အသုံးချခံ Suu

အမျိုးသားပညာရေး အုပဒေ ပြင်ဆင်ဖို့ ကြိုးပမ်းနေတဲ့ ကျောင်းသားတွေကို အသုံးချခံတွေလို့ သနားသလို အထင်သေးသလိုလို ပြောနေတဲ့ ဆိတ်စွမ်းအားရှင်တွေ ရှိသဗျ … သူတို့ မိတ်ဆွေတွေကတော့ ခြံစည်းရိုးခွထိုင် သပ်ပါတီ အချောင်သမားတွေပေါ့။ ကျောင်းသားသပိတ်ကို မထောက်ခံတာ တကဏ္ဍ၊ ပုံဖျက် ဆန့်ကျင် တကဏ္ဍ မတူဘူး။ ပိုဆိုးလာတာ ရိုက်နှက်ဖမ်းဆီးခံရတဲ့ ကျောင်းသားတွေကို ဆက်အပုပ်ချနေတာ။ သပိတ်တပ် အဖြိုခွဲ အဖမ်ခံရးယုံနဲ့ မကျေနပ်.. လှုပ်ရှားမှုတခုလုံး ပျက်ဆီးသွားမှ ကျေနပ်မှာလား။  ဘာလို့လဲ နားမလည်နိုင်..။ ကျောင်းသားက မင်းတို့ အကျိုးဆီးပွား ဘာဖျက်ဆီးထားသလဲ .. ရန်သူတွေလား။ ကျောင်းသားသမဂ္ဂ ဥက္ကဌ ကျော်ကိုကို တပ်ဦးရှေ့ ပြေးထွက်နေပုံကို ဖိုတိုရှော့လုပ်ပီး ဝါဒဖြန့်ချီဗရးတင်တော့ ဝမ်းသာအားရ လိုက်ဖွသူနဲ့၊ ထောက်ခံသူနဲ့.. အမေ အမေ အော်နေသူ၊ ဒီမိုဆိုသူတွေနော်.. ကျော်ကိုကို မခံနို်င်လို့ အပြင်ထွက်ရှင်း အဖမ်းခံရမှ ကျေနပ်မှာလား။ ခံနေရတဲ့ ကျောင်းသားတွေက ဘာမှမပြော.. ဘေးလူက စစ်တပ်နှပ်ကြောင်းပေးတဲ့အတိုက် လို်က်ပြောနေတာ ကျောင်းသားနဲ့ပြည်သူ သွေးခွဲတာနဲ့ အတူတူပဲ။  လေရဲမိုးတို့ ဖအူးထုပ်ဝံဂျီးဦးယဲထွတ်တို့ ဆိုမပြောလို.. အဲလိုလုပ်မှ သူတို့ဘဝ ရှင်သန်နို်င်တာ။ ရွာဆိတ်များက ဘာအတွက်လဲ.. ဘာလဲ ဘယ်လဲ။

ကျောင်းသား အသုံးချ ခံရတယ်ဆို ဘွားဒေါ်စုကိုလည်း အသုံးချနေတယ် ပြောလျင်ဂေါ…။ ဘယ်လို အသုံးချသလဲ.. ကိုယ်ရနေတာလေး နည်းသွား၊ ပျောက်သွားမှာစိုးတော့၊ ကိုယ့်ခလေး ကျောင်းပျက်မှာစိုးတော့၊ ကိုယ်ဝယ်ထား မြှုပ်ထားတာလေ ဈေးကျမှာစိုးတော့၊ နိုင်ငံခြားသွားဖို့ အဆင်မပြေမှာစိုးတော့၊ လက်ရှိခွင်လေး ပျက်သွားမှာစိုးတော့၊ ဒေါ်လာစားအလုပ် ပြုတ်မှာစိုးတော့.. အချို့လည်း ကားလမ်းကြပ်မှာစိုးသတဲ့.. (အဲဒါ ဒီမိုသမား ဆိုသူနော်) မငြိမ်မသက် ဖြစ်မှာကြောက်တယ်၊ လမ်းပေါ်ထွက် ဆန္ဒပြပွဲတိုင်းကို ရှုံ့ချတယ်၊ နာမည်ကူဖျက်ပေးတယ်။ လွှတ်တော်လမ်းကြောင်းဝင် နိုင်ငံရေးလုပ်တဲ့ ဘွားဒေါ်ကိုပဲ သစ္စာရှိသယောင် ကိုယ်ဂျိုးအတွက် အသုံးချတယ်။ သူတို့လိုခြင်တာ ဒီမိုကရေစီမဟုတ်.. စီးပွားရေး လုပ်စားခွင့် သက်သက်။ မလေးရှားလို အာဏာရှင်တပိုင်း ဖြစ်ပစေ၊ တရုတ်လို ကူမြူ နစ် ဈေးကွက်စီးပွားရေး ဖြစ်ပစေ ဂရုမစိုက်။ လုပ်စားကိုင်စား ရနေလျင် ကျေနပ်ပြီ။ ခရိုနီ ခရိုနက် ဖြစ်လျင် လုပ်မည်.. မဖြစ်လည်း ကိစ္စမရှိ။ အဲဒီလူတွေပဲ ဘပြောင်အစိုးမရ တက်တော့ သမဒဂျီး၊ သမဒဂျီးနဲ့ ဗောမဂျ ၊ ပြောင်းနေပါပြီ ဝိုင်းလော်ဘီလုပ်ပေးဂျ..။ ဘယ်သူတေတေ ငတေမာ ပီးရော။ ကျောင်းသားမှ မဟုတ်.. လယ်သမားလုပ်လဲ ကန့်ကွက်၊ အလုပ်သမားလုပ်လဲ ကန့်ကွက်၊ နိုုင်ငံရေးသမားလုပ်လဲ ကန့်ကွက်မှာပဲ။ ကိုယ့်လာမထိသ၍ ဆုတောင်းလိုက် ဆိတ်မေတ္တာပို့လိုက်.. တိုက်ပွဲဝင်မည့်သူဆို တားလိုက်ဆီးလိုက်။ မဲလေးပေးယုံ၊ ရဲမဖမ်းသေခြာလျင် တရားဟောပွဲလေး တက်ယုံ.. ဒါလောက်နဲ့ ဟုတ်လှပြီ ထင်နေသူ..။

အသုံးချခံ လုံးဝမမှန်
အသုံးချခံ လုံးဝမမှန်

၁၉၈၈ မတ်လ၁၃ရက်နေ့ အရေးအခင်းလို ကျောင်းသားနဲ့အရပ်သား ရန်ဖြစ်ရာက စလို့တော့ ဝိုင်းအပုပ်ချလိုက်မည့် ဖြစ်ခြင်း။ ကိုယ်မရိုးတာ ဖုံးခြင်တော့ သူတပါးကို ပုံဖျက်.. ကူမြူ နစ်ဆိုလားဆိုရဲ့၊ နောက်ကွယ် ကြိုးကိုင်တာခံရ ပြောရဲ့။ အမေမှ အမေဆိုတော့ ဘွားဒေါ်က ကဲ.. ဟေ့ လမ်းပေါ်ထွက်ကြ မတရားတဲ့အမိန့် ဆန့်ကျင်ဂျဆိုတော့ နီတို့ တကယ်ထွက်မှာလား။ သတင်းစာကနေ ဥပဒေနဲ့ မညီပါ၊ အရေးယူခံရမည် ဆိုလျင်ကို အမေလည်းပစ်၊ ဒီမိုလည်းမသိ အိမ်တွင်းပုန်းနေမည့်သူများ။ ဒါမျိုးတွေက တိုက်ပွဲဝင် ကျောင်းသူားကို ခြေရာတိုင်း စော်ဂါးတော့ အသဲနာတယ်။

ဆင်ခြေပေးတော့ ပညာတတ် လူလတ်တန်းစား ပေါ်လာမှ ပြုပြင်ပြောင်းလဲရေး အောင်မြင်မှာ.. ဒါနဲ့ပဲ စီးပွားရေးပိတ်ဆို့မှုကို ဆန့်ကျင်ကြ.. ပွင့်လာပြန်တော့ ကိုယ့်အိတ်ထဲပဲ အကုန်ထည့်.. ဝေစားမျှစား လုပ်ဖို့ ဝေလာဝေး။ အရိုးအရင်းကို်က်နေရသူတောင် အဲလိုဆို ခရိုနီများ သာဆိုးအိ။ ရေရှည်စီးပွားရေး တိုးတက်မှု ညတွင်းချင်း မဖြစ်ကောင်းပေမဲ့ ပထမ လေးငါးနှစ်မှာ လားရာမြင်ကောင်းတယ်။ မမှန်လို့ကတော့ အယင်လဲ မဖြစ်.. အခုလည်းမဖြစ် နောင်လည်းမဖြစ်။ ကိုယ့်အတွက်ကျန်နေတာလေး ကွက်ပြောလျင်တော့ ဟုတ်နေပြီပဲ..။ စကိုင်းနက်တီဗွီလေးကြည့်ရ ဂျာနယ်လေးဖတ်ရ ဆွေးနွေးပွဲလေးတက်ရ ဖြစ်နေလျင်ကို ဒီမိုရပြီ၊ တိုင်းပြည်ဂျီးပြောင်းပြီ ပြောမည့်သူတွေ။ နိုင်ငံရေးဆွေးနွေးတဲ့အခါ အမေ၊ သပ်ချောင် မျက်နှာဖုံးတွေစွပ် ပြောတာတွေ့တော့ ရင်ထဲ ကျလိကျလိ ဖြစ်လွန်းလို့ပါ။

 

 

26 comments

  • naywoon ni

    March 16, 2015 at 10:59 am

    အဲ့သဟာ​တော့ ဟုတ်​တယ်​ဗျ ။ သပိတ်​​မှောက်​ဖို့ ဆန္ဒပြပွဲဖြစ်​ဖို့ဆိုတာ လွယ်​တဲ့ကိစ္စ တစ်​ခုမဟုတ်​ဘူး ။ ဘာမှန်​းမသိပဲ ​ကြောက်​​နေတဲ့ သူ​တွေကအများသား ။ ဖိနှိပ်​ခံထားရသူ​တွေ စုမိမှ ။ ဖြစ်​တာ ။ ကိုယ်​့လာမထိရင်​ ဘယ်​သူမှလမ်​း​ပေါ်မထွက်​ ။ ကိုယ်​့လာထိရင်​​တောင်​ ကိုယ်​လို​ကောင်​​တွေစုမရရင်​ ဆန္ဒပြလို့မရ ။ ပိုက်​ဆံနဲ့ ​ပေးငှားတယ်​ ဆိုတာ အလကား ။ ဆန္ဒပြသူရဲ့ ဆန္ဒမပါပဲ ရက်​ရှည်​ဆန္ဒပြပွဲ ဖြစ်​ဖို့ဆိုတာ ခဲယဉ်​းတယ်​ ။ ဒီရွာထဲမှာ ရှိ​နေတဲ့ သူ​တွေချည်​့ တစ်​စုံ တစ်​ခု ဆန္ဒပြဖို့ ညှိကြည်​့​လေ ။ ဟိုအ​ကြောင်​းပြ ဒီအ​ကြောင်​းပြ ​ရှောင်​ထွက်​မဲ့ သူ​တွေကအများ ကြီး ။ အဲ့​တော့ သပိတ်​ကို ​ထောက်​ခံတာမ​ထောက်​ခံတာထက်​ အသိအမှတ်​ပြု​ပေးနိုင်​တဲ့သူ​တောင်​မှ လက်​​တွေ့မှာ ခပ်​ရှားရှားရယ်​ ။
    သူရဲ​ကောင်​း ကိုးကွယ်​​ရေးဝါဒ အလိုမရှ ိ

  • အူးစည်

    March 16, 2015 at 11:24 am

    မတရားမှုတစ်ခုမှာ ကြားနေတယ်ဆိုရင်
    သင်ဟာ ဖိနှိပ်သူဘက်က လိုက်ဖို့ ရွေးချယ်လိုက်တာနဲ့ အတူတူပါပဲ..။
    (မာတင်လူသာကင်း)
    ဂျားနေဝါဒ ကြောင်ကြီးကို အမြီးကစပြီး မီးရှူ့ိကြ..။
    ကြောင်ဂျီး ဂလောင်မတီးစေရ… တီးတီးး .. 😆

    • kai

      March 16, 2015 at 12:14 pm

      “If an elephant has its foot on the tail of a mouse and you say that you are neutral, the mouse will not appreciate your neutrality.” – Desmond Tutu

      • မြစပဲရိုး

        March 16, 2015 at 2:32 pm

        “The trouble with quotes on the Internet is that you can never know if they are genuine.” –Abraham Lincoln

        The greatest thing about Facebook, is that you can quote something and totally make up the source. — George Washington

    • ခင်ဇော်

      March 16, 2015 at 12:24 pm

      “If you are neutral in situations of injustice, you have chosen the side of the oppressor.
      If an elephant has its foot on the tail of a mouse, and you say that you are neutral, the mouse will not appreciate your neutrality.”

      Desmond Tutu အပြည်အစုံက ဒီလိုပြောခဲ့တာထင်တယ်။
      ဘယ်ဟာ ရှေ့နောက်မှန်းတော့မသိ။
      ~~~~~~~~~~~~~~~~~~~

      မာတင်လူသာကင်း ပြောတဲ့ တရားမျှတမှုက
      “Injustice anywhere is a threat to justice everywhere.”
      ― Martin Luther King Jr.

      :k:

  • Alinsett@Maung Thura

    March 16, 2015 at 11:42 am

    မပြောချင်ဘူးးး မပြောချင်ဘူးးး ပြောာာာာာာာကိုးးးးးးးးးးးးမပြောာာချင်ဘူးးးးးးးးး
    (လူရွှင်တော် ကိုနေကျော်အသံဖြင့်)

  • ခင်ဇော်

    March 16, 2015 at 12:05 pm

    ၈၈ မှီတဲ့သူတွေကျ လမ်းပေါ်ထွက်ရမှာကို (အကြောင်းရော အကျိုးဆက်ရော အရ) ကြောက်ကြတယ်။
    ၈၈ မမှီတဲ့သူတွေက လမ်းပေါ်ထွက်ဖို့မလိုဘူးး၊ အဲလိုထွက်တာအပိုတွေလို့ (အကြောင်းလည်းမသိ၊ အကျိုးလည်း မရှိလို့) မြင်တယ်။

    အဲ။
    တတိယ အုပ်စု စစ်စစ်တွေလည်း ရှိပါတယ်။

    ဒါပေမဲ့ များသောအားဖြင့်….
    မတရားမှုနဲ့ တရားမှုမှာ ကြားနေဖို့ရွေးတာကို တတိယ အုပ်စုထဲပါတယ်လို့ ကိုယ့်ကိုယ်ကိုထင်နေကြတာခက်တယ်။
    အုပ်စု ၂ခု သတ်ကြ၊ အားပေးတာ များတဲ့ဘက်၊ နိုင်တဲ့ ဘက် ငါလိုက်ပြောမှ ဆိုသူတွေလည်း အများကြီးးး….
    ဥသေးစိမ် ဆက်တက်လည်း ဘာမှ မဖြစ်ဘူးး၊ အပြောင်းအလဲ ကြီးကြီးထဲမှာ မနစ်ဖို့ အရေးကြီးတယ် ဆိုသူတွေက မရှားဘူးး
    ပြီးတော့ ဘာ အတိုက်အခံ အရေးအခင်းမှ မဖြစ်ပဲ လူထုရှေ့ထွက်လာမဲ့ ခေါင်းဆောင်လောင်းလေးတွေကို မတွေ့နိုင်လို့ ပြောရင်မကြိုက်ချင်ဘူးးး

    ထိုင်နေရင်းသာ စု မှာ နောက်လိုက်ကောင်းမရှိ အော်ချင်ကြတယ်။
    သဘောကတော့
    ဥသေးစိမ်တို့မှာ နောက်လိုက်ကောင်းရှိတယ်လေ။ ဒီ ဘရိန်းနဲ့ လုပ်ရည်ကိုင်ရည်လောက်နဲ့ အမိန့်နာခံတတ်မှုနဲ့က နှစ်စဉ် သင်တန်းဆင်းနေကြတာဆိုတော့။

    ခါတလေ ကြားနေဆိုပြီး …..
    ကျောင်းသား မုန်းတာနဲ့ မထောက်ခံချင်တာနဲ့
    ရဲတွေကို မတရားဘူး မပြောရဲတဲ့ ဘဝ ရောက်တာထက်စာရင်တော့၊
    ပြောင်ပြောင်တင်းတင်း အဘတို့ ဘက်က ဖိနှိပ်တဲ့ဘက်က ပါပါတယ်လို့ ဗြောင်ပြောလိုက်တာကကောင်းတယ်။

    အရှုပ်တော်ပုံ အောင်ရမီ။
    ဆက်အိပ်လိုက်ဦးမီ။

    :mrgreen:

  • မင်း ခန့် ကျော်

    March 16, 2015 at 1:11 pm

    ကျောင်းသားသပိတ်မှောက်ပလားးမှောက်ပေါ့။
    အဆိုးယကလိုက်လျောပေးမတဲ့။ သပိတ်လှန်ပေါ့။
    ရတာမရတာအသာထား။ nld လွတ်တော်မှာအသာစီးရဖို့က
    နံပါတ်တစ်အရေး။
    ဒီဒေါ့ကါးးး
    ကျန်ဒါသိပ်ဆိတ်အဝင်ဆားဒေ့ါ ဗိုပေါရမလဲပေါ့ဏော် :mrgreen:

  • kai

    March 16, 2015 at 2:23 pm

    MRTV မှာ.. မဘသကြေငြာချက်ကြီး…ဖတ်ပြနေတာကိုတွေ့ရတယ်..။ လိုအပ်လို့လား..။ အသိပေးချင်တာလား..။ သတိပေးနေတာလား..။
    ၂၀၀ရ Saffron Revolution တုံးက… ပဲခူးကြခတ်ဝိုင်းဆရာတော်ရဲ့.. ဓားနဲ့ခုတ်..လက်သီးနဲ့ထိုးတရားကိုသတိရမိတယ်…။ :k:
    ဘယ်သူက.. ဘယ်သူ့ကို..အသုံးချသွားသလည်း… ?
    =
    ၃။ လုံခြုံရေးတပ်ဖွဲ့များ အာဏာပိုင်များအနေဖြင့် အနာခံအသေခံကာ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ဆက်လက်ထိမ်းသိမ်းရန် တောင်းဆိုလိုက်သည်။ – ဝီရသူ(မစိုးရိမ်)

    • ဝင့်ပြုံးမြင့်

      March 18, 2015 at 4:38 am

      .ငါ -ိုးမသား ဝီဝီ။

  • မြစပဲရိုး

    March 16, 2015 at 2:30 pm

    ဆင်ခြေ ဆိုတာ ကြိုက်သလို ဆွဲယူပြီး တက်ချင်သလို တက်နိုင်ပါတယ်။
    ကျန်တာတွေ ဘာမှ မမေးဘူး ကြောင်ကြောင်။
    တစ်ခွန်းဘဲ မေးမယ်။
    ကြိုက်တဲ့ ဆင်ခြေ နဲ့ ဖြေ။
    ဒါပေမဲ့ ခိုင်ခိုင်လုံလုံ နဲ့ ယုတ္တိရှိရှိ ဘက်မလိုက်ဘဲ ဖြေ။

    ကျောင်းသား တွေ ရဲ့ ပညာရေး ညံ့လာတာ နှစ်ပေါင်း များစွာ ရှိနေပြီ။
    အဲဒါကို အရင်တွေ က စိတ်ကူးမပေါက်ဘဲ အခု ၂၀၁၅ ရွေးကောက်ပွဲ အတွက် အရေးကြီး အခြေခံ ဥပဒေ ပြင်ဖို့ ကြိုးစား နေချိန်မှာ မှ ကပ်ပြီး ရွှေဉာဏ်တော် စူးရောတ် ကြတဲ့ အဓိက အကြောင်းရင်းလေး ကို ပြောပြပါ။
    ဒါဟာ ကျွန်မ ရဲ့ အသိချင်ဆုံး မေးခွန်းဘဲ။
    ကျွန်မ စိတ် ကို ဖွင့်ပြီး ဘယ်ဘက် ကို မှ မယိမ်းအောင် ကြိုးစားပြီး နားထောင် မယ်။
    အဲဒါကို ဖြေ ပေးပါ ကြောင်ကြောင်။

    မဖြေချင်လဲ နေပါ။
    အဖြေရှိရင်တော့ ဖြေပေါ့။

    • kai

      March 16, 2015 at 2:48 pm

      အသိမမှားရင်.. မနှစ်ထဲ.. အမျိုးသားပညာရေးဥပဒေပြဌာန်းဖို့လုပ်နေကြကတည်းက.. ဗကသအပါအဝင်ကျောင်းသားသမဂ္ဂတွေတောက်လျှောက်ကန့်ကွက်နေတာပဲ..။
      အဲဒီကနေ.. ပညာရေးဥပဒေကြီးအတည်ဖြစ်သွားသမို့.. ဆန္ဒပြတာတွေထပ်လုပ်ရင်း.. ရန်ကုန်မှာချီတက်ကြတယ်လေ..။
      နောက်တော့.. ရက်၆ဝအတွင်းဆွေးနွေးပေးဖို့တောင်းဆိုပြီး အဲဒီဆန္ဒပြပွဲတွေရပ်လိုက်တယ်..။
      ရက်၆၀(၂လ)ပြည့်တဲ့နေ့.. ဇန်နဝါရီ၂ဝမှာ..မန္တလေးကရန်ကုန်ကိုစချီတက်ပြီး.. ပြန်စတာပါ..။
      လမ်းတလျှောက် အဆင်ပြေ.. အိုကေ.. အစိုးရဖက်ကလည်း.. တောင်းထားတာတွေအတိုင်းအကုန်လိုလိုလုပ်ပေးခဲ့ပြီးမှ…
      ဟို.. မီးစိမ်းပြလိုက်တဲ့.. ဘုန်းကြီးစိမ်းစာတစောင်ကြောင့်..။ :k:

      • မြစပဲရိုး

        March 16, 2015 at 3:46 pm

        ဒီတစ်ခါတော့ သူကြီးမင်း က ကြောင်ကြောင့် ကို ရှေ့နေလိုက်ပေး တယ်ပေါ့။
        ဘာဘဲဖြစ်ဖြစ် အဖြေလေး အတွက် ကျေးဇူးပါ သူကြီးမင်း။ :))

        ကျွန်မ သိသလောက် ဗကသများ မကြိုက်တဲ့ အချက်ထဲ မှာ
        ပညာရေးလွတ်လပ်ခွင့်အတွက် တဖက်သတ် ဗဟိုကနေ ချုပ်ကိုင်ထားနိုင်တဲ့ ကော်မရှင်နဲ့ ကော်မတီ တွေ ပါနေလို့။
        ဘာလို့လဲ ဆိုတော့ ဒီမိုကရေစီစနစ် ဆိုတာ ကျောင်းသား၊ ကျောင်းသူတွေနဲ့ ဆရာ၊ ဆရာမတွေ က တက္ကသိုလ်/ကျောင်း တွေထဲမှာ အသင်းအဖွဲ့တွေကို လွတ်လပ်စွာ ဖွဲ့စည်းနိုင်ရမယ်၊
        ဆရာသမဂ္ဂ၊ ကျောင်းသားသမဂ္ဂ အစရှိတဲ့ အဖွဲ့အစည်းတွေ ဖွဲ့စည်းခွင့် ရရမယ်။
        အဲဒါတွေတော့ မထည့်ဘဲ တစ်ဖက်သတ် သူတို့ အလို လက်အောက် မှာ ရှိ အောင် လုပ်ထား တဲ့ ပုံစံ မို့။
        အဲဒါ ဟုတ်တယ် မဟုတ် လား သူကြီး။

        ဒါဆို ရင် ကျွန်မ သူကြီးမင်း ကို မေးခွန်း တစ်ခု မေးပါရစေ။
        ကျွန်မတို့ မြန်မာနိုင်ငံ ထဲ မှာ စစ်မှန်တဲ့ ဒီမိုကရေစီ ရနေပြီလား ???????
        ကျွန်မ Yes (or) NO အဖြေ တစ်ခုဘဲ လိုချင်ပါတယ်။

        • kai

          March 16, 2015 at 3:53 pm

          အရီးလတ်ကလည်း.. အသိကြီးနဲ့လာမေးပြန်ပြီ…
          ကျုပ်က.. နိုင်ငံရေးနွယ်မေးခွန်းတွေကို.. ဘယ်တော့မှ ရက်စ်-နိုးဖြေမယ်မဟုတ်…။
          ဖြေလည်းပြောင်နောက်ဖြေတာပဲဖြစ်မယ်..။
          ကံ-ကံအကျိုးယုံသူမို့.. အခြေအနေအချိန်အခါနဲ့သာပြောင်းဖြေတတ်ပါတယ်..။

          ဆိုတော့…
          မြန်မာပြည်ရဲ့မိဒီယာလွတ်လပ်ခွင့်ဟာ.. တော်တော်မြင့်တဲ့အတိုင်းအတာတခုဖြစ်နေပြီမို့… ဒီမိုကရေစီရဲလမ်းပေါ်မှာရောက်နေပြီလို့တော့.. ပြောချင်မိ..။
          တကယ်ရတာမရတာကတော့.. လူထုအပေါ်မှာပဲ…အဓိကရှိပါတော့ကြောင်း…။

          ♩ ♪ ♮ ♫ ဘယ်သူမဆို..♪ ♬ ♮ ကိုယ်တန်ရာပဲရမယ်…။ ♩ ♯♭♫

          ဆွေးနွေးကြ.. အဖြေရှာကြ.. ဘရိန်စတုန်းမ်လုပ်ကြ…

        • မြစပဲရိုး

          March 16, 2015 at 3:55 pm

          ကျွန်မ အခု ပြုံး နေပါတယ် သူကြီးမင်းရှင့်။ :)) :)) :))
          😉

        • မြစပဲရိုး

          March 16, 2015 at 4:01 pm

          { မြန်မာပြည်ရဲ့မိဒီယာလွတ်လပ်ခွင့်ဟာ.. တော်တော်မြင့်တဲ့အတိုင်းအတာတခုဖြစ်နေပြီမို့… ဒီမိုကရေစီရဲလမ်းပေါ်မှာရောက်နေပြီလို့တော့.. ပြောချင်မိ..။}
          Are you really SURE?????
          မီဒီယာ သမား ဆို တာ သူ့ နဲ့ ဆိုင်ရာ Ethics ကို မကျင့်သုံး မလိုက်နာ ရင် အဲဒီ မီဒီယာ တွေ ဟာ လွတ်လပ်ခွင့် ကို အသုံးချပြီး
          ကိုယ်ကျိုး အတွက် ရှေ့တန်းတင်တတ်ကြ/တင်နေကြ တာ ဟာ တိုင်းပြည် ကို မြှင့်ပေးတာ မဟုတ်ဘူး။
          ဝိုင်းပြီး ပို နိမ့်အောင် နှစ် နေတာ။
          မြန်မာပြည် ရဲ့ မီဒီယာ တွေထဲ ဘယ်နှစ်ယောက် က သူတို့ လိုက်နာ ရမဲ့ Ethics တွေ ကို သိလဲ၊ နားလည်ပြီး လိုက်နာလဲ ???
          မလိုက်နာ ရင် သူတို့ ကို ပေး မဲ့ မျှတ ထိရောတ် မှန်ကန် တဲ့တရား ဥပဒေ စိုးမိုး ပြီးသားလား???
          ဦးရာ နိုင်ရာ စားနေတုန်းဘဲလား ???

          သူကြီး လဲ အိပ်ချိန်ကြီး။ နားလိုက်ပါဦး။
          နောက် ဆက် ဆွေးနွေး ကြသေးတာပေါ့။ :))

        • kai

          March 16, 2015 at 4:05 pm

          ♩ ♪ ♮ ♫ ဘယ်သူမဆို..♪ ♬ ♮ ကိုယ်တန်ရာပဲရမယ်…။ ♩ ♯♭♫
          Toute nation a le gouvernement qu’elle mérite.

          Every nation gets the government it deserves.

        • မြစပဲရိုး

          March 16, 2015 at 4:11 pm

          Yes … I also am one of them?
          I will always be with them whatever happen in my own country.
          How about you ????

        • kai

          March 16, 2015 at 4:01 pm

          အဲဒီပညာရေးဥပဒေထဲဘာတွေပါတယ်တော့.. မသိ..။
          အဲဒါတွေသိရမယ်.. ပြင်ရမယ်… ဒါက.. ကျောင်းသားတွေနဲ့.. ပညာရေးလောကထဲကလူတွေအလုပ်လေ..။ :k:

          သိထားတာနောက်တခုက.. ဧပြီ၁ရက်နေ့မှာ.. တက္ကသိုလ်တွေအားလုံး.. ပညာရေးဝန်ကြီးဌာနအောက်ရောက်မယ်ဆိုတာပဲ..
          ဟုတ်မဟုတ်မသိ..။ အဲဒီ ပညာရေးဥပဒေကစတင်သက်ဝင်လာတာလား…ဆိုတာလည်းမသိ…။

          နောက်..သိသလိုလိုတခုက…
          ဖယ်ဒရယ်အဆင့်လောက်ကနေ.. ကျောင်းတွေတက္ကသိုလ်တွေကို.. တိုက်ရိုက်စွက်ဖက်နေတာမျိုး.. ယူအက်စ်မှာမရှိဘူးဆိုတာပဲ…။
          ကျုပ်သာဆို.. အဲဒီဥပဒေကို.. ပေးကိုမပြုစေချင်…။ ရှုပ်ရှုပ်ယှက်ယှက်…။ :k:

  • Ko chogyi

    March 17, 2015 at 7:38 am

    ” အရေးယူခံရမည် ဆိုလျင်ကို အမေလည်းပစ်၊ ဒီမိုလည်းမသိ အိမ်တွင်းပုန်းနေမည့်သူများ။ ဒါမျိုးတွေက တိုက်ပွဲဝင် ကျောင်းသူားကို ခြေရာတိုင်း စော်ဂါးတော့ အသဲနာတယ်။”
    ဘာတစ်ခုမှ ဖြစ်ဖြစ်မြောက်မြောက်မလုပ်နိုင် မျက်နှာတောင်မပြရဲလို့
    အဝေးကနေ လေဂန်ကျယ်နေတဲ့ကောင်တွေက ရှိသေး ကိုယ်ကိုတိုင်ရော ဘာလုပ်ခဲ့ပြီလဲ
    အဝေးကလေကျယ် ထောက်ခံနေယုံနဲ့ ပြီးရောလား
    အဲလိုကောင်တွေအတွက် အော့နှလုံးနာတယ်။

    • kai

      March 17, 2015 at 7:44 am

      ကကြောင်ကြီး.. ဇန်နဝါရီကတင်.. ရန်ကုန်သွားပြီး.. အလှူလုပ်သွားတယ်လေ…။
      အဝေးကကျယ်တာတော့ မဟုတ်ပါဘူး..။
      အခုတောင်.. ။ :k:

      • ဦးကြောင်ကြီး

        March 17, 2015 at 10:40 am

        ပြောပလိုက် ပြောပလိုက် ဦးမာမွတ်… ဂျိုရုပ်နဲ့ ဘိုလုပ်လာလုပ်နေလျင် ရွာနာအိ။ ပီချိုဂျီးလို ငွေသုံးသိန်းနဲ့ လက်ပ်တော့ပ်တလုံး ရလျင် ဗနှာဖူး သိုက်တူးမည့်ကောင်မျုးိ ရှပ်ဖွယ်အတိ။ ငါ့အမ ဗိုလ်မြကဒေါ့ ဘီယာမူးမူးနဲ့ သေရည်ဒဂိုး လေပြေထိုးဒါနေမှာ တူဒဂယ် ဘာမှတိဗူး..။

      • မင်း ခန့် ကျော်

        March 17, 2015 at 3:37 pm

        ဟင်းးးးဟုတ်သလာသဂျီးးး
        ဒါကြောင့်အဲ့လက အွန်လိုင်းပေါ်မတတ်တာကိုးးးး
        အတွင်းလူလောက်သာ အသိခံဒါများးးးး
        ရီချင်စရာဂျီးးးး :mrgreen:

  • Ko chogyi

    March 17, 2015 at 11:05 am

    မျက်နှာမပြရဲလို့ ဟိုချောင်ကပ် ဒီချောင်ကပ်နဲ့ လစ်ပြေးသွားတာပါ
    ငွေသုံးသိန်းနဲ့ လက်ပ်တော့ပ်တစ်လုံးရလို့ကတော့
    ကြောင်အမြီးဖြတ် ကြပ်တိုက်ပစ်မယ်

    • ဦးကြောင်ကြီး

      March 17, 2015 at 11:23 am

      မွတ်ထီးကများ.. တောက်စ်.. နိအတွက် ကဗျာစပ်ထားတယ်။
      အယာတိုလာ ပီချု ိကြီး
      တဏှာပိုကာ ညှီမှိုဖီး
      ကညာဆိုရှာ ဒီလိုတီး
      ဇရာအိုပါ ဘီလိုနည်း..

      • Ko chogyi

        March 17, 2015 at 3:59 pm

        ဇရာအိုတာ ကြောင်နာကြီး
        ကညာဆိုရှာ လေနဲ့တီး
        တဏှာပိုကာ သေခါနီး

Leave a Reply