွေကို​မေးတယ်​ ။ မှတ်​မှတ်​ရရ ​မေးခွန်​းတစ်​ခုက ​
အသွင်​ပြောင်​းကာလက အချိန်​မည်​မျှကြာမည်​ထင်​သလဲ ​
တဲ့ ။ ခပ်​ရွတ်​ရွတ်​နဲ့ ဝန်​ထမ်​း​တွေ နှစ်​ဆယ်​့​ခြေက်​နှစ်​လို့ ​ဖြေတဲ့ သူက​ဖြေ နှစ်​နှစ်​ဆယ်​လို့ ဖြည်​့တဲ့ သူကဖြည်​့ ။ မကြာပါဘူး ။ ပြုတ်​ကုန်​ပါ​ရောလား ။ တစ်​ကယ်​လည်​း နှစ်​ဆယ်​့ နှစ်​ နှစ်​​လောက်​ကြာခဲ့တာပဲ ။ အဲ့ဒိအချိန်​​တွေမှာ ​ရှေ့​ပြောင်​းလဲမယ်​့ စနစ်​အတွက်​ လုံ​လောက်​တဲ့ ကြိုတင်​ပြင်​ဆင်​ချိန်​​တွေရခဲ့တာပဲ ။ ဘာလို့ မပြင်​ဆင်​ခဲ့သလဲ ။ ​စေတနာ မပါတာ အသိသာကြီး ။

​​နေဝန်​းနီ ဘဝမှာ အကြီးဆုံး ​ပြောင်​းလဲမှု နှစ်​ခါတိတိ ကြုံခဲ့ဖူးတယ်​ ။ ပြင်​ဆင်​ချိန်​မရပဲနဲ့ ကြုံတာက တစ်​ခါ ​နောက်​တစ်​ကြိမ်​ကြ​တော့ ပြင်​ချိန်​ချိန်​​တော့ရပါရဲ့ ။ ကိုယ်​ထင်​ထားတာထက်​ အဆမတန်​ ဆိုး​နေတာ ။ ဝက်​ဝက်​ကွဲ ခံစားခဲ့ရတာ ။ အဲ့ ပထမ တစ်​ကြိမ်​ကြုံလိုက်​တာက အရပ်​ဖက်​ဝန်​ထမ်​းက​နေ အသက်​ နှစ်​ဆယ်​့ရှစ်​နှစ်​​လောက်​မှာမှ စစ်​ဘက်​ကိုကူးတာ ။ ကူးချင်​လွန်​းလို့မဟုတ်​ဘူး ။ ၁၉၉ရ အဲ့ဒိအချိန်​မှာ ဘယ်​သူမှ အရာရှိမဟုတ်​ပဲ ဒီအတိုင်​း ပလိန်​းကြီးမဝင်​ကြတော့ဘူး ။ ​နောက်​​တော့ ဒီလိုပဲ သူ့ဟာ သူ လိုက်​​လျောညီ​ထွေ ဖြစ်​သွားခဲ့တာပဲ ။ အစပိုင်​း​တော့ လက်​လွှဲရမှာ ရှက်​သလိုလို လူရယ်​စရာလိုလိုပဲ ။ ​နောက်​ကျ​တော့ ကိုယ်​လို​ကောင်​​တွေချည်​့ ဆိုတာနားလည်​သွားပြီး သူ့မက်​သတ်​အတိုင်​း ​နေထိုင်​ရတာပဲ ။ အဲ့ လိုက်​​လျောညီ​ထွေ မဖြစ်​တဲ့ ​ကောင်​​တွေက​တော့ ထွက်​​ပြေး​ပေါ့​လေ ။ ​နေဝန်​းနီက​တော့ ထွက်​​ပြေးဖို့ ဝင်​သွားတာမဟုတ်​ဘူး ။ စစ်​တပ်​ဆိုတာ ဘာလဲ သိချင်​လို့ စူးစမ်​းတာ ။ စိတ်​အရိုးက ရင်​့​နေ​တော့ သူတို့ ရိုက်​သွင်​းတဲ့ ​ပေါ်လစီနဲ့ မူဝါဒ ဆိုတာက ဘယ်​ဖက်​နားက ဝင်​ရင်​ ညာဖက်​နားကပြန်​ထွက်​ ။ နားရင်​းအရိုက်​မခံရ​ရုံ ဟုတ်​ကဲ့လိုက်​ ။ ပြီးရင်​ ကိုယ်​ကြိုက်​တာကိုယ်​လုပ်​ ။ တစ်​ခါတစ်​ခါ ကိုယ်​့ဖာသာ​တွေး ရင်​း ပြုံးမိတယ်​ ။ ငါတစ်​ကယ်​ စစ်​သားဖြစ်​​နေတာ​ကောဟုတ်​ရဲ့လားလို့ ။အဟုတ်​ ရုပ်​ရှင်​​တွေဗီဒီယို​တွေထဲ မှာသရုပ်​​ဆောင်​​နေတဲ့ သရုပ်​​ဆောင်​လိုကိုး စိတ်​ထဲမှာထင်​​နေတာ ။ တစ်​ကယ်​့စက်​ရုပ်​လို​နေခဲ့ရတာကိုး ။ အဲ့ဒါ ဘာယုံကြည်​ချက်​ ဘာခံယူချက်​မှ မပါပဲ ​ပြောင်​းလဲတာ​နော်​ ။ ဘာမှလဲပြင်​ဆင်​ချိန်​မရလိုက်​ဘူး ။

အခုဒီမိုက​ရေစီ က ယုံကြည်​ချက်​ ခံယူချက်​နဲ့ ​သွေးနဲ့ ​ချွေးနဲ့ ရင်​နှီးပြီး ​ပြောင်​း​နေတာ ။ ခုထိ​ပြောင်​းလဲမှုက ကိုယ်​ရင်​းထားသ​လောက်​ ပြန်​မရ​သေးဘူး ။ ယုံကြည်​မှုရှိရင်​​ပြောင်​းနိုင်​ရမှာပဲ ။ အဆင်​့သင်​့ဖြစ်​​အောင်​ ​ပြောင်​းလဲရမှာက စိတ်​ဓာတ်​ ။ အဲ့ဒိစိတ်​ဓာတ်​က ကိုယ်​့ကိုကိုယ်​ ​ပြောင်​းလဲရမှာ ။ ဗမာ​တွေ စည်​းကမ်​းမရှိဘူး ​ပြောတယ်​ ။ စည်​းကမ်​းနဲ့ ​နေတတ်​ ထိုင်​တတ်​​အောင်​ ဘယ်​သူလာပြီး ​လေ့ကျင်​ပျိုး​ထောင်​​ပေးသလဲ ။ မလိုဘူးး မ​ပြောနဲ့ ။။ကျန်​တဲ့ လူမျိုးအတွက်​သာ မလိုရင်​ရှိမယ်​ ။ ဗမာလူမျိုး အတွက်​လိုတယ်​ ။ စည်​းကမ်​းမဲ့ ကွမ်​း​သွေး မ​ထွေး​အောင်​ ။ အမှိုက်​မပစ်​​အောင်​ ။ ဆိုင်​ကယ်​စီးရင်​ ဦးထုပ်​​ဆောင်​း​အောင်​က​နေစပြီး စနစ်​တစ်​ကျ တန်​းစီ တတ်​​အောင်​ကအစ ။ ကိုယ်​အတွက်​နဲ့ သူများ စိတ်​အ​နှောက်​အယှက်​မဖြစ်​​အောင်​ မထိခိုက်​​အောင်​က အဆုံး ။ ဘယ်​သူ​တွေကလာပြီး ​လေ့ကျင်​့​ပေးလဲ ။ ဘာဥပ​ဒေ ပြဌာန်​းပြီး တိတိကျကျ အ​ရေးယူလဲ ။ သတင်​းစာထဲ ပါရုံ​လောက်​ ဒါဏ်​ရိုက်​ပြီး အိတ်​ကပ်​ထဲ ထည်​့သွားရုံ​လောက်​​ပြောတာမဟုတ်​ဖူး။အဲ့ဒိအတွက်​ ဘယ်​သူက ​ခေါင်​း​ဆောင်​မှု​ပေးလဲ ။ အဲ့ဒိလို ​အောက်​​ခြေသိမ်​း​ဦး​ဆောင်​​ပြောင်​းလဲရမှာက လူတိုင်​းရဲ့တာဝန်​လို့ ယူဆထားသူချည်​့ပဲ ။ ကိုယ်​ကိုနှိုက်​က စနစ်​တစ်​ခုကို ​ပြောင်​းလဲချင်​စိတ်​ရှိတယ်​ဆိုရင်​ ​ပြောင်​းလဲ နိုင်​စွမ်​းရှိရမှာပဲ ။ ​ရေတို​တွေ့ရမဲ့ အခက်​အခဲကို ​တွေး​ကြောက်​​နေလို့မရဘူး ။ ဆိုလိုချင်​တာက ဒါမှဒီမိုက​ရေစီ နည်​းလမ်​းကျမယ်​ နိုင်​ငံတစ်​ကာမှာလဲ ကျင်​့သုံး​နေကြတယ်​ဆိုရင်​ ကိုယ်​က ဘာလို့လိုက်​မလုပ်​နိုင်​ရမှာလဲ ။အဲ့ဒိ​တော့ ​ပြောဦးမယ်​ ။


“နိုင်​ငံခြားကို အထင်​ကြီး​နေတာ” ​

လို့
ဟုတ်​တယ်​ ။ အထင်​ကြီးသင်​့ရင်​ကြီးရမှာပဲ ။ မြန်​မာပြည်​လို စည်​းမဲ့ကမ်​းမဲ့ ထွက်​ကုန်​မရှိ ။ ယဉ်​​ကျေးမှု မရှိ ။ ကိုယ်​ပိုင်​ဆိုလို့ နတ္ထိ ။ သူတစ်​လူ ငါတစ်​မင်​းနဲ့ ဗရမ်​းဗတာ ဖြစ်​​နေတာ ကိုပြုပြင်​​ပြောင်​းလဲဖို့လို​နေတာကိ ု အခု အဆင်​့သင်​့မဖြစ်​​သေးလို့ ​ပြောင်​းလဲဖို့ မဖြစ်​နိုင်​ဘူး ဆ်​ိုတာကို အထင်​​သေးရမှာပဲ။ နိုင်​ငံတစ်​ကာနဲ့ ရင်​​ဘောင်​တန်​းချင်​ရင်​ နိုင်​ငံတစ်​ကာရဲ့ စံချိန်​စံညွှန်​းနဲ့ ညီ​အောင်​ ​ပြောင်​းရမှာပဲ ။ ခုချိန်​မှာမှ အ​ကြောင်​းပြချက်​မျိုးစုံနဲ့ ​ပြောင်​းလဲချင်​စိတ်​မရှိရင်​​တော့ ရာစုနှစ်​ကုန်​လဲ ဒီထက်​မဆိုးလာရင်​​တောင်​ ဘာမှ တိုးတက်​လာမှာမဟုတ်​ဘူး ” ​

​နေဝန်​းနီ
2:36AM
2015 Mar 15

​့

12 comments

  • မြစပဲရိုး

    March 15, 2015 at 6:20 am

    အဘနီ ပြောတဲ့ လူ တစ်ယောက်ချင်း ရဲ့ စိတ်ဓာတ် ချက်ခြင်းပြောင်းလို့ ရတယ် ဆိုတာ တစ်ချို့ နေရာ တွေ မှာတော့ မှန်ပါတယ်။
    အားလုံးတော့ ချက်ခြင်း ရမှာ မဟုတ်ဘူး။
    ငတ်နေတဲ့ လူတစ်ယောက် ဟာ ခိုးချင်စိတ် ကို ငတ်နေသ၍ ပြင်ချင်တောင် ပြင်ဖို့ခက်မယ်။
    ဘဏ္ဍာ ခိုးပြီး အရမ်းချမ်းသာ နေသူ ဟာ ခိုးတာ ရပ်လိုက်လို့ သူ့ အသုံးအစွဲရော့ မဲ့ အဖြစ်လိုမလို လို့ ခိုးတာ ကို ရပ်ဖို့ ခက်မယ်။
    ဒီတော့ အဲဒီ နောက်မှာ ခိုး ရင် ခံရမဲ့ အပြစ် ကို ထိထိရောက်ရောက် မကျင့်သုံးဘဲ လူတွေ ရဲ့ စိတ် ကို ရ အောင်ပြင်ဖို့ ခက်မယ်။
    လူဆိုတာ တစ်ယောက် ဖောက်ရင် ကျန်သူ တွေ က ဆက်ဖောက်ဖို့ သိပ်လွယ်တာလေ။
    သေချာတယ်။
    အဘနီ လဲ မခိုးဘူး။
    ကျွန်မလဲ မခိုးဘူး။
    မချမ်းသာချင်နေ သူများ ဆီက ခိုးပြီး တင့်တယ် ခြင်း နဲ့တော့ မတင့်တယ်ချင်ဘူး။
    ဒါပေမဲ့ လူတိုင်းက ကျွန်မတို့ လို အတွေး မရှိနိုင်ဘူးလေ အဘနီ။ မဟုတ်လား။
    ဒီတော့ အဲလို လူတွေ အတွက် က မျှတ မှန်ကန်တဲ့ ဥပဒေ က ထိပ်စီး မှာ နေနိုင်မှ။
    သိတ်တော့ မလွယ်ဘူး။
    ဒါပေမဲ့ ကျွန်မတို့ လို အလယ်လူ အများစု က ဖြစ်ချင်စိတ် နဲ့ မှန်ကန်တဲ့ ဘက် ကို ရပ်ပေးကြဖို့ က အရေးကြီးလာပြီ။

    နိုင်ငံခြား က စနစ် တွေ လဲ ဟာကွက် တွေ အပေါက်တွေ အများကြီးပါ။
    ဒါပေမဲ့ လူ တွေ က ကောင်း တော့ စနစ် က လည်တော့ နေနိုင်သေးသပေါ့။
    လူကောင်း တယ် ဆိုတာ ကလဲ စိတ် ဓာတ် တွေ ကောင်းလွန်းလို့ မဟုတ်ပါ။
    ဥပဒေကောင်း နဲ့ မီဒီယာကောင်း တွေ ရှိနေလို့ပါ။

  • Alinsett@Maung Thura

    March 15, 2015 at 11:35 am

    .ပြောင်းလဲဖို့က မကြာပါဘူး။ ဘောင်းဘီချွတ်ပြီး ပုဆိုးနဲ့ တိုက်ပုံ ကောက်ဝတ်လိုက်တာနဲ့ ရတာတွေတောင်ရှိသေး… ။ အဟိ ။

    :k:

    အတည်ပြောရရင် …
    .မြန်မာပြည်က ပြောင်းလဲသွားပါပြီ ။။။
    ဒီမိုကရေစီရဲ့ အနှစ်သာရကိုတောင် ပြည်သူတွေ စာသုံးနေကြရပြီဆို…
    .ကျနော် နေ့တိုင်း မြန်မာ့အသံနဲ့ မြဝတီ ကြည့်တယ်ဗျ…

    :buu:

  • Wow

    March 15, 2015 at 4:11 pm

    ပြောင်းလဲလို့ အဆင်သင့်မဖြစ်သေးပါဘူးဆိုပီး ဇတ်မျောကြီးထက်စာရင် ပြောင်းလိုက်တာပိုအဆင်ပြေမယ် ကျနော်လဲထင်တယ်… စိတ်သိပ်မရှည်တတ်သူမို့…
    ကွကိုယ်လဲ အဲ့လိုပဲ ရဲဇားဖြတ်တယ်ဆို တိကနဲ နောက်ကိုလှဲ့မကျိတော့ဝူး .. ဟယ်… နိုင်ငံရေးက ပါပြန်ပီ :mrgreen:

  • နိုင်ငံခြားကို အထင်တော့မကြီးဘူး။အားတော့ကျတယ်။
    နို်င်ငံခြားဆိုတိုင်း ဆီးရီးယားတို့ လစ်ဗျားတို့ နိုင်ဂျီးရီးယားတို့တော့ ဘယ်ဟုတ်မလဲ။
    သပ်ရပ် တိုးတက်နေတဲ့ နိုင်ငံတစ်ချို့ပေါ့။

    ဒါပေမယ့် ရိုးရာ၊ဓလေ့၊ထုံးစံ၊ဘာသာရေးတွေအရ ဟုန်းခနဲထ မှာထက် ဘုန်းခနဲ ကျဖို့က ပိုများနေတယ်။
    ကိုယ့်နိုင်ငံမှာက အသေးဆုံးကွမ်းစားတာကအစ အညစ်ပတ်ဆုံးကိစ္စလိုဖြစ်နေတာ။
    အူရီဒူးတိုင်ထောင်တာကအစ တို့မြို့မှာ မထောင်ရ၊
    အမဲသတ်လိုင်စင် ဘုန်းကြီးတွေအလှည့်ကျယူ
    ဘုန်းကြီးကျောင်းတွေနဲ့ တောင်ပြုန်းပွဲတွေမှာ ပိုက်ဆံတွေဖြုန်း
    ကလေးတွေက အားမှ စာသင်ကျောင်းရောက်
    လူတိုင်းစာတတ်မြောက်ရေးရှိနေလည်း ထမင်းစားဖို့ဝိုင်းရှာနေကြရတယ်။

  • ဦးကြောင်ကြီး

    March 16, 2015 at 9:13 am

    ဦးနီက အမ်အိုင် ဘယ်တုံးက လုပ်ခဲ့တာလဲ.. ထလရအမှတ် ဘယ်လောက်မှာလဲ..

    • naywoon ni

      March 16, 2015 at 11:02 am

      ကို​ကျောင်​ဂျီးက သ်​ိရက်​နဲ့ ​မေး​နေပျံဘီ ။ အဲ့ဒုန်​းက ခင်​ညားက ကျုပ်​တပ်​စုမှူး​လေဗျာ ။ ခုမှ မုန်​လာအုမ​နေဘာနဲ့ဗျ

  • ခင်ဇော်

    March 16, 2015 at 12:29 pm

    ပို့(စ) နဲ့တော့ မဆိုင်လောက်ဘူးးး
    မေးကြည့်ချင်လို့ပါ။
    တကယ် ပြောင်းလဲ ဖို့ ကောင်းတဲ့ မူဝါဒကို အုပ်မြစ်ချဖို့ စေတနာရှိရိုးမှန်ရင်
    သမဒ တစ်ယောက် အတွက် ၄ နှစ်က လုံလောက်တယ်မို့လားဟင်?? 🙄

    :k:

    • naywoon ni

      March 16, 2015 at 5:22 pm

      ၂၂ နှစ်​​လောက်​​တောင်​မှ ဘာမှ လုပ်​မ​ပေးပဲ ထွက်​သမျှ သယံဇာတ ​ရောင်​းစားပြီး ​နေခဲ့တာ ​လေးနှစ်​ အဲ့ ငါးနှစ်​ဆိုတာ​လောက်​က​တော့ ဘယ်​​ပြောဘွယ်​ရှိမလဲ ။ လက်​​တွေ့ကျကျ ​တွေးကြည်​့ရင်​ ဒီမိုက​ရေစီ ဘက်​မ​ပြောင်​းချင်​တာက စစ်​တပ်​ ။ ​အောက်​​ခြေထိ ဒီမိုက​ရေစီရဲ့ ဆိုးကွက်​ကို ရိုက်​သွင်​းထားပြီးသား ။ ဒီကြားထဲက ရိုက်​သွင်​းယူလို့မရတဲ့သူ​တွေ ရှိလဲ အမိန်​့မနာခံမှုနဲ့ အပြင်​ထွက်​ဖို့ရာကြံထား ။ တိုင်​းပြည်​ကိုအာနာရှင်​စနစ်​နဲ့ ထင်​ရာစိုင်​း အုပ်​ချုပ်​ခွင်​့ရ​နေရာ ဘယ်​မှာ စနစ်​​ပြောင်​း​ပေးချင်​မလဲ ။

      • ဦးကြောင်ကြီး

        March 17, 2015 at 10:45 am

        ရွာဆိတ်တွေ အ တာလား၊ အ ခြင်ထောင်ဆောင်တာလား.. ဘနီ ပြောဗျာ ပြော ပြော…

        • Wow

          March 17, 2015 at 11:53 am

          အစိုးရဝန်ထမ်းတွေ ပြောလေ့ပြောထရှိတဲ့ မရှုတ်၊ မလုပ်၊ မပြုတ်ဆိုတာမျိုးနေမှာပေါ့…
          ဒါပေမဲ့လူဆိုတာမိုးကလဲ ဘယ်သူသေသေ ငါမွင်းခါးစားရပီးရော (စီဒီချွိ) ဆိုတာမိုးလေ…
          အနော်လဲ မွင်းခါးကြိုက်တာပဲ.. :mrgreen:

  • Mike

    March 17, 2015 at 10:35 am

    .စံနစ်ကိုအတင်းပြောင်းမည်ဆိုလျှင် လူတွေအတင်းမရမက လိုက်လာကြပါလိမ့်မည်…

    • naywoon ni

      March 17, 2015 at 12:05 pm

      သိပ်​ဟုတ်​တာ​ပေါ့ ကိုမိုက်​ရာ ခပ်​ရိုင်​းရိုင်​း​ပြောရရင်​ ” ​ရှေ့က နွား​တွေက ​ဖြောင်​့​ဖြောင်​့ မသွား​တော့ ​နောက်​ကနွား​တွေကလည်​း ​တွေ့ရာပဲခင်​း ဝင်​စားကြတာ​ပေါ့ဗျာ “

Leave a Reply